Thursday, August 1, 2013

ကမ္ဘာ့အင်တာနက်လိုင်း အမြန်ဆုံး ရရှိသည့် နိုင်ငံများ


Photo: ကမ္ဘာ့အင်တာနက်လိုင်း အမြန်ဆုံး ရရှိသည့် နိုင်ငံများ
Thursday, August 01,2013

၁။ ဟောင်ကောင် (63.6Mbps)

63.6 Mega bit per second ဆိုတာ HD movie တစ်ကားကို ၂ မိနစ်တည်းနဲ့ Download နိုင်တဲ့ Speed ဖြစ်ပါတယ်။

၂။ ဂျပန် (50 Mbps)

High speed fibre optics ကြိုးကို သုံးတာပါ။ ဂျပန်တ်ကျွန်းစုအတော်များ များကို ဖိုက်ဘာလိုင်းသွယ်ထားပေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့် Global average တွက်ရင် အဆပေါင်းများစွာ မြန်ဆန်တဲ့ အင်တာနက်လိုင်းကို ရရှိနေခြင်း ဖြစ်ပါတယ်။

၃။ ရိုမေနီးယား (47.9 Mbps)

အရင်က နံပါတ် ၅ အဆင့်မှာပဲ ရှိခဲ့တာပါ။ ယခုတော့ သူရဲ့  နည်းပညာ မြင့်မား လာမှုကြောင့် အင်တာနက် Speed မြန်ဆန်လာပြီး နံပါတ် ၃ နေရာကို ရောက်ရှိလာခဲ့ပါတယ်။

၎။ တောင်ကိုရီးယား (44.8Mbps)

Samsung တို့၊ LG တို့လို ကမ္ဘာ့အကြီးဆုံး အိုင်တီ Enterprise ကုမ္မဏီ တို့ ရှိနေတဲ့ နိုင်ငံသေးသေးလေးထဲမှာ အင်တာနက်လိုင်းကလည်း အင်မတန် မြန်ဆန် ပါတယ်။ ဒါကြောင့် 44.8 Mbps မြန်နှနုးနဲ့ ရရှိပြီး ကမ္ဘာ့ အမြန်ဆုံး နံပါတ် ၄ မှာ ရှိနေ ပါတယ်။

၅။ လက်တီဗာ နိုင်ငံ (44.2 Mbps)

ဥရောပတိုက် မြောက်ပိုင်းက နိုင်ငံငယ်လေး တစ်ခုပါ။ အင်တာနက်လိုင်း မြန် နှုန်း 44.2 Mbps ရရှိအောင် စွမ်းဆောင်ထားပြီး ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး နိုင်ငံစာရင်းမှာ နံပါတ် ၅ အဖြစ် တည်ရှိ နေပါတယ်။
.
Ref:technews

Aung Kham (TSJ team)
TechSpace Journal
၁။ ဟောင်ကောင် (63.6Mbps)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပါကစ္စတန်အစိုးရသစ်နှင့် သွားရောက်တွေ့ဆုံ

Photo: အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပါကစ္စတန်အစိုးရသစ်နှင့် သွားရောက်တွေ့ဆုံ
Thursday, August 01,2013

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အမေရိကန်တပ်ဖွဲ့များ အာဖဂန်နစ္စတန်မှ ထွက်ခွာသွားပါက အစ္စလာမ္မစ်စစ်သွေးကြွများ တိုက်ခိုက်ခြင်းခံရဖွယ်ရှိသည့်ပါကစ္စတန်အစိုးရသစ်နှင့် ယနေ့ စ တင်တွေ့ ဆုံကြောင်း သိရသည်။

၎င်းသည် အချိန်အတော်ကြာစောင့်စားခဲ့ရသော ခရီးဖြစ်သည့် နျူကလီး ယား ပိုင်ဆိုင်သောနိုင်ငံဖြစ်သည့် ပါကစ္စတန်သို့ ယမန်နေ့က ရောက်ရှိ လာခြင်းဖြစ်ပြီး ပါကစ္စတန်သည် ကမ္ဘာ့ကုန်သွယ်ရေးစင်တာဖျက်ချခံရအပြီး အယ်လ်ကိုင်ဒါ၊ တာလီဘန်များနှင့် ၁၂ နှစ်ကြာတိုက်ခိုက်စဉ် အမေရိက၏ အဓိကမဟာမိတ်လည်းဖြစ် ထိန်းချုပ်ရခက်သည့်နိုင်ငံဖြစ်ခဲ့သည်။

ဂျွန်ကယ်ရီသည် ဝန်ကြီးချုပ်သစ် နာဝတ်ရှာရစ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး သမ္မတ အာဆစ်အလီဇာဒရီနှင့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အာဖက် ကာယာနီတို့နှင့်လည်းတွေ့ဆုံမည်ဖြစ်သည်။ဂျွန်ကယ်ရီသည် ပါ ကစ္စတန်အရပ်သားအစိုးရတစ်ခုမှ နောက်တစ်ခုသို့ ပထမဆုံး အကြိမ်ပြောင်းလဲနိုင်ခဲ့သည့် မဲပေးမှုအတွက်လည်း ချီးမွှမ်းစကားပြောကြား သည်။ 

“ဒါဟာလတ်တလောဖြစ်သွားတဲ့ သမိုင်းတင်တဲ့ လွှဲပြောင်းပေးမှုပါ၊ ဘယ်သူမှဒါကို မမှေးမှိန်စေသင့်ပါဘူး” ဟု ၎င်းက အမေရိကန် သံရုံးဝန်ထမ်းများအား ပြောကြားသည်။“သမ္မတဟာလည်း ဂုဏ်တင်ခံ သင့်တယ်လို့ ကျွန်တော်ထင်တယ်၊ ဒါဟာ အရမ်းကို ကြီးကျယ် တဲ့ ရှေ့ဆက်တိုးမှုဖြစ်ပါတယ်၊ ဒါဟာသမိုင်းတွင်တယ်၊ ပါကစ္စတန်ရဲ့
၆၆ နှစ်တာကာလမှာ ဘယ်တုန်းကမှမဖြစ်ဖူးဘူး၊ အချိန်နဲ့လိုက်ပြီး အပြောင်းအလဲဖြစ်လာပြီ” ဟု ဆက်လက်ပြောကြားသည်။

ပါကစ္စတန်-အမေရိကန်ဆက်ဆံရေးသည် လွန်ခဲ့သည့်နှစ်များအတွင်း ဒုက္ခများနေခဲ့ပြီး ၂၀၁၁ခုနှစ်မေလအတွင်း အိုစမာဘင်လာဒင်ကို အမေရိကန်က အသေဖမ်းမိပြီးနောက် အခြေအနေပြန်လည်ကောင်းမွန်လာသည်။
ဝန်ကြီးချုပ်သစ်က ရာထူးစတင်ယူစဉ်ကစ၍ အမေရိကန်နှင့် ဆက်ဆံရေးခိုင်မာအောင်ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားသော်လည်း အမေရိကန်တို့ မောင်းသူမဲ့လေယာဉ်နှင့် တိုက်ခိုက်နေသည်ကို လွန်စွာစိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

ယခုဆွေးနွေးမည့် အခြေအနေကို အမေရိကန်ဘက်မှ ပြောကြားရာတွင် “ ဆွေးနွေးပွဲတစ်ခုလုံးမှာ ဦးတည်ထားတာတော့ ကျွန်တော်တို့နှစ်ဦးနှစ်ဘက်နဲ့ အမျိုးသားလုံခြုံရေးအကျိုးစီးပွားအရေးတွေမှာ အရမ်းနားလည်မှုရှိပြီး အရမ်းခိုင်မာတဲ့ အရမ်းလေးနက်တဲ့ဆွေးနွေးပွဲဖြစ်ဖို့ပါပဲ” ဟု အမေရိကန် အုပ်ချုပ်ရေးအကြီးတန်းအရာရှိတစ်ဦးက သတင်းထောက်များအား ပြောကြား သည်။
ပါကစ္စတန်သည် ဒေသတွင်း တာလီဘန်သူပုန်ထမှုကြုံနေရပြီး အာဖဂန်နှင့် နိုင်ငံခြားမှစစ်သွေးကြွများ ၎င်းတို့ကို ခြိမ်းခြောက်နေကြောင်း စီးပွားရေးကျပ်တည်းနေပြီး စွမ်းအင်အကျပ်အတည်းလည်းဖြစ်နေကြောင်း သိရသည်။

ပါကစ္စတန်တာလီဘန် ထောင်ဖောက်မှုတစ်ခုလည်း တနင်္လာနေ့တွင်ဖြစ်ပွားခဲ့ပြီး အကျဉ်းထောင်ကို လက်နက်ကိုင် တိုက်ခိုက်ရေးသမားများ တိုက်ခိုက်ခဲ့ကြပြီး ထောင်သား ၂၄၀ကျော်လွတ်မြောက်သွားခဲ့ရာ ပါကစ္စတန်ရှိလုံခြုံရေးကို စိန်ခေါ်မှုထပ်တိုးလာသည်။

