Tuesday, November 17, 2015

ကလေးတွင် ရေဘေးအလွန် ပြန်လည်ထူထောင်ရေး ၅၀ရာခိုင်နှုန်းခန့် ပြီးစီးဟုဆို

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၅ခုနှစ်၊ ဇူလိုင်လက ဖြစ်ပွားခဲ့သောရေကြီးမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရာ လက်ရှိတွင် ကလေးမြို့၌ အိမ် ၅၀ရာခိုင်နှုန်းခန့် ပြန်ဆောက်ပေးပြီးပြီဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဦးစီး ဦးစဝီလီဖရန့်က မဇ္ဈိမကို ပြောသည်။

"ကလေးမှာ အိမ်အသစ်ဆောက်ပေးရမယ့် ၃၅၅ လုံးမှာ ၅၀ရာခိုင်နှုန်းလောက်ပြီးပါပြီ။ တမူးမှာကတော့ ၃၈၅လုံးမှာ ၄၀ရာခိုင်နှုန်းလောက်ပြီးသွားပါပြီ။ တစိတ်တပိုင်းပျက်စီးသွားတဲ့အိမ်တွေကိုတော့ လိုအပ်တဲ့ပစ္စည်းတွေ ပျက်စီးတဲ့အတိုင်းအတာအလိုက် ပေးဖို့လုပ်နေပါတယ်" ဟု တိုင်းဦးစီးဖြစ်သူ ဦးစဝီလီဖရန့်က ပြောသည်။

အိန္ဒိယရေကြီးမှု လူပေါင်း ၇၀ ကျော် သေဆုံးပြီဖြစ်



အိန္ဒိယနိုင်ငံ တောင်ပိုင်း ချန်နိုင်းမြို့တွင် မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ကာ လူပေါင်း ၇၀ ကျော် သေဆုံးပြီဖြစ်ကြောင်း မီဒီယာသတင်းများတွင် ဖော်ပြသည်။
အဓိကလမ်းမကြီးများမှာလည်း ရေလွှမ်းနေပြီး ရုံးများ၊ စာသင်ကျောင်းများ၊ ကောလိပ်များ မိုးကြီးခြင်းကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကတည်းက ပိတ်ထားရသည်။

ယခု မိုးသည်းထန်စွာရွာသွန်းမှုက သီရိလင်္ကာနိုင်ငံတွင်လည်း ကြုံတွေ့ပြီး လူပေါင်း ၈၀၀၀၀ ကျော်ထက်မနည်း မိုးကြီးမှုဒဏ်ကို ကြုံတွေ့နေသည်။

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေ၍ အိန္ဒိယတမီလ်နာဒူးပြည်နယ်နှင့် သီရိလင်္ကာတို့တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေခြင်းဖြစ်သည်။

တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် အီးယူ၏ ရဲများအကူအညီပေးရေးအဖွဲ့တွေ့ဆုံမှု လွှတ်တော်ကို အစီရင်ခံ

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီနှင့် Support to Reform of The Myanmar Police Force အဖွဲ့တို့ တွေ့ဆုံ၍ ရဲတပ်ဖွဲ့ တာဝန်ခံမှုဆိုင်ရာ ဥပဒေရေးဆွဲရေးအကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်း နိုဝင်ဘာ ၁၇ရက်က လွှတ်တော်သို့ အစီခံခဲ့သည်။

ဒေါ်အောင်ဆန်းဆုကြည်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ ပထမအကြိမ်၊ပြည်သူ့လွှတ်တော် (၁၃) ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြည်သူ့လွှတ်တော်သို့ အစီရင်ခံခဲ့ခြင်းဖြစ်သည်။

ကော်မတီသည် Support to Reform of The Myanmar Police Force အဖွဲ့ တွေ့ဆုံ၍ ဒီမိုကရေစီ ကူးပြောင်းရေးလုပ်ငန်းစဉ်တွင် ရဲနှင့်စစ်တပ်၏ အခန်းကဏ္ဍပြောင်းလဲခြင်းနှင့်လွှတ်တော်ဆိုင်ရာကြီးကြပ်ခြင်း၊ ရဲတပ်ဖွဲ့ တာဝန်ခံမှုဆိုင်ရာ ဥပဒေရေဆွဲခြင်း၊လွှတ်တော်ဆိုင်ရာကြီးကြပ်ခြင်းအား ပိုမိုကောင်းမွန်စေရန် စီမံချက် များကို အကောင်းအထည်ဖော်ခြင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ပြည်သူ့လွှတ်တော်သို့ အစီရင်ခံခဲ့သည်။

