Wednesday, June 11, 2014

တပ်မတော်လေမှ တိုက်ခိုက်ရေး လေယာဉ်တစ်စင်း ပျက်ကျ

ရန်ကုန်၊ မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့ မှ ၆ မိုင်ခန့် အကွာ ယောင်းမင ရွာနှင့် နင်းကြမ်းကျေး ရွာကြား မှာ လေယာဉ်တစ် စင်း ဇွန် ၁၁ ရက် နံနက် ၈ နာရီခွဲ တွင် ပျက်ကျခဲ့ပြီး မီးလောင်သွား ကြောင်း သိရသည်။
ပျက်ကျခဲ့သည့် လေယာဉ် သည် မိတ္တီလာလေတပ်စခန်းဌာ နချုပ်မှ MIG 29 UB တိုက်ခိုက်ရေး လေယျဉ် အမျိုး အစားဖြစ်ပြီး Low flight Training (အစမ်းလေ့ကျင့်) နေစဉ် စက် ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်း ဖြစ်သည်။
ယင်းလေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လေတပ်မှ ဒု ဗိုလ်မှူးကြီးအဆင့်ရှိသူတစ်ဦး နှင့် သင်တန်းသားအရာရှိငယ်တစ် ဦးသည် ခုန်ထွက်လွတ်မြောက် ပြီး ကြီးမားသည့် ဒဏ်ရာများမရရှိ ခဲ့ကြောင်း အဆင့်မြင့်တပ်မတော် အရာရှိတစ်ဦးက ရန်ကုန်တိုင်းမ် ဂျာနယ်သို့ အတည်ပြုပြောကြား သည်။

သေမင်းဆိုတာ အမည်းရောင်လား


Photo: သေမင်းဆိုတာ အမည်းရောင်လား

Wednesday, June 11, 2014

အနောက်နိုင်ငံတွေနဲ့ တချို့နိုင်ငံတွေမှာ လူသားတွေကို ငရဲပြည်ကို ခေါ်မယ့် သေမင်းနဲ့ပတ်သက်ပြီး အမည်းရောင်လို့ လက်ခံထားကြတာ အတော်ကြာပြီထင်ပါတယ်။ 

အထင်အရှား တွေ့ရတာကတော့ ကမ္ဘာကျော် Ghost ကားမှာ ပါ။ ကောင်းကင်ဘုံအတွက် လာရောက်ခေါ်
ဆောင်သူကို အဖြူရောင် အငွေ့သဏ္ဍန် နတ်တပါး အဖြစ် ဖော်ကျူးထားပြီး ငရဲ ဘုံကို ခေါ်မယ့် သူအတွက် နတ်ဆိုးကို အမည်းရောင် အငွေ့သဏ္ဍန် ဖော်ကျူးထားခဲ့ပါတယ်။ 

 တောင်ပေါ် ကားလမ်း တခုမှာ ကား မတော်တဆမှု ဖြစ်ရပ်မှာ မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေရောက်လာတာကို မှတ်တမ်း တင်ထားတဲ့ ဗွီဒီယို ဖိုင်တခု ယူကျုပေါ် တက်လာပါတယ်။ 

ရဲနဲ့ မီးသတ်တွေက ထိခိုက် ဒဏ်ရာရတဲ့ ဒရိုင်ဘာကို ကယ်ဆယ်ဖို့ ပြင်ဆင်နေချိန်မှာ ကားအနီးက အမည်းရောင် အငွေ့သဏ္ဍန် တခုကို ဗွီဒီယို မှတ်တမ်းမှာ တွေ့ရပါတယ်။ ဒဏ်ရာရသွားသူဟာ အသက် ရှင်လျှက်လား၊ သေသွားလားဆိုတာတော့ မသိရပါဘူး။ 

ဒါပေမယ့် ဒီဗွီဒီယိုဟာ ဘယ်လောက် ယုံကြည်ရလို့လည်း၊ တကယ်ဟုတ်ပါ့မလား၊ နည်းပညာတွေနဲ့ စီမံပြီး အများပြည်သူ အထင်မှားအောင် ယုံကြည်မှု တခုခု ကို တွန်းအားပေးအောင် ဖန်တီးမှုလားဆိုပြီး ဒီကိစ္စ အပေါ် လူတွေလည်း အငြင်းအခုန်လုပ်နေကြပါတယ်။ ဧရာဝတီ ပရိသတ်လည်း ဒီဗွီဒီယို ဖိုင်ကို ကြည့်ပြီး ခွဲခြမ်း စိပ်ဖြာ သင့်ပါတယ်။

irrawaddy 
အနောက်နိုင်ငံတွေနဲ့ တချို့နိုင်ငံတွေမှာ လူသားတွေကို ငရဲပြည်ကို ခေါ်မယ့် သေမင်းနဲ့ပတ်သက်ပြီး အမည်းရောင်လို့ လက်ခံထားကြတာ အတော်ကြာပြီထင်ပါတယ်။ 

အထင်အရှား တွေ့ရတာကတော့ ကမ္ဘာကျော် Ghost ကားမှာ ပါ။ ကောင်းကင်ဘုံအတွက် လာရောက်ခေါ်
ဆောင်သူကို အဖြူရောင် အငွေ့သဏ္ဍန် နတ်တပါး အဖြစ် ဖော်ကျူးထားပြီး ငရဲ ဘုံကို ခေါ်မယ့် သူအတွက် နတ်ဆိုးကို အမည်းရောင် အငွေ့သဏ္ဍန် ဖော်ကျူးထားခဲ့ပါတယ်။ 

