Wednesday, June 5, 2013

သွေးလွန်တုတ်ကွေးရောဂါ

Photo: သွေးလွန်တုတ်ကွေးရောဂါ @Dengue Hemorrhagic Fever
Wednesday, June 5, 2013

( မိုးရာသီစတင် ၀င်ရောက်လာသည်နှင့်အမျှ ကလေးငယ်များတွင် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားမှု များပြားလာပါသည်။ ထို့ကြောင့် သွေးလွန် တုပ်ကွေးနှင့် ပတ်သတ်သော အချက်များအား တင်ပြပေးချင်းဖြစ်ပါသည်။ )
Myanmar Online News Admin Group

သွေးလွန်တုတ်ကွေးရောဂါ ဆိုတာဘာလဲ။
သွေးလွန်တုတ်ကွေးရောဂါ ဆိုသည်မှာ ကလေးများတွင် အဖြစ်များသော ခြင်မှတဆင့် ကူးစက်တတ်သည့် ရောဂါတစ်မျိုး ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲတိုင်းပြည်များတွင် ကလေးများ၏အသက်ကိုအဓိက ဒုက္ခပေးနေသော ရောဂါ တစ်မျိုးလည်း ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးတိုင်းပြည်များတွင်မူ ခြင်မရှိသောကြောင့် မတွေ့ရတော့ပါ။

သွေးလွန်တုတ်ကွေးရောဂါဟာ ဘာ့ကြောင့် ဖြစ်ရတာလဲ။
သွေးလွန်တုတ်ကွေး virus ကြောင့်ဖြစ်ပါသည်။ ယင်း virus သည် ခြင်၏သွေးမှတဆင့်လူ၏ သွေးထဲသို့ကူးစက်ခြင်းဖြစ်ပါသည်။ သွေးလွန်တုတ်ကွေး virus အမျိုးအစား လေး မျိုးရှိပါသည်။

ဘယ်လိုနည်းတွေနဲ့ ကူးစက်တတ်ပါသလဲ။
သွေးလွန်တုတ်ကွေး ရောဂါပိုးကို သယ်ဆောင်ထားသော ခြင်ကိုက်သောကြောင့် ဖြစ်ပါသည်။ Aedes ခြင် အမျိုးအစားဖြစ်ပါသည်။ နေ့ဘက်တွင်ကိုက်တတ်ပြီး နေအိမ်ရှိ အလင်းရောင်ကွယ်သော နေရာများတွင် ပုန်းခိုနေတတ်ပါသည်။


ရောဂါဖြစ်လာရင် ဘာလက္ခဏာတွေ ပြတတ်ပါသလဲ။
သွေးလွန်တုတ်ကွေး ရောဂါတွင် အဆင့် လေးဆင့်ရှိပါသည်။

အဆင့်တစ်သည် သာမန် တုတ်ကွေးမိသကဲ့သို့သာ ဖျားပြီး နေပြန်ကောင်းသွားတတ်သည်။လက်မောင်းတွင် သွေးပေါင်ချိန်တိုင်းသော ကိရိယာဖြင့် ငါးမိနစ်ခန့် ခပ်တင်းတင်း စည်းထားပါက အနီအစက်အပျောက်များ ပေါ်လာသည်ကိုတွေ့ရတတ်ပါသည်။ ၎င်းကို Hess test ဟုခေါ်ပါသည်။

အဆင့်နှစ်တွင် အဖျားပိုကြီးလာသည့်အပြင် coffee ရောင်များ အန်ခြင်း၊ သွားဖုန်း သွေးယိုခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ ၀မ်းမည်းမည်းများသွားခြင်း များဖြစ်တတ်ပါသည်။

အဆင့်သုံးတွင် အထက်ပါ လက္ခဏာများအပြင် ကလေးအရမ်းမှိန်းလာခြင်း၊ သတိလစ်သွားခြင်း၊ ခြေဖျားလက်ဖျားများ အေးစက်လာခြင်း များဖြစ်တတ်ပါသည်။ ၎င်း လက္ခဏာများသည် ကလေးတွင် shock (သွေးလန့်ခြင်း) ရတော့မည့် လက္ခဏာများဖြစ်ပါသည်။

အဆင့်လေးတွင် သွေးပေါင်ချိန်နှင့်သွေးခုန်နှုန်း တိုင်းလို့မရတော့ဘဲ သွေးလန့်ခြင်းအဆင့်သို့ ရောင်သွားတတ်ပါသည်။

အဆင့်လေးဆင့်ရှိသော်လည်း ကလေးတိုင်းတွင် အဆင့်တစ်မှ လေးအထိဖြစ်မည်ဟု မဆိုလိုပါ။ အချို့ကလေးများတွင် အဆင့်တစ်သာဖြစ်၍ အချို့ ကလေးများတွင် အသက်သေဆုံးသည်အထိ ဖြစ်တတ်ပါသည်။ အဆင့်တစ်ရောဂါရှိသောကလေးသည် ရုတ်တရက် အဆင့်သုံး/လေးသို့ ခုန်သွားတတ်ပါသည်။ ထို့ကြောင့် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပါက မပေါ့ဆသင့်ဘဲကလေးငယ်ကို သေသေချာချာ ပြုစုစောင့်ကြည့်ရမည်ဖြစ် ပါသည်။

သွေးလွန်တုတ်ကွေးရောဂါတွင် ကြောက်စရာအကောင်းဆုံးမှာ shock ပင် ဖြစ်ပါသည်။
ကလေးသည် ၅ ရက်မှ ၇ ရက် အထိ ဖျားတတ်ပြီး တုတ်ကွေး၏လက္ခဏာများကို ပြသပါလိမ့်မည်။ shock ရပါက ၃ ရက် မှ ၅ ရက် အတွင်းရတတ်ပြီး မိဘများက ကလေးကိုယ်ပူကျသွားသောကြောင့်
ပေါ့ဆ သွားတတ်ရာ အန္တရာယ်များလှပါသည်။ ကလေးမှာ အမှန်စင်စစ် ကိုယ်ပူကျသွားခြင်းမဟုတ်ဘဲ shock ရသွားခြင်းဖြစ်သောကြောင့် ထိုရက်များတွင် ကလေးကို အထူးဂရုစိုက်ရမည် ဖြစ်ပါသည်။ ကလေးကို စောင့်မကြည့်တတ်ပါက ဆေးရုံသို့သာခေါ်ဆောင်သွားစေလိုပါသည်။


ဘယ်လိုလက္ခဏာတွေပြရင် ကလေးကို ဆေးရုံတင်သင့်ပါသလဲ။
ကလေးကိုယ် အရမ်းပူခြင်း – ကိုယ်ပူရှိန်ကြောင့် ကလေးတက်သွား တတ်ပါသည်။
ကလေး အရမ်းမှိန်းခြင်း – shock ရချင်သောလက္ခဏာဖြစ်ပါသည်။
ကလေးက ကော်ဖီရောင်များအန်ခြင်း၊ ၀မ်းမည်းမည်းများသွားခြင်း
ဖျားပြီး သွားဖုန်းသွေးယြိုခင်းနှာခေါင်းသွေးလျှံခြင်း


ဘယ်အချက်တွေကို ရှောင်ကြဉ်သင့်ပါသလဲ။
ကလေးကိုယ်ပူနေပါက ထူထဲသော အ၀တ်အစားများကို ၀တ်ဆင်ပေးခြင်း – ကိုယ် ပိုပူလာတတ်သည်။
အာဟာရပြည့်ဝအောင်မကျွေးဘဲ ဆန်ပြုတ် ခေါက်ဆွဲပြုတ်သာ ကျွေးခြင်း။
မက်ကလောင်ဖောက်ခြင်း – မက်ကလောင်ဖောက်သော နေရာမှ ရောဂါပိုးဝင်ပြီး သွေးလွန်တုတ်ကွေးရောဂါနှင့် မသေဘဲ သွေးဆိပ်တက်သောကြောင့် သေရသော ကလေးပေါင်း များစွာ ရှိခဲ့ဖူးပါသည်။
အညိုရောင်ရှိသော အစားအစာများ ဥပမာ coffee, milo, ovaltine တို့ကို မတိုက်ကျွေးပါနှင့် – ကလေးသွေးအန်ပါက သွေးအရောင်နှင့် ခွဲခြင်းရခက်ခြင်းကြောင့်ဖြစ်ပါသည်။


သွေးလွန်တုတ်ကွေးရောဂါ မဖြစ်အောင်ကာကွယ်နိုင်ပါသလား။
ကာကွယ်ဆေးမပေါ်သေးပါ။ ထို့ကြောင့် ကလေးကို ခြင်မကိုက်အောင် အတတ်နိုင်ဆုံး ကာကွယ်ရမည် ဖြစ်ပါသည်။

Posted by ဇီဝက (ဆေး-၂)
ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်
သွေးလွန်တုတ်ကွေးရောဂါ ဆိုတာဘာလဲ။
သွေးလွန်တုတ်ကွေးရောဂါဆိုသည်မှာ ကလေးများတွင်အဖြစ်များသော ခြင်မှတဆင့် ကူးစက်တတ် သည့် ရောဂါတစ်မျိုးဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲတိုင်းပြည်များတွင် ကလေးများ၏အသက်ကိုအဓိက ဒုက္ခပေးနေသော ရောဂါ တစ်မျိုးလည်း ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးတိုင်းပြည်များတွင်မူ ခြင်မရှိသောကြောင့် မတွေ့ရတော့ပါ။

ဆီးရီးယားအစိုးရတပ် သူပုန်တွေကို အပြတ်ချေမှုန်းမယ်လို့ ကြေညာ

Photo: ဆီးရီးယားအစိုးရတပ် သူပုန်တွေကို အပြတ်ချေမှုန်းမယ်လို့ ကြေညာ
Wednesday, June 5, 2013

လက်ဘနွန်နိုင်ငံရှိ Hezbollah တိုက်ခိုက်ရေးသမားတွေ ကို ကျောထောက်နောက်ခံ ပေးနေတဲ့ ဆီးရီးယားတပ်ဖွဲ့တွေက လက်ဘနွန်နယ်စပ်ရှိ မဟာဗျူဟာကျတဲ့ ကူဆာအီမြို့ကို လုံးဝ ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်ပါတယ်။ အဲ့ဒီမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် ၃ ပတ်ကြာ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားစစ်တပ်က အစိုးရဆန့်ကျင်ရေး အကြမ်းဖက်သမားတွေကို အပြတ်ချေမှုန်းမယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ဒီကနေ့ ကြေညာလိုက်တာပါ။ တစ်နှစ်ကျော်ကြာ ခြေကုတ် ယူခဲ့တဲ့ ကူဆာအီမြို့ကနေ အတိုက်အခံတပ်ဖွဲ့တွေက ဆုတ်ခွာခဲ့ကြ တယ်လို့ ပြောပါတယ်။

အဲ့ဒီ ကူဆာအီမြို့ဟာ ဒမတ်စကတ်စ်မြို့ကနေ မြေထဲပင်လယ် ကမ်းရိုးတန်းအထိ သွားနိုင်တဲ့ အဝေးပြေးလမ်းမကြီးမှာ တည်ရှိပြီး၊ အတိုက်အခံတပ်ဖွဲ့တွေ လက်ဘနွန်နိုင်ငံကို ၀င်ရောက်နိုင်တဲ့နေ ရာ ဖြစ်ပါတယ်။

ကူဆာအီတိုက်ပွဲမှာ Hezbollah စစ်သွေးကြွတွေ ပါဝင်လာတာကြောင့် ဆီးရီးယားပဋိပက္ခနဲ့ ကျယ်ပြန့်လာနိုင်တာကြောင့် နိုင်ငံတကာက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ သမ္မတ အာဆတ်အစိုးရက ကူဆာအီတိုက်ပွဲမှာ နိုင်ငံခြားက တိုက်ခိုက်ရေးသမားတွေ အသုံးပြုနေတဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြီးခဲ့တဲ့အပတ်က ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဆီးရီးယား အကြပ်အတည်း အဆုံးသတ်ရေး ငြိမ်းချမ်းရေး ညီလာခံတစ်ရပ် ကျင်းပဖို့ ကုလသမဂ္ဂ၊ ရုရှားနဲ့ အမေရိကန် ပြည်ထောင်စုက ကိုယ်စားလှယ်တွေ ဒီကနေ့ ဂျနီဗာမြို့မှာ ဆွေးနွေးနေကြပါတယ်။

ဆီးရီးယားအစိုးရနဲ့ အတိုက်အခံ ပူးပေါင်းပြီး အသွင်ကူးပြောင်းရေး အစိုးတစ်ရပ် ဖွဲ့စည်းနိုင်ဖို့ မျှော်လင့်ချက်နဲ့ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

ဆီးရီးယားသမ္မတအပေါ် သစ္စာခံတပ်တွေက ကူဆာအီမြို့ လမ်းမတလျှောက် အမျိုးသားအလံကို ကိုင်ဆောင်ပြီး လမ်းလျှောက်လာစဉ် (၅ ဇွန် ၂၀၁၃)
VOA Burmese
ဆီးရီးယားသမ္မတအပေါ် သစ္စာခံတပ်တွေက ကူဆာအီမြို့ လမ်းမတလျှောက် အမျိုးသားအလံကို ကိုင်ဆောင်ပြီး လမ်းလျှောက်လာစဉ် (၅ ဇွန် ၂၀၁၃)
လက်ဘနွန်နိုင်ငံရှိ Hezbollah တိုက်ခိုက်ရေးသမားတွေကို ကျောထောက်နောက်ခံ ပေးနေတဲ့ ဆီးရီးယား တပ်ဖွဲ့တွေက လက်ဘနွန်နယ်စပ်ရှိ မဟာဗျူဟာကျတဲ့ ကူဆာအီမြို့ကို လုံးဝ ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်ပါ တယ်။ အဲ့ဒီမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် ၃ ပတ်ကြာ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ရို ဟင် ဂျာ များ ကို လက် ခံ မည့် တတိယနိုင်ငံမရှိ

နယူးဒေလီ (မဇ္ဈိမ)။   ။ထိုင်းနိုင်ငံတွင် ထိန်းသိမ်းထားရှိသည့် မြန်မာနိုင်ငံမှ ထွက်ပြေးရောက်ရှိ လာကြသော ရိုဟင်ဂျာ ၂,၀၀၀ ခန့်အား ခေါ်ယူလက်ခံမည့် တတိယနိုင်ငံ ရှာဖွေမရနိုင်ဖြစ်နေကြောင်း ထိုင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောဆိုလိုက်သည်။

ကရင်ပြည်နယ်အတွင်း ရုံးစိုက်မည့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များပါတီ ကန့်ကွက်ခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မေတ္တာလင်းမြိုင်ရွာ၌ ဆိုင်းဘုတ်တင်ကာ ရုံးဖွင့်ရန်စီစဉ်နေသော ဦးအေးလွင် ဦးစီးသည့် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီအား ရွာသူ ရွာသားများက လေးရက်တိုင် ကန့်ကွက်ဆန္ဒပြကြ၍အစီအစဉ် ရုပ်သိမ်းလိုက်ရသည်ဟု ထိုဒေသ နယ်ခြားစောင့် တပ်မှ တာဝန်ကျ အရာရှိက ပြောသည်။

မုံရွာတွင် လေပြင်းတိုက်၍ အဆောက်အအုံတချို့ ပျက်စီး

မုံရွာမြို့နယ်၊ ကျောက္ကာကျေးရွာတွင် ဇွန်လ ၂ ရက်၊ ညနေ ၅ နာရီအချိန်ခန့်က လေပြင်းတိုက်ခတ်ခဲ့ရာ လူနေအိမ် တချို့နှင့် အခြားအဆောက်အဦးများ ပျက်စီးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

လက်ပံတောင်း အရေးဆောင်ရွက်သူ ၁၅ ဦး ဖမ်းဝရမ်းထုတ်ခံရ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းပေးရေးမှာ ပါဝင်ခဲ့သူ ဒေသခံ ၇ ဦးနဲ့ ကူညီဆောင်ရွက်ပေးနေသူ ၈ ဦးကို ရွှေဘိုမြို့နယ်တရားရုံးက တရားခံပြေး အဖြစ် သတ်မှတ်ပြီး တရား ရင်ဆိုင်ဖြေရှင်းဖို့ သတိပေးကြေညာချက်တစ်စောင်ကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

တားမြစ်ခံရသော ကုန်တင်ကားများ ၄၃ နာရီခန့်အကြာတွင် နားလည်မှုဖြင့် နင်းကြမ်းဂိတ်မှ တစ်ခေါက် ထွက်ခွင့်ရ

Photo: တားမြစ်ခံရသော ကုန်တင်ကားများ ၄၃ နာရီခန့်အကြာတွင် နားလည်မှုဖြင့် နင်းကြမ်းဂိတ်မှ တစ်ခေါက် ထွက်ခွင့်ရ
Wednesday, June 5, 2013

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် အင်းဓဝယ်ကျေးရွာအုပ်စု နင်းကြမ်း (ငြိမ်းချမ်း) ကျေးရွာ Toll Gate တွင် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း က ယာဉ်နှင့်ကုန် (၁၆)တန် အထက် ကုန်တင်ယာဉ်ကြီး များ ဖြတ်သန်းသွားလာခွင့် ကန့်သတ်တားမြစ်ခံ ရသော ယာဉ်များ ဇွန် ၄ ရက် နေ့လည် ၁ နာရီခန့်တွင် ညှိနှိုင်းမှုရရှိပြီး နားလည် မှုဖြင့် တစ်ခေါက် သွားခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ကုန်တင်ယာဉ်များအား ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း မှ
ဟင်္သာတ-ဇလွန် လမ်းပိုင်းအား မိုးရာသီကာလဖြစ်သော ဇွန် ၁ ရက် မှ
စက်တင်ဘာလကုန် အထိ ယာဉ်နှင့် ကုန် ၁၆ တန် အထက် ယာဉ်များ
ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ကြိုတင်အသိပေးခြင်း မရှိဘဲ ဇွန် ၂ ရက်
ညနေ ၅ နာရီခန့်၌ ကြေညာဆိုင်းဘုတ်ထောင်၍ တားမြစ်ခဲ့သည့်အတွက် ယင်း ToLL Gate တွင် ဇွန် ၂ ရက် ညနေမှ စပြီး ကုန်တင်ယာဉ်များ ရပ်တန့်ခဲ့ကာ ဇွန် ၄ ရက် နေ့လည် ၁ နာရီခန့်တွင် ညှိနှိုင်းရရှိသဖြင့် နားလည်မှုသဘောဖြင့် တစ်ခေါက်သာ ခွင့်ပြုခဲ့ကြောင်း ယာဉ်ပိုင်ရှင်များထံက သိရသည်။

ထိုသို့ တားမြစ်ခံရစဉ်အချိန် ၄၃ နာရီအတွင်း Green Land ဆီဆိုင်မှ
ဆီဘောက်ဆာ (၂၁)တန်ခန့် ရှိကား များ ဖြတ်သန်းသွားလာခဲ့၍ တားမြစ်ခံရသော ယာဉ်များမှ ဆောက်လုပ်ရေးဌာနအား တရားစွဲဆိုရန် တိုင်ကြား အသိပေးခဲ့သော်လည်း နောက်ထပ်မဖြစ်ရန် ကြပ်မတ်ပေးမည်သာ အဖြေရခဲ့ကြောင်း၊ လမ်းပိုင်း ပိတ်ပင်မှု အတွက် လောလော ဆယ် နားလည်မှုဖြင့် တစ်ခေါက်သွားခွင့် ရခဲ့သော်လည်း ဆက်လက် တင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း
ယာဉ်ပိုင်ရှင်များထံက သိရသည်။

ဟင်္သာတမြို့နယ်အတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေးတွင် လက်ရှိအသုံးပြု
သွားလာလျှက်ရှိသော (၈)ဘီး၊ (၁ဝ)ဘီး နှင့် (၁၂) ဘီး ကုန်တင်ယာဉ်
(၄၄)စီးခန့် ရှိပြီး မှီခိုသူ ဦးရေ (၂ဝဝ)ကျော် ရှိကြောင်း မြို့နယ် ကုန်ကားကြီးများ အသင်း ထံက သိရသည်။

Hinthata HumanRights
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် အင်းဓဝယ်ကျေးရွာအုပ်စု နင်းကြမ်း(ငြိမ်းချမ်း) ကျေးရွာ Toll Gate တွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း က ယာဉ်နှင့်ကုန် (၁၆)တန် အထက် ကုန်တင်ယာဉ်ကြီး များ ဖြတ်သန်းသွားလာခွင့် ကန့်သတ်တားမြစ်ခံရသော ယာဉ်များ ဇွန် ၄ ရက် နေ့လည် ၁ နာရီခန့်တွင် ညှိနှိုင်းမှုရရှိပြီး နားလည်မှုဖြင့် တစ်ခေါက် သွားခွင့်ပြုခဲ့ကြောင်း သိရသည်။

ပုရိန်ကုန်းရွာ အဓိကရုဏ်းမှာ လူ ၄ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ကုန်းကျေးရွာမှာ မနေ့က ညနေပိုင်းက အာဏာပိုင်တွေ နဲ့ ဒေသ ခံတွေအကြား အဓိကရုဏ်းဖြစ် ပွားခဲ့ပြီး အာဏာပိုင်တွေရဲ့ သေနတ်ပစ်ဖောက်မှုကြောင့် လူ ၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အားလုံးမှ မူလတန်းကျောင်းသား အတွက် (၁)ဦးလျှင် (၁၀၀၀ိ-/)ကျပ်ထောက်ပံ့ကြေး မပေးနိုင်သေးဟုဆို

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တိုင်းတွင် ဖွင့်လှစ်ထားရှိသော အခြေခံပညာမူလတန်းကျောင်း များရှိ ကျောင်းသား/သူ ကလေးများအား တစ်ဦးလျှင် ကျပ်(၁၀၀၀ိ-/) တစ်ထောင် နှုံးဖြင့် နိုင်ငံတော် မှ ထောက်ပံ့မည် ဆိုသော ထောက်ပံ့ကြေးငွေအား ယနေ့အထိ မည်သည့်မြို့နယ်က အခြေခံပညာ မူလတန်းကျောင်းမျှမရရှိသေးကြောင်း အခြေခံပညာမူလတန်းကျောင်း များမှ ကျောင်းအုပ် ဆရာ/မ ကြီးများက သလ္လာဝတီတိုင်းမ် သို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစိုးရနှင့်ပြည်သူ ပူးပေါင်းရန်လို

Photo: သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစိုးရနှင့်ပြည်သူ ပူးပေါင်းရန်လို
Wednesday, June 5, 2013

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ထိရောက်အောင် ဆောင်ရွက်ရာမှာ အစိုးရနဲ့ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ဖို့ လိုအပ်နေသေးတယ်လို့ လှုပ်ရှားကြသူတွေက ပြောပါတယ်။

ဒီနေ့ကျရောက်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ အခုလို ပြောကြားလိုက်ကြတာပါ။

သဘာဝပပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ မန္တလေးစိမ်းရောင်စိုအဖွဲ့က မန်းတောင်ခြေနဲ့ ရာပြည့်ရွှေကျင်ကျောင်းတိုက်မှာ သစ်ပင် ၅၀၀ စိုက်ပျိုးခဲ့ကြပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အစိုးရနဲ့ ပြည်သူအကြား အဆင့်ဆင့်ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ စိမ်းရောင်စိုဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောပါတယ်။

““အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်မှုပိုင်းလိုတာတွေ့ရပါတယ်။ အစိုးရ၊ တာဝန်ရှိသူအပိုင်းဆိုရင်လည်း အမိန့်၊ ထုတ်ပြန်ချက်၊ ကြေညာချက် သဘောတရားမှာ စာတွေအပေါ်မှာတွေ့တယ်၊ အောက်ခြေအဖွဲ့ အစည်း ဖော်ဆောင်မှုမှာ အားနည်းနေတာတွေ့တယ်။ နောက် တဦးချင်းစီမှာ တာဝန်ယူ၊ တာဝန်သိတတ်မှုအပိုင်းလည်း လိုနေပါသေးတယ်။ ကျနော်တို့အဖွဲ့အစည်းတွေလည်း လိုအပ်နေတာတွေ ရှိပါတယ်။”

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာ အမှိုက်ကောက်တာ၊ သစ်ပင်စိုက်တာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ ဟောပြော ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ် နာရေးကူညီမှုအသင်းမှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ကာတွန်းဆရာအော်ပီကျယ်နဲ့ စာရေးဆရာမ သန်းမြင့်အောင်တို့က သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး ဟောပြောခဲ့ကြ သလို ဗိုလ်မှူးဗထူးလမ်းမှာလည်း ဦးကျော်သူဦးဆောင်ပြီး သစ်ပင် ၁၅၀ ကိုလည်း စိုက်ပျိုးကြပါတယ်။

