Sunday, February 2, 2014

အလုပ်လုပ်ခွင့် သက်တမ်းကုန်နေသည့် မြန်မာလုပ်သားများ ထိုင်းနိုင်ငံရေး ပဋိပက္ခကြောင့် ဖမ်းဆီးခံရမည့် အခြေအနေ ရင်ဆိုင်နေရ

Photo: အလုပ်လုပ်ခွင့် သက်တမ်းကုန်နေသည့် မြန်မာလုပ်သားများ ထိုင်းနိုင်ငံရေး ပဋိပက္ခကြောင့် ဖမ်းဆီးခံရမည့် အခြေအနေ ရင်ဆိုင်နေရ
Sunday, February 2, 2014

ထိုင်းနိုင်ငံရေးပဋိပက္ခ အရှိန်မြင့်လာချိန်တွင် အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရမည့်အခြေအနေဖြင့် ရင်ဆိုင်နေရပြီး မြန်မာအစိုးရက လက်ရှိ ထိုင်းအိမ်စောင့်အစိုးရထံ အလျင်အမြန် ဆက်သွယ်ညှိနှိုင်းသင့်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေးလှုပ်ရှားသူများက တိုက်တွန်းပြောကြားလိုက်သည်။

ထိုင်းနိုင်ငံရေးပဋိပက္ခများကြောင့် အစိုးရအုပ်ချုပ်ရေးယန္တရားများ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ချိန်တွင် မြန်မာအလုပ်သမားများအနေဖြင့် ဖမ်းဆီးခြိမ်းခြောက်ခံရခြင်း၊ ငွေညှစ်ခြင်း၊ ပွဲစားများမှ   အမြတ်ထုတ်ခြင်းများ ဖြစ်လာနိုင်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ မဝေနှင်းပိုကပြောကြားသည်။

ပြီးခဲ့သည့် နှစ်လက လေးနှစ်သက်တမ်းပြည့် မြန်မာအလုပ်သမားများ နေရပ်ပြန်ရန်မလိုဘဲ ဗီဇာသက်တမ်းတိုးနိုင်ကြောင်း နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆိုခဲ့သော်လည်း အတည်ပြုရန်  ထိုင်းအလုပ်သမားဝန်ကြီးဌာနက လွှတ်တော်သို့ တင်သွင်းထားစဉ် လွှတ်တော်ဖျက်သိမ်းလိုက်သည့်အတွက်  အသက်ဝင်ခြင်းမရှိသေးပေ။

မြန်မာအစိုးရက ၎င်း၏အလုပ်သမားများအား နေရပ်ပြန်ရန်မလိုကြောင်း ပြောထားသော်လည်း ထိုင်းရဲများကမူ ၎င်းတို့ကို စတင်ဖမ်းဆီးရန် စီစဉ်နေကြောင်း Labour Rights Promotion Network (LPN)၏ ဒါရိုက်တာ မစ္စတာဆွန်ပန်စရက်ကွက်ကပြောကြားသည်။

 ““အလုပ်သမားဝန်ကြီးဌာနအနေနဲ့ မြန်မာအလုပ်သမားတွေကို ဖမ်းနေတာကို ရပ်ပေးဖို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ကို တောင်းဆိုပေးစေချင်ပါတယ်””  ဟု ၎င်းကပြောကြားသည်။
ထိုင်းနိုင်ငံစီးပွားရေးမှာ ပြည်ပအလုပ်သမားအင်အားစုများအပေါ် မှီခိုနေရပြီး ၎င်းတို့ နေရပ်ပြန်သွားပါက ထိုင်းစီးပွားရေး ဆိုးရွားစွာထိခိုက်နိုင်ကြောင်းလည်း ၎င်းက ထောက်ပြပြောဆိုသည်။

