Friday, August 1, 2014

အဖွဲ့အစည်းတချို့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း လတ်တလောကောက်ချက်ချထားဟုဆိုအောင်ပန်းဗုံးဖောက်ခွဲမှု တရားခံမမိသေး၊ အဆိုပါဖောက်ခွဲမှုအား ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို မလိုလား သည့် တိုင်းရင်းသား လက်နက်ကိုင် အစ္စရေးလ် ပါလက်စတိုင်း ၇၂ နာရီကြာ အပစ်ရပ်

ရှမ်းပြည်နယ် အောင်ပန်းတွင် ဇူလိုင် ၂၅ရက်က ချိန်ကိုက်ဗုံးဖောက်ခွဲမှုမှာ တစ်ပတ် ခန့်ကြာသည်အထိ တရားခံဖမ်းဆီး ရမိခြင်းမရှိသေးကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
သို့ရာတွင် ငြိမ်ချမ်းရေးဆွေး နွေး ပွဲကိုမလိုလားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့က အဆိုပါဖောက်ခွဲမှုကို ပူးပေါင်း လုပ် ဆောင်ခြင်းဖြစ် သည်ဟု လတ်တ လောကောက်ချက် ချထားကြောင်း ရှမ်းပြည်နယ် တောင်ပိုင်းရဲတပ်ဖွဲ့မှူး ရုံးမှ ရဲမှူးကျော်ခိုင်က ဒီမိုကရေစီ တူဒေးသို့ပြောသည်။

အစ္စရေးလ် ပါလက်စတိုင်း ၇၂ နာရီကြာ အပစ်ရပ်

အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့ကြား ကြိုတင်သတ်မှတ်ချက် တစုံတရာ မထားရှိဘဲ လူသားချင်းစာနာတဲ့အနေနဲ့ ၇၂ နာရီကြာ အပစ်ရပ်စဲဖို့ သဘောတူညီခဲ့ကြတယ်လို့ အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ကြေညာ လိုက်ပါတယ်။ အပစ်အခတ် ရပ်စဲရေးကို ဒေသစံတော်ချိန် သောကြာနေ့မနက် ၈ နာရီမှာ စတင်မှာဖြစ်ပြီး၊ ဒီကာလအတွင်း ဂါဇာမှာရှိတဲ့ အရပ်သားတွေကို စစ်ဒဏ်ကြောင့် အရမ်းကို လိုအပ်နေတဲ့ အကူအညီတွေပေးသွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က ပြောပါတယ်။

Telenor မှ 4G ဆင်းကတ် သန်း (၃၀) စတင်ရောင်းချပေးမည်

Telenor မှ 4G အထိ အသုံးပြုနိုင်သည့် မိုဘိုင်း ဆင်းကတ်သန်း (၃၀)အား (၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချမည် ဖြစ်သည်။ အဆိုပါ ဆင်းကတ်များ တွင် Video Call, Voice Mail, Internet, SMS စသည့်ဝန်ဆောင်မှုများကိုလည်း ထည့်သွင်း ဆောင်ရွက်ထားကြောင်း Telenor Mynmar မှ သိရသည်။ Telenor အနေနဲ့တော့ စပြီးကတိ ပေးထားတဲ့အတိုင်း လိုင်စင်ရပြီး ရှစ်လအကြာမှ ရောင်းချပေးမယ်။ ဆင်းကတ်က 2G,3G သုံးလို့ ရပါတယ်။ ဈေးနှုန်း ချိုသာတဲ့ ဟန်းဆက်ကိုပါ ရောင်းချပေးဖို့ စီစဉ်ထားတယ် ဟု Telenor Mynmar မှ ပြန်ကြားရေ တာဝန်ခံ ကိုစိုးသူက ပြောသည်။ 4G အထိ အသုံးပြုနိုင် သည့် ဆင်းကတ်များအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ပြီး ဆင်းကတ် ၀ယ်ယူရာတွင် မှတ်ပုံတင်တစ်ခုဖြင့် လိုသ လောက် ၀ယ်ယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆင်းကတ်များ၏ ဈေးနှုန်း အားကျပ် (၁၅၀၀) သတ်မှတ်ထား သော်လည်း ငွေဖြည့်ကတ်မှာမူ တစ်မိနစ်(၂၅)ကျပ်နှုန်းဖြင့် အကြမ်းဖျင်း သတ်မှတ်ထားပြီး အင်တာနက် အသုံးပြုခမှာ လက်ရှိ MPT ဈေးနှုန်းထက် လျော့နည်းသွားမည် ဖြစ်ကြောင်း Telenor Mynmar မှ သိရသည်။

