Thursday, October 30, 2014

ငှက်ဖျားရောဂါထိန်းချုပ်ရေးပစ္စည်းများ အဆင့်မြှင့်ရန် ကန်ဒေါ်လာ ၁ ဒသမ ၃၇ သန်း ဂျပန်အစိုးရထောက်ပံ့

မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါထိန်းချုပ်ရေးပစ္စည်းများ အဆင့်မြှင့်တင်ရေး စီမံချက်အတွက် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇ သန်းခန့် ထောက်ပံ့ကူညီသော သဘောတူညီချက်ကို နေပြည်တော်တွင် လက်မှတ်ရေးထိုးလိုက်သည်။

ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ပျံ့နှံ့မှုနှင့် သေဆုံးမှုနှုန်း မြင့်မားသော ရောဂါဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်လာသော ဆေးယဉ်ပါးငှက်ဖျားပိုးရှိနေကြောင်း မကြာမီနှစ်များက   အတည်ပြုထားပြီးဖြစ်သည်။

အာဟာရဓာတ်ခြောက်မျိုး နေ့စဉ်စားသုံးခြင်းဖြင့် ကင်ဆာနှင့်အခြားရောဂါများ ကာကွယ်နိုင်


တစ်နေ့လျှင် အာဟာရဓာတ်ခြောက်မျိုး ပြည့်စုံအောင် စားသုံးပေးခြင်းဖြင့် ကင်ဆာနှင့် အခြားရောဂါများအား ကာကွယ်နိုင်ကြောင်း အထွေထွေရောဂါကုဆရာဝန်ကြီးအချို့က အကြံပြုပြောကြားသည်။

‘‘လူတစ်ယောက် တစ်နေ့ကို အာဟာရဓာတ်ခြောက်မျိုးစုံအောင် စားပေးမယ်ဆိုရင် ကင်ဆာတွေအပြင် အ၀လွန်၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေနဲ့ တခြားဘယတွေမဖြစ်အောင် ကာကွယ်ပေးတယ်’’ဟု လှိုင်မြို့နယ်ရှိ အထွေထွေရောဂါကုဆရာဝန်တစ်ဦးကဆိုသည်။

ယင်းအာဟာရဓာတ်ခြောက်မျိုးမှာ ရေဓာတ်၊ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ ဗီတာမင်ဓာတ်နှင့် သတ္တုဓာတ်များဖြစ်ပြီး လူတစ်ဦးသည် နေ့စဉ် ငါး၊ ပုစွန်၊ ဥအမျိုးမျိုး၊ ဘဲသွေး၊ ပဲပြား၊ တို့ဟူး၊ ပဲနှင့် နို့ထွက်ပစ္စည်း၊ ဆန်၊ ပြောင်း၊ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ကောက်ညှင်းနှင့် ပြုလုပ်ထားသောမုန့်၊ ပိန်းဥ၊ ကန်စွန်းဥ၊ အာလူး၊ ထောပတ်နှင့် ဆီအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနှင့် သံပရာသီး၊ မာလကာသီး၊ ခရမ်းချဉ်သီးတို့ကို စားသုံးရမည်ဖြစ်သည်။

နည်းပညာလောကမှ သမိုင်းတွင်ခဲ့သည့် ဟောကိန်းအလွဲများ

နည်းပညာ ကဏ္ဍသည် ခေတ်အဆက်ဆက် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ထိုအတောအတွင်း နည်းပညာ နယ်ပယ်မှ နာမည်ကျော် ပုဂ္ဂိုလ်အချို့တို့သည် အနာဂတ်တွင် ဖြစ်တည်လာမည့် အခြေအနေ အချို့ကို ခန့်မှန်းဟောကိန်း ထုတ်ခဲ့ပြီး လွဲချော်မှုများလည်း ရှိခဲ့သည်။ ယင်းတို့အနက် အလွဲတကာ့ အလွဲဆုံး ဖြစ်ခဲ့သည့် ကမ္ဘာကျော် နည်းပညာ ဟောကိန်းအချို့ကို စုစည်းဖော်ပြအပ်ပါသည်။

မိန်းမလျာ တစ်ဦး ဖြစ်ရခြင်းကို ဂုဏ်ယူကြောင်း Apple အမှုဆောင်ချုပ် တင်မ်ကွတ်ခ် ဖွင့်ဟ

 Photo: မိန်းမလျာ တစ်ဦး ဖြစ်ရခြင်းကို ဂုဏ်ယူကြောင်း Apple အမှုဆောင်ချုပ် တင်မ်ကွတ်ခ် ဖွင့်ဟ
Thursday, October 30, 2014

 လိင်တူချင်း စုံမက်သည့် မိန်းမလျာ (Gay) တစ်ဦး ဖြစ်ရခြင်းအတွက် ဂုဏ်ယူကြောင်း Apple ကုမ္ပဏီ၏ အမှုဆောင်ချုပ် တင်မ်ကွတ်ခ်က ထုတ်ဖော် ဝန်ခံလိုက်သည်။

Businessweek တွင် ကိုယ်တိုင်ရေးသားသည့် ဆောင်းပါးတစ်ခု၌ ကွတ်ခ်က မိန်းမလျာ တစ်ဦးအဖြစ် ရပ်တည်ခွင့် ရခြင်းသည် ၎င်းအတွက် ဘုရားသခင် ပေးသနားသည့် အကောင်းဆုံး လက်ဆောင် တစ်ခုအဖြစ် ဖော်ပြထားသည်။ ကွတ်ခ်က မိမိသည် ယခင်က လိင်မှုဘဝ မွေ့လျော်မှုနှင့် ပတ်သက်ပြီး တိတိကျကျ အသိအမှတ် မပြုသလို ငြင်းဆန်ခြင်းလည်း မရှိခဲ့ဟု ဆိုသည်။

“ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောခွင့်ပေးပါ။ ကျွန်တော်က မိန်းမလျာဖြစ်ရတာ ဂုဏ်ယူပါတယ်။ ဘုရားသခင်က ကျွန်တော့်ကို ပေးအပ်ခဲ့တဲ့ လက်ဆောင်မွန်တွေထဲမှာ မိန်းမလျာဖြစ်ခွင့် ရခြင်းဟာ အကောင်းဆုံး တစ်ခုလို့ ကျွန်တော် ခံယူပါတယ်”ဟု Businessweek တွင် ကွတ်ခ်က ရေးသားထားခဲ့သည်။

၎င်းက မိန်းမလျာတစ်ဦး ဖြစ်လာသည့်အခါ လိင်တူနှစ်သက်သူ လူနည်းစု နေ့စဉ် ထိတွေ့ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ပိုမို၍ လေးလေးနက်နက် ခံစားနားလည်လာမိကြောင်းလည်း ဆိုသည်။ “ဒါက ကျွန်တော့်ကို စာနာစိတ် ဖြစ်လာစေတယ်။ အဲဒီစာနာစိတ်က ပိုပြီးကြွယ်ဝချမ်းသာတဲ့ ဘဝတစ်ခုဆီ ဦးဆောင်သွားတယ်”ဟုလည်း ကွတ်ခ်က မှတ်ချက်ပြုထားသည်။

ကွတ်ခ်သည် Apple ၏ ဗိသုကာအဖြစ် တင်စားခံရသူ စတိဗ်ဂျော့ဘ်စ် မကွယ်လွန်မီ ရာထူးမှ နုတ်ထွက်သွား ကတည်းက ကုမ္ပဏီ၏ အမှုဆောင်ချုပ်အဖြစ် ဦးဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် ယခင်ကတည်းက မိန်းမလျာနှင့် Lesbian (အမျိုးသမီးချင်း စုံမက်သူ)များ အခွင့်အရေးအတွက် ထောက်ခံရပ်တည်ခဲ့ပြီး ၎င်းတက်ရောက်ခဲ့ဖူးသည့် အော်ဘန်း တက္ကသိုလ်တွင် လိင်ခွဲခြား ဆက်ဆံခံရမှုနှင့် ပတ်သက်၍ ၎င်း၏ ကိုယ်ပိုင် အတွေ့အကြုံများကို ဟောပြောခဲ့ဖူးသည်။

၎င်း၏ အမြင်ဆောင်းပါးအတွင်းတွင် ကွတ်ခ်က ယခုအသိပေးမှုကို လွယ်လွယ်ကူကူ စဉ်းစားဆုံးဖြတ်ခဲ့ခြင်း မဟုတ်ဟုလည်း ဝန်ခံထားသည်။ “ကျွန်တော့်ကိုယ်ကျွန်တော် တက်ကြွလှုပ်ရှားသူ တစ်ယောက်လို့ ခံယူမထားပါဘူး။ ဒါပေမဲ့ တခြားသူတွေရဲ့ အနစ်နာခံ စွန့်လွှတ်မှုကနေ ကျွန်တော့်အပေါ် ဘယ်လောက်တောင် ကောင်းကျိုး ဖြစ်ထွန်းလာစေသလဲ ဆိုတာကို ခံစား နားလည်ပါတယ်။ Apple ရဲ့ အမှုဆောင်ချုပ် ကိုယ်တိုင်က မိန်းမလျာ တစ်ယောက်ပါလို့ ကြားသိရတဲ့အခါ ဒီအခြေအနေမျိုးမှာ တစ်ကိုယ်တည်း ရုန်းကန်နေရတဲ့ သူတွေအတွက် နှစ်သိမ့်မှုတစ်ခု ဖြစ်စေမယ် ထင်ပါတယ်။ ဒါမှမဟုတ်လည်း သာတူညီမျှ အခွင့်အရေးကို တောင်းဆိုဖို့အတွက် လွှမ်းမိုးမှုတစ်ခု ဖြစ်လာစေချင်တယ်။ ဒါဆိုရင် ကျွန်တော့် ပုဂ္ဂိုလ်ရေး ဘဝကို ဖွင့်ဟပြီး အလဲအထပ် လုပ်ရတာ ထိုက်တန်ပါတယ်”ဟု ကွတ်ခ်က ရေးသားထားခဲ့သည်။

Telegraph
 လိင်တူချင်း စုံမက်သည့် မိန်းမလျာ (Gay) တစ်ဦး ဖြစ်ရခြင်းအတွက် ဂုဏ်ယူကြောင်း Apple ကုမ္ပဏီ၏ အမှုဆောင်ချုပ် တင်မ်ကွတ်ခ်က ထုတ်ဖော် ဝန်ခံလိုက်သည်။
Businessweek တွင် ကိုယ်တိုင်ရေးသားသည့် ဆောင်းပါးတစ်ခု၌ ကွတ်ခ်က မိန်းမလျာ တစ်ဦးအဖြစ် ရပ်တည်ခွင့် ရခြင်းသည် ၎င်းအတွက် ဘုရားသခင် ပေးသနားသည့် အကောင်းဆုံး လက်ဆောင် တစ်ခုအဖြစ် ဖော်ပြထားသည်။ ကွတ်ခ်က မိမိသည် ယခင်က လိင်မှုဘဝ မွေ့လျော်မှုနှင့် ပတ်သက်ပြီး တိတိကျကျ အသိအမှတ် မပြုသလို ငြင်းဆန်ခြင်းလည်း မရှိခဲ့ဟု ဆိုသည်။

လူဖြစ်တုန်း လူလိုနေစေချင်သူတစ်ဦး၏ ထင်ကျန်ဆဲစကားသံများ

Photo: လူဖြစ်တုန်း လူလိုနေစေချင်သူတစ်ဦး၏ ထင်ကျန်ဆဲစကားသံများ
=============================================