လက်ရှိအခြေအနေအရ လေးနှစ်အလုပ်လုပ်ကိုင်ခွင့်ရ ပြည်သူများမှာ နေရပ်သို့ပြန်ပြီး အနည်းဆုံး သုံးနှစ်ကြာမှ ထိုင်းနိုင်ငံသို့ ပြန်လာရမည်ဖြစ်ရာ လက်တွေ့ကျသည့် မူဝါဒမဟုတ်သလို အလုပ်ရှင်များအနေဖြင့်လည်း ကျွမ်းကျင်လုပ်သားများကို အဆုံးရှုံးခံမည်မဟုတ်ကြောင်း မဝေနှင်းပိုကဆိုသည်။

““ထိုင်းနိုင်ငံရေးအခြေအနေအပေါ် အခွင့်ကောင်းယူပြီး အလုပ်သမားတွေကို ဖမ်းဆီးငွေညှစ်တာမျိုးတွေမရှိအောင် နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းပြီး ကာကွယ်တားဆီးမှုတွေ ကြိုတင်ပြုလုပ်စေချင်ပါတယ်””ဟု ၎င်းကပြောကြားသည်။

မြန်မာအစိုးရအနေဖြင့် သက်တမ်းပြည့်အလုပ်သမားများကို မဖမ်းဆီးရန် တောင်းဆိုထားရုံဖြင့်  မလုံလောက်ဘဲ အမှန်တကယ်ဖမ်းဆီးခံရမည့်သူများကို အကောင်းဆုံးအကူအညီပေးရန်နှင့် ဖမ်းဆီးမှုများ လုပ်၊မလုပ်ကို  ဆက်တိုက်စောင့်ကြည့်စေလိုကြောင်းလည်း ၎င်းကတိုက်တွန်း ထားသည်။

ဖမ်းဆီးမည် သတင်းများ ထွက်ပေါ်နေသော်လည်း ဆန္ဒပြသူများ ပိတ်ဆို့ထားသည့် မိမိအလုပ်လုပ်ရာ MBK ကုန်တိုက်အတွင်း ပုံမှန်အလုပ်များ လုပ်ကိုင်လျက်ရှိပြီး အလုပ်လုပ်ခွင့်သက်တမ်းလွန်နေသော်လည်း နေရပ်သို့ မပြန်လိုသေးကြောင်း ယင်းကုန်တိုက်မှ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးကပြောကြားသည်။

““ဒီမှာ အေးဆေးပဲ။ ဘာမှအနှောင့်အယှက်မရှိပါဘူး။ ပုံမှန်ပါပဲ။ စိတ်တော့ နည်းနည်းပူတယ်”” ဟု နည်းပညာနှင့် မိုဘိုင်းဖုန်းပစ္စည်းအရောင်းဆိုင်တွင် ငါးနှစ်ခန့်လုပ်ကိုင်နေသည့် အသက် (၂၀) အရွယ် မြန်မာအလုပ်သမားကပြောသည်။

ထိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သားအင်အား လေးသိန်းနီးပါးရှိပြီး လက်ရှိ ပြဿနာများအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်အား ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

ဘန်ကောက်မြို့၏ အချက်အချာကျသည့် Siam Square အပါအ၀င် မြို့ တွင်းနေရာအချို့ကို  အတိုက်အခံအချို့က ပိတ်ဆို့ထားသော်လည်း ဘန်ကောက်မြို့တွင်း သွားလာဆက်သွယ်ရေးအပါအ၀င် လုပ်ငန်းအများစုမှာ   ပုံမှန်လည်ပတ်လျက်ရှိသည်။

ရွေးကောက်ပွဲနေ့တွင် ဘန်ကောက်ပိတ်ဆို့မှုအပြင် အလုံးစုံပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဟု အတိုက်အခံခေါင်းဆောင် ယခင် ဒုဝန်ကြီးချုပ်ဟောင်း  ဆူသက်သောင်ဆူဘန်က ပြောကြားထားသော်လည်း ဘန်ကောက်မြို့တွင် နိုင်ငံခြားခရီးသွားဧည့်သည်များဖြင့် စည်ကားနေဆဲဖြစ်သည်။

