Saturday, July 20, 2013

အမျိုးသားများ၏ ဆီးလမ်းကြောင်း ပြဿနာအဖြာဖြာ

Photo: အမျိုးသားများ၏ ဆီးလမ်းကြောင်း ပြဿနာအဖြာဖြာ
Saturday, July 20, 2013

Q. ဆီးကျိတ်ကင်ဆာ အကြောင်းရှင်းပြပါ။
A. ဆီးကျိတ်မှာ ကင်ဆာဖြစ်တာကို ဆီးကျိတ်ကင်ဆာလို့ ခေါ်ပါတယ်။ အစာအိမ် ဒါမှမဟုတ် အူမကြီး ကင်ဆာလောက် ကြီးထွားနှုန်း၊ ပျံ့နှံ့နှုန်းမြန်ဆန်မှု မရှိပါဘူး။ သူကြီးထွားဖို့ဟာ အမျိုးသား ဟော်မုန်းပေါ်မှာ မူတည်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ စင်ကာပူနိုင်ငံမှာ အမျိုးသားတွေမှာ တတိယအဖြစ်များဆုံး ကင်ဆာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာကို စောစောစီး စီးရှာဖွေနိုင်တာ ဟာလည်း PSA (Prostatic Specific Antigen) အသားစ ယူပြီး ရှာဖွေနိုင်မှု (Biopsy)တွေကြောင့် တွေ့ရှိနှုန်း များလာပါတယ်။ ခွဲစိတ်ကုသမှုနဲ့ ဟော်မုန်းနဲ့ ကုသမှုတွေ အဆင့်မြင့်ပြီး တိုးတက် လာတာကြောင့် ဆီးကျိတ် ကင်ဆာ ပျောက်ကင်းနှုန်း ပိုမိုကောင်းလာပြီး လူနာအနေနဲ့ အသက်ရှည်ရှည်နေနိုင် ကြတယ်လို့ သိရပါတယ်။

Q. ဘယ်သူတွေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ပါသလဲ။ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေကို ဖော်ပြပေးပါ။

A. အောက်ပါအချက် တွေဟာ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေပါ။

(က) အသက်အရွယ်

အသက်ကြီး လာလေလေ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ များလေလေပါ။ အသက် ၃၉ နှစ်အောက် အမျိုးသားတွေမှာ လူ ၁၀ဝ၀ဝ မှာ တစ်ယောက်နှုန်း ဖြစ်ပေမယ့် အသက် ၄၀ မှ ၅၉ အရွယ် အမျိုးသားတွေမှာ ၁၀၃ ယောက်မှာ တစ်ယောက်နှုန်းနဲ့ အသက် ၆၀ မှ ၇၉ နှစ်အရွယ် အမျိုးသားတွေမှာ လူရှစ်ယောက်မှာ တစ်ယောက်နှုန်းဖြစ်တယ်လို့ သိရပါတယ်။

(ခ) မိသားစု၊ မျိုးရိုးလိုက်ခြင်း

မိမိရဲ့ဖခင်၊ အစ်ကိုတွေမှာ ဆီးကျိတ်ကင်ဆာ ရှိသူတွေဟာ ရောဂါ ဖြစ်နိုင်ခြေ ပိုမြင့်မား ပါတယ်။

(ဂ) ဆေးလိပ်သောက်ခြင်း

(ဃ) လူမျိုး

အမေရိကန်၊ အာဖရိကန်လူမျိုးတွေ မှာ တခြားလူမျိုးတွေထက် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုမြင့်မားပါတယ်။ အသက်ရှင်နှုန်းဟာလည်း တခြားလူမျိုးတွေ ထက် ပိုနည်းပါတယ်။

(င) အစားအစာမှရရှိသည့် အဆီ

အစားအစာမှ အဆီများစွာရရှိသူတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။

(စ) ဟော်မုန်း

ဆီးကျိတ် ကင်ဆာ ကြီးထွားမှုဟာ အမျိုးသား ဟော်မုန်းပေါ်မှာ မူတည်ပါတယ်။ အမေရိကန် အာဖရိကန် လူမျိုးတွေမှာ တခြား လူမျိုးတွေထက် အမျိုးသား ဟော်မုန်း ၁၅ ရာခိုင်နှုန်းခန့် ပိုမြင့်မား တတ်ပါတယ်။

Q. အသက် ၆၀ ကျော်အရွယ် ဆီးကျိတ် ကြီးနေသူမှာ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်သလား။

A.ဆီးကျိတ်ကြီးတာနဲ့ ဆီးကျိတ်ကင် ဆာဖြစ်တာဟာ အသက်အရွယ်ကြီးရင့်မှု၊ တက်စတို စတီရုန်းကြောင့် ဖြစ်တတ်ကြ ပေမယ့် ဆီးကျိတ်ကြီးတာဟာ ဆီးကျိတ် ကင်ဆာ ဖြစ်တာရဲ့ အကြိုဖြစ်စဉ်မဟုတ် ပါဘူး။ ဆီးကျိတ်ကြီးတာဟာ ဆီးကျိတ် ရဲ့ အလယ်ဗဟို နေရာမှာ ဖြစ်တတ်ပြီး ဆီးကျိတ်ကင်ဆာမှာမူ ဆီးကျိတ်ရဲ့ဘေး နေရာမှာ ဖြစ်တတ် ပါတယ်။

Q. ဆီးကျိတ်ကင်ဆာရောဂါရဲ့ လက္ခဏာ တွေကို ဖော်ပြပေးပါ။

A.ဆီးကျိတ် ကင်ဆာရဲ့ လက္ခဏာ တွေဟာ ဆီးကျိတ်ကြီး တာရဲ့ လက္ခဏာနဲ့ ဆင်တူ တတ်ပါတယ်။ ဆီးလမ်းကြောင်း အောက်ပိုင်းဆိုင်ရာ လက္ခဏာ၊ သုက် ရည်ထဲ သွေးပါတာနဲ့ တစ်ခါတရံမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ သွေးအတွင်း PSA ကို စစ်ဆေးရာမှာ တွေ့ရှိတတ်ပါ တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က ဆီး ကျိတ်ကင်ဆာရှိသူရဲ့ ၈၀ ရာခိုင်နှုန်းဟာ အရိုးနာကျင်တာ၊ အရိုးကျိုးတာ (အရိုး တွင်း ရောဂါပျံ့နှံ့ရာမှ Pathological Fracture)၊ ဆီးထဲမှာ သွေးပါတာနဲ့ ကျောက်ကပ် အလုပ်မလုပ်နိုင်တာ (ဆီးထွက်ပြွန်ကို ပိတ်ဆို့မှု ဖြစ်တာကြောင့်) လိုမျိုးဝေဒနာတွေ ပြတတ်တာဟာ ရောဂါ ဖြစ်မှန်း နောက်ကျမှ သိရတာ ကြောင့်ပါ။ ယခု ဆီးကျိတ် ကင်ဆာ ရှိသူတွေရဲ့ ၈၀ ရာ ခိုင်နှုန်းကို အောက်ပါ စမ်းသပ် စစ်ဆေးမှု တွေနဲ့ ရှာဖွေတွေ့ရှိနိုင်တယ်လို့ သိရပါတယ်။

(က) သွေးတွင်း PSA ပမာဏစစ်ဆေးခြင်း

PSA အဆင့်မြင့်မားတာဟာ ၄ ထက်များနေရင် အသားစယူပြီး စစ်ဆေးမှုပြုလုပ် ရပါမယ်။

(ခ) စအိုအတွင်း လက်နှိုက်စစ်ဆေးခြင်း

ဆီးနဲ့ ကျောက်ကပ်ဆိုင်ရာ အထူးကု ဆရာဝန်မှ စအိုအတွင်း လက်နှိုက်ကာ ဆီးကျိတ်ရဲ့ အနေအထားကို စစ်ဆေးပါတယ်။ Nodule ကို စမ်းသပ်မိရင် အ သားစယူပြီး စစ်ဆေးမှု ပြုလုပ်ဖို့နဲ့ Ultrasound ရိုက်ဖို့ အကြံပေးပါတယ်။

