Tuesday, September 16, 2014

အရွယ်မရောက်သေးသော ကချင်လူငယ်အား KIA မှလူသစ်အဖြစ် အတင်းအကြပ်ဖမ်းဆီး

ကချင်ပြည်နယ်၊ မန်စီမြို့နေဒေသခံကချင်လူငယ်တစ်ဦးအား စက်တင်ဘာ ၁၃ ရက်နေ့တွင် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ လူသစ်အဖြစ်အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်း ယင်းဒေသခံများ ထံမှသတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ မန်စီမှ ပါတော်သို့ ဆိုင်ကယ်ကယ်ရီဆွဲနေသော ယင်းလူငယ်အား နံနက် ၉ နာရီခန့်တွင် ယင်းလမ်းကြောင်း၌ သွားလာနေသော KIA အဖွဲ့က ထိုးကြိတ်ရိုက်နှက်ကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မျက်မြင်ကယ်ရီသမားတစ်ဦးက ပြောသည်။

iPhone ကိုင်တဲ့သူတွေ ပြောလေ့လုပ်လေ့ရှိတဲ့ စိတ်ပျက်စရာ အပြုအမူများ

ခုခေတ်မှာ Apple ကထုတ်ကုန်တွေဟာ ကမ္ဘာကိုလွှမ်းမိုးထားနိုင်ခဲ့တယ်ဆိုတာ ငြင်းစရာကို မရှိပါဘူး။ ခုဆို ပိုဆိုးတာက iPhone မှ မဟုတ်ရင် အခြားဖုန်းအမျိုးအစားတွေ နဲ့ Apple ထုတ်ကုန်မှ မဟုတ်ရင် အခြား ကုန်ပစ္စည်းတွေဟာ ဘယ်လိုမှ သုံးစားလို့မရတော့သလို သူတို့ရဲ့နေ့စဉ်ဘ၀တွေမှာ iPhone နဲ့ Apple ဟာ ကြီးမားတဲ့သက်ရောက်မှုတွေရှိကုန်ကြပါတယ်။ ဒါ့ကြောင့် ခု iPhone ကိုင်ထားသူတွေ တော်တော်များများပြောလေ့ရှိတဲ့ စကားတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။ နည်းနည်းတော့ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းပါတယ်။

အကယ်ဒမီအတွက် နာမည်ထွက်ရင် ပိုကြောက်တယ်ဆိုတဲ့ ၀တ်မှုန်ရွှေရည်


၂၀၀၄၊ ၂၀၀၅ မှာ ဓာတ်ပုံတွေစရိုက်ပြီး၂၀၀၈ နှစ် ကုန်ခါနီးမှာ ဇာတ်ကားတွေ စရိုက်ဖြစ်ကာ အနုပညာသက်တမ်း ၆ နှစ်အတွင်းမှာ ၂၀၁၃အကယ်ဒမီတွက် ပရိသတ်တွေရော၊ အနုပညာအသိုင်းအ၀ိုင်းကပါ ထင်ကြေးပေး နာမည်ထွက်နေသူကတော့ နင်စေရင်ကားမှာ ခပ်ဟော့ဟော့နဲ့ ပရိသတ်အကြိုက် သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ ၀တ်မှုန်ရွှေရည်ပါပဲ။ သူမရဲ့ အနုအရွ ခပ်ကြမ်းကြမ်းနဲ့ခပ်ရမ်းရမ်း သရုပ်ဆောင်ဟန်တွေဟာဖြင့် ကြည့်ရှုသူ ပရိသတ်ကို အပြည့်အဝ

ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်မှု တခု

ထိုင်းနိုင်ငံ တောင်ပိုင်း ဆန်ခရပူရီဒေသဟာ မွန်လူမျိုးစုတွေ အများဆုံး နေထိုင်တဲ့ နေရာဖြစ်ပါတယ်။ ဘာသာရေး ကိုင်းရှိုင်းပြီ နေ့စဉ်နံနက်တိုင်း သံဃာတော်များအား ဆွမ်း၊ ခဲဖွယ်တို့ကို အစဉ်လှူဒါန်းလျက် ရှိပါ တယ်။ 


ဓာတ်ပုံ- ဘန်ကောက်ပို့စ်

MPT ဆင်းကတ်လက်ဆောင် ပေးသော်လည်း ဟန်းဆက် ဈေးနှုန်းအပေါ် ငွေကျပ် နှစ်သောင်းတင်ကာ ရောင်းချခြင်းများ ရှိနေ

Photo: MPT ဆင်းကတ်လက်ဆောင် ပေးသော်လည်း ဟန်းဆက် ဈေးနှုန်းအပေါ် ငွေကျပ် နှစ်သောင်းတင်ကာ ရောင်းချခြင်းများ ရှိနေ
Tuesday, September 16, 2014

မန္တလေးမြို့ရှိ ဖုန်း အရောင်းဆိုင်ကြီး တချို့တွင် ဟန်းဆက် တစ်လုံး ဝယ်ယူသူ တိုင်းအား ငွေကျပ် ၁၅ဝဝ တန် MPT ဆင်းကတ် တစ်ကတ် ပေးသည် ဆိုသော်လည်း ဟန်းဆက် ဈေးနှုန်းများကို ရှိရမည့် ဈေးထက် ပိုမို တင်ထားခြင်းများ ရှိနေသောကြောင့် အရောင်းဆိုင်ကြီး များနှင့် ဝယ်ယူသူများ ကြားတွင် အဆင်မပြေ မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ငွေကျပ် ၁၅ဝဝ တန် MPT ဆင်းကတ်များကို အရောင်းဆိုင် များတွင် လွတ်လပ်စွာဖြင့် ရောင်းချ ပေးနေသည် ဆိုသော်လည်း ခွဲတမ်း အရသာ ဝယ်ယူသူ များထံသို့ ရောင်းချ ပေးနေရခြင်း ဖြစ်သောကြောင့် ဈေးကွက်တွင် ဝယ်လိုအား နှင့် ရောင်းလိုအား မျှတမှု မရှိသဖြင့် အရောင်းဆိုင် အများစုမှာ ဆင်းကတ် သီးသန့်ကို ရောင်းချ ပေးခြင်းမျိုး မရှိတော့ဘဲ ဟန်းဆက် များဖြင့် တွဲဖက် ရောင်းချ လာကြခြင်း ဖြစ်ကြောင်း မန္တလေးမြို့၊ ၃၅ လမ်းပေါ်ရှိ ဖုန်း အရောင်းဆိုင် တစ်ဆိုင်မှ ပိုင်ရှင် တစ်ဦးက ပြောပြသည်။

ဈေးကွက်တွင် MPT ဆင်းကတ်များ ရှားပါးမှုကြောင့် အရောင်းဆိုင်များ အနေဖြင့် ဟန်းဆက် ဝယ်ယူသူ များကိုသာ ဆင်းကတ် လက်ဆောင် ပေးခြင်း ဖြစ်သော်လည်း ဟန်းဆက် ဈေးနှုန်းတွင် ဆင်းကတ်ဖိုး ကို မှောင်ခိုဈေး အတိုင်း တင်ကာ ရောင်းချ ပေးခြင်းသည် ဝယ်ယူသူများ အပေါ် လှည့်စား ခြင်းသာ ဖြစ်ကြောင်း၊ ဖုန်း အရောင်းဆိုင် များတွင် ဆင်းကတ် ရှားပါးနေ သလောက် အွန်လိုင်း အသုံးပြု၍ ဖုန်းအရောင်း အဝယ် ပြုလုပ် နေသည့် Facebook group များတွင် MPT ဆင်းကတ်များကို တစ်ကတ်လျှင် ငွေကျပ် နှစ်သောင်း အနည်းဆုံးဖြင့် ပေါများစွာ ရောင်းချ နေသည်မှာ မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း ဖုန်းအသုံးပြု သူများက ပြောကြသည်။

''မနေ့က ဆိုင်တစ်ဆိုင် မှာ သွားပြီး MPT ဆင်းကတ် ဝယ်တော့ ဟန်းဆက်တစ်လုံး ဝယ်မှ လက်ဆောင် တစ်ကတ် ပေးမယ်လို့ ပြောတယ်။ ဒါနဲ့ ဟန်းဆက် ဈေးနှုန်းကို ကြည့်တဲ့ အခါမှာ အမှန်တကယ် ဖြစ်ရမယ့် ဈေးနှုန်းထက် ငွေကျပ် နှစ်သောင်း ပိုယူထား တာကို တွေ့ရပါတယ်။ အဲဒီကိစ္စကို ပြောတော့မှ ဝန်ထမ်း တစ်ယောက်က ဆင်းကတ် လက်ဆောင် မယူဘူး ဆိုရင်တော့ ဟန်းဆက်ကို ပုံမှန်ဈေး အတိုင်းပဲ ရောင်းပေးမယ် လို့ ပြောပါတယ် ... '' ဟု မန္တလေးမြို့မှ ကုမ္ပဏီ ဝန်ထမ်း တစ်ဦးက ပြောပြသည်။ 

Yadanarpondaily
မန္တလေးမြို့ရှိ ဖုန်း အရောင်းဆိုင်ကြီး တချို့တွင် ဟန်းဆက် တစ်လုံး ဝယ်ယူသူ တိုင်းအား ငွေကျပ် ၁၅ဝဝ တန် MPT ဆင်းကတ် တစ်ကတ် ပေးသည် ဆိုသော်လည်း ဟန်းဆက် ဈေးနှုန်းများကို ရှိရမည့် ဈေးထက် ပိုမို တင်ထားခြင်းများ ရှိနေသောကြောင့် အရောင်းဆိုင်ကြီး များနှင့် ဝယ်ယူသူများ ကြားတွင် အဆင်မပြေ မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

စောမူတူးစေးဖိုး ဘာမှားလို့လဲ

Photo: စောမူတူးစေးဖိုး ဘာမှားလို့လဲ

********************************

၂၀၁၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် KNU ဥက္ကဌ စောမူတူးစေးဖိုး ဦးဆောင်သောကိုယ်စားလှယ် UNFC  အစည်းအဝေးမှ ထွက်ခွာသွားခဲ့သည်။ အဲဒီ သတင်းနဲ့ ပတ်သက်၍ လူတွေက အမျိုးမျိုး ဝေဖန်ခဲ့သည်။  KNU ဥက္ကဌ  တဦးတည်းကို ဦးတည်သော ဝေဖန်ချက်များဖြစ်သည်။ KNU ဥက္ကဌ ကို ဝေဖန်ပြစ်တင်ကဲ့ရဲ့မူများသည် အခုမှ မဟုတ်ပါ။