ဦးသိန်းစိန် လက်အောက်တွင်သာ နိုင်ငံတည်ငြိမ်နိုင်ဟု ဦးဝီရသူမိန့်

မြန်မာနိုင်ငံ၏ အခြေအနေမှာ သမ္မတဦးသိန်းစိန်လက်အောက်တွင်သာ တည်ငြိမ်မှုရှိလိမ့်မည်ဟု ရွေးကောက်ပွဲရလဒ်အပေါ် အံ့သြ စိတ်ပျက်သည့် ဦးဝီရသူက မိန့်ကြားသည်။

"မြန်မာနိုင်ငံက သမ္မတဦးသိန်းစိန်လက်အောက်မှာသာ တည်ငြိမ်မှုရှိပါလိမ့်မယ်။ သမ္မတဦးသိန်းစိန်ကပဲ ရခိုင်က မွတ်စလင်တွေကို ထိန်းနိုင်မှာဖြစ်ပါတယ်။"ဟု မစိုးရိမ်ကျောင်းတိုက်တွင် သည်နေးရှင်းက အင်တာဗျူးရာ၌ ဦးဝီရသူက မိန့်ကြားခဲ့သည်။ ဦးဝီရသူက အကြမ်းဖက်ပဋိပက္ခများကြောင့် သေကျေပျက်စီးမှုများ၊ နေရပ်ပြောင်းရွှေ့ရသူများ ထောင်ပေါင်းများစွာရှိခဲ့သည့် ရခိုင်ပြည်နယ်အခြေအနေကို ရည်ညွန်းကာ မိန့်ကြားခြင်းဖြစ်သည်။

ဦးဝီရသူနှင့်အတူ အမျိုးဘာသာစောင့်ရှောက်ရေးအသင်း မဘသအဖွဲ့တို့သည် လွှတ်တော်တွင် မွတ်စလင်အခွင့်အရေးအပေါ် တင်းကြပ်သည့် ဥပဒေများကို အတည်ဖြစ်ရန် တွန်းတိုက်လှုပ်ဆောင်ခဲ့သည်။ ရဟန်းဘဝဖြင့် ၂၈ နှစ် နေထိုင်ခဲ့သူ ဦးဝီရသူက ဘာသာရေးနှင့် ပတ်သက်ကာ ဝေဖန်မှုများ ရှိထားသော်လည်း ဗုဒ္ဓဘာသာတစ်ဦးအနေဖြင့် မွတ်စလင်များအတွက် ရန်လိုမုန်းထားစိတ်မရှိကြောင်း အခိုင်အမာဆိုသည်။

စမတ်ဖုန်းမရှိတဲ့ နေ့တစ်နေ့ ရဲ့ ကောင်းကျိုး ( ၅ ) သွယ်

လူမှု မီဒီယာ တွေဟာ ယနေ့ခေတ် လူနေမှု ဘ၀တွေကို အကြီးအကျယ် လွှမ်းမိုးထားပါတယ်။ လူတွေဟာ လူမှု မီဒီယာကို စွဲလန်းမှုကြောင့် နေ့စဉ် အချိန်နာရီတွေထဲမှာ စမတ်ဖုန်းသုံးစွဲချိန်ကို ပါ ထည့်သွင်းထားရပါတယ်။ အကယ်၍ ကျွန်ုပ်တို့သာ စမတ်ဖုန်းနဲ့ တစ်နေကုန် ဝေးကွာနေမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ။ ဒါကို Elite Daily ဆိုတဲ့ ၀က်ဘ်ဆိုက်က အခုလို အကောင်းမြင် ရှုထောင့်ကနေ ဖော်ပြပေးထားပါတယ်။
၁။ မနက်ပိုင်း ရုံး(သို့) ကျောင်းကို နာရီဝက်ခန့် နောက်ကျခြင်း ကင်းဝေးသွားမယ်
လူတွေဟာ မနက် အိပ်ရာနိုးတာနဲ့ ပထမဆုံးရှာဖွေတာ စမတ်ဖုန်းပါ။ အိပ်ရာကနိုးတာနဲ့ မျက်နှာမသစ်ခင်မှာပဲ ဖုန်းကို ဖွင့်ပြီး လူမှုမီဒီယာ နဲ့ အီးမေးလ်က အသိပေးမှု တွေဖတ်ရှုလေ့ရှိပါတယ်။ ဒါကြောင့် သင့်ထံ စမတ်ဖုန်းမရှိတော့တဲ့ နေ့ဆိုရင် မနက်ပိုင်းမှာ နာရီဝက်လောက် အချိန်ပိုထွက်လာပါလိမ့်မယ်။
၂။ လမ်းပေါ်မှာ (သို့) ဓါတ်လှေကားထဲမှာ တွေ့တဲ့လူတွေကို ဖော်ရွေစွာဆက်ဆံမိပါလိမ့်မယ်
အမှန် က သင်ဟာ မခင်တတ် မမင်တတ်တဲ့ လူတစ်ယောက်တော့မဟုတ်ပါဘူး။ အထိုက်အလျောက်တော့ ဖော်ရွေပါတယ်။ ဒါပေမယ့် အမြဲတမ်း စမတ်ဖုန်းနဲ့ မျက်လုံးနဲ့ မခွဲခွာတဲ့အတွက် လမ်းမှာ တွေ့နေကြ လူတွေကို သတိ မမူမိသလို ရယ်ပြ ၊ ပြုံးပြချင်းလည်း မဲ့နေပါလိမ့်မယ်။ ဖုန်းမရှိတဲ့ နေ့မှသာ သင့်ရဲ့ ဖော်ရွေမှုတွေကို သူတို့တွေ သိသွားမှာပါ။