အယ်လ်နီညို

အယ်လ်နီညိုသည်
စပိန်ဘာသာစကား။ မြန်မာလိုရေနွေးစီးကြောင်းဟု ခေါ်ဆိုသည်။ သမုဒ္ဒရာရေစီးကြောင်း။ ၁၉၈ဝ ပြည့်နှစ် မတိုင်မီအချိန်က ငါးနှစ်မှ ခုနစ်နှစ်ကြား တစ်ခါသာဖြစ်ပေါ်တတ်သည့် ပုံမှန်သဘာဝဖြစ်စဉ် တစ်ခု။ သက္ကရာဇ် ၁၅၅ဝ ခန့်ကစပြီး ရေလုပ်သားများ ဤဖြစ်စဉ်ကို စတင်သတိပြုမိလာ ခဲ့ကြသည်။ ရေနွေးစီးကြောင်းရောက် လာချိန် ငါးများ ရှားပါးသွားသည်ကို သတိထားမိရာမှ ဤအယ်လ်နီညိုဖြစ်စဉ်ကို သိလာခဲ့ကြရခြင်းဖြစ်သည်။
ထိုစဉ်က အယ်လ်နီညိုသည် သာမန်ဖြစ်စဉ်တစ်ရပ်ပင်။ ငါးများကို ရှားပါးစေသည့် ထိရောက်မှုတစ်ခုလောက်သာ သိထားခဲ့ကြသည်။ ထို့ထက် ဆိုးကျိုးသက်ရောက်စေမှု၊ အထူးသဖြင့် ကမ္ဘာ့ရာသီဥတုကို ထိခိုက်ပျက်ပြား စေမှုကို ၁၉၈၂ ခုနှစ်တွင်မှ လူများသတိပြုသိရှိလာခဲ့ကြသည်။ သဘာဝတရား၏ လျှို့ဝှက်နက်နဲမှု။ အကျိုးသက်ရောက်မှုတစ်စုံတစ်ခုရှိလာခဲ့မှ အကြောင်းတရားကို ရှာဖွေလေ့လာဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

တောင်တွင်းကြီးမြို့နယ် အတွင်း လေယာဉ်ပျက်ကျသည်ဟု သတင်းရရှိ၍ သွားရောက်စုံစမ်းနေ

ဒီနေ့မနက်က တောင်တွင်းကြီးမြို့နယ်၊ နင်းကြမ်းရွာ အနီးမှာ လေယာဉ်တစ်စီးပျက်ကျတယ်လို့ သတင်းရတဲ့အတွက် သွားရောက်စုံစမ်းနေတယ်လို့ တောင်တွင်းကြီးမြို့နယ် ရဲရုံးက ဒုရဲအုပ် သိန်းဌေးက ဒီဗွီဘီကို ပြောပါတယ်။

တူဖြစ်သူခိုးယူလာသည့် မိန်းကလေးကို ဦးလေးက အဓမ္မပြုကျင့်

Photo: တူဖြစ်သူခိုးယူလာသည့် မိန်းကလေးကို ဦးလေးက အဓမ္မပြုကျင့်
**********************************************
11.6.2014
ရန်ကုန်၊ မဇ္ဈိမ။             ။ တိုက်ကြီးမြို့နယ်တွင် နေထိုင်သည့် အသက်(၂၂)နှစ်အရွယ် မိန်းကလေးတစ်ဦးက ၎င်း၏ရည်းစားဖြင့် ခိုးရာလိုက်ပြေးလာစဉ် ရည်းစားဖြစ်သူ၏ ဦးလေးက အဓမ္မပြုကျင့်သည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၈ ရက်၊ ည ၁၁ နာရီခွဲဝန်းကျင်က တိုက်ကြီးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်ပွားပုံမှာ အထက်ပါမိန်းကလေးသည် ၎င်း၏ရည်းစားဖြစ်သူ အုတ်လုပ်သား စိုးမင်းဦးနှင့် ခိုးရာလိုက်ပြေးလာပြီး တိုက်ကြီးမြို့နယ်၊ တိုးဂိတ်အနီးရှိ အောင်ပြည့်စုံစားသောက်ဆိုင်တွင် စိုးမင်းဦး၏ ဦးလေးဖြစ်သူ စန်းမင်းထွေး (၂၆)နှစ်နှင့် (၃)ယောက်အတူ စားသောက်နေခဲ့သည်ဟု ဆိုသည်။

၁၅ မိနစ်ခန့်အကြာတွင် စန်းမင်းထွေးက အိမ်ငှားပေးမည်ဟုဆိုကာ မိန်းကလေးကို ဆိုင်ကယ်ဖြင့် တင်ဆောင်သွားသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် တိုက်ကြီးမြို့နယ်၊ လသာကုန်းရွာ(ရန်ကုန်ဘက်သို့အထွက်) မြောင်းတံတားထိပ် လမ်းဘေးအရောက်တွင် အထက်ပါမိန်းကလေးကို ဆိုင်ကယ်ပေါ်မှ ဆင်းခိုင်းပြီး တွန်းလှဲကာ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ပြီး စားသောက်ဆိုင်တွင် ကျန်နေခဲ့သည့် တူတော်စပ်သူ စိုးမင်းဦးထံ ပြန်ပို့ပေးခဲ့ခြင်းဖြစ်သည်။

စားသောက်ဆိုင်သို့ ပြန်အရောက်တွင် ၎င်း၏ရည်းစားဖြစ်သူကို ပြောပြပြီး ဥပ္ပုံစုရပ်ကွက် ဆယ်အိမ်မှူးထံသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သူ စန်းမင်းထွေးကို အရေးယူပေးပါရန် အထက်ပါ မိန်းကလေး၏ တရားလိုပြု တိုင်တန်းချက်ကို တိုက်ကြီးမြို့မရဲစခန်းက(ပ)၂၁၁/၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး ပြစ်မှု ကျူးလွန်သူကို ဖမ်းစီးစစ်ဆေးလျှက်ရှိသည်။

Written by  ဖြိုးဝေလင်း
Mizzima - News in Burmese
ရန်ကုန်၊ မဇ္ဈိမ။ ။ တိုက်ကြီးမြို့နယ်တွင် နေထိုင်သည့် အသက်(၂၂)နှစ်အရွယ် မိန်းကလေးတစ်ဦးက ၎င်း၏ရည်းစားဖြင့် ခိုးရာလိုက်ပြေးလာစဉ် ရည်းစားဖြစ်သူ၏ ဦးလေးက အဓမ္မပြုကျင့်သည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၈ ရက်၊ ည ၁၁ နာရီခွဲဝန်းကျင်က တိုက်ကြီးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်ပွားပုံမှာ အထက်ပါမိန်းကလေးသည် ၎င်း၏ရည်းစားဖြစ်သူ အုတ်လုပ်သား စိုးမင်းဦးနှင့် ခိုးရာလိုက်ပြေးလာပြီး တိုက်ကြီးမြို့နယ်၊ တိုးဂိတ်အနီးရှိ အောင်ပြည့်စုံစားသောက်ဆိုင်တွင် စိုးမင်းဦး၏ ဦးလေးဖြစ်သူ စန်းမင်းထွေး (၂၆)နှစ်နှင့် (၃)ယောက်အတူ စားသောက်နေခဲ့သည်ဟု ဆိုသည်။