ဒေါက်တာခင်မိုးမိုး

မြ၀တီ (ကျန်းမာရေး)
Q. ဆီးကျိတ်ကင်ဆာ အကြောင်းရှင်းပြပါ။

တပ်မတော် ခန်းမတွင် ကုန်စည်ပြပွဲနှင့် ကားပြပွဲကျင်းပ

Photo: တပ်မတော်ခန်းမတွင် ကုန်စည်ပြပွဲနှင့် ကားပြပွဲကျင်းပ
Saturday, July 20, 2013

ယနေ့ နံနက်ကိုးနာရီက ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် မိုးရာသီကြို ကုန်စည်ပြပွဲနှင့် ကားပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါပြပွဲ၌ နေ့စဉ်သုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ အီလက်ထရောနစ်ပစ္စည်းများသာမက မော်ဒယ်မြင့်ကားများကိုပါ ပြသလျက်ရှိသည်။ Car Showroom ရှစ်ခုမှ ကားအမျိုးအစားပေါင်း နှစ်ဆယ်ကျော် ခန့်ပြသနေပြီး အထူးလျှော့ဈေးများဖြင့် ပရိုမိုးရှင်း အစီအစဉ်များလည်း ရှိကြောင်းသိရပါသည်။ အခြားပြခန်းများတွင် ဟန်းဆက်၊ Digital Receiver စသည့် electronic များ၊ ဆေးဝါး၊ နေ့စဉ်အသုံးအဆောင်နှင့် အစားအသောက်စသည်တို့ကိုလည်း ပြသနေပါသည်။ မည်သူမဆို အခမဲ့ဝင်ရောက်နိုင်ပြီး မိုးရာသီကြို ဈေးရောင်းပွဲတစ်ခုအဖြစ် သွားရောက်လေ့လာသင့်ကြောင်း တင်ပြလိုက်ရပါသည်။

Myanmar ICT
ယနေ့ နံနက်ကိုးနာရီက ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် မိုးရာသီကြို ကုန်စည်ပြပွဲနှင့် ကားပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါပြပွဲ၌ နေ့စဉ်သုံးကုန်ပစ္စည်းများ၊

ဘရုစလီ ကွယ်လွန်ခြင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ်

Photo: ဘရုစလီ ကွယ်လွန်ခြင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ်
Saturday, July 20, 2013

ဟောင်ကောင် ကွန်ဖူး မင်းသား ဘရုစလီ ကွန်လွန် ခဲ့တဲ့ နှစ် ၄၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို ဟောင်ကောင်မှာ ကျင်းပနေပြီး၊ သူ့ဘဝ အကြောင်း ပြပွဲ တခုကိုလည်း ဟောင်ကောင်မှာ ဒီကနေ့ ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။

သူအသုံးပြုခဲ့တဲ့ ပစ္စည်းပေါင်း ၆၀၀ ကျော်ကို ပြသထားပါတယ်။

မြန်မာ ပရိသတ်တွေ ကြားမှာလည်း အင်မတန်မှာ ရေးပန်းစား ခဲ့တဲ့ ဘရုစလီဟာ ၁၉၇၃ ခုနှစ် အတွင်း The Game of Death သေမင်းနဲ့ ကစားခြင်း ဆိုတဲ့ ရုပ်ရှင်ကား ရိုက်ကူးနေဆဲ မှာပဲ ဇူလိုင် လ ၂၀ ရက်နေ့မှာ ကွန်လွန် သွားခဲ့တာ ဖြစ်ပါတယ်။

BBC
ဟောင်ကောင် ကွန်ဖူး မင်းသား ဘရုစလီ ကွန်လွန် ခဲ့တဲ့ နှစ် ၄၀ ပြည့် အထိမ်းအမှတ် အခမ်း အနားတွေကို ဟောင်ကောင်မှာ ကျင်းပနေပြီး၊ သူ့ဘဝ အကြောင်း ပြပွဲ တခုကိုလည်း ဟောင်ကောင်မှာ ဒီကနေ့ ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။

လိမ္မော်သီး အစွမ်း

Photo: လိမ္မော်သီး အစွမ်း
Saturday, July 20, 2013

လိမ္မော်သည် အချိုမျိုး၊ ကမ္ဗလာ(ခေါ်) လိမ္မော် အငယ်စားမျိုး၊ အခါးမျိုး-ဟူ၍ သုံးမျိုးရှိသည်။ ယခုအခါ ပျားလိမ္မော် ဟူ၍လည်း တွေ့ရသည်။
လိမ္မော်သီးကို မြန်မာ့အစားအစာ၏ အာဟာရဘက်က ကြည့်လျှင် လိမ္မော်သီး အလေးချိန် (၁၀၀)ဂရမ် (ခြောက်ကျပ် တမတ်သား)တွင် ကယ်လိုရီ(၄၁)၊ ပရိုတင်း(၀) ဒသမ(၇)ဂရမ်၊ အဆီဓာတ်(၀) ဒသမ(၂)ဂရမ်၊ ကစီဓာတ် (၁၀)ဒသမ (၂)ဂရမ်၊ ထုံးဓာတ် (၂၆)ဒသမ (၀)မီလီဂရမ်၊ သံဓာတ် (၀)ဒသမ (၂)မီလီဂရမ်၊ ဗီတာမင်အေ အိုင်ယူ(၂၅၆)၊ ဗီတာမင် ဘီဝမ်း(၀) ဒသမ (၀၉) မီလီဂရမ်၊ ဗီတာမင် ဘီတူး(၀) ဒသမ(၀၄) မီလီဂရမ်၊ နိုင်ယာစင် (၀)ဒသမ (၄)မီလီဂရမ်၊ ဗီတာမင်စီ(၄၂)မီလီဂရမ်တို့ အသီးသီးပါဝင်ပါသည်။

နိုင်ငံအနှံ့တွင် အလွယ်တကူ ၀ယ်ယူ စားသုံးနိုင်သော သဘာဝ သီးနှံ အမြောက်အများ အနက်မှ လူသားတို့ အတွက် ဘက်စုံ ကောင်းမွန်သော အသီး တစ်မျိုးမျိုး ပြပါ ဆိုလျင် လိမ္မော်သီးလည်း မပါမဖြစ် ပါဝင် သင့်သော အသီး တစ်မျိုးဟု ထင်သည်။ ထို့ကြောင့် လိမ္မော်သီးနှင့် ပတ်သက်၍ အကျိုး ဖြစ်ထွန်းနိုင်သော အချက်များကို ဖော်ပြ ရေးထားသော ကျန်းမာရေး ဆောင်းပါး တစ်ခုမှ လက်ဆင့်ကမ်း တင်ပြ လိုက်ပါသည်။


မြ၀တီ (ကျန်းမာရေး) 
လိမ္မော်သည် အချိုမျိုး၊ ကမ္ဗလာ(ခေါ်) လိမ္မော် အငယ်စားမျိုး၊ အခါးမျိုး-ဟူ၍ သုံးမျိုးရှိသည်။ ယခုအခါ ပျားလိမ္မော် ဟူ၍လည်း တွေ့ရသည်။

ထားဝယ် တိုင်းရင်း သားများ ပါတီ

Photo: ထားဝယ် တိုင်းရင်းသားများ ပါတီ
Saturday, 20 July 2013

ထားဝယ် တိုင်းရင်းသားများပါတီယခု ဇူလိုင်လ ၁၆ ရက်တွင် နေပြည်တော်
ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီတည်ထောင်သူ ၁၉ ဦးဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပါသည်။