အော်ရီဒူးဖုန်းလိုင်းများ ဈေးနှုန်းကြီးမြင့်၍ ဝေဖန်ခံရ

ဈေးကွက်အတွင်းသို့ရောက်ရှိလာသည့် အော်ရီဒူးဖုန်းလိုင်းများသည် အသုံးပြုရန်အတွက် ဈေးနှုန်းကြီးမြင့် နေသည်ဟု လက်တွေ့ အသုံးပြုနေ သူများနှင့် စောင့်ကြည့်လေ့လာသူများက ဝေဖန်ခဲ့သည်။ အော်ရီဒူးသည် မိုဘိုင်းဖုန်းလိုင်းများ စတင်ရောင်းချပေးခြင်းမပြုလုပ်ခင်က ၎င်းတို့မိုဘိုင်းဖုန်းလိုင်းများ ရောင်းချသည့်အခါ လူအများ အံ့အားသင့်စေသည့် ဈေးနှုန်းဖြစ်စေရမည်ဟု ကတိပေးပြောကြားထား သော်လည်း စတင်ရောင်းချသည့်အခါ ၎င်းတို့၏ အသုံးပြုခသတ်မှတ်ဈေးနှုန်းသည် အများအားဖြင့် ဈေးနှုန်း ကြီးမြင့်နေသည်ဟု သိရသည်။ အထူး သဖြင့် အော်ရီဒူးသတ်မှတ်ထားသည့် အင်တာနက်အသုံးပြုခသည် အသုံးပြုလိုသူများ မျှော်မှန်းထားသည့် ဈေးနှုန်းထက် မျာ ပြားနေသည်ဟု သိရသည်။ စမ်းသပ်သုံးစွဲသူများ၏ အဆိုအရ အော်ရီဒူးမှ အခမဲ့သုံးစွဲခွင့်ပြုထားသည့် အင်တာနက် Data 20MB သည် နှစ်မိနစ်အတွင်း အသုံးပြု၍ ကုန်ဆုံးသွားကြောင်းသိရသည်။

ဗီဇာအတုဖြင့် မလေးရှားသို့ ဝင်ရောက်သည့် မြန်မာ ၅၀ ကျော် ပြန်လွတ်မြောက်ရေး မြန်မာသံရုံး ကြိုးပမ်းဟုဆို

မြန်မာနိုင်ငံက တရားမဝင် အလုပ်အကိုင် ကုမ္ပဏီက ပြုလုပ်စေလွှတ်လိုက်သည့် သံရုံး ဗီဇာအတုများဖြင့် မလေးရှားနိုင်ငံသို့ ဝင်ရောက် မှုကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၅၀ ကျော် အမြန်ဆုံး လွတ်မြောက်ရန် သံတမန် နည်းလမ်းဖြင့် ဆောင်ရွက်နေကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ မလေးရှားနိုင်ငံသို့ Visit Visa ဖြင့် ဇူလိုင်လ ၈ ရက်နေ့က လာရောက် သည့် မြန်မာနိုင်ငံသား ၇၅ ဦးအနက် ကွာလာလမ်ပူ လေဆိပ်တွင် ဖမ်းဆီးခံရသူ ၅၁ ဦးသည် သံရုံးဗီဇာအတုဖြင့် ဝင်ရောက် လာသူများ ဖြစ်သဖြင့် ၎င်းတို့ ပြန်လည် လွတ်မြောက်ရေးအတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း အထက်ပါအရာရှိက ဆိုသည်။

