ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်တိုက်နယ်၊ နမ့်ထပိုကျေးရွာအုပ်စု၊
နမ့်ထပိုကျေးရွာသို့ ရှမ်းပြည်ပြန် လည်ထူ ထောင်ရေးကောင်စီနှင့်
ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညပိုင်းတွင်
သေနတ်ကိုယ်စီဖြင့် ရောက်ရှိလာပြီး ဒေသခံရွာသားများအား သေနတ်ဖြင့်ချိန်၍
အတင်းအဓမ္မ ငွေတောင်း ပစ္စည်းလုယက်မှု ဖြစ်ပွား ခဲ့ကြောင်း အဆိုပါရွာသားများထံမှ သတင်းရရှိပါသည်။
“ဒီအဖွဲ့တွေက ကျွန်တော်တို့ရွာကို ညအချိန်မတော် ရောက်လာပြီး တစ်အိမ်တက် တစ်အိမ်ဆင်း သေနတ်နဲ့ချိန်ပြီး သူတို့လိုချင်တာတွေ ယူသွားတယ်။ ဓားမြတိုက်တာပဲပေါ့။ သူတို့တောင်းတဲ့ ဆက်ကြေးလည်း ကျွန်တော်တို့ ပုံမှန်ပေးနေတာပဲ။ အခုလို သေနတ်နဲ့ချိန်ပြီး ငွေတောင်း တာတော့ အရမ်းအနိုင်ကျင့်ရာ ရောက်နေပြီ ” ဟု အဆိုပါ ကျေးရွာသား တစ်ဦးက ပြောသည်။