ပြီးခဲ့တဲ့လပိုင်းက အနုပညာရှင်တွေ အဆိုတော်တွေ ပူးပေါင်းပါဝင်မယ့် အမှိုက်ကောက်ယူမှုကို ရန်ကုန်မှာလုပ်ဖို့ စီစဉ်ပေမယ့် စည်ပင်သာယာက တားမြစ်လို့ မလုပ်ဖြစ်ခဲ့ဘူးလို့ ဦးကျော်သူက ပြောပါတယ်။

“သူတို့က ဟောပြောပွဲအနေနဲ့ သူတို့နဲ့ ပူးပေါင်းလုပ်ရင်တော့ ရတယ်ပြောတယ်။ ဟောပြောပွဲကတော့ ကိုယ့်ဘာသာ လုပ်တော့မှာပေါ့။ သဘာဝပတ်ဝန်းကျင်ကို နိုင်သလောက်ပဲ လုပ်လိုက်တာပေါ့။ အမှိုက်ကောက်လိုက်တာလည်း ရေရှည်ကောက်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် စံပြ နမူနာအနေနဲ့ အမှိုက်ကို စည်းမဲ့ကမ်းမဲ့ပစ်တာ အင်မတန်ရှက်ဖို့ကောင်းတယ်ဆိုတဲ့ အသိတရားလေး အများပြည်သူသိအောင် လုပ်ပြဖို့ပဲရှိတာပါ။ ဂီတသမားတွေ၊ စာပေ၊ အနုပညာရှင်တွေလည်း ပါလာတယ်။ အဲနေ့ကျမှ ကောက်ခွင့် မရတာဆိုတော့ မကောက်တော့ဘူး။”

မန္တလေးနည်းပညာတက္ကသိုလ်ကျောင်းသားတွေကလည်း ကျောင်းပတ်ဝန်းကျင်မှာ ဒီနေ့ အမှိုက်ကောက်ယူခဲ့ကြတယ်လို့ ကျောင်းသားတဦးဖြစ်တဲ့ ကိုထွဋ်မြတ်က ပြောပါတယ်။

“ပထမဆုံးသတိထားမိတာက အမှိုက်တွေလိုက်ကောက်ရင်းနဲ့ ကိုယ်တိုင် အမှိုက်မပစ်မိဖို့ သိလာတယ်။ အမှိုက်လိုက်ကောက်မှပဲ ပြီးစလွယ် အမှိုက်ပစ်တာတွေအပေါ် ကိုယ်ချင်းစာစိတ်နဲ့ အမှိုက်ကောက်ရတာ ဒီလိုပါလားပေါ့။ ပလတ်စတစ်အမှိုက်တွေ လိုက်ကောက်ရင်း ဒါနဲ့ပတ်သက်တဲ့ အသိပညာရတာပေါ့။ အမှိုက်ကောက်တယ်၊ သစ်ပင်စိုက်တယ်၊ လိုအပ်တဲ့ ကျောင်းတွေမှာ အမှိုက်ပုံးတွေ လိုက်ထားပေးတယ်။ ကျောင်းသားတွေက နေ့တိုင်း အမှိုက်မကောက်နိုင်ဘူးလေ။ အမှိုက်ပစ်ရင် အမှိုက်ပုံးရှိအောင် လိုက်ထားပေးတယ်။”

မန္တလေးတောင်ခြေ ရွှေကျင်ကျောင်းကြီးတွင် သစ်ပင်များ စိုက်ပျိုး(Photo_ Kyaw Soe Min)

DVB News
မန္တလေးတောင်ခြေ ရွှေကျင်ကျောင်းကြီးတွင် သစ်ပင်များ စိုက်ပျိုး(Photo_ Kyaw Soe Min)
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ထိရောက်အောင် ဆောင်ရွက်ရာမှာ အစိုးရနဲ့ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ဖို့ လိုအပ်နေသေးတယ်လို့ လှုပ်ရှားကြသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ၊ အထူးစုံစမ်းစစ်ဆေးရေး ဌာနတို့ပူးပေါင်း၍ လူကုန်ကူးခံရသူများအား ကယ်တင်

Photo: မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ၊ အထူးစုံစမ်းစစ်ဆေးရေး ဌာနတို့ပူးပေါင်း၍ လူကုန်ကူးခံရသူများအား ကယ်တင်
Wednesday, June 5, 2013

၂.၅.၂၀၁၃ ရက်နေ့တွင် မြန်မာနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (Associaltion of Human Rights Defenders and Promoters) ဒါရိုက်တာဖြစ်သူ ဦးမြင့်အေးက မဟာမဲခေါင်ဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးစီမံချက်(UNIAP) မှတဆင့် တိုင်စာ(၁)စောင်
ပေးပို့ခဲ့ပါသည်။

အဆိုပါတိုင်စာ၌ ၁၂-၁-၂၀၁၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊
မြောက်ဥက္ကလာပ မြို့နယ်၊ (၂)ရပ်ကွက်၊ နိဗ္ဗာန်လမ်းနေ သဲသဲဝင်း(ခ) သက်သက်ဝင်း(၄၅)နှစ်မှ မြဝတီမြို့၊ ပြောင်းဖူးစက်ရုံတွင် စရိတ်ငြိမ်း တစ်လလျှင်(၃)သိန်းကျပ်ဖြင့် အလုပ်ရမည်ဟုပြောဆိုစည်းရုံး၍ ၉.၂.၂၀၁၃ ရက်နေ့တွင် မောင်××××ပါ(၁၁)ဦးနှင့် မောင်××××××ပါ(၁၀)ဦးအား သက်သက်ဝင်း နှင့် တူမဖြစ်သူ စုမာ(၂၇)နှစ်တို့က ရန်ကုန်-မုဒုံ-ဘုရားသုံးဆူမှတစ်ဆင့် ထိုင်းနိုင်ငံ၊ ကန်ချနာပူရီခရိုင်၊ ထမ္မကာမြို့နယ်၊ ဆင်သော်ရပ်ကွက်၊ ဝိုင်တဖုစက်ရုံသို့ ကား/ဆိုင်ကယ်/ ခြေလျင်ခရီးတို့ဖြင့် အဆင့်ဆင့် ပို့ဆောင်ခဲ့ကြောင်း၊ မူလပြောဆိုထားသည့် မြ၀တီမြို့မဟုတ်ဘဲ ထိုင်းနိုင်ငံသို့ ခေါ်ဆောင် သွားခြင်းဖြစ်ပြီး လမ်းခရီး၌ ညအိပ်ရပ်နားစဉ် ချုပ်နှောင်ခံရခြင်း၊ စက်ရုံတွင် ၄ လကြာ လုပ်ခဲ့ရသော်လည်း လုပ်အားခမပေးခြင်း၊ ၎င်းတို့က နေရပ်သို့ပြန်လိုသော်လည်း
ပြန်ခွင့်မပေးဘဲ ငွေကျပ် ၇ သိန်းခွဲပေးမှသာ ပြန်ခွင့်ပေးမည်ဟုပြောဆိုခြင်း၊ သက်ဆိုင်ရာသို့ တိုင်ကြားပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်းတို့
ပြုလုပ်ခဲ့ကြောင်း ဖော်ပြပါရှိသည်။

၃၀.၃.၂၀၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဝိုင်တဖုစက်ရုံမှ ထွက်ပြေး လွတ်မြောက်လာသော တိုင်ကြားစာပါသူများအနက် မောင်×××××အား ရန်ကုန်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့နှင့် UNIAP တို့၏
တွေ့ဆုံမေးမြန်းဖော်ထုတ်ချက်များအရ သက်သက်ဝင်းနှင့် ၎င်း၏သမီးဖြစ်သူ ဝင်းသန္တာအောင်၊ စုမာတို့အား မြောက်ဥက္ကလာပ ရဲစခန်း(ပ)၃၀၀/၂၀၁၃၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ အရ ၁၀.၄.၂၀၁၃ ရက်နေ့တွင် အမှုဖွင့်အရေးယူခဲ့သည်။

၎င်းအပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲဦးစီးအရာရှိချုပ်သည် ထိုင်းနိုင်ငံ၌ပြုလုပ်သော COMMIT လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ၂၃.၄.၂၀၁၃ ရက်နေ့မှ ၂၆.၄.၂၀၁၃ ရက်နေ့ထိ တက်ရောက်ခဲ့သည့်ခရီးစဉ်တွင် ထိုင်းနိုင်ငံရှိ အထူးစုံစမ်း စစ်ဆေးရေးဌာန(DSI)အဖွဲ့နှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ် သမားများအား ကယ်တင်စောင့်ရှောက် နေသည့်အဖွဲ့များဖြစ်သော Myanmar Association in Thailand-MAT, Labour Protection Network-LPN တို့နှင့် တွေ့ဆုံ၍ လုပ်ငန်းများပူး ပေါင်းညှိနှိုင်း
ဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ပါသည်။

၂၅.၅.၂၀၁၃ ရက်နေ့တွင် ဝိုင်တဖုစက်ရုံမှ ထပ်မံထွက်ပြေး လွတ်မြောက်လာသူ (၃)ဦးအား ရန်ကုန်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုနှင့် UNIAP တို့က တွေ့ဆုံမေးမြန်းခဲ့ရာ တိုင်ကြားစာပါသူ (၂၁)ဦးအနက် ၂.၁.၂၀၁၃ ရက်နေ့တွင် မောင်×××××ပါ(၁၁)ဦးအား လည်းကောင်း၊ ၉-၂-၂၀၁၃ ရက်နေ့တွင် မောင်××××ပါ(၁၀)ဦးတို့အား လည်းကောင်း သက်သက်ဝင်းက တစ်လလျှင် စရိတ်ငြိမ်း(၃)သိန်းကျပ် ရရှိမည်ဟုစည်းရုံးပြီး ၎င်းနှင့်စုစုမာတို့ဦးဆောင်၍ ဝိုင်တဖုစက်ရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ အလုပ်ဝင်သောအခါ လစာငွေများကို သက်သက်ဝင်းကထုတ်ယူပြီး ခရီးစရိတ် ၅ သိန်း၊ စားသောက်စရိတ် ၇ သောင်း၊ ပုလိပ်ကြေး ၂ သောင်း၊ ဝတ်စုံစရိတ် ၃ သောင်းတို့ အတွက် တစ်ဦးချင်းစီထံမှ လစဉ်ထုတ်နှုတ်ဖြတ်တောက်ယူခဲ့ကြောင်း၊ လစဉ် ငွေတစ်ကြိမ် ထုတ်တိုင်း သက်သက်ဝင်းကအလုပ်သမားတစ်ဦးစီအား ဘတ်(၁၀၀)ပေးသုံးသော်လည်း ၎င်းငွေကို ဘတ်(၂၀)အတိုးယူပြီး
နောက်တစ်ကြိမ်လစာထုတ်ပါက ဘတ်(၁၂၀)ဖြတ်တောက်ခဲ့ကြောင်း၊ ထမင်းအဝကျွေးသော်လည်း ဟင်းမှာအဆင်မပြေကြောင်း၊ သက်သက်ဝင်း အပါအဝင် အလုပ်သမား များမှာ စက်ရုံမှ ၁၅ မိနစ်ခန့် လမ်းလျှောက်ရသည့် တိုက်ဝါအမှတ်(၁၆၀)တွင် စုပေါင်းနေထိုင် ကြကြောင်း မေးမြန်းဖော်ထုတ် ရရှိသည့်သတင်းများအရ သက်သက်ဝင်း၏သမီးဖြစ်သူ ဝင်းသန္တာအောင်အား ၃၀.၅.၂၀၁၃ ရက်နေ့တွင် မြောက်ဥက္ကလာပရဲစခန်း(ပ)၄၃၇/၂၀၁၃၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/၂၅ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

အမှုမှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ဝိုင်တဖုစက်ရုံတွင် ကျန်ရှိနေသော လူကုန်ကူးခံရသူများအား ကယ်တင်ရေးတို့ အတွက် နှစ်နိုင်ငံအပြန် အလှန်ပူးပေါင်း ဆက်သွယ်ခဲ့ပြီး ပြစ်မှုကျူးလွန် သူများ၏ ကိုယ်ရေးအချက်အလက်များပေးပို့ခြင်း၊ စက်ရုံသို့ သက်သက်ဝင်း ပို့ဆောင်ထားသော မြန်မာအလုပ်သမားများအမည်စာရင်းနှင့် ကယ်တင်ရမည့် သူများစာရင်း ပေးပို့ခြင်း၊ DSI ၏ တောင်းဆိုချက်အရ
မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှဖမ်းဝရမ်းများကို နိုထြီ ပြုလုပ် ချက်ပေးပို့ခြင်း၊ (DSI)အဖွဲ့မှ ဝိုင်တဖုစက်ရုံရှိ အလုပ်သမား ၇ ဦးအား ကယ်တင် စောင့်ရှောက်ထားကြောင်း အသိပေးအကြောင်းကြားခြင်း၊ ကျန်ရှိနေသော အလုပ်သမားများအား ဆက်လက် ကယ်တင်ပေးရန်နှင့်
ပြစ်မှုကျူးလွန်သူများအား အမြန်ဖမ်းဆီးပေးရန် မေတ္တာရပ်ခံစာ
ပေးပို့ခြင်း၊ MPF, DSI, UNIAP နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ၏ ရရှိသော သတင်းအချက် အလက်များအား အပြန်အလှန်ဖလှယ်ခြင်းတို့ကို အဆက်မပြတ်ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထို့သို့ ပူးပေါင်းဆောင်ရွက် မှုများကြောင့် ဝိုင်တဖုစက်ရုံတွင် ကျန်ရှိနေသော မြန်မာအလုပ်သမား(၈)ဦး တို့အား ၁၈.၅.၂၀၁၃ ရက်နေ့တွင်လည်းကောင်း၊ နောက်ဆုံး ကျန်ရှိသောမြန်မာအလုပ်သမား (၆)ဦးအား ၃၀.၅.၂၀၁၃ ရက်နေ့တွင်လည်းကောင်း ကယ်တင်နိုင်ခဲ့ပြီး ထိုင်းနိုင်ငံရှိ shelter တွင် ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့သည့်အပြင် ၃၀.၅.၂၀၁၃ ရက်နေ့တွင်ပင် တရားခံ သက်သက်ဝင်းအား DSI အဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။
ထိုသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့(MPF)၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန(DSI)၊ မြန်မာနိုင်ငံအခြေစိုက် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ အဖွဲ့နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် လူကုန်ကူးခံရသူများ အား ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးမှု နှင့်ပတ်သက်သည့် ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီး အရေးယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရဲဇာနည်
၂.၅.၂၀၁၃ ရက်နေ့တွင် မြန်မာနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (Associaltion of Human Rights Defenders and Promoters) ဒါရိုက်တာဖြစ်သူ ဦးမြင့်အေးက မဟာမဲခေါင်ဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးစီမံချက်(UNIAP) မှတဆင့် တိုင်စာ(၁)စောင် ပေးပို့ခဲ့ ပါသည်။

Wikileaks က ပေါက်ကြားခဲ့သမျှ

Photo: Wikileaks က ပေါက်ကြားခဲ့သမျှ
Wednesday, June 05, 2013

နာဂစ်နှင့် အမေရိကန်သံရုံး

ထိုနေ့သည် ပုံမှန် နွေနှောင်းရက် တစ်ခုလိုပင် ဖြစ်သည်။ ထိုနေ့သည် မြန်မာနိုင်ငံသို့ မုန်တိုင်း မဝင်ရောက်လာခင် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ အစောပိုင်း ဖြစ်သည်။ ရန်ကုန်မြို့ရှိ လေအေးစက် မလုံလောက်သော အခန်းများအတွက် ပုံမှန်အတိုင်း ပူလောင် အိုက်စပ်နေခဲ့ခြင်းသည် မည်သို့မျှ မထူးခြားသည့်နေ့များ အတိုင်းသာ ဖြစ်သည်။

ဟိုးအဝေး မြစ်ဝကျွန်းပေါ်အောက်ပိုင်းမှ တောင်သူလယ်လုပ်များက ရာသီဥတု၏ ထူးခြားမှုကို ပို၍ အကဲခတ်တတ် ခဲ့မည်လား။ မိုးကောင်းကင်ကို ကြည့်၍ လည်းကောင်း၊ လေလာရာအရပ်နှင့် လေတိုက်ပုံကို ကြည့်၍ လည်းကောင်း ရာသီဥတုကို ဖတ်တတ်လေ့ရှိသော သူတို့သည် ယခုတစ်ကြိမ် တွင်မူ မနက်ဖြန်၏ အတိုင်းအဆကို ကြိုမမြင်နိုင် ကြသူများဖြစ်သည်။ သူတို့ရင်ခွင်ထဲမှ နို့စို့အရွယ် ကလေးများ လာမည့် နာရီပိုင်းတွင် ပြင်းထန်သော ရေစီးကြောင်းထဲ မျောပါ သွားတော့မည်ကို မသိသေးသည့် အချိန် ဖြစ်သည်။ သူတို့ နွေစပါးခင်းများမှ စပါးရွှေဝါတို့သည် ပြင်းထန်သော ရေလုံး ကြီးအောက်တွင် အမှုန်အမွှားမျှ ကုန်းကောက်စရာ မကျန်မည်ကို စိုးစဉ်းမျှ မတွေးရသေးသော ကာလဖြစ်သည်။ မိန်းမတို့သည် ဒိုးတူပေါင်ဖက် သေအတူရှင် အတူပေါင်းရန် ရည်စူးသော ခင်ပွန်းသည်များ မနက်ဖြန် အိမ်ပြန်လာကြမည် မဟုတ်သည်ကို မသိသေးသည့်နေ့ ဖြစ်သည်။ ခင်ပွန်းသည် များသည် နောက်တစ်ရက်တွင် လောကအလယ်၌ မုဆိုးဖိုအဖြစ် သောကဝေနေရမည့် အဖြစ် မရိပ်မိတတ်သေးသော နေ့လည်း ဖြစ်သည်။

ရွာဦး ဘုန်းကြီးသည် ယခုနှစ်ဝါဆိုစရာ ကျောင်းအတွက် ပူပင်စရာ မလိုခဲ့သော နောက်ဆုံးနေ့လည်း ဖြစ်သည်။ ကလေးများသည် သည်လကုန်လျှင် ကျောင်းတက်စရာ ကျောင်းစုတ်ကလေး တစ်ခုတော့ ရှိမြဲရှိမည်ဟု မျှော်လင့်ခဲ့ကြ မည်ပင်။ ထိုနေ့တွင် ကလေးတို့သည် မိဘမဲ့ ဘဝကို နောက်ထပ် ၂၄ နာရီ အတွင်း ကျရောက်တော့မည်ကို ပူပန်စရာ မလိုခဲ့သေး သည့်နှယ်။

ထိုအဖြစ်အပျက်များကို ပြေးမမြင်သော်လည်း ကြိုတင် တွက်ဆနိုင် သူတို့ရှိခဲ့ ကြသည်။ သတင်းအချက်အလက် ရယူမှု၊ ရယူသည့် အချက်အလက် ကို သုံးသပ်နိုင်မှု၊ သုံးသပ်ချက် ရလဒ်အတိုင်း ပြင်ဆင်မှု ဆောက်ရွက်နိုင်သူ တို့မှာ သဘာဝ ဘေးဒဏ်ကို ကာကွယ်ရာတွင် သာစမြဲ။ လယ်ထဲ၊ ချောင်းထဲမှာ ကလေးများ၊ အမေနှင့် အဖေများ၊ အဘိုးအဘွားများသည် နာဂစ်၏ ဘေးဒဏ် ကို မခန့်မှန်းနိုင်ဘဲ စင်းစင်းကြီး ခံသွားကြရချိန်တွင် ဆိုင်ကလုန်း နောက်ဆက်တွဲ ဖြစ်နိုင်ခြေများကို ကြိုတင် ခန့်မှန်းနေခဲ့သော ဌာနကြီးတစ်ခု ရှိခဲ့လေသည်။ ကံအကြောင်း မလှစွာပင် ထိုဌာနကြီးမှ မုန်တိုင်းသတိပေး သတင်းစကားတို့သည် လေဘေး သင့်ခဲ့သော မြို့ငယ် ရွာငယ်တို့ထံ ပျံ့လွင့်ဟန် မရှိပေ။ ထို ဌာနကြီးကား ရန်ကုန်ရှိ အမေရိကန်သံရုံး ပင်တည်း။ ၂၀၁၁ ခုနှစ်ထဲတွင် Wikileaks က ပေါက်ကြားခဲ့သည့် ၂.၅.၂၀၀၈ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ရန်ကုန်-ဝါရှင်တန် ကြေးနန်းများ အရ နာဂစ်ဘေးကို ပေါ့ပေါ့မထားခဲ့သော သံရုံး၏ ကြိုတင် လှုပ်ရှားမှုများ မှတ်တမ်းကို သိနိုင်ပေသည်။ သမိုင်းထဲမှ အရေးကြီးသည့် သင်ခန်းစာ တစ်ခုကို Wikileaks ကြေးနန်းကို အကြောင်း ပြု၍ လေ့လာ နိုင်ကြသည်ပင်။ အမေရိကန်သံရုံးသည် ထိုနေ့ ရက်စွဲဖြင့် မုန်တိုင်းသတင်း ကြေးနန်းကို ဝါရှင်တန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနကို သာမက နိုင်ငံတကာ အဖွဲ့အစည်း များဖြစ်ကြသော ကုလသမဂ္ဂနှင့် အာဆီယံ တို့သို့လည်း ဖြန့်ဝေခဲ့သည်။

ကြေးနန်းအမှတ် - 08RANGOON306 _ a 

နာဂစ် ဆိုင်ကလုန်းသည် မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ်သို့ ဦးတည်နေချေပြီ။ ယနေ့ ၆း၃၀ နာရီ တွင် မုန်တိုင်းသည် ကုန်းတွင်းသို့ ဝင်ရောက်လာတော့ မည်ဟု ခန့်မှန်းရသည်။ နောက်ဆုံးရရှိသော သတင်းများအရ နာဂစ် လမ်းကြောင်းသည် ရန်ကုန်ကို နီးကပ်စွာ ဖြတ်သန်း လိမ့်မည်ဟု ယူဆရသည်။ လေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၁၅ မိုင်ခန့် ရှိမည်ဟု ခန့်မှန်းရပြီး ကုန်းတွင်းပိုင်းသို့ ရောက်ရှိလာပြီး အချိန်အနည်းငယ် အကြာတွင် အားနည်းပျက်ပြယ် သွားမည်ဟု မျှော်လင့်ရသည်။ ရန်ကုန်သို့ မုန်တိုင်း ရောက်ရှိချိန်တွင် ပြင်းအားမှာ တစ်နာရီကိုမိုင် ၈၀ ကျော်ခန့် ရှိမည်ဟု တွက်ချက်ကြသည်။ ရန်ကုန်ရှိ အမေရိကန်သံရုံး အနေဖြင့် မုန်တိုင်း အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားပြီး မြစ်ဝကျွန်းပေါ် အနောက်ဘက် ကမ်းရိုးတန်း တစ်လျှောက်ရှိ အပန်းဖြေ ကမ်းခြေစခန်းများသို့ တယ်လီဖုန်းဖြင့် အကြောင်း ကြားထားသည်။ အပန်းဖြေနေသော အမေရိကန် ခရီးသွားများကြား သိနိုင်ရန် ဖြစ်သည်။ အပန်းဖြေစခန်း အတော်များများသည် မိုးဦးကျ ဖြစ်သောကြောင့် မူလကပင် ပိတ်ထားပြီး ဖြစ်သည်။ မြန်မာနိုင်ငံတွင် နောက်ဆုံး ဖြစ်ပေါ်ခဲ့သော မုန်တိုင်း ကြီးကြီးမားမားမှာ ရခိုင်ပြည်နယ်တွင် ၂၀၀၄ ခုနှစ်က တိုက်ခတ်ခဲ့သော မုန်တိုင်း ဖြစ်သည်။ မုန်တိုင်းငယ်များလည်း ဝင်ရောက် လာတတ်ရာ လူ ၁၇ ဦး သေဆုံးပြီး ဒေသခံ ခုနစ်သောင်းခန့် ရေကြီးသည့်ဒဏ်ကို ခံစားခဲ့ရသော ယမန်နှစ်က တိုက်ခတ်ခဲ့သော မုန်တိုင်းသည်လည်း အပါအဝင် ဖြစ်သည်။