- သူသူထက်လွင်၊ ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၄၂)။

လူငယ်တွေ ဘဝတိုးတက်မြင့်မားဖို့၊ ပညာရေးကို တန်ဖိုးထားဖို့ လူငယ်များကို အမြဲဟောပြော ဆုံးမတဲ့ မီးရှူးတန်ဆောင်တစ်ခုဟာ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှာ ငြိမ်းသွားခဲ့ပါပြီ။

''ပြောရရင်တော့ လူငယ်တွေအတွက် ကြီးမားတဲ့ မီး ရှူးတိုင်ကြီး ချုပ်ငြိမ်းသွားတဲ့သဘောပေါ့''ဟု ဆရာကြီး ရဲ့ တပည့်တစ်ဦးဖြစ်တဲ့ တေးရေးကိုအရိုးက ညှိုးငယ်သော မျက်နှာနဲ့ ပြောပြခဲ့ပါတယ်။

လူဖြစ်တုန်း လူလိုနေစေချင်တဲ့သူ
*************************************
''အစ်ကိုတို့ ငယ်ငယ်ကတည်းက ဆရာကြီးရဲ့စာ တွေကို သင်ကြားခဲ့ရတယ်။ ဆရာကြီးက လူငယ်တွေကို သိပ်ဖြစ်စေချင်တာ။ အစ်ကိုတို့ကို ဆရာကြီးဆုံးမတဲ့ စ ကားတွေထဲက မှတ်မှတ်ရရဆိုရင် လူဖြစ်တုန်းမှာ လူလို နေပါ၊ လူဖြစ်အောင်နေပါလို့ ပြောခဲ့ပါတယ်''ဟု တေး ရေးဆရာ ကိုအရိုးက ဆရာကြီးဦးအောင်သင်း၏နောက် ဆုံးခရီးစဉ်မှာ ပြောပြပါတယ်။

ဆရာကြီးဦးအောင်သင်းဟာ အမျိုးသားစာပေ တစ် သက်တာဆုရှင် တစ်ဦးဖြစ်ပြီး ဆရာကြီးဟာ လူငယ်တွေ အတွက် စိတ်စေတနာနဲ့ တိုးတက်စေချင်တဲ့စိတ်တွေ အ စဉ်ရှင်သန်နေသူတစ်ဦး ဖြစ်ပါတယ်။

''လူငယ်တွေကို တောက်ပြောင်အောင်၊ လူငယ်တွေ ကို လမ်းကြောင်းတည့်အောင်၊ မျိုးဆက်သစ်တို့ တိုးတက် အောင် တာဝန်ကျေခဲ့တဲ့ ဆရာဖြစ်ပါတယ်။ ဆရာက စာရေးဆရာတွေ စံပြုအတုယူရလောက်အောင် စာပေ ဟောပြောကောင်းခဲ့သူ တစ်ဦးဖြစ်ပါတယ်''ဟု စာရေး ဆရာ လယ်တွင်းသားစောချစ်က ပြောပါတယ်။

ဝေဖန်စာတွေရေးသားရင်း လူကြမ်းမင်းသား ဖြစ်ခဲ့ရသူ
**************************************************************
ဆရာကြီးဟာ လူငယ်ဘဝ တိုးတက်မြင့်မားအောင် ဟောပြောဆုံးမရုံသာမက စာပေလောကမှာ ထွန်းလင်း လာမယ့် စာရေးဆရာ၊ ကလောင်ရှင်များ ထွက်ပေါ်လာ စေဖို့ ဝေဖန်တဲ့စာတွေ ရေးသားခဲ့တဲ့အတွက် စာပေဝေ ဖန်ရေး လူကြမ်းမင်းသားလို့တောင် နာမည်တွင်ခဲ့တယ်လို့ ဆိုကြပါတယ်။

''ဆရာကြီးနဲ့ပတ်သက်လို့ ဒီစာရွက်မှာ ရေးထား သလို စာပေဝေဖန်ရေး လူကြမ်းမင်းသား ဆရာအောင်သင်း လို့ပြောတယ်။ ဆရာက စာပေဝေဖန်ရေးတွေ ရေးလို့ ဒီနာ မည်ရတာပေါ့နော်။ ဆရာ့ရဲ့ဝတ္ထုတို ဝေဖန်ချက်ကိုကြည့် ရင် တကယ့်လူကြမ်းမဟုတ်ဘဲ စာရေးဆရာတွေကို တောက် ပြောင်စေတယ်။ ကောင်းရင် ကောင်းသလို ချီးမြှောက် တယ်။ မကောင်းတာတောင်မှ သက်သက်ညှာညှာနဲ့ ပြော တာ။ စာပေဝေဖန်ရေးမှာ တာဝန်ကျေသလို လူငယ်တွေ ကိုလည်း တာဝန်ကျေခဲ့တဲ့ စာရေးဆရာပါ''ဟု စာရေး ဆရာ လယ်တွင်းသားစောချစ်က ဆက်ပြောပါတယ်။

အဲဒီလိုအရေးအသားတွေ ကောင်းခဲ့တာကြောင့် စာရေးဆရာတွေကိုယ်တိုင် ဆရာကြီးရဲ့ ဝေဖန်ရေးဆောင်း ပါးတွေကိုစောင့်၍ ဖတ်ခဲ့ရတယ်လို့ သိရပါတယ်။

''ဆရာတို့က ဆရာကြီးရဲ့ဆောင်းပါးတွေကို စောင့် ဖတ်ရတယ်။ သင်တန်း သဘောပေါ့။ အားနည်းချက်တွေ ဘာတွေရှိလဲဆိုတာ သိရတယ်။ ဘယ်လိုရေးရမလဲ။ ဝတ္ထု ရေးတဲ့သူတွေ၊ စာရေးသူတွေအပေါ် အကျိုးများပါတယ်။ ဆရာကြီးဟာ ဆရာ့ရဲ့ 'ခြေရာတို့ရဲ့အသံ'ဆိုတဲ့ စာအုပ် မှာ အမှာစာရေးပေးတယ်။ မှတ်မှတ်ရရကတော့ အဲဒါ ဆရာကြီးရဲ့ နောက်ဆုံးရေးပေးခဲ့တဲ့ အမှာစာများ ဖြစ် မလားမသိဘူး။ ဆရာကြီး ကွယ်လွန်တာက မြန်မာစာပေ လောကအတွက် အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်တယ်''လို့ စာ ရေးဆရာက ဆရာကြီးရဲ့ နောက်ဆုံးခရီးမှာပြောခဲ့တာ ဖြစ် ပါတယ်။

လူငယ်တွေရဲ့ပညာရေးကို အလေးထားခဲ့သူ
*************************************************
ဆရာကြီးဟာ လူငယ်တွေဘဝ တိုးတက်အောင် ပြော ဆိုရေးသားမှုတွေ အများကြီးရှိပေမယ့် သူ့ရဲ့အဓိကရည် မှန်းချက်ကတော့ လူငယ်တွေ ပညာရေးကို တန်ဖိုးထား တတ်အောင် ဟောပြောခဲ့တယ်လို့ သိရပါတယ်။

''ဆရာကြီးက စာပေနဲ့ပတ်သက်လို့ ဝေဖန်ပြောဆို တာတွေ ရှိပါတယ်။ နောက်ပိုင်းမှာ လူငယ်တွေအတွက် အလေးထားပြီး ပြောခဲ့ပါတယ်။ ပြောတာတွေကတော့ အ များကြီးပဲ။ အဓိကဇောင်းပေးပြီး ပြောဖြစ်တာကတော့ လူ ငယ်တွေ တိုးတက်မြင့်မားဖို့ ပညာရေးကို တန်ဖိုးထားဖို့ ဆိုတာကို ပြောပါတယ်။ ဘဝကို တန်ဖိုးထားဖို့ ပညာရေး ကိုတန်ဖိုးထားဖို့ ပြောပါတယ်''ဟု စာရေးဆရာဖေမြင့် က ဆရာကြီးရဲ့ နောက်ဆုံးခရီးစဉ်မှာ ပြောပါတယ်။

ဆရာထက် တပည့်ကို ပိုတော်စေချင်သူ
*******************************************
ဆရာကြီးကို လေးစားကြည်ညိုတဲ့ တပည့်တပန်းတွေ များစွာရှိပြီး သူတို့တွေကို ဆရာ့ထက်တော်တဲ့ တပည့်များ ဖြစ်စေလိုခဲ့တယ်လို့ သိရပါတယ်။

''ဆရာပြောခဲ့တာကတော့ ဆရာ့ထက်တော်တဲ့ တပည့် တွေဖြစ်အောင် ကြိုးစားကြပါ။ ဒါမှ ရပ်ကွက်၊ တိုင်းပြည်မှာ တိုးတက်လာမယ်လို့ ပြောပါတယ်။ မိဘထက်သာတဲ့ သား သမီးဖြစ်ပါစေ။ ဆရာ့ထက်တော်တဲ့ တပည့်ဖြစ်ပါစေလို့ ဆုပေးရင်းလဲ ပြောတယ်။ ဆုတောင်းရင်လဲ ပေးတယ်''ဟု တောင်တွင်းကြီးမြို့မှ ဦးဌေးနိုင်က ပြောပါတယ်။

ဆရာကြီးဟာ တောင်တွင်းမြို့ရှိ အထက်တန်းကျောင်း များတွင်လည်း စာပေဟောပြောပွဲများပြုလုပ်ပြီး လူငယ်တွေ ကို ဟောပြောခဲ့တဲ့အတွက် စာရေးဆရာကြီးဦးအောင်သင်း မှာ တောင်တွင်းကြီးသားတစ်ဦးဖြစ်မှန်း ဒေသခံများ သိရှိ ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

''ကျွန်တော်တို့ကျောင်းတုန်းက ချိုတန်ခူးနဲ့ ဂုဏ်ရည် မတူဆိုတဲ့ ဆရာကြီးရဲ့ဆောင်းပါးကို ကိုးတန်းအထက် တန်းမြန်မာစာမှာ သင်ခဲ့ရတယ်။ အောင်သင်းဆိုတာပါ ပေမယ့် ကျွန်တော်တို့တောင်တွင်းကြီးမြို့သား ဆရာကြီး ဦးအောင်သင်းရဲ့ ဆောင်းပါးဆိုတာ မသိသေးပါဘူး။ ဆရာ ကြီး တောင်တွင်းကြီးကိုရောက်လာပြီး အထက်တန်းကျောင်း မှာ ဟောပြောပွဲလုပ်တော့မှပဲ ဒါ...တို့သိတဲ့ ဆရာကြီး ဦးအောင်သင်းဆိုတာ သိခဲ့ရပါတယ်''ဟု တောင်တွင်းကြီး မြို့မှ ကဗျာဆရာ တောင်တွင်းမောင်သင်းကျော်က ပြော ပြပါတယ်။

စာကြည့်တိုက်တွေ ဖြစ်စေချင်တဲ့သူ
***************************************
ဆရာကြီးဟာ စာပေတိုးတက်ဖို့ တောင်တွင်း ကြီးမြို့မှာ စာကြည့်တိုက်ဖြစ်လာအောင် တိုက်တွန်းခဲ့ သူတစ်ဦး ဖြစ်ပါတယ်။
''ဆရာကြီးက မြို့အင်္ဂါရပ်နဲ့အညီ ကိုယ့်ဇာတိမှာ စာကြည့်တိုက်မရှိဘူး။ ဖြစ်အောင်လုပ်ပါလို့ ပြောတယ်။ ဆရာကြီးရဲ့ တိုက်တွန်းချက်နဲ့ လောကအလင်း စာ ကြည့်တိုက် ဖြစ်လာပါတယ်''ဟု တောင်တွင်းကြီးမြို့ လောကအလင်း စာကြည့်တိုက် ဘဏ္ဍာရေးမှူး ဦးဌေးအောင် က ပြောပါတယ်။