ယင်း ၁၉ ဦးမှာ ၁။ ဦးမောင်မောင်အေး (လောင်းလုံး) ၂။ ဦးဇော်ဦး (ရန်ကုန်) ၃။ ဦးအေးမင်း (ထားဝယ်) ၄။ ဦးရဲလင်းမြင့် (ရန်ကုန်) ၅။ ဒေါ်သန္တာစိုး (ရန်ကုန်) ၆။ ဦးလူအေး (ကော့သောင်း) ၇။ ဦးအောင်လင်း (ကော့သောင်း) ၈။ စောကဲဒို (မေတ္တာ) ၉။ ဦးသန်းဆွေ (သရက်ချောင်း) ၁၀။ ဒေါ်သက်သက်အေး (ထားဝယ်) ၁၁။ ဒေါ်သက်သက်ဇင် (ထားဝယ်) ၁၂။ ဒေါ်နွယ်နီသိန်း (ထားဝယ်) ၁၃။ ဦးရာဇာစိုး (ထားဝယ်) ၁၄။ ဦးစိုးသိန်း(ထားဝယ်) ၁၅။ ဦးသန်းဝင်း(ထားဝယ်) ၁၆။ ဦးသန့်ဇင် (ထားဝယ်) ၁၇။ ဦးလေးလွင် ( ရေဖြူရလိုင်) ၁၈။ ဦးသူရိန်လှိုင် (ရန်ကုန်) ၁၉။ ဦးဘိုဘိုအောင်(ရန်ကုန်) တို့ဖြစ်သည်။

ရည်ရွယ်ချက် ၃ ချက် ပါဝင် ပါသည်။ “ပါတီ တည်ထောင် သူများသည် ပါတီဝင် မဟုတ်ပါ။ ပါတီ ၀င်ချင်ပါက ပြန်လည် လျှောက်ထားရမည်” ဟု တည်ထောင်သူတွင် ပါသူ တဦးက ပြောပြ ခဲ့ပါသည်။ နောက်ပြည်ခိုင်ဖြိုး ပါတီဝင် တဦးက “ထားဝယ် ဒေသ အတွက် ကောင်းကြိုး လုပ်မည် ဆိုပါက လက်ခံ ရမည် ဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား ဆိုတာကို ကော်မရှင်က လက်ခံချင်မှ လက်ခံမည်။ ထားဝယ်သည် ဗမာ ၉ မျိုးတွင် ထည့်ထား တာကြောင့်ပါ” ဟု ပြောပြ ခဲ့ပါသည်။

အမျိုးသား ဒီမိုကရေစီ ပါတီဝင် တဦးက “ကျနော်တော့ ပြောပြ မတက်ပါဘူး NLD က လူတွေလည်း ပါဝင်နေတယ်လေ။ ဘယ်လိုသူတို့ လုပ်ထားလည်း
ပြောမတက်ပါဘူး။ ပါတီက ထွက်ပြီလားဆိုတာလည်း မသိပါဘူး။ ထားဝယ် တိုင်းရင်းသား ပါတီ ဆိုတော့ ရှိသင့် ပါတယ်။ နောက်ဒေသ အကြိုးပြု လုပ်ငန်းများ လုပ်နိုင်ပါစေ ဆုတောင်းရမှာပါ” ပြောခဲ့ပါသည်။ ထားဝယ်မြို့ လုပ်ငန်းရှင် တဦးက “ဒီလိုပါတီ ရှိလာတာ ကောင်းပါတယ်။ ဒါပေမဲ့ တိုင်းရင်းသား ဆိုတာကြောင့် တမျိုးဖြစ် နေပါတယ်” ပြောခဲ့ပါသည်။

တိုင်းရင်းသား ဆိုသော စကားကို ပါတီ တည်ထောင် သူတွင် ပါဝင်သော ဦးအေးမင်းက “ထားဝယ် တိုင်းရင်းသား ဆိုတာ လူမျိုးစု အထဲမှာ တရားဝင် ထည့်ထားပါတယ်။ ဒါကပြဿနာ မဟုတ်ပါ။ ခုပါတီကလည်း ရှိသင့် ပါတယ်။ ကျန်လူမျိုးစု တော်တော်များများဟာ ကိုယ့်ပြည်နယ်တိုင်း အလိုက် ပါတီ ရှိနေကြပြီလေ။ ဒါကြောင့် ထားဝယ်တိုင်းရင်းသား ပါတီလည်း ရှိသင့်တယ်။
ဖြစ်သင့်တယ် ဆိုပြီး တည်ထောင်တာ ဖြစ်ပါတယ်” ဟုပြောပြခဲ့ပါသည်။

ပါတီ တည်ထောင်ခွင့် ရပြီ ဆိုတာနဲ့ ကျတော်တို့ ရည်ရွယ်ချက် တူသူတွေ စုစည်းရမည် ။ နောက်လေ့လာ နိုင်အောင် စာအုပ် သင်တန်းတွေ လုပ်မည်။ ကျတော်တို့ အားလုံး နိုင်ငံရေး အတွေ့အကြုံ မရှိကြပါဘူး။ နောက် ၂၀၁၅ မှာ ပါဝင် ယှဉ်ပြိုင်မည့်လူ ရွေးရမည် စသည်တို့ လုပ်ရမည် ဖြစ်သလို ပါတီ တရားဝင် ဖြစ်အောင်လည်း ကြိုးစား ရမည် ဖြစ်ပါသည်။

ထားဝယ် ဒေသခံ အများစု အားထား ရသော ယုံကြည် စိတ်ချရသော ပါတီ တခု ဖြစ်လာမလား ဆိုတာကို စောင့်မျော်ရ မည့်ကြည့်ရှု ရမည့် ထားဝယ် တိုင်းရင်းသား ပါတီ ဖြစ်ပါသည်။

Phophtaw News Association
ထားဝယ် တိုင်းရင်းသားများပါတီယခု ဇူလိုင်လ ၁၆ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် သို့ ပါတီတည်ထောင်သူ ၁၉ ဦးဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပါသည်။

၂၀၁၂ ခုနှစ် တရုတ် အစိုးရ အရာရှိများ အသုံးစရိတ် လျော့ကျ

Photo: ၂၀၁၂ ခုနှစ် တရုတ်အစိုးရ အရာရှိများ အသုံးစရိတ် လျော့ကျ
Saturday, 20 July 2013

တရုတ်အစိုးရ အရာရှိများ၏၂၀၁၂ ခုနှစ် အသုံးစရိတ်သည် ယခင်နှစ်က
ထက် လျော့နည်းကြောင်း တရုတ် ဗဟို အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ချက်
များကို ကိုးကားပြီး Xinhua သတင်းတွင် ဖော်ပြ ထားသည်။

နိုင်ငံခြား ခရီးစဉ်များ၊ လုပ်ငန်းသုံး မော်တော်ယာဉ်များ၊ ဧည့်ခံပွဲများအတွက် အသုံးပြုမှုသည် ၇ ဒသမ ၄၃ ဘီလီယံ ယွမ် ( အမေရိကန်ဒေါ်လာ သန်း ၁၂၀၀) ထိ လျော့ကျခဲ့ပြီး အသုံးပြုခွင့် ပေးထားသည့် ငွေပမာဏအောက် ယွမ်ငွေ ၅၅၉ သန်း လျော့နည်းနေသည်။

တရုတ် အစိုးရအဖွဲ့က ငွေကြေး ထောက်ပံ့ထားသော နိုင်ငံခြား ခရီးစဉ်
များအတွက် ကုန်ကျစရိတ် သည် ၁ ဒသမ ၉၅ ဘီလီယံ ယွမ်ငွေ ရှိသည်။

