Saturday, December 15, 2012
မြန်မာ အမျိုးသမီးတစ်ဦးလျှင် ယွမ်ငွေသုံးသောင်း သုံးထောင်ဖြင့် တရုတ်ပြည်သို့ ပို့ဆောင် ရောင်းချနေသည့် လူကုန်ကူးသူဖမ်းဆီးရမိ
ဘိုကလေးမြို့နယ် မြင်းကကုန်းကျေး ရွာနေ ဒေါ်လှရီ ၅၃ နှစ် (ဘ)ဦးလှတင်၏ သမီးဖြစ်သူ ကြူကြူမော် ၃၅ နှစ် (ဘ) ဦးစိန်ထွန်းရီနှင့် သူငယ်ချင်း မူမူစံ ၃၅ နှစ်(ဘ) ဦးစံငြိမ် တို့နှစ်ဦးသည် နိုဝင် ဘာအတွင်းက ရန်ကုန်မြို့မှ ပြန်လာရာ လွန်ခဲ့သော ရှစ်နှစ်ခန့်က မြင်းကကုန်း ကျေးရွာမှ ထွက်ခွာသွားခဲ့သူ ခင်ဖြိုး ၂၂ နှစ် (ဘ)ဦးမြကြိုင်နှင့် တူးတူးမာ ၃၂ နှစ် (ဘ) ဦးကြည်ဝင်း တရုတ်ပြည် ပူစီမြို့နယ် နေသူတို့နှစ်ဦး လိုက်ပါလာကြပြီး ဒေါ်လှရီ နေအိမ်၌ တည်းခိုခဲ့ကြသည်။
"မြန်မာနိုင်ငံတွင် အစားထိုးဆေးရုံကြီး ပေါ်လာပြီ"
အစားထိုးကုသခြင်းအတွက် အသဲ  ၊ကျောက်ကပ်၊နှလုံး ၊ ခြေလက်များ ကိုအစားထိုးကုသသည့် နည်းပညာများမှာ နိုင်ငံတကာ၌ ခေတ် စားနေေ သ်ာလည်းမြန်မာနိုင်ငံတွင်မူ အစားထိုးဆေးးရုံကြီး ပေါ်ပေါက်လာရာ
ကျောက်ကြီး မြို့နယ် နတ်သံကွင်းဈေး မီးလောင် တန်ဖိုးငွေ ကျပ် ၁ဝ သိန်းဖိုးခန့် ဆုံးရှုံး
ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းဈေး ၌ ဒီဇင်ဘာ ၁ဝ ရက် ညနေ ၇ နာရီ မိနစ် ၅ဝ က မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ဖုန်းရောင်းမည့်နေရာ ကြိုတင်အသိပေးမည်
ဖုန်းရောင်းမည့်နေရာ ကြိုတင်အသိပေးမည်
Saturday, 15 December 2012
(၈.၁၂.၂၀၁၂) ရက်ပြုလုပ် ခဲ့သော ဆက်သွယ်ရေးလုပ်ငန်း အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ၌ မိုဘိုင်းတယ် လီဖုန်းများ ဈေးနှုန်းထပ်မံလျှော့ ချပြီး ရောင်းချရာတွင် ပြည်သူများ ၀ယ်ယူရာ၌ တစ်နေရာတည်း အဆင်ပြေလွယ်ကူစွာဝယ်ယူနိုင်ရေး အတွက်လိုအပ်ကြောင်းကို ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦး
သိန်းထွန်း က ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲ၌ ၎င်းက ‘SEA GAME ပြိုင်ပွဲ၌လိုအပ်လာ မည်ဖြစ်သော ဆက်သွယ်ရေးဝန် ဆောင်မှုကို ကြိုတင်မှန်းဆပြီး ဝေဇယန္တာလမ်းမကြီးတစ်လျှောက် ရှိစည်ပင်ရေပိုက်လမ်းကြောင်းတွင် ဖိုင်ဘာကေဘယ်များခင်းက သုဝဏ္ဏကွင်းနှင့် ရန်ကုန်မြို့ပတ် ၀န်းကျင်ဆက်သွယ်ရေးအရည် အသွေးမြှင့်တင်ကြိုတင်ဆောင် ရွက်ရန်လိုကြောင်း၊ မိုဘိုင်းဖုန်းဈေး နှုန်းလျှော့ချရေးအတွက်အခြေခံ အဆောက်အအုံနှင့် ဆက်သွယ် ရေးကွန်ရက်စရိတ်များကို အတတ် နိုင်ဆုံးလျှော့ချရန်လိုကြောင်း၊ ၀ယ်ယူသူများလိုလားချက်နှင့် သိရှိလိုသည်များဖြေရှင်းပေးနိုင် မည့်ဝန်ဆောင်မှုများပြင်ဆင်ထား ရန်လိုကြောင်း၊ ရောင်းချဖွင့်လှစ် မည့်နေရာများကို ကြိုတင်အသိ ပေးထားရန်လိုကြောင့်”တို့ကို လည်းဆက်လက်မှာကြားခဲ့သည်။
မြန်မာနိုင်ငံတွင် (၂၀၁၀) ခုနှစ်က (၅) သိန်းတန် မိုဘိုင်းဖုန်း များရောင်းချပေးပြီးနောက် (၂၀၁၂) ခုနှစ်မှာလည်း (၂) သိန်း တန် GSM နှင့် (၂) သိန်းခွဲတန်WCDMAမိုဘိုင်းဖုန်းများကိုလည်း ရောင်းချပေးခဲ့သည်။ အဆိုပှြှါ ဖုန်းများရောင်းချစဉ်ဝယ်လို အားများခဲ့သောကြောင့် ပြည်ပ ဖုန်းဆိုင်များတွင် ဈေးကြီးပေးဝယ် ခဲ့ရသည်။ တန်ဖိုးနည်းမိုဘိုင်းဖုန်း များရောင်းချပါက မူရင်းဈေး အတိုင်းလွတ်လပ်စွာဝယ်ယူနိုင်မည် ဆိုင်များ အများအပြားဖွင့်ပေးမည့် အစီအစဉ်ကိုပြည်သူအများစုလို လားလျက်ကြောင်း သိရသည်။
ရန်ကျော်
(၈.၁၂.၂၀၁၂) ရက်ပြုလုပ် ခဲ့သော ဆက်သွယ်ရေးလုပ်ငန်း အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ၌ မိုဘိုင်းတယ် လီဖုန်းများ ဈေးနှုန်းထပ်မံလျှော့ ချပြီး ရောင်းချရာတွင် ပြည်သူများ
“ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း”
“ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း”
Saturday, 15 December 2012
ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီသဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။
ဆေးသာက် နေရာသူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။
ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက်ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/ အဆင်း ဖောက်ပေးပြီး ရေဖြည့်ထား
တဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာ ဝင်ခါနီးမှာ ရောစိမ် ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။
ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျောဖို့ လိုပြီး ရေသန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိ သာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန် သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်း စေတယ်လို့ သိရပါတယ်။
ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီသဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။
တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှု လုပ်ငန်းများ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး ဦးဆောင် ကော်မတီ ဖွဲ့စည်း
တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှု လုပ်ငန်းများ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး ဦးဆောင် ကော်မတီ ဖွဲ့စည်း
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
အမိန့် ကြော်ငြာစာ
အမှတ်၊ ၉၉/ ၂ဝ၁၂
၁၃၇၄ ခုနှစ်၊ နတ်တော် လဆန်း ၁ ရက်
(၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်)
တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှု လုပ်ငန်းများ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး ဦးဆောင် ကော်မတီ ဖွဲ့စည်းခြင်း
၁။      နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲမှု အခြေခံ မူဘောင်များ အရ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှု လုပ်ငန်းများ စီမံကွပ်ကဲမှု ပိုမို ကောင်းမွန် စေရန် လည်းကောင်း၊ ရင်းနှီး မြှုပ်နှံမှု ဝန်းကျင် အားကောင်းစေရန် လည်းကောင်း၊ ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံသူများနှင့် ပြည်သူလူထု အကြား ပွင့်လင်း မြင်သာမှု ရှိ၍ အပြန်အလှန် ဆွေးနွေး ရှင်းလင်းမှု ရှိလာစေရန် လည်းကောင်း၊ ပုဂ္ဂလိက ကဏ္ဍ လူထု အခြေပြု အဖွဲ့အစည်းများနှင့် အတူ လက်တွဲ အကောင်အထည်ဖော် ဆောင်ရွက်ပြီး ပြည်သူလူထု အား အသိပေးရန် လည်းကောင်း၊ တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှု လုပ်ငန်းများ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ခြင်း ကိစ္စရပ်ကို နိုင်ငံတော် ကိုယ်စား ဦးစီး ဆောင်ရွက်နိုင်ရန် အတွက် ''တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှု လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင် ကော်မတီ (Extractive Industry Transparency  Initiative Leading Authority)” ကို အောက်ပါ အတိုင်း ဖွဲ့စည်း လိုက်ပါသည်-
Read More => http://www.myawady.net.mm/allnews/localnews/item/1902-2012-12-15-11-43-47 ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
အမိန့် ကြော်ငြာစာ
အမှတ်၊ ၉၉/ ၂ဝ၁၂
၁၃၇၄ ခုနှစ်၊ နတ်တော် လဆန်း ၁ ရက်
(၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်)
Samsung ဗျူဟာ ဥက္ကဌက Apple ကို အိမ်တွင် အသုံးပြုကြောင်း ဝန်ခံ
Samsung ဗျူဟာ ဥက္ကဌက Apple ကို အိမ်တွင် အသုံးပြုကြောင်း ဝန်ခံ
Saturday, 15 December 2012
အင်တာဗျူး တစ်ခုမှာ ဝန်ခံသွားတာ ဖြစ်ပါတယ်။ သူ့ရဲ့  ဝန်ခံချက်အတွက် Samsung မှ အလုပ်မဖြုတ်ပါစေနဲ့ လို့တောင် လောင်ပြောင်နေကြပါတယ်။
Samsung ရဲ့  ဗျူဟာ ဥက္ကဌ Young Sohn ဟာ ရုံးမှာ Samsung ကုန်ပစ္စည်းတွေ သုံးပေမယ့် အိမ်မှာကျတော့ Apple ပစ္စည်း ပိုများကြောင်း သိရပါတယ်။ Apple ရဲ့  iMac ကို အိမ်မှာသုံးပြီး ရုံးမှာကျတော့ Samsung PC တွေပဲ သုံးပါတယ်။
" Apple ပစ္စည်း ကောင်းတယ်ဆိုတာကို ကျွန်တော် မငြင်းရက်ပါဘူး။ iCloud ကတော့ ကျွန်တော့အတွက် အကျိုးအရှိဆုံးပဲ အိမ်က အမျိုးသမီးနဲ့ သားသမီးတွေကို ဓာတ်ပုံ သို့မဟုတ် အချက်အလက် တစ်ခုခု မျှဝေဖို့ ၊ပေးပို့ဖို့အတွက် iCloud ကိုပဲ သုံးပါတယ်။ ဒါက ဘယ်နေရာ ရောက်ရော အဆင်ပြေပါတယ်။" လို့ ဖြေကြားထားပါတယ်။
"ဖုန်းကတော့ Samsung nexus ကိုသုံးပါတယ်။ သူက ပိုလည်းမြန်တယ်၊ လုပ်ဆောင်ချက်လည်း ကောင်းတယ်။ အခြားအားသာချက်များလည်း ရှိနေတဲ့အတွက် Nexus ကိုတော့ စမတ်ဖုန်းအနေနဲ့ အသုံးပြုပါတယ်" လို့ ဆိုပါတယ်။
Samsung ရဲ့  ရာထူးကြီး ဝန်ထမ်းတစ်ဦး အနေနဲ့ Apple ကုန်ပစ္စည်း ကို နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုခြင်းအပေါ် အံ့အားသင့်နေကြပါတယ်။ ရန်သူ ပစ္စည်းကိုမှ အသုံးပြုနေခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ရုံးမှာ မဟုတ်ပဲ သူ့ရဲ့  ကိုယ်ပိုင်အချိန်မှာ ဖြစ်ပါတယ်။ ဒါကြောင်မို့လည်း Young Sohn က ပြောရဲခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် Samsung က သဘောထား ကြီးမကြီးတော့ ဘယ်သူမှ မသိပါဘူး။
အင်တာဗျူးမှာ အမှန်အတိုင်း ဖြေသွားတဲ့ Young Shhn ရဲ့ အနာဂတ်ကတော့ ရှေ့ ဆက် ဘယ်လိုဖြစ်မယ် ဆိုတာ မသေချာတော့ဘူးလို့ မီဒီယာများမှ ဝေဖန်လျက် ရှိကြောင်း သိရပါတယ်။
--
Ref: pocektlint.