မုန်တိုင်းဘေးသင့် ဒေသများတွင်ရှိသော စစ်ဘက်မှ တိုင်းမှူးများသည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အတူ ကယ်ဆယ်ရေးနှင့် လုံခြုံရေးကို ဆောင်ရွက်ပေးရန် တာဝန် ယူထားရသည်။ အမေရိကန် စစ်သံမှူးရုံး (DATT) သည် မုန်တိုင်း တိုက်ခတ်မည့် ဒေသများမှ တိုင်းမှူးများနှင့် တိုက်ရိုက် ဆက်သွယ်နိုင်ရေး မြန်မာစစ်ဘက်မှ ဆက်သွယ်ရေးအရာရှိကို ချိတ်ဆက်ပေးရန် အကြောင်းကြားထားရာ ထိုသူက အစဉ်အလာအတိုင်း စာဖြင့် ရေးသား ဆက်သွယ်ရန် လိုအပ်ကြောင်း ပြောကြားသည်။ ယခုအချိန် ထိ DATT သည် အကြောင်း ပြန်စာ မရရှိသေးပေ။ မြန်မာ့ ကြက်ခြေနီအသင်း၏ အဆိုအရ အစိုးရ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနသည် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးများကို မုန်တိုင်း ဝင်ရောက်နိုင်ကြောင်း အကြောင်း ကြားထား ပြီးပြီဟု ဆိုသည်။ မြို့နယ် ထွေအုပ်ရုံးများသည် ကြက်ခြေနီ အပါအဝင် ဒေသခံ NGO များနှင့် ပူးပေါင်း ပြင်ဆင်ရန် ညွှန်ကြားချက် ရရှိထားသည်။မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRC) သည် နိုင်ငံတကာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း (IFRC) ဌာနေကိုယ်စားလှယ် ရုံးခန်းနှင့် ဆက်သွယ်ပြီး ဖြစ်သည်။ မုန်တိုင်း ဖြစ်လာလျှင် IFRC သည် ကုလသမဂ္ဂနှင့် အတူ နိုင်ငံတကာမှ လူသားချင်း စာနာထောက်ထားရေး အကူအညီများ ရရှိနိုင်ရေး တွင် ဦးဆောင် နိုင်မည့်အဖွဲ့ ဖြစ်သည်ဟု မျှော်လင့်ရသည်။ မုန်တိုင်းအရိပ် အရောင်များကြောင့် မေလ ၃ ရက် စနေနေ့တွင် ပြည်တွင်း ပြေးဆွဲနေသည့် လေကြောင်းများ ရပ်နားထားမည် ဖြစ်ကြောင်း သံရုံးက အကြောင်း ကြားစာ ရရှိထားသည်။ ယနေ့ (မေလ၂ရက်) တွင် ရန်ကုန်မှ ပြေးဆွဲသော လေယာဉ် ဟူ၍ မန္တလေးသို့ ထွက်ခွာသော လေယာဉ် တစ်စင်းသာ ရှိသည်။ အစိုးရသည် လေယာဉ် အားလုံးကို မန္တလေးလေဆိပ်သို့ ရွှေ့ပြောင်းထားပြီး ဖြစ်သည်။

ကုလသမဂ္ဂနှင့် ဆက်စပ် လှုပ်ရှားနေသော မိတ်ဖက် အဖွဲ့အစည်းများသည် ယခု စနေ၊ တနင်္ဂနွေတွင် ပြောင်းလဲ ဖြစ်ပေါ်နေသော အခြေအနေများ ကိုမျက်ခြည် မပြတ်ဘဲ စောင့်ကြည့်ခြင်း၊ အထိအခိုက် မည်မျှ ဖြစ်နိုင်သည်ကို သုံးသပ်ခြင်းများ ပြုလုပ်ကာ အချင်းချင်း ဆက်သွယ်နေကြမည် ဖြစ်သည်။ အကယ်၍ လိုအပ်လျှင် မုန်တိုင်းနောက်ပိုင်း အခြေအနေများကို တုံ့ပြန် နိုင်ရန် အရေးပေါ် ပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေးတစ်ရပ်ကို ကျင်းပကြမည် ဖြစ်သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်သည် အထိနာနိုင်ပြီး ဆုံးရှုံးမှု များသည့် အလျှောက် စပါးအထွက် လျော့ကျ နိုင်ကြောင်း ကုလသမဂ္ဂက ခန့်မှန်း ထားသည်။ ကုလသမဂ္ဂ လက်အောက် အရေးပေါ်ပူးပေါင်း ဆောင်ရွက်ရေး ဌာန၏ ဌာနေ ကိုယ်စားလှယ် Julie Belanger က သံရုံး စီးပွားရေးနှင့် နိုင်ငံရေးဌာန အကြီးအကဲသို့ ယနေ့ ပြောကြားချက် အရ မြန်မာနိုင်ငံ၏ လက်ရှိဆက်သွယ်ရေး အခြေခံ အဆောက်အဦ ချို့ယွင်းချက်နှင့် စစ်အစိုးရ၏ မပွင့်လင်း မှုကြောင့် အရေးပေါ်ဆက်သွယ်ရေး အခြေအနေကို များစွာ တုံ့ဆိုင်းစေနိုင်ပြီး မုန်တိုင်းဒဏ်သင့် ဧရိယာများကို ချဉ်းကပ်ရန်၊ ဘေးဒဏ် သင့်သူများ၏ လိုအပ်ချက်ကို သိနိုင်ရန် ရက်အတန်ကြာ အချိန်ယူ ရဖွယ်ရှိသည်ဟု ခန့်မှန်းကြောင်း သိရသည်။

Belanger က မုန်တိုင်းသည် မြန်မာနိုင်ငံကို အဆိုးဆုံး ဖြစ်နိုင်ခြေရှိသည့် အခြေအနေတွင် ရွေးပြီး ဝင်ရောက်လာသည်ဟု ဆိုသည်။ အဘယ်ကြောင့် ဆိုသော် မေလ ၁၀ ရက်နေ့တွင် ကျင်းပမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကို အတည်ပြုရန် ပြည်သူ့ ဆန္ဒခံယူပွဲ မတိုင်မီ ရက်ပိုင်းတွင် ဝင်ရောက်လာခြင်း ဖြစ်ရာ စစ်အစိုးရ အရာရှိများ၏ တစ်စုံတစ်ခု လွဲချော်သွားမည်ကို ကြောက် ရွံ့သောစိတ်နှင့် အခြေအနေကို ဖုံးကွယ်လိုစိတ်များ အမြင့်ဆုံးသို့ ရောက်ရှိ နေနိုင်သောကြောင့် ဖြစ်သည်။ မုန်တိုင်းသင့် ဒေသများသို့ ကုလ အရာရှိများ အပျက်အစီး အခြေအနေများ စစ်ဆေးဖို့ရာ သွားရောက်မည့် အခြေအနေမျိုး တွင်ပင် စစ်အစိုးရအနေဖြင့် ခွင့်ပြုမိန့် ထုတ်မပေးမည်ကို စိုးရိမ်ရကြောင်း Belanger က ပြောကြားသည်။

မြန်မာအစိုးရသည် အစဉ်အလာအရ နိုင်ငံတကာ အကူအညီများကို ပယ်ချလေ့ ရှိရာ ၂၀၀၄ တွင်လည်း ဆူနာမီနှင့် ပတ်သက်သော အကူအညီများ မယူခဲ့ပေ။ ယမန်နှစ် မုန်တိုင်းများ တွင်လည်း ထိုနည်းတူပင် ဖြစ်သည်။ သို့ရာတွင် Belanger နှင့် မိမိတို့ သံရုံးက လက်ခံသည့် အချက်တစ်ခုမှာ စစ်အစိုးရ အနေဖြင့် ယခုကဲ့သို့ နိုင်ငံရေးအရ အတိမ်းအစောင်း မခံသော ကာလတွင် နိုင်ငံတကာ အကူအညီများ အပေါ် ၎င်းတို့ ထားရှိသော သဘောထားကို ပြောင်းလဲကောင်း ပြောင်းလဲနိုင်သည် ဟူ၍ပင် ဖြစ်သည်။ ဆူနာမီ အပြီးကတည်းက ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို နိုင်ငံခြားသား ဝင်ရောက်ခွင့် ပိတ်ပင်ထား ခဲ့ရာ အခြေအနေကို မျက်ခြည်မပျက် နိုင်စေရန် လောလောဆယ်တွင် သံရုံး အနေဖြင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် အတူ ဧရာဝတီတိုင်းကို ဝင်ခွင့် ရထားသော ပြည်တွင်း အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ‘မေတ္တာ’ နှင့်ဆက်သွယ် မေးမြန်းလျက် ရှိမည် ဖြစ်သည်။ မုန်တိုင်း နောက်ဆက်တွဲ အပျက်အစီး အခြေအနေများကို ဆက်လက် အကြောင်းကြားပါ ဦးမည်။

The Voice Weekly
နာဂစ်နှင့် အမေရိကန်သံရုံး

“မီးလောင်ကျွမ်းသည့် တရုတ်ကြက်သတ်ရုံအတွင်း လောင်စာ အများ အပြားရှိနေခဲ့”

Photo: “မီးလောင်ကျွမ်းသည့် တရုတ်ကြက်သတ်ရုံအတွင်း လောင်စာ အများ
အပြားရှိနေခဲ့”
Wednesday, June 05, 2013 

မီးလောင်လွယ်သည့် ပစ္စည်းများ သိုမှီးထားခြင်းကြောင့် လူပေါင်း(၁၀၀)
ကျော် သေဆုံးသည်အထိ အခြေအနေမျိုး ကြုံခဲ့ရခြင်းဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ကြက်သတ်ရုံ မီးလောင်မှုနှင့် ပတ်သက်ပြီး ပြော
ကြားခဲ့သည်။

တနင်္လာနေ့က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဂျီလင်းဒေသတွင် သားသတ်ရုံတစ်ခု မီးလောင်ရာ လူပေါင်း(၁၁၉)ဦးထိ သေဆုံးခဲ့ရသည်။

ဒေသဆိုင်ရာ မြို့တော်ဖြစ်သည့် ချန်ချွန်းရှိ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲ ဂွာဂမ်ဘင်းက ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေအပျောက်
များခြင်းအပေါ် ထွက်ပေါက်နေရာ ချထားမှုဒီဇိုင်း ညံ့ဖျင်းခြင်းနှင့် မီးလောင်နိုင်သော ပစ္စည်းများ စုပုံနေခြင်းတို့ကို ပြစ်တင်ခဲ့သည်။ အဓိကအားဖြင့် အဆောက်အအုံတွင် အသုံးပြုထားသော ပစ္စည်းများ အားလုံးလိုလို လောင်စာအဖြစ် ရှိနေနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

Planet Myanmar Network
မီးလောင်လွယ်သည့် ပစ္စည်းများ သိုမှီးထားခြင်းကြောင့် လူပေါင်း(၁၀၀) ကျော် သေဆုံးသည်အထိ အခြေ အနေမျိုး ကြုံခဲ့ရခြင်းဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ကြက်သတ်ရုံ မီးလောင်မှုနှင့် ပတ်သက် ပြီး ပြောကြားခဲ့သည်။

မဲဆောက်တောင်ကျချောင်းရေကြီး၊ မြန်မာကလေး ၂ ဦးသေဆုံး

Photo: မဲဆောက်တောင်ကျချောင်းရေကြီး၊ မြန်မာကလေး ၂ ဦးသေဆုံး
Wednesday, June 05, 2013 

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်မှာ  မိုးသည်းထန်ပြီး တောင်ကျ
ချောင်းရေကြီး တဲ့အတွက်  မြန်မာကလေးငယ် ၂ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့က မဲဆောက်မြို့နယ် အုပ်ချုပ်ရေးရုံး၊ ကယ်ဆယ်ရေး
လုပ်သား၊  အမှတ် ၄ အထူးစစ်တပ်က တာဝန်ရှိသူနဲ့ နယ်မြေခံတွေဟာ
 ရေစီးကြောင်းနဲ့အတူ မျောပါသွားတဲ့ ကလေး ၂ ဦးကို ရှာဖွေတွေ့ရှိခဲ့
တယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြသွားပါတယ်။

အဲဒီကလေး ၂ ဦးဟာ  မောင်သီဟကို ၃ နှစ်နဲ့ မောင်ထောလေကို ၅ နှစ်တို့ဖြစ်ပြီး  မဲဆောက်မြို့ ဖရထတ်ဖာဒိုင်ရပ်ကွက်ရှိ အန်ဂျီအိုတခုက ဖွင့်လှစ်ထားတဲ့  နောင်ဗိုကျောင်းတိုက်မှာ ပညာသင်ကြားနေကြောင်း၊  ညနေပိုင်း ကျောင်းဆင်းချိန်မှာ မိုးသည်းထန်ပြီး တောင်ကျချောင်းရေ လျှံတဲ့အတွက် ရေထဲမျောပါသွားခဲ့တာတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က ၁၀ နာရီကြာ ရှာဖွေရေး လုပ်ခဲ့ရတယ်လို့ မဲဆောက် ကယ်ဆယ်ရေးဝန်ထမ်းတဦးက ထိုင်းသတင်းဌာနကို ပြောပါတယ်။

မဲဆောက်မြို့ခံတဦး ပြောပြချက်အရ ကလေး ၂ ဦးဟာ ညီအစ်ကိုတွေဖြစ်ပြီး ဇွန် ၃ ရက်နေ့ ညနေပိုင်းမှာ ပျောက်ဆုံးသွားကြောင်း၊ မိဘဖြစ်သူက ကလေးပျောက် တိုင်ကြားတဲ့အတွက် သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့
တွေက ညတွင်းချင်း လိုက်လံရှာဖွေရာမှာ ည၁၁ နာရီလောက် သူတို့နေ
အိမ်နဲ့ ကိုက် ၅၀၀ အကွာမှာ သစ်ပင်နဲ့ ငြိနေတဲ့ ကလေးတဦးရဲ့ အလောင်းကို ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ကလေးတဦးရဲ့ အလောင်းကို ဇွန်လ ၄ ရက် မနက်အစောပိုင်း ရေလွတ်မြောင်း အပေါက်ဝနားမှာ တွေ့ရှိခဲ့တယ်လို့ ထိုင်းဒေးလီးနယူးမှာ ဖော်ပြထားပါတယ်။

မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူး နိုင်ပရီချာ ကျိုင်ဖိတ်က  သေဆုံးသူ ကလေးတွေအတွက် အသုဘအကူငွေ ဘတ်ငွေ ၁ သောင်းကို  မိဘဖြစ်သူ ဦးဇော်ဝင်းကိုနဲ့ ဒေါ်လှရီတို့ကို ပေးအပ်ခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြ
ပါတယ်။

DVB
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်မှာ မိုးသည်းထန်ပြီး တောင်ကျ ချောင်းရေကြီး တဲ့အတွက် မြန်မာ ကလေးငယ် ၂ ဦး သေဆုံးခဲ့ပါတယ်။

AIDS ထက် ပိုဆိုးသည့် ရောဂါတစ်မျိုး ဂျပန်တွင် ရှာဖွေတွေ့ရှိ

Photo: AIDS ထက် ပိုဆိုးသည့် ရောဂါတစ်မျိုး ဂျပန်တွင် ရှာဖွေတွေ့ရှိ
Wednesday, June 05, 2013

Gonorrheaခေါ် ဆေးဝါးဒဏ်ကို အံတုနိုင်သော ရောဂါပိုးသစ် တစ်မျိုးကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်သည် ကမ္ဘာပေါ်တွင် AIDSကြောင့် သေဆုံးသူ အရေအတွက်ကို ကျော်လွန်သွားစေနိုင်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။ 

လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများအနက် AIDSထက် ပိုဆိုးသည့် ရောဂါတစ်မျိုးကို ဂျပန်တွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ရောဂါကို ဖြစ်ပွားစေသော ရောဂါပိုးသည် လက်ရှိ အစွမ်းထက်သည့် ကူးစက်ရောဂါ တိုက်ဖျက်ဆေးများကို ကောင်းစွာ ခံနိုင်ရည် ရှိနေကြောင်း သုတေသီများက ပြောကြားခဲ့သည်။ Gonorrheaခေါ် ဆေးဝါးဒဏ်ကို အံတုနိုင်သော ရောဂါပိုးသစ် တစ်မျိုးကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်သည် ကမ္ဘာပေါ်တွင် AIDSကြောင့် သေဆုံးသူ အရေအတွက်ကို ကျော်လွန်သွားစေနိုင်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။

လတ်တလောတွင် အမေရိကန် လွှတ်တော်၌ အဆိုပါ ပိုးကို တိုက်ဖျက်နိုင်မည့် ဆေးဝါးသစ် သုတေသနပြု ဖော်ထုတ်ရန် ဒေါ်လာ (၅၄)သန်း ရန်ပုံငွေ ခွင့်ပြုရေးအတွက် တောင်းဆိုမှုများ ပြုလုပ်နေရသည်။ "ဒီပိုးရဲ့ အကျိုးဆက်က အချိန်တိုလေး အတွင်းမှာတင် AIDSထက် ပိုဆိုးလိမ့်မယ်။ ဒီဘက်တီးရီးယား ပိုးမွှားရဲ့ ထိခိုက်မှုက ပိုပြင်းထန်တယ်။ လူတွေကိုလည်း ပိုပြီးမြန်မြန် ကူးစက်စေနိုင်တယ်"ဟု အဆိုပါ ပိုးမွှားနှင့် ပတ်သက်ပြီး လေ့လာနေသည့် ဆရာဝန် တစ်ဦးဖြစ်သော အလန်ခရစ္စတန်ဆန်က ပြောကြားခဲ့သည်။ H041ဟု Codeသတ်မှတ်ထားသော Gonorrheaကို (၂၀၀၉)ခုနှစ်က ဂျပန်ရှိ လိင်လုပ်သား တစ်ဦးထံတွင် စတင် တွေ့ရှိခဲ့သည်။

ထိုစဉ်ကတည်းက ဆေးဝါးဒဏ် ခံနိုင်သည့် စူပါရောဂါပိုး တစ်မျိုးအဖြစ် ပညာရှင်များက အသိအမှတ် ပြုလာကြသည်။ (၂၀၁၁)ခုနှစ်၊ မေလတွင်မူ ဟာဝိုင်ယီတွင် အခြားတစ်ဦး၌လည်း ယင်းပိုးမွှား ကူးစက်နေကြောင်း တွေ့ရှိလာသည်။ ယင်းဘက်တီးရီးယားသည် အမျိုးသမီးများ၏ သန္ဓေတည်မှု ဖြစ်စဉ်ကိုလည်း အမှားအယွင်းများ ဖြစ်အောင် နှောင့်ယှက်နိုင်သည့် အခြေအနေမျိုး ရှိကြောင်း ပညာရှင်များက ယူဆထားသည်။  အဆိုပါ ပိုးမွှား၏ ပျံ့နှံ့မှုသည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားနှင့် နော်ဝေးနိုင်ငံတို့သို့လည်း ရောက်ရှိနေပြီဟု ယုံကြည်ရသည်။ AIDSရောဂါကြောင့် နှစ်စဉ် လူပေါင်း သန်း(၃၀)မျှ သေဆုံးလျှက် ရှိနေပြီး ယခု စူပါပိုးမွှားသည့် H041သည်လည်း အလားတူ ဆိုးရွားလှသည့် အကျိုးဆက်များ ဖြစ်လာစေနိုင်ပြီး အန္တရာယ် ကြီးလွန်းကြောင်း ပညာရှင်များက ဝန်ခံထားသည်။ 

Planet.com.mm
Gonorrheaခေါ် ဆေးဝါးဒဏ်ကို အံတုနိုင်သော ရောဂါပိုးသစ် တစ်မျိုးကြောင့် ဖြစ်ပေါ်လာသည့် အကျိုး ဆက်သည် ကမ္ဘာပေါ်တွင် AIDSကြောင့် သေဆုံးသူ အရေအတွက်ကို ကျော်လွန်သွားစေနိုင်ကြောင်း ပညာရှင်များက သတိပေးခဲ့သည်။

မန္တလေးမြို့တွင် တရားမဝင် ဆင်ဆာမဲ့ခွေများ ဌားရမ်းရောင်းချနေသော ဆိုင်များကို ၁ဝ ရက်နေ့မှ စတင် ဖမ်းဆီးတော့မည်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဗီဒီယိုအခြေခံအဖွဲ့(ဗဟို)မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ ဗီဒီယို ဥပဒေများနှင့် ညီညွှတ်မှုမရှိဘဲ တရားမဝင်ဆင်ဆာမဲ့ ဇာတ်ကားများကို ငှားရမ်းခြင်း ဆင်ဆာကပ်ထားခြင်း မရှိသော်လည်း မိမိဆိုင်အမည်နှင့် မြို့နယ်ရေးမှတ်ဖော်ပြထားခြင်းမရှိသော ဇာတ်ကားအချပ်များ ငှားရမ်းခြင်း တို့ကို စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု မန္တလေးတိုင်း ဗီဒီယို အခြေခံအဖွဲ့က ပြောသည်။

ဇွန်လ ၅ ရက်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့

Photo: ဇွန်လ ၅ ရက်; ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့
Wednesday, June 05, 2013

နိုင်ငံတကာရဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု မြင့်တက် လာတာနဲ့ ပတ်သက်ရင် စတော့ခ်ဟုမ်း ညီလာခံဟာ ကြီးကျယ်လှတဲ့ သမိုင်းမှတ်တိုင်ကြီး ဖြစ်တယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြဿနာတွေ နဲ့ ပတ်သက်တဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှုတွေကို နိုင်ငံတကာ အစိုးရ အချင်းချင်း တွေ့ဆုံ ဆွေးနွေးပြီး တော်မှန် သင့်မြတ်တဲ့ အရေးတယူ လုပ်ဆောင်မှုတွေကို အမှန်တကယ် ဆောင်ရွက်လာအောင် ဖြစ်စေခဲ့တဲ့ ပထမဦးဆုံး ညီလာခံ တစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။
- ဂျွန်မက်ကော်မစ်ခ်ရဲ့ Reclaiming Paradise စာအုပ်မှ ကောက်နုတ်ဖော်ပြချက်

ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးနဲ့ ပတ်သက်တဲ့ ပထမဦးဆုံး ကုလသမဂ္ဂ ညီလာခံ တစ်ရပ်ကို ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်ကနေ ၁၆ ရက်နေ့အထိ ကျင်းပ ခဲ့ကြပါတယ်။ ဒါကြောင့် နှစ်စဉ် ဇွန်လ ၅ ရက်နေ့ တိုင်းကို ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် UNEP (United Nations Environment Programme) က ဦးဆောင်ပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အဖြစ် ကျင်းပကြတာပါ။ ပထမဦးဆုံး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ၁၉၇၃ ခုနှစ်မှာ စတင်ကျင်းပ နိုင်ခဲ့ပါတယ်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုး ရေးအဖွဲ့ FAO (Food and Agriculture Organization) ရဲ့ စစ်တမ်း ကောက်ယူမှု များအရ အစားအစာ မက်ထရစ် တန်ပေါင်း ၁ ဒသမ ၃ ဘီလီယံအထိ နှစ်စဉ် အလဟဿ ဖြစ်လျက် ရှိနေပါတယ်။ ဒီပမာဏဟာ အာဖရိကရဲ့ ဆာဟာရန် ပြည်နယ် တစ်ခုလုံးကို လောက်ငစေနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ လူခုနစ်ယောက်မှာ တစ်ယောက်နှုန်းနဲ့ ငတ်မွတ် ဆာလောင်စွာ အိပ်ယာဝင်နေ ကြရပါတယ်။ ငါးနှစ်အောက် ကလေးငယ် ၂၀,၀၀၀ ကျော်ဟာ ဆာလောင်မှုကြောင့် နေ့စဉ် သေဆုံးနေကြရပါတယ်။ ဒီအချက်တွေကို အခြေခံ ပြီးတော့ ၂၀၁၃ ခုနှစ်ရဲ့ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဦးတည်ဆောင်ပုဒ်ကို ‘တွေးပါ၊ စားပါ၊ ခြွေတာပါ’ လို့ ရွေးချယ် သတ်မှတ် ခဲ့ကြပါတယ်။ ဒီဦးတည် ဆောင်ပုဒ်က အစားအစာ ဖြုန်းတီးမှုကို ဆန့်ကျင်ပြီး လိုအပ်သမျှသာ ယူငင် သုံးစွဲဖို့ တိုက်တွန်း လိုက်တာပါ။ စားသုံးသူတွေ ရွေးချယ်တဲ့ အစားအစာတွေဟာ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အတွက် ဘယ်လို အဟန့်အတား ဖြစ်စေတယ် ဆိုတာကိုပါ သတိပြုစေတာပါ။