အစိုးရ ဌာနများ၏ အသုံးစရိတ်များ ထုတ်ပြန်ရာတွင် အစောဆုံး ထုတ်ပြန်ခဲ့သည့် တရုတ် မိုးလေဝသ ဦးစီးဌာန၏ အသုံးစရိတ်မှာ ယွမ်ငွေ ၂၀၇ ဒသမ ၇ သန်းရှိပြီး ခွင့်ပြုပေးထားသော အသုံးစရိတ်၏ ၉၈ ဒသမ ၃ ရာခိုင်နှုန်းသာ သုံးခဲ့ခြင်းဖြစ်သည်။

တရုတ်အစိုးရ ဝန်ကြီးဌာနများ၏ အသုံးစရိတ်များ ပွင့်လင်း မြင်သာမှုရှိရန်
ပြည်သူများက တိုးမြှင့် တောင်းဆိုလာကြခြင်းကြောင့် အစိုးရဌာန အသုံးစရိတ်များကို တရားဝင် ထုတ်ပြန်ရမည်ဟု ၂၀၁၁ ခုနစ်မှစ၍ အမိန့် ထုတ်ပြန်လိုက်သည်။

ယခုနှစ် အစိုးရ ဌာနများ၏ အသုံးစရိတ် စာရင်း ထုတ်ပြန်မှုသည် ယခင်နှစ်
များက ထက်ပိုမို အသေးစိတ်ကျကြောင်း Xinhua သတင်းတွင် ဖော်ပြ
ထားသည်။

“ပိုမို အသေးစိတ်ပြီး အချက်အလက်စုံလို့ အစိုးရ အသုံးစရိတ်နဲ့ ပတ်သက်ပြီး ပြည်သူတွေ ပိုနားလည် မှာပါ” ဟု ပီးကင်း တက္ကသိုလ် ဘဏ္ဍာရေး ဥပဒေ ဌာနမှူး ဂျီရန်ဝန်က ပြောကြားသွားသည်။

အစိုးရ အသုံးစရိတ် သုံးမျိုး( နိုင်ငံခြားခရီးစဉ်၊ မော်တော်ယာဉ်၊ ဧည့်ခံပွဲ) ကို တရားဝင် ထုတ်ပြန်ရန် ဇူလိုင်လ ၁၀ ရက်နေ့၌ တရုတ် နိုင်ငံတော် ကောင်စီ
က ထုတ်ပြန်လိုက်ပြီး ၂၀၁၃ ခုနှစ်မှ စ၍ ပြည်နယ် အစိုးရအဖွဲ့ အသုံးစရိတ်၊ ၂၀၁၅ ခုနှစ်မှစ၍ မြူနီစီပယ် အစိုးရ အသုံးစရိတ်များကို ထုတ်ပြန်ရမည်
ဖြစ်သည်။ ထို့အပြင် ဗဟို အစိုးရ ဌာနများ၏ အသုံးစရိတ်ကို ၂၀၁၃
ခုနှစ်တွင်း ၅ ရာခိုင်နှုန်း လျှော့ချ အသုံးပြု သွားရန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဇူလိုင် ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ တရုတ် အရာရှိများ ငွေကြေး သုံးစွဲမှု လျှော့ချနေခြင်းကြောင့် ၂၀၁၃ ခုနစ် ပထမ ခြောက်လအတွင်း အရည်အသွေးမြင့် အရက်သေစာ
ရောင်းချမှုနှင့် စားသောက်ဆိုင်များ၏ ဝင်ငွေများ လျော့နည်းလာကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

အစိုးရအဖွဲ့ အသုံးစရိတ်များ တရားဝင် ထုတ်ပြန်မှုမှ တစ်ဆင့် ဘတ်ဂျက် အသုံးစရိတ် ထုတ်ပြန်မှုနှင့် အစိုးရ တစ်ရပ်လုံး ပွင့်လင်း မြင်သာရှိမှုအထိ တိုးတက် ရောက်ရှိနိုင်ကြောင်း ဂျီရန်ဝန်က မှတ်ချက် ပြုသည်။

The Voice Weekly
တရုတ်အစိုးရ အရာရှိများ၏၂၀၁၂ ခုနှစ် အသုံးစရိတ်သည် ယခင်နှစ်ကထက် လျော့နည်းကြောင်း တရုတ် ဗဟို အစိုးရအဖွဲ့ သတင်း ထုတ်ပြန်ချက်များကို ကိုးကားပြီး Xinhua သတင်းတွင် ဖော်ပြ ထားသည်။

ကမ္ဘာ့ အမြန်ဆုံး supercomputer Tianhe-2

Photo: ကမ္ဘာ့အမြန်ဆုံး supercomputer Tianhe-2
Saturday, 20 July 2013

Tianhe-2 က အမြန်ဆုံးဆိုတဲ့ computer တွေ ထက် ၂ ဆမြန်ပါတယ်။
ဒီ supercomputer က ကမ္ဘာ့အကြီးဆုံး computer ၅၀၀ ထက်ကို အမြန်ဆုံးစာရင်းဝင်နေတာပါ။ စာရင်းမှာ အမေ ရိကန်ရဲ့ supercom- puter တွေကတော့ ဒုတိယနဲ့ တတိယနေရာကို ရောက်ရှိနေပြီး ဂျပန်နိုင်ငံရဲ့ K computer ကတော့ နံပါတ် ၄ နေရာကို ကျ ဆင်းသွားပါတယ်။

ကမ္ဘာ့အမြန်ဆုံး super - computer ၁၀ ခုကတော့ Tianhe-2 (China) ၊ Titan (US) ၊ Sequoia (US) ၊ K computer (Japan) ၊Mira (US) ၊ Stampede (US) ၊ Juqueen (Germany) ၊ Vulcan (US) ၊ Super MUC (Germany) နဲ့ Tianhe-1 A (china) တို့ ဖြစ်ပြီး ၂ နှစ်အတွင်းမှာ စာရင်း
ပြုစုမှုအရ နောက်ဆုံး version တွေဖြစ်ပါတယ်။

Tianhe-2 ရဲ့ အမြန်နှုန်းက တစ်စက္ကန့်မှာ 38.86 petaflop ရှိပါတယ်။ နောက် ဒီစက် က 3.12 million processor core ရဲ့ စုစုပေါင်း ပမာဏကို အသုံးပြု ထားပြီး Intel ရဲ့ Ivy Bridge နဲ့ Xeon Phi chip တွေကိုသုံးကာ တွက်ချက်
လုပ်ဆောင်ပေးပါတယ်။

PCWorld Myanmar
Photo: ကမ္ဘာ့အမြန်ဆုံး supercomputer Tianhe-2 Saturday, 20 July 2013 Tianhe-2 က အမြန်ဆုံးဆိုတဲ့ computer တွေ ထက် ၂ ဆမြန်ပါတယ်။ ဒီ supercomputer က ကမ္ဘာ့အကြီးဆုံး computer ၅၀၀ ထက်ကို အမြန်ဆုံးစာရင်းဝင်နေတာပါ။ စာရင်းမှာ အမေ ရိကန်ရဲ့ supercom- puter တွေကတော့ ဒုတိယနဲ့ တတိယနေရာကို ရောက်ရှိနေပြီး ဂျပန်နိုင်ငံရဲ့ K computer ကတော့ နံပါတ် ၄ နေရာကို ကျ ဆင်းသွားပါတယ်။ ကမ္ဘာ့အမြန်ဆုံး super - computer ၁၀ ခုကတော့ Tianhe-2 (China) ၊ Titan (US) ၊ Sequoia (US) ၊ K computer (Japan) ၊Mira (US) ၊ Stampede (US) ၊ Juqueen (Germany) ၊ Vulcan (US) ၊ Super MUC (Germany) နဲ့ Tianhe-1 A (china) တို့ ဖြစ်ပြီး ၂ နှစ်အတွင်းမှာ စာရင်း ပြုစုမှုအရ နောက်ဆုံး version တွေဖြစ်ပါတယ်။ Tianhe-2 ရဲ့ အမြန်နှုန်းက တစ်စက္ကန့်မှာ 38.86 petaflop ရှိပါတယ်။ နောက် ဒီစက် က 3.12 million processor core ရဲ့ စုစုပေါင်း ပမာဏကို အသုံးပြု ထားပြီး Intel ရဲ့ Ivy Bridge နဲ့ Xeon Phi chip တွေကိုသုံးကာ တွက်ချက် လုပ်ဆောင်ပေးပါတယ်။ PCWorld Myanmar
Tianhe-2 က အမြန်ဆုံးဆိုတဲ့ computer တွေ ထက် ၂ ဆမြန်ပါတယ်။ ဒီ supercomputer က ကမ္ဘာ့အကြီးဆုံး computer ၅၀၀ ထက်ကို အမြန်ဆုံးစာရင်းဝင်နေတာပါ။ စာရင်းမှာ အမေ ရိကန်ရဲ့ supercom- puter တွေကတော့ ဒုတိယနဲ့ တတိယနေရာကို ရောက်ရှိနေပြီး ဂျပန်နိုင်ငံရဲ့ K computer ကတော့ နံပါတ် ၄ နေရာကို ကျ ဆင်းသွားပါတယ်။