Author: အေးသူစံ
7day Daily

ဘန်ကောက်မြို့ တရုတ်တန်းအနီး လှည့်လည်ဆန္ဒပြနေသည့် အစိုးရဆန့်ကျင်ဆန္ဒပြသူများကိုတွေ့ရစဉ် PORNCHAI KITTIWONGSAKUL/AFP
ဘန်ကောက်မြို့ တရုတ်တန်းအနီး လှည့်လည်ဆန္ဒပြနေသည့် အစိုးရဆန့်ကျင်ဆန္ဒပြသူ များကိုတွေ့ရစဉ် PORNCHAI KITTIWONGSAKUL/AFP
ထိုင်းနိုင်ငံရေးပဋိပက္ခ အရှိန်မြင့်လာချိန်တွင် အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း လုပ်သားများ ဖမ်းဆီးခံရမည့်အခြေအနေဖြင့် ရင်ဆိုင်နေရပြီး မြန်မာ အစိုးရ က လက်ရှိ ထိုင်းအိမ်စောင့် အစိုးရထံ အလျင် အမြန် ဆက်သွယ်ညှိနှိုင်းသင့်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမားအရေးလှုပ်ရှား သူ များက တိုက်တွန်းပြောကြားလိုက်သည်။

အမေရိကန် လုပ်ငန်းရှင်များကို ဆွဲဆောင်ရန် နယူးယောက်တွင် မြန်မာ ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ကျင်းပမည်

အမေရိကန်ပြည်ထောင်စုမှ ရင်းနှီးမြှုပ်နှံသူများကိုအဓိကထား ဆွဲဆောင်ရန် နယူးယောက် မြို့တော် တွင် မြန်မာရင်းနှီး မြှုပ်နှံမှုဖိုရမ် (Myanmar Investment Outreach Business & Investment Forum) ကို ၂၀၁၄ ခုနှစ် ဇွန်လအတွင်း ကျင်းပမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြား သည်။

သဘောကွဲမှုတွေရှိတဲ့ကြားက ထိုင်းရွေးကောက်ပွဲ

အာဖဂန်မှာ သမ္မတလောင်းအတွက် မဲဆွယ်သူတွေ ပစ်သတ်ခံရ

Photo: အာဖဂန်မှာ သမ္မတလောင်းအတွက် မဲဆွယ်သူတွေ ပစ်သတ်ခံရ
Sunday, February 2, 2014

 လာမယ့်ဧပြီလ ၅ ရက်နေ့မှာ လုပ်မယ့် အာဖဂန်နစ္စတန် သမ္မတ ရွေးကောက်ပွဲမှာ သမ္မလောင်းတယောက် အဖြစ် ရွေးကောက်ခံမယ့် သမ္မတလောင်း ဒေါက်တာ အဗ္ဗဒ္ဒူလာ အဗ္ဗဒ္ဒူလာ အတွက် မဲဆွယ် ပေးနေတဲ့ လူ ၂ ယောက် စနေနေ့က ပစ်ခတ် သတ်ဖြတ်တာ ခံလိုက်ရပါတယ်။

သူတို့ မဲဆွယ်တဲ့ ရုံးကနေ အထွက်ကလေးမှာ ပစ်သတ်ခံရတာပါ၊ အာဖဂန် အနောက်ဖက်က မြို့တမြို့ဖြစ်တဲ့ ဟာရက် မြို့မှာဖြစ်ခဲ့တာပါ။ အဲဒီမြို့က အီရန် နယ်စပ်နဲ့နီးတဲ့မြို့ဖြစ်သလို ၁၉၉၀ နှစ်တွေတဝိုက် မှာ ပြည် တွင်းစစ်ဖြစ်တုန်းက တာလီဘန်တို့ အာဖဂန်တခုလုံးကိုမသိမ်းနိုင်ခင် ပထမဆုံး စတင်သိမ်းပိုက် အခြေစိုက် နိုင်တဲ့ မြို့ လည်းဖြစ်ပါတယ်။