ကုန်သေတ္တာထဲ ထည့်သယ်လာသည့် သစ်ကုလားအုတ် တံတားနှင့် ခေါင်းဆောင့်မိပြီးသေဆုံး

Photo: ကုန်သေတ္တာထဲ ထည့်သယ်လာသည့် သစ်ကုလားအုတ် တံတားနှင့် ခေါင်းဆောင့်မိပြီးသေဆုံး
Friday, August 1, 2014

တောင်အာဖရိက နိုင်ငံတွင် ကုန်သေတ္တာထဲထည့်ပြီး တင်ဆောင်လာသည့် သစ်ကုလားအုတ်တစ်ကောင် အဝေးပြေးလမ်းပေါ်မှ ခုံးကျော်တံတားနှင့် ခေါင်းဆောင့်မိပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၃၁ ရက်က ဂျိုဟန်နက်စ်ဘာ့ဂ်မြို့ရှိ N1 အဝေးပြေးလမ်းမကြီးပေါ်တွင် သစ်ကုလားအုတ် နှစ်ကောင်ကို ကုန်သေတ္တာထဲထည့်ကာ ထရပ်ကားဖြင့် ဆွဲယူလာရာမှ ထိုကဲ့သို့ အဖြစ်မျိုးနှင့် ကြုံခဲ့ခြင်း ဖြစ်သည်။ သစ်ကုလားအုတ်များ၏ ရှည်လျားသော လည်ပင်းများသည် ကုန်သေတ္တာ အပြင်ဘက်သို့ ထွက်နေရာ ခုံးကျော်တံတားနှင့် မလွတ်ဘဲ တိုက်မိခဲ့ခြင်း ဖြစ်သည်။

တိုက်မိသည့် အရှိန်မှာ ပြင်းထန်လွန်းသဖြင့် သစ်ကုလားအုတ် နှစ်ကောင်စလုံး ပြင်းထန်စွာ ဒဏ်ရာရသွားပြီး ထရပ်ကားလည်း စက်ချွတ်ယွင်းသွားခဲ့သည်။ သစ်ကုလားအုတ်များကို နီးစပ်ရာ တိရစ္ဆာန် ဆေးခန်းသို့ ပို့ဆောင်ပေးခဲ့သော်လည်း တစ်ကောင်မှာ သေဆုံးသွားခဲ့ရှာခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်ကို Hangover Part III ဇာတ်ကားမှ ဇာတ်ဝင်ခန်းနှင့် နှိုင်းယှဉ်ပြီး Twitter တွင် လှောင်ပြောင် ပြောဆိုမှုများ ရှိနေသည်။ ထရပ်ကားနောက်မှ ကားမောင်းလိုက်ပါခဲ့သူ သီနက်စ်ဘိုသာက ဂရန်စ်ဖောင်တိန်း တံတားအရောက်တွင် ယင်းအခြေအနေနှင့် ကြုံခဲ့ခြင်းဖြစ်ကြောင်း Twitterတွင် ရေးသားခဲ့သည်။ “အခင်းဖြစ်တဲ့ နေရာမှာတော့ သွေးတွေ အိုင်ထွန်းနေတာပဲ”ဘိုသာက မှတ်ချက်ပြုခဲ့သည်။

တိရစ္ဆာန် ညှင်းပန်းမှု တားဆီးရေးအဖွဲ့ (NSPCA)မှ မန်နေဂျာဖြစ်သူ ရစ်အလန်က သေဆုံးသွားသည့် သစ်ကုလားအုတ်တွင် ဦးခေါင်း၌ ဆိုးဆိုးရွားရွား ထိခိုက်ထားသည်ကို အတည်ပြုခဲ့သော်လည်း သီးခြား သေမှုသေခင်း စစ်ဆေးချက် ရယူရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

BBC
တောင်အာဖရိက နိုင်ငံတွင် ကုန်သေတ္တာထဲထည့်ပြီး တင်ဆောင်လာသည့် သစ်ကုလားအုတ်တစ်ကောင် အဝေးပြေးလမ်းပေါ်မှ ခုံးကျော် တံတားနှင့် ခေါင်းဆောင့်မိပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ကုန်းတွင်းရေနံလုပ်ကွက် လေးခု ဗြိတိန်၊ နယ်သာလန် ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်မည်