အိမ်နီးချင်း နိုင်ငံများက ရေတပ်အင်အား တိုးချဲ့ နေကြပြီ

Photo: အိမ်နီးချင်း နိုင်ငံများက ရေတပ်အင်အား တိုးချဲ့ နေကြပြီ
Saturday, July 20, 2013

ကမ္ဘာ့ပင်လယ် ရေကြောင်း ဆက်သွယ်ရေး လမ်းကြောင်းများ ၀န်းရံ တည်ရှိနေမှု၊ အမေရိကန်နှင့် ဥရောပ တို့၏ စီးပွားရေး ကျဆင်း နေချိန်၌ အာရှဒေသ အပေါ် အာရုံ စိုက်လာမှု၊ ကမ္ဘာ့ အင်အားကြီး နိုင်ငံများ အဖြစ် ထွက်ပေါ် လာနိုင်သော နိုင်ငံများ တည်ရှိနေမှု တို့သည် အာရှ ဒေသ၏ လက်ရှိ ဖြစ်တည်နေမှု ဖြစ်သည်။
၎င်းဖြစ်တည်နေမှု အပေါ် ဒေသတွင်း ပင်လယ်ပြင် ပိုင်ဆိုင်ရေး အငြင်း ပွားမှုများ၊ အမေရိကန်၏ အာရှ ပစိဖိတ် ဒေသ၌ အင်အား တိုးချဲ့မှု၊ စစ်အေးကာလ ပြီးကတည်းက မှေးမှိန် အင်အား ချည့်နဲ့ခဲ့သော ရုရှားတို့၏ ပစိဖိတ် ရေတပ်အုပ်စု (Pacific Fleet) အား ပြန်လည် အားသစ်လောင်းခဲ့ မှုတို့က အာရှဒေသ နိုင်ငံများ၏ ရေတပ်ဖွဲ့များ အပေါ် များစွာ အကျိုးသက်ရောက် စေခဲ့သည်။

ထို့ကြောင့် အာရှ ဒေသသည် ကမ္ဘာ့ စစ်သင်္ဘောနှင့် ရေတပ်ဆိုင်ရာ လက်နက် ထုတ်လုပ် သူများအတွက် လှုပ်ရှား တက်ကြွနေသည့် အဓိက ဈေးကွက်ကြီး ဖြစ်လာပေသည်။ ထို့ပြင် အာရှဒေသ နိုင်ငံ အများစုသည် ရေတပ်ဆိုင်ရာ သင်္ဘောနှင့် လက်နက်များကို ၀ယ်ယူသုံးစွဲ ရုံမျှမက ကိုယ်ပိုင် ထုတ်လုပ်နိုင်ရေး သင်္ဘောကျင်းများ၊ အင်ဂျင်နီယာ လုပ်ငန်းနှင့် သင်္ဘော အစိတ်အပိုင်း ထုတ်လုပ် တပ်ဆင်ရေး စက်ရုံများ စသည့် အခြေခံ အဆောက် အအုံများ ဆောက်လုပ်ကြိုးပမ်း ခဲ့ကြသည်။

အာရှဒေသတွင် ပါဝင်သော မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများ သည်လည်း ၎င်းတို့၏ ရေတပ် အင်အားကို အခြေအနေနှင့် လိုက်လျော ညီထွေစွာ တိုးချဲ့ လာကြသည်။ အိမ်နီးချင်း တစ်နိုင်ငံချင်း အလိုက် လက်ရှိရေတပ် အင်အားနှင့် နောင်ဆောင်ရွက်မည့် အနာဂတ် စီမံချက် များအား ဗဟုသုတ ဖြစ်ဖွယ်ရေးသား တင်ပြ လိုပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် မြန်မာနိုင်ငံနှင့် ရေပိုင်နက် အငြင်းပွားမှု ကိစ္စ ပြီးကတည်းက ၎င်းကာကွယ်ရေး ဘတ်ဂျက်ကို တိုးမြှင့်သုံးစွဲ လာခဲ့ရာ ၂၀၁၃ ခုနှစ်တွင် ၇ ရာခိုင်နှုန်း အထိ တိုးမြှင့် သုံးစွဲခဲ့သည်။ ၎င်း၌ ဘင်္ဂလားဒေ့ရှ် ရေတပ်၏ အသုံးစရိတ် အများစု ဖြစ်မည်ဟု မျှော်လင့်ရသည်။ မြန်မာနှင့် ဆက်စပ်နေသည့် ၎င်းတို့၏ ပင်လယ်ပြင် သီးသန့် စီးပွားရေးဇုန် (EEZ) အား စောင့်ကြည့် ထိန်းချုပ်နိုင်ရေး တရုတ် နိုင်ငံလုပ် Type - 054 F22P ဖရီးဂိတ် စစ်သင်္ဘော နှစ်စင်းဝယ်ယူ သုံးစွဲရန် စီစဉ်လျက် ရှိသည်။

ရေတပ်အင်အား တိုးချဲ့နိုင်ရေး အတွက် ရေငုပ်သင်္ဘော နှစ်စင်းအား မိတ်ဖက် နိုင်ငံများမှ ၀ယ်ယူသွားမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လတွင် တရားဝင် ကြေညာခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ရေတပ် အင်အားမှာ ဖရီးဂိတ် သင်္ဘော လေးစင်း လက်ရှိ အသုံးပြုလျက် ရှိပြီး ၎င်းမှ အင်္ဂလန် နိုင်ငံလုပ် Type – 41 အမျိုးအစား နှစ်စင်းအား လက်ရှိ သင်္ဘောအမည် မပြောင်းလဲဘဲ (BNS Abu Ba-kar ; BNS Ali Haider) တရုတ်လုပ် Type - 053 H-2 အတန်းအစား ဖရီးဂိတ် စစ်သင်္ဘော များဖြင့် အစားထိုး သွားမည်ဖြစ်သည်။

အမေရိကန်လုပ် ကမ်းခြေစောင့် Hamilton အတန်းအစား ဖရီးဂိတ် နှစ်စင်းအားလည်း မှာယူထားပြီး တရုတ်လုပ် Type - 053 H -2 အမျိုးအစား တစ်စင်းအား ထပ်မံမှာယူ ထားသည်။ ၎င်းအစီအစဉ်များ ပြီးပါက ဘင်္ဂလားဒေ့ရှ် ရေတပ်၌ အမေရိကန်လုပ် ဖရီးဂိတ် စစ်သင်္ဘော နှစ်စင်း (Hamilton class)၊ တရုတ်လုပ် ဖရီးဂိတ် လေးစင်း (Type -053 H-1)၊ (Type - 053 H3-1) ကိုးရီးယားလုပ် ဖရီးဂိတ် တစ်စင်း၊ (Daewoo Ulsan class) စုစုပေါင်း ခုနစ်စင်း ရှိလာမည် ဖြစ်သည်။