Aung Kham (TSJ team)
အေးချမ်းမွန်မှ TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :TechSpace Journalအင်တာဗျူး တစ်ခုမှာ ဝန်ခံသွားတာ ဖြစ်ပါတယ်။ သူ့ရဲ့  ဝန်ခံချက် အတွက် Samsung မှ အလုပ်မဖြုတ်ပါစေနဲ့ လို့တောင်   လောင်ပြောင်နေကြပါတယ်။
ငါးသေးသေးလေးများ စားသုံးပေးခြင်းဖြင့် အရိုးပွရောဂါ ကာကွယ်နိုင်
ငါးသေးသေးလေးများ စားသုံးပေးခြင်းဖြင့် အရိုးပွရောဂါ ကာကွယ်နိုင် 
http://www.myawady.net.mm/health/preventing/item/1879-2012-12-15-10-15-33
ယခုရက်ပိုင်းတွင် ဈေးများ၌ ခေါင်းတစ်ရာသားဟု ခေါ်ကြသော ငါးသေးသေး လေးများ ပေါပေါများများ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ထိုငါးလေးများမှာ အလွန်သေးငယ်သည့် ငါးသလဲထိုး ငါးမျိုးနှင့် ငါးမှုန်လေးခေါ် ငါးသေးသေးလေးများ ဖြစ်သည်။ ရာသီပေါ် ဖြစ်သဖြင့် လတ်ဆတ်ပြီး တစ်ဆယ် ကျပ်သားလျှင် ငါးရာ ကျပ်ဝန်းကျင်သာ ဈေးရှိသဖြင့် အိမ်ရှင်မများ အတွက်လည်း ဈေးသုံးချွေတာရာ...ယခုရက်ပိုင်းတွင် ဈေးများ၌ ခေါင်းတစ်ရာသားဟု ခေါ်ကြသော ငါးသေးသေး လေးများ ပေါပေါများများ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကျဲ ဆရာတော်ကြီးနှစ်ပါးက ရဟန်းသံဃာတော်တွေ လမ်းပေါ်ထွက်ဆန္ဒပြ မှုကို မကြိုက်ကြောင်း ၊ လက်မခံကြောင်း ၊အားမပေးကြောင်း ယနေ့ပြောကြားလိုက်ပြီ။
မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကျဲ ဆရာတော်ကြီးနှစ်ပါးက ရဟန်းသံဃာတော်တွေ လမ်းပေါ်ထွက်ဆန္ဒပြ မှုကို မကြိုက်ကြောင်း ၊ လက်မခံကြောင်း ၊အားမပေးကြောင်း ယနေ့ပြောကြားလိုက်ပြီ။
Saturday, 15 December 2012
သီတဂူဆရာတော်ကြီး နှင့် မစိုးရိမ်ဆရာတော် ဦးဝီရသူ တို့တွေဆုံပွဲတွင်ပြောကြားလိုက်ပြီ။
သီတဂူဆရာတော်ကြီးက ကိုယ်တော်တို့လမ်းပေါ်ထွက်တာတွေလျော့ကြ။
ထစ်ခနဲဆို လမ်းပေါ်ထွက်မဲ့အစား သံဃာတော် ထောင်ချီပါဝင်တဲ့ သံဃအစည်းအဝေးပွဲကြီး ဖြစ်အောင်လုပ်ကြ။ ပြီးတော့ အ
စည်းအဝေးပွဲဆုံးဖြတ်ချက် တွေကို သံဃာထောင်ချီ လက်မှတ်ထိုးပြီး သမ္မတဆီတင်ကြလို့ မိန့်ကြားလိုက်ပါတယ်။
မစိုးရိမ်ဆရာတော်ဦးဝီရသူ ကလည်း မိမိအနေဖြင့်လည်းလမ်းပေါ်ထွက် ဆန္ဒပြမှုတွေကို မကြိုက်ပါကြောင်း သီတဂူဆရာတော်ဘုရားကြီး ဦးညာဏိဿရ ကိုပြန်လည်လျောက်ထားခဲ့ပါတယ်။
ဆက်လက်ပြီးမစိုးရိမ်ဆရာတော်က လမ်းပေါ်ထွက်ဆန္ဒပြတာဟာ တိုင်းပြည်ရဲ့ အခြေအနေတွေကို ပိုမိုရှုပ်ထွေးစေပြီး ဆူပူအကြမ်းဖက်မှုများအထိဖြစ်လာနိုင်ကြောင်း။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီကို ကူညီကြပါ။ ဝန်းရံကြပါ။ ယုံကြည်ကြပါ ။ အဖြေတစ်ခုထွက်သည်အထိ သည်းခံစိတ်ရှည်စောင့်ဆိုင်းပေးကြပါလို့ ပြည်သူလူထုတရပ်လုံးကို မိန့်ကြားလိုက်ပါတယ်။
ကဲ..မြန်မာနိုင်ငံရဲ့ အထင်ကရ ညဏ်ပညာကြီးမားတော်မှုကြသည့် ဆရာတော်ကြီးတွေကိုယ်တိုင်တောင် အခုလိုမိန့်လာပြီဆိုတော့.... ဆရာတော်၊သံဃာတော်အရှင်သူမြတ်အပေါင်းတို့ သေချာစဉ်းစားတော်မှုကြပါဘုရား။
ပြည်သူလူထုနဲ့တိုင်းပြည် အကျိုးကို တကယ်လိုလားတယ်ဆိုရင် ဆရာတော်ကြီတွေရဲ့ စကားကို လိုက်နာကြပြီး လမ်းပေါ်ထွက်ဆန္ဒပြတဲ့အလုပ်တွေကို ရပ်လိုက်ကြပါတော့ဘုရား။
အထက်ပါ သီတင်းနဲ့ အမေးအဖြေတွေကို DVB သီတင်းမှာ ယနေ့ညနှင့် မနက်ဖြန်တစ်ရက်လုံးကြည့်ရှုနိုင်ပါကြောင်း ...........။
Min Thant Aung
သီတဂူဆရာတော်ကြီး နှင့် မစိုးရိမ်ဆရာတော် ဦးဝီရသူ တို့တွေဆုံပွဲတွင်ပြောကြားလိုက်ပြီ။
အိုဘား အသုံးပြုသော ဟန်းဖုန်းနှင့် အီလက်ထရောနစ် ပစ္စည်းများ
အိုဘား အသုံးပြုသော ဟန်းဖုန်းနှင့် အီလက်ထရောနစ် ပစ္စည်းများ
အမေရိကန် သမ္မတ အိုဘားမား အနေနဲ့ ဘာ ဟန်းဖုန်း အသုံးပြုမယ်၊ ကွန်ပျူတာ အသုံးပြုမယ်၊ အခြား ဘာတွေ အသုံးပြုမယ် ဆိုတာကအစ စိတ်ဝင်စားကြမယ် ထင်ပါတယ်။ သေချာတာကတော့ အိုဘားမားက ပြည်တွင်း ဖြစ်ကို အားပေးသူ ဖြစ်ပါတယ်။ 
ဒီတော့ နိုင်ငံခြားဖြစ်တွေ တော်ရုံမသုံးပါဘူ။ သို့ပေမယ့် ရှားရှားပါးပါး သူကြည့်တဲ့ တီဗီကတော့ LG ရဲ့  ၃၂ လက်မ LED တီဗီ ဖြစ်ပါတယ်။ တောင်ကိုရီးယား ဖြစ် တီဗီလေးတော့ အသုံးပြု ပါတယ်။ 
iPad
အိုဘားမားက iPad ကြိုက်သူ ဖြစ်ပါတယ်။ လက်ရှိ သူသုံးနေတဲ့ iPad က နောက်ဆုံးထွက် တတိယမျိုးဆက်ဖြစ်ပြီး သွားလေရာ ဆောင်တယ်လို့ သိရပါတယ်။ Retina display ကို ကြိုက်တယ်လို့ ဆိုပါတယ်။ 
Macbook Pro
Apple ရဲ့   Macbook Pro ကိုလည်း သုံးပါတယ်။ iPad နဲ့ တွဲသုံးတာ ဖြစ် ပါတယ်။ သို့ပေမယ့် အပြင်သွားတဲ့အခါ ယူသွားလေ့ မရှိ ပါဘူး။ ရုံးမှာပဲ အသုံးများတယ်လို့ ဆိုပါတယ်။ ၂၀၁၁ နောက်ပိုင်းကထုတ်တဲ့ ၁၅ လက်မ Pro ဖြစ်ပါတယ်။ 
Dell Latitude E6420 
၁၄ လက်မ Core i7 notebook ဖြစ်ပါတယ်။ ဒီ Notebook ကတော့ သွားလေရာ ဆောင်ပါတယ်။ Air Force One နဲ့ ခရီးသွားတိုင်း အမြဲ ပါတယ် ဆိုတဲ့အတွက် မြန်မာပြည်လာတုန်းကလည်း ကြိမ်းသေပါလာမယ့် သူ့ အချစ်တော် Notebook ဖြစ်ပါတယ်။ 
BlackBerry Curve 8300
ဖုန်းထဲမှာတော့ Blackberry ပရိတ်သတ် ဖြစ်ပါတယ်။ Blackberry ကို အိုဘားမား ကြိုက်တယ်ဆိုတာ အမေရိကန်က လူတိုင်း သိပြီး ဖြစ်ပါတယ်။ သို့ပေမယ့် 8300 ကီးဘုတ်ဖုန်းက ၂၀၀၇ နောင်းပိုင်းကတည်းက ထွက်တဲ့ ဖုန်း ဖြစ်ပါတယ်။ မော်ဒယ်အသစ်တောင် ပြောင်းမကိုင်ပါဘူး။ အလုပ်ပဲရှုပ်လို့လား၊ အဟောင်းပဲ ကြိုက်တာလားတော့ မသိပေမယ့် BlackBerry Curve 8300 ကတော့ သူသွားလေရာ ပါပါတယ်။
BlackBerry Curve 8900
နောက်တစ်လုံးကတော့ 8900 ဖြစ်ပါတယ်။ သမ္မတ တစ်ယောက်အနေနဲ့ ဖုန်းတစ်လုံးနဲ့ မလုံလောက်ဘူးဆိုတာတော့ လူတိုင်း သိပါတယ်။ 8900 ကတော့ ၂၀၀၉ လောက်ကထွက်တဲ့ ဖုန်း ဖြစ်ပါတယ်။ 8300 ရော၊ 8900 က GSM ဖုန်းများ ဖြစ်ပါတယ်။ 
HP Elitebook 6930p notebook
နောက်ထပ် လပ်ပ်တော့ တစ်လုံးကတော့ HP ဖြစ်ပါတယ်။ Elitebook 6930p  ဖြစ်ပြီး အစည်းအဝေးခန်းထဲမှာ အသုံးပြု ပါတယ်။ 
ရုံးခန်းစားပွဲပေါ်တင်ထားတဲ့ လျှို့ ဝှက်စကားပြော Telecore IST-2 secure phone, အစည်းဝေးအခန်းမှာ ပုံသေထားရှိတဲ့ Polycom SoundStation 2 conference phone, နံရံကပ် AMX Modero (7-inch) Tabletop Touch Panel, Digital Display Systems Multi-Region Wall Clock,Cisco Unified IP Phone 7965G အစရှိသဖြင့် အခြားသော ပစ္စည်းများလည်း ရှိပါသေးတယ်။ 
အထက်ဖော်ပြပါ ပစ္စည်းတွေကတောင် သူ Officially ဖော်ပြထားလို့ သိရတာ ဖြစ်ပါတယ်။ အမှန်တကယ် သူသုံးနေတဲ့ အခြားသော အီလက်ထရောနစ် ပစ္စည်းများလည်းရှိနေအုံးမှာ ဖြစ်ပါတယ်။ 
ဥပမာ - The Beast ဇိမ်ခံကား ကို အမြဲမစီးနိုင်ပါဘူ။ အခမ်းအနားတွေမှာသာ အစီးများပြီး ကျန်တဲ့အချိန်ဆို Genera Motors ကထုတ်တဲ့လျှပ်စစ်ကား Chevrolet Volt ကို အသုံးပြုပါတယ်။ ဈေးနှုန်းသက်သာ ပတ်ဝန်းကျင်နဲ့ ဆီလျော်တဲ့ ကားပဲ ဖြစ်ပါတယ်။ သို့ပေမယ့် သမ္မတ စီးဖြစ်တဲ့အတွက် လုံခြုံရေးကတော့ ကြိမ်းသေ အဆင့်မြင့်ထားမှာ ဖြစ်ပါတယ်။ 
အထက်ဖော်ပြပါ ပစ္စည်းများဟာ လက်ရှိအချိန်ထိ အမေရိကန် သမ္မတ အိုဘားမားမှ အသုံးပြုဆဲ အီလက်ထရောနစ် ပစ္စည်းများ ဖြစ်တယ်လို့ သိရပါတယ်။ 