''ဆရာကြီးက စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်လာ ဖို့ ရေးသားခဲ့ပါတယ်။ တစိုက်မတ်မတ်ရေးသားခဲ့တယ်။ ဆရာကြီးက မြန်မာစာပေလောကအတွက် အထောက် အကူပြု ပံ့ပိုးပေးပြီး အကျိုးရှိအောင် ဆောင်ရွက်ပေးတဲ့ စာရေးဆရာကြီးဖြစ်ပါတယ်''ဟု စာရေးဆရာမြတ်ဖုန်း ကပြောပါတယ်။

လွတ်လပ်မှုကိုမြတ်နိုးပြီး ဘဝမှာအကြာကြီး အလုပ်လုပ်ခဲ့သူ
******************************************************************
ဆရာကြီးမှာ လွတ်လွတ်လပ်လပ်ပြောဆို၊ နေထိုင်၊ ရေးသားခွင့်ကို လိုလားသူတစ်ဦး ဖြစ်ပါတယ်။

''ဆရာကြီးနဲ့တွေ့တုန်းက လွတ်လပ်တယ်ဆိုတာ ဘာ လဲ။ အခု လွတ်လွတ်လပ်လပ် ပြောလို့ရလား။ နေလို့ရလား။ လွတ်လပ်စွာ ရေးသားခွင့်တွေ ရနေလား။ ဒါတွေအကုန် ရမှ လွတ်လပ်တယ်လို့ ခေါ်တယ်လို့ ဆုံးမခဲ့ပါတယ်''ဟု လူငယ်တစ်ဦးက ပြောပါတယ်။

ဆရာကြီးကို လေးစားတန်ဖိုးထားတဲ့ ဇာတ်မင်းသား မန္တလေးသိန်းဇော်ကလည်း

 ''ဆရာကြီးက ကိုယ်တို့ တစ် ယောက်ချင်းရယ်မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးနဲ့ ပတ်သက် တဲ့ မှတ်သားစရာတွေကို ဆုံးမတတ်တဲ့သူ၊ စာပေနဲ့ပတ် သက်လို့ ခြုံငုံပြီး ဆုံးမခဲ့တယ်။ ဆရာကြီးဟာ ဘဝမှာအ သက်ကို အကြာကြီးနေပြီး အများကြီး အလုပ်လုပ်ခဲ့တယ်။ မြန်မာလူမျိုးအနေနဲ့ အင်မတန်အဖိုးတန်တဲ့ လူသားကြီး ပေါ့။ ဒါကိုဆုံးရှုံးရတော့ ကိုယ်ပိုင်ဆိုင်မှုထဲက ဆုံးရှုံးသွား ရသလို ထိထိရောက်ရောက်ခံစားရပါတယ်''ဟု ပြောပြတယ်။

ဆရာကြီးရဲ့ နောက်ဆုံးဖြစ်ချင်တဲ့ဆန္ဒ
*****************************************
ဆရာကြီးရဲ့ နောက်ဆုံးဖြစ်ချင်တဲ့ဆန္ဒကတော့ လူ ငယ် ရသငယ်စာပေ၊ စာညွှန်းရေးသားသူများကို ဆုပေး ချင်တာဖြစ်တယ်လို့ သိရပါတယ်။
''ဆရာကြီးက လူငယ်ရသငယ်စာတမ်း၊ စာညွှန်းဆု ပေးချင်တာ။ ဆုရရှိတဲ့ စာတမ်း၊ စာညွှန်းတွေကိုလဲ စုပြီး စာအုပ်ထုတ်စေချင်တယ်။ အဲဒီလိုဆုပေးဖို့ မဂ္ဂဇင်းတွေ ထဲက ရသငယ်စာညွှန်းတိုင်းကို ဖတ်စေချင်တာ။ ဖတ်ပြီး ရွေးချယ်ဆုပေးချင်တာ ဖြစ်ပါတယ်''ဟု ဦးဌေးအောင်က ဆက်ပြောတယ်။

ဒါကြောင့်မို့ တောင်တွင်းသားအမျိုးသားစာပေ တစ် သက်တာဆုရှင် ဆရာကြီးဦးအောင်သင်းဟာ စာပေလော ကမှာ စာရေးဆရာတွေအတွက် ဝေဖန်စာနဲ့ ကလောင် သွားတွေကို သွေးပေးတဲ့ ဓားသွေးကျောက်ဖြစ်သလို လူ ငယ်များအတွက်တော့ အသိပညာ၊ အတတ်ပညာတွေကို အလင်းဆောင်ပေးနေတဲ့ မီးရှူးတန်ဆောင်ဖြစ်ပါတယ်။

ဆရာကြီးကို ၁၉၂၇ ခုနှစ်ဧပြီ ၁၇ ရက်မှာ တောင် ပြင်ရပ်နေ မိဘနှစ်ပါးဖြစ်သူ သခင်ညီမောင်နဲ့ ဒေါ်ရွှေကြင် တို့က မွေးဖွားတာဖြစ်ပါတယ်။ သာမဏေဘဝ၊ ပြည်သူ့ ရဲဘော်ဘဝ၊ ထောင်သားဘဝ၊ အလယ်တန်းပြဆရာဘဝ၊ တက္ကသိုလ်နည်းပြဆရာဘဝ၊ လက်ထောက်ကထိကဘဝ၊ မြန်မာစာ အလွတ်နည်းပြဘဝနဲ့ အချိန်ပြည့်စာရေးဆရာ ကြီးဘဝ စတဲ့ဘဝမျိုးစုံကို ဖြတ်ကျော်ခဲ့ရသူတစ်ဦး ဖြစ် ပါတယ်။ 

ဆရာကြီးရဲ့ နောက်ဆုံးခရီးစဉ်ကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ ၂၇ ရက် ရေဝေးသုသာန်မှာ ဆရာကြီး ရဲ့မိသားစုဝင်တွေ၊ စာပေအသိုင်းအဝိုင်းမှ စာရေးဆရာ၊ ကဗျာဆရာတွေ၊ နယ်ပယ်အသီးသီးမှ အောင်မြင်ကျော် ကြားနေတဲ့ ဆရာကြီးရဲ့ တပည့်တွေ လိုက်ပါပို့ဆောင်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က လွမ်းသူ့ပန်းခြင်း ပေးပို့ပေးခဲ့ပါတယ်။

ဆရာကြီးရဲ့အသက်ခန္ဓာ ချုပ်ငြိမ်းသွားပေမယ့် သူ့ ရဲ့စိတ်စေတနာတွေကတော့ သူရေးသားထားခဲ့တဲ့ စာအုပ် တိုင်းမှာ အမြဲတမ်းရှင်သန်နေမယ်လို့ ယုံကြည်ရင်း ... 

ဆရာကြီးဦးအောင်သင်း  ကောင်းမွန်ရာဘဝမှာ ရောက် ရှိခံစားနိုင်ပါစေလို့ ဆုတောင်းရေးသားလိုက်ပါတယ်။

#TheYangonTimes

လူငယ်တွေ ဘဝတိုးတက်မြင့်မားဖို့၊ ပညာရေးကို တန်ဖိုးထားဖို့ လူငယ်များကို အမြဲဟောပြော ဆုံးမတဲ့ မီးရှူးတန်ဆောင်တစ်ခုဟာ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှာ ငြိမ်းသွားခဲ့ပါပြီ။

''ပြောရရင်တော့ လူငယ်တွေအတွက် ကြီးမားတဲ့ မီး ရှူးတိုင်ကြီး ချုပ်ငြိမ်းသွားတဲ့သဘောပေါ့''ဟု ဆရာကြီး ရဲ့ တပည့်တစ်ဦးဖြစ်တဲ့ တေးရေးကိုအရိုးက ညှိုးငယ်သော မျက်နှာနဲ့ ပြောပြခဲ့ပါတယ်။

နိုဝင်ဘာ ၁ ရက်မှာ အာဘွားရောင်းမယ့် ၀ိုင်းစုခိုင်သိန်း

 Photo: နိုဝင်ဘာ ၁ ရက်မှာ
==========================
အာဘွားရောင်းမယ့် ၀ိုင်းစုခိုင်သိန်း
==========================

- သုသော်ဒီ၊ ရန်ကုန်တိုင်းဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၄၂)။

တစ်ခွေဆိုတစ်ခွေပရိသတ် အားပေးမှုနဲ့အောင် မြင်မှုကိုရရှိထားတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ တတိယမြောက် တေးစီးရီးဖြစ်တဲ့ 'အာဘွား'တေးစီးရီးဗွီစီဒီခွေကို နို ဝင်ဘာ ၁ရက်မှာ မွန်းလွဲ၃နာရီကနေ ၅နာရီအထိ ဒဂုံ စင်တာ(၂)မှာ ပရိသတ်တွေနဲ့တွေ့ဆုံပြီး အမှတ်တရ လက်မှတ်ရေးထိုးမှာဖြစ်တယ်လို့သိရပါတယ်။

သူမ ထွက်ရှိဖူးသမျှသီချင်းခွေတိုင်းရဲ့ MTV ကို ပရိသတ် စိတ်ဝင်စားအောင် ရိုက်ကူးခဲ့သလိုပဲ အခုထွက်ရှိမယ့် 'အာဘွား'သီချင်းခွေကိုလည်း ရိုက်ကွင်း Setting များ ဆောက်ကာရိုက်ကူးထားကြောင်း ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။ 

''ဝိုင်းစုကိုယ့်သီချင်းခွေကို ကိုယ်အကောင်း ဆုံးလုပ်တယ်။ ကိုယ့်သီချင်းခွေထဲမှာ သီချင်းနဲ့ရိုက်ပြ တဲ့ပုံစံနဲ့က အစပ်အဟပ်တည့်ရမှာဆိုတော့ ဘယ်တော့ မဆို စေတနာထားပြီး လုပ်ပါတယ်။ အခုလဲ ပရိသတ် တွေအမြင်မှာ တစ်မျိုးဆန်းသစ်အောင်လို့ Setting တွေနဲ့ရိုက်ထားပါတယ်'' လို့ဆိုခဲ့ပြီး အရှေ့က ထွက်ရှိ ခဲ့တဲ့ သီချင်းခွေတိုင်းကလည်း အခွေပေါင်း သောင်းချီ ရောင်းရခဲ့တာကြောင့် အခု အာဘွားသီချင်းခွေနဲ့ပတ် သက်လို့လည်း ပရိသတ်အားပေးသလောက်တော့ အနုပညာအကျိုးအမြတ်ကို မျှော်လင့်ကြောင်းကို ဆိုခဲ့ပါ တယ်။ 

လတ်တလောမှာတော့ ဝိုင်းစုခိုင်သိန်းအနေနဲ့ အာဘွားသီချင်းခွေဖြန့်ဖို့နဲ့ စုံတွဲသီချင်းခွေအတွက်လည်း ကြိုးစားနေကြောင်း၊ ထို့အပြင်One Lady Show အတွက်လည်း ပြင်ဆင်နေကြောင်းသိရပါတယ်။