စောမူတူးစေးဖိုးသည် နွားကျောင်းသား(Cowboy)ဘ၀ကနေ KNU ဥက္ကဌကြီး အဆင့်ထိ ရောက်အောင် ဘဝကို ရုန်းကန်တက်လှမ်းလာခဲ့သူ တယောက်ဖြစ်သည်။ ဗြိတိသျှခေတ်တွင် ၇ တန်းအောင်သည်အထိ ပညာဆည်းဖူးခွင့်ရခဲ့သည်။

ငြိမ်းချမ်းရေးခရီးစဉ်အစတွင် G.O.C (General Office of Command) ရာထူးမှ ထုတ်ပယ်ခြင်းခံရတဲ့သူ ဖြစ်သည်။ G.O.C ရားထူးထုတ်ပယ်မှုကို မထောက်ခံသောလူစုက အား သာတဲ့အတွက် G.O.C ဘ၀မှာ ပြန်လည်မြဲခဲ့ရသူလည်း ဖြစ်သည်။ ကရင်လူမျိုးတွေ အချင်းချင်း ဖူး စောမူတူးစေးဖိုးကို ကဲ့ရဲ့ပြစ်တင်ရှုတ်ချကြတော့သည်။

မှားသလား မှန်သလား မစဉ်စား၊ တဖက်သတ်လား နှစ်ဖက်သတ်လား မဆင်ခြင်တဲ့ ဝေဖန်မူမျိုးကို ကျနော် သဘောမတွေ့ပါ။   သို့သော် ကျွန်ပပျောက်ရေးဆောင်ရွက်တဲ့ အမေရိကန် သမ္မတလင်ကွန်းအား ဆန့်ကျင်သော လူစုက လုပ်ကြံမှု၊ ဗြိတိသျှ အစိုးရနှင့် ငြိမ်းချမ်းရေး စကားပြောရန်စေလွှတ်ခံရသူ အိုင်းရစ်တော်လှန်ရေးခေါင်းဆောင် Genaral Michael Collins ကို နောက်ဆုံး သူ့အဖွဲ့အစည်းထဲကလူက လုပ်ကြံတဲ့ဖြစ်ရပ်နှင့်နှိုင်းစာလျင် ကရင်လူမျိုးတွေက အများကြီး သိမ်မွေ့ပါသည်။

တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ခိုင်မာသော တပ်ပေါင်းစု တည်ဆောက်နိုင်ရေး တကယ်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု KNU ၁၅ ကြိမ်ကွန်ဂရက်က ချမှတ်ခဲ့ပါသည်။ ခိုင်မာသော တပ်ပေါင်းစုတည်ဆောက်ရန် KNU က ၁၅ ကြိမ်မြောက် ကွန်ဂရက်ကျမှသာ ချမှတ်ခြင်း မဟုတ်ပါ။ အရင့်အရင်ခေါင်းဆောင်တွေ လက်ထက်ကတည်းက လုပ် ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ကံဆိုးချင်တော့ ၁၉၉၃ နောက်ပိုင်း KIO   အဖွဲ့က တပ်ပေါင်းစုဆန္ဒမပါဘဲနဲ့ တဖွဲတည်း အပစ်ရပ်လုပ်ဆောင်ခဲ့ပါသည်။ ဆက်တိုက် ဆိုသလို ကျန်တိုင်းရင်းသားအဖွဲ့ထဲက လိုက်လုပ်ခဲ့သဖြင့် KNU တဖွဲ့တည်းသာ ကျန်ခဲ့သည်ဟုဆိုလျင် မမှားပါ။ KNU တဖွဲ့တည်းသာ ကျန်ခဲ့ရသည့်အပြင် KNU အတွင်းထပ်ကွဲပြီး ဒုက္ခရောက်ခဲ့ရပါသည်။

KNU ဥက္ကဌ ဖူးလက်ထက် အရင့်အရင်က ကရင်လက်နက်ကိုင်အချင်းချင်း သတ်ဖြတ်ကြတာတွေ ရပ်ပစ်နိုင်ပြီး အတိုင်းအတာတခုအထိ နားလည်မှုပြန်လည်တည်ဆောက်နိုင်ခဲ့ပါသည်။ ဒါ ၀မ်းသာစရာ မဟုတ်ဘူးလား။ လူများ မျက်ရည်ကျမှ ပြုံးနိုင်သူများအတွက် ဒါ ၀မ်းနည်းစရာတခု ဖြစ်မည်။ ငြိမ်းချမ်းရေးလုပ်ဆောင်သောအခါ KNU အတွင်းတွင် ဖြစ်စေ၊     ဦးသိန်းစိန် အစိုးရနှင့် ဦးအောင်မင်း ဦးဆောင်သော စစ်တပ်အတွင်းတွင်ဖြစ်စေ အမြင်မတူမှုများ၊ မကြိုက်သူများ ရှိခဲ့ပါသည်။ ကျနော် မှတ်မိပါသေးသည်။ တပ်မဟာ (၁) ဆက်ဆံရေးရုံး ဖွင့်ပွဲနေ့ မိန့်ခွန်းတွင် KNU ဥက္ကဌ ဖူးက ကျနော်တို့ဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းမှာ နောက်မဆုတ်ဘဲ အောင်မြင်သည်အထိ လုပ်ဆောင်မည်၊ ထိုနည်းတူ ကျနော်တို့ ကရင်အမျိုးသား တောင့်တ လိုချင်နေသော အခွင့်အရေးများ ရကို ရစေရမည်ဟု ပြည်သူကို ရဲရဲဝံ့ဝံ့ ကတိပေးခဲ့သည်။ ရန်သူရှေ့မှောက်မှာ ပြောရဲတဲ့သတ္တိ ရှိသည်။

နောက်တခု ပြောချင်ပါသေးသည်။ တဆိတ်ရှိ ကားပါမစ် နှစ်ဆိတ်ရှိ ကားပါမစ်။ ကားပါမစ်နှင့်ပတ်သက်ပြီး ဥက္ကဌ ဖူးစောမူတူးစေးဖိုး G.O.C ဘ၀ကနေ တပ်သုံးရန် လျှောက်ထားခြင်းဖြစ်သည်။ အကောင်အထည်ပေါ်လာသောအချိန်တွင် သူ KNU ဥက္ကဌ ဖြစ်နေပြီးဖြစ်သည်။ ကျနော် သိရသလောက် အခွန်မဲ့ လိုင်စင်ကားစီးရေ ၆၀ နှင့် ၆၀% အခွန်ပေးဆောင်ရမည့် ကားစီးရေ ၁၁၀ ကျော် ရခဲ့ပါသည်။ အဲဒီအခါ မ၀ယ်နိုင်ဘူးဟု ဆိုသောအသံများ ထွက်ပေါ်လာပါသည်။ အဲဒီတွင် ကားပါမစ်နှင့် ဗမာပြည်တွင်းလိုင်စင်ဖြင့် ကားစီးရေ ၂၀ (ကားတန်ဖိုးမပေးရ) နှင့် အလဲအလှယ် ပြုလုပ်ရသည်။ Toyota Vigo အစီး ၂၀ ဖြစ်သည်။ တပ်မဟာ ၅ က ကားလမ်း အခက်အခဲ ကြောင့် ကိုတာ Quota ၂ စီးကို တပ်မဟာ ၇ အား ပေးလိုက်ပါသည်။။

ကားပါမစ်ကြောင့် ဥက္ကဌ ဖူး စောမူတူးစေးဖိုး မည်မျှရခဲ့သည်တော့ ကျနော်မသိပါ။ သို့သော် ပြောချင်တာက မမှန်မကန်သောပြောဆိုမှုသည် လူတဦးတယောက်၏ ဂုဏ်သိက္ခာကို ထိခိုက်တာပဲ အဖတ်တင်ပါသည်။

မနှစ်က ရန်ကုန်၊ မန္တလေး ဗုံးပေါက်ကွဲမှုတွင် KNU အတွင်း ဂယက်ရိုက်မှု အများဆုံးဖြစ်ပေါ်ခဲ့သည်။ သို့သော် KNU ဥက္ကဌဖူးသည် KNU အတွင်း အကွဲအပြဲမဖြစ်စေရန်သာမက   ဦးသိန်းစိန်အစိုးရနှင့် လုပ်ဆောင်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်း မပျက်စေရန်လည်း လက်တွေ့ပြ ဦးဆောင်ခဲ့သူတယောက်ဖြစ်ပါသည်။ သူ့ကို အမျိုးမျိုး သမုတ် ခေါ်ဝေါ်ခဲ့ကြသည်။ သို့သော်  သူက အပြုံးမပျက်။ အမျိုးသားရေး တာဝန်ကို ကိုယ်အားဉာဏ်အားရှိသမျှ ထမ်းဆောင်ခဲ့သည်။ ထမ်းဆောင်နေဆဲလည်း ဖြစ်သည်။

UNFC အတွင်း အကွဲအပြဲဖြစ်အောင် KNU က လုပ်ဆောင်နေသည်ဟု ပြောချင်သူ မရှားပါ။ pro သိန်းစိန်၊ ငြိမ်းချမ်းရေးအတုအယောင်သာ လိုလားသူ စသဖြင့်လည်း ပြောကြသေးသည်။ KNU ဥက္ကဌသည် အကြိမ်ပေါင်းများစွာ သမ္မတ ဦးသိန်းစိန်၊ ကာချုပ် မင်းအောင်လှိုင်တို့နှင့် တွေ့ခွင့်ရခဲ့သည်။ ထို့ကြောင့် ဥက္ကဌကြီးကို မယုံသင်္ကာ အများစု စိတ်ထဲ ဖြစ်ပေါ်နေမည်။ တချို့လူတွေ စိတ်ထဲ အမျိုးသားရေးကို သွားရောင်းစားပြီဟု ထင်မိပြောမိနိုင်သည်။ ၂၀၁၄ နှစ်ဦးပိုင်းတွင် အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက “ကျနော်တို့ ဘာ အမှားအယွင်း တခုမှ မလုပ်ဆောင်ခဲ့သေးဘူး”ဟု ပြောသည်ကို ပြန်သတိထားစေလိုပါသည်။