The Myanma Age
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အမေရိကန်တပ်ဖွဲ့များ အာဖဂန်နစ္စတန်မှ ထွက်ခွာ သွားပါက အစ္စလာမ္မစ်စစ်သွေးကြွများ တိုက်ခိုက်ခြင်းခံရဖွယ်ရှိသည့်ပါကစ္စတန်အစိုးရသစ်နှင့် ယနေ့ စ တင်တွေ့ ဆုံကြောင်း သိရသည်။

အမျိုးသမီး တစ်ဦးသာ နေထိုင်သော မြို့ 

Photo: အမျိုးသမီး တစ်ဦးသာ နေထိုင်သော မြို့ 
Thursday, August 1, 2013

အမျိုးသမီးတစ်ဦးသာ နေထိုင်သော မြို့ အမေရိကန် ပြည်ထောင်စုမှာ တကယ် ရှိပါတယ်။ ကိုယ်တိုင် မြို့ တော်ဝန်ခန့်၊ ကိုယ်တိုင် တစ်ယောက်တည်း အုပ်စိုးနေတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။

တည်နေရာကတော့ အမေရိကန်နိုင်ငံ အလယ်ပိုင်း Nebraska ပြည်နယ်ရှိ Monowi အမည်ရ မြို့ ငယ် ဖြစ်ပါတယ်။ သို့ပေမယ့် ရွာငယ် တစ်ခုအနေနဲ့ပဲ သတ်မှတ်ထားပါတယ်။ အမေရိကန်မှာတော့ Only one woman town လို့ နာမည်ကြီးပါတယ်။ ၁၉၃၀ ခုနှစ် ကာလအတွင်းမှာတော့ လူဦးရေ ၁၅၀ ကျော်ရှိပြီး တစ်နှစ်ထက် တစ်နှစ် နည်းလာပါတယ်။ သက္ကရာဇ် ၂၀၀၀ ခုနှစ်အရောက်မှာတော့ လင်မယား နှစ်ဦးသာ နေထိုင်ပါတော့တယ်။ Rudy နဲ့ Elsie Eiler တို့ လင်မယား နှစ်ဦး ဖြစ်ပါတယ်။

သို့ပေမယ့် Rudy ဟာ ၂၀၀၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး အသက် ၇၇ နှစ်ရှိပြီ ဖြစ်တဲ့ Elsie Eiler အမည်ရ အမျိုးသမီးကြီး တစ်ဦးသာ ကျန်ရှိပါတော့တယ်။ အကျယ်အဝန်းအားဖြင့် ၀.၂၁ စတုရန်းမိုင်သာ အကျယ်သာ သတ်မှတ်ထားတဲ့ ရွာငယ်လေး ဖြစ်ပါတယ်။ ယင်းရွာငယ်လေး ကို ဖျက်သိမ်းဖို့ အစိုးရက စီစဉ်ခဲ့ပေမယ့် Eiler လက်မခံ ခဲ့ပါဘူး။ အဓိကကတော့ သူ့ခင်ပွန်း တည်ထောင်ခဲ့တဲ့ စာကြည့်တိုက် ကျန်ရှိနေ လို့ ဖြစ်ပါတယ်။ စာအုပ်ပေါင်း ၅၀၀၀ ကျော်ရှိနေပြီး ခေတ်အဆက် ဆက် စုဆောင်းလာတဲ့ အဖိုးတန် စာအုပ်များ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မြို့ ငယ်လေး Monowi ကိုမထားခဲ့နိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ကိုယ်တိုင် ရွေးကောက်ပွဲလုပ်၊ ကိုယ်တိုင်မဲပေးပြီး ကိုယ်တိုင် မြို့  တော်ဝန်ခန့်ပါတယ်။ လမ်း လေး၊ငါးလမ်း ဝန်းကျင်သာ ရှိတဲ့ ယင်း ရွာငယ်လေးကို လျှပ်စစ်မီးထိန်းလင်းနေစေဖို့ အစိုးရထံ ပုံမှန် အခွန်ငွေ ဆောင်ပါတယ်။ အခြားသော အခွန်များလည်း ပေးဆောင်ပါတယ်။ ဒါကြောင့် Town တစ်ခုအနေနဲ့ မဖျက်ပဲ ဆက်လက် ထားရှိစေတာ ဖြစ်ပါ တယ်။ အဓိက စီးပွားရေး လုပ်ငန်းကတော့ စားတော်ဆက် တစ်ခု ဖွင့်ထားပြီး မိုင ၈၀ အကွာရှိ မြို့ က လူတွေ လာရောက် စားသောက်ပါတယ်။

လမ်းကြုံ ဝင်လည်သူများ ရှိသလို၊ စိတ်ဝင်စားလို့ လာရောက် ကြည့်ရှု သူများကြောင့် Eiler ရဲ့  စာကြည့်တိုက်နဲ့ မြို့ ဟာ လတိုင်း လူစည်ကား တယ်လို့ သိရပါတယ်။
---
Ref: wiki
Kayan Times
အမျိုးသမီးတစ်ဦးသာ နေထိုင်သော မြို့ အမေရိကန် ပြည်ထောင်စုမှာ တကယ်ရှိပါတယ်။ ကိုယ်တိုင် မြို့ တော်ဝန်ခန့်၊ ကိုယ်တိုင် တစ်ယောက်တည်း အုပ်စိုးနေတဲ့ မြို့ ငယ်လေး ဖြစ်ပါတယ်။

ဂါရက်ဘေးလ်နေရာ ဆွာရတ်နှင့် အစားထိုးရန် စပါး ပြင်ဆင်

ဂါရက်ဘေးလ်နေရာ ဆွာရတ်နှင့် အစားထိုးရန် စပါး ပြင်ဆင်

ဇူလိုင် ၃၁

ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူရန် ကြိုးပမ်းနေသော စပါးအသင်း ၏ တောင်ပံကစားသမား ဂါရက်ဘေးလ်အတွက် သတ်မှတ် ထားသော ပြောင်းရွှေ့ကြေးကို ရီးရဲလ်အသင်းက သဘောတူ လက်ခံပါက စပါးအသင်း ဥက္ကဋ္ဌ ဒယ်နီယယ်လီဗိုင်းသည် ဂါးရက်ဘေးလ် နေရာတွင် လီဗာပူးလ် တိုက်စစ်မှူး လူးဝစ္စဆွာရတ်ကို အစားထိုး ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း Daily Mail သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ 

စပါးအသင်း ဥက္ကဋ္ဌ ဒယ်နီယယ်လီဗိုင်းသည် လီဗာပူးလ် တိုက်စစ်မှူး ဆွာရတ်ကို စပါးအသင်း နည်းပြဟောင်း ဟယ်ရီရက်နပ် လက်ထက် ကတည်းက အေဂျက်အသင်းမှ ခေါ်ယူရန် စိတ်ဝင်စားခဲ့ ခြင်းဖြစ်ပြီး ဂါးရက်ဘေးလ်အတွက် သတ်မှတ်ထားသော ပေါင် ၈၅ သန်းကို ရီးရဲလ် သဘောတူပါက အပြောင်းအရွေ့ ဈေးကွက်အတွင်း ဝင်ရောက်၍ ဆွာရတ်ကို ခေါ်ယူရန် လှုပ်ရှားမည် ဖြစ်သည်။

အာဆင်နယ် အသင်းကလည်း လီဗာပူးလ် တိုက်စစ်မှူး ဆွာရတ် ကို ခေါ်ယူရန်အတွက် အသင်းမှ ထွက်ခွာခွင့် စာချုပ် လျော်ကြေး ပေါင် သန်း၄၀ ကို တစ်ပေါင် ပိုပေးပြီး ကမ်းလှမ်းမှုကို လီဗာပူးလ် အသင်း က ငြင်းပယ်ထားကာ ဆွာရတ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၅၅ သန်းအထိ ရရှိလို နေသည်။ 

လီဗာပူးလ် တိုက်စစ်မှူး ဆွာရတ် ကိုယ်တိုင်က အသင်းပြောင်းမည် ဆိုပါက ချန်ပီယံလိဂ် ပြိုင်ပွဲ ကစားခွင့်ရမည့် အသင်းသို့သာ ပြောင်းလိုနေ၍ စပါးအသင်း အနေနှင့် ကစားသမားကို ခေါ်ယူရန် အခက်တွေ့ဖွယ် ရှိသည်။

The Voice Weekly
ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူရန် ကြိုးပမ်းနေသော စပါးအသင်း၏ တောင်ပံကစားသမား ဂါရက်ဘေးလ်အတွက် သတ်မှတ် ထားသော ပြောင်းရွှေ့ကြေးကို ရီးရဲလ်အသင်းက သဘောတူ လက်ခံ

တာတမံတွေကြောင့် ကမ္ဘာကြီးပိုပူနိုင်

တာတမံတွေကြောင့် ကမ္ဘာကြီးပိုပူနိုင် 

မြစ်ကြောင်းတွေကိုပိတ်ပြီး  ရေကာတာတွေ တည်ဆောက်တာ ကနေ ရေအားလျှပ်စစ် ထုတ်နိုင်သလို၊ သောက်သုံးရေ ဖူလုံဖို့ ရေလှောင်ကန်တွေ ရစေပြီး၊  အပမ်းဖြေ စခန်းတွေ ပေါ်လာတာ လို ကောင်းကျိုးတွေကို ရစေတဲ့အပြင် ဆိုးကျိုးအဖြစ် ကမ္ဘာကြီးကို ပူနွေးလာစေတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့တွေကိုပါ ပိုများလာစေတယ်လို့ သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