 ''One Lady Show  ကတော့ တစ်လပိုင်း ၄ရက်နေ့လုပ်မယ် လို့တော့ စိတ်ကူးထားတယ်။ ဒါပေမဲ့ ရက်ကတော့ သိပ်မသေချာသေးဘူး။ အဲဒီရှိုးပွဲအတွက်လဲ အရမ်း ကြောက်တယ်။ အစောကြီးကတည်းက  ကြောက်လို့ မလုပ်ဖြစ်တာပေါ့။ အခုတော့ သူများတွေ ရှိုးဘယ်လို လုပ်လဲ။ သေချာလေ့လာဖြစ်တယ်။ ဝိုင်းစုကြောက်တာ က ရှိုးပွဲကို လူမလာမှာလဲကြောက်တယ်။ ဒါပေမဲ့ ပရိ သတ်တွေကို ရှိုးလုပ်မယ်ဆိုတာ ကတိပေးထားတော့ လုပ်ပါ့မယ်'' လို့ဆိုပါတယ်။

ဂီတနဲ့သရုပ်ဆောင်လိုင်း ဘက်မှာပါ ပရိသတ်အားပေးမှုကိုရရှိထားတဲ့ ဝိုင်းစု ခိုင်သိန်းက မကြာသေးမီကပြုလုပ်ခဲ့တဲ့ ဂီတထူးချွန် ဆုပေးပွဲမှာလည်း ပရိသတ်တွေပေးတဲ့ I Love Artist ဆုကိုရရှိခဲ့တာကြောင့် အဲဒီဆုကရရှိတဲ့ ရွှေတစ်ကျပ် သားကို ပရိသတ်တွေတောင်းဆိုတဲ့နေရာတွေမှာလှူ ဒါန်းဖို့အတွက် ကတိပေးထားတဲ့ဝိုင်းစုက မိဘမဲ့ဂေ ဟာနဲ့ဘိုးဘွားရိပ်သာမှာလှူဒါန်းဖို့အတွက် စဉ်းစား ထားကြောင်းကို ပရိသတ်တွေကိုကတိပေးခဲ့ပြီး သူမ အနေနဲ့လက်ရှိမှာ ကိုယ်ဝါသနာပါတဲ့အလုပ်ကို ပရိ သတ်တွေက တစ်ခဲနက်အားပေးကြတဲ့အတွက် အနု ပညာရှင်တစ်ယောက်ဖြစ်ရတာဂုဏ်ယူမိတယ်လို့ ဝိုင်း စုခိုင်သိန်း က ဆိုပါတယ်။

#TheYangonTimes
တစ်ခွေဆိုတစ်ခွေပရိသတ် အားပေးမှုနဲ့အောင် မြင်မှုကိုရရှိထားတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ တတိယမြောက် တေးစီးရီးဖြစ်တဲ့ 'အာဘွား'တေးစီးရီးဗွီစီဒီခွေကို နို ဝင်ဘာ ၁ရက်မှာ မွန်းလွဲ၃နာရီကနေ ၅နာရီအထိ ဒဂုံ စင်တာ(၂)မှာ ပရိသတ်တွေနဲ့တွေ့ဆုံပြီး အမှတ်တရ လက်မှတ်ရေးထိုးမှာဖြစ်တယ်လို့သိရပါတယ်။

ကမ္ဘာကျော်လီဒိုလမ်းမကြီးကို လေးလမ်းသွားအဖြစ် ပြန်လည် အဆင့်မြှင့်တင်ရန် ပြည်တွင်းကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ ပူးပေါင်းပြီး BOT စနစ်ဖြင့် လုပ်ကိုင်ရန် အဆိုပြုထား

Photo: ကမ္ဘာကျော်လီဒိုလမ်းမကြီးကို လေးလမ်းသွားအဖြစ် ပြန်လည် အဆင့်မြှင့်တင်ရန် ပြည်တွင်းကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ ပူးပေါင်းပြီး BOT စနစ်ဖြင့် လုပ်ကိုင်ရန် အဆိုပြုထား
==================================================

ရန်ကုန်၊ အောက်တိုဘာ ၂၉

ကမ္ဘာ ကျော် လီဒိုလမ်းမကြီးကို လေးလမ်း သွား နိုင်လွန်ကတ္တရာလမ်းအဖြစ် ပြန်လည်အဆင့်မြှင့်တင်ရန် ပြည် တွင်းရှိ မြောက်ပိုင်း တော်ဝင်ကျောက် စိမ်းနဂါးကုမ္ပဏီနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထိန်မိန်ဆောက်လုပ်ရေး ကုမ္ပဏီတို့ ပူးပေါင်းကာ BOT စနစ် ဖြင့် လုပ်ကိုင်ရန် ကမ်းလှမ်းထားချက် အားစစ်ဆေးနေပြီး မူဝါဒနှင့်ကိုက်ညီ ပါက လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးစိုးတင့်က ပြောသည်။

အောက်တိုဘာ ၂၉ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်(၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးမျိုးဆွေ၏ လီဒိုလမ်းမကြီး အား အဆင့်မြှင့်တင်သွားရန် အစီအ စဉ်ရှိမရှိ မေးမြန်းမှုအပေါ် ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ယင်းကဲ့သို့ဆောင်ရွက် နေကြောင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

''မြစ်ကြီးနား-နမ္မတီး-တနိုင်း- ပန်ဆောင်-လီဒိုလမ်းမကြီးကို အ ဆင့်မြှင့်တင် လုပ်ဆောင်သွားရန်အ တွက် အိန္ဒိယအစိုးရအဖွဲ့မှလည်း ကောင်း၊ မြောက်ပိုင်းတော်ဝင်ကျောက် စိမ်းနဂါးကုမ္ပဏီလီမိတက်မှ တရုတ် နိုင်ငံ ထိန်မိန်ဆောက်လုပ်ရေးကုမ္ပ ဏီနှင့်ပူးပေါင်း၍လည်းကောင်း ကွင်း ဆင်းစစ်ဆေးပြီး အဆင့်မြှင့်တင်ရန် လေ့လာဆောင်ရွက်လျက်ရှိပါတယ်။
မြောက်ပိုင်း တော်ဝင်ကျောက်စိမ်းနဂါးကုမ္ပဏီလီမိတက်နဲ့ တရုတ်ပြည် သူ့သမ္မတနိုင်ငံ ထိန်ချုံးမြို့မှာရှိတဲ့ ထိန်မိန်လမ်းဖောက်လုပ်ရေးကုမ္ပဏီ တို့ အကျိုးတူပူးပေါင်းပြီး မြစ်ကြီးနား- နမ္မတီး-တနိုင်း-ပန်ဆောင်-လီဒိုလမ်း မကြီးကို လေးလမ်းသွား နိုင်လွန် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ခြင်းလုပ်ငန်းအား စီမံကိန်းအဖြစ်ရင်း နှီးမြှုပ်နှံပြီး ဘီအိုတီစနစ်ဖြင့်ဆောင် ရွက်လိုကြောင်း ဘီအိုတီမူဝါဒ ၂၁ ချက်နဲ့အညီ တင်ပြလာပါတယ်။ 
အဆို ပါတင်ပြချက်ကို အသေးစိတ်စစ်ဆေး ပြီး မူဝါဒနှင့်ကိုက်ညီပါက ၄င်း ကုမ္ပဏီကို ဘီအိုတီစနစ်ဖြင့်ဆောင်ရွက် ခွင့်ပြုမှာဖြစ်ပါတယ်''ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က လွှတ်တော်အတွင်းပြော သည်။

ယင်းလီဒိုလမ်းမကြီးကို ဒုတိယ ကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များ က အိန္ဒိယနိုင်ငံနယ်စပ်အနီးရှိ လီဒို မြို့မှ ဟူးကောင်းတောင်ကြား၊ ပန် ဆောင်တောင်ကြားတွေကို ဖြတ်သန်း ပြီး လီဒို-ပန်ဆောင်-တနိုင်း-နမ္မတီး မှတစ်ဆင့် ကချင်ပြည်နယ် မြစ်ကြီး နားမြို့အထိ မြန်မာပြည်အတွင်း ဖြတ်သန်း တည်ဆောက်ထားခြင်း ဖြစ်ပြီး ယင်းမှတစ်ဆင့် တရုတ်နိုင်ငံ ကူမင်းမြို့အထိ ပေါက်ရောက်သော မိုင်ပေါင်း ၁ဝ၇၉မိုင်အထိ ရှည်လျား သည့် လမ်းမကြီးဖြစ်သည်။

၁၉၄၂ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စတင် ဖောက်လုပ်စဉ်က ယင်းလမ်မကြီးကို ဦးစီးကွပ်ကဲခဲ့သူ အိန္ဒိယ-မြန်မာ-တရုတ်နိုင်ငံဆိုင်ရာ စစ်ဦးစီးချုပ် အမေရိကန်စစ်ဗိုလ်ချုပ် စတီးဝဲလ် ကို ဂုဏ်ပြုကာ စတီးဝဲလ်လမ်းမကြီး အဖြစ်လည်းကောင်း၊ နောင်တွင်လီဒို လမ်းမကြီးအဖြစ်လည်းကောင်း ခေါ် တွင်ခဲ့ပြီး ၁၉၄၅ခုနှစ်တွင် လုပ်ငန်း ပြီးစီးခဲ့သည်။

လီဒိုလမ်းမကြီး ဖောက်လုပ်စဉ် မြန်မာနိုင်ငံမှ ချွေးတပ်သားပေါင်း ရှစ်သောင်းကျော် သေဆုံးခဲ့သည်ဟု ယင်းအချိန်က ဗြိတိသျှနိုင်ငံခြားရေး ရုံးမှ ထုတ်ပြန်ခဲ့ကြောင်း သမိုင်းမှတ် တမ်းများအရ သိရသည်။

ဒုတိယကမ္ဘာစစ်အတွင်း ဖောက် လုပ်ခဲ့သည့် ယင်းလမ်းမကြီးသည် အမေရိကန် မဟာမိတ်တပ်များအ တွက် အသုံးဝင်ခဲ့သည့် လမ်းမကြီး ဖြစ်ခြင်း၊ လမ်းမကြီးဖောက်လုပ်စဉ် အခက်အခဲများနှင့် ချွေးတပ်သား များစွာသေဆုံးခဲ့ရသည့် ဖြစ်စဉ်များ ကြောင့် ကမ္ဘာကျော်ခဲ့သည်။

ယခင်က ယင်းလီဒိုလမ်းမကြီး ကို ပြန်လည်အဆင်မြှင့်တင် လုပ် ဆောင်ရန် လီဒိုဟိုင်းဝေးဆောက် လုပ်ရေးလုပ်ငန်းမှ ဘီအိုတီစနစ်ဖြင့် ဆောင်ရွက်ရန် စာချုပ်ချုပ်ဆိုခဲ့သော် လည်း ယင်းလီဒိုဆောက်လုပ်ရေး လုပ်ငန်းစုသည် စာချုပ်ပါစည်းကမ်း ချက်များအတိုင်း ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် ၂ဝ၁၄ခုနှစ် သြဂုတ် ၂ဝ ရက်မှ စတင်ကာ ပြည်သူ့ဆောက် လုပ်ရေးလုပ်ငန်းမှ လုပ်ငန်းပြန်လည် လွှဲယူခဲ့သည်ဟု ဆောက်လုပ်ရေး ဒုတိယဝန်ကြီး၏ ပြောကြားချက် အရ သိရသည်။

ယင်းလီဒိုလမ်းမကြီး လွယ်ကူ စွာသွားလာနိုင်ရေး အဆင့်မြှင့်တင် ခြင်းဆောင်ရွက်နိုင်ပါက တရုတ်- မြန်မာ-အိန္ဒိယ သုံးနိုင်ငံကုန်သွယ် ခြင်းလုပ်ငန်းနှင့် မဟာဗျူဟာကျ သည့် လမ်းမကြီးအဖြစ် အသုံးချနိုင် ဖွယ်ရှိနေကြောင်း သိရသည်။