ကိုယ့်အဖွဲ့အစည်း တိုးတက်ရာ တိုးတက်ကြောင်းသည် ကိုယ့်အပေါ်မှာသာ မူတည်ပါသည်။ တခြား အဖွဲ့အစည်းအပေါ်သာ မူတည်ခဲ့လျင် ကိုယ့်အဖွဲ့အစည်းသည် ကိုလိုနီခံအဖွဲ့အစည်း၊ ကျွန်အဖွဲ့အစည်းသာဖြစ်မည်။ ယခု ဥက္ကဌသည် KNU အဖွဲ့အစည်း၏ အချုပ်အချာ အာဏာပိုင်စိုးမူကို ကာကွယ်ရန် တာဝန်အရှိဆုံး ပုဂ္ဂိုလ် တယောက်ဖြစ်သည်။ ကာကွယ်ရန် တာဝန် ပျက်ကွက်ပါက သူသည် အဖွဲ့အစည်းအပေါ် သစ္စာဖောက်သူဟု မုချဧကန် ကျနော်ရှုမြင်ပါမည်။ ပြောဆိုပါမည်။

သို့သော် ရင်နှင့်ဖွယ်ရာ အဖြစ်အပျက်များကို မည်သူများ လုပ်ခဲ့သနည်း။ ၂၀၁၃ ခုနှစ် KNU ဥက္ကဌရုံးမှ ထွက်စာ သို့မဟုတ် ဦးသိန်းစိန်နှင့် မင်းအောင်လှိုင်ကို သွားတွေ့မည်ဟု ထုတ်ပြန်သည့်စာ၊ ဒီစာသည် EC (Executive Committee) အတွက်သာ သိစေရန် ပေးသောစာဖြစ်သည်။ အဘယ့်ကြောင့် တကမ္ဘာလုံးသို့ ပြန့်နှံ့ခဲ့ရပါသနည်း။ ထောင်သောင်းမကသောသူက ဒီစာကို ဖတ်ရလျင် ထောင်သောင်းမကသောသူများ EC ဖြစ်ကုန်ကြပြီလား။ လုံးဝမဖြစ်သင့် မလုပ်သင့်တဲ့ အရာတခုကို မည်သူတွေလုပ်သနည်း။

ပူပူနွေးနွေး နောက်တခုက UNFC သို့ ဥက္ကဌ ရေးသောစာနှင့် မရှေးမနှောင်း ဒုတိယ ဥက္ကဌ ပေးသော စာကိစ္စ။ ပုဂ္ဂိုလ်၂ ဦးဆီက ထွက်လာသောစာများ ပြဒါးတလမ်း သံတလမ်း ဖြစ်နေသည်။ ကမ္ဘာပေါ်တွင် ဘယ်နိုင်ငံ ဘယ်အစိုးရ  ဘယ်အဖွဲ့အစည်း ဘယ်လုပ်ငန်း ဖြစ်စေ ပနှင့် ဒု အတွဲ မညီသည်ကို ရှာတွေ့ မည် မဟုတ်ပါ။  KNU အဖွဲ့အစည်း အတွင်းမှာသာ ဖြစ်နေရသည်မှာ ဖြစ်ရပ်ဆန်းဟု ဆိုချင်သည်။

ဒါကို ထောက်ခြင်းအားဖြင့်  KNU အတွင်း စည်းလုံးညီညွတ်မှုသည် လျော့ရဲ နေသည်သာမက အာဏာလုမှု ပါရှိနေပြီဖြစ်ကြောင်း တချက်ကြည့်ရုံလေးနဲ့ သိသာထင်ရှား နေပါသည်။

နောက်ဆိုရင် ဥက္ကဌနဲ့ပြောဖို့မလိုဘူး၊ ဒုဥက္ကဌနဲ့သာပြောပါ ဆိုတဲ့ အခြေအနေ ဆိုက်ရောက်မည့် အလားအလာ ပေါ်လာနိုင်ကြောင်း ကျနော် သုံးသပ်မိပါသည်။ ဒီအခြေအနေအထိ မရောက်အောင် ကမ္ဘာပေါ်တွင် ပြန့်နှံ့နေထိုင်ကြကုန်သော ကရင်လူမျိုးတွေမှာ တာဝန်ရှိကြပါသည်။ ကျနော်တို့ ကရင်တွေဟာ အရှေ့ဆိုအရှေ့၊ အနောက်ဆို အနောက် ညီညီညာညာ ပန်းတိုင်ဆီ လှော်ခတ်ဖို့ လိုပါသည်။

ဒီနေရာတွင် သူငယ်ချင်းတယောက်က ဥက္ကဌကို မေးတာ မှတ်မိပါသည်။ “ဖူးကို ထောက်ခံတဲ့ လူများရဲ့ သားနဲ့ ဘာကြောင့် ပြတ်ပြတ်သားသား မလုပ်ဆောင်ခဲ့သလဲ” ဟု မေးသောအခါ ဥက္ကဌက ဒေါသတကြီး မျက်နာနီရဲစွာဖြင့် “ငါ အကွဲအပြဲကို လုံးဝမြင်ချင်တဲ့လူ မဟုတ်ဘူး” ဟု ပြန်ပြောသည်။ ဟုတ်ပါသည်။ KNU အတွင်း အကွဲအပြဲက ရေတွက်လို့ မရအောင် ဖြစ်ပျက်ခဲ့ဖူးပြီ မဟုတ်ပါလော။ ကွဲတိုင်းပြဲတိုင်း ဘယ်သူတဦးတယောက်ကိုမျှ အကျိုးမပေးရုံမက အဖွဲ့အစည်း၏ တိုးတက်မှုကိုလည်း နှေးကွေးစေသည့်အပြင် တော်လှန်ရေးခရီးအတွက် ဆိုးကျိုးကိုသာ ရခဲ့ကြသည် မဟုတ်ပါလော။

KNU အဖွဲ့ စည်းလုံးညီညွတ်ရေးမှသာ ကရင်အမျိုးသားထုတရပ်လုံး လိုလားသော တော်လှန်ရေးပန်းတိုင်ဆီ အရောက်လှမ်းနိုင်မည်ကို သတိမူကြကုန်လော့။

Irrawaddy
၂၀၁၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် KNU ဥက္ကဌ စောမူတူးစေးဖိုး ဦးဆောင်သောကိုယ်စားလှယ် UNFC အစည်းအဝေးမှ ထွက်ခွာသွားခဲ့သည်။ အဲဒီ သတင်းနဲ့ ပတ်သက်၍ လူတွေက အမျိုးမျိုး ဝေဖန်ခဲ့သည်။ KNU ဥက္ကဌ တဦးတည်းကို ဦးတည်သော ဝေဖန်ချက်များဖြစ်သည်။ KNU ဥက္ကဌ ကို ဝေဖန်ပြစ်တင်ကဲ့ရဲ့မူများသည် အခုမှ မဟုတ်ပါ။

စောမူတူးစေးဖိုးသည် နွားကျောင်းသား(Cowboy)ဘ၀ကနေ KNU ဥက္ကဌကြီး အဆင့်ထိ ရောက်အောင် ဘဝကို ရုန်းကန်တက်လှမ်းလာခဲ့သူ တယောက်ဖြစ်သည်။ ဗြိတိသျှခေတ်တွင် ၇ တန်းအောင်သည်အထိ ပညာဆည်းဖူးခွင့်ရခဲ့သည်။

အမျိုးသားပညာရေးဥပဒေ (မူကြမ်း)ကို ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ကန့်ကွက်


မြန်မာနိုင်ငံမှာ အမျိုးသား ပညာရေး ဥပဒေ ( မူကြမ်း) အပေါ် ကျောင်းသားသမဂ္ဂများက ကန့်ကွက်မှု အပေါ်  မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကလည်း ၄င်းတို့နဲ့တသားတည်း ရှိတယ် လို့ ထောက်ခံတဲ့ ကြေညာချက်ကို စက်တင်ဘာလ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။  

အကျဉ်းသား၏ ဆန္ဒအတိုင်း ထောင်ဒဏ်တစ်သက်မှ သေဒဏ်သို့ ပြောင်းလဲပေးရန် ဘယ်လ်ဂျီယံတရားရုံးခွင့်ပြု

လူသတ်မှုနှင့် မုဒိမ်းမှုများကြောင့် ထောင်ဒဏ်တစ်သက် ချမှတ်ခံထားရသည့် အမျိုးသားတစ်ဦးက မိမိကို သေဒဏ်ပေးရန် တောင်းဆိုခဲ့မှုကို ဘယ်လ်ဂျီယံ တရားရုံးတစ်ခုက လက်ခံခွင့်ပြု ပေးလိုက်ကြောင်း သတင်းရရှိသည်။
အသက်(၅၀) အရွယ်ရှိ ဖရန့်ခ်ဗန်ဒန် ဘလီကန်က မိမိသည် လိင်ပိုင်းဆိုင်ရာ အလိုရမ္မက် ထက်သန်မှုများ၏ သားကောင်အဖြစ်မှ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေကြောင်း ဝန်ခံခဲ့သည်။ (၁၉၈၀)ပြည့်လွန် နှစ်များက ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုအတွက် အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ခံထားရသည့် ဗန်ဒန် ဘလီကန်သည် သေဆုံးခွင့် ရရှိရန်အတွက် (၃)နှစ်ကြာ တရားရင်ဆိုင်ပြီးမှ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

IS နှိမ်နင်းရေးမှာ နိုင်ငံပေါင်း ၃၀ ရဲ့ နိုင်ငံရေးပူးပေါင်းမှုရရှိ


ပြင်သစ် သမ္မတ Francois Hollande နဲ့ အီရတ်သမ္မတ Fuad Masum (Credit: Reuters) ပြင်သစ်နိုင်ငံမှာ ​ကျင်းပခဲ့တဲ့ ​ညီလာခံအတွင်း ​ISIL ​အကြမ်းဖက်အဖွဲ့ကို ​တိုက်ခိုက်ချေမှုန်းဖို့ ​နိုင်ငံပေါင်း ​၃၀ ​က ​သဘောတူညီခဲ့ကြပါတယ်။
အနောက်တိုင်းနိုင်ငံနဲ့ ​အာရပ်နိုင်ငံတွေက ​ပူးပေါင်းပြီး ​အီရတ်နိုင်ငံအတွင်းက ​ISIL ​တပ်ဖွဲ့ဝင်တွေကို ​ချေမှုန်းသွားမယ်လို့ ​ပူးတွဲကြေညာချက်တစ်စောင် ​ထုတ်ပြန်ခဲ့ကြပါတယ်။
အစ္စလာမ်မစ်နိုင်ငံတည်ထောင်သူတွေကို ​ဘယ်လို ​နှိမ်နင်းသွားမလဲ ​ဆိုတဲ့ ​အစီအစဉ်အပေါ် ​နိုင်ငံ့ခေါင်းဆောင်တွေက ​သဘောတူညီမှု ​လက်မှတ်ရေးထိုးဖို့ ​ပဲရစ်မြို့မှာ ​စုဝေးကြတာ ​ဖြစ်ပါတယ်။