--
Ref: Zdnet
အောင်ခမ်း (TSJ team)
http://blog.techspace.com.mm/2012/12/blog-post_15.html
--- အမေရိကန် သမ္မတ အိုဘားမား အနေနဲ့ ဘာ ဟန်းဖုန်း အသုံးပြုမယ်၊ ကွန်ပျူတာ အသုံးပြုမယ်၊ အခြား ဘာတွေ အသုံးပြုမယ် ဆိုတာကအစ စိတ်ဝင်စားကြမယ် ထင်ပါတယ်။ သေချာတာကတော့ အိုဘားမား က ပြည်တွင်း ဖြစ်ကို အားပေးသူ ဖြစ်ပါတယ်။
အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်၏ ကော့သောင်းခရီးစဉ် ဖျက်သိမ်းမည်မဟုတ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏   ကော့သောင်း-မြိတ်-ကျွန်းစု- ကံမော် ခရီးစဉ်မတိုင်မီ ကံမော်   ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် စင်မြင့်
အစိုးရ၏တောင်းပန်မှုကို သံဃာအများစုက ကျေနပ်လက်ခံ
နိုင်ငံတော်အစိုးရက ယနေ့မွန်းလွဲ ၂ နာရီတွင် မဟာအတုလဝေယံ (အတုမရှိ)ကျောင်းတော်ကြီး၌ ပြုလုပ်ခဲ့သည့် ၀န်ချတောင်းပန်သော အခမ်းအနားမှာ ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့ပြီး အစိုးရ၏တောင်းပန်မှုကို သံဃာအများစုက  ကျေနပ်လက်ခံခဲ့ကြသည်။
လူသိနည်းနေသေးသည့် မိုဘိုင်းဖုန်း၏ လျှို့ဝှက်ချက်များ
လူသိနည်းနေသေးသည့် မိုဘိုင်းဖုန်း၏ လျှို့ဝှက်ချက်များ
http://www.myawady.com.mm/tech/localtechnews/item/1871
၁။ ကမ္ဘာ့ ပထမဆုံး လက်ကိုင် မိုဘိုင်းဖုန်း (ဆယ်လူလာဖုန်း အမျိုးအစား)ကို Motorola မှ ၁၉၈၃ ခုနှစ်က ထုတ်လုပ်ပြီး DynaTAC 8000X လို့ အမည်
ပေးထားပါတယ်။
၂။ ကမ္ဘာ့ ပထမဆုံး SMS စာပို့ စနစ်ကို ၁၉၉၂ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
၃။ ယနေ့ မိုဘိုင်းဖုန်း အရေအတွက်ဟာ ကမ္ဘာ့ လူဦးရေရဲ့ ထက်ဝက်ကျော် ရှိပါတယ်။
၎။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ မိုဘိုင်းဖုန်းရဲ့ ၇၀ ရာခိုင်နှုန်းဟာ တရုတ်ပြည်မှ ထုတ်လုပ် ထားခြင်း ဖြစ်ပါတယ်။
၅။ နေ့စဉ် တစ်မိနစ်ကို မိုဘိုင်းဖုန်း အလုံး ၁ ထောင် (Activated) တိုးပွားလျက် ရှိပါတယ်။ ၁။ ကမ္ဘာ့ ပထမဆုံး လက်ကိုင် မိုဘိုင်းဖုန်း (ဆယ်လူလာဖုန်း အမျိုးအစား)ကို Motorola မှ ၁၉၈၃ ခုနှစ်က ထုတ်လုပ်ပြီး DynaTAC 8000X လို့ အမည်ပေးထားပါတယ်။
United Bank of India ရုံးခွဲ မြန်မာနိုင်ငံတွင်ဖွင့်လှစ်
အိန္ဒိယနိုင်ငံမှ Bank of India ဘဏ်သည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးကို လပြည့်ဝန်းပလာဇာ၌ ဖွင့်လှစ်၍ လုပ်ငန်းများ စတင်လုပ်ကိုင်နေပြီဖြစ်သည်။ ယင်းဘဏ်မှာ မြန်မာနိုင်ငံတွင်
လက်ပံတောင်းတောင်ဒဏ်ရာရသံယာတော်များကို့တောင်းပန်
မုံရွာ လက်ပံတောင်းတောင် အရေးအခင်းမှာ ဒဏ်ရာရသွားခဲ့ကြတဲ့ သံဃာတော်တွေကို နိုင်ငံ တော် အစိုးရက မန္တလေးတောင်ခြေမှာရှိတဲ့ မဟာအတုလဝေယာန် (အတုမရှိကျောင်းတော်ကြီး) မှာ စနေနေ့ မွန်းလွဲပိုင်းက တရားဝင်အခမ်းအနားနဲ့  ၀န်ချ   တောင်းပန်လိုက်ပါတယ်။ 
ကယ်လီဖိုးနီးယားမှ ကျောက်ကမ်းခြေ
ကယ်လီဖိုးနီးယားမှ ကျောက်ကမ်းခြေ
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ပင်လယ်ကျောက် (ပင်လယ်ဖန်) များ တည်ရှိနေတဲ့ ကမ်းခြေဟာ တော်တော်ရှားပါတယ်။ အမေရိကန်မှာဆိုရင် ကယ်လီဖိုးနီးယားပြည်နယ်မှ နှစ်ခုရှိပြီး ဟာဝိုင်အီ ကျွန်းမှာ တစ်ခု ဖြစ်ပါ တယ်။ 
ပုံမှာ မြင်တွေ့ရတာကတော့ ကယ်လီဖိုးနီးယားပြည်နယ် Fort Bragg ကမ်းခြေ မြို့ အနီးက ဖြစ်ပါတယ်။ ယခု နောက်ပိုင်း လည်ပတ် ခွင့် ပေးပေ မယ့် ပင်လယ်ကျောက်များ ကောက်ယူခွင့်တော့ လုံးဝ မပေးတော့ပါဘူး။ ပင်လယ်ဆားနဲ့ ရေနဲ့ ရောလို့ သဘာဝအလျောက် ဖြစ်ပေါ်လာ တဲ့ ကျောက် များ ဖြစ်ပါတယ်။ ဈေးကြီး ကျောက်များတော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဖန်စီ လက်ဝတ်ရတနာ ဖန်တီးဖို့တော့ အဆင်ပြေတဲ့ ကျောက်များ ဖြစ်ပါ တယ်။ 
ကမ္ဘာလည့်ခရီးသွားများရော၊ ဒေသခံများရော လာရောက်လည်ပတ် ပါ တယ်။ ယင်းနေရာကတော့ Glass Beach လို့လည်း ခေါ်ဝေါ်ကြောင်း သိရပါတယ်။ 
---
Ref: wiki
www.innewsmyanmar.com/2012/12/blog-post_4932.html
---- ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ပင်လယ်ကျောက် (ပင်လယ်ဖန်) များ တည်ရှိနေတဲ့ ကမ်းခြေဟာ တော်တော်ရှားပါတယ်။ အမေရိကန်မှာဆိုရင် ကယ်လီဖိုးနီးယား   ပြည်နယ်မှ နှစ်ခုရှိပြီး ဟာဝိုင်အီ ကျွန်းမှာ တစ်ခု ဖြစ်ပါ တယ်။
ရခိုင်အညတရသူရဲကောင်းဆုရှင်ကိုနိုင်စိုး ကျန်းမာရေးအခြေအနေဆိုးဝါး
ပခုက္ကုထောင်တွင် အကျဉ်းကျ ခံနေရဆဲဖြစ်သော ရခိုင်အညတရ သူရဲကောင်း ကိုနိုင်စိုး၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ရကြောင်း သတင်းရရှိသည်။
ဗုဒ္ဓဘာသာအမွေအနှစ်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲ
Photo: ဗုဒ္ဓဘာသာအမွေအနှစ်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲ
(International Seminor on Buddhist Cultural Heritage ) ဖွင့်ပွဲကို နံနက် ၈ နာရီ ၃၀ က သီတဂူအပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာတက္ကသိုလ်တွင် ကျင်းပခဲ့သည်။
ဗုဒ္ဓအမွေအနှစ်စာတမ်းဖတ်ပွဲဖွင့်ပွဲသို့ နိုင်ငံတော်ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်း၊ မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေ သည့် အိန္ဒိယနိုင်ငံ၊ပြည်ပရေးရာဝန်ကြီးဆယ်လ်မန်ခါရှစ်တို့လည်း တက်ရောက်ခဲ့သည်။ 
ဒီဇင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ သုံးရက်ကြာပြုလုပ်မည်ဖြစ်ပြီး အိန္ဒိယ၊၊ တောင်ကိုရီးယား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို၊ ဗြိတိန်၊ သီရိလင်္ကာ၊ တရုတ်နိုင်ငံတို့မှ ပညာရှင်များနှင့်မြန်မာနိုင်ငံမှပညာရှင်များက ဗုဒ္ဓဘာသာဆိုင်ရာစာတမ်းများဖတ်ကြားကြမည်ဖြစ်ကြောင်း သတင်း
ရရှိသည်။
ဓာတ်ပုံ-ထက်ပိုင်ဖြိုး(ဇ၀န)
7Day News Journal(International Seminor on Buddhist Cultural Heritage ) ဖွင့်ပွဲကို နံနက် ၈ နာရီ ၃၀ က သီတဂူအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ တက္ကသိုလ် တွင် ကျင်းပခဲ့သည်။
မိုဘိုင်းလ်ဖုန်းလိုင်းကတ်များ ဆက်သွယ်ရေးပြန်သိမ်း
Photo: မိုဘိုင်းလ်ဖုန်းလိုင်းကတ်များ ဆက်သွယ်ရေးပြန်သိမ်း
Saturday, 15 December 2012
ဈေးနှုန်းလျှော့ချတော့မည် ဖြစ်သောကြောင့် ကျပ်နှစ်သိန်းနှင့်
နှစ်သိန်းငါးသောင်းတန် လက်ကျန် မိုဘိုင်းလ်ဖုန်း လိုင်းကတ်များကို
ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းနေပြီဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) မိုဘိုင်းလ်အင်ဂျင်နီယာဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောကြားခဲ့သည်။ 
“ဟုတ်တယ်။ လိုင်းကတ်တွေ ပြန်အပ် ခိုင်းထားတယ်။ နောက်ထပ်
ထွက်မယ့် တန်ဖိုးနည်းဖုန်းတွေက ဇန်နဝါရီလလောက် ဖြစ်မယ် 
ထင်တယ်။ အဲဒီထက် နောက်ကျရင်လည်း နောက်ကျနိုင်တယ်” ဟု ၄င်းကပြောကြားသည်။ 
ပုသိမ်ရှိ Elite ဖုန်းဆိုင်များတွင် ယနေ့စတင်၍ လိုင်းကတ်များ မရောင်းတော့ကြောင်း၊ MPT သို့ လိုင်းကတ်များ အပ်နှံရန်အတွက် 