ကမ္ဘာပေါ်က ကြီးမားတဲ့ ရေကာတာကြီး ၅ သောင်း ဟာ မီသိန်းဓါတ်ငွေ့ အဓိက ထွက်တဲ့ နေရာတွေ ဖြစ်နေပါတယ်။ 

ရေကာတာတွေ ပိတ်ပြီးဆောက်လိုက်တဲ့အတွက် ကျလာတဲ့အနည်တွေထဲက အပင်နဲ့သတ္တဝါတွေနဲ့ အတူပါလာတဲ့ ကာဗွန်တွေကနေ မီသိန်းဓါတ်ငွေ့ အမြှပ်ကလေးတွေကို တွေ့နိုင်ပါတယ်။ 

မီသိန်းဓာတ်ငွေ့ဟာ ဖန်လုံအိမ်ဓာတ်ငွေ့ဖြစ်ပြီး  ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ထက် ၂၅ ဆ ပိုပြီး ကမ္ဘာကြီး ပူနွေးမှုကို ဖြစ်စေပါတယ်။ 

ဂျာမဏီနိုင်ငံ  Koblenz တက္ကသိုလ်က ဘွဲ့လွန်ကျောင်းသား အန်ဒရေ မက်ခ် (Andreas Maeck) ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ ပေ ၅၀ အောက် ရေအနက်ရှိတဲ့ ရေကာတာငယ် ကလေးတွေမှာ မီသိန်းဓါတ်ငွေ့ ထုတ်လွှတ်တဲ့ ပမာဏကို လေ့လာခဲ့ကြပါတယ်။ 

ကမ္ဘာပေါ်မှာ ဒီလိုရေလှောင်နိုင်တဲ့ ရေကာတာငယ်ပေါင်း သန်းနဲ့ချီရှိနေပြီး ဒီရေကာတာတွေမှာ ကျနေတဲ့ အနည်တွေကနေ မီသိန်းဓါတ်ငွေ့ ထုတ်လွှတ်မှုနဲ့ ဆက်စပ်နေတာကို သူတို့အဖွဲ့က တွေ့ရှိခဲ့တာပါ။ 

ဒီရေကာတာတွေကနေရတဲ့ မီသိန်းပမာဏဟာ ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု  ပမာဏရဲ့  ၇ % ရှိနေတာမို့ ဒါဟာ အရင်တွက်ချက် ထားတာထက် သိပ်ကိုများနေတာပါ။

ရေကာတာ တည်ဆောက်မှုတွေဟာ ကမ္ဘာကြီးကို ပူနွေးစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနဲ့ ဆက်စပ်နေတာမို့  စွမ်းအင်ထုတ် ဖို့၊ ရေသိုလှောင် ဖို့ နောက်ထပ် ဆောက်လုပ်မှုတွေအတွက် ဒီအဖွဲ့ရဲ့ သတိပေးဆောင်းပါးကို သဘာဝဝန်းကျင်နဲ့ သိပ္ပံနည်းပညာ စာစောင်မှာ ဖေါ်ပြထားပါတယ်။ 

VOA News
မြစ်ကြောင်းတွေကိုပိတ်ပြီး ရေကာတာတွေ တည်ဆောက်တာကနေ ရေအားလျှပ်စစ်ထုတ်နိုင်သလို ၊ သောက်သုံးရေ ဖူလုံဖို့ ရေလှောင်ကန်တွေ ရစေပြီး၊ အပမ်းဖြေ စခန်းတွေ ပေါ်လာတာ လို ကောင်း ကျိုးတွေကို ရစေတဲ့အပြင် ဆိုးကျိုးအဖြစ် ကမ္ဘာကြီးကို ပူနွေးလာစေတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့တွေကိုပါ ပိုများလာစေတယ်လို့ သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

မြဝတီမြို့မှာ ရေဘေးသင့် ဒုက္ခသည် နှစ်သောင်းခွဲကျော် အကူအညီတွေ လိုအပ်



Photo: မြဝတီမြို့မှာ ရေဘေးသင့် ဒုက္ခသည် နှစ်သောင်းခွဲကျော် အကူအညီတွေ လိုအပ်

ရေကြီးနေတာ ၃ ရက်ရှိပြီဖြစ်တဲ့ မြဝတီမြို့မှာ ဘေးလွတ် ရာပြောင်းရွှေ့ပေးလိုက်ရသူ နှစ်သောင်းခွဲကျော်ရှိနေပြီ လို့ လူမှုဝန်ထမ်းအဖွဲ့တွေကပြောသလို၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ဖို့လိုနေတယ် လို့ ဒေသခံတွေကပြောကြပါတယ်။

ဒီနေ့ ရေက ၁ ပေကျော်လောက်ကျသွားပေမဲ့ ထူးခြားမှုမရှိသေးပဲ နောက်ရက်တွေမှာ ရေကြီးမကြီးဆိုတာ ထိုင်းနိုင်ငံဘက်က ဆည်ဖွင့်ချမယ့်အပေါ်မှာ မူတည်နေတယ် လို့ မြဝတီမြို့က ကုန်သည်တစ်ယောက် ကပြောပါတယ်။

မြဝတီမြို့နဲ့ မဲဆောက်မြို့ကြားကနေစီးဆင်းနေ တဲ့ သောင်ရင်းမြစ်ဟာ တောင်ဘက်ကနေ မြောက်ဘက် ကို ပြောင်းပြန်စီးတဲ့မြစ်ဖြစ်ပြီး သောင်းရင်းမြစ်အထက်ပိုင်း ထိုင်းနိုင်ငံဘက်မှာ ဆည်တွေတည်ဆောက်ထားပါတယ်။ 

အခုလိုမိုးကြီးတဲ့ကာလတွေမှာဆို ရေကာတာကျိုးမှာစိုးတဲ့အတွက် ဆည်ဖေါက်ချလေ့ရှိပြီး ရေကြီးလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ အနှစ် ၂ဝ ကျော်မှာ အဆိုးဆုံး ရေကြီးမှုဖြစ်တယ်လို့ သိရပါတယ်။

မြဝတီမြို့ရဲ့ ၄ ပုံ ၃ ပုံ ရေကြီးနေတဲ့အတွက် လောလောဆယ် မှာ သောက်သုံးရေရှားပါးလာပြီလို့ လည်း သိရပါတယ်။ ဈေးတွေ ကျောင်းတွေ ပြန်မဖွင့်နိုင်သေးတဲ့အပြင်၊ ဘဏ်တွေကိုပါရေဝင်တဲ့အတွက် ပိတ်ထားရပါတယ်။ 

ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း စေတနာ့ဝန်ထမ်းဆရာဝန်တွေ၊ ဆေးမှူးတွေက လိုက်လံကူညီနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြဝတီကော့ကရိတ်ကားလမ်းမှာလဲ တောင်ပြိုတဲ့အတွက် လမ်းတွေပိတ်နေပြီး၊ ကုန်စည်သွားလာမှု အတွက်ရော ခရီးသည်သွားရေးတွေအတွက်ပါ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေ တယ်လို့ ဆိုပါတယ်။

မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့ရဲ့ မြို့လည်ခေါင်မှာတော့ ပြီးခဲ့တဲ့ရက်က ရေလွှမ်းခဲ့ပေမယ့် မြို့ရဲ့ ရေနှုတ်မြောင်း စနစ်ကောင်းတဲ့အပြင်၊ သောင်ရင်းမြစ်ကမ်းပါးကိုလဲ ထိမ်းသိမ်းထားနိုင် တဲ့အတွက် ရေပြန်ကျသွားပြီဖြစ် လို့ ဒေသခံတွေအတွက် ရေဘေးဒဏ် ဆိုးဆိုးဝါးဝါးမခံလိုက်ရဘူးလို့ သိရပါတယ်။

RFA News
ရေကြီးနေတာ ၃ ရက်ရှိပြီဖြစ်တဲ့ မြဝတီမြို့မှာ ဘေးလွတ် ရာပြောင်းရွှေ့ပေး လိုက်ရသူ နှစ်သောင်း ခွဲကျော်ရှိနေပြီလို့ လူမှုဝန်ထမ်းအဖွဲ့တွေကပြောသလို၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက် ဖို့ လိုနေတယ် လို့ ဒေသခံတွေကပြောကြပါတယ်။

မြန်မာ့ကြွေး ဒေါ်လာသန်း ၅၅၀ လျှော်ဖို့ ပြင်သစ်သဘောတူ

Photo: မြန်မာ့ကြွေး ဒေါ်လာသန်း ၅၅၀ လျှော်ဖို့ ပြင်သစ်သဘောတူ 

မြန်မာနိုင်ငံက ပြင်သစ်နိုင်ငံကို ပေးဆပ်ဖို့ ကျန်ရှိသေးတဲ့ကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၅၅၀ ကို အတိုးနှုန်း ၂ ရာခိုင်နှုန်း နဲ့ ၁၅ နှစ်အတွင်း အရစ်ကျ ပြန်ပေးဆပ်သွားဖို့ သဘောတူလိုက်ကြပါတယ်။