PR စနစ်အား ပြောင်းလဲကျင့်သုံးရေးကိစ္စမှာ ပြည်သူလူထု၏တောင်းဆိုမှုများကြောင့်မဟုတ်ဘဲ နိုင်ငံရေးပါတီအချို့ကစတင်သောကိစ္စဖြစ်ဟု ဒီမိုကရေစီနေ့အခမ်းအနားတွင် ပါတီပြောကြား

အချိုးကျကိုယ်စားပြုစနစ် (PR) အား ပြောင်းလဲကျင့်သုံးရေးကိစ္စမှာ ပြည်သူလူထု၏တောင်းဆိုမှု များကြောင့် မဟုတ်ဘဲ နိုင်ငံရေးပါတီအချို့မှသာ စတင်သောကိစ္စဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒီမိုကရေစီနေ့အခမ်းအနားတွင် ပြောကြားသည်။

စက်တင်ဘာ ၁၅ ရက်တွင် နေပြည်တော် ပြည်ထောင်စုလွှတ်တော်အဆောက်အအုံသဘင်ဆောင်၌ ကျင်းပသည့် ၂၀၁၄ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားသို့ NLD ပါတီမှတင်သွင်းသည့်

ဂိုက်ပေးကြမ်းတဲ့ စုမြတ်နိုးကျော်


Su Myat Noe Kyaw - Myanmar Model

IS အဖွဲ့ကို ချေမှုန်းရေး နိုင်ငံ ၃၀ ကတိပေး


တိုင်ဖုန်းမုန်တိုင်း မြန်မာကို ၀င်ရောက်နိုင်၊ မိုးသန်းထန်စွာ ရွာသွန်းမည်

Photo: တိုင်ဖုန်းမုန်တိုင်း မြန်မာကို ၀င်ရောက်နိုင်၊ မိုးသန်းထန်စွာ ရွာသွန်းမည်

စက်တင်ဘာ ၁၆ ရက် ၊၂၀၁၄ ခုနှစ်

မနေ့ညပိုင်းကစပြီး တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းကို စတင်ဖြတ်သန်းနေတဲ့ တိုင်ဖုန်းမုန်တိုင်း မြန်မာပြည်မြောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမြေမြပြိုမူတွေကို သတိမူသင့်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။

“အမေရိကန်မိုးလေ၀သက မှန်းထားတာတော့ ဒီမုန်တိုင်းက မြန် မာနိုင်ငံ မြောက် ဖျားလောက် ရောက် လာနိုင် တယ်ပေါ့။ ဒါပေမယ့် စောင့်ကြည့်ရ မှာပေါ့။ အနောက်ဘက် လာရင် တောင် တန်းတွေပေါတော့လေ။ အဓိကတော့ မိုးပါပဲ။ လေတော့ နည်းနည်းပါးပါးပါမယ်၊ တောင်ပေါ်ဒေသဆိုတော့ မိုးတအားရွာရင် အန္တရာယ်ရှိတယ်။ လျှပ်တပြက်ရေကြီးတာနဲ့ မြေပြိုတာတွေကြောင့် တောင်စောင်းနေသူတွေ သတိနဲ့ နေဖို့လိုတာပေါ့။”

တိုင်းဖုန်း Kalmaegi (ကုလားမကြီး) ဟာ ဟိုင်နန်ကျွန်း ကုန်းတွင်းပိုင်း ရောက်တဲ့အခါမှာ အားလျော့သွားခြင်းမရှိဘဲ အနောက်မြောက်ဘက်ကို ဆက်လက် ခရီးနှင်နေပြီး စက်တင်ဘာ ၁၈ ရက် မနက်အစောပိုင်း ၃ နာရီလောက်ကစပြီး မြန်မာနိုင်ငံအရှေ့ပိုင်းကို မုန်တိုင်းငယ်အဆင့်နဲ့ ချဉ်းကပ် ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒေါက်တာထွန်းလွင်က ရေးသားထားပါတယ်။

DVB
မနေ့ညပိုင်းကစပြီး တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းကို စတင်ဖြတ်သန်းနေတဲ့ တိုင်ဖုန်း မုန်တိုင်း မြန်မာပြည်မြောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမြေမြပြိုမူတွေကို သတိမူ သင့်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ဒီဗွီဘီကို ပြောပါတယ်။

“အမေရိကန်မိုးလေ၀သက မှန်းထားတာတော့ ဒီမုန်တိုင်းက မြန် မာနိုင်ငံ မြောက် ဖျားလောက် ရောက် လာနိုင် တယ်ပေါ့။ ဒါပေမယ့် စောင့်ကြည့်ရ မှာပေါ့။ အနောက်ဘက် လာရင် တောင် တန်းတွေပေါတော့လေ။ အဓိကတော့ မိုးပါပဲ။ လေတော့ နည်းနည်းပါးပါးပါမယ်၊ တောင်ပေါ်ဒေသဆိုတော့

အပစ်အခတ်မရပ်သော KIA အဖွဲ့ ပယင်းမှော်ဒေသတွင် မှော်လုပ်သားများအား ထပ်မံဖမ်းဆီး

Photo: အပစ်အခတ်မရပ်သော KIA အဖွဲ့ ပယင်းမှော်ဒေသတွင် မှော်လုပ်သားများအား ထပ်မံဖမ်းဆီး

စက်တင်ဘာ ၁၆ ရက်၊ ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသရှိ လဘူခရွှေမှော်တွင် မှော်လုပ်သားအဖြစ် လုပ်ကိုင်နေသော လူငယ်များအား စက်တင်ဘာ ၁၃ ရက်နေ့၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းမှော်သူမှော်သားများထံမှ သိရသည်။

အဆိုပါဒေသတွင် ပယင်းမှော်အပါအ၀င် ညောင်ပင်ကုန်းမှော်၊ ပိန်းနှဲကုန်းမှော်၊ ချမ်းသာကုန်းမှော်၊ နဂါးအိုင်မှော်၊ ဇီးဖြူကုန်းမှော်၊ လဘူခမှော်စသဖြင့် ပယင်းနှင့် ရွှေတူးဖော်လျက်ရှိရာ KIA အဖွဲ့၏ လူသစ်စု ဆောင်းရာ စားကျက်မြေသဘောမျိုးဖြစ်နေပေသည်။

``ဆက်ကြေးလည်းပေးရတယ်၊ မှော်ထဲမှာ နေထိုင်ခွင့်လက်မှတ်လည်း ၀ယ်ရတယ်၊ ဧည့်စာရင်းလက်မှတ် လည်း ၀ယ်ရတယ်၊ ဒါပေမယ့် KIA အဖွဲ့က အဲဒီလို သူတို့စိတ်တိုင်းကျ ပေးနေတာတောင် လူတွေကို လာလာပြီး ဖမ်းနေတယ်´´ ဟု မှော်လုပ်သားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ မှော်လုပ်သားများအား မူးယစ်ဆေးဝါးသုံးစွဲသည်ဟု အကြောင်းပြကာ ရက်ခြားဆိုသလို လာရောက် ဖမ်းဆီမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

``ဟိုတစ်နေ့က မှော်ထဲလာပြီး လူငယ်တွေကိုပဲ ရွေးဖမ်းသွားတာ၊ အသက် ၂၀ နဲ့ ၃၅ ကြား လူငယ်သုံးဆယ် လောက်ပါသွားတယ်၊ KIA အဖွဲ့အတွက် လူသစ်စုနေတယ်ဆိုတာသိပေမယ့် ဘာတတ်နိုင်မှာလဲ၊ သူတို့ လုပ်သမျှ ခံနေရတာပါပဲ´´ ဟု လဘူခရွှေမှော်မှ ကျင်းလုပ်သား ကိုစန်းဝင်းက ပြောကြားသည်။

KIA အဖွဲ့ခေါင်းဆောင်ပိုင်းသည် အစိုးရအဖွဲ့နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေး ထိုးနိုင်ရေး NCCT အဖွဲ့တွင် ပါဝင်သော်လည်း ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ် ယနေ့အချိန်ထိ မထိုးရသေးသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ကြောင်း သိရှိရပါသည်။

ညီသစ်(မြစ်ကြီးနား)
 ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပယင်းမှော်ဒေသရှိ လဘူခရွှေမှော်တွင် မှော်လုပ်သားအဖြစ် လုပ်ကိုင်နေသော လူငယ်များအား စက်တင်ဘာ ၁၃ ရက်နေ့၌ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းမှော်သူမှော်သားများထံမှ သိရသည်။

အဆိုပါဒေသတွင် ပယင်းမှော်အပါအ၀င် ညောင်ပင်ကုန်းမှော်၊ ပိန်းနှဲကုန်းမှော်၊ ချမ်းသာကုန်းမှော်၊ နဂါးအိုင်မှော်၊ ဇီးဖြူကုန်းမှော်၊ လဘူခမှော်စသဖြင့် ပယင်းနှင့် ရွှေတူးဖော်လျက်ရှိရာ KIA အဖွဲ့၏ လူသစ်စု ဆောင်းရာ စားကျက်မြေသဘောမျိုးဖြစ်နေပေသည်။

ကားကြုံစီး မိန်းမလျာငါးဦး ဟံသာဝတီအဝိုင်း အနီးတွင် ငွေကျပ်ကိုးသိန်း ခိုးယူထွက်ပြေး

ကမာရွတ်မြို့နယ်၊ ဟံသာဝတီ အဝိုင်းအနီးတွင် စက်တင်ဘာလ ၁၄ ရက် ည ၉ နာရီခွဲခန့်က ကယ်ဒီနာဗင် အမျိုးအစား ကိုယ်ပိုင်ယာဉ်ပေါ် လမ်းကြုံလိုက်လာသော မိန်းမလျာငါးဦးက ယာဉ်ခေါင်းခန်း၌ သိမ်းဆည်းထားသည့် ငွေကျပ် ကိုးသိန်းကို ခိုးယူထွက်ပြေးခဲ့ကြောင်း ကမာရွတ် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
ဗဟန်းမြို့နယ် ရွှေတောင်ကြား ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် အမျိုးသားမှာ ယင်းနေ့က ကယ်ဒီနာဗင်ဖြင့် ကမာရွတ်မြို့နယ်ဘက်သို့ မောင်းနှင်လာပြီး ဦးဝိစာရလမ်း၌