ရုံးချုပ်မှ အကြောင်းကြားထားကြောင်း၊ အရေအတွက် မည်မျှရှိသည်ကိုမူ
ပြောခွင့်မရှိကြောင်း ပုသိမ်မြို့ရှိ Elite ဖုန်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။ “ကျွန်တော်တို့က ဒီကတ်တွေကို တာဝန်ယူ ဖြန့်တာဆိုတော့ ကျွန်တော်တို့ Elite ဆိုင်တွေကနေပဲ သိမ်းတာပါ။ MPT ကို ဒီနေ့စအပ်ရတယ်။ ဘယ်နေ့ နောက်ဆုံးလို့တော့ သတ်မှတ်ထားတာမျိုး မရှိဘူး။
မြန်မြန်လေးတော့ အပ်ခိုင်းတယ်” ဟု Elite Tech ရန်ကုန်ရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 
သို့သော် အခြားဆိုင်များတွင် ရှိနေသော လိုင်းကတ်များကိုမူ တာဝန်ယူ
သိမ်းဆည်းမည် မဟုတ်ဘဲ Elite ဖုန်းဆိုင်များတွင် ကျန်ရှိနေသော လိုင်းကတ်များကိုသာ ပြန်လည် သိမ်းခြင်းဖြစ်ကြောင်း ၄င်းက
ရှင်းပြသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ကျပ်နှစ်သိန်းနှင့်
နှစ်သိန်းခွဲတန် တန်ဖိုးနည်းဖုန်းများကို ၂၀၁၂ ခုနှစ် မတ်လတွင် စတင်ဖြန့်ချိခဲ့ပြီး ဧပြီလတွင် တရားဝင် စတင်ရောင်းချခဲ့သည်။
ပြည်တွင်း ဖုန်းဈေး ကွက်တွင်မူ ကျပ်တစ်သိန်း သုံးသောင်းတန် လိုင်းကတ်များ ရောင်းချတော့ မည်ဖြစ်၍ ပြန်သိမ်းခြင်းဖြစ်ကြောင်း၊
ဇန်နဝါရီ လဆန်းပိုင်းတွင် ရောင်းချပေးဖွယ် ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။ 
အာဆီယံဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများတွင် မိုဘိုင်းလ်ဖုန်း SIM ကတ်များကို ထိုင်းနိုင်ငံတွင် ၃.၅၀ ဒေါ်လာ၊ ဘင်္ဂလားဒေ့ရှ်တွင် ၁.၅၀ ဒေါ်လာ၊ ဖိလစ်ပိုင်တွင် ၁၁ ဒေါ်လာ၊ စင်ကာပူတွင် ၁၉.၆၄ ဒေါ်လာ၊ ဗီယက်နမ်တွင် ၂.၃၉ ဒေါ်လာ၊ မလေးရှားတွင် ၁.၄၇ ဒေါ်လာနှုန်း တို့ဖြင့် ရောင်းချကြောင်း စစ်တမ်းများတွင် ဖော်ပြထားသည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Khit Lu Nge
ဓာတ်ပုံ - Myanmar Timesဈေးနှုန်းလျှော့ချတော့မည် ဖြစ်သောကြောင့် ကျပ်နှစ်သိန်းနှင့် နှစ်သိန်း ငါးသောင်းတန် လက်ကျန် မိုဘိုင်းလ်ဖုန်း လိုင်းကတ်များကို ဈေးကွက် အတွင်းမှ ပြန်လည် သိမ်းဆည်းနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) မိုဘိုင်းလ်အင်ဂျင်နီယာဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးစိုးအောင်က ပြောကြားခဲ့သည်။
ကျောက်ဖြူ မဒေးကျွန်း CNPC စီမံကိန်းရုံးရှေ့ ဒေသခံ ၃၀၀ ခန့် ဆန္ဒပြမည်
Gas-pipelineသဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းများ ဆောင်ရွက်နေသော ရခိုင်ပြည်
 ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ China National Petroleum
မြန်မာအမျိုးသမီးများအားတရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ရန် ပို့ဆောင်ရောင်းစားသည့် အမှုအများဆုံးဖြစ်
မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးမှုအားလုံး၏ ၇၀ ရာ ခိုင်နှုန်းသည် မြန်မာအမျိုးသမီးများအား တရုတ်နိုင်ငံသို့ အဓမ္မ လက်ထပ်ရန် ပို့ဆောင်ရောင်းစားသည့် အမှုများပြီး
ဧရာဝတီတိုင်းကန်ကြီးထောင့်မြို့နယ်ဒါးကမြို့ရွှေပါရမီ ဖောင်ဒေးရှင်းမှမျက်စိဝေဒနာရှင်များအတွက်အခမဲ့ကူသ ပေးလျှက်ရှိပြီး၊စာရင်းပေးသွားနှိုင်
ဧရာဝတီတိုင်းဒေသကြီး ၊ကန်ကြီးထောင့်မြို့နယ် ၊ဒါးကမြို့ ကိုးန၀င်းကျောင်း တိုက်တွင် ပထမအကြိမ်မြောက် ကျန်းမာရေး အလှူတော် အဖြစ် ရွှေပါရမီဖောင်ဒေးရှင်းမှ မျက်စိဝေဒနာရှင်
CB Bank ၏ ATM တပ်ဆင် ထားသော နေရာများကို မိုဘိုင်းဖုန်း Web application ဖြင့် ကြည့်ရှုနိုင်
CB Bank ၏ ATM တပ်ဆင် ထားသော နေရာများကို မိုဘိုင်းဖုန်း Web application ဖြင့် ကြည့်ရှုနိုင်
http://http://www.myawady.com.mm/tech/localtechnews/item/1776
နိုဝင်ဘာလ ၁၅ ရက်နေ့မှ စ၍ မြန်မာနိုင်ငံ ပထမဆုံး အနေဖြင့် Master Card, Maestro, Cirrus Cards များ အသုံးပြု၍ ATM မှ ငွေသား ထုတ်ယူခြင်း ဝန်ဆောင်မှုကို စတင်ပေး ခဲ့သော CB Bank ၏ ATM စက်တပ်ဆင် ထားသော နေရာများကို iPhone, android ဖုန်း ကိုင်ဆောင်သူများ ဖြစ်လျှင် ဖုန်းပေါ်တွင် web application များမှ တစ်ဆင့် ကြည့်ရှုနိုင် မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါATM နှင့်ပတ်သက် သည့် အချက် အလက်များကို CB Bank ၏ ကိုယ်ပိုင် Website ဖြစ်သော www.cbbankmm. com နှင့် www.mastercard com/global/atmlocations/ index.htm! တို့ တွင်ကြည့်ရှုနိုင်ပြီး website ကြည့်ရှုရန်အခက်အခဲ ရှိသူများ အနေဖြင့်လည်း CB Bank ထက် Call Center (1887) သို့ မေးမြန်းရန် စီစဉ် ထားမည်ဖြစ်သည်။
ယာယီအနေဖြင့် CB Bank Card Center ၏ Hot Line နံပါတ် (၉၅၁-၃၇၇၅၃၉) သို့ မေးမြန်းစုံစမ်းနိုင်သည်။ CB Bank ၏ Master Card ကို ယခုအခါ Chatrium ဟိုတယ် ရှိ ATM စက်ဖြင့် ထုတ်ယူနိုင်ပြီ ဖြစ်ပြီး ရန်ကုန်ရှိနာမည်ကြီး ဟိုတယ်များတွင် ဆက်လက်တပ် ဆင်ပေးမည်ဟု သိရသည်။
ထို့ အပြင် ၄င်းကတ်များဖြင့် စားသောက်ဆိုင်များ၊ ခရီးသွားလာရေး ကိစ္စများ၊ ကျောက်မျက် ရတနာ ဆိုင်များ၊ အမှတ်တရ အရောင်း ဆိုင်များတွင် ငွေပေးချေနိုင်ရန် POS စက်များ ကို ထားရှိပေးသွား မည်ဖြစ်ပြီး ၂၀၁၃ ဧပြီလတွင် စတင် အသုံးပြုနိုင် မည်ဖြစ်သည်။
ယခု အချိန်တွင် CB Bank ATM စက်များတွင် Master Card ဖြင့် ငွေထုတ် ယူနိုင်သော နေရာ ၃၉ နေရာနှင့် စက်အလုံး အရေအတွက် ၄၂ လုံး တပ်ဆင် ထားပြီး ဖြစ်ကြောင်း သိရှိ ရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့မှ စ၍ မြန်မာနိုင်ငံ ပထမဆုံး အနေဖြင့် Master Card, Maestro, Cirrus Cards များ အသုံးပြု၍ ATM မှ ငွေသား ထုတ်ယူခြင်း ဝန်ဆောင်မှုကို စတင်ပေး ခဲ့သော CB Bank ၏ ATM စက်တပ်ဆင် ထားသော နေရာများကို iPhone, android ဖုန်း
မိမိစားသော ထမင်းလုတ်ကို ရေတွက် ခြင်းဖြင့် ကိုယ်အလေးချိန် လျှော့နိုင်
မိမိစားသော ထမင်းလုတ်ကို ရေတွက် ခြင်းဖြင့် 
ကိုယ်အလေးချိန် လျှော့နိုင် 
Friday, 14 December 2012
မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု အားနည်းသော ပုဂ္ဂိုလ်များ အနေဖြင့် မိမိစားသုံးသောထမင်းလုတ်ကို ကွန်ပျူတာအကူအညီရယူရေ တွက်ခြင်းအားဖြင့် ထိန်းချုပ်နိုင်မှု မြင့်မားသူများကဲ့သို့ တင်းတိမ် မှုရနိုင်ကြောင်း အမေရိကန် သုတေသီများက ပြောကြားသည်။ 
မိမိဆန္ဒအလျောက် သုတေသနတွင် ပါဝင်သူများအား မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု မြင့်မားသူများနှင့် ထိန်းချုပ်နိုင်မှု နည်းသူများဟူ၍ သုတေသီများက အုပ်စုနှစ်စုခွဲလိုက်သည်။ 
ယင်းနောက်တွင် သုတေသီများက ၄င်းတို့အစားအစာ စားသုံးချိန်တွင် မျိုချသော ထမင်းလုတ်များကို အားကစားသမားများ အသုံးပြုသော အကြိမ် ရေတွက်စက်များဖြင့် ရေတွက်စေခဲ့သည်။ 
"မိမိကိုယ်ကို ထိန်းချုပ် နိုင်စွမ်းမြင့်မား သူတွေမှာတော့ ဘာမှမထူးခြားပါဘူး။ အကြောင်း ကတော့ သူတို့စားရင်းသောက်ရင်း ဘယ်လောက်ဆိုရင် တင်းတိမ် သလဲဆိုတာ သူတို့ဟာသူတို့ သိနေလို့ပဲဖြစ်ပါတယ်" ဟု သုတေသီ တစ်ဦးက ပြောသည်။ 
