Friday, January 10, 2014

လေ့ကျင့်ခန်းလုပ်ပြီး ရေချိုးခြင်း၏ အစွမ်း

 လေ့ကျင့်ခန်းတွေ လုပ်ပြီးတိုင်း ရေ ချိုးတာဟာ ခန္ဓာကိုယ်ကို သန့်ရှင်းစေရုံ သာမက ကိုယ်အလေးချိန် ကိုပါ ကျစေ ပါတယ်။ စိတ်ဖိစီးမှုကို လျော့ကျတဲ့ အ ပြင် ကိုယ်ခံအား ကောင်းစေတာကြောင့် အားကစား လုပ်သူတွေ အတွက် ရေချိုး တာရဲ့ အကျိုးကို ဖော်ပြလိုက် ရပါတယ်။

မန္တလေးတိုင်း ဒေသကြီးတွင် လူသတ်မှုတစ်ရှိန်ထိုး မြင့်တက်

မန္တလေးတိုင်း ဒေသကြီးအတွင်း လူသတ်မှု ဖြစ်ပွားမှုကို ၂၀၀၉ ခုနှစ်မှစ၍ ၂၀၁၃ အထိ နှိုင်းယှဉ် ပါက ဖြစ်ပွားသည့် အရေအတွက်မှာ တစ်ရှိန်ထိုး မြင့်တက်လာကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှတ်တမ်းများအရ သိရသည်။

တပ်မတော်သား ကိုယ်စားလှယ်အဖြစ် အမျိုးသမီး ၂ ဦး ပထမဆုံး ခန့်အပ်


ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးကို တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် အစားထိုး ခန့်အပ်လိုက်ပါတယ်။

ရေကျော်ဈေး ဖျက်နေခြင်းအား ကန့်ကွက်သည့်အနေဖြင့် အလုပ်လုပ်ရင်း ဆန္ဒထုတ်ဖော်မည်

Photo: ရေကျော်ဈေး ဖျက်နေခြင်းအား ကန့်ကွက်သည့်အနေဖြင့် အလုပ်လုပ်ရင်း ဆန္ဒထုတ်ဖော်မည် 
Friday, January 10, 2014

ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရေကျော်ဈေးအား အဆင့်မြင့် ဈေးစတင် တည်ဆောက်ရန် ဈေးဟောင်း ဖျက်နေခြင်းအား ဈေးသည်၂၇ဦးမှ ဖျက်နေသည့် နေရာတွင်ပင် အလုပ်လုပ် ရင်းဖြင့် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ဈေးသည်၂၇ဦးက တစ်ညီတညွတ်တည်း ပြောကြားသည်။

ဆိုင်ခန်းအဌားသမားများအား ပုဇွန်တောင်ဈေးတွင် ပြောင်းရွှေ့ နေရာချထားပေးခြင်းကို မလိုချင်သောကြောင့် ပြောင်းရွှေ့ခစရိတ်အဖြစ် ဆိုင် ခန်းတစ်ခန်းလျှင် ကျပ်ဆယ့်ငါးသိန်းပေးရန် တောင်းဆိုထားပြီး မရရှိပါက ရရှိသည်အထိ ယင်းနေရာတွင်ပင် အလုပ်လုပ်ရင်းဖြင့် ငြိမ်း ချမ်းစွာ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ရေကျော်ဈေး(ဃ)ရုံတွင် တစ်ဆင့်ဌားရမ်းကာ စက်ချုပ်လုပ်ငန်း လုပ်ကိုင်နေသူ ဦးကျော်ဆင့်က ပြော ကြားသည်။

“ကျွန်တော်တို့ ဆိုင်ဌားတွေက အခွန်ခြောက်မျိုး ဆောင်ရတယ်။ ဒီမှာရောင်းတာလည်း နှစ်တွေကြာနေပြီ။ သူတို့ ပြန်ပေးတာက ဘယ်သူမှ အလုပ်မဖြစ်တဲ့ နေရာကြီးဖြစ်နေတယ်။ သူတို့ပေးတဲ့ နေရာလည်း မပြောင်းနိုင်ဘူး။ ဒါကြောင့်တခြားနေရာကို ပြောင်းဖို့အတွက် ဆိုင်ခန်း တစ် ခန်းကို ဆယ့်ငါးသိန်း မရမချင်းတောင်း ဆိုမယ်။ တောင်းဆိုနေချိန်မှာတော့ သူတို့ ရိုက်လည်းခံမယ်။ သတ်လည်း ခံကြမယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ရေကျော်ဈေးတွင် ဆိုင်ခန်းပေါင်း၂၇၂ခန်းရှိသည့်အနက် ဆိုင်ခန်းဌားရမ်းရောင်းချသူ ၃၃ဦးခန့်ရှိပြီး ဈေးရုံသုံးရုံအား ဖျက်သိမ်းရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှဆိုင်ခန်း၉၃ခန်းအား ယာယီဆောက်လုပ်ပေးခဲ့ပြီး မရရှိသောဆိုင်ပိုင်ရှင်များအား အတွင်း ပိုင်းမှ ဆိုင်ခန်းများ အတွက် ကျပ်နှစ်သောင်းနှင့် အပြင်မှဆိုင်ခန်းများအတွက် သုံးသောင်းအထိ နှစ်နှစ်စာပေးကြောင်း ဈေးသူဈေးသားများက ပြောကြားသည်။

အဆင့်မြင့်ဈေးတည်ဆောက်ရန် ဈေးရုံဖျက်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆိုင်ခန်းပိုင်ရှင်များနှင့် ညှို့နှိုင်းထားပြီး ၂၀၁၃ခုနှစ် ဒီဇင်ဘာလအတွင်းက နှစ်ကြိမ်တိတိ ဆိုင်ခန်းများ အား ပြောင်းရွှေ့ပေးရန် အသိပေးခဲ့ပြီးဖြစ်ကြောင်း ပုဇွန်တောင် မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဌာနစုမှူး ဒေါ်မာမာမင်းက ပြောကြားသည်။

“ခုဈေးသူဈေးသားတွေ တောင်းဆိုတာတွေကို တာဝန်ရှိသူတွေကို တင်ပြပေးမယ်။ ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာတော့ အပေါ်ကပဲ ဆုံးဖြတ်ပါ လိမ့်မယ်။ လောလောဆယ်တော့ ဖျက်သိမ်းတာကို ရပ် ထားမှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဆိုင်ခန်းအဌားသမားများ တောင်းဆိုချက် မရရှိပါက အလုပ်လုပ်ရင်း ဆန္ဒဖော်ထုတ်ကြမည့်အပြင် နိုင်ငံတော်သမ္မတရုံး၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ရုံးတို့အပြင် လွှတ်တော် ကိုယ်စားလှယ် အသီးသီးတို့သို့ တင်ပြတောင်း ဆိုသွားမည်ဖြစ်ကြောင်း တဆင့်ဌားရမ်း ရောင်းချနေ သော ဈေးသည်၂၇ဦးက တစ်ညီတညွတ်တည်း ပြောကြားသည်။