 ပြင်သစ် ပြည်ပ ကုန်သွယ်ရေးဝန်ကြီးရဲ့ မြန်မာ နိုင်ငံခရီးစဉ်အတွင်း အင်္ဂါနေ့က အဲဒီလို သဘောတူလက်မှတ် ရေးထိုးခဲ့ကြတဲ့ထဲမှာ စုစုပေါင်းကြွေးမြီရဲ့ ၅၀ ရာခိုင်နှုန်း သန်း ၅၅၀ ကို လျှော်ပစ်ပေးထားခဲ့တာနဲ့ ပတ်သက်တဲ့ တရားဝင် သဘောတူညီ ချက်လည်းပါဝင်ပါတယ်။  

ဒီအခြေအနေတွေ အပါအ၀င် ပြင်သစ်- မြန်မာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတွေကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
 
ပြင်သစ်နဲ့ မြန်မာနိုင်ငံတို့အကြား ကြွေးမြီဆိုင်ရာ အခုသဘောတူညီချက်ဟာ
နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် အဖြစ် လက်မှတ်ရေးထိုးတဲ့ သဘောတူညီချက် ဖြစ်ပါတယ်လို့ ပြင်သစ် ပြည်ပကုန်သွယ်ရေးဝန်ကြီး မစ္စစ် နီကိုးလ် ဘရိ(က်) က ရန်ကုန်မြို့၊ ပြင်သစ်သံရုံးမှာ ဗုဒ္ဓဟူးနေ့ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း စကားပြန်ကတဆင့် ပြောသွားပါတယ်။
 
"ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက အင်မတန် ဂုဏ်ယူစရာကောင်းတဲ့ နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးပွဲတခုကို သူ တက်ရောက်ခဲ့တဲ့အကြောင်း၊ အဲဒီ သဘောတူညီချက်အရ ကြွေးမြီဒေါ်လာ သန်း ၅၅၀ ကို လျှော်ပစ်ပြီး 

ကျန်ကြွေးမြီဒေါ်လာ သန်း ၅၅၀ ကိုလည်း အတိုးနှုန်း သက်သက်သာသာနဲ့ အရစ်ကျ ပေးဆပ်ဖို့ ပြီးခဲ့တဲ့ ဇန်န၀ါရီလက ပဲရစ်ကလပ် အစည်းအဝေးအတွင်း သဘောတူညီထားခဲ့တဲ့အကြောင်း၊" ပြင်သစ်ကုန် သွယ်ရေးဝန်ကြီးက ပြောသွားပါတယ်။
 
အခုလို ကြွေးမြီလျှော်ပေးလိုက်တာကနေ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံအတွက် ရေရှည်ခိုင်မာတဲ့ ဘဏ္ဍာရေးအခြေအနေကို ထိန်းထားနိုင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒတွေကို စီမံခန့်ခွဲနိုင်မယ်လို့ မျှော်လင့် တဲ့အကြောင်း ပြင်သစ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ပြင်သစ် ပြည်ပကုန်သွယ်ရေး ၀န်ကြီးဟာ ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသား စီမံကိန်းနဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့နဲ့ တွေ့ဆုံ ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

 ပြင်သစ်ကုမ္ပဏီတွေအနေနဲ့ တာဝန်သိစွာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့၊ သဘာဝပတ်ဝန်းကျင်ကို အလေးထား လုပ်ဆောင်ဖို့တွေ ကို ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့တယ်လို့ မစ္စစ်ဘရိ(က်) က ပြောပါတယ်။
 
မစ္စစ်ဘရိ(က်) ရဲ့ အခုခရီးစဉ်ဟာ ပြင်သစ်အစိုးရရဲ့ စီးပွားရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးအနေနဲ့ ပထမဆုံးခရီးစဉ်ဖြစ်တာကြောင့် တနည်းအားဖြင့် အောင်မြင်တဲ့ ခရီးစဉ်တစ်ခုဖြစ်ပါတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ၊ ပြင်သစ်သံရုံးက စီးပွားရေးဝန်ဆောင်မှုဌာန အကြီးအကဲ မစ္စတာ ဒိုမိနစ်ခ် ကိုးစ် (Dominique Causse) က ပြောပါတယ်။
 
"မြန်မာနဲ့ ပြင်သစ်နိုင်ငံအကြား ဆက်ဆံရေးဟာ သဘာဝအားဖြင့် စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးဖြစ်ရမယ်ဆိုတာ သူက ပြချင်ပါတယ်။

 နိုင်ငံ ရေး သက်သက် ဆက်ဆံရေးမဟုတ် ပါဘူး။ ဆက်ဆံရေးကို ကုမ္ပဏီတွေအကြား စီးပွားဆက်ဆံရေးအဖြစ် ပြောင်းလဲရပါမယ်။ 

သူနဲ့ အတူ ပြင်သစ်ကုမ္ပဏီ ၁၅ ခု လိုက်ပါလာပြီး ပြင်သစ်ကုန် သွယ်ရေးကော်မရှင်ရုံး Ubifrance ကနေတစ်ဆင့် အဆက်အသွယ်တွေ တည်ဆောက်ခဲ့ကြပါတယ်။"
 
ပြင်သစ် ပြည်ပကုန်သွယ်ရေးဝန်ကြီးနဲ့ အတူလိုက်ပါလာတဲ့ ကုမ္ပဏီတွေထဲမှာ စိုက်ပျိုးရေးကဏ္ဍ၊ အလှကုန်လုပ်ငန်းကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍ၊

 ဟော်တယ်တည်ဆောက်ရေး စီမံကိန်းတွေအတွက် ပိသုကာပိုင်း ၀န်ဆောင်မှုပေးတဲ့ကဏ္ဍ၊ ရထားပို့ဆောင်ရေးကဏ္ဍ စတဲ့ကုပ္မဏီတွေပါဝင်တယ်လို့ စီးပွားရေးဌာန တာဝန်ရှိသူတွေက ပြောပါ တယ်။
 
ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ အခုအခါ နိုင်ငံရေးအစား စီးပွားရေးပိုင်းကို ပိုပြီး အာရုံစိုက်လာပြီလားဆိုတဲ့ မေးခွန်းကို အဲဒီလိုပြောနိုင်ကြောင်း မစ္စတာ ဒိုမိနစ်ခ်က ပြန်ဖြေခဲ့ပါတယ်။
 
Ubifrance ရုံးဟာ ပြင်သစ် ပြည်ပကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ ဖြစ်ပြီး လုပ်ငန်း လုပ်ဆောင်နေ တာ လအနည်းငယ် ရှိနေပြီဖြစ်ပြီးတော့ ပြည်ပ ကုန်သွယ်ရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ တရားဝင် ဖွင့်လှစ်ပေးခဲ့တာပါ။
 
ပြင်သစ်က မြန်မာနိုင်ငံဆီတင်ပို့ကုန်ပမာဏဟာ ၂၀၁၃ ခုနှစ် ပထမ ငါးလအတွင်း ၂၇၅% တိုးတက်ခဲ့ပြီးတော့ ယူရို ၂၃.၉ သန်း ရှိခဲ့ပြီးတော့ မြန်မာက ပြင်သစ်နိုင်ငံဆီ တင်ပို့ကုန် ပမာဏဟာ အလားတူ ကာလအတွင်း အဆပေါင်း ၁၂၅၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယူရို ၁ ဒဿမ ၅ သန်းကနေ ၂၀ ဒဿမ ၄ သန်းအထိ တိုးသွားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
 
ပြင်သစ်က တင်ပို့ကုန်အများစုဟာ လေယာဉ်တွေ၊ ဆေးဝါးတွေ၊ စက်ပစ္စည်း ကိရိယာတွေဖြစ်ပြီး ဒီနှစ်ဆန်းကစလို့ မြန်မာနိုင်ငံ ကနေ တင်ပို့ကုန်အများစုဟာ လက်ဝတ်ရတနာတွေဖြစ်တယ်လို့ စီးပွားရေးဌာန အကြီးအကဲကပြောပါတယ်။ 

ဒါ့အပြင် အထည် ထုတ်ကုန်တွေဟာ အခုချိန်ထိတော့ အရေအတွက် အများကြီး မဟုတ်သေး ပေမဲ့ တိုးလာနေတယ်လို့လည်း ပြောပါတယ်။
 
ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်တွေဟာလည်း တခြားနိုင်ငံတွေက လုပ်ငန်းရှင်တွေလိုပဲ လက်ရှိ မြန်မာနိုင်ငံက အပြောင်းအလဲတွေ အပေါ် ကျေနပ်အားရရှိကြပေမဲ့ ရင်းနှီးမြှုပ်နှံဖို့နေရာမှာ စိုးရိမ်ချက်တွေက ရှိနေတာပါ။
 
"အခြေခံ အဆောက်အအုံတွေက အခုထိ သိပ်ကြီး မကောင်းလှသေးပါဘူး။ လမ်းတွေ၊ လျှပ်စစ်မီးတွေ အခြေအနေ မကောင်းသေးပါဘူး။ ဆက်သွယ်ရေးပိုင်း တိုးတက်အောင် လုပ်ဖို့လိုပါတယ်။ 