သို့သော် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နည်းနေ သူများအား အကြိမ်
ရေတွက်သော ကိရိယာလေးများ အသုံးပြုခိုင်း သောအခါ အခြား
မိမိကိုယ်ကို ထိန်းချုပ်နိုင်သူများကဲ့သို့ပင် အစား အသောက်အပေါ် 
တင်းတိမ် လာတတ်သည်ဟု Journal of Consumer Research တွင် သုတေသီများက တင်ပြခဲ့သည်။
မင်နီယာပိုးလစ်
7Day Newsမိမိကိုယ်ကို ထိန်းချုပ်နိုင်မှု အားနည်းသော ပုဂ္ဂိုလ်များ အနေဖြင့် မိမိစားသုံးသော ထမင်းလုတ်ကို ကွန်ပျူတာအကူအညီရယူရေ တွက်ခြင်း အားဖြင့် ထိန်းချုပ်နိုင်မှု မြင့်မားသူများကဲ့သို့ တင်းတိမ် မှုရနိုင်ကြောင်း အမေရိကန် သုတေ သီများက ပြောကြားသည်။  မိမိဆန္ဒအလျောက် သုတေ သန တွင် ပါဝင်သူများအား မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု မြင့်မားသူများနှင့် ထိန်းချုပ်နိုင်မှု နည်းသူများဟူ၍ သုတေသီများက အုပ်စုနှစ်စုခွဲလိုက်သည်။ ယင်းနောက်တွင် သုတေသီများက ၄င်းတို့အစားအစာ စားသုံးချိန်တွင်
ရှားပါးလိပ် ၃၃ ကောင်အား အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး ရမိ
ရှားပါးလိပ် ၃၃ ကောင်အား အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး ရမိ
Friday, 14 December 2012
အင်ဒိုနီးရှား နိုင်ငံ ဘာလီ အပန်းဖြေ ကျွန်းရှိ စားသောက်ဆိုင် များသို့ ပို့မည်ဟု ယူဆရသည့် ရှားပါး အစိမ်းရောင် ပင်လယ်လိပ် ၃၃ ကောင်ကို ရဲတပ်ဖွဲ့က ရှာဖွေ ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပင်လယ်လိပ် များအား တန်ဂျောင် ဘီနိုအာမြို့ ဆိပ်ကမ်းတွင် ကမ်းကပ်ထားသော လှေတစ်စီး အတွင်း၌ ရဲတပ်ဖွဲ့က ရှာဖွေ
တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဘာလီ ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့် ရှိသူ
တစ်ဦးက timeslive.co. za သတင်း ဝက်ဘ်ဆိုက်သို့ ပြောကြား ခဲ့သည်။
ရှားပါးလိပ်များကို တရားမဝင် ဖမ်းဆီးသူ များအား စုံစမ်းရှာဖွေ လျက်ရှိကြောင်း၊ ၎င်းလိပ်များကို ဆူလာ ဝေစီကျွန်း အလွန်ရှိ ပင်လယ်ပြင်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ဟန်တူကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဖမ်းဆီး ရမိသော လိပ်များမှာ အလေးချိန် အားဖြင့် ၃ဝ ကီလို ဂရမ်နှင့် ၆ဝ ကီလို ဂရမ် ကြားရှိပြီး အရှည်မှာ ၃ဝ စင်တီမီတာမှ ၁ မီတာ ရှိကြောင်း သိရသည်။
၎င်းလိပ် တစ်ကောင်၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆၃၅ ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
မြ၀တီအင်ဒိုနီးရှား နိုင်ငံ ဘာလီ အပန်းဖြေ ကျွန်းရှိ စားသောက်ဆိုင် များသို့ ပို့မည်ဟု ယူဆရသည့် ရှားပါး အစိမ်းရောင် ပင်လယ်လိပ် ၃၃ ကောင်ကို ရဲတပ်ဖွဲ့က ရှာဖွေ ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပင်လယ်လိပ် များအား တန်ဂျောင် ဘီနိုအာမြို့ ဆိပ်ကမ်းတွင် ကမ်းကပ်ထားသော လှေတစ်စီး အတွင်း၌ ရဲတပ်ဖွဲ့က ရှာဖွေတွေ့
မြန်မာပြည်မှ ပျောက်ကွယ်သွားသော ကျားဖြူ
မြန်မာပြည်မှ ပျောက်ကွယ်သွားသော ကျားဖြူ
Friday, 14 December 2012
ဟိုးအရင်က ရခိုင်ရိုးမမှာ အိန္ဒိယ ကျားဖြူတွေ ကျက်စားပါတယ်။ သို့ပေမယ့် ယနေ့ခေတ် ပြန်လည် စစ်တမ်းကောက်ယူမှုအရတော့ မြန်မာပြည်မှာ လုံးဝ မရှိတော့ပါဘူး။
အိန္ဒိယမှာပဲ ပိုမိုအတွေ့များတဲ့အတွက် အိန္ဒိယ ကျားဖြူ လို့ခေါ်ပါတယ်။ ၂၀၁၀ ခုနှစ် စစ်တမ်းအရ အိန္ဒိယမှာ ၁၆၀၀ မှ ၁၉၀၀ ကြား၊ ဘင်္ဂလားဒေ့ရှ်မှာ ၄၄၀၊ နီပေါမှာ ၂၂၉၊ ဘူတန်မှာ ၈၈ ဖြစ်ပြီး မြန်မာပြည်မှာ လုံးဝ မရှိတော့ပါဘူ။ သူ့ကို ဘ
င်္ဂလား ကျားလို့လည်း ခေါ်ပါတယ်။
ဘင်္ဂလားကျားခေါင်းစဉ်အောက်မှာ အခြားအရောင်များလည်း ရှိပေမယ့် အဖြူရောင်ကတော့ ရှားပါးပဲ ဖြစ်ပါတယ်။ အထီးဟာ အရှည်အားဖြင့် ၁၁၀ မှ ၁၂၀ လက်မ၊ အမ ၉၄ မှ ၁၀၄ လက်မ ရှိပါတယ်။ ပေါင်ချိန်ကတော့ အထီးက ၄၄၈ ပေါင်၊ အမ ၃၀၈ ပေါင် လောက်ထိ ၀ိတ် ရှိပါတယ်။ အဖြူရောင် ဆိုပေမယ့် အနက်ရောင် အဆင်းများလည်း ပါရှိပါတယ်။
ယနေ့မှာဆိုရင် အရေအတွက် ၁၂၀၀ ကျော်ဝန်းကျင်တောင် ကျန်ရှိဖို့ မသေချာ တော့တဲ့ ကျား ဖြစ်ပါတယ်။ နောင် နှစ်အနည်းငယ် အတွင်း မျိုးသုန်း တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့က ကျားဖြူနဲ့ ဘင်္ဂလားကျားမျိုးများကို ရှားပါးအဖြစ် သတ်မှတ် ထားပါတယ်။ ကမ္ဘာကလည်း ရှားပါး တိရစ္ဆာန်စာရင်းထဲ ထည့်သွင်း ထားပါတယ်။
မျိုးပွားဖို့ ကြိုးစားပေမယ့် အရေအတွက် ကျားဖြူများရဲ့  အရေအတွက်ဟာ တစ်နှစ်ထက် တစ်နှစ် လျော့နည်းလာကြောင်း သိရပါတယ်။
--
Ref: wiki
သမ္မာကျမ်းမှ နောဧလှေကြီးနှင့် ပုံစံတူလှေကြီး နယ်သာလန် နိုင်ငံသား တစ်ဦး တည်ဆောက်
သမ္မာကျမ်းမှ နောဧလှေကြီးနှင့် ပုံစံတူလှေကြီး နယ်သာလန် နိုင်ငံသား တစ်ဦး တည်ဆောက်
Friday, 14 December 2012
သမ္မာကျမ်းမှ နောဧ၏ လှေကြီးနှင့် တထေရာတည်း ဆင်တူသည့် လှေကြီး တစ်စင်းကို နယ်သာလန် နိုင်ငံမှ ဂျိုဟန် ဟွိုင်ဘာစ် ဆိုသူ အမျိုးသား တစ်ဦးက တည်ဆောက်ခဲ့ပြီး ၎င်းလှေကြီးအား ယခုအခါတွင် ပြသနေ ပြီဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
ဂျိုဟန်သည် အဆိုပါ လှေကြီးကို တည်ဆောက်ရန် အတွက် နှစ်ပေါင်း ၂ဝ ကြာ စူးစမ်း လေ့လာမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။ ၎င်းစူးစမ်း
လေ့လာမှုများ ပြုလုပ်ရာတွင် ကမ္ဘာဦး ကျမ်းစာများကို မှီငြမ်းခဲ့ ရကြောင်း သိရသည်။
၎င်းလှေကြီးသည် ၄၂၇ ပေ အရှည်ရှိပြီး အကျယ် ၉၅ ပေနှင့် အမြင့် ၇၅ ပေရှိကြောင်း၊ ၎င်းလှေကြီးကို သမ္မာ ကျမ်းစာအရ အချိုးအစား ညီညီ တည်ဆောက် ထားကြောင်း သိရသည်။ ထိုလှေကြီးသည် သမ္မာ ကျမ်းစာတွင် ဖော်ပြထား သကဲ့သို့ ကမ္ဘာပေါ်ရှိ တိရစ္ဆာန်မျိုးစိတ် အများအပြားကို တင်ဆောင်နိုင်ခြင်း မရှိသော်လည်း ဆင်နှစ်ကောင် ကနိုင်လောက်သည့် နေရာ အကျယ်အဝန်း ရှိကြောင်း သိရသည်။
ထို့ပြင် လှေကြီး၏ ထိုင်ခုံတန်း များကို ထင်းရှူးသား များနှင့် ပြု လုပ်ထားပြီး ထိုလှေကြီး ပေါ်သို့ လာရောက်ကြသည့် ဧည့်ပရိသတ်များ ကြည့်ရှုနိုင်ရန် အတွက် ပလတ်စတစ်ဖြင့် ပြု လုပ်ထားသည့် ကျွဲ၊ မြင်း၊ ကျား၊
မျောက်ဝံ၊ ခြင်္သေ့၊ ဝက်ဝံ အရုပ်များကို ၎င်းလှေပေါ်တွင် ခင်းကျင်း ပြသ
ထားပြီး အန္တရာယ် မပေးနိုင်သော အခြားသက်ရှိ သတ္တဝါများ ကိုလည်း သင်္ဘောပေါ်တွင် ထည့်သွင်း ထားရှိကြောင်း သိရသည်။ ထိုလှေကြီးသည် အလွန်ပင်အံ့အားသင့်ဖွယ် ကောင်းကြောင်း ၎င်းလှေသို့ လာရောက် လည်ပတ်သည့် တောင်အာဖရိကမှ ဧည့်သည် တစ်ဦးက ပြောကြားခဲ့သည်။
မြ၀တီသမ္မာကျမ်းမှ နောဧ၏ လှေကြီးနှင့် တထေရာတည်း ဆင်တူ သည့် လှေကြီး တစ်စင်းကို နယ်သာလန် နိုင်ငံမှ ဂျိုဟန် ဟွိုင်ဘာစ် ဆိုသူ အမျိုးသားတစ်ဦးက တည်ဆောက်ခဲ့ပြီး ၎င်းလှေကြီးအား ယခု
အာဆင်နယ်ကို စိတ်ဝင်စားနေသည့် ဂွာဒီယိုလာ
ဘာစီလိုနာ နည်းပြဟောင်း ဂွာဒီယိုလာသည် အာဆင်နယ် အသင်းကိုစိတ်ဝင်စား နေကြောင်း သတင်း များ ထွက်ပေါ်နေသည်။