ဒီချုပ် အမတ်များ ၀န်ကြီး၊ ဒုဝန်ကြီးဖြစ်ရေး စိတ်ကူးမယဉ်ကြရန် ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အစိုးရဖွဲ့သည့်အ ခါ ဒီချုပ်အမတ်များ ၀န်ကြီး၊ ဒုဝန်ကြီးများဖြစ်ရေး စိတ်ကူး မယဉ်ကြရန် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောသည်။
‘‘ပါတီက အစိုးရဖွဲ့တဲ့အခါ ၀န်ကြီး၊ ဒုဝန်ကြီးတွေဖြစ်ဖို့ စိတ်ကူးမယဉ်ကြပါနဲ့။ ဒါပဲပြောတာ’’ ဟု ဦးဝင်းထိန်က နိုဝင်ဘာ ၁၆ ရက် တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ရှိ ဒီချုပ်အမတ်များ တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်း ၌ပြုလုပ်သော အစည်းအဝေးနှင့် ပတ်သက်၍ မီဒီယာများအား ပြောကြားသည်။
ယင်းနှင့် ပတ်သက်၍ ဒီချုပ် လွှတ်တော်ကိုယ်စားလှယ်အချို့ထံ ဆက်သွယ်မေးမြန်းသော်လည်း မိမိတို့အား မီဒီယာများသို့ ဖြေကြားခြင်းမပြုရန် ညွှန်ကြားထား၍ မပြောကြားနိုင်ကြောင်း ၎င်းတို့ကပြောကြားသည်။
ပထမအကြိမ် ပြည်သူ့လွှတ် တော်(၁၃)ကြိမ်မြောက် အစည်းအ ဝေးပထမနေ့ (နိုဝင်ဘာ ၁၆ ရက်) ပြီးဆုံးသည့်အချိန်တွင် တရားဥ ပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီရုံးခန်း I-12 ၌ ဒီချုပ်ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်ဟု ဦးဝင်းထိန်က ဆိုသည်။

ရထားတွဲသစ် ၁၀၀ ၀ယ်ယူရေး၊ ဒလတံတားတည်ဆောက်ရေး ချေးငွေအတွက် မြန်မာ-ကိုရီးယားလက်မှတ်ရေးထိုး

မြန်မာ-ကိုရီးယား နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံနေစဉ်(ဓာတ်ပုံ-MOI)
ကိုးရီးယားနိုင်ငံစီးပွား ရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက် ရေးရန်ပုံငွေ(EDCF)ချေးငွေဖြင့် ဒလချစ်ကြည်ရေးတံတားတည် ဆောက်ရေးနှင့် လူစီးရထားတွဲ သစ် ၁၀၀ တစ်ဝယ်ယူရေးသဘော တူညီချက်ကို နိုဝင်ဘာ ၁၆ရက်က နေပြည်တော် KempinskiHotel တွင် ကိုရီးယားနှင့် မြန်မာလက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါသဘောတူညီချက် ကို မြန်မာနိုင်ငံဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် ကိုးရီးယားပို့ကုန် သွင်းကုန်ဘဏ်(Korea Exim Bank)တို့ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်နှင့် ဒလမြို့နယ်တို့ တွင် ရေလမ်းခရီးကိုသာ အသုံးပြု ကာ ကုန်စည်များပို့ဆောင်ဆက် သွယ်သွားလာနေရပြီး မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံ တားစီမံကိန်းအကောင်အထည် ဖော်ပြီးပါက ရန်ကုန်မြို့မှ အဝေး ပြေးလမ်းမကြီး အမှတ်(၁)ဖြင့် ချိတ်ဆက်နိုင်မည်ဖြစ်၍ ဒလမြို့ရှိ ဒေသခံများလူနေမှုမြင့်မားလာနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦး ကျော်လွင်ကပြောသည်။