အခုလက်ရှိ အချိန်မှာ ကမ္ဘာကြီးက လူပေါင်း ခုနစ် ဘီလီယံကို သူ့ရဲ့ သယံဇာတ ရင်းမြစ်တွေနဲ့ ကျွေးမွေး နေပါသေးတယ်။ (၂၀၅၀ ပြည့်နှစ်မှာ ကိုးဘီလီယံအထိ ရှိလာမယ်လို့ ခန့်မှန်း ထားကြပါတယ်။) တစ်ကမ္ဘာလုံး အစားအစာ ထုတ်လုပ်မှုရဲ့ သုံးပုံ တစ်ပုံဟာလည်း အလဟဿ ဖြစ်နေဆဲလို့ FAO က ဆိုထားပါတယ်။ အစားအစာကို ဖြုန်းတီးတာဟာ အဲဒီအစားအစာကို စားပြီးရရှိလာမယ့် အားအင်နဲ့ ကမ္ဘာ့လုပ်အားကို ဖြုန်းတီးတာနဲ့ တူပါတယ်။

တစ်ကမ္ဘာလုံး အစားအစာ ထုတ်လုပ်မှုအတွက် ကုန်းမြေမှ ၂၅ ရာခိုင်နှုန်း၊ ရေချိုသုံးစွဲမှု ၇၀ ရာခိုင်နှုန်း၊ သစ်တောတွေမှ ၈၀ ရာခိုင်နှုန်းနဲ့ Greenhouse ဓာတ်ငွေ့ထုတ်လွှတ်မှု မှ ၃၀ ရာခိုင်နှုန်းအထိ ရယူသုံးစွဲလျက် ရှိပါတယ်။ ဒီကိစ္စဟာ သတ္တဝါများ မျိုးစိတ်ကွဲပြားမှုကို ဆုံးရှုံးစေခြင်းနဲ့ ကုန်းမြေအသုံးပြုမှု အတွက် တစ်ခုတည်းသော အကြီးမားဆုံး ထိန်းကျောင်းချက် ဖြစ်နေပါတယ်။ ဒါကြောင့်မို့ ‘မစားခင် စဉ်းစား တွေးခေါ်ပြီး ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ချွေတာဖို့ ကူညီ ပေးကြပါ’ ခင်ဗျာ။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှုကို အဓိကစိန်ခေါ်နေတဲ့ အချက်တွေက ရာသီဥတု ပြောင်းလဲမှု၊ ကမ္ဘာကြီး ပူနွေးလာမှု၊ သဘာဝ ဘေးအန္တရာယ်၊ ပဋိပက္ခတွေ၊ အန္တရာယ်ရှိ အရာ ဝတ္ထုပစ္စည်းတွေ၊ ဂေဟစနစ် စီမံခန့်ခွဲမှုနဲ့ သယံဇာတ ရင်းမြစ်စွမ်းရည် ပြည့်ဝမှုတို့ပဲ ဖြစ်ပါတယ်။

ဒီလိုနေ့မှာ UNEP က Champions of the Earth ဆု၊ UNEP Sasakawa နဲ့ The Seeds Award ဆုတွေကို နှစ်စဉ်ချီးမြှင့် ပေးပါတယ်။

(လူသာမန်)
The Voice Weekly
နိုင်ငံတကာရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု မြင့်တက်လာတာနဲ့ပတ်သက်ရင် စတော့ခ် ဟုမ်း ညီလာခံဟာကြီးကျယ်လှတဲ့ သမိုင်းမှတ်တိုင်ကြီး ဖြစ်တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြဿနာတွေနဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှုတွေ ကို နိုင်ငံတကာ အစိုးရအချင်းချင်းတွေ့ဆုံဆွေးနွေးပြီး တော်မှန်သင့်မြတ်တဲ့ အရေးတယူ လုပ်ဆောင်မှုတွေ ကို အမှန်တကယ် ဆောင်ရွက်လာအောင် ဖြစ်စေခဲ့တဲ့ ပထမဦးဆုံး ညီလာခံ တစ်ရပ်လည်း ဖြစ်ခဲ့ပါတယ်။

မြန်မာ့ ပုဂ္ဂလိကပြန်ပြည့်မြဲစွမ်းအင် ကဏ္ဍ ပံ့ပိုးရန် လိုဟု ထိုင်း ပညာရှင် တို့ အကြံပြု

Photo: မြန်မာ့ပုဂ္ဂလိကပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ ပံ့ပိုးရန်လိုဟု ထိုင်းပညာရှင်တို့ အကြံပြု
Wednesday, June 05, 2013

မြန်မာနိုင်ငံ၏လျှပ်စစ်စွမ်းအင်လိုအပ်ချက်အား ဖြည့်ဆည်းရာ၌ ပြန်ပြည့် မြဲ စွမ်းအင်ကဏ္ဍမှာ အားကောင်းသည့်အတွက် မြန်မာအစိုးရအနေဖြင့် အဆိုပါကဏ္ဍ၌ ပံ့ပိုးပေးသင့်ကြောင်း ထိုင်း စွမ်းအင်ပညာရှင်တို့က ဆိုသည်။

အာဆီယံဒေသတွင်း စိုက်ပျိုးရေးနိုင်ငံများအဖြစ် ရပ်တည်နေကြသည့် လာအို၊ ကမ္ဘောဒီယားနှင့် မြန်မာနိုင်ငံ၌ ဇီဝလောင်စာအဖြစ် အသုံးပြုနိုင်ရန် စိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများစွာ ကျန်ရှိနေသေး သည့်အတွက် ထိုင်းစွမ်း အင်ဝန်ကြီးဟောင်က ယခုကဲ့သို့ မြန်မာမီဒီယာသမားများနှင့် ဘန်ကောက် ၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ မဟာဓါတ်အားလိုင်း မရှိတဲ့နေရာတွေမှာ လျှပ်စစ်စွမ်းအင်ဖြန့်ဖြူးဖို့ဆိုတာ၊ စရိတ်စက ကြီးမား လွန်းပါတယ်၊ ခင်ဗျားတို့ မျက်စိလျှံနေတာပါ၊ စိုက် ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက် အသုံးပြုနိုင်တဲ့ ပစ္စည်းတွေက နည်းပညာသစ် စိုက်ပျိုးရေးစွန့်ပစ် ပစ္စည်းတွေ သုံးနိုင်အောင် လုပ်ပေးထားတာ ရှိတယ်” ဟု မြန်မာနိုင်ငံမှ နှစ်စဉ် စွမ်းအင်(၃၀)ရာနှုန်းဝန်းကျင် ၀ယ်ယူနေရသည့် ထိုင်းနိုင်ငံမှ ထိုင်းစွမ်းအင်ဝန်ကြီးဟောင်း Mr Piyasawat Ammaranan က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် လျှပ်စစ်မီးသုံးစွဲရာ၌ ၈၀%မှာ ရုပ်ကြွင်းလောင်စာသုံးစွဲ၍ ကျန် ၂၀%သာ ပြန်ပြည့်မြဲစွမ်းအင်အပါအ၀င် အခြားနည်းလမ်းများမှရရှိ သည့် လောင်စာသုံးစွဲနေရကြောင်းကိုလည်း သိရသည်။

၂၀၁၂ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်း၌ အမြင့်ဆုံးသုံးစွဲခဲ့သည့် လျှပ်စစ်စွမ်း အား ပမာဏမှာ ၁၇၅၀ မဂ္ဂါဝပ်ရှိသည်ဟု မြန်မာ့လျှပ်စစ်စွမ်း အားဝန်းကြီး ဌာနက သတင်းထုတ်ပြန်သည်။

မြန်မာ့လျှပ်စစ်စွမ်းအင်ကဏ္ဍ၌ မဟာဓါတ်အားလိုင်းမှ ၂၃% ၀န်းကျင်နှင့် အခြားပုဂ္ဂလိက လျှပ်စစ်ဓါတ်အား ပေးလုပ်ငန်းများမှ ၇၇%၊ လျှပ်စစ်ဓါတ် အား ထုတ်လုပ်လျှက်ရှိကြောင်းနှင့် ၄၆၀၀၀ မဂ္ဂါဝပ်အား ပြည်ပသို့ တင်ပို့ရန် ရည်ရွယ်ထားသည်ဟု အာရှဖွံဖြိုးရေးဘဏ်(ADB)မှ ထုတ်ပြန်သည့် အာဆီယံနိုင်ငံများ စွမ်းအင် ကဏ္ဍဆိုင်ရာ စာရင်းများအရ သိရသည်။

‘မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို တင်ပို့လို့ရရှိလာမယ့် နိုင်ငံခြားဝင်ငွေတွေကို သီးသန့်ပြန်ညှိနှိုင်းပြီး လူမှုအဖွဲ့အစည်း(NGO)နဲ့ အခြား ပုဂ္ဂလိက စွမ်းအင် ထုတ်လုပ်တဲ့ကဏ္ဍတွေမှာ ပံ့ပိုးပေးသင့်တယ်”ဟု ထိုင်းနိုင်ငံအခြေစိုက် MEENet အဖွဲ့မှ ဒါရိုက်တာ Witoon Perimpongsacharoen က အကြံပြုပြောကြား ခဲ့သည်။

ထိုင်းအစိုးရမှာ ပြန်ပြည့်မြဲစွမ်းအင်ထုတ်လုပ်သည့် အကြီးစားမှအသေးစား အထိ စက်မှုလုပ်ငန်းပေါင်း (၁၀၀)ကျော် ထောက်ပံ့ပေးထားသည်ဟု ထိုင်းနိုင်ငံ SME Feed Maill စက်ရုံပိုင်ရှင် ဦးစွမ်ဆိုင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီလိုလုပ်နိုင်တာက အခြားသဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေလို့ အစိုးရပံ့ပိုးပေးလို့ လုပ်နိုင်တာပါ၊ ခင်ဗျားတို့နိုင်ငံမှာ ဒီလိုလုပ်ငန်းမျိုးတွေ လုပ်သင့်လို့ ကျွန်တော်ကိုယ်တိုင် ရှင်းပြ နေရတာပါ”ဟု ၀က်စာများအား ဇီဝစွမ်းအင်ဖြင့် (၁၅)နှစ်ကြာ ထုတ်လုပ်ခဲ့သူ ဦးစွမ်ဆိုင်းက ပြော သည်။

အဆိုပါစက်ရုံမှ ၀က်မစင်နှင့်ကဇော်မှရရှိသည့် ဓါတ်ငွေ့မှာ အခြားဓါတ်ငွေ့ များထက် အရည်အသွေး ပိုမိုကောင်းမွန်ကြောင်း၊ ဇီဝဓါတ်ငွေ့အဖြစ် အသုံးပြုပြီးသည့် အညစ်အကြေးများအား ဓါတ်မြေသြဇာ အဖြစ် ပြန်လည်အသုံးပြုနိုင်ကြောင်း တွေ့ရသည်။

၎င်းတိရစ္ဆာန်အစာစက်ရုံအား ၀က်အကောင်ရေ (၁)သိန်းမှ စွန့်ထုတ်သည့် မစင်ကို အသုံးပြု၍ Bio Gas တစ်နေ့လျှင် လျှပ်စစ်စွမ်းအား 2 Mw ထုတ်လုပ်နိုင်ကြောင်းနှင့် ၄င်းတို့အနေဖြင့် ၀က်မစင်နှင့် မြက်ရိုင်း ရှည်များ အား အသုံးပြု၍စွမ်းအင်ထုတ်လုပ်နိုင်ရန် စီစဉ်နေကြောင်းကိုလည်း သိရသည်။

လက်ရှိ ၀က်မစင်နှင့် ပြောင်းရောစပ်အသုံးပြုကာ ဇီဝဓါတ်ငွေ့ထုတ်လုပ်နေ သည့် ဂျာမဏီနိုင်ငံမှာ ၄င်းတို့နိုင်ငံအတွင်း သုံးစွဲနေသော စွမ်းအင် အားလုံး ကို ဇီဝဓါတ်ငွေ့သုံး ပြန်ပြည့်မြဲစွမ်းအင်စနစ် သို့ ပြောင်းလဲအ သုံးပြုနိုင်ရေး မျှော်မှန်းထားကြောင်းကိုလည်း သိရသည်။

“ဂျာမဏီနိုင်ငံက နျူကလီယားစွမ်အင်ထုတ်လုပ်တာကို ရပ်ဆိုင်းပြီး Renewable Energy ပြောင်းလဲ အသုံးပြုတော့မယ်ဆိုတာ Time Lineနဲ့တကွ ကြေညာထားတယ်လို့ သိရတယ်”ဟု ဘန်ကောက်ပို့စ် သတင်းစာမှ ဒုတိယ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းအယ်ဒီတာ ၀က်ဆန်က ဆိုသည်။

ဖန်လုံအိမ်အာနိသင် အများဆုံးလျော့ချနိုင်သည့် အဆိုပါ ဇီဝစွမ်းအင် ထုတ်လုပ်မှုဆိုင်ရာ နည်းပညာမှာ နိုင်ငံတကာဈေး ကွက်အတွင်း ၌ ရေရှည်တွင် အလုပ်ဖြစ်လာနိုင်သည်ဟု SME အစာစက်ရုံ ဦးစွမ်ဆိုင်း ကဆိုသည်။

ဗိုဟိန်( မြစ်မခ)/မြန်မာခရိုနီကယ်
မြန်မာနိုင်ငံ၏လျှပ်စစ်စွမ်းအင်လိုအပ်ချက်အား ဖြည့်ဆည်းရာ၌ ပြန်ပြည့် မြဲ စွမ်းအင်ကဏ္ဍမှာ အားကောင်း သည့် အတွက် မြန်မာအစိုးရအနေဖြင့် အဆိုပါကဏ္ဍ၌ ပံ့ပိုးပေးသင့်ကြောင်း ထိုင်း စွမ်းအင်ပညာရှင်တို့က ဆိုသည်။

“ Young Global Leaders ကွန်ယက်အဖွဲ့ဝင်များကိုနိုင်ငံတော်သမ္မတက သမ္မတအိမ်တော် သဘင်ဆောင်မှာရင်းရင်းနှီးနှီးတွေ့ ဆုံ ”

Photo: “ Young Global Leaders ကွန်ယက်အဖွဲ့ဝင်များကိုနိုင်ငံတော်သမ္မတက
သမ္မတအိမ်တော် သဘင်ဆောင်မှာရင်းရင်းနှီးနှီးတွေ့ ဆုံ ”
Wednesday, June 5, 2013

နိုင်ငံတော်သမ္မတကြီးဟာ ဒီနေ့မနက် သမ္မတအိမ်တော်သဘင်ဆောင်
မှာ World Economic Forum( Asia )တက်ရောက်ဖို့ ရောက်ရှိနေတဲ့ Young Global Leaders ကွန်ယက်က အဖွဲ့ဝင် နှစ်ရာကို မြန်မာ နိုင်ငံရဲ့
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

သမ္မတကြီးဟာ တက်ရောက်လာသူများမေးမြန်းတဲ့ မေးခွန်းများကို ဖြေကြား
ခဲ့သလို အခမ်းအနားအပြီးမှာ ၎င်းတို့ နဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုခြင်း၊ အမှတ်တရလက်မှတ်ထိုးပေးခြင်း၊ စုပေါင်းဓာတ်ပုံရိုက်ကူး ခြင်းများလည်း
ပြုလုပ်ခဲ့ပါတယ်။

Popular Journal
နိုင်ငံတော်သမ္မတကြီးဟာ ဒီနေ့မနက် သမ္မတ အိမ်တော်သဘင်ဆောင်မှာ World Economic Forum (Asia)တက်ရောက်ဖို့ ရောက်ရှိနေတဲ့ Young Global Leaders ကွန်ယက်ကအဖွဲ့ဝင် နှစ်ရာ ကို မြန် မာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ် လျှပ်စစ်မီးရရှိရန် RNDP နှင့် တရုတ်သံရုံး ဆွေးနွေးမည်

Photo: ရခိုင်ပြည်နယ် လျှပ်စစ်မီးရရှိရန် RNDP နှင့် တရုတ်သံရုံး ဆွေးနွေးမည်
Wednesday, June 5, 2013

ရခိုင်ကမ်းရိုးတန်းတွင် တရုတ် ကုမ္ပဏီအချို့နှင့် အစိုးရတို့ ဖက်စပ်တူးဖော် နေသော ရွှေသဘာဝဓာတ်ငွေ့ မှ ထွက်ရှိသည့် ဓာတ်ငွေ့ဖြင့် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ် မီးပေးနိုင်ရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးတို့ ဆွေးနွေး မည် ဖြစ်ကြောင်း အဆိုပါ သံရုံး နိုင်ငံရေးအရာရှိ Mr.Gao Mingbo က The Voice သို့ ပြောကြားသည်။

ယင်းဆွေးနွေးပွဲကို ဇွန်လ ၅ ရက်နေ့ တွင် ပြုလုပ်မည်ဖြစ်ပြီး ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံသံရုံး နိုင်ငံရေးအရာရှိ Mr.Gao Mingbo တို့က ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရွှေသဘာဝဓာတ်ငွေ့ဖြင့် ရခိုင်ပြည်နယ်တစ်ခုလုံး ဈေးနှုန်း သက်သာသော လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်မည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက မေလ၂၉ ရက်နေ့တွင် ထုတ်ပြန် ခဲ့သဖြင့် ယင်းကဲ့သို့ တွေ့ဆုံ ဆွေးနွေးရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရရှိလာမည့် အကျိုးအမြတ်ကို ရခိုင်ပြည်နယ် နှင့် ဗဟိုအစိုးရအကြား ခွဲဝေပေးမည့် ဥပဒေတစ်ရပ် ကြိုတင် ပြဋ္ဌာန်းရန် လိုအပ်ကြောင်း ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့ ပြန်ကြားရေးတာဝန်ခံ Mr.Wong Aung က အကြံပြုသည်။ “အကျိုးအမြတ် ခွဲဝေရေးကို မပြဋ္ဌာန်း သေးခင် တရုတ်ကို ဓာတ်ငွေ့နဲ့ ရေနံပို့တာ လုံးဝ ရပ်ထားသင့်တယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်ထွက် သဘာဝရင်းမြစ်များမှ ရရှိမည့် အကျိုးအမြတ်ကို ရခိုင်လူထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွဲဝေ အသုံးပြုပေးသည့် အပြင် ရခိုင်ပြည်နယ် တစ်ခုလုံး ဈေးနှုန်း သက်သာသည့် လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်ပေးပါက ဒေသခံများ စီမံကိန်းကို ကန့်ကွက်မည် မဟုတ်ကြောင်း ဦးစိုးမင်းက သုံးသပ် ပြောကြားသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့အထိ သွယ်တန်းထားသော ကီလိုမီတာပေါင်း ၁၁၀၀ ရှည်သည့် ယင်း ဓာတ်ငွေ့ ပိုက်လိုင်းမှ ရေနံစိမ်း ၂၂ သန်း နှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ သန်း နှစ်စဉ် တင်ပို့နိုင်ပါက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနောက်တောင်ဘက်ရှိ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော မြို့နယ်များကို စွမ်းအင် ထောက်ပံ့မှု တိုးမြှင့်နိုင်မည် ဖြစ်သည်။

ယင်းပိုက်လိုင်း စီမံကိန်းကို တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီ (China National Petroleum Coporation) နှင့် မြန်မာအစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်း လုပ်ဆောင် ရန် နှစ် ၃၀ စာချုပ် ချုပ်ဆိုထားပြီး မြန်မာအစိုးရက ဒေါ်လာ ၂၉ ဘီလီယံခန့် အကျိုးအမြတ် ခွဲဝေရရှိ မည် ဖြစ်ကြောင်း CNPC ကုမ္ပဏီက ထုတ်ပြန်ထားသည်။

အဆိုပါတရုတ်-မြန်မာ ဓာတ်ငွေ့ ပိုက်လိုင်း ဆောက်လုပ်ပြီးစီးပြီ ဖြစ်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန် ထားသည်။

The Voice Weekly
ရခိုင်ကမ်းရိုးတန်းတွင် တရုတ် ကုမ္ပဏီအချို့နှင့် အစိုးရတို့ ဖက်စပ်တူးဖော် နေသော ရွှေသဘာဝဓာတ်ငွေ့ မှ ထွက်ရှိသည့် ဓာတ်ငွေ့ဖြင့် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ် မီးပေးနိုင်ရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးတို့ ဆွေးနွေး မည် ဖြစ်ကြောင်း အဆိုပါ သံရုံး နိုင်ငံရေးအရာရှိ Mr.Gao Mingbo က The Voice သို့ ပြောကြားသည်။

လားရှိုး ပဋိ ပက္ခငြိမ် - သို့သော် မူစလင် အနီးနေထိုင်သူများ စိုးရိမ် ထိတ် လန့် ဆဲ

Photo: လားရှိုးပဋိပက္ခငြိမ် - သို့သော် မူစလင်အနီးနေထိုင်သူများ စိုးရိမ်
ထိတ်လန့်ဆဲ
Wednesday, June 5, 2013 

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် ဆူပူမှုငြိမ်သက်နေသည်ဆိုသော်
လည်း ကောဠာဟာလ သတင်း များကြောင့် မူစလင်ဘာသာဝင်များ
အနီးနေထိုင်နေသူများ စိုးရိမ်ထိတ်လန့်မှုရှိနေသေးကြောင်းမြို့တွင်း သတင်းရပ်ကွက် ကဆိုပါသည်။

ရိုက်နှက်မှုများမရှိတော့သည့်တိုင် စီးပွါးရေးလုပ်ငန်းရှင် ပန်းသေးတရုတ် (တရုတ်မူစလင်) သူဌေးကြီးအိမ်အား မီးရှို့ မည်ဟူသောသတင်းများကြောင့် ၎င်းနေအိမ်သို့ လုံခြုံရေးယူပေးရန် ရမခ တိုင်းမှူးမှ  စစ်အင်အား ပို့ပေးထား
သည့်အပေါ် လူထုတို့ စိုးရိမ်မှုရှိကြကြောင်း နီးစပ်သူများက ပြောသည်။

“သူဌေးကြီး ဦးမောင်ဝင်းလေ ။ သူက တရုတ်ပန်းသေး။ ရပ်ကွက် ၃ မှာနေ
တယ်သူ့အိမ် အကြီးကြီးဘဲ။ အဲဒီအိမ် ကိုသွားဖြိုမယ်လို့ သတင်းတွေထွက်
လာတော့ သူ့ရပ်ကွက်ထဲကလူတွေ လန့်နေကြတယ်။ သူက စစ်တပ်ဘက်က
အကြီးအကဲတွေနဲ့လဲ ရင်းနှီးဝင်ထွက်နေ တော့ တိုင်းမှူးက သူ့အိမ်လုံခြုံရေး
ယူ ပေးဖို့ တပ်ဖွဲ့တဖွဲ့ပို့ပေးတယ်။ အခု ဖြိုဖျက်မီးရှို့တာတွေတော့ ငြိမ်နေ
တယ်။ ဒါပေမယ့် ဟိုဘက်မှာ ရိုက်နေတယ်။ ဒီဘက်မှာချနေတယ်ဆိုတဲ့
 ကောဠာဟာလသတင်းတွေတော့ အမြဲတမ်း လိုလိုကြားနေရတယ်” ဟု လားရှိုးမြို့ခံ ကုန်သည်တဦးကပြောသည်။

ရွှေမြင်း ၂ ကောင်ကုမ္မဏီပိုင်ရှင် ဦးမောင်ဝင်းသည် ၎င်းကုမ္ပဏီမှ တရုတ်
ထုတ်(မျောက်တံဆိပ်) ဓါတ်ခဲကဲ့သို့ထုတ်လုပ်ရန် အတွက် တရုတ်ပညာရှင် ၇ ဦးကိုလည်း ခေါ်ထားကြောင်း နီးစပ်သူများက ပြောပြသည်။

၎င်းသည် လားရှိုးဈေးကြီးအနီး  ရှိနာမည်ကြီး ဟိုတယ်၊ တည်းခိုခန်းအများ
အပြားကိုလည်း ဝယ်ယူထားခဲ့ကြောင်း ဆိုပါသည်။