ဂွာဒီယိုလာသည် လက်ရှိတွင် နည်းပြ အဖြစ်မှ တစ်နှစ် ကြာ အနားယူနေပြီး လာမည့်နှစ်တွင် နည်းပြ အဖြစ် ပြန်
တရုတ်ပြည်ရှိ ကျောင်းများတွင်ဓားကိုင်အကြမ်းဖက်သမား ကျောင်းတွင်သောင်းကျန်း ကလေး ၂၂ ဦးဒဏ်ရာရ
ပြီးခဲ့သည့် သောကြာနေ့က ဓားကိုင် အကြမ်းဖက် သမားတစ်ဦး ၏ သောင်းကျန်း မှုကြောင့် မူလတန်းကလေး၂၂ ဦး ဒဏ်ရာ ရရှိ ခဲ့ကြောင်း သတင်းရရှိသည်။ အကြမ်းဖက်မှုမှာ ဟေနန်နယ်၊ ရှန်ပန်းကျေးရွာ မူလတန်းကျောင်း တစ်ကျောင်းတွင်ဖြစ်ပွား ခဲ့ခြင်းဖြစ် ပြီး ကျောင်းတည်ရှိရာ ပြည်နယ်အာဏာပိုင်များက ထိုသတင်းကို တရားဝင် ထုတ်ပြန် လိုက်ခြင်းဖြစ် သည်။ ကျောင်းသား များအပြင်
မြန်မာ့ လေကြောင်း ပြည်တွင်း ခရီးစဉ် များတွင် တိုးချဲ့ ပြေးဆွဲမည့် EMBRAER 190 ဘရာဇီး နိုင်ငံထုတ် လေယာဉ် သစ်ကြီး
ယနေ့ နိုင်ငံတော် အစိုးရသည် ပြည်သူက ရွေးချယ် တင်မြှောက်ထားသော အစိုးရ ဖြစ်သည် နှင့်အညီ ဒီမို ကရေစီစနစ်ကို အကောင်အထည် ဖော် ရာတွင် ပြည်သူ များ၏ဆန္ဒကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင် ရွက်ပေး လျက်ရှိသည်။ ပြည်သူအများ စု၏ ဆန္ဒကို ဖြည့် ဆည်း ပေးရာတွင် လူမှုစီးပွားဘဝဖွံ့ဖြိုး စေရန် အခြေခံ အဆောက်အအုံ များ ကို ဖြည့် ဆည်း ဆောင်ရွက်ပေး
အမေရိကန် ဒုံးခွင်းဒုံးနဲ့ တပ်သား ၄၀၀ တူရကီပို့မည်
အမေရိကန် ဒုံးခွင်းဒုံးနဲ့ တပ်သား ၄၀၀ တူရကီပို့မည် 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )
ဆီရီးယားနိုင်ငံက ဖြစ်လာနိုင်ချေရှိတဲ့ ဒုံးကျည်ပစ်ခတ်မှုကို တူရကီနိုင်ငံအနေနဲ့ ကာကွယ်နိုင်အောင် အကူအညီပေးတဲ့အနေနဲ့ အမေရိကန်က တူရကီနိုင်ငံကို Patriot ဒုံးကျည်ပစ်လွှတ်တဲ့ စင် ၂ ခု နဲ့ တပ်သား ၄၀၀ ကို စေလွှတ်လိုက်ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပနက်တားဟာ တူရကီနိုင်ငံကို သောကြာနေ့က မရောက်ခင်အချိန်ပိုင်းလေးအတွင်းမှာပဲ သူက ဒါတွေကို ပေးပို့ဖို့ လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် George Little  က ပြောလိုက်ပါတယ်။
အဲဒီ Patriot ဒုံးကျည်ပစ်လွှတ်မယ်စင်တွေကို လာမယ့်သီတင်းပတ်တွေအတွင်း တပ်ဆင်နေရာချသွားမှာဖြစ်တယ်လို့ မစ္စတာ Little က ပြောပါတယ်။  ဒါပေမဲ့ တူရကီနိုင်ငံ ဘယ်နားမှာထားမယ်ဆိုတာကိုတော့ သူကပြောဖို့ ငြင်းဆန်သွားပါတယ်။
အစောပိုင်းက Incirlik လေတပ်အခြေစိုက်စခန်းမှာ ပြောကြားခဲ့တာမှာတော့ ၊ ဒီလိုလုပ်ခြင်းအားဖြင့် တူရကီနိုင်ငံရဲ့ ကာကွယ်ရေးကြိုးပမ်းချက်တွေကို အကူအညီပေးနိုင်မှာဖြစ်တယ်လို့ မစ္စတာ ပနက်တားက ပြောပါတယ်။
တူရကီနိုင်ငံ ဒီလို ဒုံးကျည်ကာကွယ်ေ၇းစနစ်ရအောင် ကူညီနိုင်ပါတယ်။ ဒီကာကွယ်ရေးစနစ်က ဆီရီးယားနိုင်ငံရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်တဲ့နေရာမှာ အလွန်ကို အသုံးဝင်မှာဖြစ်ပါတယ်လို့ မစ္စတာ ပနက်တားက ပြောပါတယ်။ဆီရီးယားနိုင်ငံက ဖြစ်လာနိုင်ချေရှိတဲ့ ဒုံးကျည်ပစ်ခတ်မှုကို တူရကီ နိုင်ငံအနေနဲ့ ကာကွယ်နိုင်အောင် အကူအညီပေးတဲ့အနေနဲ့ အမေရိကန်  က  တူရကီနိုင်ငံကို Patriot ဒုံးကျည်ပစ်လွှတ်တဲ့ စင် ၂ ခု
ရုရှား ရဲ့ ဆီးရီးယားအပေါ် မူဝါဒ မပြောင်းလဲ
ရုရှား ရဲ့ ဆီးရီးယားအပေါ် မူဝါဒ မပြောင်းလဲ 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )
ဆီးရီးယားနိုင်ငံအပေါ် ရုရှားနိုင်ငံကထားတဲ့မူဝါဒ ကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးကပြောလိုက်ပါတယ်။ ဆီးရီးယားသမ္မတ Assad ဟာနိုင်ငံကို ထိမ်းချုပ်နိုင်မှု အင်အားနည်းလာပြီ အတိုက်အခံတွေဘက်က အသာစီးရသွားနိုင်တယ်လို့ ထိပ်တန်း သံတမန်တဦးရဲ့ပြောဆိုချက်ထွက်လာပြီးနောက်ပိုင်း ရုရှားနိုင်ငံဖက်က အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ 
ရုရှား ဒု-နိုင်ငံခြားရေးဝန်ကြီးဟာ ခုရက်ပိုင်းအတွင်း ဆီးရီးယားနိုင်ငံနဲ့ ပါတ်သက်လို့ အထူးတလည် တွေ့ဆုံဖြေကြားခဲ့တာမရှိဘူးလို့ သောကြာနေ့က ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနကျေညာချက်မှာ ဖော်ပြပါတယ်။
နိင်ငံခြားရေးဝန်ကြီးကိုကိုးကားပြီး ရုရှားသတင်း မီဒီယာမှာ ဖော်ပြရာမှာ ဆီးရီးယားသမ္မတ အာဆတ်ဟာ ဆီးရီးယားနိုင်ငံကို ထိန်းချုပ်နိုင်တဲ့အင်အားနည်းလာပြီး အတိုက်အခံတွေကို အမြစ်ပြတ်ချေမူန်းဖို့မလွယ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။
ဒါဟာ ဆီးရီးယားအစိုးရကအတိုက်အခံအင်အားစုတွေနဲ့ ဆင်နွှဲခဲ့တဲ့ ၂ နှစ်တာတိုက်ပွဲကာလအတွင်း ဆီးရီးယားအစိုးရရဲ့ အားနည်းလာမှုကို ဆီးရီးယားရဲ့ မဟာမိတ်ရုရှားနိုင်ငံက ပထမဆုံးအကြိမ် အဖြစ်ဖော်ပြလိုက်တာ လဲဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံထဲကစစ်ပွဲနဲ့ ပါတ်သက်လို့ ကုလသမ္မဂအနေနဲ့ အရေးယူဆောင်ရွက်ဖို့ ကြိုးပမ်းမှုတွေကို တရုတ်နဲ့ရုရှားနိုင်ငံတွေက ထပ်တလဲလဲ ပိတ်ဆို့ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။ဆီးရီးယားနိုင်ငံအပေါ် ရုရှားနိုင်ငံကထားတဲ့မူဝါဒ ကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ကပြောလိုက်ပါတယ်။ ဆီးရီးယား သမ္မတ Assad ဟာနိုင်ငံကို ထိမ်းချုပ်နိုင်မှု အင်အား နည်းလာပြီ အတိုက်အခံတွေဘက်က အသာစီးရသွားနိုင်တယ်လို့ ထိပ်တန်း သံတမန်တဦးရဲ့ပြောဆိုချက်ထွက်လာပြီးနောက် ပိုင်း ရုရှား
သေနတ်သမားဝင်ပစ်လို့ မူလတန်းကလေး ၂၀ သေဆုံး
သေနတ်သမားဝင်ပစ်လို့ မူလတန်းကလေး ၂၀ သေဆုံး 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )
အမေရိကန်ပြည်ထောင်စု Connecticut ပြည်နယ်မှာ သေနတ်သမားတဦးက စာသင်ကျောင်းတခုကို ၀င်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ၊ ကလေး အယောက် ၂၀ နဲ့ လူကြီး ၆ ယောက်သေဆုံးခဲ့ပြီး၊ ဒီဖြစ်ရပ်ကြောင့် အမေရိကန်ပြည်သူတွေရဲ့ အသည်းနှလုံး ကွဲကြေသွားတဲ့အထိ ခံစားရပါတယ်လို့ အမေရိကန်သမ္မတအိုဘားမားက မျက်ရည်လည်ရွဲ နဲ့ အမေရိကန်ပြည်သူလူထုကို သောကြာနေ့ကပြောလိုက်ပါတယ်။
အဲဒီပစ်ခတ်မှုအတွင်း သေနတ်သမားလည်း သေဆုံးသွားပါတယ်။
ဒီဖြစ်ရပ် အပေါ်မှာ တနိုင်ငံလုံး ၀မ်းနည်းတဲ့ အထိမ်းအမှတ်အဖြစ်နဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော် အပါအ၀င် အစိုးရအဆောက်အအုံတွေကို အလံတိုင်ဝက်လွှင့်ထူခဲ့ပြီးတဲ့နောက် ၊ သမ္မတအိုဘားမားက ပြောကြားလိုက်တာဖြစ်ပါတယ်။ နယူးယောက်မြို့မြောက်ဘက် မိုင် ၁၀၀ လောက်မှာရှိတဲ့ Newtown မြို့ မူလတန်းကျောင်းမှာ သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး၊ နာရီပိုင်းအကြားမှာ သမ္မတအိုဘားမားက ပြောကြားခဲ့တာဖြစ်ပါတယ်။
သေဆုံးသူတွေထဲက အများစုဟာ အသက် ၅ နှစ်ကနေ ၁၀ နှစ်ကြားမှာရှိတဲ့ ကလေးငယ်တွေဖြစ်ကြပါတယ်။ ဒီကလေးငယ်တွေမှာ အနာဂတ် ကြီးကြီးမားမားရှိနေတာပါဆိုပြီး သမ္မတအိုဘားမားက ပြောပါတယ်။ မနေ့နေ့လည်ပိုင်းမှာတော့ ဒီအဖြစ်အပျက်ဖြစ်ခဲ့တဲ့နေရာတခုလုံး လုံလုံခြုံခြုံရှိသွားပါပြီလို့ Connecticutပြည်နယ် ရဲတပ်ဖွဲ့ ပြောခွင့်ရသူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