ရေးသားသူ- သက်သက်မိုးသူ၊ မျိုးပပစန်း
တည်းဖြတ်- ဂျူးဂျူးလှိုင်
People power
ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရေကျော်ဈေးအား အဆင့်မြင့် ဈေးစတင် တည်ဆောက်ရန် ဈေးဟောင်း ဖျက်နေခြင်းအား ဈေးသည်၂၇ဦးမှ ဖျက်နေသည့် နေရာတွင်ပင် အလုပ်လုပ် ရင်းဖြင့် ဆန္ဒထုတ်ဖော် မည်ဖြစ်ကြောင်း ဈေးသည်၂၇ဦးက တစ်ညီတညွတ်တည်း ပြောကြား သည်။

တပ်မတော်သာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ စည်းရုံးဟောပြောရေးအတွက် စစ်ကိုင်းတိုင်း ကလေးမြို့ကို ရောက် ရှိနေေ သာ ဒေါ်အောင်ဆန်းစုကြည်သည် ကလေးမြို့ အားကစားကွင်းတွင် ဇန်နဝါရီ ၁၀ရက် နံနက် ၁၀နာရီခန့်တွင် ကလေးမြို့ ဘောလုံးကွင်းတွင် ဟောပြောရာ ပြည်သူသည် တပ်မတော်၏ အစေခံမဖြစ်ရ၊ တပ်မတော် သည်သာ ပြည်သူ့ အစေခံဖြစ်ရမည်ဟု ပြောကြားသွားသည်ဟု ထိုနေရာတွင် ရောက်ရှိနေသော မဇ္ဈိမအယ်ဒီတာက သတင်းပေးပို့သည်။

စိတ်ကြွဆေးပြားသိန်းလေးဆယ်ဖိုးဖမ်းဆီးရမိ

လားရှိုးမြို့ရှိ မူးယစ်တပ်ဖွဲ့စု(၂၄)မှ တပ်ဖွဲ့ဝင်များသည် ဟိုပိတ် အေးရှားဝေါလ်တိုးဂိတ်တွင် ဆိုင်ကယ်ဖြင့် မူးယစ်ဆေးဝါများ သယ်ဆောင်လာသူများကို ဇန်န၀ါရီ ၉ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပျဉ်းမနား ကုတင်(၂၀၀)ဆေးရုံမှ မမှားသင့်သော အမှားတစ်ခု

Photo: ပျဉ်းမနား ကုတင်(၂၀၀)ဆေးရုံမှ မမှားသင့်သော အမှားတစ်ခု
====================

တပ်ကုန်းမြို့ မယင်းကြီးကျေးရွာတွင်နေ
ထိုင်သော မိခင်လောင်း မခင်မျိုးနွယ်သည်
ကိုယ်ဝန်ဆောင်ချိန်(၃၂)ပတ်ရှိသောအခါပျဉ်းမနားကုတင် ၂၀၀ ဆေးရုံသို့ မိမိလွယ်ထားသော ကိုယ်ဝန်အား သွားရောက်၍ ပြသ အပ်နှံခဲ့သည် တာဝန်ကျဆရာဝန်၏ညွှန်ကြားချက်အတိုင်းဓာတ်ခွဲခန်းမှာ သွေးစစ်ပါသည်။သွေးစစ်ချက် အဖြေတွင် HIV ပိုးရှိသတဲ့။ဒါ့ကြောင့် HIV ကာကွယ်ဆေး သောက်ခိုင်းတယ်။7.1.2014ရက်နေ့တွင်ဆေး ၃ကြိမ်သောက်ခဲ့သည်။ဆေးသောက်ပြီးချိန်မှစ၍ မနေနိုင် မထိုင်နိုင်အောင် ဗိုက်နာလာပါသည်။အဲ့ဒါနဲ့ 8.1.2014 AM9:00 တွင်ဆေးရုံ ပို့လိုက်ရသည်။ဆေးရုံရောက်လျှင် ကူးစက်ရောဂါအခန်းတွင် ထားသည်။ယင်းအခန်း၌ပင် တာဝန်ကျ ဆရာမက ၎င်းဆေးအား မဖြစ်မနေသောက်ရမည်ဆိုကာ သူ့ရှေ့တွင်သောက်ခိုင်းသည်။မိခင်လောင်းကလည်း မိမိနှင့်ရင်သွေးလေး ဘဝဆုံးရှုံးပါပြီ မိသားစုနှင့်မကြာခင်ခွဲခွါရတော့မည် ဆွေမျိုးအသိုင်းအဝန်းများကြား မျက်နှာမပြဝံ့ဟု တွေးတောငိုကြွေးနေသည်ကိုအဒေါ်ဖြစ်သူက သိရှိသွားတော့သည်။သို့နှင့်အဒေါ်ဖြစ်သူက မခင်မျိုးနွယ်၏ခင်ပွန်း ကိုနိုင်လင်းအား ဘို အထူးကုဆေးခန်းတွင် HIV ပိုးရှိ/မရှိ စစ်ဆေးရာ ပိုးမရှိကြောင်း အဖြေစာရွက်ရရှိခဲ့သည်။ယင်းအဖြေအား တာဝန်ကျဆရာမထံပြသခဲ့ရာ ခင်ပွန်းမှာ မရှိလည်း မိန်းမမှာ ရှိတတ်တယ်လို့ပြောသည်။တဖန် အဒေါ်ဖြစ်သူက မိခင်လောင်းအား ဘို အထူးကုဆေးခန်းတွင် သွားရောက်စစ်ဆေးရာ HIV ပိုးမရှိကြောင်း အဖြေထွက်ခဲ့သည်။အဖြေစာရွက်အား ဆရာဝန်ထံပြခဲ့သည်။တာဝန်ကျဆရာမက အဒေါ်ဖြစ်သူအား အဲ့လောက်တတ်နေလျှင် ဆေးရုံကို လာမနေနဲ့လို့ ပြစ်တင်ပြောဆိုခဲ့သည်။ေ ဆးရုံအုပ်ကြီးလာမှ ပြန်စစ်ပေးမည်ဟု ပြောကာ ပြန်ထွက်သွားခဲ့သည်။8.1.2014pm 1:00 ခန့်တွင် ဆေးရုံအုပ်ကြီးမှ ခင်ပွန်းသည်အားခေါ်ကာ သားကြောဖြတ်ရန် ဆွေးနွေးခဲ့သည်။ခင်ပွန်းဖြစ်သူက မိမိတွင် HIV ပိုးမရှိ၍သားကြောမဖြတ်နိုင်ကြောင်း ပြန်လည်စစ်ဆေးပေးစေလိုကြောင်းတောင်းပန်ခဲ့သည်။သို့နှင့်ဆေးရုံတွင် ပြန်စစ်ရာ ခင်ပွန်းနှင့်တကွမိခင်လောင်းတွင်ပါ HIV ပိုးမရှိကြောင်း အဖြေထွက်ခဲ့သည်။ဆေးရုံအုပ်ကြီးမှ ဓာတ်ခွဲခန်းတာဝန်ကျဆရာအားမေးမြန်းရာ သက်တမ်းလွန်(expire date)ဆေးသုံးခဲ့မိသည့်အတွက် အဖြေမှားယွင်းခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။မိခင်လောင်းသို့လည်းဓာတ်ခွဲခန်းတာဝန်ကျ ဆရာက မိမိတို့ဖက်မှမှားယွင်းကြောင်း ပေါ့ပေါ့လေး ပြောခဲ့သည်။စာရေးသူ၏ဆန္ဒမှာ ဒီလိုအ
မှားမျိုးသည် မည်သူ့ကိုမျှ မနစ်နာစေလိုပါ။ကာယကံရှင်မိသားစုအတွက် မိုးကြိုးအပစ်ခံရသည့်အဖြစ်ထက် အဆပေါင်းများစွာ ခံစားရမည်ထင်ပါသည်။နောက်နောင် ဒီအဖြစ်မျိုးတွေ ဘယ်သူ့ကိုမှ မကြုံစေချင်လို့ပါ