ယခင်အပတ် အမျိုးသမီးတဦးအား မူစလင်အမျိုးသားတဦးက မီးရှို့ခဲ့သည့်
အမှုမှ ဖြစ်ပွါးခဲ့သော လားရှိုးမြို့ပဋိပက္ခကြောင့် လူ ၅ ဦးဒဏ်ရာရရှိပြီး ၁ ဦးသေဆုံးခဲ့သည်။

သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် ဆူပူမှုငြိမ်သက်နေသည်ဆိုသော်လည်း ကောဠာဟာလသတင်း များကြောင့် မူစလင်ဘာသာဝင်များအနီးနေထိုင်နေသူများ စိုးရိမ်ထိတ်လန့်မှုရှိနေသေးကြောင်းမြို့တွင်း သတင်းရပ်ကွက် ကဆိုပါသည်။

လွှတ်တော်အမတ်၏တူ လူသတ်တရားခံ သေနတ်လုထွက်ပြေး - ပစ်ခတ်မှုဖြစ် ရဲတဦးသေ

Photo: လွှတ်တော်အမတ်၏တူ လူသတ်တရားခံ သေနတ်လုထွက်ပြေး - ပစ်ခတ်မှုဖြစ် ရဲတဦးသေ
Wednesday, June 05, 2013 

သျှမ်းမြောက် မူစယ်ခရိုင် တရားရုံး၌ တရားခံများက ရဲတပ်ဖွဲ့ သေနတ်ကို
လုယူ ပစ်ခတ်ပြီး တရားခံ ၃ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း စုံစမ်း
သိရသည်။

ထွက်ပြေးလွတ်မြောက်သွားသော လူသတ်တရားခံ လိဖန်နှင့် အိုက်ဆမ်

“မနေ့ကညနေ လေးနာရီ ၁၅ မိနစ်ကဖြစ်တာ။ ရဲစခန်းအချုပ်ခန်းကနေ ခရိုင်တရားရုံးကို ရမန်ယူ လာတဲ့ တရားခံ ၅ ဦးက အချုပ်ကား ဆင်းဆင်း
ချင်း ရဲရဲ့ သေနတ်လုပြီး ပစ်ခတ်တယ်။ အဲဒီအချိန်မှာ  တာဝန်ကျ   ရဲတယောက်က သေနတ်လုပြေးတဲ့ တရားခံကို သေနတ်ပစ်တာ တရားခံကိုမထိဘဲ ရဲ တယောက်ကိုသွားထိတယ်။ အဲဒီရဲ သေသွားတယ်။  တရားခံကပြန်ပစ်လိုက်လို့ ရဲ ၂ ယောက်  ဒဏ်ရာရတယ်၊ တရားခံ ၅ ယောက်ထဲက ၃ ယောက် လွတ်မြောက်သွားတယ်။ သေနတ် ၂ လက်
ပါသွားတယ်” ဟု မူစယ်ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးကပြောသည်။

အဆိုပါရုံးထုတ်လာသောတရားခံများမှာ ကျားဖြူပါတီဥက္ကဌ၏တူအား သတ်ဖြတ်သော  ကျော်မြင့် ပန်းဆေး ပြည်သူ့စစ်၏တူ ရဲအောင်ထွေးခေါ်  လိဖန် ၊  အိုက်ဆမ် ၊အားကျိနှင့်တရုတ်ပန်းဆေး လူမျိုးဘိန်းမှောင်ခို  နှစ်ဦး တို့ဖြစ်ကြကြောင်း၊ ၄င်း ၅ ဦးအနက် ပြန်လည်ဖမ်းမိသော ၂ ဦးမှာ  နာမည်အတိအကျမသိရသေးကြောင်း ၄င်းကဆိုသည်။

“ခုလို တရားခံက ထွက်ပြေးလွတ်မြောက်ထားတယ်ဆိုတော့ ကျမတို့ ကလေးတွေအတွက် အင်မတန်မှ အန္တရာယ်ကြီးတယ်၊ ကျမတို့ ကလေးက စိုင်းအိုက်လိန်   ကျားဖြူဥက္ကဌတူ အသတ်ခံရတဲ့နေ့က အတူပါ နေလို့လေ၊ တကယ်လို့ ဒီလူသတ်သမားတွေ ကျမတို့ကလေးကို ပြန်လာသတ်ရင် ဘယ်လိုလုပ်ရမလဲ”  ဟု နမ့်ခမ်းမြို့မှ လူသတ်မှုတရားလိုဘက်ကပါသော မိခင်တစ်ဦးကပြောသည်။

ခုလက်ရှိလူသတ်သမားကို ပြန်မဖမ်းနိုင်သေးသ၍ အခင်းဖြစ်ပွားသည့်နေ့တွင်
ပါဝင်သော တရားလိုဘက်မှ လူငယ်များကို သက်ဆိုင်ရာအာဏပိုင်ဘက်မှ လုံခြုံရေးယူပေးသင့်ကြောင်း၊သျှမ်းသံတော်ဆင့်မှတောင်း ဆိုချင်သည်ဟု ၄င်းက ဆိုသည်။

“တရားရုံးထုတ်တာ လက်ထိပ်ခြေထိပ်ခတ်ထားတာပဲ၊ဘယ်လိုလုပ်ပြီး
ထွက်ပြေးနိုင်တယ်ဆိုတာ လုံးဝတွေးလို့ မရဘူး၊ တရားခံကို မနေ့ ကရုံးချိန်းတာ တရားလိုတွေကို ဘာကြောင့် အာဏာပိုင်ဘက်က 
အကြောင်း မကြား တာလဲမသိဘူး”

“နောက်ပြီး မူစယ်မှာ တရားခံအတွက် လုံခြုံရေးစိတ်မချလို့ လာရှိုးကို
လွှဲပြောင်းစစ်ဆေးမယ်တဲ့၊ကျနော်တို့ ဘက်ကလဲ - ငွေကြေးမတတ်နိုင်လို့ အမှုမလိုက်ကြောင်း စာတင်လိုက်တယ်၊ စာတော့  မေလ ၂၉ ရက် မှပြန်
ကျလာတယ်။ မူစယ်ခရိုင်မှာပဲအမှုစစ်ရမယ်၊ မူစယ်မှာရုံးချိန်းတာက ၄ ကြိမ် ရှိပါပြီ၊ သက်သေ ဒီလောက် ခိုင်မာနေတာ ဘာကြောင့်စီရင်ချက်မချသေး
တာလဲ  တွေးစရာ တစ်ခုပါ” ဟု အသတ်ခံရသူ စိုင်းအိုက်လိန် နှင့် အမျိုးတော်စပ်သောသူတစ်ဦးကပြောသည်။

ယခုအချိန်တွင် လူသတ်တရားခံများက သေနတ် ၂ လက်နှင့်အတူ ထွက်ပြေးလွတ်မြောက်နေမှုအပေါ်မူစယ်နှင့်နမ့်ခမ်းမြို့နေများက ကြောက်
လှန့်နေကြကြောင်းသတင်းရရှိသည်။

သျှမ်းသံတော်ဆင့်
သျှမ်းမြောက် မူစယ်ခရိုင် တရားရုံး၌ တရားခံများက ရဲတပ်ဖွဲ့ သေနတ်ကို လုယူပစ်ခတ်ပြီး တရားခံ ၃ဦး ထွက်ပြေး လွတ်မြောက်သွားကြောင်း စုံစမ်း သိရသည်။

ယခင်နေရပ်သို့မပြန်ချင်သည့် စစ်ဘေးရှောင်များအတွက် နေအိမ်များစီစဉ်လျက်ရှိ

Photo: ယခင်နေရပ်သို့မပြန်ချင်သည့် စစ်ဘေးရှောင်များအတွက် နေအိမ်များစီစဉ်လျက်ရှိ
Wednesday, June 5, 2013

ကချင်ပြည်နယ်ရှိ ယခင်နေထိုင်ခဲ့သည့်ဒေသသို့ မပြန်ချင်သည့် စစ်ဘေးရှောင်ပြည်သူများအတွက် ဝိုင်းမော်မြို့နယ်ရှိ ပ.လ.န (၄)ကျေးရွာ အုပ်စုအတွင်းရှိ ရွာသစ်ကျေးရွာ၌ အိမ်ခြေအလုံးရေ ၂၀၃လုံးခန့် အား ဖေဖော်ဝါရီလပိုင်းမှစတင်၍ ဆောက်လုပ်ပေးလျက်ရှိကြောင်း ကချင် ပြည်နယ် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဘောက်ဂျာ၏ ပြောကြားချက်အရ သိရသည်။

အခုလက်ရှိ ပ.လ.န(၄)ကျေးရွာအုပ်စုက ရွာသစ်ကျေးရွာဆိုပြီး မပြန်ချင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေ အတွက် အဲဒီမှာ အိမ်၂၀၀လုံး ဆောက်လုပ်ပေးနေပါတယ်။ ပြီးတော့ အစိုးရဝန်ထမ်းတွေအတွက်လည်း တစ်အိမ်ကို ၈သိန်းနဲ့ အရစ်ကျရောင်းချဖို့ ရှိပါတယ်။ နောက်ပြီး ဒီ အိမ်တွေက ၉ပေပတ်လည် နှစ်ခန်းပါရှိ ပါတယ်။ ကျန်တဲ့ အိမ်သုံးလုံးကတော့ စစ်ဘေးရှောင် ပြည်သူအတွက် ဖြစ်ပါတယ်”ဟု တာဝန် ယူ ဆောက်လုပ်ပေးနေ သည့် ကေဇင်ဆောက်လုပ်ရေးကုမ္ပဏီနှင့် နီးစပ်သူ တစ်ဦးက ပြောကြား သည်။

အဆိုပါ ၉ပေပတ်လည်နှစ်ခန်းပါပြီး မြေအကျယ် ပေ၄၀ ပေ၆၀ တကွက်အား တန်ဖိုးအနေဖြင့် ၈သိန်း သတ်မှတ် ထားပြီး ယခင်နေထိုင်ခဲ့သည့် အရပ်ဒေသသို့ မပြန်ချင်သည့် စစ်ဘေးရှောင်ပြည်သူများအား အခမဲ့ပေးနေသွားမည်ဖြစ်ကြောင်း သိရပြီး အစိုးရဝန်ထမ်းများအတွက် သတ် မှတ်ဈေး ၈သိန်းအား အရစ်ကျစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆောက်လုပ်ပေးရာတွင် အစိုးရဝန်ထမ်းများအတွက်လည်း အရစ်ကျစနစ်ဖြင့် ရောင်းချ သွားရန်လည်း စီစဉ်ထားကြောင်း ဒေါ်ဘောက် ဂျာ၏ ပြောကြားချက်အရ သိရသည်။

ယခုလက်ရှိအချိန်တွင် ပြီးခဲ့သည့် ၂၀၁၁ခုနှစ် ၆လပိုင်း ၁၅ရက်နေ့မှ ၂၀၁၃ခုနှစ် ၅လပိုင်း ၂၇ရက်နေ့အထိ ကချင်ပြည်နယ်အတွင်း စစ်ဘေး ရှောင်ဒေသခံများစာရင်းအရ ၃၈၅၄၀ရှိကြောင်း လူမှုရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ သိရပြီး အဆိုပါ ကျေးလက်အိမ်ရာ တည်ဆောက် ရေးလုပ်ငန်းအား ယခုနှစ် ၂လပိုင်း ၁ရက်နေ့မှစတင်ဆောက်လုပ်ရာ ပြီးစီးသတ်မှတ်ရက်အဖြစ် ၃လပိုင်း ၃၁ရက်နေ့ သတ်မှတ်ထားသော် လည်း ၆လပိုင်းလဆန်းအထိ အိမ်ခြေအလုံးရေ ၂၀၀ခန့်သာ ပြီးစီးလျက် ရှိကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။

မြန်မာ့ခေတ်
ကချင်ပြည်နယ်ရှိ ယခင်နေထိုင်ခဲ့သည့်ဒေသသို့ မပြန်ချင်သည့် စစ်ဘေးရှောင်ပြည်သူများအတွက် ဝိုင်းမော်မြို့နယ်ရှိ ပ.လ.န (၄)ကျေးရွာ အုပ်စုအတွင်းရှိ ရွာသစ်ကျေးရွာ၌ အိမ်ခြေအလုံးရေ ၂၀၃လုံးခန့် အား ဖေဖော်ဝါရီလပိုင်းမှစတင်၍ ဆောက်လုပ်ပေးလျက်ရှိကြောင်း ကချင် ပြည်နယ် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဘောက်ဂျာ၏ ပြောကြားချက်အရ သိရသည်။

ကေအိုင်အေ (ကချင်) အဖွဲ့မှ လူနေအိမ် အတွင်း မိုင်းထောင်

Photo: ကေအိုင်အေ (ကချင်) အဖွဲ့မှ လူနေအိမ် အတွင်း မိုင်းထောင်
Wednesday, June 5, 2013

၂၀၁၃ခုနှစ်၊ ဇွန်လ ၃ရက် ည(၁၁)နာရီ အချိန့်ခန့်တွင် ၀ါရှောင်မြို့ ရပ်ကွက် (၅)နေ ဦးလူထန်း၊ (ဇနီး) ဒေါ်ဂွယ် ဂလောင် တို့၏ နေအိမ်သို့ ကေအိုင်အေ (ကချင်)အဖွဲ့မှ အင်အား (၄)ဦးခန့်သည် လက်နက်ငယ် ကိုယ်စီဖြင့် ရောက်ရှိလာပြီး အိမ်တံခါးအား ခေါက်ရာ အိမ်ရှင်ဖြစ်သူ ဒေါ်ဂွယ်ဂလောင်မှ “သူခိုး၊ သူခိုး” ဟု အော်သဖြင့် ကေအိုင်အေ တစ်ဦးမှ “ မအော်နဲ့ နင်တို့ တစ်အိမ်လုံး မိုင်းထောင်ပစ်မယ် ”ဟု ပြောဆိုခဲ့ပြီး ည(၁၁) နာရီ (၃၀)မိနစ် အချိန်ခန့် တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။

၂၀၁၃ခုနှစ်၊ ဇွန်လ ၄ရက် နံနက်(၆)နာရီ အချိန်ခန့်တွင် အိမ်ရှင်များမှ ကုန်စုံဆိုင်အတွင်း စစ်ဆေးရာ ဆိုင်အတွင်းရှိ ပစ္စည်းများ သိမ်းဆည်းသည့် စက္ကူဖာ အတွင်း၌ တရုတ် လက်ပစ်ဗုံးဖြင့် မိုင်းထောင်ခဲ့ကြောင်း သိရှိရသဖြင့် နယ်မြေခံ တပ်မတော်သား အင်ဂျင်နီယာ တပ်ဖွဲ့များမှ သွားရောက် ရှင်းလင်းခဲ့ရာ နံနက် (၇)နာရီ (၃၀)မိနစ် အချိန်ခန့်တွင် မိုင်းအား အသက်မဲ့ ပြု လုပ် နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ
၂၀၁၃ခုနှစ်၊ ဇွန်လ ၃ရက် ည(၁၁)နာရီ အချိန့်ခန့်တွင် ၀ါရှောင်မြို့ရပ်ကွက် (၅)နေ ဦးလူထန်း၊ (ဇနီး) ဒေါ်ဂွယ် ဂလောင်တို့၏ နေအိမ်သို့ ကေအိုင်အေ (ကချင်)အဖွဲ့မှ အင်အား (၄)ဦးခန့်သည် လက်နက်ငယ် ကိုယ်စီဖြင့် ရောက်ရှိလာပြီး အိမ်တံခါးအား ခေါက်ရာ အိမ်ရှင်ဖြစ်သူ ဒေါ်ဂွယ်ဂလောင်မှ “သူခိုး၊ သူခိုး” ဟု အော်သဖြင့် ကေအိုင်အေ တစ်ဦးမှ “ မအော်နဲ့ နင်တို့ တစ်အိမ်လုံး မိုင်းထောင်ပစ်မယ် ”ဟု ပြောဆိုခဲ့ပြီး ည(၁၁) နာရီ (၃၀)မိနစ် အချိန်ခန့် တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။

မလေး ရှား တွင် မြန်မာ များ ကို အဖမ်း အဆီးကြမ်း

Photo: မလေးရှားတွင် မြန်မာများကို အဖမ်းအဆီးကြမ်း
Wednesday, June 5, 2013 

မလေးရှားတွင် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ယမန်နေ့တွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးကို သတိပေးပြီးနောက် ကွာလာလမ်ပူမြို့တွင်
 မြန်မာများကို ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ရက်သတ္တ တပတ်အတွင်း အမည်မသိ လူအုပ်စု၏ တိုက်ခိုက်ခံ
ရမှုကြောင့် မြန်မာနိုင်ငံသား ၃ ဦးထက် မနည်း သေဆုံး၍ ၁၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့သည်။

မလေးရှားတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ တိုက်ခိုက်
ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ အသက်ဆုံးရှုံးခြင်း၊ ပစ္စည်းဥစ္စာ ဆုံရှုံးခြင်းတို့ ဖြစ်ပွားမှုအတွက် မလေးရှား သံအမတ်ကြီး မစ္စတာ 
အာမတ်ဖိုင် ဆဲလ်ဘင် မိုဟာမက်အား နိုင်ငံခြားရေး ဒု ၀န်ကြီး ဦးဇင်ယော်က ပြစ်မှုကျူးလွန်သူများကို ချက်ချင်း စုံစမ်းဖော်ထုတ်ပြီး အရေးယူပေးရန်၊ ထိုဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရန် မလေးရှား အစိုးရက လိုအပ်သည်များကို အရေးယူ ဆောင်ရွက်ပေးရန် စသည်တို့ကို သတိထောက်လွှာ ပေးပို့၍ အကြောင်းကြားခြင်း ဖြစ်သည်။

ယင်းသို့ သတိထောက်လွှာ ပေးပို့ပြီးနောက် ယမန်နေ့ညမှ စတင်ကာ တရားဝင် အလုပ်လုပ်နေသည့်မြန်မာများရော တရားမဝင် အလုပ်လုပ်နေသည့် မြန်မာများကိုပါ ဖမ်းဆီးခြင်း ဖြစ်ကြောင်း 
သိရသည်။

“အခု အော်ပရာစီ (ရှောင်တခင် ပိတ်ဆို့ဖမ်းဆီးမှု) တွေကို မလေး 
ရဲတွေ၊ လ၀ကတွေ၊ ရာလာ (ပြည်သူ့စစ်) တွေပါတဲ့ အဖွဲ့တွေက အထူးစီမံချက်နဲ့ မနေ့ညကရော၊ ဒီတမနက်လုံး မြန်မာမှန်သမျှ အထောက်အထား ရှိရှိ၊ မရှိရှိ အကုန် ဖမ်းတယ်။ အဲဒီနေရာက အမည်းရောင်လို့ ပြောနေကြတဲ့ ဆာလာရမ်းဘက်မှာ အဓိက 
လုပ်တာပါ” ဟု မလေးရှားနိုင်ငံရောက် မြန်မာတဦးဖြစ်သူ 
ဦးဝင်းအောင်က ဧရာဝတီကို ပြောသည်။

ယမန်နေ့ညနှင့် ယနေ့ ဖမ်းဆီးမှုများကြောင့် အနည်းဆုံး မြန်မာ 
၁၀၀ ခန့် အဖမ်းခံရကြောင်း၊ ထိုကဲ့သို့ ရှောင်တခင် ဖမ်းဆီးမှုမျိုး 
ယခင်က ရှိခဲ့သော်လည်း ယခု ဖမ်းဆီးမှုမှာ အပြင်းထန်ဆုံး လူဖမ်းပွဲဖြစ်သည်ဟု ကွာလာလမ်ပူရှိ မျက်မြင် မြန်မာတဦးက
 ပြောသည်။

အမည်မဖော်လိုသူ မြန်မာတဦးကလည်း “လုပ်တာကလည်း လူအုပ်လိုက်၊ လုပ်တာလည်း တပုံစံတည်း၊ လုပ်သွားတဲ့ လူတွေကို ဖမ်းရမယ့်အစား သူတို့က မြန်မာမြင်တိုင်း အကုန် ဖမ်းတော့တာပဲ” ဟု ဆိုသည်။

မလေးရှားတွင် လာရောက်နေထိုင် အလုပ်လုပ်နေကြသော ရခိုင်နှင့်
 မြန်မာများ ယခင်က တိုက်ခိုက်မှု အကြိမ်ကြိမ် ခံခဲ့ရသော်လည်း မလေးရှား သတင်းမီဒီယာ တော်တော်များများက မဖော်ပြခဲ့ကြကြောင်းလည်း သူက ဆက်ပြောသည်။

“မနှစ်က ရခိုင်ကိစ္စဖြစ်ပြီး နောက်ပိုင်း ဒီကရခိုင်တွေ၊ မြန်မာတွေဆက်တိုက် တိုက်ခိုက် ခံလာခဲ့ရတာ၊ မြန်မာသံရုံးကလည်း လုံးဝ အားမကိုးရဘူး” ဟု သူက ဆိုသည်။

ဒုတိယ ရဲမင်းကြီး Amar Singh Ishar Singh ကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြရာ၌ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်များ
 ဖြစ်ပွားမှု ဂယက်က ကွာလာလမ်ပူကို ရိုက်ခတ်ခြင်း ဖြစ်နိုင်ကြောင်း၊ တင်းမာမှုများကို ထိန်းချုပ်ရန် မြန်မာ ၆၀ ခန့်ကို ဖမ်းဆီးထားကြောင်း
 ရေးသားထားသည်။

မလေးရှားနိုင်ငံတွင် တရားဝင် လာရောက် အလုပ်လုပ်ကိုင်သူ မြန်မာ ၃ သိန်းခန့်ရှိပြီး တရားမ၀င် အလုပ်လုပ်နေသူ မြန်မာ ၁ သိန်းခန့်ရှိကြောင်း၊ ထို့အပြင် နိုင်ငံရေးခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ် ရရှိရန် ရောက်လာသူ ရာနှင့်ချီ၍လည်းရှိကြောင်း သိရသည်။

ဧရာဝတီ
မလေးရှားတွင် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ယမန်နေ့တွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးကို သတိပေးပြီးနောက် ကွာလာလမ်ပူမြို့ တွင် မြန်မာများကို ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

မန္တလေးမြို့တွင် စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် တင်ဒါခေါ်

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ် ခြောက်မြို့နယ် မှ နေ့စဉ်ထွက်ရှိနေသော စွန့်ပစ်အမှိုက်များအား လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန်အတွက် အကျိုးတူ ပူးပေါင်းလိုသော ကုမ္ပဏီများ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ပြီဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီမှ အမည်မဖေါ်လိုသူ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ငြိမ်း ချမ်းရေးဆွေးနွေး မှု များတွင် အရပ်ဘက် အဖွဲ့အစည်း များလည်း ပါဝင်မည်

Photo: ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် အရပ်ဘက်အဖွဲ့အစည်းများလည်း ပါဝင်မည်

ဇွန်လ ၅ ရက် ၂၀၁၃ 

ပြည်တွင်းတွင် ဆောင်ရွက်နေသော ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အရပ်ဘက်အဖွဲ့စည်းများ ပါဝင်ဆွေးနွေးမည်
ဖြစ်သည့် အပြင် ယင်းအဖွဲ့အစည်းများမှ နိုင်ငံတကာရှိ သံတမန်များနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် နိုင်ငံတကာမှ ကူညီထောက်ပံ့ပေးသော ငွေကြေးများကို
မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) သို့ အဓိကဝင်ရောက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများ၊ ဒုက္ခသည်စခန်းများအတွက် ကူညီထောက်ပံ့မှုများတွင် ထိရောက်သောကူညီမှုများ မရှိသောကြောင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်နိုင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကိုဆွေးနွေးရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ အဖွဲ့ဝင် ဒေါ်မေစံပယ်ဖြူက ပြောသည်။

''ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ဖို့အတွက် လူသားချင်းစာနာထောက်ထားတဲ့ EU, UK, US, UN တို့က ဒုက္ခသည် စခန်းတွေကိုပေးတဲ့ ကူညီထောက်ပံ့မှုတွေက ဘာကြောင့် ထိရောက်မှုမရှိတာလဲ။ နောက်ပြီး MPC က အစိုးရ အဖွဲ့အစည်းကို ကိုယ်စားပြုတာမဟုတ်ပေမယ့် ဥက္ကဋ္ဌက ဦးအောင်မင်း ဖြစ်နေတဲ့အတွက် Power Balance မျှတမှု ရှိပါ့မလားဆိုတဲ့
မေးခွန်းတွေရှိနေတယ်'' ဟုလည်း ဒေါ်မေစံပယ်ဖြူ က ဆိုသည်။

အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သံတမန်များ ဆွေးနွေးမှုကိုမူ ဇွန်လ ၇ ရက် Central Hotel တွင် ပြုလုပ်သွားမည်ဖြစ်သည်ဟု အရပ်ဘက် လူ့အဖွဲ့အစည်းများက ပြောကြားသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်များတွင် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်လာမှုနှင့် ပတ်သက်၍လည်း မြန်မာ့
ငြိမ်းချမ်းရေးစင်တာ (MPC)မှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ''ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ အရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်သင့်ပါတယ်။ ကျွန်တော့်အနေနဲ့ လုံးဝထောက်ခံပါတယ်။ MPC အနေနဲ့ ဖိတ်ခေါ်တယ်။ ပိတ်ပင်မထားပါဘူး။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေပြုလုပ်မယ့် ပထမဆုံးအဆင့်မှာ အတိမ်းအစောင်းမခံဘူး။ အရမ်းဂရုစိုက်ရပါတယ်။ ဒါကြောင့် အရပ်ဘက်အဖွဲ့စည်းတွေ ပါလာရင်ကောင်းတယ်။ အချိန်ကာလတစ်ခုတော့ စောင့်ရဦးမှာပါ'' ဟု ဆိုသည်။

အရပ်ဘက် လူ့အဖွဲ့အစည်းများမှ မြန်မာနိုင်ငံ သံရုံးများရှိ နိုင်ငံတကာ သံတမန် ၇ဝ ခန့် နှင့် တွေ့ဆုံ ဆွေးနွေးမည်
ဖြစ်ကာ အဖွဲ့အစည်း ၁၈ ဖွဲ့ပါဝင်မည် ဖြစ်သည်။

Mizzima
ပြည်တွင်းတွင် ဆောင်ရွက်နေသော ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အရပ်ဘက်အဖွဲ့စည်းများ ပါဝင်ဆွေးနွေး မည်ဖြစ်သည့်အပြင် ယင်းအဖွဲ့အစည်းများမှ နိုင်ငံတကာရှိ သံတမန်များနှင့်လည်း တွေ့ဆုံ သွား မည် ဖြစ်သည်။

မန်းတွင်ကောလာဟလလုပ်ဆောင်သူများကိုစုံစမ်းနေ ၄င်းတို့ကိုတရားစွဲဆိုသွားမည်ဟုဆို

Photo: မန်းတွင်ကောလာဟလလုပ်ဆောင်သူများကိုစုံစမ်းနေ
၎င်းတို့ကိုတရားစွဲဆိုသွားမည်ဟုဆို
Wednesday, June 5, 2013

မန်း၃၅၊၃၆လမ်းရှိအထက(၃)စာသင်ကျောင်းအားယနေ့နံနက်၁၀
နာရီအချိန့်ခန့်ကလူတစ်စုမှအော်ဟစ်သွားသဖြင့်ရုတ်ရုတ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကျောင်းသားတွေတချို့ကိုသာမိဘတွေအိမ်ပြန်ခေါ်သွားတာ
တချို့ကျောင်းထဲမှာပဲရှိပါသေးတယ် ဟုအဆိုပါကျောင်းအနီး ရပ်ကွက်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးကပြောသည်။

လက်ရှိတွင်မြို့နယ်ရဲမှူး၊ခရိုင်ရဲမှူးသက်ဆိုင်ရာစခန်းမှူးများ
မှာကောလဟာလဖြစ်ပွားခဲ့သောနေရာများကို လိုက်လံ ကြည့်ရှူခြင်း ပြုလုပ်နေ သည်ဟုမန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှရဲမှူးကြီးဦးစိုးငြိမ်းကပြောသည်။

မနက်ကဆိုင်ကယ်၃၊၄စိးနဲ့လူ၎၊၅ယောက်ကအော်သွားတာဘာမှမဖြစ်ပါဘူး၊စုံစမ်းနေတယ်မိလို့သေချာရင်တရားစွဲဆိုသွားမှာပါဟု၎င်းကပြောသည်။ ကောလဟလများမဖြစ်ရန်အတွက်ရပ်ကွက်အသီးသီးရှိကော်မတီအသီးသီးနှင့် ပူပေါင်းကာထိန်းသိမ်းမှူများဖြပြုလုပ်ခြင်း၊ပြည်သူများကောလဟာလမယုံ ရန်ပြောခြင်းများပြုလုပ်မည်ဟုရဲမှူးဦးစိုးငြိမ်းကပြောသည်။ 

လက်ရှိတွင်အမှတ် (၃)စာသင်ကျောင်းရှိကျောင်းသား၊ကျောင်းသူ များအေးချမ်းမှူရှိရန် ကျောင်းတံခါးပေါက်နှစ်ခုလုံးအားပိတ်ထားသည်ဟုအဆိုကျောင်းအနီးတွင်နေထိုင်သူများမှပြောသည်။ကောလဟာလကြောင့်မန္တလေးနည်းပညာတက္ကသိုလ်မှကျောင်းသားအချို့အားမိဘများမှဖုန်းဆက်ခေါ်ယူမှူရှိကြောင်းသိရသည်။

စိုင်းလမင်း
မန်း၃၅၊၃၆လမ်းရှိ အထက(၃) စာသင်ကျောင်းအား ယနေ့နံနက် ၁၀ နာရီအချိန့်ခန့်က လူတစ်စု မှအော်ဟစ် သွားသဖြင့်ရုတ်ရုတ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မြန်မာ၊အင်ဒိုနီးရှား၊ ဖိလပ်ပိုင်နှင့် ကမ္ဘောဒီးယားတို့ အာဆီယံဒေသတွင်း လွတ်လပ်စွာသွားလာခွင့်ဗီဇာ သဘာတူညီမှုရရှိ

မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ အာဆီယံဒေသတွင်း လွတ်လပ်စွာ သွားလာခွင့် ဗီဇာ သဘာတူညီမှုကို ယနေ့ နေပြည်တော်တွင် ကျင်းပလျှက်ရှိသော အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ် တွင် လတ်မှတ်ရေးထိုး ခဲ့သည်။

အရေးပေါ်နှင့် မီးဖွားလူနာ ဆေးဝါးထောက်ပံ့စရိတ် ယခုနှစ် တစ်ဆခွဲခန့် တိုးမည်

Photo: အရေးပေါ်နှင့် မီးဖွားလူနာ ဆေးဝါးထောက်ပံ့စရိတ် ယခုနှစ် တစ်ဆခွဲခန့် တိုးမည်
Wednesday, June 5, 2013

နိုင်ငံတစ်ဝန်း ပြည်သူ့ဆေးရုံတိုင်းရှိ အရေးပေါ်နှင့် မီးဖွားလူနာများကို သီးသန့် ဆေးဝါးထောက်ပံ့မှုများ ယခု ဘဏ္ဍာနှစ်အတွက် ဆက်လက် ပံ့ပိုး သွားရန် စီစဉ်နေသည့်အပြင် ဆေးဝါးဝယ်ယူစရိတ် တစ်ဆခွဲခန့် တိုးမြှင့်ပေးရန်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမင်းသန်းညွန့် က The Voice သို့ ပြောကြားသည်။

သက်ဆိုင်ရာ ဆေးရုံအုပ်များနှင့် အသုံးစရိတ် ခွဲဝေရေး အစည်းအဝေးကို ယခုလအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး လာမည့် စက်တင်ဘာလခန့်တွင် အဆိုပါ ဆေးဝါးများ စတင်ရရှိမည်ဟု ခန့်မှန်းကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

“ဆေးရုံမှာ ဆေးတွေကတော့ အခုထိ ရှိနေသေးတယ်။ အဲဒီလောက်ထိ ကြာမှာတော့ မဟုတ်ပါဘူး”ဟုရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ကြီး ဒေါက်တာကျော်ကျော်က The Voice သို့ ပြောဆိုသည်။

လက်ရှိ ဦးစားပေးထားသော လူနာသုံးမျိုးတွင် အရေးပေါ်လူနာ၊ အရေးပေါ် ခွဲစိတ်လူနာနှင့် မီးဖွားလူနာတို့ ပါဝင်ပြီး ၎င်းတို့ထဲမှ ၉၀ ရာခိုင်နှုန်းကျော် သည် ဆေးဝါး အခမဲ့နီးပါး ရရှိကြကြောင်း ဒေါက်တာ မင်းသန်းညွန့် ၏ ပြောကြားချက်အရ သိရသည်။

သို့သော် လက်ရှိ ဆေးဝါးထောက်ပံ့မှုစနစ်တွင် အရေးပေါ်လူနာတိုင်း အတွက် ဆေးဝါးကုန်ကျစရိတ်များ ကျန်ရှိနေသေးကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး လူနာရှင် အသိုင်းအဝိုင်းထံမှ သိရသည်။

“ဆေးအမျိုးအစားပေါ် ရောဂါ အမျိုးအစားပေါ် မူတည်လိမ့်မယ်။ ပုံမှန် ကတော့ လူနာတစ်ယောက် မရှိမဖြစ်၊ မသုံးမဖြစ် ဆေးတွေပဲ သုံးတာပါ” ဟု ဒေါက်တာ မင်းသန်းညွန့်က ဆိုသည်။

နိုင်ငံတော်အစိုးရက ကျန်းမာရေးဝန်ကြီးဌာန အသုံးစရိတ်များအတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ငွေကျပ် သန်းပေါင်း ၃၆၇,၉၇၀ ဒသမ ၃၇၅ သန်း တိုးမြှင့်ပေးခဲ့ရာမှ ကျပ်သန်း ၁၅၄,၄၃၅ ဒသမ ၀၉၃ ကို ဆေးနှင့်ဆေး ပစ္စည်းများ ဝယ်ယူရေး၊ ကျန်းမာရေးဝန်ထမ်းများခန့်ထားရေးနှင့်ဆေးရုံပြန် လည် ပြင်ဆင်ရေးအတွက် ချပေးခဲ့သည်။

The Voice Weekly 
 နိုင်ငံတစ်ဝန်း ပြည်သူ့ဆေးရုံတိုင်းရှိ အရေးပေါ်နှင့် မီးဖွားလူနာများကို သီးသန့် ဆေးဝါးထောက်ပံ့မှုများ ယခု ဘဏ္ဍာနှစ်အတွက် ဆက်လက် ပံ့ပိုး သွားရန် စီစဉ်နေသည့်အပြင် ဆေးဝါးဝယ်ယူစရိတ် တစ်ဆခွဲခန့် တိုးမြှင့်ပေးရန်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမင်းသန်းညွန့် က The Voice သို့ ပြောကြားသည်။

ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

Photo: ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်
Wednesday, June 5, 2013

ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။
(1) အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်
ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝမပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ ကိုက်လန်တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။

(2) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေတာ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို အောက်ဆီဂျင် ပို့ပေးတာ၊ ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတာ စတဲ့ အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(3) ဗီတာမင်ကေ များစွာ ပါဝင်ပါတယ် ကိုက်လန်မှာ များစွာ ပါဝင်တဲ့ ဗီတာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးကို ကောင်းစေတဲ့ အပြင် သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေကို သက်သာအောင် ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။

(4) ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးပါတယ် ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက်တို့လို အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။ ဒီအင်တီအောက်ဆီးဒင့်တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(5) ရောင်ရမ်းမှုကို လျော့ကျစေပါတယ် ကိုက်လန်ဟာ ရောင်ရမ်း မှု လျော့ကျစေတဲ့ အစာတစ်မျိုးပါ။ ကိုက်လန်တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ်ရောင်ရမ်းနာ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

(6) နှလုံးသွေးကြောကို ကျန်းမာစေပါတယ် ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေတဲ့ အစွမ်းရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေနိုင် ပါတယ်

(7) အမြင်အာရုံကို ကောင်းမွန်စေပါတယ် ကိုက်လန်မှာ ဗီတာမင်အေ များစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(8) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ် ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်၊ ဇီဝရုပ်ဖြစ်ပျက် မှုနဲ့ ရေဓာတ်ပြည့်ဝမှုတို့ကို အားပေးထောက်ပံ့နိုင်စွမ်း ရှိပါတယ်။

(9) အရိုး၊ အဆစ် ကျန်းမာစေပါတယ် ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာ ကယ်လ်စီယမ် ပိုမို ပါဝင်တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်းပျော့ပျောင်းအောင် ကူညီနိုင်ပါတယ်။

(10) ကိုယ်တွင်းအဆိပ်တွေကို ကင်းစင်စေပါတယ် ကိုက်လန်ကို အဆိပ်ဖယ်ရှားပေးနိုင်တဲ့ အစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့ ဆာလဖာတို့ အပြည့်အဝ ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတွင်း ရှိ အဆိပ်တွေကို ကင်းစင်စေပြီး အသည်းကို ကျန်းမာစေပါတယ်။

ကြယ်စင်
Good Health
ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့် စားပေးမယ် ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။

အကူအညီပေးတဲ့ ပစ္စည်းတွေ အကုန်လုံး ဒုက္ခသည်တွေဆီကို ရောက်ရဲ့ လားဆိုတာ စဉ်းစားရမယ့် ကိစ္စရပ်တစ်ခုပါ

Photo: အကူအညီပေးတဲ့ ပစ္စည်းတွေ အကုန်လုံး ဒုက္ခသည်တွေဆီကို ရောက်ရဲ့ လားဆိုတာ စဉ်းစားရမယ့် ကိစ္စရပ်တစ်ခုပါ
Wednesday, June 5, 2013

ကချင်ဒေသမှ ဒုက္ခသည်များအရေး ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး
Mr. Ashok Nigam နှင့် တွေ့ဆုံခြင်း။
ပထမဆုံးအနေနဲ့ အစိုးရနဲ့ KIO က မေ ၃ဝ ရက်နေ့ ဆွေးနွေးပွဲကနေ သဘော တူညီချက် ၇ ချက်ကို ရေးထိုးနိုင်တဲ့ အပေါ် UN က ဘာပြောလိုပါသလဲ။

ဒီအချက် ၇ ချက်က အင်မတန် အပြုသဘောဆောင်တဲ့ ခြေလှမ်းဖြစ်ပါ တယ်။ ကျွန်တော်တို့ ကြိုဆိုပါတယ်။

ဒီ ၇ ချက်ထဲမှာ IDP (ပြည်တွင်း၌ ရွှေ့ ပြောင်းသွားလာသည့် ဒုက္ခသည်)တွေနဲ့ ပတ်သက်ပြီး ထူထောင်ရေးအပိုင်းတွေ ကို နှစ်ဖက် ဆက်လက်ဆောင်ရွက်သွားဖို့ ဆိုပြီး ပါပါတယ်။ အဲဒီလို လုပ်တဲ့အခါ UN ကရော ဘယ်လိုကူညီမှုတွေ ဆက်လက်လုပ်ဖို့ရှိပါမလဲ။

UN အနေနဲ့အကူအညီလိုအပ်တဲ့ သူအားလုံးကို ကူညီပေးဖို့ အမြဲအသင့် ရှိပါတယ်။ တွဲဖက်အဖွဲ့အစည်းတွေ ဖြစ်တဲ့ INGO တွေနဲ့ တောက်လျှောက် လုပ်လာခဲ့တယ်။ သူတို့နဲ့အတူ လုပ်ခဲ့တော့ အစိုးရထိန်းချုပ်နယ်မြေမှာ ဘာတွေလိုအပ်တယ်ဆိုတာ သိရပြီ။ စစ်တမ်းယူပြီးပြီ။ တစ်ခုကဘာလဲဆို တော့ အစိုးရထိန်းချုပ်နယ်မြေ မဟုတ်တဲ့နေရာမှာ ဘာတွေ လိုအပ်တယ်ဆိုတာ အတိအကျ သိဖို့လိုအပ်တယ်။

လက်ရှိမှာ UN က ကချင်ဒုက္ခသည်တွေ ကို ဘယ်လို ကူညီပေးနေလဲ။
ပဋိပက္ခစဖြစ်တဲ့ ၂ဝ၁၁ ခုနှစ်က တည်းက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းက ဒုက္ခသည်တွေအတွက် ဘက်မလိုက်ဘဲ လူသားချင်းဆိုင်ရာ ကူညီမှုတွေ လုပ်ခဲ့ပါတယ်။ UN က ဒုက္ခသည် လေးသောင်းကျော်ကို ကူညီ နိုင်ခဲ့တယ်။ မိတ်ဖက်အဖွဲ့အစည်းတွေ ကလည်း လူသားချင်းစာနာမှုဆိုင်ရာ ကျင့်ဝတ်တွေနဲ့အညီ ကူညီမှုတွေ ဆက် လက်ပေးဖို့ သဘောတူညီခဲ့ကြပါတယ်။

လက်ရှိမှာဒုက္ခသည်တွေအတွက်စားရေ ရိက္ခာ၊ စောင်၊ ဆေးဝါးတွေလည်း မလုံလောက်ဘူးလို့ သိရပါတယ်။ ကချင်ဒုက္ခသည်များရဲ့ လက်ရှိအခြေ အနေကို ပြောပြပေးစေ လိုပါတယ်။

ဒုက္ခသည်တွေဟာ ကမ့်တွေမှာ ခိုလှုံနေရတာ ကာလရှည်ကြာလာပါပြီ။ တချို့ဆို လပေါင်း ၂ဝ ကျော်လာပြီဆို တော့ သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေ ကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ဖြည့် ဆည်းပေးဖို့ လိုအပ်လာပါတယ်။ ပြီးခဲ့ တဲ့နှစ်က ကချင်အပါအဝင် ဒုက္ခသည် စခန်း ၈၄ ခုမှာ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးခဲ့တယ်။

အစိုးရထိန်းချုပ်နယ်မြေမှာရှိတဲ့ ဒုက္ခ သည်တွေကို အသက်မွေးဝမ်းကျောင်း ဆိုင်ရာထောက်ပံ့မှုတွေ လုပ်ဆောင်ပေး ခဲ့တယ်။
မူလတန်းကလေးတစ်သောင်း လေးထောင်နီးပါးကိုလည်း သင်ကြား ရေးပစ္စည်းတွေ ထောက်ပံ့နိုင်ခဲ့ပါ တယ်။ ဒါ့အပြင် ဒုက္ခသည်တွေကို စားနပ်ရိက္ခာ မက်ထရစ်တန် ၆၅ဝဝ ထောက်ပံ့နိုင်ခဲ့ပြီး အသက်ငါးနှစ် အောက်ကလေး နှစ်ထောင်ကျော်ကို အာဟာရ ထောက်ပံ့မှုပေးနိုင်ခဲ့တယ်။

ပြီးခဲ့တဲ့နှစ်ကတည်းက ကချင် ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက် မှုတွေ၊ ဆေးဝါးဖြည့်တင်းမှုတွေ၊ ရောဂါ ဖြစ်ပွားမှုကို ဆန်းစစ်တာတွေ စတာတွေ လုပ်ပေးခဲ့တယ်။ အစိုးရက ကူညီမှု မပေးနိုင်တဲ့နေရာတွေမှာတော့ ဒေသခံ လူမှုအဖွဲ့အစည်းတွေက UN နဲ့ အခြား အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ငွေနဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေ ပြု လုပ်ပေးခဲ့တယ်။ ပြည်တွင်း NGO တွေ ကလည်း စစ်ဘေးသင့်ဧရိယာ အကုန်လုံး မှာလိုအပ်နေတဲ့ ကူညီမှုတွေကို အဘက် ဘက်က ဆောင်ရွက်ပေးလျက်ရှိပါတယ်။

တချို့ မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သွားရောက်ကူညီပေးမယ့် အဖွဲ့အစည်း တွေကို လမ်းကနေ တားမြစ်မှုတွေ ရှိ နေတယ်လို့ သိရပါတယ်ရှင့်။ တစ်ဖက် မှာလည်း အစိုးရက ၂ဝ၁၂ ခုနှစ်ကုန် က စပြီး NGO တွေ ကချင်ဘက်မှာ ထောက်ပံ့မှုတွေ လွတ်လွတ်လပ်လပ် ဆောင်ရွက်ဖို့ ခွင့်ပြုလိုက်တယ်လို့ ပြော ပါတယ်။ အဲဒီတော့ အခုတားမြစ်နေတာ ဘယ်သူတွေက တားတာလဲဆိုတာ သိချင်ပါတယ်။ 

အစိုးရထိန်းချုပ်ဒေသတွေ အများ စုမှာ ထောက်ပံ့ရေးလုပ်ငန်းက ပုံမှန် လည်ပတ်နေပါတယ်။ အစိုးရထိန်းချုပ် ဒေသမဟုတ်တဲ့ ဒေသတွေမှာတော့ အထောက်အပံ့တွေ ပိုမိုလိုအပ်နေတာ တွေ့ရပါတယ်။ UN ဦးဆောင်တဲ့ အရေးပေါ် ထောက်ပံ့ရေး လုပ်ငန်းစဉ် အရ ၂ဝ၁၂ ခုနှစ် ဇူလိုင်လမှာ စတင် ကတည်းက ဒေသတွင်း အဖွဲ့အစည်း တွေဟာ အထောက်အပံ့ ရယူပြီး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ UN ဟာ ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ လက် တွဲပြီး ဒီထောက်ပံ့ရေးလုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်နေပါတယ်။ အကူအညီပေးရေး အဖွဲ့အစည်းတွေ ဒုက္ခသည်စခန်းတွေဆီရောက်ဖို့ ဘာတွေ က အဓိကအတားအဆီး ဖြစ်နေပါသလဲ။

အကူအညီပေးတဲ့ ပစ္စည်းတွေ အကုန်လုံးက ဒုက္ခသည်တွေဆီကို ရောက်ရဲ့လားဆိုတာ စဉ်းစားရမယ့် ကိစ္စရပ်တစ်ခုပါ။ မိုးရာသီရောက်ပြီမို့ဒုက္ခသည်တွေရဲ့ ပြန်လည် ထူထောင် ရေးအတွက် အကူအညီတွေ အရေး တကြီး လိုပါတယ်။ အထူးသဖြင့် အစိုး ရ ထိန်းချုပ်နယ်မြေမဟုတ်တဲ့နေရာမှာ ထောက်ပံ့ရေး ပစ္စည်းတွေ ရောက်ဖို့ သိပ်ကို အရေးကြီးပါတယ်။

UN အပါအဝင် တခြားအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့အားလုံးက ဒုက္ခ သည်အားလုံးကို လွှမ်းခြုံရောက်ရှိပါသလား။ ဆိုလိုတာက အကူအညီ မရသေးတဲ့ ဒုက္ခသည်စခန်းတွေ ဘယ် လောက်အထိ ရှိနေပါသလဲ။
အစိုးရထိန်းချုပ် နယ်မြေနဲ့ အစိုးရ ထိန်းချုပ်နယ်မြေ မဟုတ်တဲ့ ဒေသနှစ်ခု ကြားမှာ အကူအညီပေးရေး လုပ်ဆောင် မှုတွေက ကွဲပြားခြားနားမှုတွေ ရှိပါ တယ်။ အစိုးရနယ်မြေမဟုတ်တဲ့ ဒေသ က ဒုက္ခသည် ငါးသောင်းကျော်အတွက် အကူအညီတွေ လိုအပ်နေပါတယ်။

အကူအညီမရသေးတဲ့ ဒုက္ခသည်တွေကို UN ကကူညီထောက်ပံ့မှု ဘာတွေဆက်လက် လုပ်ဆောင်သွားမလဲ သိလိုပါတယ်။
ဝေးကွာတဲ့ ခေါင်တဲ့ ဒေသတွင်း လူမှုအဖွဲ့အစည်းတွေတောင် မရောက် နိုင်တဲ့ နယ်စပ်ဒေသက ဒုက္ခသည်စခန်း တွေဟာ အကူအညီကို အကန့်အသတ် နဲ့ ရရှိပါတယ်။ တခြားနေရာတွေကတော့ အဲဒီဒေသတွေထက်စာရင် အကူအညီ ပိုရတယ်။ ကွာဟချက်တွေတော့ ရှိနေ ပါတယ်။ နယ်စပ်ဒေသက ဒုက္ခသည် တွေကတော့ ရေ၊ တစ်ကိုယ်ရေသန့်ရှင်း မှုဆိုင်ရာ ပစ္စည်းတွေ၊ ကျန်းမာရေး ဆိုင်ရာ အကာအကွယ်ပစ္စည်းတွေနဲ့ အခြေခံစောင့်ရှောက်မှုတွေ ရရှိမှုက အခြားစခန်းတွေထက် နည်းပါတယ်။ ကျွန်တော်တို့ကတော့ လိုအပ်တဲ့နေရာ အားလုံးမှာ အကူအညီပေးသွားဖို့ အဆင်သင့်ပါပဲ။