ဒါ့အပြင် လူသားအရင်းအမြစ်ပိုင်းကိုလည်း ပြောရပါမယ်။ 
ကုမ္ပဏီတွေ ကလိုအပ်တဲ့ အရည်အချင်းအဆင့်နဲ့ မြန်မာနိုင်ငံသား
တွေကိုရဖို့က မလွယ်ကူပါဘူး။ လုပ်နိုင်စွမ်းကရှိပါတယ်၊ 
သူတို့ကို လေ့ကျင့်ပေးဖို့ လိုပါ တယ်။ 

လူတွေကို လေ့ကျင့်သင်တန်းပေးဖို့က ပြဿနာမဟုတ်ပါဘူး၊ ဒါကြောင့် ကုမ္ပဏီတွေက လုပ်ဖို့လိုပါတယ်။ အလားတူပါပဲ၊ ဘဏ်စနစ်က လည်း ကောင်းကောင်း လည်ပတ် လုပ်ဆောင်နိုင်ခြင်းမရှိသေး သလို မြေဈေး အိမ်ဈေးတန်ဖိုးကလည်း ပြင်သစ် ကုမ္ပဏီတွေ အဓိကထည့်သွင်းစဉ်းစားတဲ့ထဲမှာ ပါနေပါတယ်။"
 
မြန်မာနိုင်ငံရဲ့ ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်းဟာ အရှိန်အဟုန်နဲ့ တိုးတက်လာနေတဲ့ကဏ္ဍဖြစ်နေတဲ့အတွက် ပြင်သစ်ကုမ္ပဏီ တွေ ရင်းနှီးမြှုပ်နှံဖို့ စိတ်အ၀င်စားဆုံးကဏ္ဍဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲအတွင်း Ubifrance ရုံး တာဝန်ရှိသူတစ်ဦး က ပြောသွားပါတယ်။ 

VOA News
မြန်မာနိုင်ငံက ပြင်သစ်နိုင်ငံကို ပေးဆပ်ဖို့ ကျန်ရှိသေးတဲ့ကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၅၅၀ ကို အတိုးနှုန်း ၂ ရာခိုင်နှုန်း နဲ့ ၁၅ နှစ်အတွင်း အရစ်ကျ ပြန်ပေးဆပ်သွားဖို့ သဘောတူလိုက်ကြပါတယ်။

ကွန်ပျူတာ သုံးပြီးတိုင်း လက်ဆေးပါ။



Photo: ကွန်ပျူတာ သုံးပြီးတိုင်း လက်ဆေးပါ။
Thursday, August 1, 2013

ဒီနေ့ခေတ်မှာ ကွန်ပြူတာ သုံးတဲ့ သူငယ်ချင်းတွေ သိထား သင့်တယ် ထင်လို့ပါ ကွန်ပျူတာ တစ်စုံရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက် ၅ ဆ ပိုညစ်ပတ် ပါသတဲ့။ မယုံမရှိ ကြပါနဲ့။ London National Laboratory တစ်ခုရဲ့ တိကျ သေချာသော သုသေသန လုပ်ဆောင်ချက် တစ်ခုကနေ ရရှိလာတဲ့ Reslut တစ်ခုပါ၊ Computer တခုရဲ့ Keyboard တခုတွင် Bacteria သန်းနှင့် ချီပြီး ပေါက်ဖွား ရှင်သန် နိုင်ကြောင်း လေ့လာ တွေ့ရှိရသည်။

ထို Bacteria များသည် လူတို့အား အစာ အဆိပ်သင့်ခြင်း (ဗိုက်ထဲတွင် မအီမသာ ဖြစ်ပြီး ၀မ်းလျောခြင်း) မှ အစ သေစေ နိုင်လောက်သည့် ရောဂါများ အထိ ဖြစ်ပွား ပျံ့နှံ့ စေနိုင်သည်။ ပြီးခဲ့သည့် မကြာသေးမီ ကာလက ရန်ကုန်မြို့တွင် လူမသိ သူမသိ အဖြစ်အပျက်လေး တစ်ခု ဖြစ်ပျက်ခဲ့သည်။ တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစ ကလေးငယ် တစ်ဦးကို ဆုံးပါး သွားစေခဲ့သည်။ အသက်ကြီးမှာ အိမ်ထောင်ကျသော ဇနီးမောင်နှံ နှစ်ဦး တို့တွင် အသက် ၃၀ ကျော်မှ ရသော ကလေးလေး ဖြစ်သည်။ အသက်ကြီးမှ ရသော ကလေးမို့ မိဘများက တအား တန်ဖိုးထားသည့် (Precious Baby )လေး ဖြစ်သည်။ အဖေ ဖြစ်သူက Computer Programmer- တနေကုန် Computer ရှေ့တွင် အလုပ် ရှုပ်နေသူ ရုံးက ပြန်လာတိုင်း လုပ်လေ့ လုပ်ထ ရှိသည့် အကျင့်လေး တစ်ခုက သားလေးကို ချီပြီး နမ်းတတ်သည်။ 

ကလေးက မွေးကင်းစ (Baby)လေး။ ၁၀ ရက်သားခန့်သာ ရှိသေးသည့် တအား နုနယ်သည့် ကလေး လေးပေါ့။ သိပ်မကြာ ကလေးက ဖျားပြီး ခန္ဒာကိုယ် တစ်ခုလုံးနီရဲ ရောင်ရမ်းလာကာ ဆေးရုံ တက်ရသည်။ ဆရာဝန်များက မွေးကင်းစ ကလေး ပိုးဝင်ရောဂါ (Neonatal Sepsis) ဟု ဆိုသည်။ ၂ ရက်မြောက် ဆေးရုံပေါ်တွင် ကလေးမှာ သေသွား ရှာသည်။ မိဘ တွေကလည်း ဘယ်နေ မလဲ။ သူတို့ကလေး ဘယ်လို သေရသလဲ? အကြောင်း အရင်းကို ရှာသည်။ မိခင် ဖြစ်သူမှာ ကလေးကို နို့တိုက်သည် မှအပ တခြား အချိန်တွင် အထိအတွေ့ နည်းသည်။ နို့တိုက် ကျွေးသည့် အချိန်တွင်လည်း တကယ့် သန့်သန့် ရှင်းရှင်း စနစ်တကျ ရှိလှသည်။ တခြားထိတွေ့သူမှာ အဖေ ဖြစ်သူသာလျှင် ရှိတော့သည်။ တနေကုန် ရုံးမှာ အလုပ်လုပ် ပြန်ရောက် ရောက်ချင်း လက်တောင် မဆေးပဲ ကလေးကို ချီပြီးနမ်း ရှုတ်တတ်သည့် အဖေ။ သူ့ ကိုသူ သံသယ ၀င်ပြီး သူငယ်ချင်း ဖြစ်သူ ဆရာဝန်၏ အကူ အညီဖြင့် ဓာတ်ခွဲခန်း တစ်ခု တွင် သူ့လက်မှာ ရှိတဲ့ Bacteria တွေကို Culture လုပ်ကြည့်တော့ တွေ့ လိုက် ရသည်မှာ သူ လက်တွင် ကပ်ငြိနေသည့် Bacteria က အမျိုးပေါင်း များစွာပင်။

ထို Bacteria တွေက နုနယ်သည့် (immature baby) လေးကို သေသွား စေခဲ့ ရလေသည်။ ထိုဥပမာ လေးကို သင်ခန်းစာ ယူပြီး Computer သုံးပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြော ကြပါ။ ဒီနေ့ ခေတ်တွင် အင်တာနက်ဆိုင်တွေ များပြားလာပြီး ထိုဆိုင်များရှိ စက်များမှာ လူတန်းစား ပေါင်းစုံက သုံးစွဲနေကြတော့ ညစ်ပတ်မှာက အသေအချာပင်။ ထိုကြောင့် မည်သူ မဆို Computer သုံးပြီးတိုင်း လက်ဆေးသည့် အကျင့်ကို ဂရုတစိုက် လုပ်ဆောင် သင့်သည်။ တစ်ချို့ အင်တာနက် ဆိုင်တွေရဲ့ သန့်စင်ခန်း တွေမှာ လက်ဆေးရန် စနစ်တကျ လုပ်ထား ပေးသည် များရှိသည်။ ဆိုင်တိုင်း မှာလည်း လုပ်ထား ပေးသင့်သည်။ မြန်မာနိုင်ငံ မှာရှိနေသည့် Foreigner အများစုမှာ Hand Sanitizer ခေါ် Spray ဘူးလေးများ ဆောင်ထား ကြသည်။ သူတို့ အင်တာနက် ဆိုင်မှာ သုံးပြီးတိုင်း လက်ကို Hand Sprayဖြင့် သန့်စင် ကြသည်ကို တွေ့ဖူးသည်။ ထိုနည်းကတော့ ပိုပြီး ကောင်းသည်။

ရေကိုင်စရာ မလို ဆပ်ပြာ ကိုင်စရာ မလိုပဲ သန့်စင် နိုင်သည်။ ထိုကဲ့သို့  ပစ္စည်းမျိုးကို မသုံးနိုင်ရင် တောင်မှ ဆပ်ပြာနှင့် သေချာစွာ ဆေးကြော သင့်သည်။ သင်တို့၏ လက်ကို သန့်ရှင်း စင်ကြယ်စွာ ထားခြင်းဖြင့် သင်တို့  ဘ၀တွေပိုပြီး လှပ သာယာ နိုင်ကြပါစေ။