ဓမ္မစေတီခေါင်းလောင်း ရှာမတွေ့ပါကအလှူငွေကျပ်သိန်း၁၃၀ကျော် ပြန်အပ်မည်

ဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေ၊ ဆယ်ယူခြင်းအတွက် ပြည်တွင်း
အလှူရှင်များလှူဒါန်းထားသည့် ငွေကျပ် ၁၃၄သိန်းအား ရိုးမဘဏ်
တွင်အပ်နှံထားပြီးခေါင်းလောင်းကြီး ရှာဖွေမတွေ့ရှိပါက အလှူရှင်
များကို ပြန်လည်ပေးအပ်သွားမည်ဟု ခေါင်းလောင်းရှာဖွေရေး ပြန်
ကြားရေးအဖွဲ့မှ ဦးကြည်ဝင်းက ပြောကြားခဲ့သည်။

မြ၀တီနယ်စပ်မှာ ၂ရက်ဆက်တိုက် ချိန်ကိုက်ဗုံးတွေ တွေ့

ကိုလံဘီယာ အမျိုးသမီးအသင်းဝတ်စုံကို နိုင်ငံတကာစက်ဘီးအဖွဲ့ချုပ် ကန့်ကွက်

Bxe6fNpIQAAb9s7 copy
ကိုလံဘီယာအမျိုးသမီး စက်ဘီးအသင်းက ၀တ်ဆင်ခဲ့တဲ့ ၀တ်စုံဟာ အ၀တ် မ၀တ်ထားတဲ့ ကိုယ်လုံးတီးပုံစံ ဖြစ်နေတဲ့အတွက် လက်မခံနိုင်ဘူးလို့ နိုင်ငံတကာ စက်ဘီးအဖွဲ့ချုပ်က ပြောပါတယ်။ အီတလီမှာ ကျင်းပနေတဲ့ ပြိုင်ပွဲအတွက် ကိုလံဘီယာအမျိုးသမီး စက်ဘီးအဖွဲ့က ၀တ်ဆင်ခဲ့တဲ့ အနီနဲ့ အ၀ါရောင် ရောထားတဲ့ ၀တ်စုံရဲ့ ခါးနဲ့ တင်ပါးနေရာမှာ အသားရောင် အထည်စကို အသုံးပြုထားတဲ့ အတွက် ကြည့်လိုက်ရင် ၀တ်လစ်စလစ် ကိုယ်လုံးတီးပုံစံ ဖြစ်နေတဲ့ အတွက် စက်ဘီးအဖွဲ့ချုပ်က ဥက္ကဋ္ဌ ဘိုင်ယံကွတ်ဆင်က အခုလို ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

ဓာတ်ကြိုးအန္တရာယ် ကိုယ်တိုင်ကြည့်ရှောင်ဟု လျှပ်စစ်ဌာနပြော

Electricity
ရန်ကုန်မြို့၊ အလုံမြို့နယ်၊ စောရန်ပိုင် (တောင်) ရပ်ကွက်၊ ကျောင်းလမ်းရှိ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ရုံးချုပ်အနီး ဗို့အား (၆,၆၀ဝ) ဓာတ်ကြိုး သုံးကြိုးပြတ်ကျရာ ကောင်းကင် ဓာတ်အားလိုင်း ဌာနခွဲအဖွဲ့ ဝန်ထမ်းများက ပြန်လည်ပြင်ဆင်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
ရန်ကုန် (မဇ္ဈိမ)။ ။ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး ကိုယ့်အန္တရာယ်ကိုယ်ရှောင်ကြရန် လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာန၊ လျှပ် စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်အောင်က သတိပေးလိုက် သည်။
၎င်းက “လျှပ်စစ်နဲ့ပတ်သက်ပြီး အကုန်လုံးကို အန္တရာယ်ကင်းရှင်းဖို့လုပ်ထားတယ်။ လမ်းဖြတ်ကူးရင် ကား ကိုကြည့်ရှောင်ရသလို ဓာတ်ကြိုးအောက်သွားမယ်ဆိုရင်လည်း ဓာတ်ကြိုးကို ကြည့်ရှောင်ရမယ်။
အန္တရာယ်ရှိတယ်ဆိုတာကို အရင်ကတည်းက သိထားရမှာပေါ့။ ဓာတ်ကြိုးတွေက အများကြီးမိုင်ပေါင်းများ စွာရှိနေတော့ ဘယ်အချိန် ပြတ်ကျမလဲဆိုတာ မသိနိုင်ဘူး။ မြင်တဲ့သူက အကြောင်းကြားပေးမှသာလျှပ် စစ်ဝန်ကြီးဌာနက ချက်ချင်းပြင်လို့ရမှာ”ဟု ပြောသည်။

မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်အချို့ မှတ်ပုံတင်မိတ္တူဖြင့် တယ်လီနောဆင်းမ်ကတ် ကြိုတင်မှာကြားမှု စတင်လက်ခံ

မည်သည့်ဟန်းဆက် အမျိုးအစားမဆို ထည့်သွင်းအသုံးပြုနိုင်ပြီး ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၂၅ ကျပ်အောက် လျော့နည်းမည်ဆိုသော တယ်လီနော မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်များကို မန္တလေးမြို့တော်ရှိ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်အချို့တွင် မှတ်ပုံတင်မိတ္တူဖြင့် ကြိုတင်မှာကြားမှုများကို စတင် လက်ခံလျက်ရှိကြောင်း အဆိုပါ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များထံမှ သိရှိရသည်။

အငိုလွန်သည့်ကလေးဖခင်ဖြစ်သူကစောင်ဖြင့်အုပ်ထား၍သေဆုံး

ဝါးခယ်မမြို့နယ်ကျုံစိန်ကျေးရွာအုပ်စုညောင်ချောင်းကျေးရွာနေဦးစိန်လှဝင်း
သည်စက်တင်ဘာ၁၃ရက်မွန်းလွဲ၁ နာရီခွဲက နေအိမ်၌ရှိစဉ် အိမ်နီးချင်းနေ ကျောင်းသူ
လေးနှစ်ဦးဖြစ်ကြသောမဟေမာန်ဦး(၆)နှစ်နှင့်မအေးချမ်းမေ(၈)နှစ်တို့ကဦးစိန်လှ
ဝင်းအားပြောပြသည်မှာဝါးခယ်မမြို့ ဆေးရုံ ရပ်ကွက်နေ ဇော်ရှင်း (ခ) ဟာကင်း (၃၁)
နှစ်သည် ၎င်း၏သမီးငိုလွန်းသဖြင့် ခြုံစောင်ဖြင့်ကလေးမျက်နှာကိုဖိအုပ်လိုက်ရာ
သေဆုံးသွားသည်ဟု ပြောပြ၍ သိရသည်။

စက်တင်ဘာအစည်းအဝေး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရန် နောက်ဆုံးအစည်းအဝေးဖြစ်နိုင်ဟု ဆို

လာမည့် ၂၂ ရက်တွင် ပြုလုပ်မည့် UPWC နှင့် NCCT တို့၏ အစည်းအဝေးမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေး အတွက် ပြု လုပ်သည့် နောက်ဆုံး အစည်းအဝေး ဖြစ်နိုင်ခြေ အလားအလာများနေကြောင်း နှစ်ဖက် စလုံးက ပြော ကြားသည်။
အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကိုယ်စားပြုသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေးအဖွဲ့ (NCCT) တို့၏ စက် တင်ဘာလ ၂၂ ရက်တွင် စတင်ပြုလုပ်မည့် NCA မူကြမ်းဆွေးနွေး ပွဲမှာ တရားဝင် (၆)ကြိမ်မြောက် ဖြစ်သည်။

IS အစ္စလာမ္မစ် ဂျီဟတ်များကို ချေမှုန်းရန် ကမ္ဘာလုံးဆိုင်ရာ တပ်ပေါင်းစုဖွဲ့ရေး နိုင်ငံခြားရေး ဝန်ကြီးများ ပဲရစ်တွင် ညီလာခံပြုလုပ်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ အပါအဝင် ကမ္ဘာအနှံ့မှ နိုင်ငံခြားရေး ဝန်ကြီးများ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် တွေ့ဆုံကြကာ အစ္စလာမ္မစ်နိုင်ငံတော် IS ကို အပြီးတိုင် ချေမှုန်းနိုင်ရေးအတွက် တပ်ပေါင်းစုဖွဲ့ရေး ညှိနှိုင်းဆွေးနွေးကြမည် ဖြစ်ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဗြိတိန် လူသားချင်းစာနာမှုဆိုင်ရာ လုပ်သားတစ်ဦးကို ခေါင်းဖြတ်လိုက်သည်ကို ကြည့်ခြင်းအားဖြင့် IS ကို ချေမှုန်းရေးတစ်ခုခု လုပ်မှ ဖြစ်တော့မည်ဟု ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်ဒဲလ် က ပြောကြား လိုက်သည်။

ဘင်္ဂါလီ ၈ဝ ကျော် နိုင်ငံသားဖြစ်ခွင့် မြို့နယ်အဆင့် တင်ပြမှုသည် အပြီးသတ်ဆုံးဖြတ်ချက် မဟုတ်ဟုဆို

ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် သတ် မှတ်ချက်အား ဗဟိုကသာလုပ်ဆောင်ရမည် ဖြစ်ပြီး ကျန်သည့်အဆင့်များကဖြစ်သင့်ကြောင်း တင်ပြမှုကိုသာ ဆောင်ရွက်နိုင် သည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြော သည်။
မြို့နယ်အဆင့်က နိုင်ငံသားဖြစ်ခွင့်ရှိသူ စာရင်းဟုဆိုကာ ဘင်္ဂါလီ ၈ဝ ကျော်ကို လတ် တလောတွင် တင်ပြထားမှုအပေါ် ဝေဖန်နေ ခြင်းကို ၄င်းက ပထမဆုံးတုံ့ပြန်ပြော ကြားခြင်း ဖြစ်သည်။
”ဥပဒေအရ ဗဟိုအဖွဲ့ကသာ ဆုံးဖြတ် နိုင်တဲ့ကိစ္စပါ”ဟု ၄င်းက ပြောသည်။