မိုးရာသီနဲ့အတူ နောက်ဆက်တွဲ ဖြစ် ပေါ်လာမယ့် ရောဂါတွေအတွက် ဒုက္ခ သည်စခန်းတွေမှာ UN အနေနဲ့ ဘယ် လို ကျန်းမာရေး ကာကွယ်စောင့်ရှောက် မှုတွေ ပြုလုပ်ဖို့ ရှိပါသလဲ။
ကချင်ဒေသ ကူညီစောင့်ရှောက်ရေး အစီအစဉ် (မတ်လမှ ဒီဇင်ဘာ ၂ဝ၁၃ ခုနှစ်အထိ) အရ ကျန်းမာရေးဆိုင်ရာ အစီအစဉ်ကို ၂ဝ၁၃ ခုနှစ် မတ်လမှာ ပြန်လည် သုံးသပ်တယ်။ ဒီ အစီအစဉ်မှာ ဘာတွေပါမလဲဆိုတော့ ဒုက္ခသည်တွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုနဲ့ ပညာပေးဖို့ အတွက် လုပ်အားပေးတွေကို သင်တန်း ပေးဖို့၊ ဒေသခံလုပ်အားပေးတွေရဲ့ အရည် အသွေးမြှင့်တင်ဖို့၊ ဆေးနဲ့ အခြားပစ္စည်း တွေ ထောက်ပံ့ပေးနိုင်ဖို့ ရောဂါဖြစ်နေ ရင် စောစီးစွာသိနိုင်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ချက်ချင်းပေးနိုင်ဖို့ စတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။

အိုးအိမ်တွေကို နှစ်နှစ်နီးပါး စွန့်ခွာပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ ဒေသခံတွေရဲ့ စိတ်ခံစားချက်နဲ့ လိုအပ် မှုက ဘာတွေဖြစ်မလဲ။ UN က သီးခြား စစ်တမ်းကောက်ထားတာမျိုး ရှိပါသလား။
အတိုက်ခိုက်ခံရတဲ့ စိတ်ပိုင်းဆိုင် ရာ နာကျင်မှုခံစားရတဲ့သူတွေမှာ စိတ် ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ပိုဖြစ် ပါတယ်။ ကျွန်တော်တို့ဆီက ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍကနေ ဒုက္ခသည် တွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု၊ အားပေးမှုအစီအစဉ်တွေကို လာမယ့်လ တွေမှာ ပြုလုပ်ပေးသွားဖို့ရှိပါတယ်။

ဒုက္ခသည်တွေအတွက် အစိုးရဘက် ကရော၊ KIO ဘက်ကရော ဘာတွေ ဆောင်ရွက်ပေးဖို့လိုတယ်လို့ UN က သုံးသပ်မိပါသလဲ။
ဒုက္ခသည်တွေ အကုန်လုံးဆီကို ပြန်လည်ထူထောင်ရေး အကူအညီတွေ အတားအဆီးမရှိ ပုံမှန်ရောက်ရှိဖို့က အရေးကြီးတဲ့ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ နှစ်ဖက်စလုံးက လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးသူတွေကို မတားဆီးဖို့၊ လုံခြုံရေးအတွက် အာမခံ ပေးဖို့ လိုပါတယ်။ 
မေဇင်ဝင်း တွေ့ဆုံမေးမြန်းသည်

Popular
ကချင်ဒေသမှ ဒုက္ခသည်များအရေး ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင် ရွက်ရေး မှူး Mr. Ashok Nigam နှင့် တွေ့ဆုံခြင်း။

မူဆယ် တရားရုံးအချုပ်မှ ထွက်ပြေးသူများကို ပစ်ဖမ်းရင်း ရဲတဦးသေဆုံး

Photo: မူဆယ် တရားရုံးအချုပ်မှ ထွက်ပြေးသူများကို ပစ်ဖမ်းရင်း ရဲတဦးသေဆုံး
Wednesday, June 5, 2013

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် မူဆယ်ခရိုင် တရားရုံးအချုပ်မှ ထွက်ပြေးသည့် လူသတ်မှုဖြင့် တရားရင်ဆိုင် နေရသူများကို ရဲများက သေနတ်ဖြင့် ပစ်ဖမ်းရာမှ ရဲတပ်သားတဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့တွင် လူသတ်မှု ဖြစ်ခဲ့၍ ဖမ်းဆီးခံထားရသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (ပန်းဆေး ပြည့်သူ့စစ် ခေါင်းဆောင်) ပန်းဆေး ဦးကျော်မြင့်၏တူ လီဖန် (ခ) မောင်ရဲအောင်ထွေး အပါအဝင် ၅ ဦးအား တရားရုံး အချုပ်တွင် ရုံးထုတ်ရန် စီစဉ်နေစဉ် ဖြစ်ပွားခဲ့ကြောင်း၊ ရဲများကို အမှုဖြစ်နေသူ ၅ ဦးက တွန်းတိုက် ထွက်ပြေး သဖြင့် ရဲက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တရားခံ ၂ ဦးနှင့် ရဲတပ်သား တဦး ထိမှန်သွားကြောင်း၊ သေနတ် ကျည်ဆံ ထိမှန်ခဲ့သည့် ရဲတပ်သားမှာ သေဆုံးသွားခဲ့ပြီး လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက် သွားကြောင်း မူဆယ်မြို့ ရဲစခန်းမှ တာဝန်မှူး ဒု ရဲအုပ် ဘရန်ဆိုင်းက ဧရာဝတီသို့ ပြောသည်။

“ထွက်ပြေးတဲ့ တရားခံ ၅ ဦးထဲက ၂ ဦးကို ပြန်ဖမ်းမိတယ်။ လွတ်သွားသူတွေကို ရဲတွေက လိုက်ဖမ်းနေပါတယ်။ တရုတ်ပြည် ဘက်ကို ထွက်သွား တာလားတော့မသိဘူး။ တရုတ်အစိုးရ ဘက်ကိုလည်း အကူအညီ တောင်းထားပါတယ်။ ရဲတပ်သား တဦး ကတော့ သေနတ်မှန်ပြီး သေသွားပြီ။ တရားခံ ၂ ဦးလည်း သေနတ်မှန်လို့ မူဆယ် ဆေးရုံမှာ တင်ထားတယ်” ဟု သူက ဆိုသည်။

တရားခံများ ထွက်ပြေးမှုကြောင့် မူဆယ်မြို့ လုံခြုံရေးကို ယခင်ကထက် ပို၍ ယူထားကြောင်း၊ တရားခံများကိုလည်း လိုက်လံ ရှာဖွေနေကြောင်း၊ ထိုနေ့တွင် တာဝန်ကျနေသည့် ရဲတပ်သားများကို အချုပ်ထဲတွင် ထိန်းသိမ်းထားသည် ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း အဆိုပါ တာဝန်မှူးက ဆက်ပြောသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့က ရှမ်းပြည်နယ်နေ့ ပွဲဈေးတန်းတွင် နမ့်ခမ်းဒေသခံ ငွေနဂါး သောက်ရေသန့် ပိုင်ရှင်၏သား၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရှမ်းပြည် အစိုးရ သတ္တုတွင်း ၀န်ကြီးဌာန ၀န်ကြီး ဦးအိုက်ပေါင်း၏မြေး စိုင်းအိုက်လိန်နှင့် အဖွဲ့အား ပန်းဆေး ဦးကျော်မြင့်၏တူ လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အဖွဲ့က ဓားဖြင့် ၀င်ခုတ်ရာမှ စိုင်းအိုက်လိန် သေဆုံးပြီး ၎င်း၏ သူငယ်ချင်းဖြစ်သူ စိုင်းလှိုင်းပန်မှာ ဓားဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း၊ ထို့ကြောင့် လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် ၅ ဦးကို မူဆယ်ရဲစခန်းက ဖမ်းဆီး ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်း သိရသည်

မူဆယ်ဒေသခံ စိုင်းအိုက်က “အရင်က အဲဒီအမှု ရုံးချိန်းဆိုရင် မူဆယ်ကရော၊ နမ့်ခမ်းကရော ပြည်သူတွေ အားလုံးနီးပါး လာ နားထောင်ကြတယ်။ အရင် ရုံးချိန်းတိုင်းက သောကြာနေ့မှာ လုပ်တာ၊ အခုတပတ် ရုံးချိန်းက အင်္ဂါ နေ့မှာဆိုတော့ ပြည်သူတွေလည်း မသိဘူး။ တရားရုံးမှာ ရုန်းရင်းဆန်ခတ် ဖြစ်မှပဲ ပြည်သူတွေ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါ ၂ ဦးသည် တရုတ်ပြည်ဘက်သို့ ထွက်ပြေးသွားသည်ဟု ယူဆရကြောင်း၊ ထိုကိစ္စကြောင့် လက်ရှိ မူဆယ်မြို့တွင် ရှုပ်ထွေးနေကြောင်း၊ တရားခံများကို ပြန်လည် မဖမ်းမိပါက ပြည်သူများ ဆူပူမှုဖြစ်လာနိုင်ကြောင်း၊ ရဲများလည်း လုံခြုံရေး တင်းကျပ်ကာ တရားခံကို ရှာဖွေနေကြောင်း စိုင်းအိုက်က ဆိုသည်။

“ဒီအမှုက ရပ်ထားတာကြာပြီ။ မူဆယ်မြို့မှာ လုံခြုံရေးအရ ပြည်နယ် တရားရုံးကို ပြောင်းပေးဖို့ အထက်ကို တင်ပြထားတယ်။ဒါပေမယ့် အထက်က ဘာမှ အကြောင်းမကြားလို့ ဒီတပတ်မှာ တရားရုံး ထုတ်လိုက်ရတာပါ။ တာဝန်ကျတဲ့ ရဲသားတွေလည်း အချုပ်ထဲ ရောက်နေတယ်လို့ ကြားတယ်။ တရားခံ ထွက်ပြေးရင်တော့ အချုပ်ချက်ချင်း ၀င်ရပါတယ်” ဟု မူဆယ်မြို့ ခရိုင် တရားရုံးမှ ရှေ့နေတဦးက ဧရာဝတီသို့ ပြောသည်။

လက်တလော အခြေအနေအရ သေနတ်ပစ် ခံထိခဲ့သည့် တရားခံ ၂ ဦးမှာ ဆေးရုံတင်ထားရပြီး အခြေအနေ ဆိုးနေကြောင်း၊ လူသတ် တရားခံများသည် ထွက်ပြေးရန် ကြိုတင် ကြံရွယ်ထားပုံရကြောင်း၊ ထွက်ပြေးသွားသည့် တရားခံ ၃ ဦးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ရှာဖွေနေကြကြောင်း ရှေ့နေက ဆိုသည်။

လူသတ် တရားခံများကို မတ်လဆန်းပိုင်တွင် နမ့်ခမ်းမြို့နယ် ရဲစခန်းမှ မူဆယ်ခရိုင် ရုံးသို့လွှဲပြောင်း လိုက်ကြောင်း၊ တရားခံ ဘက်က လားရှိုးမြို့မှ ရှေ့နေ တဦးအား ငှားရမ်းထားကြောင်း သိရသည်။

ထွက်ပြေး လွတ်မြောက်နေသည့် တရားခံ လီဖန် (ခ) မောင်ရဲအောင်ထွေးနှင့် အပေါင်းအပါ ၂ ဦးအား အမြန်ဆုံး ရှာဖွေ ဖမ်းဆီးပေးရန်နှင့် ၎င်းအမှုကို တရားမျှတစွာ ဆောင်ရွက်ပေးရန် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ပြည်သူများက တောင်းဆို ထားကြကြောင်း မူဆယ် ဒေသခံများက ပြောသည်။

မူဆယ် တရားရုံးမှ ထွက်ပြေးသူ ၃ ဦးကို ရဲက လိုက်လံရှာဖွေနေဆဲ ဖြစ်သည် (ဓာတ်ပုံ – Renaud EGRETEAU )

ဧရာဝတီ
မူဆယ် တရားရုံးမှ ထွက်ပြေးသူ ၃ ဦးကို ရဲက လိုက်လံရှာဖွေနေဆဲ ဖြစ်သည် (ဓာတ်ပုံ – Renaud EGRETEAU )
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် မူဆယ်ခရိုင် တရားရုံးအချုပ်မှ ထွက်ပြေးသည့် လူသတ်မှုဖြင့် တရားရင်ဆိုင် နေရသူများကို ရဲများက သေနတ်ဖြင့် ပစ်ဖမ်းရာမှ ရဲတပ်သားတဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်ပိုင်လေယာဉ် ၀ယ်စီးနိုင်ပြီ

Photo: စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်ပိုင်လေယာဉ် ၀ယ်စီးနိုင်ပြီ၊
Wednesday, June 5, 2013

မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များကို ကိုယ်ပိုင်လေယာဉ် ၀ယ်စီးခွင့်ပြု လိုက်ပြီဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကိုယ်ပိုင်လေယာဉ် ၀ယ်စီးနိုင်ပြီဖြစ်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဉဏ်ထွန်းအောင်က ယခုက ၂၉ ရက်နေ့ တွင်ပြောကြားခဲ့သည်။

ယခုအချိန်တွင် ပုဂ္ဂလိကပိုင်လုပ်ငန်းရှင်များအနေဖြင့် လေ ယာဉ်ဝယ်ယူသည့်လုပ်ငန်းရှင် မရှိသေးသော်လည်း ထူးကုမ္ပဏီ က Eurocopter နှစ်စင်း ၀ယ်ယူရန်တင်သွားထားသည်ဟု ၄င်းက ပြောကြားသည်။

၎င်းကဆက်လက်၍“ကိုယ်ပိုင်လေယာဉ်ဝယ်စီးချင်တယ်ဆိုရင် ကိုယ်ဝယ်မယ့်လေယာဉ်နဲ့ပတ်သက်ပြီးပြုပြင်ထိန်းသိမ်းမှုပြုလုပ်မယ့် အပိုင်းနဲ့ လေယာဉ်မောင်းနှင်မယ့် လေယာဉ်မောင်းရဲ့ အရည် အချင်းတွေနဲ့ ကိုယ်ဝယ်ယူမယ့် လေယာဉ်ကိုတင်ပြရမယ်”ဟုပြော ကြားသည်။

Hot News
မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များကို ကိုယ်ပိုင်လေယာဉ် ၀ယ်စီးခွင့်ပြု လိုက်ပြီဖြစ်သောကြောင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကိုယ်ပိုင်လေယာဉ် ၀ယ်စီးနိုင်ပြီဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီးဦးဉဏ်ထွန်းအောင်က ယခုက ၂၉ ရက်နေ့ တွင်ပြောကြားခဲ့သည်။

အမှိုက်ကြောင့် ရောဂါဆိုးမရရှိစေရန် စနစ်တကျစွန့်ပစ်သင့်

Photo: အမှိုက်ကြောင့် ရောဂါဆိုးမရရှိစေရန် စနစ်တကျစွန့်ပစ်သင့်
Wednesday, June 5, 2013

ပြည်သူများအနေဖြင့် အမှိုက်စွန့်ပစ်ရာတွင် အမှိုက်အိတ်များကို ကြိုး (သို့မဟုတ်) အိတ်ဖြင့် သေချာစွာ ချည်နှောင်၍ စွန့်ပစ်ခြင်းသည် အမှိုက်သိမ်းသည့် ၀န်ထမ်းများကို ကူညီရာရောက်သည်ဟု မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာန မှ တာဝန်ရှိသူများက အကြံပြုပြောဆိုသည်။

“တစ်ချို့က အမှိုက်အိတ်ကို ချည်နှောင်မှုမရှိဘဲ အမှိုက်ကန်မှာ ပစ်ကြတယ်။ အမှိုက်ကန်ထဲမှာ ခွေးတို့ ကျီးကန်းတို့က လာပြီး မွှေသွားတဲ့အခါမျိုးကျရင် ပြန့်ကျဲကုန်တယ်။ အနံတွေထွက်မယ်။ အရည်တွေ စီးကျကုန်မယ်။ အမှိုက် သိမ်းတဲ့သူက အမှိုက်သိမ်းတာတင်မဟုတ်ဘဲ အမှိုက်ပါ ပြန် လိုက်ကောက်နေတာမျိုး ဖြစ်နေတယ်”ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြို့နယ်အသီးသီးရှိ အမှိုက်ကန်များ နှင့် အမှိုက်ပုံးထားရှိသည့် နေရာများသို့ အမှိုက်များ စနစ်တကျ စွန့်ပစ်ခြင်းများ မရှိသောကြောင့် အနံအသက်ဆိုးများထွက်ပေါ်နေပြီး အမှိုက်ကန် အနီးတစ်ဝိုက်ရှိ ပြည်သူများနှင့် အမှိုက်သိမ်းသည့် ၀န်ထမ်းများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ၄င်းက ဆက်ပြောသည်။

“အခုမိုးတွင်းအချိန်ဆိုတော့ အမှိုက်တွေက စိုပြီးတော့ အနံ့ထွက်တယ်၊ အခုဆိုရင် အမှိုက်ပုံမှာ ယင်ကောင် တွေပါ ပိုများလာပြီ၊ စည်ပင်က တစ်ခါတစ်လေလာပြီးတော့ ထုံးဖြူးပေးတာမျိုးရှိတယ်” ဟု ကမာရွတ်မြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။

အမှိုက်သိမ်းသည့် ၀န်ထမ်းများ အသုံးပြုရန် နိုင်ငံတော်အစိုးရမှ ထုတ်ပေးထားသည့် မျက်နှာဖုံးများမှာ အသက်ရှုလမ်းကြောင်းသို့ ဖုန်မှုန့်များ မ၀င်စေရန် တားဆီးနိုင်ရုံသာရှိပြီး အနံဆိုးများကို ကာကွယ်ရာတွင် ထိရောက်မှုမရှိကြောင်း အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ဆိုသည်။

“မျက်နှာဖုံးတို့ လက်အိတ်တို့ ပေးထားပေမယ့် အသုံးပြုမှု အားနည်းတယ်၊ အမှိုက်လိုက်သိမ်းတဲ့သူတွေကို လက်အိတ်တွေ မျက်နှာဖုံးတွေ သုံးဖို့ အတွက် အထက်အရာရှိအနေနဲ့ လိုက်လံ စစ်ဆေးကြပ်မတ် ပေးဖို့လိုတယ်”ဟု အထွေထွေရောဂါကုဆရာဝန် တစ်ဦးက ပြောသည်။

အမှိုက်သိမ်းဆည်းရာတွင် အဆင်ပြေစေရန် လူအများအနေနှင့် စာနာစိတ်ဖြင့် စနစ်တကျပစ်လျှင် အမှိုက်သိမ်းသည့် ၀န်ထမ်းများအနေဖြင့် အမှိုက်သိမ်းဆည်းရာတွင် လက်အိတ်ရှည်ဖြင့် သိမ်းဆည်းလျှင် ကျန်းမာရေးအတွက် ကာကွယ်မှုပြုနိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ တွက်ချက်ထုတ်ပြန်ချက်များအရ လူတစ်ဦးလျှင် ၀.၃၉၆ ကီလိုဂရမ် အမှိုက်ထွက်ရှိပြီး ရန်ကုန်မြို့တွင် တစ်ရက်လျှင် အမှိုက် တန်ချိန် စုစုပေါင်း ၁၆၉၀ တန် ထွက်ရှိကြောင်း သိရှိရသည်။

Myit Makha Mediagroup
ပြည်သူများအနေဖြင့် အမှိုက်စွန့်ပစ်ရာတွင် အမှိုက်အိတ်များကို ကြိုး(သို့မဟုတ်)အိတ်ဖြင့် သေချာစွာ ချည်နှောင်၍ စွန့်ပစ်ခြင်းသည် အမှိုက်သိမ်းသည့် ၀န်ထမ်းများကို ကူညီရာရောက်သည်ဟု မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာန မှ တာဝန်ရှိသူများက အကြံပြုပြောဆိုသည်။

ထူးထူးခြားခြား ဗ ဟု သု တ များ

(၁) အင်္ဂလန်နိုင်ငံရဲ့ပထမမြောက် ဂျော့ရှ်ဘုရင်မင်းမြတ်ဟာ အင်္ဂလိပ်စကားတစ်လုံးမှ မပြောတတ်ပါဘူးတဲ့။

သ မိုင်း တွင် အကြီး ကျယ် အ ခမ်း နား ဆုံး ခံတပ် FORT BOURTANGE

Photo: သမိုင်းတွင် အကြီးကျယ် အခမ်းနားဆုံး ခံတပ် FORT BOURTANGE
Wednesday, June 5, 2013

နယ်သာလန် နိုင်ငံ၊ မြောက်ဘက် အစွန်း Groningen ပြည်နယ် Bourtange ရွာမှာ တည်ရှိ နေတဲ့ ခံတပ် တစ်ခု ဖြစ်ပါတယ်။
နယ်သာလန်ရဲ့ အကြီးကျယ်ဆုံး နေရာထဲမှာ တစ်ခု အပါဝင် ဖြစ်ပါတယ်။ ဘာလို့လဲဆို တစ်နိုင်ငံလုံး ဂျာမနီ လက်အောက် ရောက်ချိန် ယင်းခံတပ်ရဲ့ အထောက် အပံ့ကြောင့် ဂျာမန် လက်အောက် ရောက်ရမယ့် အခြေ အနေကနေ လွတ်မြောက် ခဲ့လို့ ဖြစ်ပါတယ်။

၁၅၉၃ ခုနှစ်က ဘုရင်ခံ William the I of Orange မှ တည်ဆောက် ခိုင်းလို့ ဖြစ်ပါတယ်။ အဲ့တုန်းက Groningen ပြည်နယ်ဟာ စပိန်ရဲ့ သိမ်းပိုက် ထားမှုကို ခံထားရပြီး တစ်ဖက်ကလည်း ဂျာမနီ တပ်များ ခြံရံ နေပါတယ်။ ဒီတော့ ဒီတပ်နှစ် တပ်သာ ပေါင်းစုံ မိလိုက်ရင် နယ်သာလန်ဆိုတာ ဖွတ် ဖွတ် ကျေအောင် ပျက်ဆီး ရမှာမို့ အမျော်အမြင်ကြီး စွာနဲ့ ဆက်သွယ်ရေး လမ်းအလယ် တည့်တည့်မှာ ယခုလို ဧရာမခံတပ် အကြီးကြီး တည်ဆောက် ပါတယ်။
ကြယ်ပုံ သဏ္ဍာန် အကွင်းပေါင်း များစွာနဲ့ တစ်ဆင့်ပြီး တစ်ဆင့်မှာ ရွှံ့ နွံတွေ၊ ရေတွေ၊ လက်နက်ဗုံးတွေ အဆင့်ဆင့် ခံပါတယ်။ အမြောက်တပ် ခေတ် စားတဲ့ အချိန်ဆိုတော့ အမြောက်ဒဏ် ခံနိုင်အောင် သူ့ခေတ်သူ့ခါ နည်းပညာနဲ့ တည်ဆောက် ထားပါတယ်။ တကယ်လည်း ခံနိုင်ပါတယ်။ စပိန်ရဲ့ တိုက်စစ်ကို တွန်းလှန်နိုင်ပြီး Groningen ပြည်နယ်ကို ပြန်ရပါတယ်။

ဂျမနီတပ်လည်း နယ်သာလန် နိုင်ငံကို ဝင်သိမ်းပါတယ်။ ပြည်နယ်အားလုံး သိမ်းလို့ပြီး ပေးမယ့် ယင်းခံတပ် Bourtange တစ်ခုတည်း ကပ်ကျန် နေ ပါတယ်။ ယင်းတပ်မှာလည်း နယ်သာလန်တို့ တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေပါတယ်။ ဂျာမနီတို့ ထိုးစစ်က ခံတပ် Bourtange ကို ရောက်ဖို့ထပ် သူ့ရွှံ့နွံ တွေမှာပဲ ဇာတ်သိမ်း သွားပါတယ်။ နောက်ဆုံး ဂျာမနီတွေ တပ်ပြန်ဆုပ် ရလောက်အောင်ကို Fort Bourtange က ဂုဏ်အရှိန်အဝါ ကြီးမား လှပါ တယ်။