မြ၀တီ
ဒီနေ့ခေတ်မှာ ကွန်ပြူတာသုံးတဲ့ သူငယ်ချင်းတွေ သိထားသင့်တယ်ထင်လို့ပါ ကွန်ပျူတာတစ်စုံရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက် ၅ ဆ ပိုညစ်ပတ် ပါသတဲ့။ မယုံမရှိ ကြပါနဲ့။

မြန်မာ့အင်တာနက်လိုင်း နဂိုမြန်နှုန်း ပြည်လည်ရရှိ

ပင်လယ်ရေအောက်ဖိုင်ဘာဆက်ကြောင်းတစ်ခုဖြစ်သည့် SE- ME-WE 3 ဆက်ကြောင်းမှာ ဇူလိုင် ၃၀ ရက်နေ့ ညနေ့ပိုင်းက ပြင်ဆင်မှုပြီးစီးသွားပြီဖြစ်သဖြင့် ယခင်အင်တာနက်မြန်နှုန်း အတိုင်း ပြန်လည် အသုံးပြုနိုင်တော့မည်ဖြစ်သည်ဟု မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။

အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်များ မျှမျှတတဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် တိုက်တွန်း

Photo: အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်များ မျှမျှတတဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် တိုက်တွန်း
Thursday, August 1, 2013

နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် အဆုံးသတ်နိုင်ရန် အစိုးရက ဦးဆောင် ပြုလုပ် နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်များတွင် မျှမျှတတ ဆောင်ရွက် ရန် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းကြောင်း ကြေညာချက် တစ်ရပ်ကို ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဇူလိုင်လ ၃၁ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သူရဦးရွှေမန်း က လွှတ်တော် နာယကအဖြစ် တာဝန် လွှဲပြောင်း ရယူအပြီးတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံသား အချင်းချင်း ချစ်ကြည် ရင်းနှီးစွာ နေထိုင်ရေးတို့နှင့် စပ်လျဉ်းသည့် ကြေညာချက်ကို အတည်ပြု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းရာတွင် အချင်းချင်း အပြန်အလှန် နားလည် ယုံကြည်မှု ရရှိရေး အလေးအနက်ထား ဆောင်ရွက်ရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တရားနည်းလမ်းတကျ ဆောင်ရွက် ရန် ပြည်ထောင်စုလွှတ်တော်က အဆိုပါ ကြေညာချက်တွင် တိုက်တွန်း ထားသည်။

“လက်နက်ကိုင် ပဋိပက္ခတွေကနေ ငြိမ်းချမ်းရေး လုပ်တဲ့အခါ နှစ်ဘက်လုံး သူ့ဘက် ကိုယ့်ဘက် မျှမျှတတ တောင်းဆိုတာတွေ ညှိနှိုင်းတာတွေ ဆောင် ရွက်ဖို့အတွက် ရည်ရွယ်တာပါ” ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ရှင်းပြသည်။

ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ပြည်သူလူထုမှ ပူးပေါင်း ပါဝင်ရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် ဖြစ်ပွားခဲ့သည့် ဘာသာရေး အသွင်ဆောင် ပဋိပက္မများ ထပ်မံ မဖြစ်ပွားစေရေး နိုင်ငံသား အချင်းချင်း ချစ်ခင် ရင်းနှီးစွာ နေထိုင်ကြရန် စသည့် အချက် ငါးချက် ပါသည့် ကြေညာ ချက်ကို နာယကသစ် သူရ ဦးရွှေမန်းက ဖတ်ကြားပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံးက သဘောတူ အတည်ပြုခဲ့သည်။

“ကျွန်တော်တို့ လက်နက်ကိုင်တွေနဲ့ ဆွေးနွေးတဲ့အခါ တရားဥပဒေအတိုင်း ပဲ ဆောင်ရွက်တာပါ” ဟု မြန်မာ ငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသည့် ကြေညာချက်တွင် နိုင်ငံတော်သမ္မတ ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ ကို ထောက်ခံ အားပေးကြောင်း ထည့်သွင်း ဖော်ပြထားသည်။

ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် တွေ့ဆုံပွဲတွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းများကို ဥပဒေနှင့် အညီ ဆောင်ရွက်ရန် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီကို သတိပေး တိုက်တွန်းခဲ့သည်။

The Voice Weekly
နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားခဲ့သော ပြည်တွင်းစစ် အဆုံးသတ်နိုင်ရန် အစိုးရကဦးဆောင် ပြု လုပ် နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များတွင် မျှမျှတတ ဆောင်ရွက် ရန် ပြည်ထောင်စု လွှတ်တော်က တိုက်တွန်းကြောင်း ကြေညာချက် တစ်ရပ်ကို ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ရေကြီးမြေပြိုမှုများကြောင့် မြန်မာ-ထိုင်း ကုန်သွယ်ရေး လမ်းကြောင်းများ ရပ်တန့်သွား

Photo: ရေကြီးမြေပြိုမှုများကြောင့် မြန်မာ-ထိုင်း ကုန်သွယ်ရေး လမ်းကြောင်းများ ရပ်တန့်သွား
Thursday, August 1, 2013

ရေကြီးမှုနှင့် မြေပြိုမှုများ ဆက်တိုက်ဖြစ်ပေါ် ခဲ့မှုကြောင့် မြန်မာ-ထိုင်းအဓိက ကုန်သွယ်လမ်းကြောင်း၏ ကုန် သွယ်မှုလုပ်ငန်းများအားလုံး ရပ် တန့်သွားပြီဖြစ်ကြောင်း ဒေသခံ များနှင့် ကုန်စည်ပို့ ဆောင်သူ များ ၏ပြောဆိုမှု များအရ သိရသည်။ မြန်မာ နိုင်ငံ နှင့်ထိုင်းနိုင်ငံ ၏ အဓိကကုန်သွယ်လမ်းကြောင်း  တစ်ခုဖြစ်သည့် ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ ဒေါနတောင် ပေါ် ကားလမ်းတစ်လျှောက်မြေ ပြိုမှု နေရာ၃ဝခန့်ဖြစ်ပေါ်ခဲ့ပြီး နောက် ဇူလိုင်၃ဝ ရက်မှ စတင်ပြီး ကုန်သွယ် လုပ်ငန်း များ ရပ်တန့် သွားခြင်းဖြစ်ကြောင်း သိရသည်။

''အခုကော့ကရိတ်ကနေ ပြီး ကားတွေအားလုံးကို တားထား လိုက်ပြီ။ ယာဉ်တန်း အနည်းဆုံး နှစ်ပတ် ပိတ်မယ်လို့သိရတယ်။တောင်ပေါ်မှာ မြေပြိုနေတာက ဆိုင်ကယ်တောင် စီးလို့မရတော့ ဘူး။ လမ်းရှင်းမှုတွေကို သက်ဆိုင် ရာဘက်က လုပ်နေပေ မယ့် အင် အားနည်းနေတယ်''ဟု ကော့က ရိတ်မှဒေသခံ ဦးကျော်လွင်က ဇူ လိုင်၃၁ရက်တွင် ပြောသည်။ ပြီးခဲ့သည့်နှစ်များမှာလည်း သောင်ရင်းမြစ် ရေလျှံမှုကြောင့် ရေကြီးမှုများ ပုံမှန်ဖြစ်ပေါ်သော် လည်း ယခုဖြစ်စဉ်သည် သူနေ ထိုင်ခဲ့ သည့် ၁၃နှစ်ကျော်ကာလ အတွင်း ယင်းမြို့တွင်အဆိုးရွား ဆုံးရေကြီးမှုဖြစ်ကြောင်း ဒေသခံ ကိုမြင့်ဦးက ပြောသည်။

အဆိုပါ ဘားအံ-မြဝတီလမ်း ပိုင်း၏ အဓိကအစိတ်အပိုင်းတစ် ခုဖြစ်သည့် ကော့ကရိတ် ဒေါန တောင်ကျော်လမ်း၌ တောင်ပြို လမ်းပိတ်ဆို့ခြင်းကြောင့် တောင် ခြေရှိ ကော့ကရိတ်မြို့တွင် ခရီး သွားများနှင့် ကုန်တင်ကားကြီး များပိတ်မိနေပြီး သယ်ယူ ပို့ ဆောင် စရိတ်သည် အဆများစွာခုန်တက် သွားကြောင်း သိရသည်။ ဦးကျော်လွင်က ''အခုမြဝ တီကိုဆိုင်ကယ် ဒါမှမဟုတ် လမ်း လျှောက်တာကလွဲရင် အခြားဘာ မှ မောင်းလို့မရဘူး။ ဆိုင်ကယ်က လူတစ်ဦးကို ၃၀၀၀၀၊ အထုပ်ပါ ရင် ၄ဝဝဝဝ ဖြစ်သွားပြီ''ဟု ဒေါန တောင်တန်း၏ သယ်ယူပို့ဆောင် ရေး နောက်ဆုံးအခြေအနေများ ကိုပြောသည်။ ဇူလိုင်၂ရရက်မှ စတင်ခဲ့ သည့်မိုးရွာမှုကြောင့် ကရင်ပြည် နယ်မြို့တော် ဘားအံနှင့်အခြား နေရာအများစုတွင် ရေလွှမ်းနေ ပြီး အဓိက ကားလမ်းကြောင်းများ ဖြစ်သော ဘားအံ-ကျုံဒိုး-ကော့ ကရိတ်-မြဝတီ လမ်းပိုင်းများတွင် ရေလွှမ်းနေဆဲဖြစ်ကြောင်း ဒေသခံ တို့က ပြောသည်။