မနေ့ မနက်ပို်င်း ၉ နာရီခွဲအကျော်မှာပဲ ၊ အဖြစ်အပျက်နဲ့ ပတ်သက်လို့ အရေးပေါ်အခြေအနေကို ရဲဘက်က စသိခဲ့တယ်လို့ ပြောပါတယ်။ သိသိချင်းပဲ ရဲတပ်ဖွဲ့က အဲဒီနေရာကို သွားပြီး ကျောင်းတွင်းကို ၀င်ရောက်ခဲ့တယ်လို့ ပြောပါတယ်။ ကလေးငယ် ၁၈ ဦးနဲ့ လူသတ်သမားအပါအ၀င် လူကြီး ၆ ဦးကို ကျောင်းတွင်းက အခန်း ၂ ခုမှာ သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။ နောက်ကလေးငယ် ၂ ဦးကတော့ ဒဏ်ရာနဲ့ ပဲ ဆေးရုံမှာ သေဆုံးသွားပါတယ်။ အမေရိကန်ပြည်ထောင်စု Connecticut ပြည်နယ် မှာ သေနတ် သမားတဦးက စာသင်ကျောင်းတခုကို ၀င်ရောက် ပစ်ခတ် တိုက်ခိုက် ခဲ့ တာကြောင့် ၊ ကလေး အယောက် ၂၀ နဲ့ လူကြီး ၆ ယောက်သေ ဆုံး ခဲ့ပြီး၊ ဒီဖြစ်ရပ်ကြောင့် အမေရိကန်ပြည်သူတွေရဲ့ အသည်းနှလုံး ကွဲကြေသွားတဲ့အထိ ခံစားရပါတယ်လို့ အမေရိကန် သမ္မတ အိုဘားမား
ကိုပါဒီရေး ပထမအကျော့ ပွဲစဉ် မက်ဆီ၏ သွင်းဂိုးများဖြင့် ဘာကာတို့ အနိုင် ရလိုက်ပြန်
ဒီဇင်ဘာ ၁၂ ရက်က ကျင်းပသော ကိုပါဒီရေး  ၁၆ သင်း ရှုံးထွက် ပွဲစဉ်တွင် ဘာကာ အသင်း သည် ကော်ဒိုဘာ အသင်းအား ၂ ဂိုး-ဂိုး မရှိဖြင့် အနိုင် ရလိုက်ကြောင်း သိရသည်။ ၎င်းပွဲစဉ်တွင် ဘာကာ အတွက် အနိုင်ဂိုး နှစ်ဂိုး စလုံးကို အာဂျင်တီးနား တိုက်စစ်မှူး
အံ့ဘွယ်CoCaCoLa လျှို့ ဝှက်ချက်များ
အံ့ဘွယ်CoCaCoLa လျှို့ ဝှက်ချက်များ------
ကိုကာကိုလာအချိုရည်မှာ အခြား အသုံးပြုလို့ရ တဲ့ နည်းလမ်းများလည်း ရှိနေပါသေးတယ်။ 
သံချေးများ ဖယ်ရှားခြင်း
ကိုကာကိုလာအချိရည်ကလည်း အက်ဆစ်တစ်မျိုးဖြစ်ပါတယ်။ သံချေးစား ထားတဲ့ ဝက်အူရစ်၊ ပလယ်ရာ အစရှိသဖြင့် သံတိုတဆ အစိတ်အပိုင်းများ အားလုံးကို ကိုကာကိုလာအရည်နဲ့ ဆေးချပြီး သေချာ သုတ်ပေးရင် သံချေး များ ပြောင်စင်သွားပါတယ်။
ဖိုက်ဘာ၊ကြွေတို့မှ အပေအကြံများ ဖယ်ရှားခြင်း
ဖိုက်ဘာ၊ ကြွေအလွာတို့မှာ ကပ်ပြီး ကျန်ရှိတတ်တဲ့ အညစ်အကြေးများကို ကိုကာကိုလာနဲ့ ဆေးထုတ်ရင် ပြောင်ပါတယ်။ အဝတ်လျှော်စက်တွင် ညစ်ပတ်နေတာမျိုး၊ လက်ဆေး ကြွေခွက်တို့မှာ အစွန်းအထင်းပေနေ တာမျိုး၊ မည်းနေတာမျိုးဆိုရင် ကိုကာကိုလာအချိုရည်နဲ့ ဆေးကြောလို့ ရပါတယ်။
ဆေးဝါးအဖြစ် သုံးစွဲခြင်း
ဝမ်းလျှောရောဂါအပြင် ဝမ်းနဲ့ ပက်သက်တဲ့ ရောဂါအချို့ ကို ကိုကာကိုလာ အချိုရည်သောက်ပြီး ပျောက်ကင်းစေ နိုင်ပါတယ်။ ဗိုက်မအီမသာဖြစ်နေတာ၊ အစာမကြေတာ၊ လေအောင့်တာဆိုရင် ကိုကာကိုလာအချိုရည်သောက်ချပြီး သက်သာစေပါတယ်။ ဝမ်းပျက်၊ဝမ်းလျှော ဖြစ်နေသူများလည်း ကိုကာကို လာ အချိုရည်သောက်ပြီး ကုသလို့ ရပါတယ်။
ပိုးသတ်ဆေးအဖြစ် သုံးစွဲခြင်း
အိမ်မှာ ကပ်တွယ်တတ်တဲ့ ပိုးကောင်တွေ၊ ခရုတွေ၊ အင်းစက်တွေကို ကိုကာကိုလာ အချိုရည်လောင်းပြီးတော့ လည်း ဖယ်ရှားပါတယ်။ ပထမတော့ သကြားဓာတ်ပါတဲ့အတွက် သောက်သုံးမိပြီး ပါဝင်တဲ့ အတွင်း အက်ဆစ်ဓာတ်ကို ပိုးကောင်တို့ မခံနိုင်ပါဘူး။ ကားမှန်နဲ့ ကားတွေပေါ်မှာ ကပ်နေတတ်တဲ့ အင်းဆက်များလည်း ဖယ်ရားနိုင်ပါတယ်။
ဟင်းချက်ရာတွင် အသုံးပြုခြင်း
ဗနီကာ၊ ရှာလကာရည် တစ်မျိုးပဲ ဖြစ်ပါတယ်။ အသားဟင်းချက်ရာမှာ ကိုကာကိုလာအချိုရည်ကို ရှာလကာရည် ထည့်သလို အချိးအစား မှန်မှန် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အသားရဲ့  မကျက်နိုင်တဲ့အစိုင် အခဲတွေကြားကို ဖောက်ပေးပြီး ဟင်းအနှစ်အားလုံးကို အသားတွေထဲ ထိ ပြန့်နှံ့စေမှာ ဖြစ်ပါတယ်။ ပိုမို အရသာ ရှိတဲ့ အသားဟင်း တစ်ခွက် ရရှိစေတယ်လို့ ဆိုပါတယ်။
ကိုကာကိုလာအချိုရည်ဟာ ကာဘွန်နိုက်အချိုရည် တစ်မျိုးဖြစ်ပြီး ရေ ဓာတ်ဖြည့်ဆည်းပေးသလို အစာအိမ်တွင်းက မကြေညက်တဲ့အစား အစာများကို ချေဖျက်ပေးပါတယ်။ သကြားဓာတ်လည်း ကြွယ်ဝတဲ့အ တွက် သွေးထဲကို ဂလူးကိုစ့်ဓာတ် ကောင်းကောင်း ထောက်ပံ့ပေးပါတယ်။ သူ့မှာ ပါဝင်တဲ့ ဓာတ်များက သောက်သုံးရန်အပြင် အခြား အသုံးဝင် တဲ့ နေရာများလည်း ရှိနေတာကို ယခုလို သိရပါတယ်။
့http://discoverychannel99.blogspot.com မှကူးယူတင်ပြပါသည်။
ကိုကာကိုလာအချိုရည်မှာ အခြား အသုံးပြုလို့ရ တဲ့ နည်းလမ်း များ လည်း ရှိနေပါသေးတယ်။
သံချေးများ ဖယ်ရှားခြင်း
ကိုကာကိုလာအချိရည်ကလည်း အက်ဆစ်တစ်မျိုးဖြစ်ပါတယ်။ သံချေး စား ထားတဲ့ ဝက်အူရစ်၊ ပလယ်ရာ အစရှိသဖြင့် သံတိုတဆ အစိတ်
စားသုံးနိုင်သော iPhone 5 ဖုန်းအိတ် ဂျပန်စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးတစ်ဦး ဖန်တီး
စားသုံးနိုင်သော iPhone 5 ဖုန်းအိတ် ဂျပန်စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးတစ်ဦး ဖန်တီး
ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးသည် စားသုံးနိုင်သော Survival Senbei iPhone5 ဖုန်းအိတ်ကို ဖန်တီးပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖုန်းအိတ်ကို အညိုရောင်ဆန်နှင့် ဆားတို့ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
အဆိုပါ ဖုန်းအိတ်သည် ဖုန်းကို ထိခိုက်မှုမှကာကွယ်ရန်အတွက် ရည်ရွယ် ထုတ်လုပ်ထားခြင်းမဟုတ် သော်လည်း အရေးပေါ် အခြေအနေ တစ်ရပ်နှင့် တွေ့ကြုံချိန်တွင် အသက်ရှင် ရပ်တည်နိုင်ရန် အတွက် အစားအစာလို အပ်ပါက အသုံးပြုသူများက ၎င်းအား စားသုံးနိုင်ရန် ရည်ရွယ် ထုတ်လုပ် ခဲ့ခြင်း ဖြစ်သည်။ 
သို့ရာတွင် အဆိုပါ ဖုန်းအိတ်၏ သက်တမ်းနှင့် စပ်လျဉ်း၍ အာမခံချက် ပေးထားခြင်းမရှိကြောင်း သိရသည်။
အဆိုပါ ဖုန်းအိတ်များကို အွန်လိုင်းမှ တစ်ဆင့် ဝယ်ယူနိုင်ပြီး ဖုန်းအိတ် တစ်အိတ်လျှင် ယန်းငွေ ၃၈၁၈ တန်ဖိုးရှိကြောင်း သိရသည်။
ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးသည် စားသုံးနိုင်သော Survival Senbei iPhone5 ဖုန်းအိတ်ကို ဖန်တီးပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖုန်းအိတ်ကို အညိုရောင်ဆန်နှင့် ဆားတို့ဖြင့် ပြုလုပ် ထားခြင်းဖြစ်
ရွှေ့ပြောင်းလုပ်သား ပြန်ပို့ရေး ရွှေ့ဆိုင်းဖို့ ILO တိုက်တွန်း
ရွှေ့ပြောင်းလုပ်သား ပြန်ပို့ရေး ရွှေ့ဆိုင်းဖို့ ILO တိုက်တွန်း 
( burmese.voanews )
ထိုင်းနိုင်ငံမှာရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ တရားဝင် မှတ်ပုံတင်မလား ဒါမှမဟုတ်လည်း နေရပ်ပြန်ပို့ခံမလား ဆိုပြီး သောကြာနေ့ကို နောက်ဆုံးရက် သတ်မှတ်ထားတာကို သက်တမ်းတိုးပေးဖို့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီး ILO ရဲ့ အကြီးအကဲ က ထိုင်းနိုင်ငံကို တောင်းဆိုလိုက်ပါတယ်။ ထိုင်းအစိုးရက နိုင်ငံသား အသိအမှတ်ပြု လက်မှတ် မလုပ်တဲ့ နိုင်ငံတွင်းက ရွှေ့ပြောင်းအလုပ်သမား တသန်းကျော်ကို နေရပ်ရင်း ပြန်ပို့မယ် ဆိုပြီး ပြောဆိုနေတာမှာ အများစုက မြန်မာနိုင်ငံသားတွေ ဖြစ်ကြပါတယ်။ အလုပ်သမားအရေး လှုပ်ရှားသူတွေကတော့ နိုင်ငံသား လက်မှတ်လုပ်ဖို့က အားနည်းချက်တွေ ရှိနေတယ်လို့ ပြောကြပါတယ်။ ကုလသမဂ္ဂကတော့ အစုလိုက် အပြုံလိုက် နေရပ်ပြန်ပို့မှာ ကိုတော့ ကန့်ကွက်ပြီး ထိုင်းအစိုးရအနေနဲ့  ရွှေ့ပြောင်းအလုပ်သမားရေးရာ မူဝါဒကို ပြန်လည် သုံးသပ်ဖို့ တောင်းဆိုမယ်လို့လည်း ဆိုပါတယ်။ ဘန်ကောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် Daniel Schearf သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက်က ပြောပြပေးထားပါတယ်။