Photo: ကုန်းတွင်းရေနံလုပ်ကွက် လေးခု ဗြိတိန်၊ နယ်သာလန် ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်မည်
Friday, August 1, 2014 

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ကုန်းတွင်းရေနံ လုပ်ကွက်လေးခုကို ဗြိတိန်နှင့် နယ်သာလန် အခြေစိုက် ရေနံကုမ္ပဏီများနှင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်း တူးဖော်သွားမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

ပြည်မြို့နှင့် မြန်အောင်မြို့ရှိ ကုန်တွင်းရေနံ လုပ်ကွက်နှစ်ခုတွင် ဗြိတိန်အခြေစိုက် MPRLE & P Pte ကုမ္ပဏီ၊ Myanmar Petroleum Exploration & Production ကုမ္ပဏီတို့နှင့် စွမ်းအင် ဝန်ကြီးဌာနတို့ ပူးပေါင်း လုပ်ကိုင်မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရှိရသည်။ 

ရမည်းသင်းမြို့နှင့် အုန်းတွဲမြို့တို့ရှိ ကုန်တွင်းရေနံ လုပ်ကွက်နှစ်ခုကိုမူ နယ်သာလန်နိုင်ငံ အခြေစိုက် Eni Myanmar B.V ကုမ္ပဏီ၊ Myanmar Petroleum Exploration & Production ကုမ္ပဏီတို့နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ကိုင်မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။ 

အဆိုပါ ကုမ္ပဏီများနှင့် စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်း တူးဖော်ရေးအတွက် ဇူလိုင်လ ၃၀ ရက်နေ့တွင် နေပြည်တော်ရှိ Lake Garden Hotel ၌ သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၁၃ ခုနှစ်အတွင်းက အပြည်ပြည်ဆိုင်ရာ တင်ဒါ ခေါ်ယူခဲ့ပြီး ကုန်းတွင်းရေနံ လုပ်ကွက် ၁၆ ခုတွင် လေးခုကို စတင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

MPRLE & P Pte. ကုမ္ပဏီသည် ရေနံလုပ်ငန်းများတွင် နာမည်ကျော် ဦး မိုက်ကယ်မိုးမြင့် အမှုဆောင်အရာရှိချုပ် အဖြစ် တာဝန်ယူထားသော ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။

The Voice Weekly
မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ကုန်းတွင်းရေနံ လုပ်ကွက်လေးခုကို ဗြိတိန်နှင့် နယ်သာလန် အခြေစိုက် ရေနံ ကုမ္ပဏီများနှင့် စွမ်းအင်ဝန်ကြီး ဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်း တူးဖော်သွား မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

စားကျက်မြေနေရာရှားပါးခြင်းနှင့် နယ်မြေမတည်ငြိမ်ခြင်းက ကျားထိန်းသိမ်းရေးလုပ်ဆောင်မှုကို အခက်တွေ့စေဟုဆို