မဟာသန္တိသုခ ကျောင်း ဖြစ်ရပ်မှန်

Photo: မဟာသန္တိသုခ ကျောင်း ဖြစ်ရပ်မှန်
===================

မဟာသန္တိသုခ ကျောင်း ကို သာသနာရေး ဝန်ကြီး ဦးဆန်းဆင့် ဒုတိုင်းမှူး ဘဝမှာ ပန္နက်ချ ဆောက်ခဲ့ပြီး ကျပ်သိန်းပေါင်း သောင်းကျော် ကုန်ကျကာ ၁၉၉၉ မှာ ဖွင့်လှစ်တာဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ အိုးအိမ်၊ စည်ပင်ဌာနတွေ ပေါင်းပြီး သိန်းပေါင်း သောင်းနဲ့ချီ အကုန်ခံ ဆောက်ထားတာဖြစ်ပြီး နိုင်ငံတော် သံဃမဟာနာယက သို့ လှူတန်းကာ နိုင်ငံတော် အထင်ကရ သာသနာရေး ကျောင်းတိုက်အဖြစ် ဖွင့်လစ်ဖို့ ရည်ရွယ်ထားပါတယ်။ 

ဒါပေမယ့် နိုင်ငံခြားမှာ အနှစ် ၃၀ ကျော် သီတင်းသုံးခဲ့ပြီးမှ ပြန်လာတဲ့ ပီနန် ဆရာတော်ကြီး ကျောင်းပေါ်ရောက်လာချိန်မှာ ဆရာတော်မှ တရားအားမထုတ်ပဲ ကျောင်းပေါ်မှာ ပွဲလမ်းသဘင်များ လုပ်ခဲ့ခြင်းကြောင့် မဟာသန္တိသုခ ကျောင်း ရဲ့ ဂုဏ်ကျက်သရေတွေ ညိုးနွမ်းစေခဲ့ရပါတယ်။ ဆရာတော်ရဲ့ တပည့်များ လှူဒါန်းငွေက သိန်း ၉ဝဝ ကျော် ၁ဝဝဝ လောက်ပဲ ရှိခဲ့ပါတယ်။ 

သာသနာရေး ဝန်ကြီးဌာန နှင့် နိုင်ငံတော် သံဃနာယက ဝါတော်ကြီးမြတ်သော ဆရာတော်ကြီးများမှ နေရာဖယ်ခိုင်းချိန်မှာ ပီနန်ဆရာတော် ဦးပညာဝံသကက အစိုးရက သူ့ဆီမှာ ရေစက်ချဖူးတာကြောင့် သူပိုင်ဆိုင်ကြောင်း Myanmar Express ကို မိန့်ပါတယ်။ သူ့ကို အရင်လှူပြီးမှ ၂ဝဝ၂ ခုနှစ် ပီနံဆရာတော် နိုင်ငံခြား အပျော်ခရီးထွက်ချိန်မှာ အစိုးရက သံဃာ့ မဟာနာယက အဖွဲ့ကို ရေစက်ချ လှူဒါန်းတာ ဖြစ်တာကြောင့် နေရာဖယ်မပေးနိုင်ကြောင်း ဆရာတော်က ဆိုပါတယ်။

ကျောင်းကြီးကို ရေစက်ချ လှူဒါန်းတယ်ဆိုတာ သာသနာတော်ကို လှူတာသာ ဖြစ်ကြောင်း အဲဒီ အချိန်က သံဃာ့ မဟာနာယက ဥက္ကဋ္ဌ မကွေး ဆရာတော်ကြီးက မိန့်ပြီးသားဖြစ်တယ် လို့ သာသနာရေး ဝန်ကြီး ဦးဆန်းဆင့်က ဆိုပါတယ်။ ဒါကြောင့် သံဃာ့အရေး ကိစ္စတွေ ဆုံးဖြတ်ရာမှာ အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်ပြီး ဝါရင့် တန်ခိုးကြီး ဆရာတော်ကြီးများ၏ သြဝါဒအရ သာသနာရေးဝန်ကြီးဌာနက ဆရာတော်ကြီးကို မေလ ၃၁ရက် နောက်ဆုံးထားကာ ကျောင်းမှ ထွက်ခွာပေးရန် ထုတ်ပြန်ထားသော်လည်း ပီနန်ဆရာတော်မှာ မိမိထက် ဝါရင့် ဆရာတော်ကြီးများ စကားကို မထီမဲ့မြင် ပြုနေသဖြင့် ဖယ်ရှားလိုက်ခြင်းဖြစ်ပါတယ်။

ဖယ်ရှားခြင်း ဆိုသည်မှာလည်း ဆရာတော်များကို အတင်း အဓမ္မမောင်းထုတ်ခြင်းမဟုတ်ပဲ ကျောင်းအတွင်းမှ ဆရာတော်များကို ဇွန်လ ၁၁ရက် နံနက် ဝဝ နာရီ ၃ဝခန့်တွင် မှန်လုံကားကြီးများဖြင့် နိုင်ငံတော်ပရိယတ္တတက္ကသိုလ်သို့ ပင့်ဆောင်သွားသာဖြစ်ပါတယ်။  ရုတ်ရုတ်သဲသဲ မဖြစ်ရန် ညအချိန် စီစဉ်ခဲ့သော်လည်း ဆရာတော်က ဒကာ၊ ဒကာမများကို ဖုန်းဆက်ခေါ်ခဲ့ခြင်းကြောင်း အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရပါတယ်။  ဆရာတော်ဦး ပညာဝံသ သည် ပီနန်-စင်ကာပူကျောင်းတိုက် တွင် သီတင်းသုံးတာ များပြီး စင်္ကာပူကျောင်းရော၊ ရန်ကုန်ကျောင်းကိုပါ အပိုင်စီးလိုသူဖြစ်ပါတယ်။

http://www.myanmarexpress.net/2014/06/blog-post_11.html
-
မဟာသန္တိသုခ ကျောင်း ကို သာသနာရေး ဝန်ကြီး ဦးဆန်းဆင့် ဒုတိုင်းမှူး ဘဝမှာ ပန္နက်ချ ဆောက်ခဲ့ပြီး ကျပ်သိန်းပေါင်း သောင်းကျော် ကုန်ကျကာ ၁၉၉၉ မှာ ဖွင့်လှစ်တာဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ အိုးအိမ်၊ စည်ပင်ဌာနတွေ ပေါင်းပြီး သိန်းပေါင်း သောင်းနဲ့ချီ အကုန်ခံ ဆောက်ထားတာဖြစ်ပြီး နိုင်ငံတော် သံဃမဟာနာယက သို့ လှူတန်းကာ နိုင်ငံတော် အထင်ကရ သာသနာရေး ကျောင်းတိုက်အဖြစ် ဖွင့်လစ်ဖို့ ရည်ရွယ်ထားပါတယ်။ 