REF: KO TOO 
တပ်ကုန်းမြို့ မယင်းကြီးကျေးရွာတွင်နေထိုင်သော မိခင်လောင်း မခင်မျိုးနွယ်သည် ကိုယ်ဝန်ဆောင်ချိန် (၃၂)ပတ် ရှိသောအခါပျဉ်းမနားကုတင် ၂၀၀ ဆေးရုံသို့ မိမိလွယ်ထားသော ကိုယ်ဝန်အား သွားရောက် ၍ ပြသ အပ်နှံခဲ့သည် တာဝန်ကျဆရာဝန်၏ညွှန်ကြားချက်အတိုင်းဓာတ်ခွဲခန်း မှာ သွေးစစ် ပါသည်။သွေး စစ်ချက် အဖြေတွင် HIV ပိုးရှိသတဲ့။

ဆိပ်ကမ်းရောက် မော်တော်ယာဉ် ကိုယ်တိုင် ထုတ်ယူသည့်စနစ်သို့ ပြောင်းလဲ

ဆိပ်ကမ်းရောက် မော်တော်ယာဉ်များတွင် ပစ္စည်းများ ပျောက်ဆုံး၊ ပျက်စီးခြင်းများ ဖြစ်ပေါ်ခြင်းကြောင့် ဆိပ်ကမ်း ဝန်ထမ်းများက မော်တော်ယာဉ် လိုက်လံ ထုတ်ပေးခြင်းအစား ဇန်နဝါရီလ ပထမပတ် အတွင်းမှ စ၍ မော်တော်ယာဉ်ပိုင်ရှင် (သို့မဟုတ်) ကိုယ်စားလှယ်များ ကိုယ်တိုင် ထုတ်ယူသည့်စနစ် သို့ ပြောင်းလဲ လိုက်ပြီ ဖြစ်ကြောင်း သီလဝါ စက်မှုဆိပ်ကမ်း တာဝန်ခံ ဦးအောင်နိုင်က ပြောကြားသည်။

ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်လမ်းကြောင်း ထုတ်ပြန်ကြေညာ


နိုင်ငံပေါင်း ၄ဝကျော်မှ ပြိုင်ပွဲဝင် ၂၄ဝဝ ကျော် ပါဝင်ယှဉ်ပြိုင်မည့် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြေးပွဲကို ဇန်နဝါရီ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲ ပွဲစဉ်နှစ်ခု ဖြစ်သော ၄၂ ကီလိုမီတာနှင့် ၂၁ ကီလိုမီတာတို့၏ လမ်းကြောင်းများကို ဇန်နဝါရီ ၆ ရက်က ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော် မတီမှ သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက် အရသိရသည်။

ရှောက်ရည် သောက်ခြင်း၏ အကျိုးကျေးဇူးများ

Photo: ရှောက်ရည် သောက်ခြင်း၏ အကျိုးကျေးဇူးများ
=========================

ရှောက်ရည်မှာ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ပါဝင်ပြီး ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိကြောင့် နှစ်ပေါင်းများစွာ ကတည်းကပင် အသုံးပြု ခဲ့ကြပါတယ်။

ရှောက်ရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး တွေကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်။

(၁)ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း

(၂)အစာခြေရန် ကူညီနိုင်ခြင်း

(၃)အာရုံစူးစိုက်မှု ကောင်းမွန်နိုင်ခြင်း

(၄)အသည်းနှင့် ကျောက်ကပ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၅)အစာစားချင်စိတ်ကို ချိုးနှိမ်ပေးခြင်း

(၆)နှလုံးအလုပ်မလုပ်နိုင် မဖြစ်အောင် ကာကွယ်ပေးခြင်း

(၇)အနာကျက်မြန်စေခြင်း

(၈)ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၉)ရောဂါပိုးကို တွန်းလှန်နိုင်ခြင်း

(၁၀)အအေးမိနှင့် ချောင်းဆိုးဝေဒနာ သက်သာစေခြင်း

(၁၁)ရင်ကျပ်ပန်းနာ သက်သာစေခြင်း

(၁၂)ပျို့ခြင်း၊ အန်ခြင်းနှင့် ကားမူးခြင်းကို ကာကွယ်ပေးခြင်း

(၁၃)အရိုးနှင့်သက်ဆိုင်သော ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း

(၁၄)ဝက်ခြံ၊ မှည့်ခြောက်နှင့် အမည်းစက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၁၅)ဆံပင်သန်မာစေခြင်း

ဒေါက်တာ ခင်မိုးမိုး 
 ရှောက်ရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပြီး ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိကြော င့် နှစ်ပေါင်း များစွာ ကတည်းကပင် အသုံးပြု ခဲ့ကြပါတယ်။

ရန်ကုန်တွင် လေထုအရည်အသွေး တိုင်းတာနိုင်မည့်စက် တပ်ရန်စီစဉ်

မြန်မာနိုင်ငံ၏ လေထု အရည်အသွေးကို တိုင်းတာနိုင်ရန် ရန်ကုန်တွင် အဆိုပါစက်ကို အမေရိကန် အခြေစိုက် အမျိုးသားအာကာသနှင့် လေကြောင်းဦးစီးဌာန (NASA) ကတပ်ဆင်နိုင်ရန် စီစဉ်လျက် ရှိကြောင်း အဆိုပါစက်ကို တပ်ဆင်ပေးမည့် Cooperative Institute for Meteorological Satellite Studies (CIMSS) မှ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ ဦးမင်းမင်းဦးက ပြောကြားသည်။