အခုလုပ်ကြံသတ်ဖြတ်သူတွေ က ဘယ်သူတွေ ဆိုတာ ကိုတော့ မသိရသေးပေမယ့် တာလီဘန် တွေရဲ့ လက် ချက်ပဲ လို့ သံသယဝင်ကြပါတယ်။

သမ္မတလောင်း အဗ္ဗဒ္ဒူလာ အဗ္ဗဒ္ဒူလာ ဟာ ၂၀ဝ၉ ခုနှစ်တုန်းက သမ္မတလောင်း ကာဇိုင်းနဲ့ ယှဉ်ခဲ့ပြီး နောက် ပိုင်း မဲညစ်တာတွေ ကို သူစိုးရိမ်တယ်ဆိုပြီး ဒုတိယ အကျော့ မဲပြိုင်တဲ့နေရာ ကနေ ထွက်သွားခဲ့ပါတယ်။ အခုသက်တမ်းအတွက်တော့ သမ္မတကာဇိုင်းက ဝင်ပြိုင်မှာမဟုတ်တဲ့အတွက် သူဟာ အလား အလာကောင်း တဲ့ သမ္မတလောင်းတယောက်ပါ။

သူဟာ အမေရိကန် စစ်တပ်တွေ အာဖဂန်မှာ ဒီနှစ် ၂၀၁၄ ကုန်ပြီး နောက်ပိုင်းမှာ အရေအတွက် ထောင်နဲ့ ချီပြီး ဆက်ရှိနေဖို့ အားပေးတဲ့သူပါ။

အမေရိကန် က ဒီနှစ်ကုန်ရင် သူ့တပ်တွေ ထဲက တိုက်ခိုက်ရေး တပ်သားတွေ အာဖဂန် အကုန်ဆုတ် မယ်လို့ ကြေညာပြီးပါပြီ၊ ဒါပေမယ့် အာဖဂန်တပ်တွေ ကို သင်တန်းပေးဖို့၊ အကြံပေးဖို့ အတွက် အမေရိကန် တပ်သား ထောင်နဲ့ ချီပြီး ထားခဲ့ဖို့ က ညှိနှိုင်းနေကြဆဲပါ။

ဒီလို အခြေအနေတွေအောက်မှာ သူ့အတွက် မဲဆွယ်ပေးတဲ့ လှုပ်ရှားဆောင်ရွက်သူ ၂ ယောက် ပစ်သတ် ခံရတာပါ။

သတင်းထောက်တွေ ကတော့ လာမယ့် သမ္မတရွေးကောက်ပွဲ လုံခြုံရေး က တော့ အစိုးရ အတွက် စိန်ခေါ်မှုတွေ တပုံတပင် ကြုံနေရတဲ့ပုံလို့ ပြောကြပါတယ်။

ဒီရွေးကောက်ပွဲမှာ ၁၉၉၀ နှစ်တွေတဝိုက်မှာ ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်မှာ ပါခဲ့တဲ့ သူပုန်ခေါင်းဆောင်တွေ ၊ နယ်မြေပိုင် စစ်ဘုရင်တွေပါဝင်ကြမယ်ဆိုတဲ့အချက်ကလည်း လုံခြုံရေးအတွက် ပိုအခက် အခဲတွေ ကြုံရနိုင် တယ် လို့ တွက်ဆ နေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
 လာမယ့်ဧပြီလ ၅ ရက်နေ့မှာ လုပ်မယ့် အာဖဂန်နစ္စတန် သမ္မတ ရွေးကောက်ပွဲမှာ သမ္မလောင်းတယောက် အဖြစ် ရွေးကောက်ခံမယ့် သမ္မတလောင်း ဒေါက်တာ အဗ္ဗဒ္ဒူလာ အဗ္ဗဒ္ဒူလာ အတွက် မဲဆွယ် ပေးနေတဲ့ လူ ၂ ယောက် စနေနေ့က ပစ်ခတ် သတ်ဖြတ်တာ ခံလိုက်ရပါတယ်။