ကျားများအတွက် စား ကျက်မြေနေရာလျော့နည်းလာ ခြင်း၊ နယ်မြေတည်ငြိမ်မှုမရှိခြင်း က ကျားကောင်ရေတိုးပွားရေး အတွက် အခက်အခဲတစ်ခုဖြစ်နေ ကြောင်း ကျားထိန်းသိမ်းရေးလုပ် ဆောင်နေသူများကပြောသည်။ကျားထိန်းသိမ်းရေးလုပ်ငန်း စဉ်ကို ၂၀၁၀ ပြည့်နှစ် စိန့်ပီတာ စဘတ်ကြေညာစာတမ်းတွင် လာ မည့် ၂၀၂၂ ခုနှစ်တွင် တစ်ကမ္ဘာ လုံးကျားကောင်ရေနှစ်ဆ တိုးလာ စေရေးကမ္ဘာလုံးဆိုင်ရာကျားမျိုး စိတ်များ ပြန်လည်တိုးပွားရေးအစီ အစဉ် Global Tiger Recover Programme(GTRP)အရမြန်မာ နိုင်ငံကလည်း ကျားကောင်ရေ၁၂၀ အထိ တိုးပွားရန်လုပ်ဆောင် ရမည်ဖြစ်သည်။မြန်မာနိုင်ငံတွင် ဟူးကောင်း ချိုင့်ဝှမ်းနယ်မြေ ထမံသီဘေးမဲ့ တော၊ တနင်္သာရီသဘာဝကြိုးဝိုင်း တို့တွင် ကျားများထိန်းသိမ်းထား ပြီး ကျားကောင်ရေ ၈၅ ကောင်ရှိ မည်ဟု ခန့်မှန်းထားသည်။သို့သော် ကျားကောင်ရေ အများဆုံးနေထိုင်ကျက်စားသည့် ဟူးကောင်းချိုင့်ဝှမ်းတွင်ပင် နယ် မြေတည်ငြိမ်မှုမရှိ၍ ကျားထိန်း သိမ်းရေးလုပ်ငန်းစဉ်များကို ၂၀၁၂ ကတည်းကရပ်နားထားခဲ့ရ ပြီး ယနေ့အချိန်ထိပြန်စနိုင်ခြင်း မရှိသေးကြောင်း သားငှက်ထိန်း သိမ်းရေးအဖွဲ့အစည်း (WCS)မှ Senior Technical Coordinator ဦးစောထူး သာပိုကပြောသည်။ကျားထိန်းသိမ်းရေးလုပ်ငန်း များရပ်နားထားရသဖြင့် တရား မဝင်အမဲလိုက်ခြင်းများနှင့် တော ရိုင်းတိရစ္ဆာန်များကို တရားမဝင် ရောင်းဝယ်ဖောက်ကားမှုများ ဖြစ်ပွားနေသည်။ ယင်းတို့မှာ ကျား ကောင်ရေ   လျင်မြန်စွာလျော့ကျ စေမည့်အဓိက ခြိမ်းခြောက်မှု များ ဖြစ်နေကြောင်း သဘာဝပတ်ဝန်း ကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်း သိမ်းရေးဌာနမှ တာဝန်ရှိသူတစ် ဦးကပြောသည်။

ပြည်သူတစ်ယောက်၏ စစ်မှန်သော ဆန္ဒ

မြန်မာ့နိုင်ငံရေးလောကမှာ ကိုယ့်နိုင်ငံနှင့် ကိုယ့်ပြည်သူုအကျိုးကို ကိုယ်စီ ကိုယ်စီ ယုံကြည်ချက် ခံယူချက်တွေနဲ့ ကိုယ်ထူကိုယ်ထ ဖွဲ့စည်းတည်ထောင်ကာ ဆောင်ရွက်နေကြသော အဖွဲ့အစည်းတွေ ပါတီအသင်းအဖွဲ့တွေ အများကြီးရှိပါတယ်။ ပါတီတိုင်း အဖွဲအစည်းတိုင်းမှာ ပင်ကို ရည်ရွယ်ချက် ကိုယ်စီတွေရှိကြပါတယ်။ ဒါကို ငါတို့ပါတီကတော လူ့အခွင့်အရေး နှင့်ပတ်သက်လာရင် အပြည့်အ၀ရရှိအောင် ဦးစားပေးဆောင်ရွက်သွားမယ်။ ငါတို့ပါတီ ငါတို့အဖွဲ့ကတော အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက် ကာကွယ်ရေး ဘယ်လိုစွမ်းဆောင်ကြမယ် စသဖြင့် ကိုယ်စီရည်ရွယ်ချက် တွေနဲ့ စတင်ထူထောင်လာကြပါတယ်။ ပါတီအသင်းအဖွဲ့ များလာတာနှင့်အမျှ ပါတီတစ်ခုချင်းစီရဲ့ Mission တွေ ကွဲပြားလာကြသလို၊ ပါတီတစ်ခုနှင့်တစ်ခု သဘောထားကွဲလွှဲမှုတွေ ရှိလာကြပါတယ်။ တစ်ပါတီနှင့် တစ်ပါတီ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပုဂ္ဂိုလ်စွဲများနှင့် သူပါတီကောင်းတယ် ကိုယ့်ပါတီကောင်းတယ်ဆိုပြီးတော အချင်းချင်းထိုးနှက်မှုတွေ ပုတ်ခတ်မှုတွေ ထွက်ပေါ်လာတာတွေအများအပြား မြင်တွေ့ ကြားသိနေရပါတယ်။ ပါတီတစ်ခုနှင့် တစ်ခု မပြောနဲ့ ပါတီတစ်ခုအတွင်းထဲမှာကိုပဲ သဘောထားကွဲလွှဲမှုတွေ နားလည်မှု လွှဲမှားမှုကြောင့် ပါတီ ပုံရိပ်တွေ ကျဆင်းတာတွေလဲ တွေ့ရပါတယ်။ အားလုံးဟာ နိုင်ငံတော်အတွက် ပြည်သူအတွက်ပဲ အလုပ်လုပ် နေကြသူများဖြစ်တယ်ဆိုတာ ယုံကြည်မိပါတယ်။