ရေပူရေအေးစက်တွင် ရေသောက်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၃)ရပ်ကွက် ဗိုလ်မှူး ဗထူးလမ်း ရှိ နေအိမ် တစ်လုံးတွင် ဇန်နဝါရီ ၈ ရက်နေ့ ည ၁၁ နာရီခန့်က အသက် ၂၂ အရွယ် လေအေးပေးစက်ပြင် အလုပ်သမား တစ်ဦးက ရေပူရေ အေးစက်တွင် ရေသောက်ရာမှ ဓာတ်လိုက် သေဆုံးခဲ့ကြောင်း အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်က The Voice သို့ ပြောကြားသည်။

တရုတ်-မြန်မာဓာတ်ငွေ့ပိုက်လိုင်း၏ ဒေသဖွံ့ ဖြိုးရေးလျှပ်စစ်မီးလင်း

တရုတ်-မြန်မာပိုက်လိုင်းစီမံ ကိန်း၏ဒေသဖွံ့ဖြိုးရေးအစီအစဉ် အရ နွားထိုးကြီးမြို့နယ်ထနောင်း ပင်လဲကျေးရွာ ကို (၂၄)နာရီ လျှပ်စစ်မီးလင်းရန် (၁၁) ကေဗွီဓာတ် အားလိုင်း (၂)မိုင် ကိုအောင်ကောင်း ကျော် ကုမ္ပဏီကဆွဲနေရာ ယခုအခါ ရွာအရောက်လျှပ်စစ်လိုင်းကြိုးဆွဲ နိုင်ပြီဟု ကျေးရွာ အုပ်ချုပ်ရေးမှူး က ပြောသည်။

အဖျားရောဂါနဲ့ ဓာတ်စာ

 
ကိုယ်အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ် သို့မဟုတ် ၉၈ ဒသမ ၆ ဒီဂရီ ဖာရင်ဟိုက်ထက်ပိုရင် အဖျားတက်ခြင်း လို့ သတ်မှတ်ပါတယ်။

နယ်မြေရှင်းလင်းရေးလုပ်နေသော အစိုးရတပ်အား RCSS/SSA အဖွဲ့မှ ချုံခိုတိုက်ခိုက်

Photo: နယ်မြေရှင်းလင်းရေးလုပ်နေသော အစိုးရတပ်အား RCSS/SSA အဖွဲ့မှ ချုံခိုတိုက်ခိုက်

၁၀.၁.၂၀၁၄

ရှမ်းပြည်နယ်၊ မိုင်းနောင်မြို့နယ်ခွဲ၊ နမ့်မောင်းကျေးရွာနှင့် ၀မ်ဆင်းကျေးရွာကြားတွင် နယ်မြေရှင်းလင်းရေး လုပ်နေသော အစိုးရတပ်အား ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA အဖွဲ့မှ မနေ့က မနက် ၁၁ နာရီခန့်တွင် ချုံခိုတိုက်ခိုက်မှုကြောင့် အစိုးရတပ်ဘက်မှ တစ်ဦးကျဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

`` ရွာနဲ့မဝေးတော့ သေနတ်သံတွေကြားတယ်၊ အစိုးရတပ်ကတော့ ဒီဝမ်ဆင်းနဲ့ နမ့်မောင်းရွာကြားမှာ အမြဲတမ်း သွားလာနေတာပါ၊ ရှမ်းပြည်တောင်ပိုင်းတပ်က ချောင်းပစ်တယ်လို့တော့ ပြောသံကြားတယ်၊ ငြိမ်းချမ်းရေး ယူထားတော့ ဒီနယ်မြေမှာ အေးအေးချမ်းချမ်းဖြစ်နေတာ ကြာပါပြီ၊ ဘယ်လိုပြန်ဖြစ်တာလဲတော့ မသိဘူး´´ လို့ ၀မ်ဆင်း ရွာသား အိုက်ပု က ပြောကြားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား ဆက်သွယ်မေးမြန်းကြည့်ရာ ဦးစီးအရာရှိတစ်ဦးက `` နယ်မြေ ရှင်းလင်းရေး ပုံမှန်လုပ်နေတဲ့ ကျွန်တော်တို့တပ်ကို ရှမ်းပြည်တောင်ပိုင်းတပ်က ချုံခိုတိုက်ခဲ့တာ မှန်ပါတယ်၊ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့ဖြစ်တဲ့အတွက် ကျွန်တော်တို့တပ်တွေကို အဲဒီလို လုပ်လိမ့်မယ်လို့ထင်မထားပါဘူး၊ ကျွန်တော်တို့ဘက်ကစပြီး ပစ်ခတ်တာမျိုးတွေ မလုပ်ပါဘူး´´ လို့ ဖြေကြားခဲ့ပါတယ်။

``ပြီးခဲ့တဲ့ သုံးလေးလက ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေ ဘိန်းခင်းတွေဖျက်ကြတယ်၊ နယ်မြေမအေးချမ်းသေး တော့ အစိုးရတပ်က လုံခြုံရေးလိုက်ပေးတယ်၊ မိုင်းကိုင်ဘက်ကိုသွားတုန်းက ရှမ်းပြည်တောင်ပိုင်းတပ်က မိုင်းခွဲ ပြီး ချုံခိုတိုက်လို့ ကျွန်တော်တို့ အသက်အန္တရာယ်စိုးရိမ်ခဲ့ရတယ်၊ လုံခြုံရေးလိုက်ပေးတဲ့ အစိုးရတပ်က ကာကွယ်ပေးလို့ ဘာမှမဖြစ်ခဲ့တာ၊ အခုလည်း ရှမ်းပြည်တောင်ပိုင်းတပ်က အစိုးရတပ်ကို ချုံခိုတိုက်တယ်ဆိုတာ သေချာပါတယ်၊ ဘိန်းခွန်ကောက်၊ ဘိန်းစိုက်၊ ဘိန်းချက်ပြီး စီးပွားဖြစ်နေတဲ့ ရှမ်းပြည်တောင်ပိုင်းတပ်က နယ်မြေ ရှင်းလင်းရေး လုပ်နေတဲ့ အစိုးရတပ်ကို နှောင့်ယှက်တဲ့သဘောပါ ´´ လို့ မိုင်းနောင်မြို့ခံ ဌာနဆိုင်ရာ အရာရှိတစ်ဦးက ပြောပါ တယ်။

ခိုလန်မြို့ရှိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA ဆက်ဆံရေး ရုံးသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းကြည့်ရာ ဖုန်းခေါ်မရသဖြင့် ပြန်လည်ပြောကြားချက် မရရှိခဲ့ပါ။