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
ကမ္ဘာ ကျော် လီဒိုလမ်းမကြီးကို လေးလမ်း သွား နိုင်လွန်ကတ္တရာလမ်းအဖြစ် ပြန်လည်အဆင့်မြှင့်တင်ရန် ပြည် တွင်းရှိ မြောက်ပိုင်း တော်ဝင်ကျောက် စိမ်းနဂါးကုမ္ပဏီနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထိန်မိန်ဆောက်လုပ်ရေး ကုမ္ပဏီတို့ ပူးပေါင်းကာ BOT စနစ် ဖြင့် လုပ်ကိုင်ရန် ကမ်းလှမ်းထားချက် အားစစ်ဆေးနေပြီး မူဝါဒနှင့်ကိုက်ညီ ပါက လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးစိုးတင့်က ပြောသည်။

အောက်တိုဘာ ၂၉ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်(၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးမျိုးဆွေ၏ လီဒိုလမ်းမကြီး အား အဆင့်မြှင့်တင်သွားရန် အစီအ စဉ်ရှိမရှိ မေးမြန်းမှုအပေါ် ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ယင်းကဲ့သို့ဆောင်ရွက် နေကြောင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

မြို့သစ်တွေလိုအပ်နေသည်၊ ပွင့်လင်းမြင်သာစနစ်ကျဖို့လည်း လိုအပ်နေသည်။ အပိုင်း (၂)

တံတားတည်ဆောက်ရန်အတွက်မှာ လတ်တလောအခြေအနေအရ မဖြစ် နိုင်သေးကြောင်းကို ဒေါက်တာကျော်လတ်က ပြောကြားခဲ့သည်။ ''ကြည့်မြင်တိုင် က လူတွေရယ် ကြည့်မြင်တိုင်တစ်ဖက်ကမ်းကလူတွေရယ်ကနေပြီးတော့ ရန်ကုန် မြို့ကို တိုးချဲ့သင့်ပါတယ်ဆိုပြီး ဆန္ဒတွေပြနေတယ်ဆိုတာတော့ ကြားပါတယ်။ သို့သော် အဲဒီကိုတိုးချဲ့ဖို့က တံတားကြီးတွေထိုးရလိမ့်မယ်။ တံတားကိုလဲ မြေ ပေါ်က တံတားထိုးလို့မရဘူး။ မြေအောက်ကတံတားထိုးရမှာ။ မြေပေါ်ကထိုးလို့ မရတာက အဲဒီလှိုင်မြစ်က သင်္ဘောတွေသွားနေတယ်။ သင်္ဘောတွေသွားတော့ အဲဒီတံတားကြီးကို အမြင့်ကြီးဆောက်ရမယ်။ အမြင့်ကြီးဆောက်တယ်ဆိုလို့ရှိရင် လက်ရှိ မြို့ထဲကိုပြန်ဆင်းလာတဲ့လမ်းနဲ့ ပြန်ဆက်တဲ့အခါကျတော့ သိပ်ကိုမတ်မတ် ကြီး ဖြစ်သွားလိမ့်မယ်။

မြို့သစ်တွေလိုအပ်နေသည်၊ ပွင့်လင်းမြင်သာစနစ်ကျဖို့လည်း လိုအပ်နေသည်အပိုင်း (၁)


ပြီးခဲ့သည့် လပိုင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွင်း ငြင်းခုံမှုများဖြင့် ဘဝဂ်ညံစေခဲ့သည့် ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ဆောင်ရေးကိစ္စသည် ယနေ့အထိ ငြင်းခုံသံများက မတိတ် သေး။

ဘယ်ကမှန်းမသိသည့် မြန်မာစေတနာမြို့သစ် အများပိုင်ကုမ္ပဏီအား ¤င်း စီမံကိန်းလုပ်ကိုင်ခွင့်ကို လူမသိသူမသိ ခွင့်ပြုလိုက်ရာက စသည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ မြို့သစ်စီမံကိန်းအကြောင်းပါသည့် သဝဏ်လွှာက အစပြုသည်ဟု ဆိုရမည်ဖြစ်သည်။

ပိုဆိုးသည်က အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး မည်သည့်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကိုမှ ဝင်ရောက်ဆွေးနွေးခွင့် မပြုခြင်းဖြစ် သည်။ ထိုတွင် ငြင်းခုံမှုများနှင့် မေးခွန်းပေါင်းများစွာက ပြည်တွင်းပြည်ပသတင်း စာမျက်နှာများတွင် ခေါင်းကြီးပိုင်းအထိ နေရာယူခဲ့သည်။

အမေ့ခံဘဝမှ ရုန်းထွက်လာနိုင်ခဲ့သူ

Photo: အမေ့ခံဘဝမှ ရုန်းထွက်လာနိုင်ခဲ့သူ
Thursday, October 30, 2014

မန်ယူကို နည်းပြမိုယက်စ်ကိုင်တွယ်ခဲ့ ချိန်မှာ သူနှင့်အတူလက်တွဲခဲ့သည့် အဲဗာ တန် ကွင်းလယ်ကစားသမား ဖယ်လိုင်နီကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့သည်။

၂ဝ၁၃ -၂ဝ၁၄ အပြောင်းအရွှေ့ကာလတွင် ပြောင်း ရွှေ့ကြေးပေါင် ၂၇.၅သန်း အထိပေးကာ အိုးထရက်ဖို့ဒ်သို့ရောက်ရှိလာခဲ့သူ ဖယ်လိုင် နီသည် ဆရာဖြစ်သူ မိုယက်စ်၏ ရုန်းကန် မှုနှင့်အတူ မန်ယူကွင်းလယ်တွင်ခြေစွမ်းပြ ရန်လည်း ခက်ခဲနေခဲ့ရသည်။

မန်ယူသို့ နည်းပြဗန်ဟားလ်ရောက်ရှိခဲ့ပြီးနောက် မီဒီ ယာစာမျက်များထက်တွင် ဗန်ဟားလ်အ ကြောင်းကို အကျယ်တဝံ့ရေးသားဖော်ပြ နေခဲ့ကြသော်လည်း ဖယ်လိုင်နီအကြောင်း အနည်းငယ်မျှပင် ဖော်ပြခဲ့ကြခြင်းမရှိခဲ့ပေ။

ဒဏ်ရာပြဿနာများကြောင့် ပွဲထွက်နေ ရာတစ်နေရာအတွက် ရုန်းကန်နေခဲ့ရသည့် ဖယ်လိုင်နီသည် ကိုယ်ပိုင်လေ့ကျင့်ခန်းများ ပြုလုပ်ပြီး မိမိ၏ကြံ့ခိုင်မှုမြင့်မားအောင် သီး သန့်လေ့ကျင့်ခန်းများပြုလုပ်ခဲ့သော်လည်း နေရာတစ်နေရာအတွက် အမေ့ခံကစားသ မားဖြစ်ခဲ့ရပြီး အရန်ခုံတွင်သာ အချိန်ကုန် ခဲ့ရသည်။

ဖယ်လိုင်နီ၏ ခြေစွမ်းကို သတိ ပြုမိသည့် ဗန်ဟားလ်နှင့် မန်ယူနည်းစနစ် အဖွဲ့သည် ချဲလ်ဆီးနှင့်ရင်ဆိုင်ခဲ့သည့်ပွဲ၌ မူ အများမထင်မှတ်သည့် ဖယ်လိုင်နီကို ပွဲထွက်ကစားသမားအဖြစ် ထုတ်သုံးခဲ့ကာ ဖာဘရီဂတ်စ်ဦးဆောင်လာသော ချဲလ်ဆီး ကွင်းလယ်ကို ယှဉ်ကစားရန်ပြင်ဆင်ခဲ့သည်။

ယုံကြည်မှုကို ကြိုးစားမှုဖြင့် သက်သေပြနိုင် ခဲ့ပြီး ချဲလ်ဆီးကွင်းလယ်ကို အပြန်အလှန် ယှဉ်ကစားသွားနိုင်ခဲ့ခြင်းက ဖယ်လိုင်နီကို ပရိသတ်များ ပြန်လည်အမှတ်ရစေခဲ့သည်။

အချက်အလက်များအရ ဖယ်လိုင်နီ သည် ချဲလ်ဆီးနှင့်ပွဲတွင် ၁၂ဒသမ၁၇ ကီလို မီတာအထိပြေးလွှားကာ တိုက်စစ်နှင့် ခံစစ် ပိုင်းကို တာဝန်ယူနိုင်ခဲ့သည်။ ထိုပမာဏက ဒယ်လီဘလိုင်းထက် ၁ကီလိုမီတာပိုမိုခဲ့သည်ဟု ဆိုသည်။

တိုက်စစ်နှင့် ခံစစ်သို့ ဆင်းကူရာ ၌ အနီးပေးပို့မှု အကြိမ် ၇ဝပြုလုပ်နိုင်ခဲ့မှု ကလည်း ကွင်းလယ်ကစားသမားတစ်ယောက် အတွက် ခြေစွမ်းပြ ကစားနိုင်သည့် ရလဒ် ပင်ဖြစ်ခဲ့သည်။

ကွင်းအတွင်းစွမ်းဆောင် နိုင်မှုများကို အချက်အလက်များဖြင့် မှတ် တမ်းတင်နိုင်သည့် အချိန်အခါတွင် ဖယ်လိုင် နီစွမ်းဆောင်ပေးနိုင်ခဲ့သည်များက မန်ယူ အတွက် အဓိကနေရာတွင် ရှိနေသည်ကို ငြင်းပယ်နိုင်မည်မဟုတ်။

မန်ယူအသင်းသို့ ဗန်ဟားလ်စတင် ရောက်ရှိခဲ့စဉ်က အပြောင်းအရွှေ့အတွက် အသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ရာ တွင် ဖယ်လိုင်နီမှာ မန်ယူအသင်း ကစားပုံနှင့် အံ့ဝင်သူတစ်ဦးမဟုတ်ခြင်းကြောင့် အရောင်း စာရင်း၌ပင် ထည့်သွင်းခံထားရသူဖြစ်သည်။

သို့သော်လည်း ခြေချင်းဝတ်ဒဏ်ရာမှ ပြန် လည်သက်သာလာပြီးနောက် ဝက်စ်ဘရွန်း နှင့်ပွဲတွင် အဖိုးတန်ချေပဂိုးကို သွင်းယူပြီး နောက် ဗန်ဟားလ်၏ အတွေးအခေါ်မှာ ပြောင်းလဲသွားခဲ့သည်။ မိမိမှာအင်္ဂလန်ဘော လုံးလောကအကြောင်းကို သင်ယူလေ့လာ ဆဲပင်ဖြစ်ပြီး အသင်းတစ်သင်းအတွက် အရပ်အမောင်းနှင့် ကြံ့ခိုင်မှုပြည့်ဝသည့် ကစားသမားများလိုအပ်ကာ ထိုအထဲတွင် ဖယ်လိုင်နီမှာ တစ်ဦး အပါအဝင်ဖြစ်သည် ဟု ပြန်ပြောင်းပြောဆိုလာခဲ့သည်။