ရာဇာမင်း ခရီးသည်တင်မှန်လုံကား တိမ်းမှောက်၍ ခရီးသည်(၇)ဦးဒဏ်ရာရ

Photo: ရာဇာမင်း ခရီးသည်တင်မှန်လုံကား တိမ်းမှောက်၍ ခရီးသည်(၇)ဦးဒဏ်ရာရ
Sunday, February 2, 2014

၂၀၁၄ခုနှစ် ဇန်န၀ါရီ ၃၀ နေ့လည် ၁း၀၀ နာရီ အချိန်တွင် မြ၀တီ -ကော့ကရိတ် ကားလမ်း၊ တောင်ပေါ်လမ်း တွင် ရာဇာမင်းခရီးသည်တင်မှန်လုံယာဉ်(၁)စီးတိမ်းမှောက်ကြောင်း သတင်းရရှိ၍ ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်မျိုးမင်းထွန်း၊ တပ်ကြပ်ကြီး အောင်စိန်တို့မှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၃၀ နေ့လည် ၁၂း၃၀ အချိန်ခန့်တွင် ယာဉ်မောင်း စိုးမောင်(၄၉)နှစ်(ဘ)ဦးတင်အေး၊ ဗမာ/ဗုဒ္ဓ ဘဏ် ရိပ်သာရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်း နေသူသည် ၈ဈ/……… ရာဇာမင်းခရီးသည် တင်မှန်လုံ ယာဉ်အား မြ၀တီမှ ရန်ကုန်သို့သွားရန် ခရီးသည် ၂၇ဦး၊ သံဃာ ၂ပါး၊ နိုင်ငံခြားသား ၂ဦး တို့ကို တင် ဆောင် မောင်းနှင်လာစဉ် မြ၀တီ-ကော့ကရိတ်ကားလမ်း၊ မိုင်တိုင်အမှတ် ၈၂/၁ နှင့် ၈၂/၂ ကြားအရောက်တွင် အရှိန် မထိန်းနိုင်ဘဲ လမ်း၏ညာဘက်သို့ တိမ်းမှောက်သွားခဲ့ပြီး ခရီးသည်များမှ မဖြိုးအိအောင်(၁၉)နှစ်၊ မျိုးကို(၂၄) နှစ်၊ ဒေါ်စိုးစိုးကြည် (၅၈)နှစ်၊ ဒေါ်ရင်ရင်(၆၃)နှစ်၊ ကိုစိုးနိုင်(၄၂)နှစ်၊ အရှင်ဦးဆန္ဒ(၃၀)နှစ် တို့ ဒဏ်ရာ အသီးသီး (မစိုးရိမ်ရ) ရရှိ၍ ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားရှိပြီး ကျန်ခရီးသည်များမှ ထိခိုက် ဒဏ်ရာ ရရှိခြင်း မရှိပေ။

သို့ပါ၍ ယာဉ်အား မဆင်မခြင်မောင်းနှင်မှုကြောင့် ခရီးသည်များ ဒဏ်ရာရရှိခဲ့၍ ယာဉ်မောင်းစိုးနိုင်အား ဥပဒေအရ အရေးယူ ပေးပါရန် ဒုရဲအုပ်မျိုးမင်းထွန်းမှ တရားလိုပြု တိုင်တန်း ခဲ့သဖြင့် ကော့ကရိတ်မြို့မ ရဲစခန်းမှ အရေးယူ ဆောင်ရွက် လျက်ရှိကြေင်း သိရှိရပါသည်။

MOI Webportal Myanmar
၂၀၁၄ခုနှစ် ဇန်န၀ါရီ ၃၀ နေ့လည် ၁း၀၀ နာရီ အချိန်တွင် မြ၀တီ -ကော့ကရိတ် ကား လမ်း၊ တောင်ပေါ် လမ်းတွင် ရာဇာမင်းခရီးသည်တင်မှန်လုံယာဉ်(၁)စီးတိမ်းမှောက်ကြောင်း သတင်းရရှိ၍ ကော့ကရိတ်ခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်မျိုးမင်းထွန်း၊ တပ်ကြပ်ကြီး အောင်စိန်တို့မှ သွားရော က်ကြည့် ရှု စစ်ဆေးခဲ့ပါသည်။