နမ့်မောင်းရွာသားတစ်ဦးက `` ပြီးခဲ့တဲ့လက ကျွန်တော်တို့ ရွာသားတွေကို ရှမ်းနှစ်သစ်ကူးပွဲတော် တက်ရမယ် ဆိုပြီး ရှမ်းပြည်တောင်ပိုင်းတပ်က လာခေါ်တယ်၊ လိုက်တဲ့ရွာသားတွေအတွက် ခရီးစရိတ်ကိုလည်း ရွာကခံရတယ်၊ အချို့ဆိုရင် ခုထိရွာပြန်မလာကြသေးဘူး၊ အချို့ရွာတွေက နယ်မြေခံအစိုးရတပ်ကို သွားပြီး အကူအညီ တောင်းကြတယ်၊ ရွာပတ်ဝန်းကျင်မှာ အစိုးရတပ်တွေက လုံခြုံရေးလာယူပေးလို့ ရှမ်းပြည်တောင်ပိုင်းတပ်က ရွာသားတွေကို ခေါ်လို့မရတော့ဘူး၊ မနေ့က အစိုးရတပ်ကို ရှမ်းပြည်တောင်ပိုင်းတပ်က ချုံခိုတိုက်တယ်ကြားတယ်၊ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို စိုးရိမ် နေကြတယ်´´ လို့ ဆိုပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးရန် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဇန်န၀ါရီနောက်ဆုံးပတ်တွင် ဘားအံမြို့၌ တွေ့ဆုံဆွေးနွေးမည် ဖြစ်ရာ RCSS/SSA အဖွဲ့မှ အစိုးရတပ်များအား ချုံခိုတိုက်ခိုက်မှုများ ရှိနေဆဲဖြစ်၍ ငြိမ်းချမ်းရေးကို မေးခွန်းထုတ် စရာဖြစ်နေကြောင်း လဲချားမြို့ခံ အလွတ်သတင်းထောက်တစ်ဦးက ပြောကြားသွားခဲ့ပါတယ်။

စိုင်းအောင်ခမ်း

Photo-Internet 
ရှမ်းပြည်နယ်၊ မိုင်းနောင်မြို့နယ်ခွဲ၊ နမ့်မောင်းကျေးရွာနှင့် ၀မ်ဆင်းကျေးရွာကြားတွင် နယ်မြေရှင်းလင်းရေး လုပ်နေသော အစိုးရတပ်အား ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (တောင် ပိုင်း) RCSS/SSA အဖွဲ့မှ မနေ့က မနက် ၁၁ နာရီခန့်တွင် ချုံခိုတိုက်ခိုက်မှုကြောင့် အစိုးရတပ်ဘက်မှ တစ်ဦးကျဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လ၀က တံဆိပ်အတုဖြင့် ထိုင်းသို့ ၀င်သည့် မြန်မာနိုင်ငံသား ၄၀ ပြန်လွှဲအပ်

နိုင်ငံကူးလက်မှတ်၌ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန(လ၀က) တံဆိပ်အတုဖြင့် ရောက်ရှိလာသည့် မြန်မာအလုပ်သများ ၄၀ ကို ဇန်န၀ါရီ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံမှ ပြန်လည် လွှဲအပ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။

ဖုန်းခေါ်ဆိုရခက်ခဲသည့်နေရာများရှိပါက ၁၈၇၆ သို့အကြောင်းကြားနိုင်

ရန်ကုန်တိုင်းအတွင်း မိုဘိုင်းစက်ပစ္စည်းများ လဲလှယ်တပ်ဆင်ခြင်း၊ စက်ချိန်ညှိခြင်း၊ တိုင်းတာစမ်းသပ် ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေသောကြောင့် ပြည်သူများအနေဖြင့် မိုဘိုင်းဖုန်းဆက်သွယ်ပြောဆိုမှု အခက်အခဲများဖြစ်ပေါ်နေပါက ယင်းနေရာ၊ နေ့ရက်နှင့်အချိန်များကို Call Center ဖုန်းနံပါတ် - ၁၈၇၆ သို့ ဆက်သွယ်ပြောဆိုနိုင်ကြောင်း သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၏ ဇန်န၀ါရီ ၉ ရက်ထုတ်ပြန်ချက်အရသိရသည်။

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးနေသည့်ကြားမှ ဆက်လက်ဆောက်လုပ်နေထိုင်နေ

Photo: လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးနေသည့်ကြားမှ ဆက်လက်ဆောက်လုပ်နေထိုင်နေ
Friday, January 10, 2014

လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးကြေညာချက်ထုတ်ပြန်ခြင်း၊ အမှုဖွင့်အရေးယူခြင်းများ ပြုလုပ်ထားသော်လည်း ဆက်လက် ဆောက်လုပ်နေထိုင်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်နှင့် ရွှေလင်ပန်းချောင်းအနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်ခန့်မှာ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းက စတင်ဝင်ရောက်ပြီး တဲထိုးနေထိုင်ကြခြင်းဖြစ်ကာ ယင်းကဲ့သို့ နေထိုင်မှုကြောင့် မူလနေထိုင်သူများနှင့် အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့ပြီး တာဝန်ရှိသူများကလည်း လုံခြုံရေးရယူခဲ့ကြောင်း သိရသည်။

အလားတူဖြစ်စဉ်ကဲ့သို့ပင် လှိုင်သာယာ တွံတေးလမ်းမကြီးနံဘေးရှိ ကျေးရွာများနှင့် ပန်းလှိုင်တံတားအဆင်း တွံတေးမြို့နယ်ဘက်ခြမ်းတွင်လည်း ဒီဇင်ဘာလ တတိယပတ်အတွင်းက ကျူးကျော်တဲ စုစုပေါင်း ၁၂၀၀ ခန့် တဲထိုးနေထိုင်မှုများရှိနေပြီး ယင်းကဲ့သို့ တဲထိုး နေထိုင်မှုကြောင့် လှိုင်သာယာ-တွံတေးလမ်းမနံဘေးရှိ တမာတကော၊ ပဒံရေကျော်၊ ခလောက်သိုက်စသည့် ကျေးရွာများမှ ရွာသားများနှင့် ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့သည်။ ထို့ပြင် ယင်းကျေးရွာများမှ ရွာသားများက ကျူးကျော်တဲ ဆောက်လုပ် နေထိုင်သူများကြောင့် မိမိတို့၏ဘ၀လုံခြုံရေး စိုးရိမ်ရသည့်အတွက် ဇန်န၀ါရီ ၃ ရက်က ဆန္ဒပြခဲ့ကြသည်။

လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုးက“ကျွန်တော်တို့ကတော့ ကြေညာတယ်။ ဒီနေရာဟာ မြေလွတ်မြေရိုင်းမဟုတ်ဘူး။ အိုးအိမ်ပိုင်ဖြစ်တယ်လို့။ ဒါပေမဲ့ သူတို့ဘက်က ဆက်ပြီး တဲတွေထိုးနေတယ်။ အိုးအိမ်ပိုင်မြေကွက်ဖြစ်လို့ အိုးအိမ်က ဥပဒေအရ တရားစွဲချင်စွဲပါလိမ့်မယ်။ လက်ရှိတော့ တရားစွဲထားတာ မရှိသေးပါဘူး” ဟု ဇန်န ၀ါရီ ၉ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ထို့ပြင် တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က လက်ရှိအချိန်တွင် ကျူးကျော်တဲများကို ဖယ်ရှားရန် အစီအစဉ်မရှိသေးကြောင်းနှင့် ယင်းကိစ္စကို တောင်ပိုင်းခရိုင်နှင့် တိုင်းအဆင့်အထိ တင်ပြထားကြောင်း၊ လက်ရှိတွင် ကျူးကျော်များဆောက်လုပ်ထားသော နေရာသည် ဆောက်လုပ်ရေးအပိုင်နှင့် ပုဂ္ဂလိကပိုင်များ ဖြစ်သောကြောင့် ဆောက်လုပ်ရေးလမ်းမကြီးများ ဥပဒေနှင့် ပိုင်နက်ကျူးကျော်မှု၊ အကျိုးစီးပွားပျက်စီးစေမှုများဖြင့် ဦးဆောင်သူများကို အမှုဖွင့်ထားကြောင်း The Daily Eleven သို့ ပြောကြားသည်။

Eleven Media Group

ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲများကိုတွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)
ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲများကိုတွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)
လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန်အနီးရှိ ကျူးကျော်တဲ ၂၀၀၀ ကျော်နှင့် ပန်းလှိုင်တံတားအဆင်း တွံတေးဘက်ခြမ်းရှိ ကျူးကျော်တဲ ၁၂၀၀ ခန့်မှာ သက်ဆိုင်ရာက သတိပေးကြေညာချက်ထုတ်ပြန်ခြင်း၊ အမှုဖွင့်အရေးယူခြင်းများ ပြုလုပ်ထားသော်လည်း ဆက်လက် ဆောက်လုပ်နေထိုင်ခြင်းများ ပြုလု ပ်နေကြော င်း သိရသည်။

မန္တလေးအမှိုက်ပုံမှ လျှပ်စစ်ထုတ်ယူရန် မန်းစည်ပင်နှင့် ထိုင်းကုမ္ပဏီ ပူးပေါင်းမည်

မန္တလေးမြို့တွင် အမှိုက်မှ လျှပ်စစ်ဓာတ်အား ၁၄ ဒသမ ၈ မဂ္ဂါဝပ်ထုတ်နိုင်မည့် စက်ရုံကို မန္တလေးမြို့ တော်စည်ပင်နှင့် ထိုင်းနိုင်ငံ Organic Group Thailand ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းထုတ်လုပ်သွား မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာန ဌာနစုမှူး ဦးမင်း အောင်ဖြိုးက ပြောသည်။

အလှမယ် အသတ်ခံရခြင်းကြောင့် ဗင်နီဇွဲလားတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်လာ

Photo: အလှမယ် အသတ်ခံရခြင်းကြောင့် ဗင်နီဇွဲလားတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်လာ
Friday, January 10, 2014

ဗင်နီဇွဲလား အလှမယ်ဟောင်း မော်နီကာ စပီးယားသည် ခင်ပွန်းဟောင်း ဗြိတိန်နိုင်ငံသား သောမတ်စ်ဟင်နရီ ဘယ်ရီနှင့်အတူ အဝေးပြေး ကားလမ်းပေါ်တွင် ဓားပြများ၏ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရသည်။

ဗင်နီဇွဲလား နိုင်ငံတွင် နိုင်ငံကိုယ်စားပြု အလှမယ်ဟောင်း အသတ်ခံရမှုနှင့် စပ်လျဉ်းပြီး ဆန္ဒပြမှုများ ဖြစ်ပေါ်လာကြောင်း သိရသည်။ ဗင်နီဇွဲလား အလှမယ်ဟောင်း မော်နီကာ စပီးယားသည် ခင်ပွန်းဟောင်း ဗြိတိန်နိုင်ငံသား သောမတ်စ်ဟင်နရီ ဘယ်ရီနှင့်အတူ အဝေးပြေး ကားလမ်းပေါ်တွင် ဓားပြများ၏ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရသည်။ အသက်(၂၉)နှစ်ရှိ မော်နီကာတွင် (၅)နှစ်အရွယ် သမီးလေး ကျန်နေခဲ့သည်။ အပန်းဖြေ ခရီးမှ မြို့တော်သို့အပြန် အဝေးပြေးလမ်းပေါ်တွင် မော်နီကာ အသတ်ခံရခြင်းက ဗင်နီဇွဲလား နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးမှု အားနည်းချက်ကို ထင်ရှားစွာ ပေါ်လွင်သွားစေခဲ့သည်။

ယခင်ကတည်းက အဝေးပြေးလမ်းပေါ်တွင် လူသတ်၊ ဓားပြတိုက်မှုများ ဖြစ်ပေါ်နေရာ မော်နီကာ သေဆုံးသည့် အခါတွင်မူ ပြည်သူအများ၏ ဒေါသတကြီး အုံကြွ ဆန္ဒပြလာခြင်း ဖြစ်သည်။ သမ္မတ နစ်ကိုလက်စ် မာဒူရိုသည် ယင်းဖြစ်စဉ်နှင့် စပ်လျဉ်းပြီး အစိုးရအဖွဲ့ အရေးပေါ် အစည်းအဝေးတစ်ရပ်ကို ချက်ချင်း ခေါ်ယူခဲ့ရသည်။ ပြဇာတ် မင်းသမီး တစ်ဦးအဖြစ်လည်း လူသိများသော မော်နီကာအတွက် တရားမျှတမှုကို ရှာဖွေပေးရန် ကာရာကက်စ်မြို့တော် လမ်းမများပေါ်တွင် ရာနှင့်ချီသော ဆန္ဒပြသူများက စုရုံးတောင်းဆိုခဲ့ကြသည်။ မော်နီကာ၏ ဖြစ်ရပ်သည် ကမ္ဘာပေါ်တွင် လူသိအများဆုံး လူသတ်မှုတစ်ခုသဖွယ်လည်း ဖြစ်လာသည်။

ဗင်နီဇွဲလားသည် ရေနံဖြင့် ချမ်းသာကြွယ်ဝသည့် နိုင်ငံတစ်ခု ဖြစ်သော်လည်း တရားဥပဒေ စိုးမိုးမှု အပိုင်းတွင် အားနည်းချက်များစွာ ရှိနေသည်။ ဗင်နီဇွဲလား၌ ဖြစ်ပွားသော လူသတ်မှု (၁၀)မှုတွင် (၉)မှုသည် လက်သည်မပေါ်ဘဲ အစပျောက်သွားလေ့ရှိသည်။ ရဲတပ်ဖွဲ့သည် မော်နီကာ အသတ်ခံရမှုတွင် မသင်္ကာသူ (၅)ဦးကို ထိန်းသိမ်းထားပြီး ယင်းတို့အနက် အချို့သည် အသက်(၁၈)နှစ်အောက် အရွယ်သာ ရှိသေးကြောင်းလည်း သိရှိရသည်။