လှိုင်သာယာတွင် အုပ်စုဖွဲ့ရိုက်နှက်မှုကြောင့် လူသေဆုံးမှု ထပ်မံဖြစ်ပွား

အုပ်စုဖွဲ့ရိုက်နှက်ကာ ဓားဖြင့်ထိုးသဖြင့် အသက်(၂၀) ကျော်အရွယ် လူငယ်တစ်ဦး သေဆုံး ခဲ့သည့် ဖြစ်စဉ် တစ်ခု လှိုင်သာယာမြို့နယ်အတွင်း ထပ်မံဖြစ်ပွားခဲ့သည်ဟု လှိုင်သာယာမြို့နယ် ရဲစခန်းမှတာဝန်ကျ ရဲဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် မေလဒုတိယပတ်အတွင်းကလည်း လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ် ကယ်ရီမောင်းနှင်သူများ အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် အသက်လေးဆယ်ကျော် အမျိုးသားတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားပြီး တစ်လခန့်အကြာတွင် ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။

လကမ္ဘာကို ပျားရည်ဆမ်းခရီးထွက်မည်ဟု သရုပ်ဆောင် ချမ်းမီမီကို၏ခင်ပွန်း ဦးစိုးထွန်းရှိန် ပြော

Photo: လကမ္ဘာကို ပျားရည်ဆမ်းခရီးထွက်မည်ဟု သရုပ်ဆောင် ချမ်းမီမီကို၏ခင်ပွန်း ဦးစိုးထွန်းရှိန် ပြော
Wednesday, June 11, 2014

အသက် ၂၂ နှစ်ရှိ သရုပ်ဆောင် ချမ်းမီမီကို၏ခင်ပွန်းဖြစ်သူ အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သည့် အသက် ၄၅ နှစ်ရှိ ဦးစိုးထွန်းရှိန်က ၎င်းတို့၏ မင်္ဂလာပျားရည်ဆမ်းအဖြစ် လကမ္ဘာကိုသွားရောက်မည်ဟု ဇွန်လ ၉ ရက် ညနေ ၆ နာရီတွင် Sule Shangrila ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ၎င်းတို့၏ မင်္ဂလာဧည့်ခံပွဲနှင့် ညစာစားပွဲတွင် မီဒီယာများကို ပြောကြားလိုက်သည်။

“ကျွန်တော်တို့ရဲ့ ဟန်းနီးမွန်းခရီးစဉ်ကတော့ တစ်ယောက်ကို ဒေါ်လာ ၁၅ သန်း အကုန်ခံပြီး လကမ္ဘာကို သွားမယ်။ သွားချင်တာ မဟုတ်ဘူး၊ သွားကိုသွားမှာပါ” ဟု ၎င်းက ပြောသည်။ ၎င်းတို့ ဇနီးမောင်နှံသည် လကမ္ဘာကို သွားရောက်မည်ဆိုပါက မြန်မာနိုင်ငံတွင် ပထမဆုံးခရီးသည ဖြစ်လာမည် ဖြစ်သည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် အတွင်း မိုးထိမိုးမိဒေသရှိ ရွှေလုပ်ကွက်များကို လုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ယင်းကုမ္ပဏီသည် ရွှေလုပ်ကွက်များ လုပ်ကိုင် ခွင့်နှင့်ပတ်သက်ပြီး လုပ်သားများ၏ ဆန္ဒပြခြင်းများကိုခံခဲ့ရသည့် ကုမ္ပဏီဖြစ်သည်။

၎င်းတို့ဇနီးမောင်နှံသည် လကမ္ဘာကို သွားရောက်မည်ဆိုပါက ဒေါ်လာ ၁၅ သန်း (မြန်မာကျပ်ငွေ ၁၅ ဘီ လီယံခန့်) ကုန်ကျမည် ဖြစ်သည်။ဇွန်လ ၉ ရက်သည် သရုပ်ဆောင် ချမ်းမီမီကို၏ ၂၂ နှစ်ပြည့်မွေးနေ့ဖြစ် သည့်အတွက် ယင်းနေ့တွင် မင်္ဂလာပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ သရုပ်ဆောင် ချမ်းမီမီကို နှင့် ဦးစိုးထွန်း ရှိန်တို့၏ ချစ်သူသက်တမ်း သုံးနှစ်ခွဲတွင် မင်္ဂလာဆောင်ခဲ့ခြင်း ဖြစ်သည်။

“သူတို့က ပျားရည်ဆမ်းခရီးအနေနဲ့ လကမ္ဘာကိုသွားမယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ တိတိကျကျပြောလို့ မရသေးပါဘူး။ ဂျပန်နိုင်ငံကို သူတို့အရင်သွားမယ်။ ပြီးရင် ဘန်ကောက်၊ လန်ဒန်၊ သြစတြေးလျ၊ အမေရိ ကန်နဲ့ ရုရှနိုင်ငံတွေကို သွားမယ်။ (လကမ္ဘာ)ကိုသွားရင် အစားအသောက်ပိုင်းတွေ၊ စာရင်းသွင်းရတာတွေ ကအစ တန်းစီပြီး စောင့်ရပါတယ်” ဟု ယင်းမင်္ဂလာပွဲ၏ wedding planner အဖြစ် ဆောင်ရွက်ခဲ့သည့် နဒီစိုးက ပြောသည်။