ဘူးသီးတောင်မှာ လှုံ့ဆော်မှုဆန်ဆန် ဖြစ်ရပ်တချို့ပေါ်ပေါက်ခဲ့

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က စာသင်ကျောင်းတချို့မှာ အခုလအတွင်း လုံခြုံရေး ဆိုင်ရာ ပြဿနာတချို့ပေါ်ပေါက်ခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့က RFA ကို ပြောပါတယ်။
ဘူးသီးတောင်မြို့နယ်အတွင်းက အလယ်တန်းကျောင်းတချို့မှာ ဖြစ်စဉ်သုံးခုဖြစ်ပွားခဲ့ကြောင်း ခရိုင်ဒုတိယ ရဲမှူးကြီး ဦးရွှေသန်းက ပြောပါတယ်။ ပထမဖြစ်ရပ်မှာ ဘင်္ဂါလီကျောင်းသားတစ်ဦးက နိုင်ငံတော်သီချင်းစာသားထဲက မြန်မာဆိုတဲ့နေရာမှာ ရိုဟင်ဂျာလို့ပြောင်းလဲသီဆိုခဲ့တာ၊ နောက် တစ်ခုက ကျောင်းရုံးခန်းအတွင်းဝင်ရောက်ပြီး နိုင်ငံတော်အလံအပါအ၀င် ပရိဘောဂတွေကို ဖျက်ဆီးခဲ့တာ၊ နောက်ဆုံးတစ်ခုကတော့ ဆရာမရဲ့စားပွဲပေါ်မှာ စာရေးခဲ့တာဖြစ်တယ်လို့ ဒုရဲမှူးကြီး ဦးရွှေသန်း က ပြောပြပါတယ်။

လမ်းမကြီးဘေးက အိမ်ဆောက်ပစ္စည်းများကြောင့် ကားကြိတ်သေဆုံးမှုဖြစ်

မန္တလေး တက္ကသိုလ် ဧရိယာအတွင်း ၀ိုင်ဖိုင် အခမဲ့သုံးနိုင်သော်လည်း ဖေ့စ်ဘုတ်သုံးစွဲခွင့်ကို ပိတ်ထား

မန္တလေး တက္ကသိုလ် ဧရိယာ၂၅၃ ဒသမ ၃၃ ဧကအတွင်း ကျောင်းသား၊ ကျောင်းသူများ အီလက်ထရောနစ် စာကြည့်တိုက်ကို (e-library )ကို အသုံးပြုနိုင်ရန် အင်တာနက်ဝိုင်ဖိုင်စနစ်ကို အခမဲ့ထုတ်လွှင့် ထားသော်လည်း ဖေ့ဘွတ်သုံးစွဲခွင့်ကို ပိတ်ပင်ထားကြောင်း အဆိုပါ တက္ကသိုလ် မော်ကွန်းထိန်းက မဇ္ဈိမကို ပြောသည်။

“ပညာရပ်ဆိုင်ရာတွေ ဒေါင်းလုပ်ဆွဲချင်တဲ့သူတွေအတွက် အခမဲ့တင်ဒါစနစ်ကို ထုတ်လွှင့်ပေးတာ ဖြစ် ပါတယ်။ အဓိကကျတဲ့ ပညာရပ်ဆိုင်ရာတွေကို ဒေါင်းလုပ်ဆွဲချင်ရင်တော့ စာကြည့်တိုက်မှာ လာရောက် လုပ်ဆောင်မှ ရမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အီဘိုလာထိန်းချုပ်ရေး ကုလသမဂ္ဂ အရေးပေါ် အစည်းအဝေးခေါ်မည်

Photo: အီဘိုလာထိန်းချုပ်ရေး ကုလသမဂ္ဂ အရေးပေါ် အစည်းအဝေးခေါ်မည်

စက်တင်ဘာ ၁၆ ရက် ၊၂၀၁၄ ခုနှစ်

အီဘိုလာ ရောဂါ အကျပ်အတည်းကို ကိုင်တွယ်ဖို့ စက်တင်ဘာ ၁၈ ရက်နေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူမယ်လို့ အမေရိကန် သံတမတ်ကြီး ဆမ်မန်သာ ပါဝါက ကြေညာပါတယ်။

အခုအထိ အီဘို လာ ရောဂါကြောင့် သေဆုံးသူ ၂ ထောင်ကျော်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပါတယ်။

အမေရိကန် သံတမတ်ကြီးက အောက်ခြေ အခြေအနေ ဟာ သေရေး ရှင်ရေးဖြစ်နေ ပြီး ရောဂါဗိုင်းရပ်ကို ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ကြောင်း စက်တင်ဘာ ၁၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

ရောဂါအကျပ်အတည်းဟာ ဆိုးရွားပေမယ့် နိုင်ငံတကာရဲ့ အရေးပေါ် တုံ့ပြန်မှု မရှိရင် လူထုကျန်းမာရေး အကျပ်အတည်းကို ဦးတည်သွားနိုင်ပြီး လူ့အသက် ဆုံးရှုံးမှုဟာလည်း မျှော်လင့်ထားတာထက် ပိုများလာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

အခုလို အရေးပေါ် အစည်းအဝေး ခေါ်ယူဖို့ကို လိုက်ဘေးရီးယား၊ ဆီရာလီယွန်း၊ ဂီနီနဲ့ အမေရိကန်ပြည်ထောင်စုတို့က ဆော်သြခဲ့တာလို့ ပြောပါတယ်။

ရောဂါကပ်ဘေးနဲ့ပတ်သက်လို့ အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ ကုလသမဂ္ဂ လုံခြုံရေးကေင်စီက အခုလို အရေးပေါ် အစည်းအဝေးခေါ်ယူတာဟာ ၂၀၀၀ ပြည့်နှစ်က HIV/AIDS ကပ်ဘေးအတွက် ဖြစ်ခဲ့ပြီး ဒီတကြိမ်က ဒုတိယအကြိမ် ဖြစ်ပါတယ်။

DVB
 အီဘိုလာ ရောဂါ အကျပ်အတည်းကို ကိုင်တွယ်ဖို့ စက်တင်ဘာ ၁၈ ရက်နေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ခေါ်ယူမယ်လို့ အမေရိကန် သံတမတ်ကြီး ဆမ်မန်သာ ပါဝါက ကြေညာပါတယ်။

အခုအထိ အီဘို လာ ရောဂါကြောင့် သေဆုံးသူ ၂ ထောင်ကျော်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပါတယ်။

ခါကာဘိုရာဇီတောင်တက်သမားနှစ်ဦးအား ရှာဖွေရေးတွင် တရုတ်ကောင်းကင်ပြာ ကယ်ဆယ်ရေးအဖွဲ့ တိဗက်တောင်တန်းဘက်မှ တက်ရောက်ရှာဖွေမည်

ခါကာ ဘိုရာဇီတောင်တက်သမား နှစ်ဦး အား ရှာဖွေရေးတွင် တရုတ်နိုင်ငံ ကောင်းကင်ပြာ ကယ်ဆယ်ရေးအဖွဲ့ သည် မြန်မာနိုင်ငံဘက်မှ တက် ရောက်မည်မဟုတ်ဘဲ တိဗက်တောင် တန်းဘက်မှသာတက်ရောက်ရှာဖွေ သွားမည်ဖြစ်ကြောင်း တရုတ်သံရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။
သို့သော် ထူးဖောင်ဒေးရှင်းက မူ တရုတ်အဖွဲ့ အပြီးပြန်သည်ဟု ပြောကြားသည်။

လိမ်လည်မှုများစွာဖြင့် ခေါင်းလောင်းရှာပုံတော်


ဓမ္မစေတီခေါင်းလောင်းကို ဦးစံလင်းဦးဆောင်၍ မြန်မာ့နည်း၊မြန်မာ့ဟန်ဖြင့် ဆယ်ယူနေသည်မှာ ယနေ့တွင် ၃၈ရက် ရှိပြီဖြစ်သည်။ ခေါင်းလောင်းအား သြဂုတ်၉ရက် က စတင်ရှာဖွေခဲ့ပြီး သြဂုတ် ၂၆ရက်တွင် နဂါးအပါအ၀င် အရိယာဝိဇ္ဇာအပေါင်း ခွင့်ပြုချက်တောင်းပြီးနောက် ခေါင်းလောင်းတွေ့ပြီဟု ဦးစံလင်းက ကြေညာခဲ့သည်။ ခေါင်းလောင်း စတင်တူးဖော်စဉ်ကတည်းက ယုံကြည်သူများရှိခဲ့သလို မယုံကြည်သူများလည်း ရှိခဲ့ကြသည်။ ခေါင်းလောင်းရှိသည်ကိုပင် မယုံကြည်သူများကလည်း ရှိပြီး ခေတ်မီသိပ္ပံနည်းကျမဟုတ်ဘဲ မြန်မာ့နည်း မြန်မာ့ဟန်ဟုဆိုကာ နဂါးများအကြောင်း ပါဝင်လာသောအခါ လက်တွေ့သမားများအတွက်  ရယ်စရာတစ်ခုဖြစ်ခဲ့သည်။ ခေါင်းလောင်းကြီးကို

မန္တလေးပဋိပက္ခ ဖြစ်စဉ်မှ ရဲထွဋ်နှင့် နုနုမြတ်တို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်

မန္တလေးပဋိပက္ခ ဖြစ်စဉ်တွင် အဓိက ပါဝင်သူများအဖြစ် ပျဉ်းမနားမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားသော ကိုရဲထွဋ်နှင့် မနုနုမြတ်တို့ကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်သူများ အက်ဥပဒေ ၆ (၂) ၆ (၃) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရသည်။
မနုနုမြတ်ကို မှတ်ပုံနှစ်ခု ကိုင်ဆောင်မှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး ကိုရဲထွဋ်မှာလည်း မှတ်ပုံတင်နှစ်ခု ကိုင်ဆောင်သည်ကို သိရှိပါလျက် ပြောဆိုခြင်း မရှိသည့်အတွက် ၎င်းကိုပါ အလုပ်နှင့် ထောင် ၂ နှစ် ချမှတ်ခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

တိုင်ဖွန်းမုန်တိုင်းကြောင့် မုတ်သုံလေ အားကောင်း ဒေသအများစု ရေဘေးအန္တရာယ်ရှိ

 တောင်တရုတ်ပင်လယ် မှ ကယ်လ်မေဂီ (Kalmaegi) တိုင်ဖွန်းမုန်တိုင်းသည် ကုန်းတွင်းမုန် တိုင်းငယ်အဖြစ် မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်သလို၊ လက်ရှိ မုန် တိုင်းအရှိန်ကြောင့် မုတ်သုံလေ ပိုမိုအားကောင်းလာကာ ဒေသ အများစု၌ ရေဘေးအန္တရာယ် ကြိုတင် သတိပြုသင့်ကြောင်း ဒေါက်တာ ထွန်းလွင်က ပြောသည်။
‘‘တတိယရေကြီးကာလ လည်း ဖြစ်နေတယ်။ မုန်တိုင်းက လည်း အားကောင်းနေတယ်။ သူ့ အရှိန်ကြောင့်လည်း မုတ်သုံက ပြန်အားကောင်းနေပြန်တယ်။ အခုတောင် မိုးခေါင်နေတဲ့ အ လယ်ပိုင်းမှာ ရေဘေးတွေ့နေရ ပြီ။ ဒီမုန်တိုင်းကြောင့် ရေလွှမ်း မယ့်အန္တရာယ်ရော လေပြင်း ကျမယ့်

အီရတ်အမျိုးသမီးငယ် များကို ISIS အစ္စလာမ္မစ် စစ်သွေးကြွ များက ကျွဲ ၊ နွားများကဲ့သို့ လေလံတင် ရောင်းချလျက်ရှိ

ISIS Rapes, Tortures, Marries Captured Yazidi Women As Young As 13.