Planet Myanmar Network
ဗင်နီဇွဲလား အလှမယ်ဟောင်း မော်နီကာ စပီးယားသည် ခင်ပွန်းဟောင်း ဗြိတိန်နိုင်ငံသား သောမတ်စ် ဟင်နရီ ဘယ်ရီနှင့်အတူ အဝေးပြေး ကားလမ်းပေါ်တွင် ဓားပြများ၏ ပစ်ခတ်သတ်ဖြတ်မှုကို ခံခဲ့ရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြား

Photo: ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြား
Friday, January 10, 2014

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဇန်န၀ါရီ ၉ ရက်တွင် ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် မြောင်းမြခရိုင်၊ လပွတ္တာခရိုင်တွင်းရှိ ပြည်သူများ၊ မြို့မိမြို့ဖများ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ မြောင်းမြမြို့ နောင်ရိုးအားကစားခန်းမ၌ ဇန်န၀ါရီ ၉ ရက် နံနက် ၉ နာရီ၌ တွေ့ဆုံဆွေးနွေးရာတွင် ၎င်းကထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းက လွှတ်တော်တွင်း ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေပုံများနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ယခင်အစိုးရ လက်ထက်က ထောက်ခံခဲ့သည်မှာ ဖွဲ့စည်းပုံတွင် ပါတီစုံ ဒီမိုကရေစီစနစ် အကောင်ထည်ဖော်ရေး လမ်းညွှန်နှင့် ဈေးကွက်စီးပွားရေးစနစ် အကောင်ထည်ဖော်မည့် အကြောင်းများ ထည့်သွင်းရေးဆွဲ ထားသောကြောင့် နိုင်ငံအကျိုး မျှော်မှန်းကာ ထောက်ခံခဲ့ကြောင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲစ နိုင်ငံတစ်ခုတွင် လိုအပ်သော ဥပဒေများကို ပြုပြင်ပြောင်းလဲ သွားရမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူကြိုက်ကြိုက် မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည်ဖြစ်ပြီး ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် ဥပဒေများကိုမူ ကာကွယ်စောင့်ရှောက် ရမည်ဖြစ်ကြောင်း၊ ထည့်သွင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသော မြောင်းမြ၊ အိမ်မဲ၊ ၀ါးခယ်မ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းမြို့များမှ မြို့နယ်ထောက်ကူပြု ကော်မတီဝင်များက မြို့နယ်များအလိုက် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

တွေ့ဆုံပွဲ အစီအစဉ် အပိုင်းနှစ်အရ သူရဦးရွှေမန်းက ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် သီးသန့်တံခါးပိတ် ဆွေးနွေးခဲ့ပြီး မီဒီယာများကို ၀င်ရောက်သတင်းရယူခွင့် ပိတ်ပင်ခဲ့သော်လည်း ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီးချုပ်နှင့် အခြားတာဝန်ရှိသူများ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ မြို့နယ်အထောက်ကူပြု ကော်မတီဝင်များ၊ ခရိုင်မြို့နယ် အသီးသီးမှ အုပ်ချုပ်ရေးမှူးများကို တက်ရောက်ခွင့် ပြုခဲ့ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် သီးသန့်တံခါးပိတ် ဆွေးနွေးမှုနှင့် ပတ်သက်ပြီး မြောင်းမြမြို့နယ် ဒေသခံတစ်ဦးက “ပါတီဝင်တွေပဲ တွေ့ဆုံပွဲမို့လို့ တံခါးပိတ်ဆွေးနွေးပြီး မီဒီယာတွေကို အ၀င်မခံတာ လက်ခံပါတယ်။ ဒါပေမဲ့ မြို့နယ်ခရိုင် အုပ်ချုပ်ရေးမှူးတွေကလည်း ပါတီဝင်တွေပဲလား၊ သူတို့ကို ဘာလို့ ၀င်ခွင့်ပြုတာလဲ၊ ဥပဒေအရ ၀န်ထမ်းတွေက ပါတီဝင် မဟုတ်ရဘူးလို့ ဆိုထားပြီး ဘာလို့ပါတီဝင်တွေပဲ သီးသန့်ဆွေးနွေးတာမှာ ပါရတာလဲ၊ ပြီးတော့ နောင်ရိုးခန်းမဆိုတာ ပါတီတစ်ခုခုအတွက် အသုံးမပြုရလို့ သတ်မှတ်ထားတာလေ၊ ဘာကြောင့် အသုံးပြုခွင့်ရလဲ ဆိုတာကို နားမလည်ဘူး။ ဒီလိုမျိုး ပြုလုပ်နေမှုတွေဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွက် ဘယ်လိုယုံကြည်ရမလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်” ဟု ဆိုသည်။

Eleven Media Group

ဇန်န၀ါရီ ၉ ရက်က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း မြောင်းမြခရိုင်/လပွတ္တာခရိုင်မှ ဒေသခံများနှင့် တွေ့ဆုံစဉ်
ဇန်န၀ါရီ ၉ ရက်က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း မြောင်းမြခရိုင်/လပွတ္တာခရိုင်မှ ဒေသခံများနှင့် တွေ့ဆုံစဉ်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဇန်န၀ါရီ ၉ ရက်တွင် ပြောကြားသည်။

အထက်မြန်မာပြည် သံဃာထုညီလာခံတွင် မျိုးစောင့်ဥပဒေ ဆွေးနွေးမည်ဟု ဦးဝီရသူ မိန့်ကြား

ဇန်န၀ါရီ ၁၅ ရက်တွင် မန္တလေး၌ ကျင်းပမည့် သံဃာအပါး ၅,၀၀၀ ကျော် သံဃာညီလာခံတွင် မျိုးစောင့် ဥပဒေနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု အဆိုပါညီလာခံ ဦးဆောင်ကျင်းပသူ မစိုးရိမ် တိုက်သစ်ဆရာတော် ဦးဝီရသူက မဇ္ဈိမသို့ မိန့်ကြားသည်။

တိုင်းရင်းသားပေါင်းစုံတွေ့ဆုံပွဲ ပြုလုပ်ရန် တောင်ကြီးတက္ကသိုလ်အတွင်း လက်ကမ်းစာစောင်ဝေခြင်း ပါမောက္ခချုပ် တားမြစ်

တောင်ကြီး၊ မဇ္ဈိမ။ ။ တောင်ကြီးတွင် ပြုလုပ်ရန် စီစဉ်ထားသည့် တိုင်းရင်းသားပေါင်းစုံညီအစ်ကို မောင်နှမများ တွေ့ဆုံပွဲ အတွက် တောင်ကြီး တက္ကသိုလ်အတွင်း လက်ကမ်းစာစောင်ဝေသည့် ကျောင်းသားများကို တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါ်မူမူမြင့်က ခေါ်ယူသတိပေးတားမြစ်ခဲ့သည်ဟု ပွဲဖြစ်မြောက်ရေး ကော်မတီဝင် တောင်ကြီးတက္ကသိုလ် ဓာတုဗေဒဌာန နောက်ဆုံးနှစ် တက်ရောက်နေသူ ကိုဝင်းနိုင်ဦးက ပြောသည်။ 