ထို့ ကြောင့်ပင် ချဲလ်ဆီးနှင့်ပွဲတွင် မာတာခြေ စွမ်းပြနိုင်ခြင်းမရှိသည့်အချိန်၌ ဖယ်လိုင်နီ ခြေစွမ်းပြနိုင်ခဲ့ကာ ကွင်းလယ်ကိုထိန်းကျောင်း သွားနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ပွဲထွက်ခွင့်တစ်နေရာအတွက် စိတ်ဓာတ် ပြင်းပြစွာဖြင့် ကြိုးစားကစားနေသည့် ဖယ် လိုင်နီ၏ စိတ်ဓာတ်ကြောင့် နည်းပြဗန် ဟားလ်၏ ယုံကြည်မှုကို ရရှိခဲ့ပြီလည်း ဖြစ် သည်။ အသင်းအတွက် ၁၉ပွဲသာကစား ထားရသေးပြီး ပရိသတ်များ၏ ဝေဖန်မှုများ ကို အန်တုကာကြိုးစားခဲ့ခြင်းကြောင့် မန်ယူ တွင် နေရာတစ်နေရာပြန်လည်ရရှိလာခဲ့ပြီး မန်စီးတီးနှင့် ကစားရမည့်ပွဲစဉ်၌လည်း ပွဲ ထွက်ခွင့်ရရှိလာဖွယ်လည်းရှိနေသည်။

ကြိုးစားမှုကြောင့် ပုံမှန်ပွဲထွက်ခွင့်ရ ရှိလာချိန်တွင် နေရာတစ်နေရာခိုင်မြဲမှုရရှိ စေရန်မှာ ဖယ်လိုင်နီပေါ်တွင်သာမူတည် ပြီး မန်ယူပရိသတ်များ၏ အမေ့ခံဘဝမှ ပေးရသည့်တန်ကြေးနှင့် ထိုက်တန်သည့်က စားသမားတစ်ဦးဖြစ်ကြောင်းကို ဖယ်လိုင်နီ တစ်ယောက် သက်သေပြရမည့် အချိန်သို့ ရောက်ရှိလာပြီဖြစ်ပေသည်။

Democracytoday

မန်ယူကို နည်းပြမိုယက်စ်ကိုင်တွယ်ခဲ့ ချိန်မှာ သူနှင့်အတူလက်တွဲခဲ့သည့် အဲဗာ တန် ကွင်းလယ်ကစားသမား ဖယ်လိုင်နီကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့သည်။

တရုတ်တွင် တောင်ပြို၊ သတ္တုတူးဖော်ရေးလုပ်သားများ ပျောက်ဆုံးနေ

Photo: တရုတ်တွင် တောင်ပြို၊ သတ္တုတူးဖော်ရေးလုပ်သားများ ပျောက်ဆုံးနေ
Thursday, October 30, 2014

Chinaတရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ အောက်တိုဘာ ၂၈ ရက်နေ့က တောင်ပြိုကျခဲ့လို့ ကြေးနီသတ္တုထူးဖော်ရေးလုပ်သား ၉ ဦး ပျောက်ဆုံးနေပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့က ကယ်ဆယ်ရေးဝန်ထမ်း အယောက် ၄၀၀ ကျော် နေ့ညမဆိုင်း ရှာဖွေနေကြပေမယ့်လည်း မတွေ့ကြသေးပါဘူး။ မိုးဆက် လက်ရွာ သွန်းနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရတယ်လို့လည်း စီစီတီဗွီသတင်းက ဖော်ပြပါတယ်။

မိုးရက်ဆက် အသည်းအသန်ရွာ သွန်းခဲ့ပြီး တောင်ခြေက သတ္တုတူးဖော်ရေး အလုပ်ရုံပေါ် တောင်ပြိုကျခဲ့တာလို့ သိရပါတယ်။

ဒီဗွီဘီ
Chinaတရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ အောက်တိုဘာ ၂၈ ရက်နေ့က တောင်ပြိုကျခဲ့လို့ ကြေးနီသတ္တု ထူးဖော်ရေး လုပ်သား ၉ ဦး ပျောက်ဆုံးနေပါတယ်။

ကွယ်ပျောက်မှာ စိုးရိမ်ရတဲ့ ကမ္ဘာ့အလှဆုံး အက္ခရာ ၅ ခု/မျိုး

Photo: ကွယ်ပျောက်မှာ စိုးရိမ်ရတဲ့ ကမ္ဘာ့အလှဆုံး အက္ခရာ ၅ ခု/မျိုး
Thursday, October 30, 2014

ဘီစီ ၂၀၀၀ လောက်ကတည်းက အရှေ့ဘက်တိုင်းမှာ ကဗျည်းအက္ခရာ စာရေးသားနည်းစနစ်တွေ ပေါ်ပေါက်လို့ နေပါပြီ။ ထိုစဉ်မှစ၍ ဘာသာစကား၊ ယဉ်ကျေးမှုများစွား ပေါ်ထွန်းလိုက် ပျောက်ကွယ်လိုက် ဖြစ်ခဲ့သည်။ ထိုသို့ ပေါ်လိုက်ပျောက်လိုက်ဖြစ်ခဲ့ရသော ယဉ်ကျေးမှုတခုကို ဥပမာတခုဆောင်ပါဆိုလျှင် အလွန်တရာ အဆင့်အတန်းမြင့်မားသော ရှေးဟောင်း အီဂျစ်ယဉ်ကျေးမှုနှင့် ၎င်းယဉ်ကျေးမှု၏ အမွေအနှစ်အဖြစ် hieroglyphic ဟုလူသိများသော ရုပ်ပုံသဏ္ဍာန်များဖြင့် ရေးသည့် စာရေးသားစနစ်ကို ပြရမည်ဖြစ်သည်။ အဆိုပါစာရေးပုံစနစ်ကို အီဂျစ်ယဉ်ကျေးမှု၏ လက်ကျန်အမွေအနှစ်ဟု သိကြသော်ငြား ယနေ့ခေတ်တွင် ကျွန်ုပ်တို့အနေနှင့် အပြည့်အ၀ နားလည်နိုင်စွမ်း မရှိတော့ပြီ။

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ခန့်မှစ၍ လက်တင်ကဗျည်းအက္ခရာသည် အသုံးအများဆုံး အက္ခရာတခုဖြစ်ခဲ့ရာ တချိန်က ရိုမန်တို့၏ အုပ်စိုးခံ လူမျိုးများ၏ စာရေးသားပုံစနစ်တို့ကို လွှမ်းမိုးသွားခဲ့သည်။
ယနေ့ကမ္ဘာပေါ်တွင် အနုဆုံး၊ အယဉ်ဆုံး၊ အလှဆုံးနှင့် ကွယ်ပျောက်မည်ကို စိုးရိမ်ရသော ကဗျည်းအက္ခရာ ၅ မျိုးကို အောက်တွင် ဖော်ပြလိုက်ပါသည်။

၁-မြန်မာစာ
မြန်မာအက္ခရာသည် “၀”ကို အခြေခံ၍ ညာရစ်ဝိုင်း ရေးရသော ပုံသဏ္ဍာများဖြင့် ဖွဲ့စည်းထားသည်။ မြင်ရသူကို ညှိယူနိုင်စွမ်းရှိသည့် မြန်မာစာအက္ခရာသည် အလှသက်သက်အတွက် ထိုသို့ရေးသားခြင်းမဟုတ်ပါ။
“၀”အခြေခံရေးသားရခြင်းမှာ အကြောင်းရှိပါသည်။ ရှေးက ပေစာများ ရေးသားကြရာ မျဉ်းဖြောင့်ဆွဲပါက ပေရွက် အလွယ်တကူ စုပ်ပြဲနိုင်သောကြောင့် ဖြစ်သည်။

မြန်မာစာ ရေးသားနည်းစနစ်သည် ပျောက်ကွယ်သွာမည့်အန္တရာယ် မရှိလှသော်လည်း လက်တင်၊ ဟင်ဒီ စာရေးသားနည်းစနစ်များ လွှမ်းမိုးစ ပြုလာပြီဖြစ်သည်။ မြန်မာနိုင်ငံသည် မကြာသေးမီကာလအထိ နိုင်ငံခြားခရီးသွားလုပ်ငန်းကို ထိန်းချုပ်ထားခဲ့သေးရာမှ ယခုတွင်မူ တံခါးဖွင့်လိုက်ပြီ ဖြစ်ပြီး Coca Cola ကိုကာကိုလာဆိုင်းဘုတ် မတွေ့မမြင်ရသော မြောက်ကိုရီးယား၊ ကျုးဘားစသော အထီးကျန်နိုင်ငံများအုပ်စုမှ စွန့်ခွာခဲ့လေပြီ။

၂-စင်ဟာလိ(စ်)(သီရိလင်္ကာ)
စင်ဟာလိ(စ်)စာသည် လွန်စွာကျယ်ပျံ့သော ကဗျည်းအက္ခရာများဖြင့် ဖွဲ့စည်းထားပြီး သံတူကြောင်းကွဲပေါင်း ၅၀ခန့်ရှိ၍ ၃၈ခုမှာ ယနေ့ ခေတ်ပြိုင်စာအရေးအသားတွင် တွေ့မြင်ရလေ့ရှိသည်။
သီရိလင်္ကာနိုင်ငံ၏ ပထ၀ီမြေအနေအထားသည်ပင် ၎င်းတို့ ဘာသာ၊ စာရေးစနစ်အတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှု ဖြစ်နေပေသည်။ ကျွန်းနိုင်ငံဖြစ်သောကြောင့် စင်ဟာလီ(စ်)စာသည် ပျံ့နှံ့မှု နည်းပါးပြီး နေ့စဉ်နှင့်အမျှ အသုံးနည်းပါလာသော်ငြား အမြန်အဆန် ပျောက်ကွယ်မှုတော့ ဖြစ်ပေါ်ဦးမည် မဟုတ်ပေ။

၃-ဂျော်ဂျီယန်(ဂျော်ဂျီယာ)
တူရကီနှင့်ရုရှား ၂နိုင်ငံအကြား၌ ညပ်နေသည့် ဂျော်ဂျီယာနိုင်ငံတွင် ကိုယ်ပိုင် ဘာသာစကားနှင့် ကိုယ်ပိုင် အက္ခရာများ ရှိပြီး ၎င်းတို့သည် ရုရှားလွှမ်းမိုးလာခြင်း၏ ခြိမ်းခြောက်မှုကို ခံနေရသည်။ လွန်ခဲ့သော ရာစုနှစ်အတွင်း ရုရှား၏ နယ်ချဲ့ပေါ်လစီများကြောင့် ဂျော်ဂျီယာနိုင်ငံ မူလအကျယ်အ၀န်း၏ ထက်ဝက်ခန့်သည် ရုရှားနိုင်ငံတွင်းသို့ သွပ်သွင်းခံခဲ့ရသည်။ ထို့အပြင် ဂျော်ဂျီယာနိုင်ငံအနေနှင့် ဆက်လက်ဖြစ်ပေါ်နေသော နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများကြောင့် နိုင်ငံ၏ ပိုင်နက်အချို့ ထပ်မံဆုံးရှုံးရမည့်အခြေအနေဖြစ်လျက်ရှိရာ ယင်းဒေသများတွင်း ရုးရှားစာနှင့် စလဗ်စာများက ဂျော်ဂျီယန်ဘာသာနေရာကို ၀င်ယူလာသည်။ ၎င်းတို့၏ မိခင်ဘာသာစကား အသုံးပြုသော ကောကေးရှန်းအရေအတွက် တစတစ နည်းပါးလာနေသည်။ ရုရှားသည် ဂျော်ဂျီယာနိုင်ငံကိုဖြတ်၍ သွယ်တန်းထားသော ရေနံပိုက်လိုင်များအား အပြည့်အ၀ချုပ်ကိုင်လိုမှုသည်ဖြစ်ရာ ဂျော်ဂျီယန်တို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများအတွက်ပင် စိုးရိမ်ဖွယ်ရာဖြစ်သည်။
ဂျော်ဂျီယန်အက္ခရာသည် လှပကြော့ရှင်းသည်။ မျဉ်းကွေများဖြင့် ရေးသားကြပြီး ကလေးငယ်တဦးကဲ့သို့ပင် ရိုးရှင်းသည်။