ဆိုင်ကယ်သူခိုးကို လူတစ်စုက သတ်ပြီး မျက်မြင်ကိုပါ ထပ်မံသတ်

မူဆယ်မြို့၊ စွမ်ဆော် ရပ်ကွက်တွင် ဆိုင်ကယ်ခိုးယူသူ အမျိုးသားတစ်ဦးကို လူတစ်စုကသတ်ဖြတ်ခဲ့ပြီး မြင်တွေ့လိုက်သူတစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၃၀ ရက် ည ၁၀ နာရီ ခန့်က စွမ်ဆော်ရပ်ကွက်ခိုမွန်းရွာ တွင် လူနှစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး  မည်သည့်လက်နက်ကိုင်အဖွဲ့အစည်း၏  လက်ချက်မှန်းမသိ ၍ လူသတ်မှုဖြင့်အမှုဖွင့်ကာ  စစ်ဆေးနေဆဲဖြစ်ကြောင်း  မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
‘‘ဒီမှာက ပြည်သူ့စစ်အဖွဲ့ တွေရော၊ သူပုန်တွေရောရှိတယ်။ ဆိုင်ကယ်ခိုးတဲ့လူတစ်ယောက်နဲ့ နောက်ထပ်တစ်ယောက်အသတ် ခံရတာတော့ဟုတ်ပါတယ်။ စစ် ဆေးနေတုန်းပါပဲ’’ဟု အဆိုပါရဲ အရာရှိကပြောသည်။
ဆိုင်ကယ်ခိုးသူမှာ စွမ်ဆော် ရပ်ကွက်ရှိ  နေအိမ်တစ်အိမ်မှ ဆိုင်ကယ်ခိုး၍  မောင်းနှင်သွားခြင်းဖြစ်ပြီး  ၎င်းကိုလိုက်ဖမ်းသူများက ဓားဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ထိုမြင်ကွင်းကိုမြင်လိုက်သည့် လူငယ်တစ်ဦးကိုလည်း အဆိုပါလူအုပ်စုက သေနတ်ဖြင့်ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း  သေဆုံးသူနှစ်ဦး၏အလောင်းများကိုမြင်တွေ့ ခဲ့ရသူ စွမ်ဆော်ရပ်ကွက်နေဒေသခံတစ်ဦးကပြောသည်။
‘‘အလောင်းတွေကတစ်ခုနဲ့ တစ်ခု ပေတစ်ရာလောက်ပဲကွာ တယ်။ လက်နက်ကိုင်ထားတဲ့လူ တွေက စိတ်ထင်သလိုလုပ်နေကြ တာ။ ဒီလိုအမှုမျိုးက လက်နက် ကိုင်တပ်ဖွဲ့တွေနဲ့ပတ်သက်နေတဲ့ အတွက် ရဲကလည်း ထိထိရောက် ရောက်စစ်ဆေးနိုင်မှာ မဟုတ်ဘူး။ ဒေသခံတွေအတွက်ကတော့ ကိုယ့်ထမင်းကိုယ်စားပြီး ကျီးလန့် စာစားဖြစ်နေတာ’’ဟု ၎င်းကပြော သည်။