ပဋိပက္ခတွေ ပြေငြိမ်းစေရေး စင်္ကာပူကူညီပေးပို့ တူရကီဝန်ကြီးချုပ် တိုက်တွန်း

Photo: ပဋိပက္ခတွေ ပြေငြိမ်းစေရေး စင်္ကာပူကူညီပေးပို့ တူရကီဝန်ကြီးချုပ် တိုက်တွန်း
Friday, January 10, 2014

မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေကြား ပဋိပက္ခတွေ ပြေငြိမ်းသွားရေး အတွက် စင်္ကာပူနိုင်ငံအနေနဲ့ ကြားဝင်ဆောင်ရွက်ပေးဖို့ တူရကီဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။

တူရကီဝန်ကြီးချုပ် အာဒိုဂန်က သူ့ရဲ့အာရှတိုက်ခရီးစဉ် အတွင်း စင်္ကာပူနိုင်ငံကို ရောက်ရှိစဉ်မှာ တိုက်တွန်းပြောဆိုခဲ့တာဖြစ်ကြောင်း တူရကီ ဒုဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောပါတယ်။

စင်္ကာပူနိုင်ငံသား အများစုဟာ ဗုဒ္ဓဘာသာဝင်တွေဖြစ် ကြပြီး၊ နိုင်ငံကလည်း သေးငယ်ပေမယ့် တိုးတက်ဖွံ့ဖြိုး ချမ်းသာကြွယ်ဝ ပညာတတ်ပေါများတဲ့ နိုင်ငံဖြစ် တာကြောင့် ဗုဒ္ဓဘာသာဝင်လောကမှာ အနည်းဆုံး တစ်စုံတရာ သြဇာရှိတဲ့အတွက် မြန်မာနိုင်ငံက ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေကိစ္စ ကြားဝင်ဆောင်ရွက်ပေးဖို့ ၀န်ကြီးချုပ်က စင်္ကာပူအစိုးရအဖွဲ့ကို တိုက်တွန်းခဲ့တာပါ၊ စင်္ကာပူအနေနဲ့ စစ်ရေးအရ မဆောင်ရွင်နိုင်သည့်တိုင်၊ စီးပွားရေး ပညာရေး ဂုဏ်ရှိန် သြဇာအရ မြန်မာပြည်က သွေးထွက်သံယိုမှုတွေကို တားဆီးပေးနိုင်မယ်လို့ တူရကီနိုင်ငံက ယုံကြည်ပါတယ်လို့ တူရကီ ဒုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

တူရကီဝန်ကြီးချုပ် အာဒိုဂန်ဟာ ဗုဒ္ဓဟူးနေ့က စင်္ကာပူနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အစိုးရအဆင့် အလည်အပတ်ဖြစ်ပါတယ်။

RFA
မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေကြား ပဋိပက္ခတွေ ပြေငြိမ်းသွားရေး အတွက် စင်္ကာပူနိုင်ငံအနေနဲ့ ကြားဝင်ဆောင်ရွက်ပေးဖို့ တူရကီဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။

ခဲအိုဖြစ်သူက မှိုဝယ်မည်ဟု လိမ်လည်ခေါ်ဆောင်ကာ ခယ်မကို တစ်လနီးပါး အလိုမတူဘဲ ပေါင်းသင်း

ပွင့်ဖြူ ။ ။ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးကျေးရွာမှ အသက် ၁၇နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို သူမ၏ခဲအိုဖြစ်သူက မှိုဝယ်ရန်ဟု ဆိုင်ကယ်ဖြင့် လိမ်လည်ခေါ်ဆောင်ကာ တစ်လနီးပါးခန့် အလိုမတူဘဲ ခိုးယူပေါင်းသင်းမှုတစ်ခုကို ဇန်နဝါရီ ၈ ရက်က အဓမ္မမှုဖြင့် အမှုဖွင့်တိုင်တန်းထားသည်ဟု ပွင့်ဖြူမြို့နယ် ရဲစခန်းက သတင်းထုတ်ပြန်သည်။

ကေအိုင်အေက ဖမ်းဆီးထားသော ရှမ်းတိုင်းရင်းသား မျိုးနွယ်စုများနှင့် အခြားတိုင်းရင်းသားများအား ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ကျားဖြူပါတီတောင်းဆို

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အတွင်းရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှ ဖမ်းဆီးခံထားရသော ရှမ်းတိုင်းရင်းသား မျိုးနွယ်စုများနှင့် အခြားတိုင်းရင်းသားများအား ချွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးနိုင်ရန် တိုက်တွန်းကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် (ကျားဖြူ) ပါတီ၏ ဇန်န၀ါရီ ၉ ရက်တွင် ပြုလုပ်သော ပါတီညီလာခံတွင် ထုတ်ပြန်ကြေညာချက်အရ သိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော် အဖွဲ့အစည်းများ နိုင်ငံရေးပါတီများ၊ လူထု လူတန်းစား အခြေပြု အဖွဲ့အစည်းများအားလုံး ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် ပေါ်ပေါက်လာရေးအတွက် အားစိုက်ကြိုးပမ်း ကြရန် တိုက်တွန်းကြောင်း၊ ပြည်တွင်းပြည်ပရှိ စစ်ဘေးရှောင် တိုင်းရင်းသားများအား အိမ်ထောင်စု ဇယားနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား အမြန်ဆုံး ပြုလုပ်ပေးနိုင်ရန် စီမံချက်ချ ဆောင်ရွက် ပေးရေး အတွက် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း ဖော်ပြပါရှိသည်။

ဝ၊ မိုင်းလား၊ ကိုကိုးကျွန်းနှင့် ပူတာအို ခရိုင်တို့ကို အထူးဒေသအဖြစ် ကြိုတင်သန်းခေါင်စာရင်း ကောက်ယူမည်

ဝ၊ မိုင်းလား၊ ကိုကိုးကျွန်းနှင့် ပူတာအို ခရိုင်တို့ကို အထူးဒေသအဖြစ် သတ်မှတ်ကာ ကြိုတင် သန်းခေါင်စာရင်း ကောက်ယူရန် စီစဉ်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သတင်းရရှိသည်။
ယင်းသို့ အထူးဒေသအဖြစ် သတ်မှတ်ခဲ့ခြင်းမှာ နယ်စပ်ဒေသများ ဖြစ်ခြင်းနှင့် သန်းခေါင်စာရင်း ကောက်ယူရာတွင် အခက်အခဲ ဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်ကာ ကောက်ယူနိုင်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း ပြည်သူ့အင်အား ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောကြားသည်။