ဗိုလ်မှူးတစ်ဦးကို ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးသဖြင့် အရေးယူသည်ဆိုခြင်းမှာ မဟုတ်ဟုဆို

အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်မှ ဗိုလ်မှူးအဆင့်ရှိသူ တပ်မတော်အရာရှိတစ်ဦးကိုပုဒ်မ ၄၃၆ပြင်ဆင် လှုပ်ရှားမှုတွင်ပါဝင် လက်မှတ်ရေးထိုးခြင်းကြောင့်အ ရေးယူထားသည်ဆိုခြင်းမှာ လုံးဝ မဟုတ်မှန်ဘဲ မူလကတည်းက အုပ်ချုပ်မှု လျော့ရဲသည့်ဖြစ်စဉ် ကြောင့် တပ်တွင်းအရေးယူမှုကို ပြုလုပ် ထားခြင်းဖြစ်ကြောင်းတပ် မတော်အရာရှိကြီးတစ်ဦးကပြော ကြားလိုက်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တွင် လုံခြုံရေးနှင့် နယ်စပ် တည်ငြိမ်အေးချမ်းရေး တာဝန်  ထမ်းဆောင်နေသော ဗိုလ်မှူး  ကျော်စွာဝင်းမှာ မန္တလေးမြို့တွင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူး ပေါင်းဆောင်ရွက်သည့်ဖွဲ့စည်းပုံ 

ပီအာရ်အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုမှာ မသင့်လျော်ကြောင်း အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် ဒီချုပ်စာတမ်းတင်သွင်း


အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားကိုတက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား သတင်းထောက်များကမေးမြန်းနေစဉ်(ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ)
ဒီမိုကရေစီစနစ် ကို စတင်အကောင်အထည်ဖော် နေရသော ယခုကဲ့သို့ အချိန်အခါ တွင် နိုင်ငံအတွက် အခြားအရေး တကြီး လုပ်ဆောင်ရန်ရှိသည့် ကိစ္စများ ရှိနေသော်လည်း ရွေး ကောက်ပွဲစနစ် ပြောင်းလဲရေး လုပ်ဆောင်ရန် ကြိုးပမ်းနေမှုများ မှာ သင့်လျော်မှုမရှိသော လုပ် ဆောင်ချက်များဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် တင်သွင်းသော စာတမ်းတွင် ထည့်သွင်းရေးသားခဲ့သည်။

ဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီဦးရေ လေးသောင်းခန့် တိုးလာဟု ရခိုင်အမျိုးသားအင်အားစုပြော


ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခု ( ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ) )

ပဋိပက္ခ ၂ နှစ်ကျော် ကာလအတွင်း ဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီ လူဦးရေ လေးသောင်းခန့် တိုးပွားလာနေကြောင်း ရခိုင်အမျိုးသားအင်အားစုများက နိုင်ငံတော်သမ္မတထံသို့ တင်ပြစာတွင် ဖော်ပြ ထားသည်။
စစ်တွေမြို့ရှိ မြို့မိမြို့ဖ အဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့တို့က ဘင်္ဂါလီလူမျိုးများ နေရာ ချထားရေး နှင့် ပတ်သက်၍ ဒေသခံများ၏ ဆန္ဒသဘောထားများကို နိုင်ငံတော်သမ္မတထံသို့ ပေးပို့သော စာတွင် ယင်းကဲ့သို့ ဖော်ပြထား ခြင်းဖြစ်သည်။

တရားထိုင်ခြင်းဖြင့် ခေါင်းတစ်ခြမ်း ကိုက်ခြင်း သက်သာစေနိုင်

ခေါင်းတစ်ခြမ်းကိုက်သည့် ဝေဒနာကိုမကြာခဏခံစားနေရ သူအရေအတွက်မှာ နည်းပါးသော်လည်း သိသာ ထင်ရှားသော အရေအတွက်ရှိနေဆဲဖြစ်သည်။

နေ့စဉ်မိနစ်အနည်းငယ်မျှ တရားထိုင်ပေးခြင်းဖြင့် စိတ်ဖိစီး မှုလျော့ကျစေနိုင်ကြောင်း လေ့လာမှုများကဖော်ပြ သည်။ တရား ထိုင်ခြင်းနှင့် ယောဂကျင့်သည့်နည်းအတိုင်း အသက်ရှူလေ့ကျင့် ခန်းလုပ်ခြင်းဖြင့် ခေါင်း တစ်ခြမ်း ကိုက်သည့် ဝေဒနာကိုသက်သာ စေနိုင်ကြောင်း လေ့လာမှု အသစ်တစ်ရပ်က ဖော်ပြသည်။
ခေါင်းကိုက်ခြင်းကို အဓိကဖြစ်စေနိုင်သောအရာမှာ စိတ်ဖိစီးခြင်းဖြစ်ပြီး ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် စိတ်ဖိစီးမှုကို လျော့ကျစေနိုင်သည့် တရားထိုင်ခြင်းနှင့် ပတ်သက်သော ကျန်းမာရေးအကျိုးကျေးဇူး များကို ဒေါက်တာရေဗက္ကာအာဝင်ဝဲလ်စ်က ‘‘Headche’’ဂျာနယ်တွင် ယခုသီ တင်းပတ် အတွင်း ထောက်ပြရေး သားထားသည်။

မြ၀တီမြို့ ချစ်ကြည်ရေးတံတားအနီးတွင် ချိန်ကိုက်မိုင်းတစ်လုံးတွေ့ရှိ

Photo
MOI Webportal Myanmar

အချိုရည်သောက်တဲ့အကျင့်ကို . . ဖျောက်ပါ

ရေငတ်လို့ပဲဖြစ်ဖြစ် ပင်ပန်းနွမ်းနွယ်လို့ပဲ ဖြစ်ဖြစ် အချိုရည် ပုလင်းတွေ၊ သံဘူးတွေ သောက်ပါက သင်၏ သွေးဖိအားကို မြင့်တက်စေနိုင်ပါသည်. . . တစ်နေ့လျှင် သစ်သီးမှရသော
သကြားဓာတ် (Fructose) ၇၄ ဂရမ် စားသုံးပါက (အချိုရည် သံဘူး ၂ ဘူးခွဲနှင့်
ညီမျှသည် ) သွေးဖိအား ၃၆ ရာခိုင်နှုန်း တက်လာစေနိုင်ကြောင်း သိရသည်. . .
အ၀လွန်နေခြင်း၊ ဆီးချိုသွေးချိုရောဂါဖြစ်ခြင်း ၊ သွားပိုးစားခြင်း ပြဿနားများ လည်း
ဖြစ်စေနိုင်သည်. . အချိုဓာတ်လျော့ထားသည်ဟု ဆိုသော ဖျော်ရည်ဘူး (Diet Soft
Drink) များသည်လည်း စိတ်မချရပါ. .. ဟားဗတ်ဆေးကျောင်းတွင် လေ့လာမှုအရ

တိုက်ရိုက်ဖိတ်က နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်ရေးရန် အသင့်ဟု အင်န်အယ်လ်ဒီဆို

LND
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေဆုံပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီစားသောက် ခန်းမတွင်  သြဂုတ်လ ၃၀ ရက်က ပြုလုပ်ကျင်းပစဉ်။  (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ရန်ကုန် (မဇ္ဈိမ)။ ။ အပစ်ရပ်ပြီးနောက် ပြည်နယ်နှင့်တိုင်းအသီးသီးတို့ကို စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ၊ အတိုက်အခံအင် အားစုများ တောင်းဆိုနေသည့် ကိစ္စရပ်များဖြေရှင်းရေး ကျင်းပမည့် နိုင်ငံရေးဆွေးနွေး ပွဲ ဖော်ဆောင်ရေးမူ ဘောင်ရေးဆွဲရန် တိုက်ရိုက်ဖိတ်ကြားလာပါက အဆင်သင့်ရှိပြီးဖြစ်သည်ဟု NLD မှ ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်က မဇ္ဈိမကို ပြောသည်။

ချယ်ရီဦးကုမ္ပဏီမှ တင်သွင်းလာသော နာရီများအား Mobile Team နှင့်ပူးပေါင်းအဖွဲ့တို့၏ လေဆိပ်၌စစ်ဆေးပြီး စစ်ဆေးမှုမပြီးပြတ်သေးချိန်တွင် အကောက်ခွန်မှ ပစ္စည်းထုတ်ယူခွင့်ပေးခဲ့မှု ဖြစ်ပွား


နိုင်မိသားစု ချယ်ရီဦးကုမ္ပဏီမှ တင်သွင်းလာသောနာရီများအား Mobile Team  နှင့် ပူးပေါင်းအဖွဲ့မှ လေဆိပ်၌စစ်ဆေးပြီး စစ်ဆေးမှုမပြီးပြတ်သေးချိန်တွင် အကောက်ခွန်မှ ပစ္စည်းထုတ်ယူခွင့်ပေးခဲ့မှုဖြစ်ပွားခဲ့ကြောင်း တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ မှ သိရသည်။   နိုင်မိသားစုချယ်ရီဦးမှ သွင်းကုန်လိုင်စင်အမှတ်  IL23111 (၂၁.၈.၂၀၁၄) ၊ ID-525623 (၁.၉.၂၀၁၄)၊ Air Way Bil အမှတ် ၄၉၄၀၈၀၅၃ တို့ဖြင့် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃ တွင် တင်သွင်းလာသည့် ကိုရီးယားနိုင်ငံထုတ် Quartz အမျိုးအစား Romanson Brand Assorted Gents & Ladies Watch(with accessories) Stainless & Leather နာရီ ၉၃၇ လုံးအား  Mobile Team ပူးပေါင်းနှင့် အကောက်ခွန်အဖွဲ့ထံသို့ ပြသစစ်ဆေးမှုခံခဲ့ကြောင်း သိရသည်။   သက်ဆိုင်ရာအဖွဲ့မှ