အဆိုပါ မိုးကြီးရေလျှံမှု ကြောင့် မြဝတီမြို့သောင်ရင်းမြစ် ကမ်းဘေးရှိ ယိုးဒယားပစ္စည်းသို လှောင်ထားသည့် ကုန်ဂိုဒေါင်များ အားလုံးသည်ရေနစ်မြုပ်ခဲ့ပြီး မြ ဝတီမြို့-ရန်ကုန်မြို့ကို စီးဆင်း သည့် ကုန်ပစ္စည်းလမ်းကြောင်းများ အားလုံး ရပ်တန့်နေ ကြောင်း မြ ဝတီဒေသခံတို့၏ ပြောဆိုမှုများ အရ သိရသည်။ အမည်မဖော်လိုသည့် အေး ဂျင့်တစ်ဦးက ''အခုမြဝတီ ကုန် သွယ်ရေးဇုန်က လုပ်ငန်းတွေရပ် ထားလိုက်ရပြီ။ တောင်ပေါ်လမ်း က ဆိုင်ကယ်တောင်သွားဖို့ခက် ခဲနေတော့ ကုန်သွယ် ရေး ဇုန်အ လုပ်မရှိတော့ဘူး''ဟု လမ်းကြောင်း အခြေအနေကို ပြောသည်။

ကျော်ဇေယျ ၊ စိုင်းဟန်
Yangon Media Group

မြန်မာ - ထိုင်း နယ်စပ်ဂိတ်တွင် ရေကြီးနေသည်ကို ဇူုလိုင် ၃၁ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - နေနေ (မဲဆောက်)
ရေကြီးမှုနှင့် မြေပြိုမှုများ ဆက်တိုက်ဖြစ်ပေါ် ခဲ့မှုကြောင့် မြန်မာ-ထိုင်းအဓိက ကုန်သွယ်လမ်းကြောင်း၏ ကုန် သွယ်မှုလုပ်ငန်းများအားလုံး ရပ် တန့်သွားပြီဖြစ်ကြောင်း ဒေသခံ များနှင့် ကုန်စည်ပို့ ဆောင်သူ များ

မြ၀တီတွင် ရေငါးပေခန့် ထပ်မံမြင့်တက်လာခဲ့ပြီး နှစ် ၂၀ အတွင်း အဆိုးရွား ဆုံး ရေကြီးမှုဖြစ်



Photo: မြ၀တီတွင် ရေငါးပေခန့် ထပ်မံမြင့်တက်လာခဲ့ပြီး နှစ် ၂၀ အတွင်း အဆိုးရွား ဆုံး ရေကြီးမှုဖြစ်
Thursday, August 1, 2013

သောင်ရင်းမြစ် ရေတက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသော မြ၀တီမြို့တွင် ဇူလိုင် ၃၀ ရက်က ရေငါးပေခန့် ထပ်မံမြင့်တက်ခဲ့ပြီး နှစ် ၂၀ အတွင်း အဆိုးဆုံး ရေကြီးရေလျှံမှုဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

ရေကြီးမှုကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ တရားရုံး၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များအားလုံး ရေနစ်မြုပ်ခဲ့ပြီး ပုဂ္ဂလိက ဘဏ်များအားလုံး ပိတ်ထားရကြောင်း သိရသည်။

"ဒီနှစ်ရေကြီးတာ တော်တော်ဆိုးပါတယ်။ မြ၀တီမြို့ရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ ဘုရင့်နောင် လမ်းမကြီးပေါ်မှာဆိုရင် ရဲစခန်းရှေ့ကနေ ချစ်ကြည်ရေးတံတားအထိ လူတစ်ရပ်နီးပါးလောက် ရှိပါတယ်။ တစ်ထပ်အိမ်နဲ့ နှစ်ထပ်အိမ်က လူတွေကိုတော့  လှေတွေနဲ့ သွားကယ်ပြီး ကယ်ဆယ်ရေး စခန်းတွေကို ပို့ဆောင်ထားပါတယ်။ အခု မြစ်နားမှာရှိတဲ့ သုံးထပ်အိမ်က လူတွေကို လှေတွေနဲ့ သွားကယ်နေကြပါတယ်" ဟု မြ၀တီ မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ရေဘေးသင့်သူများအား ကုန်းမြင့်နေရာများတွင်ရှိသည့် တောရကျောင်း၊ ဒဟတ်တောကျောင်း၊ ဟေမာန်ဦးကျောင်း၊ တောင်တန်းကျောင်း၊ မိကျောင်းကုန်းကျောင်း၊ ဖားခြောက်ကောင်ကျောင်း၊ ပြည်တော်ဝင် ဓမ္မရိပ်သာ၊ ဓိဋ္ဌာန်အောင် ဓမ္မာရုံ၊ ကျောက်လုံးကြီး ဓမ္မရိပ်သာ စသည့်နေရာများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး လူဦးရေ နှစ်သောင်းကျော် ရေဘေးသင့်နေကြောင်း သိရသည်။

"မြ၀တီမြို့မှာ ၁၉၉၄ ၊ ၂၀၀၀၊ ၂၀၁၁၊ ၂၀၁၂ ခုနှစ်တွေမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီနှစ်လောက်တော့ မဆိုးဘူး။ အခုက ကုန်းမြင့်နေရာ တချို့ကလွဲပြီး တစ်မြို့လုံး ရေကြီးမှုဒဏ်ကို ခံစားနေရပါတယ်" ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ် ဒေသများဖြစ်သော မြ၀တီ၊ ကော့ကရိတ်၊ လှိုင်းဘွဲ စသည့်ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး မြ၀တီမြို့မှ သင်္ဃန်းညီနောင်သို့ သွားသည့်လမ်းအား ပိတ်ထားရကြောင်း သိရသည်။ ထို့အပြင် ဒေါနတောင်ပေါ် လမ်း၌လည်း သုံးနေရာခန့် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး ကော့ကရိတ်အထွက် တံတား၌လည်း ရေကျော်မှု ဖြစ်ပွားခဲ့သဖြင့် ခရီးစဉ်များ ရပ်နားထားရကြောင်း သိရသည်။

Eleven Media Group

မြ၀တီမြို့၏ အဓိက လမ်းမကြီးတစ်ခုဖြစ်သော ဘုရင့်နောင် လမ်းမကြီးပေါ်၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေစဉ်

သောင်ရင်းမြစ် ရေတက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသော မြ၀တီမြို့တွင် ဇူလိုင် ၃၀ ရက်က ရေငါးပေခန့် ထပ်မံမြင့်တက်ခဲ့ပြီး နှစ် ၂၀ အတွင်း အဆိုးဆုံး ရေကြီးရေ လျှံမှုဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

မီးလောင်နေသည့် အဆောက်အအုံပေါ်မှ ပစ်ချလိုက်သည့် မွေးကင်းစ ကလေးငယ်ကို ၁ဝ နှစ် အရွယ် မိန်းကလေး တစ်ဦးက အောင်မြင်စွာ ဖမ်းနိုင်ခဲ့

Photo: မီးလောင်နေသည့် အဆောက်အအုံပေါ်မှ ပစ်ချလိုက်သည့် မွေးကင်းစ ကလေးငယ်ကို ၁ဝ နှစ် အရွယ် မိန်းကလေး တစ်ဦးက အောင်မြင်စွာ ဖမ်းနိုင်ခဲ့
Thursday, August 1, 2013

အမေရိကန် ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့ ဆင်ခြေဖုံးရှိ အဆောက်အအုံ တစ်ခု၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အဆိုပါ အဆောက်အအုံ ဒုတိယထပ်မှအမျိုးသမီး တစ်ဦးက ပစ်ချလိုက်သည့် မွေးကင်းစ ကလေးငယ် တစ်ဦးအား အသက် ၁ဝ နှစ် အရွယ် မိန်းကလေးတစ်ဦးက ပြတင်းပေါက် အောက်မှရပ်၍ စွန့်စားပြီး ဖမ်းယူကာ ကယ်တင် နိုင်ခဲ့ကြောင်း သိရသည်။ 

ကလေးငယ်အား ကယ်တင်နိုင်ခဲ့သူ ၁ဝ နှစ် အရွယ် ဇာနာဂရက်ရှန် အမည်ရှိ မိန်းကလေးအား သူရဲကောင်းအဖြစ် ကြိုဆို ဂုဏ်ပြုခဲ့ကြသည်။ မိခင်ဖြစ်သူ အဆိုပါ အမျိုးသမီးသည် ကလေးငယ်အား မီးဘေးမှ လွတ်မြောက်ရန် ကြံရာမရ လွှတ်ချခဲ့ရခြင်း ဖြစ်ပြီး ကလေးငယ် မြေပြင်သို့ မကျမီ ဇာနာက ဖမ်းယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း Znam WS ရုပ်သံက ပြောကြားခဲ့သည်။ အဆိုပါ မိခင်တွင် ကလေးငယ် သုံးဦးရှိပြီး အပေါ်ထပ်တွင် မီးခိုးများ ပြည့်နှက်နေမှုကြောင့် အခြား ရွေးချယ်စရာ မရှိဘဲ ပြတင်းပေါက်မှ တစ်ဆင့် အဆောက်အအုံ အောက်ရှိ လူများနှင့် အိမ်နီးချင်းများထံ ပစ်ချခဲ့ရကြောင်း သိရသည်။