ကော်ဗတ် စစ်ရေယာဉ် နှစ်စင်း၊ (Darjoy class) အသုံးပြုလျက် ရှိပြီး နောက်ထပ်နှစ်စင်း(ွှ Type - 056 class) မှာယူထားဆဲ ဖြစ်သည်။ အပေါ့စားနှင့် ကင်းလှည့် တိုက်ရေယာဉ် ၄၈ စင်းရှိပြီး၊ မိုင်းစစ်ဆင်ရေးနှင့် တိုင်းတာရေး ရေယာဉ် ငါးစင်းရှိသည့် အပြင် ကုန်း၊ ရေ နှစ်သွယ် စစ်ဆင်ရေး အတွက် ကမ်းထိုးရေယာဉ် ၁၁ စင်းရှိကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ် ရေတပ် အနေဖြင့် ပြည်တွင်း၌ စစ်ရေယာဉ်များ တည်ဆောက်မှုကို အပေါ့စားနှင့် ကင်းလှည့် တိုက်ရေယာဉ် ထုတ်လုပ် ရာ၌သာ ဆောင်ရွက် နိုင်သေးကြောင်းနှင့် ၂၀၁၂ ခုနှစ် သြဂုတ်လ၌ ၎င်းတို့၏ ပြည်တွင်းထုတ် အပေါ့စား ကင်းလှည့် ရေယာဉ်ကို ရေချ နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။

ထိုင်းနိုင်ငံသည် အာဆီယံ နိုင်ငံများ အနက် တစ်ခုတည်းသော လေယာဉ်တင် သင်္ဘော ပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်။ သို့သော် ၎င်းလေယာဉ်တင် သင်္ဘောသည် ပင်လယ်ပြင် စစ်ဆင်ရေး တာဝန်များ ထမ်းဆောင် နိုင်မှု၌ ကန့်သတ်ချက် များစွာ ရှိနေပေသည်။ လက်ရှိ တာဝန် ထမ်းဆောင်နေဆဲ ဖရီးဂိတ် စစ်သင်္ဘော ကိုးစင်းရှိပြီး တောင်ကိုရီးယား ဒေ၀ူး သင်္ဘောကျင်း၌ DW 300 H ဖရီးဂိတ် စစ်သင်္ဘော နှစ်စင်းအား တည်ဆောက်လျက် ရှိသည်။

၎င်းသင်္ဘောများ အတွက် ဒေါ်လာ ၁ ဘီလီယံအား ယခုနှစ် စက်တင်ဘာလ အတွင်း ငွေပေးချေရန် ခွင့်ပြုချက် ရပြီးဖြစ်သည်။ ကော်ဗတ် စစ်ရေယာဉ် ၁၀ စင်း၊ အပေါ့စား တိုက်ရေယာဉ် ၁၇ စင်း၊ မိုင်းစစ်ဆင်ရေး ရေယာဉ် ခုနစ်စင်းနှင့် ကြည်း၊ ရေ နှစ်သွယ် စစ်ဆင်ရေး အတွက် ဒေါ်လာ ၁၅၅ သန်းတန် Endurance class ကမ်းထိုးရေယာဉ် တစ်စင်းနှင့် အခြား ကမ်းထိုးရေယာဉ် သုံးစင်းရှိသည်။ လက်ရှိအသုံး ပြုနေသော Naresuan class ဖရီးဂိတ် နှစ်စင်း၌ Sea Sparrow ဒုံးပစ်စင် ကိုးခု တပ်ဆင်ရန် အတွက် ယခုနှစ် ဇန်န၀ါရီ လက ၀ယ်ယူထားပြီး အမေရိကန်မှ Oliver Mazard Perry အမျိုးအစား ဖရီးဂိတ် နှစ်စင်း ၀ယ်ယူရန် အစီအစဉ်မှာ ငွေကြေးလွှဲပြောင်း မပြီးသေး၍ လောလော ဆယ် ရပ်တန့် ထားရကြောင်း သိရှိရသည်။

ကမ္ဘောဒီးယားတို့ အနေဖြင့်မူ ၎င်းတို့၏ ရေတပ်အား အပေါ့စား စစ်ရေယာဉ်၊ ကင်းလှည့် ရေယာဉ် ၂၁ စင်းဖြင့် ဖွဲ့စည်း တည်ဆောက်ထားပြီး အစဉ်အလာ မိတ်ဖက်များ ဖြစ်သော ရုရှားနှင့် တရုတ်တို့ ထံမှ စစ်ရေယာဉ်များ ၀ယ်ယူ၍ ရေတပ်အင်အား ဖြည့်တင်းရန် အစီ အစဉ်ရှိကြောင်း သိရှိရသည်။

တရုတ်တို့ အနေဖြင့် ၎င်းတို့၏ လေယာဉ်တင် သင်္ဘောအား ၂၀၁၂ ခုနှစ်၌ တပ်တော် ၀င်ခဲ့ပြီး ၂၀၁၃ ခုနှစ် မေ ၁၀ ရက်တွင် တိုက်ခိုက်ရေး လေယာဉ်အုပ်စု တစ်စုအား သင်္ဘော၌ စတင်တာဝန် ထမ်းဆောင် စေခဲ့သည်။ ထို့အပြင် လေယာဉ်တင် သင်္ဘော နှစ်စင်းမှ သုံးစင်း အထိ ပြည်တွင်း၌ ထုတ်လုပ်ရန် ပြင်ဆင် ဆောင်ရွက်လျက် ရှိပေသည်။ အမေရိကန် ကာကွယ်ရေး ၀န်ကြီး ဌာန၏ ခန့်မှန်းချက် အရ တရုတ်တို့၏ လေယာဉ်တင် သင်္ဘော၌ ပါရှိမည့် တိုက်လေယာဉ် များသည် ၂၀၁၅ ခုနှစ်ရောက်မှ စစ်ဆင်ရေး တာဝန် အပြည့်အ၀ ထမ်းဆောင် နိုင်မည်ဟု ခန့်မှန်းကြသည်။

တရုတ် ရေတပ်သည် ၎င်းတို့၏ ရေငုပ်သင်္ဘော အုပ်စုများအား အစဉ်တစိုက် တိုးချဲ့လျက် ရှိပြီး Jin အတန်းအစား ရေငုပ် သင်္ဘောများအား ရေမိုင် ၄၀၀၀ အကွာဝေး အထိ ပစ်လွှတ်နိုင်သော Jl - 2 တိုက်ချင်းပစ် ဒုံးကျည်များ တပ်ဆင်ထားသည်။ Type -096 အမျိုးအစားနှင့် Type -095 အမျိုးအစား ရေငုပ်သင်္ဘော မျိုးဆက်သစ် များအား နောက် လာမည့် ဆယ်စုနှစ် အတွင်း ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက် ရှိသည်။

ခေတ်နောက်ကျနေပြီ ဖြစ်သော Luda အတန်းအစား ဖျက်သင်္ဘော များအား ပိုမို ခေတ်မီသော Luyang - 3 အမျိုးအစား ဖျက်သင်္ဘော ၁၂ စင်းဖြင့် အစားထိုးရန် ဆောင် ရွက် နေသည့်အပြင် ရေတပ်သုံး DH-10 ခရုစ် ဒုံးကျည်များ စမ်းသပ် ထုတ်လုပ်လျက် ရှိသည်။