အမ်းမြို့နယ်တွင် တရုတ်လုပ်သားများ ခိုက်ရန် ဖြစ်ပွားခဲ့သော မြန်မာ အလုပ်သမား ၂၃ ဦးဖမ်းဆီးခံရ

Photo: အမ်းမြို့နယ်တွင် တရုတ်လုပ်သားများ ခိုက်ရန် ဖြစ်ပွားခဲ့သော မြန်မာ အလုပ်သမား ၂၃ ဦးဖမ်းဆီးခံရ
Sunday, February 2, 2014

ရခိုင်ပြည်နယ် အမ်းမြို့နယ် အမ်းတောင်အုပ်စု တောင်စောက် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းနယ်မြေတွင် ဇန်န၀ါရီလ ၂၆ ရက်နေ့က တရုတ်အလုပ်သမားများနှင့် ခိုက်ရန် ဖြစ်ပွားခဲ့သော မြန်မာ အလုပ်သမား ၂၃ ဦးကို ရဲက ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု သိရသည်။

ဖမ်းဆီးခံရသူများကို ယခုအခါ အမ်းမြို့ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားပြီး ပုဒ်မ (၃) ခုဖြင့် တရားစွဲဆိုထားကြောင်း သူတို့အမူကို လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေသူ အမ်းဒေသခံ ဒေါ်သွယ်သွယ်စိုးက ပြောကြားသည်။

“ အခုအဖမ်းခံထားရတဲ့သူက စုစုပေါင်း ၂၃ ဦးပါ။ သူတို့ကို စွဲဆိုထားတဲ့ ပုဒ်မက ၄၂၇၊ ၄၃၆၊ ၄၂၅ တို့ဖြစ်ကြပါတယ်။ ပုဒ်မ ၄၂၇ က အကျိုးဖျက်ဆီးမူ၊ ၄၃၆ မီးရှို့မူနဲ့ ၄၂၅ ကကြိုတင် ကြံစည်မူလို့ ပြောပါတယ်” ဟု သူမက ဆိုသည်။

သူတို့အား တရုတ် CNPC ကုမ္ပဏီ အထူး အရာရှိ ဦးသန်းထွဋ်ဝင်းက တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ပြီး လွန်ခဲ့သော ဇန်န၀ါရီလ ၂၈ ရက်နေ့က တစ်ကြိမ်၊ ၂၉ ရက်နေ့က တစ်ကြိမ် အမ်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု သိရသည်။

“ ဒီလ ၁၀ ရက်နေ့မှာတော့ ထပ်မံရုံးချိန်း ရှိပါတယ်။ ယခင်ရုံးထုတ်တုန်းက တရားလိုတွေ မရောက်တဲ့ အတွက် ဘယ်သူက တရားလို လုပ်ပြီး ဆက်တရားစွဲမယ်ဆိုတာကို အဲဒီနေ့မှဘဲ သိရမှာ ဖြစ်ပါတယ်” ဟု ၄င်းကဆိုသည်။

ယခုအခါ ဖမ်းဆီးခံရသူများမှာ ရခိုင်တိုင်းရင်းသားများ မဟုတ်ကြသလို အမ်းဒေသခံများလည်း မဟုတ်ကြဘဲ မကွေးတိုင်း ငဖဲမြို့နယ်မှ ချင်းတိုင်းရင်းသားများ ဖြစ်ကြသည်ဟု သိရသည်။ ပထမပိုင်းတွင် လူပေါင်း ၃၄ ဦး ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ၁၁ ဦးကို ခံဝန်ချက်ဖြင့်ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

ယခု ဖမ်းဆီးခံထားရသူများမှာ အလွန်ဆင်းရဲကြပြီး သူတို့ အမူအတွက် ရှေ့နေများကို ဌားရမ်းနိုင်ခြင်းမရှိကြောင်း ဒေါ်သွယ်သွယ်စို့း ပြောဆိုသည်။