၎-တာဂါလော့ဂ်(ဖိလစ်ပိုင်)
အင်ဒို-ဥရောပစာရေးစနစ်မှ ဆင်းသက်လာသော တာဂါလော့ဂ်စာကို ဖိလစ်ပိုင်နိုင်ငံ စပိန်ကိုလိုနီဘ၀မရောက်ခင်ကာလအထိ အဓိက အသုံးပြုကြသည်။ စပိန်ကိုလိုနီဘ၀အစပိုင်းတွင် အောက်မှအထက်သို့ ရေးသားလေ့ရှိသော တာဂါလော့ဂ်အက္ခရာအား ၉၀ ဒီဂရီလှည့်၍ ၀ဲမှယာသို့ ရေးသားခြင်း စသည့် ပြောင်းလဲမှုမျိုးသာရှိခဲ့သော်လည်း နောက်ပိုင်းတွင် စပိန်ဘာသာစကားအား ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းလိုက်ရာ အင်မတန်အသုံးနည်းနေပြီဖြစ်သော တာဂါလော့ဂ်စာ၊ တာဂါလော့ဂ်စကား ကွယ်ပျောက်စေမည့် အကြောင်းရင်းတရပ် ဖြစ်သည်။
၁၉၇၃ ခုနှစ်တွင် ရှိရင်းစွဲဘာသာစကားများနှင့် စပိန်ဘာသာစကားအာ ပေါက်းစပ်ထားသော ဖိလစ်ပင်နိုအား ရုံးသုံးဘာသာအဖြစ်ပြဌာန်းခဲ့သော်လည်း လက်တင်အက္ခရာများဖြင့်သာ ရေးသားကြတော့သည်။ တာဝန်ရှိသူများ၏အဆိုအရ တာဂါလော့ဂ်ဘာသာစကား ရှင်သန်နေဆဲဖြစ်သော်လည်း တကယ့်လက်တွေ့တွင်မူ ကွယ်ပျောက်သွားခဲ့ပြီးဖြစ်သော ဖိလစ်ပိုင်တိုင်ရင်းသားဘာသာစကား အမျိုးပေါင်း ၂၀၀ ကျော်တို့ကဲ့သို့ပင် ပျောက်ကွယ်နိုင်ခြေရှိနေသည်။

၅-ဟာနာကာရက(အင်ဒိုနီးရှား)
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်း၌ စတင်ပေါ်ထွန်းခဲ့ပြီး နီးစပ်ရာကျွန်းများပေါ်သို့ တဖြည်းဖြည်းချင်း ပျံ့နှံ့သွားခဲ့ရာ ဟာနာကာရက ဘာသာစကားသည် ဒေသအလိုက် အနည်းငယ်မျှကွဲပြားမှုရှိသည်။ ယင်းနောက် ၁၉ ရာစုနှင့် ၂၀ ရာစုအတွင်း သတင်းစာလုပ်ငန်းဖွံ့ဖြိုးတိုးတတ်လာခြင်းနှင့်အတူ ဟာနာကာရကဘာသာအား တပြေးညီစံတခုသတ်မှတ်ရန်ကြိုးပမ်းခဲ့ကြသည်။ သို့သော် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်လက်အောက်ကျရောက်ခဲ့စဉ်က ဟာနာကာရကဘာသာအသုံးပြုမှုကို တားမြစ်ထားခဲ့ရာ အဆိုပါကြိုးပမ်းမှုများသည်လည်း ရပ်ဆိုင်းသွားခဲ့သည်။
ထိုစဉ်က စ၍ ယာဉ်ကြောလမ်းညွှန်ဆိုင်းဘုတ်များတွင် ဟာနာကာရကဘာသာအသုံးပြုခြင်း၊ အစိုးရကျောင်းများတွင် ဟာနာကာရကဘာသာ သင်ကြားပေးရမည်ဆိုသော အာဏာပိုင်များ၏ ညွှန်ကြားမှုများရှိနေသော်လည်း လက်တင်အက္ခရာအသုံးပြုရေးသားသည့် စနစ်က နေရာယူလာခဲ့သည်။

Felipe Sant’ana Pereira ၏ 5 of the World’s most beautiful(and endangered) alphabets ကို ပြန်ဆိုသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ဘီစီ ၂၀၀၀ လောက်ကတည်းက အရှေ့ဘက်တိုင်းမှာ ကဗျည်းအက္ခရာ စာရေးသားနည်းစနစ်တွေ ပေါ်ပေါက် လို့ နေပါပြီ။ ထိုစဉ်မှစ၍ ဘာသာစကား၊ ယဉ်ကျေးမှုများစွား ပေါ်ထွန်းလိုက် ပျောက်ကွယ်လိုက် ဖြစ်ခဲ့သည်။ ထိုသို့ ပေါ်လိုက်ပျောက်လိုက်ဖြစ်ခဲ့ရသော ယဉ်ကျေးမှုတခုကို ဥပမာတခုဆောင်ပါဆိုလျှင် အလွန်တရာ အဆင့်အတန်းမြင့်မားသော ရှေးဟောင်း အီဂျစ်ယဉ်ကျေးမှုနှင့် ၎င်းယဉ်ကျေးမှု၏ အမွေအနှစ်အဖြစ် hieroglyphic ဟုလူသိများသော ရုပ်ပုံသဏ္ဍာန်များဖြင့် ရေးသည့် စာရေးသားစနစ်ကို ပြရမည်ဖြစ်သည်။ အဆိုပါစာရေးပုံစနစ်ကို အီဂျစ်ယဉ်ကျေးမှု၏ လက်ကျန်အမွေအနှစ်ဟု သိကြသော်ငြား ယနေ့ခေတ်တွင် ကျွန်ုပ်တို့အနေနှင့် အပြည့်အ၀ နားလည်နိုင်စွမ်း မရှိတော့ပြီ။

အီဘိုလာစိုးရိမ်မှုများရှိသော်လည်း ကလပ်ကမ္ဘာ့ဖလားကို မော်ရိုကိုတွင်သာ ကျင်းပမည်

Photo: အီဘိုလာစိုးရိမ်မှုများရှိသော်လည်း ကလပ်ကမ္ဘာ့ဖလားကို မော်ရိုကိုတွင်သာ ကျင်းပမည်
Thursday, October 30, 2014

လာမည့် ဒီဇင်ဘာတွင် အာဖရိကတိုက် မော်ရိုကိုနိုင်ငံ၌ ကျင်းပမည့် ဖီဖာ၏ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲများကို အီဘိုလာရောဂါပြန့်ပွားမှု စိုးရိမ်မှုများ ရှိနေသော်လည်း စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်ဟု ဖီဖာက ထုတ်ပြန်သည်။

ဆယ်ရက်တာကျင်းပမည့် ထိုနှစ်စဉ်ပြိုင်ပွဲတွင် ဥရောပချန်ပီယံ ရီးရဲလ်မက်ဒရစ်အပါအဝင် တိုက်ကြီးများအလိုက် ချန်ပီယံကလပ်များ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကာ ဒီဇင်ဘာ ၁၀ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ ဖီဖာက ၎င်းတို့သည် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် မော်ရိုကိုအာဏာပိုင်များနှင့် အဆက်မပြတ် ဆက်သွယ်မှုရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံမှလည်း အကြံဉာဏ်များ ရယူထားကြောင်းဆိုသည်။

မော်ရိုကိုသည် ကလပ်ကမ္ဘာ့ ဖလားအပြင် အာဖရိကနိုင်ငံများ ဖလားပွဲကိုလည်း ၂၀၁၅ ဇန်နဝါရီလတွင် ကျင်းပနိုင်ရန် စီစဉ်ထား သည်။

‘‘ကစားသမားတွေ၊ ပွဲတာဝန်ရှိသူတွေနဲ့ ပရိသတ်တွေရဲ့ ကျန်းမာရေးဟာ အခြားမည်သည့် ဖီဖာပြိုင်ပွဲမှာမဆိုလိုပဲ မိမိတို့ရဲ့ အမြင့်ဆုံး ဦးစားပေးလုပ်ငန်းနေရာမှာ ရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အဆိုအရလည်း လက်ရှိမှာ မော်ရိုကိုမှာ အီဘိုလာရောဂါဖြစ်ပွားမှု လုံးဝမရှိသေးပါဘူး။ ဒါကြောင့် စီစဉ်ထားတဲ့အတိုင်း ပွဲကျင်းပဖို့ ပြင်ဆင်မှုတွေကို ဆက်လုပ်သွားမှာပါ’’ဟု ဖီဖာ၏ ကြေညာချက်တွင် ဖော်ပြသည်။

Ref: BBC
လာမည့် ဒီဇင်ဘာတွင် အာဖရိကတိုက် မော်ရိုကိုနိုင်ငံ၌ ကျင်းပမည့် ဖီဖာ၏ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ များကို အီဘိုလာရောဂါပြန့်ပွားမှု စိုးရိမ်မှုများ ရှိနေသော်လည်း စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်ဟု ဖီဖာက ထုတ်ပြန်သည်။

ထိုင်းရုပ်ရှင်ဇာတ်ကားအား ပုံတူကူးချသော မီးကျည်မင်းခေါင် ဇာတ်ကား နှင့်ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနသို့ အကြောင်းကြားစာ မရောက်ရှိသေး

လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့် သရုပ်ဆောင် နေထူးနိုင်၏ "မီးကျည်မင်းခေါင်" ဗီဒီယို ဇာတ်ကားသည် ထိုင်းနာမည်ကြီး ရုပ်ရှင်ဇာတ်ကားကို ပိုစတာမှအစ ပုံစံတူ ကူးချရိုက်ကူး ထားသည့် အတွက် မူရင်း ဇာတ်ကားကို ထုတ်လုပ်ခဲ့သည့် ထိုင်း ရုပ်ရှင် ထုတ်လုပ်ရေးက အာဆီယံ ရုပ်ရှင် အစည်းအရုံးသို့ တိုင်ကြားကာ ဘတ်ငွေသန်း ၃၀ လျော်ကြေး တောင်းထားသည့် ကိစ္စ သည် ပြန်ကြားရေး ဝန်ကြီး ဌာန မြန်မာ့ရုပ်ရှင် မြင့်တင်ရေး ဦးစီးဌာနသို့ အကြောင်းကြားစာ ရောက်ရှိခြင်း မရှိသေးဟု မြန်မာ့ ရုပ်ရှင် မြင့် တင်ရေး ဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးသိန်းနိုင်က မဇ္ဈိမကို ပြောသည်။

“ဒီဇာတ်ကား ကိစ္စ Facebook ပေါ်မှာ ပျံနှံနေတာကို တွေ့ပါတယ်။ အဲဒီကိစ္စက ခိုင်မာခြင်း မခိုင်မာ ခြင်းတောင် အတည်မပြု နိုင်သေးပါဘူး။ အရင်ဆုံး အာဆီယံ ရုပ်ရှင် အစည်းအရုံးကို တိုင်ထားတာ ဟုတ်မဟုတ်ကို အတည်ပြုရ ဦးမယ်။ ဟုတ်ခဲ့ရင်တော့ အားလုံး စဉ်းစားပြီး အကောင်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက် သွားမှာပါ” ဟု ၎င်းကပြောသည်။