သရုပ်ဆောင်လင်မယားနှစ်ဦး၏ နှိပ်စက်မှုခံရသည့် အိမ်အကူမိန်းကလေး ခွဲစိတ်ကုသရန်လိုအပ်

ရန်ကုန်မြို့ရှိ သ ရုပ်ဆောင်လင်မယားနှစ်ဦး၏ နေအိမ်တွင် အိမ်အကူလုပ်စဉ် အိမ်ရှင်များ နှိပ်စက်မှု ကြောင့် ဒဏ်ရာရလာသည့် မြောင်းမြမြို့ နယ်မှ ၁၄ နှစ်အရွယ် မိန်းကလေး၏လက် ကို ခွဲစိတ်ကုသရန် လိုအပ်နေ သည်ဟု ယင်း အား ထိန်းသိမ်းစောင့်ရှောက်ထားသူထံမှ သိရသည်။
''ခွဲစိတ်ခကတော့ ၁ဝ သိန်း လောက် ကုန်မယ်ဆိုတော့ ငွေမလောက်လို့ အလှူရှင်ရှာနေတယ်။ လက်ကဒဏ်ရာ ပြီး ရင် သူ့တစ်ကိုယ်လုံးကို ပြန်စစ်ဆေးတာတွေ လုပ်ရဦးမယ်'' ဟု ကလေးငယ်အား ထိန်း သိမ်းစောင့်ရှောက်ထားသည့် မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ သာသနာအဖွဲ့ (ဃြဃ)ဌာန တာဝန်ခံ ဒေါ်မေလျံကပြောသည်။

ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုလပိုင်းခန့်ခေတ္တရပ်ဆိုင်းမည်

ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဖိုက်ဘာကွန်ရက်များ ဖြန့် ကြက်နိုင်ရန် ဆောင်ရွက်နေ၍ ဖိုက်ဘာလိုင်းဖြင့် အင်တာနက်ပေးသည့်ဝန်ဆောင်မှုခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

‘‘ဖိုက်ဘာအင်တာနက်လိုင်းကို နေရာတိုင်းမှာ အလွယ်တကူချိတ်ဆက်ပြီး သုံးနိုင်ဖို့လေ့လာ မှုတွေ ပြုလုပ်နေတဲ့အတွက်ခေတ္တရပ်ဆိုင်းထားတာပါ။ အဲဒါတွေပြီးတာနဲ့ ၀န်ဆောင်မှုတွေကို ပြန်ပေးသွား ပါမယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Inernet Service Provider ဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေကပြောသည်။

မန္တလေးပဋိပက္ခနှင့်ဆက်စပ်သော အမှုတွဲမှနှစ်ဦးအလုပ်ကြမ်းနှင့်ထောင်ဒဏ်၂ နှစ်စီချမှတ်

မန္တလေးပဋိပက္ခဖြစ်စဉ် ကြောင့် လ၀ကအက်ဥပဒေပုဒ်မ ဖြင့် ထပ်မံတရားစွဲဆိုခြင်းခံထားရ သည့် ရဲထွဋ်နှင့်နုနုမြတ်တို့အား ပျဉ်းမနားမြို့နယ်တရားရုံးက အ လုပ်ကြမ်းနှင့်ထောင်ဒဏ်၂ နှစ်စီ အမိန့်ချမှတ် လိုက်ကြောင်း သ တင်းရရှိသည်။

ရဲထွဋ်နှင့် နုနုမြတ်တို့အား ၁၉၄၉မြန်မာနိုင်ငံတွင် မှီတင်းနေ ထိုင်သူများမှတ်ပုံတင် အက်ဥပ ဒေ(လ၀က)ပုဒ်မ ၆(၂)(၃)ပုဒ်မ များဖြင့်အမိန့်ချလိုက်ခြင်းဖြစ် ကြောင်း ၎င်းတို့၏ရှေ့နေဦးတင် ၀င်းအောင်ကပြောသည်။

အခုချပေးလိုက်တဲ့ဆင်းကဒ်(7)သိန်းအတွက်ဂျပန်ပညာရှင်တွေကိုယ်တိုင်မျက် လုံးပြူသွားရသော MPT ရဲ့မျက်လှည့်ပြကွက်

Photo: အခုချပေးလိုက်တဲ့ဆင်းကဒ်(7)သိန်းအတွက်ဂျပန်ပညာရှင်တွေကိုယ်တိုင်မျက်
လုံးပြူသွားရသော MPT ရဲ့မျက်လှည့်ပြကွက်။

မြန်မာ - ဂျပန် သဘောတူညီမှုနဲ့ ဆင်းမ်ကတ် ၇ သိန်းကို ၈ ရက်အတွင်း ဈေးကွက်ထဲကို ထည့်လိုက်ပါတယ်။ ဆင်းမ်ကတ် ၇ သိန်းလည်း ဈေးကွက်ထဲရောက်ရော Activate
( လက်တွေ့အသုံးပြုသူ ) ဖြစ်တဲ့ အရေအတွက်ကို စစ်လိုက်တဲ့အခါ ၃.၈ သိန်းပဲရှိတော့တယ်။

ကျန်တဲ့၃.၂သိန်းကဘယ်သူတွေမျက်လှည့်ပြလိုက်လဲမသိဘူး ပျောက်သွားပါလေရော့။
မြန်မာတွေ ပြလိုက်တဲ့ မျက်လှည့်ကြောင့် ဂျပန်တွေ အံ့သြပြီ သေတော့မလိုဖြစ်နေပါတယ်။ သူတို့တွေဖင်ပိတ်ပြီး အော်နေတာကတော့ဒီဇင်ဘာမတိုင်ခင်ဆင်းမ်ကတ်၅သန်းရောင်းမယ်
ဆိုတာပါပဲ။

စက်နဲ့ပြန်စစ်လိုက်တဲ့အခါမှာတော့အခုချပေးလိုက်တဲ့ဆင်းကဒ်(၇)သိန်းအနက်တကယ်အ
သုံးပြုနေတာက(၃.၈)သိန်းပဲ့ရှိတယ်တဲ့............။

ဒါနဲ့ကျန်နေတဲ့(၃.၂)သိန်းကတော့ ဘယ်ရောက်ကုန်ပြီလည်းလို့ဂျပန်ပညာရှင်တွေစဉ်းစား
လို့ကိုမရဘူးဆိုပဲ့။

ကဲကဲ...မစဉ်းစားနေနဲ့ဂျပန်ကြီးတို့ရေ..........
ကျန်တဲ့စင်းကဒ်တွေကတော့.......
-ငွေဖြည့်ကဒ်သုံးကဒ်နဲ့တွဲရောင်းမဲ့သူတွေလက်ထဲ
-ဆင်းကဒ်နဲ့ဖုံးနဲ့တွဲရောင်းမဲ့သူတွေလက်ထဲ
-ဆင်းကဒ်ကိုဈေးတင်ရောင်းမဲ့မှောင်ခိုလက်ထဲ

ကို..MPT ကတရားဝင်ထည့်ပေးလိုက်တာပါပဲ့နော်။(ဒါကြောင့်တရားဝင်အသုံးပြုနေတာ
ကိုစက်ထဲမပေါ်သေးတာပါ)ဗျာ...ခိုးတဲ့နေရာမှာအလွန်တော်တဲ့ MPT ပါဂျပန်ကြီးတို့ရာ။
မြန်မာ - ဂျပန် သဘောတူညီမှုနဲ့ ဆင်းမ်ကတ် ၇ သိန်းကို ၈ ရက်အတွင်း ဈေးကွက်ထဲကို ထည့်လိုက်ပါတယ်။ ဆင်းမ်ကတ် ၇ သိန်းလည်း ဈေးကွက်ထဲရောက်ရော Activate
( လက်တွေ့အသုံးပြုသူ ) ဖြစ်တဲ့ အရေအတွက်ကို စစ်လိုက်တဲ့အခါ ၃.၈ သိန်းပဲရှိတော့တယ်။
ကျန်တဲ့၃.၂သိန်းကဘယ်သူတွေမျက်လှည့်ပြလိုက်လဲမသိဘူး ပျောက်သွားပါလေရော့။
မြန်မာတွေ ပြလိုက်တဲ့ မျက်လှည့်ကြောင့် ဂျပန်တွေ အံ့သြပြီ သေတော့မလိုဖြစ်နေပါတယ်။ သူတို့တွေဖင်ပိတ်ပြီး အော်နေတာကတော့ဒီဇင်ဘာမတိုင်ခင်ဆင်းမ်ကတ်၅သန်းရောင်းမယ်
ဆိုတာပါပဲ။

သန္တိသုခကျောင်းတိုက်အတွင်း သံဃာများ၊ တုတ်၊ ဓားများဖြင့် ရှိနေသည်ဟု သီတဂူဆရာတော်မမိန့်ကြားကြောင်း စီမံအုပ်ချုပ်ဆရာတော်များ မြွက်ကြား

သန္တိသုခကျောင်းတိုက် တွင် ဆရာတော်၊ သုံးဆယ်တို့ သည် တုတ်၊ ဓားတို့နှင့် ရှိနေ၍ အရေးယူရန် လိုအပ်နေကြောင်း သီတဂူ ဆရာတော်ကြီးက မိန့် ကြားခဲ့ခြင်းမရှိဟု သီတဂူကျောင်းတိုက်ရှိ စီမံအုပ်ချုပ်ရေး ဆရာတော်များက မြွက်ကြားသည်။
သန္တိသုခ ကျောင်းတိုက်မှ ဖယ်ရှားရန် မဟနဆုံးဖြတ်ချက် ပါ အချက်သုံးချက်တွင် ပါဝင် သည့် သံဃာ့အစည်းအဝေးတွင်အထက်ပါ အကြောင်းအရာကို ဒကာတစ်ဦးနှင့် လာရောက်လျှောက်ထားကြောင်း