စင်ကာပူနိုင်ငံ ငွေလဲကောင်တာအချို့တွင် မြန်မာကျပ်ငွေ စတင်လဲလှယ်ပေး

စင်ကာပူနိုင်ငံရှိ ငွေလဲ ကောင်တာအချို့တွင် မြန်မာငွေ များ လက်ခံလဲလှယ်ပေးနေပြီဖြစ် ကြောင်း သတင်းရရှိသည်။
စင်ကာပူနိုင်ငံ Yew Tee Square ရှိ Nanayam ငွေလဲဆိုင် နှင့် China Town ရှိ ငွေလဲကောင် တာအချို့တွင် မြန်မာငွေများ ကို နိုဝင်ဘာ ၁၄ ရက်မှ စတင်လဲ လှယ်ပေးနေခြင်းဖြစ်ကြောင်း စင်ကာပူရောက် မြန်မာများက ပြောသည်။
စင်ကာပူတွင် ယင်းသို့ မြန်မာငွေများ လက်ခံလဲလှယ် ပေးခြင်းသည် ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီအနိုင်ရရှိမှုကြောင့် ဖြစ်နိုင်ကြောင်းစင်ကာပူရောက် မြန်မာများက ပြောသည်။
‘‘ရက်ပိုင်းပဲ ရှိပါသေးတယ်။ တခြားဆိုင်တွေကို မေးကြည့်တဲ့ အခါ ဈေးဖွင့်ဖို့နဲ့ ၀ယ်လက်ကို ကြည့်နေကြတုန်းပါလို့ ပြောပါ တယ်။ မလေးဘက်က လာဖွင့် တဲ့ Money Changer အများစု ကတော့ စတင်လဲပေးနေပါပြီ။ မြန်မာအများစု စိုးရိမ်နေတာက တော့ သူတို့မြန်မာပြည်က ပြန် လာတဲ့အခါ ငွေဘယ်လောက်ပဲ သယ်ပါ၊ ယူပါဆိုတဲ့ စည်းကမ်း တွေ၊ ဥပဒေတွေ ထပ်တိုးလာမှာ ပဲလို့ ပြောနေကြပါတယ်’’ ဟု စင် ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော ကိုမြတ်သစ်က ပြောသည်။

ရွေးကောက်မခံရသည့် အမတ်များ ဒီမိုကရေစီနည်းမကျစွာ ဥပဒေပြုနိုင်ခွင့် နှစ်လကျော်ကြာ ရှိနေဆဲဖြစ်

ရွေးကောက်ပွဲတွင် မရှုမလှရှုံးနိမ့်ခဲ့သည့် စစ်တပ်ကျောထောက်နောက်ခံ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် နောက်ထပ်အချိန် နှစ်လခွဲကြာ လွှတ်တော်တွင်း လူများစုအဖြစ် ဥပဒေပြုနိုင်ခွင့် ရှိနေသေးဆဲဖြစ်ရာ လုပ်ငန်းကိစ္စရပ်များအပေါ် ခြယ်လှယ်ထားနိုင်စွမ်း ရှိနေဆဲဖြစ်သည်။
နိုဝင်ဘာ ၁၆ ရက်တွင် ပြန်လည်စတင်သည့် ယခုလွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအား နိုဝင်ဘာ ၈ ရွေးကောက်ပွဲက အပြတ်အသတ်ရှုံးနိမ့်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အင်အားအများစုဖြင့် ကြီးစိုးထားဆဲနိုင်ဆဲ လွှတ်တော်ဖြစ်နေသည်။
မျှတမှု မရှိဟန်ဖြစ်နေသည့် ယင်းအရေးအရာနှင့် ပတ်သက်ပြီး အပြုသဘောရှုမြင်သဘောထားနေလျက်ရှိကြသည့် အတိုက်အခံပါတီအမတ်များအတွက်မူ အရေးအရာထည့်စရာ ဖြစ်ရပ်တစ်ခုအဖြစ် သဘောထားမထားထားဘဲ ဥပက္ခောပြုထားနိုင်သည်ကိုလည်း တွေ့မြင်ရသည်။
"ကျွန်တော်တို့က အခက်အခဲပြဿနာတွေ များစွာနဲ့ ရင်ဆိုင်နေရတာပါ။ အခုပြဿနာကတော့ NLD ပါတီအတွက် သိပ်ပြီး ခေါင်းစားနေစရာ မရှိပါဘူး။"ဟု NLD မှ ဦးဝင်းထိန်းက ပြောခဲ့သည်။