ဇန်န၀ါရီလ ၂၆ ရက်နေ့ ညနေပိုင်းက တောင်စောက် ရေနံနှင့် ဂတ်စ် ပိုက်လိုင်း နယ်မြေရှိ နှစ်ထပ် အဆောင် တစ်ခု၏ အောက်ထပ်တွင် နေထိုင်နေသော မြန်မာ လုပ်သားများ အပေါ်သို့ အပေါ်ထပ်တွင် နေထိုင်သူ တရုတ်လုပ်သားအချို့မှ အပေါ့ရည် စွန့်ပစ်ရာမှ ခိုက်ရန် ဖြစ်ပွားပြီး (၂) ထပ် အဆောင် တစ်ခုနှင့် ရေနံကန် တစ်ခုတို့ မီးရှို့ ခံခဲ့ရသည်။

ယင်းနောက်ပိုင်းတွင် အာဏာပိုင်များက မြန်မာ လုပ်သားများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

တောင်စောက် ရေနံနှင့် ဂတ်စ် ပိုက်လိုင်းနယ်မြေတွင် တရုတ် အလုပ်သမား ၇၉ ဦးရှိပြီး မြန်မာ အလုပ်သမား ၁၅၀ ခန့်ရှိကြောင်း သိရှိရသည်။

တရုတ်လုပ်သားများသည် မြန်မာ အလုပ်သမားများ အပေါ် ခွဲခြားနှိမ့်ချ ဆက်ဆံခြင်း၊ အနိုင်ကျင့်ခြင်းများလည်း ရှိသည်သာမက မြန်မာ အလုပ်သမားများ အပေါ် လစာအပြည့် မပေးခြင်း၊ အချိန်မှန် လစာ ထုတ်မပေးခြင်းများလည်း ရှိကြောင်း သတင်းများ ရရှိသည်။

ယခု ဖမ်းဆီးမူနှင့် ပတ်သက်ပြီး အမ်းမြို့နယ် ရဲစခန်းသို့ အကြိမ်ကြိမ် ဖုံးဆက်ခဲ့သော်လည်း ဖုံးပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။

နိရဉ္စရာ
ရခိုင်ပြည်နယ် အမ်းမြို့နယ် အမ်းတောင်အုပ်စု တောင်စောက် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက် လိုင်း နယ်မြေတွင် ဇန်န၀ါရီလ ၂၆ ရက်နေ့က တရုတ်အလုပ်သမားများနှင့် ခိုက်ရန် ဖြစ်ပွားခဲ့သော မြန်မာ အလုပ် သမား ၂၃ ဦးကို ရဲက ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု သိရ သည်။

လူ့အခွင့်အရေး ကော်မရှင် ဒူချီရာတန်းကို သွားရောက် စစ်ဆေး

Photo: လူ့အခွင့်အရေး ကော်မရှင် ဒူချီရာတန်းကို သွားရောက် စစ်ဆေး
Sunday, February 2, 2014

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒူချီရာတန်းရွာမှာ ဇန္နဝါရီလ (၁၃)ရက်နေ့ည အဖြစ်အပျက်ကို စုံစမ်းဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဟာ အဲဒီကျေးရွာ နဲ့ အနီးတဝိုက် ဒေသကို ရောက်ရှိနေပါတယ်။

ဒုချီးရားတန်းရွာ ဖြစ်စဉ်မှာ လူသေဆုံးမှုတွေရှိခဲ့တယ်လို့ ပြောဆိုနေကြတာနဲ့ ပတ်သက်ပြီး ဖြစ်ရပ်အမှန်ကို စစ်ဆေး ဖော်ထုတ်နိုင်ဖို့ အစိုးရအာဏာပိုင်တွေ နဲ့ ဒေသခံ ရွာသား တွေကို သွားရောက် တွေ့ဆုံနေတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။