ထိုင်းအစိုးရက နိုင်ငံတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို မှတ်ပုံတင်ဖို့ နောက်ဆုံးရက် သတ်မှတ်ထားတာကို သက်တမ်းတိုးပေးဖို့ အတွက် အိုင်အယ်လ်အို ညွှန်ကြားရေးမှူး Guy Ryder  နဲ့ ထိုင်းအလုပ်သမားဝန်ကြီးနဲ့ စနေနေ့က ဒုတိယ အကြိမ် တွေ့ဆုံဆွေးနွေးတဲ့ အတောအတွင်း တွန်းအားပေး တောင်းဆိုမယ်လို့ မျှော်လင့်ထားကြပါတယ်။ ထိုင်းအစိုးရ က ဒီဇင်ဘာလ ၁၄ ရက် နောက်ဆုံးထားပြီး နိုင်ငံတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို မှတ်ပုံတင်ကို အပြီးထိ ဆက်ပြီး လုပ်ကြဖို့နဲ့ ဆက်ပြီး ပျက်ကွက်ရင် နေရပ်ပြန်ပို့မယ်ဆိုပြီး ကြေညာချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဘဲ အိုင်အယ်လ်အို အကြီးအကဲ ထိုင်းနိုင်ငံကို လာရောက်တာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံတွင်းမှာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းခွဲ လောက် ရှိနေပြီး အများစုက အိမ်နီးချင်း မြန်မာနိုင်ငံက ဖြစ်ပါတယ်။ ဒီထဲမှာ အလုပ်သမား ၅ သိန်းလောက်ဘဲ နိုင်ငံသား အသိအမှတ်ပြု လက်မှတ်ကို ပြည့်ပြည့်စုံစုံ လုပ်ထားကြပါတယ်။
ထိုင်းအာဏာပိုင်တွေအနေနဲ့ အရင်က သတ်မှတ်ရက်ကို သက်တမ်းတိုးပေးခဲ့တာတွေ ရှိခဲ့ပေမယ့် ဒီတခါတော့ တိုးပေးမယ့်ပုံ မရှိပါဘူး။ ဈေးပေါတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို မှီခိုနေရတဲ့ ထိုင်း ကုန်သွယ်ရေးအဖွဲ့ကတော့ ဒီလို အလုပ်သမားတွေ ပြန်ပို့မယ့် လုပ်ငန်းစဉ်က သူတို့ လုပ်ငန်းတွေအပေါ် ထိခိုက်မှုတွေ ရှိလာမှာကို စိုးရိမ်နေကြပါတယ်။
အိုင်အယ်လ်အို ရဲ့ အာရှ ပစိဖိတ် ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားရေးရာ အကြီးတန်း အရာရှိ
Nilim Baruah (NIH-lihm BAR-oh-wah) ကတော့ အခုလို ပြောပါတယ်။
"ရွှေ့ပြောင်းအလုပ်သမားရေးရာ မူဝါဒကို ပြန်ပြီး သုံးသပ်ဖို့ ၊ ဒီလို ပြန်လည်သုံးသပ်တာမှာလည်း အကြံပေးမှုတွေကို လက်ခံဖို့နဲ့ တရားဝင်ပြုလုပ်မှု လုပ်ငန်းစဉ်ကိုလည်း သက်တမ်းတိုးဖို့နဲ့ အထူးသဖြင့် နိုင်ငံသား စိစစ်ရေး လုပ်ဆောင်နေဆဲ အလုပ်သမားတွေကို အချိန်ထပ်ပြီး ပေးဖို့အရေး လုပ်ဆောင်မယ်ဆိုတာကို မစ္စတာ ရိုင်ဒါက ကုန်သွယ်ရေး အဖွဲ့ အကြီးအကဲနဲ့ ဒီကနေ့ တွေ့ဆုံတာမှာ သေချာပြောခဲ့ပါတယ်။"
ရွှေ့ပြောင်းအလုပ်သမား ၃ သိန်းခွဲလောက်ဟာ နိုင်ငံသား စိစစ်ရေး လုပ်ထားပေမယ့်လည်း သူတို့ရဲ့ လက်မှတ်တွေ မရသေးပါဘူး။ ဒါပေမယ့် ထိုင်း အာဏာပိုင်တွေက သူတို့ကိုလည်း နေရပ်ပြန်ပို့မယ် ဆိုပြီး ခြိမ်ခြောက်နေတာ ဖြစ်ပါတယ်။
နိုင်ငံတွေအနေနဲ့ တရားမ၀င် ရွှေ့ပြောင်း ၀င်ရောက်လာသူတွေကို နေရပ်ပြန်ပို့ခွင့် ရှိပေမယ့် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ အကျုံးဝင်အောင် လုပ်သင့်တယ်ဆိုပြီး Baruah က ပြောပါတယ်။ အရင်က လုပ်အားခတွေကို အားလုံးပေးဖို့နဲ့ နေရပ် ပြန်ပို့တာမှာလည်း အလုပ်သမားတွေဆီကနေ ငွေကြေးမတောင်းဖို့ စတဲ့ အခွင့်အရေးတွေကို လိုက်နာသင့်တယ်လို့လည်း သူမက ပြောပါတယ်။
"အစုလိုက် အပြုံလိုက် ပြန်ပို့တာမျိုးမလုပ်ဘဲ လေးလေးစားစားနဲ့ နေရပ် ပြန်ပို့တယ်ဆိုတဲ့ လုပ်ငန်းစဉ်မျိုး ဖြစ်အောင် လုပ်သင့်ပါတယ်။"
ထိုင်းနိုင်ငံရဲ့ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ သစ်ခွ ထုတ်လုပ်ရေးတွေမှာ အဓိက ကျောရိုးအဖြစ် အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမား အများစုဟာ တရားဝင် လက်မှတ်တော့ မရှိကြပါဘူး။  ဒီလို တရားမ၀င်မှုကြောင့်လည်း အနိုင်ကျင့် စော်ကားခံရမှုကနေ အကာအကွယ်မဲ့ ဖြစ်ကြရပါတယ်။
ထိုင်းနိုင်ငံ အနေနဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ နိုင်ငံသားစိစစ်ရေး လုပ်ဆောင်တာ မှာ ရွှေ့ပြောင်း အလုပ်သမားတွေကို ပိုပြီး အကာအကွယ်ပေးဖို့ လိုအပ်ပြီး ဒါမှလည်း အလုပ်သမားတွေ အနေနဲ့ အလုပ်လုပ်ခွင့်ကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ်က နှေးကွေးနေပြီး အလုပ်ရှင်ဘက်ကလည်း အထောက်အကူပေးဖို့ လိုအပ်ပါတယ်။ အလုပ်ရှင်တွေက အလုပ်သမားတွေကို တရားဝင် အသိအမှတ်ပြု လက်မှတ် မရှိအောင် တမင် ရည်ရွယ် လုပ်ဆောင် နေသလိုဘဲ ပွဲစားတွေကလည်း တရားဝင် လက်မှတ်ရဖို့ အတွက် လုပ်ခ လစာအတော်များများ ရဖို့ လုပ်နေကြပါတယ်လို့ လှုပ်ရှားသူတွေက ပြောပါတယ်။
အိုင်အယ်လ်အို ကတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို ပိုပြီး အကာအကွယ်ပေးနိုင်ဖို့ အတွက် ထိုင်းနိုင်ငံရဲ့ ဥပဒေတွေ ပြောင်းလဲစေချင်တယ်လို့ Baruah က ပြောပါတယ်။
"အလုပ်အကိုင် ရှာဖွေသူနဲ့ အလုပ်အကိုင် ခန့်ထားရေး ဥပဒေမှာ ၀င်ရောက်လာတဲ့ အလုပ်သမားတွေကို အလုပ်ခန့်ထားရေး လုပ်ထုံးလုပ်နည်းတွေ ပါဝင်ရေး ပြန်လည် သုံးသပ်သင့်ပါတယ်။ ဒုတိယ အနေနဲ့တော့ မကျေလည်မှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ့် အနေအထားမျိုးလည်း ရှိသင့်ပါတယ်။"
အိုင်အယ်လ်အို ညွှန်ကြားရေးမှူးချုပ်ဟာ သောကြာနေ့ မနက်ပိုင်းမှာတော့ ထိုင်းဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ တရားဝင် မှတ်ပုံတင်မလား ဒါမှမဟုတ်လည်း နေရပ်ပြန်ပို့ခံမလား ဆိုပြီး သော ကြာနေ့ကို နောက်ဆုံးရက် သတ်မှတ်ထားတာကို သက်တမ်းတိုးပေး ဖို့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီး ILO ရဲ့ အကြီးအကဲ က
မိုးသီးဇွန် တရားစွဲခံရပြီ
စက်တင်ဘာ အရေးအခင်း(ခေါ်) ဘုန်းကြီးတွေ လမ်းပေါ်ထွက်အောင်လုပ်တဲ့ ဘုန်းကြီးယုတ် ဘုန်းကြီးတု အကြောင်းဖော်ထုတ်ပြီ
စက်တင်ဘာလကိုရောက်လာပြီဆိုရင်ဖြင့် ရွှေဝါရောင်ခေါင်းစဉ်နဲ့ စုရုံးစုရုံးမြင်ကွင်းတွေမြင်လာရပြန်ပါပြီ။ တကယ်ဆို ၀ါတွင်းကာလကြီး မဟုတ်ပါလား။ ဒီမိုကရေစီပြောင်းလဲရေးတွေလုပ်နေလို့ EU ကတောင် Sanction တွေရုပ်သိမ်းပြီး လက်နက်ရောင်းဝယ်မှုက လွဲရင်ကျန်တဲ့
မိုဘိုင်းအင်တာနက်အသုံးပြုခများကို တက္ကသိုလ်ကျောင်းသားများအတွက် သီးသန့်လျှော့ချပေးမည်
၂၀၁၃ ခုနှစ်တွင် ကောက်ခံသွားမည့် မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုခ များတွင် တက္ကသိုလ်ကျောင်း သား/ကျောင်းသူများ အတွက်အသုံးပြုခများအား လျှော့ချပေးရန် အစီအစဉ်ရှိကြောင်း မြန်မာ့ဆက်
ထူးထူးဆန်းဆန်း ဖားမှ မြွှေကို မြိုနေခြင်း
မြန်မာပြည်မှ ကမ္ဘာ့အရှားပါးဆုံးကျောက်
ပုံမှာမြင်တွေ့နေရတဲ့ ကျောက်ဟာ Painite လို့အမည်ရပြီး ကမ္ဘာ့အရှားပါး ဆုံး ကျောက်မျက်ရတနာ ၁၀မျိုး စာရင်းထဲမှာ အဆင့် ၅ ဝင်တဲ့ ကျောက်မျက်ရတနာ တစ်မျိုး ဖြစ်ပါတယ်။
ရှာဖွေတွေ့ရှိခဲ့သူကတော့ အင်္ဂလိပ်လူမျိုး သတ္တုဗေဒ ပညာရှင် Arthur C.D.Pain ဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်နောင်းပိုင်းက မြန်မာနိုင်ငံ အထက်ပိုင်း၊ မိုးကုတ် ကျောက်တွင်းမှာ တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး သူ့အမည် Pain ကိုအစွဲပြုကာ Painite လို့အမည်ပေးလိုက်ခြင်းဖြစ်ပါတယ် ။ ဓာတုဗေဒအခေါ်ကတော့