၎င်းတို့စုံတွဲသည် လကမ္ဘာပျားရည်ဆမ်းခရီးတွင် ကုန်ကျမည့် ကုန်ကျစရိတ်သည် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၂၅ သန်း (မြန်မာကျပ်ငွေ ၂၅ ဘီလီယံ) ကုန်ကျမည် ဖြစ်သည်။ လက်ရှိအချိန်အထိ အာကာသ ခရီးသည် ကိုးဦးရှိပြီး ပထမဆုံးခရီးသည်သည် အမေရိကန်နိုင်ငံသား ဒန်းနစ်တီတို (Dennis Tito) ဆိုသူ ဖြစ်သည်။ ၎င်းသည် ၂၀၁၁ ခုနှစ် ဧပြီ ၂၈ ရက်မှ မေလ ၆ ရက်အထိ ရှစ်ရက်ကြာ သွားရောက်လည်ပတ် ခဲ့ပြီး အမေရိကန် ဒေါ်လာသန်း ၂၀ ကုန်ကျခဲ့သည်။

နောက်ဆုံးခရီးသည်ဖြစ်သည့် ကနေဒါနိုင်ငံသား ဂီလာလီဗယ်တေ (Guy Lali-berte) ဖြစ်ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ ၁၁ ရက်ကြာသွားရောက်ခဲ့ပြီး အမေရိကန် ဒေါ် လာ သန်း ၄၀ ကုန်ကျခဲ့သည်။

၁၀ ရက်မှ ရက်ပေါင်း ၆၀ ကြာ အာကာသခရီးစဉ်တစ်ခုအတွက် လက်ရှိ ပေါက်ဈေးမှာ ကန်ဒေါ်လာ ၂၆ ဒသမ ၂၅ သန်းမှ ၃၆ ဒသမ ၇၅ သန်း ကုန်ကျလိမ့် မည်ဟု အမေရိကန်နိုင်ငံ လားစ်ဗီးဂပ်စ် အခြေစိုက် Bigelow Aerospace ကုမ္ပဏီ၏ တရားဝင်သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယင်းခရီးစဉ်များကို ရုရှပြည်ထောင်စု အာကာသအေဂျင်စီ(Roscosmos)၊ ရုရှ အခြေစိုက် အာကာသယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်ရေးကုမ္ပဏီ RSC Energia နှင့် Space Adventures ကုမ္ပဏီတို့က စီစဉ်ခဲ့ခြင်း ဖြစ်သည်။ အာကာသအတွင်းသို့ ခရီးသည်များပို့ဆောင်ပေးခြင်းလုပ်ငန်းကို ရပ်တန့်လိုက်ပြီဟု ၂၀၁၀ပြည့် နှစ် မတ်လ အစောပိုင်းတွင် ကြေညာခဲ့သည်ဟု ရိုက်တာသတင်းတစ်ရပ်၌ ဖော်ပြထားသည်။

အာကာသခရီးစဉ်များကို ၂၀၁၃ ခုနှစ်တွင် ပြန်လည်စတင်မည်ဟု ရုရှနိုင်ငံမှ ကြေညာခဲ့သော်လည်း ယနေ့ အချိန်အထိ လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးဘဲ ၂၀၁၅ ခုနှစ်တွင်မှ စတင်နိုင်မည်ဟု ခန့် မှန်းထားသည်။ ယင်းခရီးစဉ်ကို သွားရောက်မည် ဆိုပါက ခြောက်လကြာ လေ့ကျင့်မှုသင်တန်းကို တက် ရောက်ရ မည်ဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်ကိစ္စများကိုလည်း ပြုလုပ်ရမည်ဖြစ်သည်။

ပုံစာအညွှန်း - ဇွန်လ ၉ ရက် Sule Shangrila ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် သရုပ်ဆောင် ချမ်းမီမီကိုနှင့် ဦးစိုးထွန်းရှိန်။ ဓာတ်ပုံ - လွင်မောင်မောင်

Mizzima
အသက် ၂၂ နှစ်ရှိ သရုပ်ဆောင် ချမ်းမီမီကို၏ခင်ပွန်းဖြစ်သူ အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သည့် အသက် ၄၅ နှစ်ရှိ ဦးစိုးထွန်းရှိန်က ၎င်းတို့၏ မင်္ဂလာပျားရည်ဆမ်းအဖြစ် လကမ္ဘာကိုသွားရောက်မည်ဟု ဇွန်လ ၉ ရက် ညနေ ၆ နာရီတွင် Sule Shangrila ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ၎င်းတို့၏ မင်္ဂလာဧည့်ခံပွဲနှင့် ညစာစားပွဲတွင် မီဒီယာများကို ပြောကြားလိုက်သည်။

မဟာသန္တိသုခ ကျောင်းတိုက်ပြဿနာ သာသနာရေးဝန်ကြီးဌာနက ယနေ့ရှင်းမည်

မဟာသန္တိသုခကျောင်းတိုက်ကို တိုင်းသံဃနာယက ဆရာတော်များ ဦးဆောင်၍ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အားတစ်ထောင်ခန့်ဖြင့် ဇွန်လ ၁၀ ရက် ည ၁၁ နာရီအချိန်တွင် ကျောင်းတိုက်ကို ၀င်ရောက်စီးနင်း၍ သံဃာတော်များအား ဖယ်ရှားပြီး ကျောင်းတိုက်ကို ချိတ်ပိတ်လိုက်သည်။

တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ အငြင်းပွားဖွယ်ဖြစ်နေသည့် ပီနန်ဆရာတော်ကြီးကျောင်းထိုင်သော မဟာသန္တိသုခကျောင်းတိုက်အား ချိတ်ပိတ်လိုက်ခြင်း ဖြစ်သည်။ အဆိုပါ ကျောင်းကို ဖယ်ရှားချိတ်ပိတ်ချိန်တွင် ပီနန်ဆရာတော်ကြီးသည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

မြန်မာ့ရုပ်ရှင်လုပ်ငန်း ၀င်းအတွင်း စွဲနေသော တောကြီးပျားအုံကို မီးသတ်တပ်ဖွဲ့ဖယ်ရှား