ဒုတိယအကြိမ် လွှတ်တော်ခေါ်ယူကျင်းပ ဖွဲ့စည်းနိုင်သည်အထိ စီစဉ်ဆောင်ရွက်ပေးမည်ဟု သူရဦးရွှေမန်းပြော

ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် လွှတ်တော်များ ခေါ်ယူကျင်းပ ဖွဲ့စည်းနိုင်သည်အထိ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးမည်ဟု ပြည်ထောင်စု လွှတ်တ်ာနာယက သူရဦးရွှေမန်းက လွှတ်တော်ပြန်လည်စတင်သည့် နိုဝင်ဘာ ၁၆ရက်က ပြည်ထောင်စုလွှတ်တော်တွင် နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ ထည့်သွင်းပြောလိုက်သည်။

ဖွဲ့စည်းပုံ အခြေခံဥပေဒအရ ပထမအကြိမ် လွှတ်တော်သက်တမ်းသည် ၂၀၁၆ခုနှစ်၊ ဇန်န၀ါရီလ(၃၁) ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။ လက်ရှိ ပထမအကြိမ် ကျင်းပနေသည့် လွှတ်တော်သက်တမ်းသည် (၂)လသာ ကျန်ရှိတော့သည်။

“ကျွန်တော့်အနေနဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် လွှတ်တော်များ ခေါ်ယူဖွဲ့စည်း အချိန်အထိ ဆောင်ရွက်ပေးဖို့ရှိတဲ့ ကိစ္စရပ်များကို သက်ဆိုင်ရာ ဥပဒေ၊နည်းဥပဒေများနှင့်အညီ စနစ်တကျ အစီအစဉ်ရှိရှိ ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"ဟု သူရ ဦးရွှေမန်းက ပြောသည်။

အစိုးရအပြောင်းအလဲရှိသော်လည်း ရန်ကုန်စတော့အိတ်ချိန်းကို စီစဉ်ထားသည့်အတိုင်း ဖွင့်လှစ်သွားမည်

လာမည့်မတ်လ အစိုးရသက်တမ်းမပြီးဆုံးခင် ဒီဇင်ဘာ ၉ ရက်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည့် မြန်မာနိုင်ငံ နိုင်ငံ၏ ပထမဆုံးစတော့ဈေးကွက်ဖြစ်သည့် ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်ကို အစီအစဉ်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မည်သည့်အစိုးရပင် တက်တက် နိုင်ငံတွင် လိုအပ်နေသည့် စတော့ဈေးကွက်က အမှန်တကယ်ရှိရမည်ဖြစ်၍ နိုင်ငံ၏ ပထမဆုံးဖြစ်သော စတော့ဈေးကွက်ဖွင့်လှစ်ရေးကို ဆက်လက်လုပ်ဆောင် သွားရမည်သာဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမာင်မောင်သိမ်းက ပြောသည်။

ကုမ္ပဏီ ငါးခု၊ခြောက်ခု၏ စတော့ရှယ်ယာရောင်းဝယ်ကုန်သွယ်မှုများဖြင့် စကာ မြန်မာစတော့အိတ်ချိန်းကို ဖွင့်လှစ်သွားနိုင်မည်မျှော်လင့်ကြောင်း၊ ဖွင့်ပွဲအခမ်းအနားတွင် ဖွင့်လှစ်ခွင့်ရမည့် ကုမ္ပဏီများအား ကြေညာပေးသွားမည်ဖြစ်သကဲ့သို့ ရှယ်ယာများရောင်းချနိုင်မည့် နေ့ရက်ကိုလည်း ကြေညာသွားမည်ဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။