လာဘ်စားမှုညွှန်းကိန်း မြန်မာအဆင့် ၁၅ ဆင့် တက်လာ


လာဘ်စားမှုများရှိေ မင်သာမှုအဖွဲ့(TransparencyInternational) က ၂၀၁၃ ခုနှစ်အတွက် ထုတ်ပြန်သည့်လာဘ်စားမှုအညွှန်းကိန်းတွင် မြန်မာနိုင်ငံ သည် ပြီးခဲ့သည့်နှစ်ကထက် အဆင့် ၁၅ ဆင့် တက်လာကြောင်း သတင်းရရှိသည်။
နိုင်ငံပေါင်း ၁၇၇ နိုင်ငံအတွက် ထုတ်ပြန်သည့် လာဘ်စား မှုအညွှန်းကိန်းတွင် ၂၀၁၂ ခုနှစ် က အဆင့် ၁၇၂ ရှိခဲ့ပြီး ၂၀၁၃ တွင် အဆင့် ၁၅၇ သို့ရောက်ခဲ့သည်ဟု နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
‘‘ငွေကြေးခ၀ါချမှု ဥပဒေနောက်လာဘ်စားမှု တိုက်ဖျက်ရေးကော်မတီဖွဲ့တယ်။ နောက် EITI လည်း ဖွဲ့လိုက်ပြီဆိုတော့ ဒါတွေ ကိုကြည့်ပြီး အဖွဲ့အစည်းတွေ ရှိ လာပြီဆိုတော့ ဒါကြောင့် တက် လာတာဖြစ်မယ်’’ ဟု အမေရိကန် အခြေစိုက် စီးပွားရေးလုပ်ငန်း အကြံပေးကုမ္ပဏီဖြစ်သော De-loitte ကုမ္ပဏီ ဒါရိုက်တာ ဦးချစ်ထွန်းဖေက ဆိုသည်။

ရခိုင်ပြည်နယ်တွင်း တင်းမာမှုပြဿနာ ကုလစိုးရိမ်

၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေး ဆွေးနွေး မှုတွေ၊ ဥပဒေသစ် ပြဌာန်းမှု တွေနဲ့ အတူ ပြုပြင် ပြောင်းလဲမှုတွေ ဆက်ပြီး လုပ်နေပေမဲ့ ရခိုင်ပြည်နယ်တွင်း တင်းမာမှုတွေ အခုထိ မလျော့ပါး သေးတာ အတွက် အထူး စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က ပြောကြား လိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ၂၀၁၃ ခုနှစ် သြဂုတ်လကနေ ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာကို ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗွီဂျေး နမ်ဘီးယား က ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဗုဒ္ဓဟူးနေ့က တင်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ တိုးတက်မှုတွေရှိပေမဲ့ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ တင်းမာမှုတွေကြောင့် အကြမ်းဖက်မှု၊ အသက်ဆုံးရှုံးမှု၊ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရမှုနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ ပြန်ပြီး ဖြစ်ပေါ်စေခဲ့တယ်လို့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ မစ္စတာ ဗွီဂျေး နမ်ဘီးယားက ထောက်ပြ ပြောဆိုသွားတာပါ။

ကိုပါကြီးအမှု အမေရိကန်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အစိုးရကို ဖိအားပေး

တပ်မတော်မှ ဖမ်းဆီး ထားစဉ် သေဆုံးသွားသည့် အ လွတ်တန်းသတင်းထောက် ကိုပါ ကြီး သေဆုံးမှုကို ပွင့်လင်းမြင်သာ မှုရှိစွာဖြင့် စုံစမ်းစစ်ဆေးပေးရန် အမေရိကန်ပြည်ထောင်စု အစိုးရ အပါအ၀င် နိုင်ငံတကာ လူ့အခွင့် အရေး လှုပ်ရှားသည့် အဖွဲ့အ စည်းများက မြန်မာအစိုးရကို တိုက်တွန်းကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ်တွင်း သတင်းရယူနေစဉ် တပ်မတော်၏ ဖမ်းဆီးသတ်ဖြတ်ခံရသော အလွတ်တန်းသတင်းထောက် ကိုပါကြီးသေဆုံးမှုအတွက်အမေရိကန်အစိုးရက အလေးအနက် စိုးရိမ်ကြောင်းနှင့် ၎င်းဖမ်းဆီးခံရသည့် ဖြစ်စဉ်အပြည့်အစုံကို ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးရန် တိုက်တွန်းကြောင်း အမေရိကန်သံရုံးက အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း ရိုက်တာ သ တင်းတစ်ရပ်က ဖော်ပြသည်။ သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၁ ရက်တွင် လာရောက်မည်ဖြစ်ရာ ယခု ကိုပါကြီး၏ ဖြစ်စဉ်မှာ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ဆွေးနွေးဖွယ် အကြောင်းတစ်ခု ဖြစ်လာနိုင်ကြောင်း ပြောကြားမှုများလည်းရှိနေသည်။

အားလုံးပါဝင်ခွင့်နှင့် တတိယလှိုင်း ● (မှူးဇော်)

လှိုင်း ဟူသည်မှာ ပြုပြင်ပြောင်းလဲရေး မျှော်မှန်းချက်များကို မဟာဗျူဟာခုန်ပျံကျော်လွှားမှုအဖြစ် အဟုန် ထည့်လိုက်ခြင်းပင် ဖြစ်သည်။ အကောင်အထည်ဖော်လိုသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာ စေရန် ပြုပြင်ခြင်း၊ ပြင်ဆင်ခြင်းများကို လှိုင်းလုံးကြီးများ ရိုက်ခတ်လာသည့်နှယ် အရှိန်အဟုန်ဖြင့် တက် ညီလက်ညီ ဆောင်ရွက်လာကြစေရန် တွန်းအားပေး၊ ဖိအားပေးသည့်သဘောဖြင့် လှိုင်း ဟု ခေါ်တွင်ခဲ့ ခြင်းလည်း ဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးဟူသော အဓိပ္ပါယ်ကို စေ့ငုကြည့်လျှင် ပြုပြင်ခြင်းနှင့် ပြောင်း လဲခြင်း(ပြုပြင်ခြင်း+ပြောင်းလဲခြင်း) ကို တွေ့မြင်နိုင်သည်။ အစိုးရဌာနများ၊ အစိုးရအဖွဲ့ အစည်းများ ပြုပြင်ခြင်း အဆင့်တွင် ပြောင်းလဲခြင်းသို့ ချက်ချင်းလက်ငင်း ရောက်ချင်လည်း ရောက်နိုင် သည်။ ရောက်ချင်မှလည်း ရောက်မည်။ အဆိုပါ အပြောင်းအလဲဖြစ်စေရန်အတွက် ပြုပြင်ပေးသည့် အဆင့်တွင် အရေးကြီးသည်မှာ တာဝန်သိမှုနှင့် တာဝန်ယူမှု ရှိလာစေရေး ဖြစ်သည်။

မျိုးစေ့အခက်အခဲကြောင့် အာလူးအထွက်လျော့

စိုက်ခင်းများတွင် အာ လူးစိုက်ပျိုးရာ၌ ပြည်တွင်းမျိုးစေ့ ကိုသာအကြိမ်ကြိမ်သုံးစွဲရခြင်း ကြောင့် တစ်ဧကအထွက်နှုန်းမှာ ထက်ဝက်ခန့် လျော့ကျနေ ကြောင်း စိုက်ပျိုးသူများထံမှ သ တင်းရရှိသည်။
အာထူးထွက်ရှိမှုနှုန်းမှာတစ် နှစ်ထက်တစ်နှစ်လျော့နည်းလာ ပြီး ယခင်ကတစ်ဧကလျှင် အာလူး ပိဿာ ၅,၀၀၀မှ ၆,၀၀၀ထွက်ရှိ သော်လည်း ယခုနောက်ပိုင်းနှစ်များတွင် တစ်ဧကလျှင် ပျမ်းမျှပိဿာ ၃,၅၀၀မှ ၄,၀၀၀ကြားသာထွက်ရှိကြောင်းဟဲဟိုးမှ အာလူးစိုက်ပျိုးရေးလုပ်ငန်းရှင်ဦးဖိုးကင်းကပြောသည်။
အာလူးစိုက်ခင်းများအောင် မြင်ရန် မျိုးစေ့၊ ရေနှင့် နည်းပညာ လိုအပ်ပြီး မျိုးစေ့ကအဓိကဖြစ် ကြောင်း၊ မျိုးစေ့တစ်ခုကိုထပ်ကာ ထပ်ကာစိုက်ပျိုးပါကအထွက်နှုန်း ကျ၍ မျိုးစေ့မှ ပိုးပါပြီး ရောဂါဖြစ်လျှင် အထွက်နှုန်းပိုမိုကျဆင်း ကြောင်း အာလူးစိုက်ပျိုးထုတ် လုပ်ရောင်းချသူဦးချန်ထွေးက သုံး သပ်သည်။

ဘဝအတွက်တာ အတွေ့အကြုံ လေ့လာမှတ်သားမှုနှင့် တီထွင်ကြံဆမှု


ယနေ့ ၂၁ ရာစု ခေတ်ကြီးသည် စိန်ခေါ်မှု များစွာကို ကမ္ဘာပြည်သူများ ရင်ဆိုင် နေရသကဲ့သို့ ယှဉ်ပြိုင်မှု များစွာကိုလည်း တစ်ပြိုင်တည်း ကြုံတွေ့ နေကြရသည်။
အင်္ဂလိပ်စာဆိုတော်ကြီး ဝီလီယံ ရှိတ်စပီးယား (၁၅၆၄-၁၆၁၆) က လောက လူသားတို့သည် ဘဝဇာတ်ဆရာ အလိုကျ ကပြနေကြရသည် (The World is Play) ဟု ဆိုခဲ့သည်မှာ ယနေ့အထိ သဘာဝကျသော အဆိုအမိန့် တစ်ခုပင် ဖြစ်သည်။ ရှိတ်စပီးယားသည် သဘင် အလုပ်ကိုသာ လုပ်ကိုင် ဖူးသော်လည်း လေ့လာ မှတ်သားမှု အားကောင်းသူ ဖြစ်ခြင်းကြောင့် ဗဟုသုတ ပြည့်စုံသူ တစ်ဦး ဖြစ်သည်။ ရှိတ်စပီးယား ရေးသားသည့် ဝတ္ထုများမှာ ဇာတ်ကောင်များသည် ခြေသလုံးအိမ်တိုင် ခါးပိုက်နှိုက်မှ စ၍ ရှင်ဘုရင်အထိ ပါဝင်သည်။ သက်ဆိုင်သူတို့၏ ပြောပြချက်များကို သေချာစွာ မှတ်သားပြီး မိမိ မှတ်သား နားလည်ထားသမျှကို နေရာတကျ ပြန်လည် အသုံးပြုတတ်သည့် ထူးခြားသော ဥာဏ်ကြောင့် ရှိတ်စပီးယားသည် ပညာရပ်ဆိုင်ရာ ဝေါဟာရတို့တွင် ကျွမ်းကျင် ပိုင်နိုင်စွာ ရေးသားနိုင်ခြင်း ဖြစ်သည်။

ပြည်သူ့အကျိုးကို ရှေးရှု၍ တော်တည့် မှန်ကန်စွာ ရှုမြင်



ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၈)ရက်မြောက် နေ့ကို
အောက်တိုဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အဆောက်အအုံ၌ ကျင်းပရာ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေမူကြမ်း၏ မူနှင့် အခြေခံသဘော ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးဌာနများမှ ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများ တက်ရောက် ဆွေးနွေး ခဲ့ကြသည်။
ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က တပ်မတော်၏ အသုံးစရိတ်နှင့် ကာကွယ်ရေး ဆိုင်ရာ အသုံးစရိတ်များ၊ နိုင်ငံတော် ကာကွယ်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်နေမှု အခြေအနေများ အပေါ် အသေးစိတ် ရှင်းလင်းဆွေးနွေး တင်ပြသွားသည်။