အသက် ၂ နှစ် အရွယ်နှင့် ၃ နှစ်အရွယ် အခြားကလေးငယ် နှစ်ဦးမှာ မြေပြင်သို့ ပြုတ်ကျပြီး ဒဏ်ရာ အနည်းငယ် ရရှိခဲ့သောကြောင့် ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူလျက် ရှိကြောင်း၊ အဆိုပါ မီးလောင်မှုသည် ပထမထပ်ရှိ မီးဖိုခန်းမှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တာဝန် ရှိသူများက ပြောကြားခဲ့သည်။

မြ၀တီ
အမေရိကန် ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့ ဆင်ခြေဖုံးရှိ အဆောက်အအုံ တစ်ခု၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါအဆောက်အအုံ ဒုတိယထပ်မှအမျိုးသမီး တစ်ဦးကပစ်ချလိုက် သည့် မွေးကင်းစ ကလေးငယ်တစ်ဦးအား အသက် ၁ဝ နှစ် အရွယ် မိန်းကလေး တစ်ဦး က ပြတင်းပေါက် အောက်မှရပ်၍ စွန့်စားပြီး ဖမ်းယူကာ ကယ်တင် နိုင်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့

တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ •

တနင်္သာရီမြို့နယ် အရှေ့မော်တုန်းကျေးရွာအုပ်စု အရှေ့မော်တုန်းရွာ၌ ဇူလိုင် (၃၁)ရက်နေ့ နံနက် (၁၁)နာရီခန့်တွင် မစိုးဌေး (ခ) မပျော့ (အဘ) ဦးစောတင်၏ နေအိမ်၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

မစိုးဌေး (ခ) မပျော့သည် လွန်ခဲ့သော (၃)နှစ်ခန့်က မြစ်ချောင်းအတွင်း ခရုငုတ်စဉ် အရှည် (၁) ပေ လုံးပတ် (၈)လက်မခန့်ရှိသည့် သံပိုက်လုံး (တစ်)လုံး ကောက်ရခဲ့သဖြင့် မိမိနေအိမ်၏ အောက်တွင် ထားရှိခဲ့ကြောင်း၊ 

ဇူလိုင် (၃၁)ရက်နေ့ နံနက် (၁၁း၀၀)နာရီချိန်ခန့် ၀က်စာပြုတ်နေစဉ် မီးဖိုနံဘေးတွင် ထိုပိုက်လုံးကို ချထားခဲ့ရာမှ ပေါက်ကွဲထွက်ပြီး မစိုးဌေး (ခ) မပျော့၏ ၀ဲဘက်ပေါင်၌ (၂)လက်မခန့် ပြတ်ရှဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ ပိုက်လုံးပေါက်ကွဲရာမှ ကျန်ရှိသော သံကြွပ်အပိုင်းအစများကို တာဝန်ရှိသူများသို့ သွားရောက် ပြသရာ တာဝန်ရှိသူများ စစ်ဆေးချက်အရ ဂျပန်ခေတ်စစ်တပ်၌အသုံးပြုသည့် တင့်ကား ဖျက်မိုင်းဟု သိရှိရသည်။ 

ဒဏ်ရာရရှိသော မစိုးဌေး (ခ) မပျော့ အား တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံ တွင် အတွင်းလူနာအဖြစ် ကုသလျက်ရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သတင်းရရှိသည်။

Posted From Tanintharyi Thar
တနင်္သာရီမြို့နယ် အရှေ့မော်တုန်းကျေးရွာအုပ်စု အရှေ့မော်တုန်းရွာ၌ ဇူလိုင် (၃၁)ရက်နေ့ နံနက် (၁၁) နာရီခန့်တွင် မစိုးဌေး (ခ) မပျော့ (အဘ) ဦးစောတင်၏ နေအိမ်၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

မလေးရှားရောက် တရားမ၀င် မြန်မာအလုပ်သမားများ ပြည်တော်ပြန်ခွင့်အတွက် ဒဏ်ကြေးငွေကို မူလအတိုင်း ရင်းဂစ် ၄၀၀ ဖြင့် ဆက်လက်ဆောင်ရွက်ရန် လျာထား

မလေးရှားရောက် တရားမ၀င် မြန်မာအလုပ်သမားများ ပြည်တော်ပြန်ခွင့်အတွက် တိုးမြှင့်လိုက်သည့် ဒဏ်ကြေးငွေ ရင်းဂစ် ၃၀၀၀ အစား မူလအတိုင်း ရင်းဂစ် ၄၀၀ ဖြင့် ဆက်လက်ဆောင်ရွက်ပေးရန်

သြစီမှာ ဆေးလိပ်အကောက်ခွန် တိုးကောက်မည်

Professor Chapman says government policy is contributing to the decline of lung cancer.
သြစီမှာဆေးလိပ်ကြောင့် သေဆုံးသူပေါင်း နှစ်စဉ် ၁ သောင်း ခွဲရှိ (Credit: ABC) 
သြစတြေးလျနိုင်ငံမှာတော့ ​စီးကရက်အပေါ် ​အခွန်တိုးကောက်ခံဖို့အတွက် ​သြစတြေးလျ ​အစိုးရက ​ကြာသပတေးနေ့မှာ ​ကြေငြာဖို့ရှိပါတယ်။

ထားဝယ်ခရိုင် အနှံ့အပြားတွင် အဝေးပြေးလမ်းများ ရေကျော်လျက်ရှိသဖြင့် ကုန်တင်ယာဉ်များ ပိတ်မိနေ

F-1-8
ထားဝယ်-ရေး လမ်းပိုင်းပေါ်တွင် ရေကျော်နေသဖြင့် ယာဉ်များစောင့်ဆိုင်းနေစဉ်
တနသာင်္ရီတိုင်းဒေသကြီး အတွင်းရှိ ဒေသအနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထားဝယ် မြို့ကို ဆက်သွယ်ထားသည့် အဝေးပြေး လမ်းများပေါ်တွင် ရေများကျော်တက်လျက်ရှိပြီး ဆက်သွယ် မှု ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးကို စင်ကာပူနိုင်ငံ ဆေးရုံတစ်ခုမှ အခမဲ့ခွဲစိတ် ကုသပေးမည်

W-1-8
စင်ကာပူနိုင်ငံတွင် ခွဲစိတ်ကုသမှု ခံယူမည့် အရပ် ၇ ပေ ၁၀ လက်မရှိသော ကိုဝင်းဇော်ဦးကို သရုပ်ဆောင် စမိုင်းနှင့်အတူ ဇူလိုင်လ အစောပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ခန္ဓာကိုယ် အစိတ်အပိုင်း အလွန်အမင်း ကြီးထွားသော ရောဂါရှိသည်ဟု ယူဆရသည့် အရပ် ၇ ပေ၊ ၁၀

မလေးရှားရောက် တရားမ၀င် မြန်မာအလုပ်သမားများ ပြည်တော်ပြန်ခွင့်အတွက် ဒဏ်ကြေးငွေကို မူလအတိုင်း ရင်းဂစ် ၄၀၀ ဖြင့် ဆက်လက်ဆောင်ရွက်ရန် လျာထား

မလေးရှားရောက် တရားမ၀င် မြန်မာအလုပ်သမားများ ပြည်တော်ပြန်ခွင့်အတွက် တိုးမြှင့်လိုက်သည့် ဒဏ်ကြေးငွေ ရင်းဂစ် ၃၀၀၀ အစား မူလအတိုင်း ရင်းဂစ် ၄၀၀ ဖြင့် ဆက်လက်ဆောင်ရွက်ပေးရန်

ကချင်ပြည်နယ် NDF ပါတီဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ၏ ဒုတိယအကြိမ် ရုံးချိန်း၌ တရားလိုပြ သက်သေခြောက်ဦး စစ်ဆေး

Z-1-8
ကချင်ပြည်နယ် NDF ပါတီဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကို ဇူလိုင် ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းလင်းအောင်)
ကချင်ပြည်နယ် NDF ပါတီဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာအား ဖားကန့်မြိုနယ် တရားရုံးက ဒုတိယအကြိမ် ရုံးချိန်းခဲ့ပြီး တရားလိုပြသက်သေ ခြောက်ဦးအား တရားရုံးမှ ယနေ့စစ်ဆေးခဲ့သည်။ တရားလို

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ် မိမိအနေဖြင့် ပုဂ္ဂိုလ်ရေး မုန်းတီးမှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ် မိမိအနေဖြင့် ပုဂ္ဂိုလ်ရေးမုန်းတီးမှုနှင့် အာဃာတထားရှိခြင်း မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၃၁ ရက်က သတင်းထောက် များနှင့် တွေ့ဆုံစဉ် ပြော ကြားသည်။