၁၅ ရာစုကတည်းက နယ်သာလှန် ဆောက်လုပ်ရေး အင်ဂျင်နီယာတွေ ဘယ်လို စွမ်းတယ် ဆိုတာကို ယနေ့တိုင် သက်သေပြ နေပါတယ်။ အမြောက်တပ် ရှိရင် နိုင်ငံ သိမ်းနိုင်တယ် ဆိုတဲ့ သမိုင်းကိုလည်း ယင်းခံတပ်က သက်သေပြ သွားပါတယ်။

ယနေ့မှာတော့ ပြတိုက်တစ်ခု အနေနဲ့ တည်ရှိ နေပါပြီ။ နယ်သာလန် နိုင်ငံရဲ့ ကြီးကျယ် မြင့်မြတ်ခဲ့တဲ့ စစ်တပ်နဲ့ ဘုရင်များ အကြောင်းကို လေ့လာ လိုသူ များ အတွက် အကောင်းဆုံး နေရာများထဲမှာ Fort Bourtange ဟာ တစ်ခု အပါအဝင် ဖြစ်ကြောင်း သိရပါတယ်။

techspace နည်းပညာ
နယ်သာလန် နိုင်ငံ၊ မြောက်ဘက် အစွန်း Groningen ပြည်နယ် Bourtange ရွာမှာ တည်ရှိ နေတဲ့ ခံတပ် တစ်ခု ဖြစ်ပါတယ်။

ပိုမိုပြင်းထန်လာသည့် တူရကီဆန္ဒပြပွဲ မြင်ကွင်းများ

Photo: ပိုမိုပြင်းထန်လာသည့် တူရကီဆန္ဒပြပွဲ မြင်ကွင်းများ
Wednesday, June 5, 2013

တူရကီနိုင်ငံတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပိုမို ပြင်းထန် ကြမ်းတမ်း လာခဲ့ကြောင်း သိရှိရသည်။ ဒုတိယ ဝန်ကြီးချုပ် ဘူလန့်အာရင့်က ရဲတပ်ဖွဲ့ ၏ ဖြိုခွင်းမှုများတွင် အကြမ်းနည်း သုံးမိခြင်းကို တောင်းပန် စကား ပြောဆို ခဲ့ပြီး နာရီပိုင်းအတွင်း ဆန္ဒပြမှုများ ပိုမို ကြမ်းတမ်း လာခြင်း ဖြစ်သည်။ 

ရဲများ၏ တုံ့ပြန်မှုကြောင့် ဆန္ဒပြသူ နှစ်ဦး သေဆုံးကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည့်နောက် အီစတန်ဘူလ်နှင့် အခြားသော မြို့ကြီးများတွင် လူစုလူဝေးဖြင့် ဆန္ဒပြမှုများ ပိုမို အားကောင်းလာသည်။

အာရင့်က မိမိသည် ယခုသီတင်းပတ်အတွင်း အတိုက်အခံ ခေါင်းဆောင် များနှင့် ဆွေးနွေး ညှိနှိုင်းမည်ဟုလည်း ပြောကြားခဲ့သည်။ မြို့လယ်ဥယျာဉ် တစ်ခုကို ဖျက်ပစ်မည့် စီမံကိန်းကို ဆန့်ကျင်ရာမှ စတင်လာသော ဆန္ဒပြမှု များသည် (၅)ရက်ကျော် ကြာမြင့်လာသည်အထိ မပြီးပြတ်သေးချေ။

www.planet.com.mm
တူရကီနိုင်ငံတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပိုမို ပြင်းထန် ကြမ်းတမ်းလာခဲ့ကြောင်း သိရှိရသည်။ ဒုတိယ ဝန်ကြီးချုပ် ဘူလန့်အာရင့်က ရဲတပ်ဖွဲ့၏ ဖြိုခွင်းမှုများတွင် အကြမ်းနည်း သုံးမိခြင်းကို တောင်းပန် စကား ပြောဆိုခဲ့ပြီး နာရီပိုင်းအတွင်း ဆန္ဒပြမှုများ ပိုမို ကြမ်းတမ်းလာခြင်း ဖြစ်သည်။

စစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်နေသူများကို KNU ကဇီးပင်ရွာတွင် မြေနေရာချထားပေးနေ..

Photo: စစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်နေသူများကို KNU ကဇီးပင်ရွာတွင်
မြေနေရာချထားပေးနေ..
Wednesday, June 5, 2013

စစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်နေသူများအတွက် (KNU)ကရင်
အမျိုးသားအစည်းအရုံးကဘုရားသုံးဆူမြို့နယ်ခွဲရှိဇီးပင်ရွာတွင်နေထိုင်ရန်
အတွက်မြေနေရာများအပြင်လုပ်ကိုင်စားသောက်နိုင်ရန် မြေဧကများကို
(၂၀၁၃)ခုနှစ်၊မတ်လကစ၍ ပေးနေကြောင်းသိရသည်။ယခုလိုမြေနေရာများ
ပေးဖြစ်ပုံနှင့် ပတ်သက်၍ (KNU)ဒူးပလာယာခရိုင်ဥက္ကဋ္ဌဦးစောရွှေမောင်း
ကပြောကြားခဲ့သည်။မြေနေရာများပေးသည့်အခါတွင်လည်းအိမ်ထောင်စု၏
လူဦးရေအခြေအနေကိုကြည့်၍ အိမ်ထောင်စုတစ်ခုကိုပေ(၆၀)xပေ(၉၀)
အပြင်ပေ(၉၀)xပေ(၁၀၀)ပေးအပ်ပြီးလုပ်ကိုင်စားသောက်ရန်အတွက်
လူတစ်ဦးကိုမြေ(၅)ဧကပေးခြင်းဖြစ်ကြောင်းသိရသည်။မြေလျှောက်ထား
လိုသူများအနေနှင့် KNU ကဖွဲ့စည်းပေးထားသောလူထုနေရာပြန်လည်
ချထားရေးကော်မတီသို့ သတင်းပို့ရမည်ဖြစ်ကြောင်းသိရသည်။အဆိုပါ
ကော်မတီအဖွဲ့ကလျှောက်ထားလာသူများကိုစိစစ်မှုများပြုလုပ်၍ မြေနေရာ
ပေးကြောင်းသိရသည်။ယခုလိုမြေနေရာပေးသည့်အခါတွင် တွေ့ကြုံရသော
အခက်အခဲနှင့်ပတ်သက်၍ ဒူးပလာယာခရိုင်ဥက္ကဋ္ဌဦးစောရွှေမောင်း
ကပြောကြားခဲ့သည်။ထို့ပြင်ဦးစောရွှေမောင်းကလက်ရှိတွင် ကော်မတီ၏
တင်ပြချက်အရလာရောက်လျှောက်ထားသူအိမ်ထောင်စု(၁၀၀)ကျော်
ရှိကြောင်း၊ပြောင်းရွှေ့လာသူများကလည်းအပလုံကျေးရွာ၊ချောင်းဆုံကျေးရွာ၊
ကျွန်းချောင်းကျေးရွာ၊မြွေပုံကျေးရွာနှင့် ဘုရားသုံးဆူ တွင် နေထိုင်ကြပြီး       မြေ ယာ မရှိသောသူများဖြစ်ကြောင်း၊ KNU ငြိမ်းချမ်းရေးအဖွဲ့အနေနှင့် အပစ်အခတ်ရပ်စဲပြီးနောက်ပြန်လည်နေရာ ချထားရေးလုပ်ငန်းများအပြင်လူထုများအတွက်
ကျန်းမာရေး၊ ပညာရေးများကိုပါကူညီထောက်ပံ့ပေးရန်လိုအပ်သည့်အတွက်
နီးစပ်ရာကူညီစောင့်ရှောက်သောအသင်းအဖွဲ့များ၊ ပြည်နယ်အစိုးရအဖွဲ့မှ
တစ်ဆင့်အကူအညီရရှိရန် ကြိုးစားနေကြောင်း၊လက်ရှိတွင်လည်းပြည်နယ်
အစိုးရအဖွဲ့ကစစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်နေရသူများအတွက်
ဆန်ရရှိရန် အကူအညီပေးမှုများရှိကြောင်းထပ်မံပြောကြားခဲ့သည်။လက်ရှိ
ဇီးပင်ရွာတွင် မြေနေရာရရှိရန်အတွက်လာရောက်လျှောက်ထားသူများသည်
အပလုံကျေးရွာ၊ချောင်းဆုံကျေးရွာ၊ကျွန်းချောင်းကျေးရွာ၊မြွေပုံကျေးရွာနှင့်
ဘုရားသုံးဆူတွင်နေထိုင်ကြပြီးမြေယာအပိုင်မရှိသူများဖြစ်ကြောင်းသတင်းရှိ
သည်။

SkyNet TV Browser
စစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်နေသူများအတွက် (KNU)ကရင် အမျိုးသားအစည်းအရုံးက ဘုရား သုံးဆူမြို့နယ်ခွဲရှိ ဇီးပင်ရွာတွင်နေထိုင်ရန်အတွက်မြေနေရာများ အပြင် လုပ်ကိုင်စားသောက်နိုင် ရန် မြေဧကများကို (၂၀၁၃)ခုနှစ်၊မတ်လကစ၍ ပေးနေကြောင်းသိရသည်။ယခုလိုမြေနေရာ များ ပေးဖြစ် ပုံနှင့် ပတ်သက်၍ (KNU) ဒူးပလာယာခရိုင်ဥက္ကဋ္ဌဦးစောရွှေမောင်း ကပြောကြားခဲ့ သည်။မြေနေရာ များပေးသည့် အခါတွင်လည်းအိမ်ထောင်စု၏ လူဦးရေအခြေအနေကိုကြည့်၍ အိမ်ထောင်စု တစ်ခုကို ပေ(၆၀)xပေ(၉၀) အပြင်ပေ(၉၀)xပေ(၁၀၀)ပေးအပ်ပြီးလုပ်ကိုင်စားသောက်ရန်အတွက် လူတစ်ဦးကိုမြေ(၅)ဧကပေးခြင်းဖြစ်ကြောင်းသိရသည် မြေလျှောက်ထားလိုသူများ အနေနှင့် KNU ကဖွဲ့စည်းပေး ထားသောလူထုနေရာပြန်လည် ချထားရေးကော်မတီသို့ သတင်းပို့ရမည်ဖြစ်ကြောင်း သိရသည်။ 

ဆီးရီးယားမှာ ဆာရင် သုံးတဲ့ အထောက်အထား ပြင်သစ် တွေ့

Photo: ဆီးရီးယားမှာ ဆာရင် သုံးတဲ့ အထောက်အထား ပြင်သစ် တွေ့
Wednesday, June 5, 2013

ဆီးရီးယားမှာ အာရုံကြော ထိုင်းမှိုင်းစေတဲ့ ဆာရင် အဆိပ်ဓါတ်ငွေ့တွေ သုံးတယ် ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေ သူတို့ ရထားတယ်လို့
ဗြိတိန်နဲ့ ပြင်သစ် အစိုးရတွေက ပြောပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လော့ရင့် ဖဲဗျူးစ် ဖြစ်ရပ်တခုမှာ ဆိုရင် ဆီးရီးယားအစိုးရက လက်နက်ကိုင် သူပုန်တွေကို တိုက်ခိုက်ရာမှာ ဆာရင်သုံးတယ် ဆိုတဲ့ တိကျတဲ့ သက်သေတွေ သူတို့မှာ ရှိတယ်လို့ ပြင်သစ်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက တိုက်ခိုက်ခံရတဲ့ ထိခိုက်ဒဏ်ရာရသူတွေရဲ့ သွေးနဲ့ ဆီးတွေကို နမူနာယူပြီး ပြင်သစ် ဓါတ်ခွဲခန်းတွေမှာ စစ်ကြည့်တဲ့ အခါ ဆာရင် အဆိပ်ငွေ့ သုံးထားတဲ့ သဲလွန်စတွေကို တွေ့တယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius က ပြောပြီး အဲဒီ တွေ့ရှိချက်တွေကို အခုတော့ ကုလသမဂ္ဂကို လွှဲပေးလိုက်ပြီလို့ ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု ကတော့ ဆီးရီးယားမှာ ဆာရင် ဓါတ်ငွေ့တွေ သုံးသလားဆိုတာ တရားဝင် မကြေညာခင် ခိုင်လုံတဲ့ အထောက်
အထားတွေ ပိုမို စုဆောင်း ရရှိဖို့ လိုတယ်လို့ ပြောပါတယ်။

နိုင်ငံမြောက်ပိုင်းက အလက်ပိုမြို့မှာ ဓါတု လက်နက်တွေ သုံးတိုက်ခိုက်ခဲ့
တာနဲ့ ပတ်သက်လို့ ဆီးရီးယား အစိုးရနဲ့ လက်နက်ကိုင် သူပုန်တွေက တဖက်နဲ့ တဖက် အပြန်အလှန် စွပ်စွဲ နေကြတာ ဖြစ်ပါတယ်။

BBC
ဆီးရီးယားမှာ အာရုံကြောထိုင်းမှိုင်းစေတဲ့ ဆာရင်အဆိပ်ဓါတ်ငွေ့တွေ သုံးတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက် အထားတွေ သူတို့ ရထားတယ်လို့ ဗြိတိန်နဲ့ ပြင်သစ် အစိုးရတွေက ပြောပါတယ်။

ရခိုင် မြောက်ဦးမြို့နယ်ဖက် ပစ်ခတ်မှုဖြစ်

ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ် ပရိန်ရွာမှာ မနေ့က ရွာသားတွေနဲ့ ရဲတွေ အခြေအတင် ဖြစ်ခဲ့ ကြပြီး ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ က အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ခဲ့ အပြီး မီးရှို့ ခံခဲ့ရတဲ့ ရွာသားတွေက ပျက်စီးသွားခဲ့တဲ့သူတို့ နေအိမ်တွေကို ပြန်လည် ပြုပြင်နေထိုင် ကြတာပါ။

မန္တလေးတက္ကသိုလ် အပါအ၀င် အထက်မြန်မာပြည်ရှိ တက္ကသိုလ် ၂၃ ခုအား ပြင်ဆင်တိုးချဲ့ရန် တင်ဒါခေါ်

mdyuni-june5
ပြင်ဆင်တိုးချဲ့ရန် စီစဉ်နေသည့် မန္တလေး တက္ကသိုလ်ကို တွေ့ရစဉ်
မန္တလေးတက္ကသိုလ် အပါအ၀င် အထက်မြန်မာပြည်ရှိ တက္ကသိုလ် ၂၃ ခုအား ပြင်ဆင်တိုးချဲ့ရန်အတွက် တင်ဒါခေါ်ကာ မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) မှ သိရသည်။

လှည်းတန်းစင်တာ တည်ဆောက်ပြီးသော်လည်း မူလပိုင်ရှင်များနေရာပြန်မရသေး

Photo: လှည်းတန်းစင်တာ တည်ဆောက်ပြီးသော်လည်း မူလပိုင်ရှင်များနေရာပြန်မရသေး
Wednesday, June 5, 2013

၁၀ နှစ်ကြာဆောက်လုပ်ခဲ့ သော လှည်းတန်းစင်တာပြီးစီး သွားသော်လည်း တာဝန်ရှိသူများ က မူလပိုင်ရှင်များကို ယနေ့အ ချိန်ထိပြန်လည် အပ်နှံခြင်းမရှိ သေးကြောင်း No (3D) အိမ်မြေ ပိုင်ရှင်များဖြစ်ကြသော ဒေါ်မင်း မင်းစောနှင့် ဦးသိန်းဆွေတို့က ပြောပြပါသည်။

ဒေါ်မင်းမင်းစောက ပြောပြ ရာတွင် ၂၀၁၃ခုနှစ် ဇန်န၀ါရီလ က လှည်းတန်းလမ်းဆုံ မြေနေရာ ကို Land Mark ဖြစ်ချင်တဲ့အ တွက်အဆင့်မြင့်အိမ်ရာတွေဆောက် လုပ်ဖို့ အစီအစဉ်ရှိကြောင်း၊ စီမံ ကိန်းကာလကလည်း၃နှစ်လောက် ပဲကြာမည်ဖြစ်၍ ပြောင်းရွေ့ဖို့ အတွက်လည်း စီစဉ်ပေးသွား မည်ဟုပြောဆိုခဲ့ပြီး ရိပ်မွန်+ကွန် ဒိုများ၌ နေရာချ ထားပေးခဲ့ပါ သော်လည်း ယခု ၁၀ နှစ်ကြာ သည်အထိ မူလတိုက် ခန်းများ ပေါ်သို့ တက်ရောက်ခွင့် မရသေး ကြောင်း ပြောပြပါသည်။

အဆိုပါ လှည်းတန်းစင်တာ No(3.C) မြေပိုင် တစ်ဦးဖြစ်သူ ဒေါ်ချိုချိုမာက ပြောပြရာတွင် ၎င်းအဆောက်အအုံဆောက်လုပ် ရာတွင်၂၈ထပ်ဆောက်မည်ပြော ပြီးတော့ ယခု ၈ ထပ်ပဲဆောက် တာကိုလည်း အသိမပေးခဲ့ဘူး။ ကျွန်မတို့က အဆင့်မြင့်အိမ်ရာနဲ့ နေချင်လို့ဆောက်ခိုင်းခဲ့တာမဟုတ် ပါဘူး။ လူကြီးတွေရဲ့Land Mark ဖြစ်စေချင်တဲ့ ဆန္ဒကို လေးစားပြီး တော့ဖယ်ပေးခဲ့တာပါ။အခုလည်း ကျွန်မတို့ကို စိတ်ချမ်းသာအောင် ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းပေး စေချင်ပါတယ်ဟု ပြောပြ၍ သိရ သည်။

၎င်းလှည်းတန်းစင်တာအောင် ချမ်းသာ အဆင့်မြင့် ကွန်ဒိုကို ၂၀၀၃ ဇန်န၀ါရီလမှ စတင်၍ အေးရှားဝေါ(လ်) ကုမ္မဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခု ပြီးစီးချိန်တွင် မူလပိုင်ရှင်များကို နေထိုင်ခွင့်နှင့် ပိုင်ဆိုင်ခွင့်ပေးရန် ဆွေးနွေးပြောကြားလာမှု မပြု လုပ်သေးကြောင်း ဒေါ်မင်းမင်း စော ပြောပြ၍ သိရသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ကမာရွတ်မြို့နယ် မဲဆန္ဒနယ် အ မှတ်(၂) တိုင်းဒေသကြီး လွတ် တော်ကိုယ်စားလှယ် ဦးမြငွေက ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ချုပ်ဦးမြင့်ဆွေထံသို့ စာအမှတ် ၈၉/၂၀၁၃ ကမယ (လှည်းတန်း စင်တာ) ရက်စွဲ၂၀၁၃ ခုနှစ် ဧပြီ လ ၂၇ ရက်ဖြင့် အစီရင်ခံစာ တင်ပြခဲ့ပါသည်။ ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေ၏ အစီရင်ခံစာ အပိုဒ်(၉) တွင် ပါရှိသော ပွင့်လင်းမြင်သာမှု ရှိစေရန်(၁၀)နှစ်ခန့် စောင့်မျှော် နေရသော မူလအခန်းရှင် (၆၄) ဦးစလုံးကို ဖိတ်ကြား၍ အခန်း များကိုမျက်ဝါးထင်ထင်လိုက်လံ ပြသရှင်းလင်းပြောကြားပေးလျှင် ပိုမိုကောင်းမွန်မည်ဟု ရေးသား ပေးပို့ အစီရင်ခံခဲ့ပါသော်လည်း ယနေ့တိုင်ပြုလုပ်ပေးခြင်းမရှိသေး ကြောင်းမြေပိုင်ရှင်များဖြစ်ကြ သော ဦးသိန်းဆွေ၊ ဒေါ်မင်းမင်း စော၊ ဒေါ်ချိုချိုမာတို့ကပြောပြ၍ သိရသည်။

အဆိုပါကိစ်္စနှင့် ပတ်သက် ၍ မြေပိုင်ရှင်များမှ ၂၀၁၃ ခုနှစ် ဧပြီလ (၂၇)ရက် ရက်စွဲဖြင့် နှစ် နာဆုံးရှုံးမှုများ၊ လူမှုဒုက္ခများ၊ လှည့်စားအနိုင်ကျင့်ခံရမှုများ ဖြေ ရှင်းပေးပါရန် အသနားခံစာကို နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တာဝန်ရှိသူများထံ တင်ပြထား ကြောင်း ဒေါ်မင်းမင်းစောက ပြောပြပါသည်။

အရိန္ဒမာ(ဘိုကလေး)
The Hot News
၁၀ နှစ်ကြာဆောက်လုပ်ခဲ့သော လှည်းတန်းစင်တာပြီးစီး သွားသော်လည်း တာဝန်ရှိသူများ က မူလပိုင်ရှင် များကို ယနေ့အချိန်ထိပြန်လည် အပ်နှံခြင်းမရှိသေးကြောင်း No (3D) အိမ်မြေ ပိုင်ရှင်များဖြစ် ကြသော ဒေါ်မင်းမင်းစောနှင့် ဦးသိန်းဆွေတို့က ပြောပြပါသည်။

NASA မှ အာကာသသို့ စမတ်ဖုန်းများ ထုတ်လွှင့်ခဲ့

Photo: NASA မှ အာကာသသို့ စမတ်ဖုန်းများ ထုတ်လွှင့်ခဲ့
Wednesday, June 5, 2013

NASA မှ လွန်ခဲ့သည့် တစ်ပတ်အတွင်း အာကာသထဲသို့ စမတ်ဖုန်းများ ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

သတင်း ထုတ်ပြန်ချက်များ အရ NASA မှ ထုတ်လွှင့်ခဲ့သော စမတ်ဖုန်းများမှာ Google Nexus One စမတ်ဖုန်း ဟန်းဆက်များ ဖြစ်ပြီး Android ကိုသာ အသုံးပြု ထားကြောင်း သိရသည်။ အဆိုပါ စမတ်ဖုန်းများကို Virginia မြို့တော်ရှိ NASA ၏ Wallops Island Flight မှ ထုတ်လွှင့်ခဲ့သော Antares ဂြိုလ်တု၌ ထည့်သွင်းခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါ စမတ်ဖုန်းများ အာကာသ အတွင်း ခံနိုင်ရည် ရှိစေရန် ၄ လက်မ အရွယ် အစားရှိ သံကိုယ်ထည်၌ ထည့်သွင်း ပေးထားပြီး external lithium ion ဘက်ထရီများနှင့် အချက်အလက် ပို့ဆောင်မှု ပိုမိုကောင်းမွန် စေရန် လည်း ရေဒီယို နည်းပညာများ ထည့်သွင်း ထားကြောင်း သိရသည်။ NASA မှ ယခုကဲ့သို့ အာကာသထဲသို့ စမတ်ဖုန်းများ ထုတ်လွှင့် ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ စမတ်ဖုန်းများကို ဈေးနှုန်း နည်းပါးသော ဂြိုလ်တု ဆက်သွယ်ရေး ပစ္စည်းအဖြစ် ရပ်တည်နိုင်မှု ရှိ၊ မရှိ စမ်းသပ်ရန် ဖြစ်ကြောင်း ကြော်ငြာခဲ့သည်။

အဆိုပါ စမတ်ဖုန်းများမှာ ကမ္ဘာမြေပေါ်သို့ ယခုအပတ် အတွင်း ပြန်လည် ရောက် ရှိမည် ဖြစ်ပြီး အာကာသမှ message ပေးပို့ထားမှုများ၊ ဖုန်းမှတစ်ဆင့် ဓာတ်ပုံ ရိုက်ကူး ထားမှုများကို ပြန်လည် တွေ့မြင်ရမည် ဖြစ်သည်။ NASA မှ အဆိုပါ စမတ်ဖုန်းများမှာ လက်ရှိအချိန်တွင် အာကာသ ထဲ၌ ကောင်းမွန်စွာ လည်ပတ်နိုင်ကြောင်း သတင်း ထုတ်ပြန်ထားသည်။ NASA ၏ အင်ဂျင်နီယာများ၏ အဆိုအရ စမတ်ဖုန်းများကို အာကာသထဲသို့ ထုတ်လွှင့်ရန် ကုန်ကျ စရိတ်မှာ ဒေါ်လာ ၃၅၀၀ မှ ၇၀၀၀ အထိ ရှိခဲ့ကြောင်း သိရသည်။

Ref:TechCrunch
Ref & Credit to Smart Pro Journal
NASA မှ လွန်ခဲ့သည့် တစ်ပတ်အတွင်း အာကာသထဲသို့ စမတ်ဖုန်းများ ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။