တရုတ်တို့သည် အမေရိကန် တို့၏ အာရှ- ပစိဖိတ် ဒေသ၌ အင်အား ချဲ့ထွင်ရေး မူဝါဒကို တန်ပြန်နိုင်ရန် ၎င်းတို့၏ ရေတပ်အား ဒေသတွင်း အင်အားကြီး ရေတပ်မှ ကမ္ဘာ့ အင်အားကြီး ရေတပ်ဖြစ်ရေး အစဉ်တစိုက် ဆောင်ရွက်လျက် ရှိပေသည်။

အိန်္ဒိယ ရေတပ် အနေဖြင့် တရုတ် ရေတပ်နှင့် အစဉ်အားပြိုင် နေရပြီး လက်ရှိ လေယာဉ်တင် သင်္ဘောတစ်စင်း အသုံးပြုနေကာ နောက်ထပ် တစ်စင်းမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ အပြီး အိန်္ဒိယ ရေတပ်သို့ ရုရှားတို့မှ လွှဲပြောင်းပေးမည် ဖြစ်သည်။ နောက်ထပ် တစ်စင်းမှာမူ ၂၀၁၇-၂၀၁၈ ခုနှစ်၌ တပ်တော် ၀င်နိုင်မည်ဟု ခန့်မှန်းထားသည်။

ထို့ပြင် ၂၀၂၅ ခုနှစ်၌ တန်ချိန် ၆၅၀၀၀ ရှိသော လေယာဉ်တင် သင်္ဘော တည်ဆောက်နိုင်ရေး အစီအစဉ် ချမှတ်လျက် ရှိပေသည်။ အိနိ္ဒယ ရေတပ်သည် ၂၀၁၃ခုနှစ် ဧပြီလက ၎င်း၏ အနာဂတ် ၁၀ နှစ် စီမံကိန်းအား ထုတ်ပြန်ခဲ့ပြီး ၎င်းစီမံကိန်း၌ တိုက်ရေယာဉ် ၁၀၀ စင်း ပိုင်ဆိုင်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ရာ လက်ရှိ အခြေ အနေ၌ ၅၀ စင်း တည်ဆောက်လျက် ရှိသည်။

ဂိုအာမြို့အနီး ကာဝါ ဒေသတွင် ရေနက်ရေတပ် အခြေစိုက် စခန်း တိုးချဲ့ တည်ဆောက်နေပြီး ၂၀၁၃ခုနှစ် ဒီဇင်ဘာတွင် ရောက်ရှိလာမည့် လေယာဉ်တင် သင်္ဘော INS Vikram aditya ကို ၎င်းရေတပ် စခန်း၌ ထားရှိမည် ဖြစ်သည်။ ၂၀၁၂-၂၀၁၃ ခုနှစ် အိနိ္ဒယ ကာကွယ်ရေး ၀န်ကြီး ဌာန၏ ဘတ်ဂျက်မှ အများစု ၇၂ ရာခိုင်နှုန်းကျော်ကို အိနိ္ဒယ ရေတပ် အတွက် အသုံးပြု သွားမည်ဖြစ်ပြီး အိန်္ဒိယ ရူပီး ၂၄၁ ဒသမ ၅၁ ဘီလီယံကျော် ရှိကြောင်း သိရှိရသည်။ ကီလို အတန်းအစား ရေငုပ်သင်္ဘော အနည်းဆုံး ခြောက်စင်းမှ ခုနစ်စင်းအား ၂၀၁၅ ခုနှစ် အပြီးဝယ် ယူရန် စီစဉ်လျက် ရှိကြောင်း အိန်္ဒိယ မီဒီယာ များမှ တင်ပြထားသည်။

မြန်မာနိုင်ငံ၏ ပင်လယ် ကမ်းရိုးတန်း နယ်နိမိတ် အရှည်မှာ ၁၂၄၇ ဒသမ ၇၇ နော်တီကယ်မိုင် (ရေမိုင်) ဖြစ်ပြီး ပိုင်ဆိုင်မှု ရေပြင် ဧရိယာ အကျယ်ဝန်းမှာ ၁၄၉၇၄၅ ဒသမ ၂၀၅၄ စတုရန်းမိုင် ဖြစ်သည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထက် ၂ ဒသမ ၃ ဆခန့် ရှည်လျားသော ပင်လယ် ကမ်းရိုးတန်းနှင့် ရေပြင် ဧရိယာ ပိုင်ဆိုင်ထားသည်။

မြန်မာ ရေပိုင်နက်၌ ထုတ်ယူ သုံးစွဲခြင်း မပြုရ သေးသော ရေသယံဇာတ များစွာရှိသည့် အပြင် အဖိုးတန် ဓာတ်ငွေ့ ရတနာသိုက် များလည်းရှိသည်။ တင်ပြခဲ့သည့် အတိုင်း မြန်မာ့ အိမ်နီးချင်း နိုင်ငံများသည် ၎င်းတို့၏ ရေတပ် အင်အားကို အစွမ်းကုန် တိုးချဲ့လျက် ၎င်းတို့ ပိုင်နက်ရေပြင် လုံခြုံရေးအား ဆောင်ရွက်လျက် ရှိကြပေသည်။ အဖိုး ထိုက်တန်သော မြန်မာ့ရေပြင် ပိုင်နက်များ လုံခြုံရေး သည်လည်း မြန်မာ့ တပ်မတော် (ရေ)၏ အင်အားနှင့် စွမ်းရည်အပေါ် တည်မှီနေမည် ဖြစ်ပါကြောင်း နိုင်ငံချစ်စိတ် ရှိသူတိုင်း သိရှိနိုင်ရန် သုံးသပ် တင်ပြ အပ်ပါသည်။

မြ၀တီ
ကမ္ဘာ့ပင်လယ် ရေကြောင်း ဆက်သွယ်ရေး လမ်းကြောင်းများ ၀န်းရံ တည်ရှိနေမှု၊ အမေရိကန်နှင့် ဥရောပ တို့၏ စီးပွားရေး ကျဆင်း နေချိန်၌ အာရှဒေသ အပေါ် အာရုံ စိုက်လာမှု၊ ကမ္ဘာ့ အင်အားကြီး နိုင်ငံများ အဖြစ် ထွက်ပေါ် လာနိုင်သော နိုင်ငံများ တည်ရှိနေမှု တို့သည် အာရှ ဒေသ၏ လက်ရှိ ဖြစ်တည်နေမှု ဖြစ်သည်။

ဖုန်းနဲ့  ဂိမ်းကစားရတာ နှစ်သက်သူများအတွက် ဂိမ်းခလုတ်အသစ်

Photo: ဖုန်းနဲ့  ဂိမ်းကစားရတာ နှစ်သက်သူများအတွက် ဂိမ်းခလုတ်အသစ်
Saturday, 20 July 2013

ဂိမ်းတွေကစားတဲ့ အခါမှာ ဖုန်းရဲ့ မျက်နှာပြင်မှာ အဆင်းရာတွေထင်နေမှာ ကို မလိုလားတဲ့ သူတွေအတွက်တော့ အကြိုက်တွေ့ ဦးမယ့် ပစ္စည်း
ကောင်းလေး ပါပဲ။

တစ်ချို့ သော ဂိမ်းတွေမှာ ကစားရာမှာ Touch မျက်နှာပြင် ဖုန်းတွေက ဆော့
ရတာ သိပ် အားမပါလှပါဘူး။ ဒါကြောင့် အားရှိပါးရှိ ကစားလို့ ရနိုင်မယ့် ဂိမ်ခလုတ်ကို ဈေးကွက်ထဲမှာ ရ ရှိနေပါပြီ။

အသုံးပြုပုံကလည်း ရိုးရှင်းလွယ်ကူပါတယ်။ သင့်ဖုန်းရဲ့ မျက်နှာပြင်မှာ ကပ်ပြီး အသုံးပြုနိုင်အောင် စုပ်ခွက် ပုံစံလေးနဲ့  ဖန်တီးထားပါတယ်။
iPhone 4 3G 3GS, iTouch 4 3G တို့ အတွက် ထုတ်လုပ်ပေးထားတဲ့ ဂိမ်းခလုတ်လေးဖြစ်ပါတယ်။