ဗဟန်းမြို့နယ် ရွှေတောင်ကြားရပ်ကွက်ရှိ မြန်မာ့ရုပ်ရှင်လုပ်ငန်းဝင်းအတွင်း အဆောက်အအုံတွင် စွဲနေသော တောကြီးပျားအုံကို မီးသတ်တပ်ဖွဲ့ဝင်များ ဖယ်ရှားနေစဉ် (ဓာတ်ပုံ − ကိုဇေ)
ဗဟန်းမြို့နယ် ရွှေ တောင်ကြားရပ်ကွက်၊ မြန်မာ့ရုပ် ရှင်လုပ်ငန်းဝင်းအတွင်းရှိ အ ဆောက်အအုံ တစ်ခုတွင် အုံဖွဲ့နေ သော သုံးပေပတ်လည် အရွယ် ရှိသည့် တောကြီးပျားအုံကို မြို့ နယ်မီး သတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁၃ ဦးဖြင့် သွားရောက်ရှင်းလင်းခဲ့ ရသည်။
‘‘ရုပ်ရှင်လုပ်ငန်းဝင်းထဲက လူတွေက အကြောင်းကြားလို့ ပိုး သတ်ဆေးနဲ့ သွားရှင်းတာ။ အ ကောင်ရေ ထောင်နဲ့ချီပြီး ရှိမယ် ထင်တယ်။ ပိုးသတ်ဆေးနဲ့ ဖျန်းလိုက်တော့ သေတဲ့ အကောင်တွေလည်းသေ၊ ပျံပြေးတဲ့ အကောင်တွေလည်း ပြေးပေါ့။ ရတဲ့အုံကိုတော့ လူကြီးတွေပြဖို့ တိုင်းရုံးကို ပို့ထားတယ်’’ဟု တောကြီးပျား အုံရှင်းလင်းရာတွင် ဦးဆောင်ခဲ့သည့် ဗဟန်းမြို့နယ် မီးသတ်တပ်ဖွဲ့ ဒုတိယဦးစီးမှူးအဆင့်ရှိ မီးသတ်အရာရှိတစ်ဦးကပြောသည်။

နယ်သာလန်နိုင်ငံက မြစ်ကြောင်းမှတစ်ဆင့် ရေအားလျှပ်စစ် ထုတ်နည်းပညာကူညီမည်

နယ်သာလန်က မြန်မာနိုင်ငံကို မြစ်ကြောင်းမှတစ်ဆင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့်အထိ ကူညီပေးသွားရန် စီစဉ်ထားကြောင်း နယ်သာလန်နိုင်ငံ၊ အခြေခံအဆောက်အအုံနှင့် ပတ်ဝန်းကျင်ရေးရာ ၀န်ကြီးဌာန၊ ၀န်ကြီး H.E.Ms.M.H.Sthul tz van Haeden-Maas Geesteramus မန္တလေး လာရောက် လေ့လာစဉ် ပြောကြားခဲ့သည်။

နယ်သာလန်သည်မြစ်ကြောင်း ထိန်းသိမ်းခြင်း၊ မြစ်ကြောင်းနှင့် ပတ်သက်သော ဗဟုသုတ များစွာရှိခြင်း ကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ပေးရန် စီစဉ်ခြင်းဖြစ်သည်။
 

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပြည်သူများ လေးနက်စွာပါဝင်မှ ပြည်တွင်းငြိမ်းချမ်းရေး ခိုင်မာမည်ဟု ဦးကိုကိုကြီးပြော


ရန်ကုန်၊ ဇွန် ၉ - နောင်ဆွေးနွေးမည့် ငြိမ်းချမ်းရေးဖြစ်စဉ်များ၊ ဆွေးနွေးပွဲ များတွင် ပြည်သူများ၏ အခန်းကဏ္ဍ လေးလေး နက်နက် ပါဝင်မှသာ ပြည် တွင်းငြိမ်းချမ်းရေးသည် အဓွန့်ရှည် ခိုင်မာမည်ဟု ၈၈မျိုးဆက်(ငြိမ်း/ပွင့်)မှ ဦးကိုကိုကြီးက ပြောသည်။

ဇွန်၉ရက်က စမ်းချောင်းမြို့နယ် ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်း တော်တွင်ကျင်းပသော ကချင်ဒေသ တစ်ကျော့ပြန်စစ် သုံးနှစ်ပြည့်ငြိမ်းချမ်း ရေးခေါ်သံအခမ်းအနားတွင် ကချင် စစ်ပွဲ သုံးနှစ်ပြည့်အမှတ်တရ စကား ပြောကြားစဉ် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

မောင်တောတွင် မသင်္ကာသူ နှစ်ဦးအား စစ်ဆေးရာ ထွက်ပြေး လွတ်မြောက် သွား သိမ်းဆည်းရ မိသော ဖုန်းအတွင်း ၌ RSO အဖွဲ့နှင့် ဆက်သွယ်ထားမှု ရှိမရှိ စစ်ဆေး လျက်ရှိ

မောင်တော၊ ဇွန် ၁၀- မောင်တော မြို့နယ်မြောက်ပိုင်း မကျည်းချောင်း အတွင်း မေ ၂၉ရက် နံနက် ၉နာရီ က ရေချိုးနေ သည့် မော်လဝီဖွေရိဒ် အာလောင်နှင့် ဇာဖောတို့နှစ်ဦးအား သတင်းအရ ခမောင်းဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ ရာ ၎င်းတို့နှစ်ဦးမှာ ထွက်ပြေးလွတ် မြောက်သွားကြောင်း သိရသည်။

ငြိမ်းချမ်းစွာစုဝေးခွင့် ဥပဒေ လွှတ်တော် ပြင်ဆင်အတည်ပြု

Photo: ငြိမ်းချမ်းစွာစုဝေးခွင့် ဥပဒေ လွှတ်တော် ပြင်ဆင်အတည်ပြု

ပြစ်မှုပြစ်ဒဏ်ပိုင်းကို လျှော့ပေါ့ထားတဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေမူကြမ်းကို   အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေကြမ်းဟာ လွှတ်တော် ၂ ရပ်စလုံးက အတည်ပြုလိုက်ပြီးဖြစ်တဲ့အတွက် ဥပဒေအဖြစ် အသက်ဝင်တော့မှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။

"ဒီပုဒ်မက ပြီးခဲ့တဲ့ လွှတ်တော်တုန်းက ပြင်ဆင်ချက်တွေကို အမျိုးသားလွှတ်တော်ကို ပြန်လည်ပေးပို့လိုက်ပြီ၊ အမျိုးသားလွှတ်တော်က အားလုံးသဘောတူပြီး ကျနော်တို့လွှတ်တော်ကို ပြန်လာတယ်၊ အမျိုးသားလွှတ်တော်က သဘောတူတဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကို တက်စရာမလိုတော့တဲ့အတွက် အတည်ပြုတဲ့ဥပဒေအဖြစ် သတ်မှတ်လိုက်တဲ့သဘောပေါ့၊ ထောင်ဒဏ်က ၃ လကနေ ချလအထိ ချနိုင်တဲ့သဘောရှိပါတယ်၊ ဒဏ်ငွေတော့ မပါတော့ပါဘူး"