ကာတာလူညာပြည်နယ် ခွဲထွက်သွားပါက လာလီဂါတွင် ဘာစီလိုနာ ကစားခွင့် မရနိုင်တော့



ကာတာလူညာ ပြည်နယ်ကို စပိန်မှ ခွဲထုတ်ပြီး လွတ်လပ်ရေး ပေးလိုက်မည် ဆိုပါက ဘာစီလိုနာ အသင်းသည် စပိန်လာလီဂါတွင် ဆက်လက်ယှဉ်ပြိုင်ခွင့် ရတော့မည် မဟုတ်ဟု စပိန်ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌက သတိပေး ပြောကြားလိုက်သည်။
ဘာစီလိုနာအသင်း အခြေစိုက်သည့် ကာတာလူညာ ဒေသသည် စပိန်နိုင်ငံ၏ အခြားသော ဒေသများနှင့် ယဉ်ကျေးမှုအရရော၊ ဘာသာစကား အရပါ ကွဲပြားစွာ တည်ရှိနေသည်။ ကာတာလူညာသည် လက်ရှိအချိန်ထိ စပိန်အစိုးရ၏ လက်အောက်ခံ ပြည်နယ်အဖြစ် ရှိနေသော်လည်း စပိန်၏ ဩဇာမှ ခွဲထွက်ကာ သီးခြားနိုင်ငံ ထူထောင်ရန် အစဉ်တစိုက် လှုပ်ရှား ကြိုးစားလျက် ရှိသည်။

ပြည်သူတွေ ယုံကြည်မှု လျော့နည်းလာတဲ့ NLD

၂၀၁၅ ရွေးကောက်ပွဲ အချိန်တွေ တဖြည်းဖြည်းနီးကပ်လာတာနဲ့ နိုင်ငံကိုအုပ်ချုပ်ဖို့ နေရာတွေလိုချင်နေကြပါ တယ်။ နိုင် ငံ့ခေါင်းဆောင်နေ ရာရှိဖို့ အ တွက် ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ လှည့်စား ရိုးသားဖြောင့်မတ် သမာ သမတ်ကျယောင်ဆောင်ပြီး နောက်ကွယ်မှ အထောက်အပံ့ များယူနေကြတဲ့ အဖွဲ့အစည်းများရှိကြောင်း ကြားသိ နေရပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေဆိုတာ ပြည်သူကို ဦးဆောင်ရမှာပါ။ လမ်းပြ ရမှာပါ။ အဲဒီလို ပြည်သူကို ဦးမဆောင်နိုင်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို လူထုနောက်မြီးဆွဲလို့ ခေါ်ခဲ့ကြတာ မှတ်မိပါသေးတယ်။ အဲဒီ ပြည်သူတွေဟာ တိကျပြတ်သားတဲ့ ခေါင်းဆောင်မှုလိုပါတယ်။ ပြည်သူတွေရဲ့ အဆုံးအဖြတ်လို့ပြောတာထက် ခေါင်းဆောင်လုပ် တဲ့သူက ပြည်သူ ကို ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာ ဦးဆောင်ပြောပြရပါမယ်။

အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၀၀ ကျော်သွား

Photo: အီဘိုလာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၀၀ ကျော်သွား
Friday, August 1, 2014

 အနောက်အာဖရိကနိုင်ငံတွေမှာ ပျံ့နှံ့နေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကြောင့် Sierra Leone နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာနေရသလို Libaria နိုင်ငံမှာလည်း စာသင်ကျောင်းတွေကို ပိတ်ချလိုက်ရပါတယ်။

အခုဆိုရင် အီဘိုလာ ဗိုင်းရပ်စ် ကြောင့် သေဆုံးသူ အယောက်ပေါင်း ၇၃၀ နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။