ဈေးနူန်းကလည်း $6.19 သာ ရှိတာကြောင့် သက်သာတယ်လို့ ဆိုရမှာပါ။


Kaung Zay Yan
(Guide Magazine)
ဂိမ်းတွေကစားတဲ့ အခါမှာ ဖုန်းရဲ့ မျက်နှာပြင်မှာ အဆင်းရာတွေထင်နေမှာကို မလိုလားတဲ့သူတွေ အတွက်တော့ အကြိုက်တွေ့ ဦးမယ့် ပစ္စည်း ကောင်းလေး ပါပဲ။

Huiwei ကုမ္ပဏီ တရုတ် အစိုးရအတွက် သူလျှိုလုပ်နေဟု စီအိုင်အေ အကြီးအကဲဟောင်းပြောကြား

Photo: Huiwei ကုမ္ပဏီ တရုတ် အစိုးရအတွက် သူလျှိုလုပ်နေဟု စီအိုင်အေ အကြီးအကဲဟောင်းပြောကြား
Saturday, 20 July 2013

တရုတ်နိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနေသော ကုမ္ပဏီကြီး တစ်ခုဖြစ်သော ဟွာဝေး (Huiwei)သည် တရုတ် အစိုးရအတွက် အနောက်နိုင်ငံများကို သူလျှို လုပ်ပေးနေသည်ဟု အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) အကြီးအကဲဟောင်း မိုက်ကယ်ဟေးဒန်က ပြောကြားသည်။

အမေရိကန် စီအိုင်အေ အကြီးအကဲဟောင်း မိုက်ကယ်ဟေးဒန်က Australian Financial Review သို့ ပြောကြားရာတွင် တရုတ်သည် အနောက်နိုင်ငံများ
အပေါ် အကန့်အသတ်မဲ့ သူလျှို လုပ်လျက် ရှိကြောင်း၊ ယင်းသို့ ပြုလုပ်ရန် တရုတ် တယ်လီကွန်း ကုမ္ပဏီဖြစ်သော ဟွာဝေးသည် တရုတ် အစိုးရ ကို သတင်း အချက်အလက်များ ပေးနေသည်ဟု ယုံကြည်ကြောင်း ၎င်းက ယူဆထားသည်။

တရုတ် ဟွာဝေး ကုမ္ပဏီသည် တရုတ် အစိုးရနှင့် ဆက်စပ်နေသည်ဟု ယူဆခံထားရခြင်းကြောင့် ဟွာဝေး ကုမ္ပဏီ၏ ဆက်သွယ်ရေး ပစ္စည်းများသည် သတင်း အချက်အလက်များ လျှို့ဝှက်ရယူခြင်း နှင့် ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်နိုင်ခြင်းတို့ကြောင့် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ နိုင်ငံများ တွင် စိုးရိမ်မှု မြင့်တက်လျက် ရှိသည်။

တရုတ် တယ်လီ ဆက်သွယ်ရေး ကုမ္ပဏီ ဟွာဝေး(Huiwei) ကမူ ၎င်းတို့နှင့် တရုတ် အစိုးရနှင့် တိုက်ရိုက် ပတ်သက်မှု ရှိသည်ဆိုသည့် ကိစ္စကို ငြင်း
ဆိုထားသည်။

သို့သော် အမေရိကန် အစိုးရအနေနှင့် တရုတ် ဟွာဝေး ကုမ္ပဏီနှင့် ကန်ထရိုက် လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ဖယ်ရှားရန် အမေရိကန် ကွန်ဂရက် လွှတ်တော်က ယမန်နှစ်က တိုက်တွန်းထားပြီး သြစတြေးလျ အင်တာနက် Broadband Network ကွန်ရက် တည်ဆောက်ရန် ကုမ္ပဏီများ တင်ဒါ ခေါ်ရာတွင်လည်း ဟွာဝေး Huiwei ကုမ္ပဏီ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမှ တားမြစ်ထားသည်။

ယခုအခါ ဗြိတိန်နိုင်ငံတွင်လည်း ဟွာဝေး(Huiwei) ကုမ္ပဏီထုတ် ဆက်သွယ်ရေး ပစ္စည်းများဖြင့် ဗြိတိန်နိုင်ငံကို သူလျှို လုပ်ဖွယ်ရှိသည့် ကိစ္စအပေါ် ပြန်လည် သုံးသပ်မှုများ ပြုလုပ်မည် ဖြစ်သည်ဟု ဗြိတိန် အမျိုးသား လုံခြုံရေး အကြံရေး ဆာကင်မ်ဒါရို့ခ်ျက ပြောကြားသည်။

ဗြိတိန်နိုင်ငံ အောက်စဖို့ရှိုင်းယားတွင်ရှိသော Cell ဟုခေါ်သော ဟွာဝေး ကုမ္ပဏီ စင်တာသည် ဗြိတိန်နိုင်ငံ တစ်ဝန်းရှိ အင်တာနက် ဖိုက်ဘာ ဆက်သွယ်ရေး စသည်တို့နှင့် Huiwei ထုတ် ပစ္စည်းများ အသုံးပြုနိုင်ရန် ဝန်ဆောင်မှု ပေးနေသော စင်တာ ဖြစ်သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် အရာရှိဟောင်း တစ်ဦး ဖြစ်သူ တည်ထောင်ထားသော ဟွာဝေး ကုမ္ပဏီသည် ၂၀၀၅ ခုနှစ်က ဗြိတိန်နိုင်ငံ BT ကုမ္ပဏီကို ဆက်သွယ်ရေးလှိုင်း ထုတ်လွှင့်သည့် စက်ပစ္စည်းများ
ရောင်းချရန် သဘော တူညီခဲ့သည်။

အမေရိကနှင့် တရုတ် အစိုးရအကြား ဆိုက်ဘာ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုတွင် ဟွာဝေး ကုမ္ပဏီမှာ မြေစာပင် ဖြစ်ရသည်ဟု ပြောကြား
ထားဖူးသော ဟွာဝေး ကုမ္ပဏီ၏ ဆိုက်ဘာ လုံခြုံရေး အရာရှိဖြစ်သူ John Suffolk ကမူ အမေရိကန် ထောက်လှမ်းရေး အကြီးအကဲ၏ ပြောကြား
ချက်မှာ အခြေအမြစ် မရှိသော အပုပ်ချစကားသာ ဖြစ်သည်ဟု ပြန်လည် တုံ့ပြန် ပြောကြားသည်။

The Voice Weekly
တရုတ်နိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနေသော ကုမ္ပဏီကြီး တစ်ခုဖြစ်သော ဟွာဝေး (Huiwei)သည် တရုတ်အစိုးရအတွက် အနောက်နိုင်ငံများကို သူလျှိုလုပ်ပေးနေသည်ဟု အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) အကြီးအကဲဟောင်း မိုက်ကယ်ဟေးဒန်က ပြောကြားသည်။

ဆိုတေး သတိရလာချိန်မှာ ဇနီး မဟုတ်ကြောင်းငြင်း ဆိုရင်မချိုချိုမှ တရားစွဲဆိုမည်ဟုဆို

တေးသံရှင်ဆိုတေးရဲ့ဇနီးဖြစ်တယ်လို့ပြောဆိုသူထိုင်းနိုင်ငံမှမချိုချိုကဆိုတေးသတိရလာတဲ့အချိန်မှာသူ့ကိုဇနီးမဟုတ်ဘူးလို့ငြင်းဆိုရင်ဆိုတေးအားတရားစွဲဆိုသွားမယ်လို့သည်နေ့Myanmar Journalist Network မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာပြောပါတယ်။