ငြိမ်းချမ်းစွာ ဆန္ဒပြဖို့အတွက် သက်ဆိုင်ရာမြို့နယ်ရဲအရာရှိထံက ခွင့်ပြုချက်တောင်းခံရမယ်လို့  မူလဥပဒေမှာ ပြဌာန်းထားတာကို ဒီနေ့ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းမှာ အသိပေးအကြောင်းကြားဖို့အဖြစ် ပြင်ဆင်သတ်မှတ်ထားပါတယ်။ အရင်က ထောင်ဒဏ် တစ်နှစ်နဲ့ ဒဏ်ငွေ ကျပ်တစ်သောင်းအဖြစ် ပြစ်ဒဏ်သတ်မှတ်ထားတာကိုလည်း ထောင်ဒဏ် ၆ လသာ သတ်မှတ်ပြီး ငွေဒဏ်ကို ဖျက်သိမ်းလိုက်ပါတယ်။

အဲဒီဥပဒေကြမ်းကို နိုင်ငံတော်သမ္မတဆီတင်ပြပြီး ၁၄ ရက်အကြာမှာ ဥပဒေအဖြစ် အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။
ပြစ်မှုပြစ်ဒဏ်ပိုင်းကို လျှော့ပေါ့ထားတဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့က ဒီနေ့ အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေကြမ်းဟာ လွှတ်တော် ၂ ရပ်စလုံးက အတည်ပြုလိုက်ပြီးဖြစ်တဲ့အတွက် ဥပဒေအဖြစ် အသက် ၀င်တော့မှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။

နိုင်ငံတကာတွင် ဖွဲ့စည်းပုံကို လက်တွေ့ကျင့်သုံးပြီးမှ ပြင်ဆင်ဟု သမ္မတသတိပေး

လက်ရှိအချိန်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အတိုက်အခံနိုင်ငံရေးအင်အားစုများက ဆောင် ရွက်နေသော် လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတကာတွင်ဖွဲ့စည်းပုံအခြေခ
ံဥပဒေအပါအ၀င် ဥပဒေများသည် ကာလအတိုင်းအတာတစ်ခုထိ လက်တွေ့ကျင့်သုံးပြီးမှ အားသာချက်၊ အားနည်းချက်များကို အချိန်ယူလေ့လာသုံးသပ်ပြီး အမှားအယွင်းနည်းအောင် ပြင်ဆင်ဆောင်ရွက်လေ့ရှိ သည်ကိုတွေ့ရသည်ဟု သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။

မြန်မာနိုင်ငံကို ချမ်းသာကြွယ်ဝသည့် နိုင်ငံအဖြစ် မြင်လိုဟု တရုတ်ပြောကြား

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ချမ်းသာကြွယ်ဝသော နိုင်ငံ အဖြစ် မြင်တွေ့လိုကြောင်း တရုတ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး လျူကျင်းမင်က ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။

အာဆီယံ အပေါင်းတရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု လုပ်ထုံးလုပ်နည်း၊ အရှေ့အာဆီယံ (East ASEAN Summit) ထိပ်သီး အစည်းအဝေးနှင့် အာဆီယံဒေသတွင်းဆိုင်ရာဖိုရမ်တို့နှင့် စပ်လျဉ်းသော ထိပ်တန်းအရာရှိများနှင့်တွေ့ဆုံမေးမြန်းခန်းတွင် လျူက ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နီပေါနိုင်ငံသို့ လေးရက်ကြာသွားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ကော့မှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် သည် နီပေါနိုင်ငံဝန်ကြီးချုပ် (Mr.Sushil Koirala)၏ ဖိတ်ကြားချက်ဖြင့် နီပေါနိုင်ငံသို့ လေးရက်ကြာ သွားရောက်မည်ဟု အင်န်အယ်လ်ဒီအဖွဲ့ချုပ်ဥက္ကဋ္ဌရုံး၏ ဆက်သွယ်ရေးအရာရှိ ဦးမိုးဇော်ဦးက အတည်ပြုပြောကြားသည်။

မျိုးစောင့်ဥပဒေ မူကြမ်း ကန့်ကွက်သူ တချို့ ခြိမ်းခြောက်ခံရ

မျိုးစောင့်ဥပဒေ, အမျိုးဘာသာ သာသနာ, ၉၆၉, လူအခွင့် အရေး, အမျိုးသမီးများ အခွင့်အရေး
နိုင်ငံတွင်း ဖြစ်ပေါ်နေသည့် မျိုးစောင့်ဥပဒေ မူကြမ်းကို သဘောတူ ထောက်ခံခြင်း မရှိကြောင်း ကန့်ကွက် ခဲ့သူ တချို့ကို ၎င်း တို့၏ ဖေ့စ်ဘုတ် စာမျက်နှာများ၊ ဖုန်း၊ မက်ဆေ့ခ်ျများမှ တဆင့် ခြိမ်းခြောက်စာများ၊ သရော်စာများဖြင့် နှောင့်ယှက် ခြိမ်းခြောက် ခံနေရကြောင်း သိရသည်။
ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ မခွန်ဂျာက “မန္တလေးကို လာရဲရင် လာကြည့်လို့ ဖုန်းဆက်တယ်၊ အစကတော့ ဘာများပြော တာ မှားသွားသလဲလို့ ထင်တာ၊ နောက်တော့ ဖုန်းပိတ်လိုက်တယ်။ အမျိုးစောင့် ဥပဒေကြမ်းကို ကန့်ကွက်ပြီး ၂ ပတ် လောက် အကြာမှာ စပြီးတော့ အဲဒီလို စာတွေ၊ ဖုန်းတွေ ရောက်လာတာပဲ”ဟု ပြောသည်။

မဟာသန္တိသုခ ကျောင်းတိုက်အား တိုင်းသံဃနာယက ဆရာတော်များ အပါအ၀င် ရဲတပ်ဖွဲ့ဝင်များ၊ သာသနာရေး ၀န်ကြီးဌာန တာဝန်ရှိသူများ ညအချိန် ၀င်ရောက်စီးနင်း၍ ချိပ်ပိတ်

တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ ပီနန်ဆရာတော်ကြီး၏ မဟာသန္တိသုခ ကျောင်းတိုက်အား တိုင်းသံဃနာယက ဆရာတော်များ ဦးဆောင်၍ သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ ၀င်များ၊ သာသနာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တာဝန်စာတမ်းပါ လက်ပတ်အနီ ပတ်သူများ ပါဝင်၍ ဇွန် ၁၀ ရက် ည ၁၀ ခန့်မှ ၀င်ရောက် စီးနင်းခဲ့ကြောင်း သတင်းရရှိသည်။

မယ်စကြ၀ဠာပြိုင်ပွဲအတွက် ထိုင်းအလှမယ် Facebook ၌ ယင်လက်အစိုးရအဖွဲ့ကို ထောက်ခံသူများအား ကွပ်မျက်သင့်ဟု မှတ်ချက်ရေးမိသောကြောင့် သရဖူ စွန့်လွှတ်လိုက်ရ

မယ်စကြ၀ဠာပြိုင်ပွဲဝင်ရန် ထိုင်းအလှမယ်အဖြစ် ရွေးချယ်ခံထားရသည့် ၀ီလုရီဒိသာယာဘတ် (၂၂ နှစ်) သည် ဖြုတ်ချခံလိုက်ရသော ယင်လက်အစိုးရအဖွဲ့အား ထောက်ခံသူများကို ကွပ်မျက် သင့်ကြောင်း တောင်းဆိုခဲ့သည်ဟု လူမှုရေး မီဒီယာတစ်ခုတွင် ပျံ့နှံ့ခဲ့ပြီးနောက် ဇွန် ၉ ရက်တွင် ထိုင်းအလှမယ်သရဖူကို စွန့်လွှတ်လိုက်ကြောင်း သိရသည်။

မယ်စကြ၀ဠာပြိုင်ပွဲ၌ ထိုင်းနိုင်ငံကို ကိုယ်စားပြုကာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမည့် အခွင့်အရေးကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အွန်လိုင်းပေါ်မှ ဝေဖန်မှုများစွာတို့က သူ၏မိသားစုကို စိတ်ထိခိုက်စေသောကြောင့်ဖြစ်ကြောင်း ထိုင်းအလှမယ်က ပြောကြားခဲ့သည်။

သားအမိနှစ်ဦးကို ကားဖြင့် တိုက်ထွက်ပြေးသူကို အက်ရှင် ဇာတ်ကားဆန်ဆန် ဖမ်းဆီး

ဆိုင်ကယ်စီးလာသော သားအမိနှစ်ဦးကို ကားဖြင့်တိုက် ကာ ထွက်ပြေး သွားသော ကားကို နောက်မှ ကားနှင့် အမီလိုက်ကာ အက်ရှင်ကား ဆန်ဆန်ရှေ့တွင် ပိတ်ရပ်လိုက်ပြီး ဖမ်းဆီးပေးခဲ့ သည့်ဖြစ်ရပ်တစ်ခု ဇွန်လ ၉ ရက် ညက မန္တလေးမြို့တွင် ဖြစ်ပွားခဲ့ သည်။

ကောက်ရသော ကျပ်သိန်းကိုးဆယ် ပြန်အပ်သည့် ဆိုက်ကားနင်းသူအား ပြည်မြို့ခံများဂုဏ်ပြု

ဘဏ်မှထုတ်ယူပြီးမေ့ကျန် ခဲ့သော ကျပ်သိန်းကိုးဆယ်ကျော်ပါရှိသည့် ငွေထုပ်ကိုတွေ့ ရှိပြီး ပြန် လည်ပေးအပ်ခဲ့သူ အနှေးယာဉ် လုပ်သားဦးစန်းဝင်းအား ဂုဏ်ပြု သည့်အနေဖြင့် ပြည်မြို့ဒေသခံ များ စုပေါင်း၍ စာရိတ္တဂုဏ်ရည် ဆုချီးမြှင့်ခဲ့သည်။
 မြန်မာ့ စီးပွားရေးဘဏ်မှ ထုတ်ယူထားသော ကျပ်သိန်းကိုးဆယ်ခန့်ရှိ ငွေထုပ်ကောက် ရသည့်နေ့တွင် ငွေထုပ်တွင်ပါရှိ သည့် လိပ်စာအတိုင်း လိုက်ရှာ ပေးသော်လည်း မတွေ့သဖြင့် မြန် မာ့စီးပွားရေးဘဏ်မန်နေဂျာထံ ပြန်လည်အပ်နှံခဲ့ကြောင်း မေ့ ကျန်ခဲ့သူမှာRTCမှ ၀န်ထမ်းတစ် ဦးက လစာငွေများထုတ်လာခြင်း ဖြစ်ပြီး၎င်း၏ တစ်လစာငွေအား ကျေးဇူးဆပ်သည့်အနေဖြင့်

အိမ်ဖြူတော်မှ ထွက်ခွာခဲ့ချိန်တွင် မွဲပြာကျသွားခဲ့ဖူးကြောင်း ဟီလာရီကလင်တန် ဖွင့်ဟ

အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၏ ဇနီးသည် ဟီလာရီကလင်တန်က မိမိတို့ ဇနီးမောင်နှံသည် အိမ်ဖြူတော်မှ ထွက်ခွာခဲ့ချိန်တွင် လုံးဝမွဲပြာကျသည့် အခြေအနေမျိုးထိ ဆိုက်ရောက် သွားခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။
ဝှိုက်ဝါးတား အရေးနှင့် မော်နီကာ လီဝင်စကီး အရှုပ်တော်ပုံများကြောင့် ဥပဒေကြောင်းဆိုင်ရာ အကုန်အကျ အများအပြား ရှိခဲ့ပြီးနောက် ကလင်တန်၏ သမ္မတ ရာထူးသက်တမ်း ကုန်ဆုံးချိန်တွင် မိမိတို့ မိသားစု အလွန်ဆင်းရဲ ကျပ်တည်းသွားခဲ့ကြောင်း ဟီလာရီက ABCနှင့် အင်တာဗျူး အစီအစဉ်တွင် ထုတ်ဖော် ပြောဆိုသွားသည်။