ဒူချီရာတန်းရွာမှာ ပျောက်သွားတဲ့ ရဲတပ်ကြပ်ကြီးကိုရှာဖို့ ရဲဝန်ထမ်းတွေသွားရာမှာ လူသေဆုံးမှုတွေရှိခဲ့တယ်လို့ အနောက်နိုင်ငံတွေက ပြောဆိုနေကြပြီး ဒါကိုစုံစမ်းစစ်ဆေးပေးဖို့ အစိုးရကို တောင်းဆို ထားပါတယ်။

ဒီကိစ္စကို မြန်မာအစိုးရဘက်က ငြင်းဆိုပေမယ့် ပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကြီးအကြောင်းနဲ့ အဲဒီ ရဲတပ်ကြပ်ကြီးကို ရှာဖွေစဉ်မှာ ရွာသားတွေကို ရဲတွေက ရိုက်နှက်ခဲ့သလားဆိုတာကို စုံစမ်းစစ်ဆေးနေပြီး ဒီကိစ္စဆောင်ရွက်နေတဲ့ ရဲတွေနဲ့ လည်း တွေဖို့ရှိတယ်လို့ ဦးစစ်မြိုင်က ပြောပါတယ်။

ခုချိန်ထိတော့ ပြဿနာတွေဖြစ်ခဲ့တဲ့ ဒူချီရာတန်းရွာမှာ အမျိုးသမီးတွေ ပြန်လည် နေထိုင်လျက်ရှိပေမယ့် အမျိုးသားတွေကတော့ ရှောင်တိမ်းနေဆဲ ဖြစ်တယ်လို့ ဦးစစ်မြိုင်က ပြောပါတယ်။

ဒီဒေသတွေကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကတော့ စုံစမ်းစစ်ဆေးပြီး တွေ့ရှိချက်တွေကို ပြည်ထောင်စုအစိုးရထံကို တင်ပြ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မောင်တောမှာ မီးလောင်မှု ဖြစ်ခဲ့တုန်းက မြင်ကွင်း
မောင်တောမှာ မီးလောင်မှု ဖြစ်ခဲ့တုန်းက မြင်ကွင်း
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒူချီရာတန်းရွာမှာ ဇန္နဝါရီလ(၁၃)ရက်နေ့ည အဖြစ်အပျက်ကို စုံစမ်း ဖို့ မြန် မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဟာ အဲဒီကျေးရွာ နဲ့ အနီးတဝိုက် ဒေသ ကို ရောက် ရှိနေပါတယ်။

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှု ၁၄ ဦးထက်မနည်း သေဆုံး

PhotoPhotoPhoto
အင်ဒိုနီးရှား၊ Karo ခရိုင်အတွင်း၊ Sigrang-Garang ကျေးရွာနားက Sinabung မီးတောင် ပေါက်ကွဲတဲ့နေရာက ထွက်ပြေးနေတဲ့ ရွာသားတစ်ဦး။ (ဖေဖော်ဝါရီ ၁၊ ၂၀၁၄)
အင်ဒိုနီးရှားနိုင်ငံက လပေါင်းများစွာ လှုပ်ရှားနေခဲ့တဲ့ ဆင်နာဘောင် (Sinabung) မီးတောင်ဟာ စနေနေ့ မှာ ပြင်းထန်စွာပေါက်ကွဲခဲ့တဲ့အတွက် လူပေါင်း ၁၄ ယောက် ထက်မနည်း သေ ဆုံး ခဲ့ရပါတယ်။

နိုင်ငံနှင့် ပြည်သူအကျိုး အနည်းငယ်သာ လုပ်နိုင်သေးကြောင်း သူရဦးရွှေမန်း ပြောကြား

ဂျပန်နိုင်ငံမှ တရားဝင် ဖွံ့ဖြိုးမှု အကူအညီချေးငွေ (ODA Loan) ယန်း ၆၃ ဒသမ ၂ ဘီလီယံ ရယူရေးအတွက် ဇန်နဝါရီလ ၃၁ ရက် ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် နဝမ ပုံမှန် အစည်းအဝေး တွင် အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။