အဲဒီရောဂါ ခံစားနေရသူ တွေကို တခြားနေရာ သွားခိုင်းမှာ မဟုတ်ပဲ ရဲတွေ၊ စစ်တပ်တွေနဲ့ အစောင့် အကြပ် ထားပြီး ရောဂါမပျံ့နှံ့အောင် ထိန်းသိမ်း သွားမယ်လို့ Sierra Leone နိုင်ငံ သမ္မတက ပြောပါတယ်။

Liberia နဲ့ Sierra Leone နိုင်ငံ နှစ်ခု စလုံးမှာ ရောဂါပျံ့နှံ့မှု ထိန်းသိမ်းတဲ့ အနေနဲ့ လူစုလူဝေး ပြုမှုတွေ ကိုလည်း ကန့်သတ်မှု လုပ်လိုက် သလို သေဆုံးမှု မှန်သမျှကို အာဏာပိုင်တွေကို အသိပေးဖို့ လည်း ညွှန်ကြားထားပါတယ်။

အီဘိုလာပိုးဟာ Guinea, Liberia နဲ့ Sierra Leone နိုင်ငံမှာ ပျံ့နှံ့နေ တာဖြစ်ပြီး အဲဒီနိုင်ငံက လူတွေကိုလည်း အိမ်နီးချင်း နိုင်ငံတွေက အဝင်အထွက် ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီပိုးကို နှိမ်နင်းဖို့ အတွက် အရေးပေါ် ဒေါ်လာ သန်း ၁၀၀ လောက် လိုမယ်လို့ လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ အခုအချိန် အထိ ဒီရောဂါပိုး အတွက် ကာကွယ်ဆေးတွေ မရှိသေးပါဘူး။ အနောက် အာဖရိက နိုင်ငံတွေကနေ တခြားနိုင်ငံတွေဆီ ကူးစက်မှာကို စိုးရိမ်တဲ့ အတွက်လည်း အမေရိကန် US peace corps အဖွဲ့က အာဖရိက အနောက်ပိုင်းက သူ့ရဲ့အမှုထမ်းအယောက် ၃၄၀ ကိုလည်း ပြန်လာဖို့ စီစဉ်ပေးနေပြီ ဖြစ်ပါတယ်။

အီဘိုလာပိုးဟာ လင်းနို့ကနေ ပြန့်ပွားလာကြောင်း ၁၉၇၆ ခုနှစ်မှာ သိရှိကြတာ ဖြစ်ပါတယ်။ အီဘိုလာပိုးရှိနေတဲ့ လင်းနို့က တခြားအကောင်တွေကို ကိုက်မိပြီး အဲလို အကိုက်ခံရတဲ့ သားကောင်တွေကို လူတွေက စားမိတဲ့အခါ ရောဂါကူးစက်တာဖြစ်ပါတယ်။ လူတစ်ဦးကနေတစ်ဦး ထပ်မံကူးစက်နိုင်တဲ့အတွက်လည်း စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

ABC Radio Australia

Sierra Leone နိုင်ငံမှာ ပြန့်ပွားနေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကို စမ်းသတ် တိုက်ဖျက်နေကြတဲ့ ကျန်းမာရေး လုပ်သားတွေ (Credit: Reuters)
Sierra Leone နိုင်ငံမှာ ပြန့်ပွားနေတဲ့ အီဘိုလာ ဗိုင်းရပ်စ်ပိုးကို စမ်းသတ် တိုက်ဖျက်နေကြတဲ့ ကျန်းမာရေး လုပ်သားတွေ (Credit: Reuters)
အနောက်အာဖရိကနိုင်ငံတွေမှာ ​ပျံ့နှံ့နေတဲ့ ​အီဘိုလာ ​ဗိုင်းရပ်စ်ပိုးကြောင့် ​Sierra ​Leone ​နိုင်ငံမှာ ​အရေးပေါ်အခြေအနေ ​ကြေညာနေရသလို ​Libaria ​နိုင်ငံမှာလည်း ​စာသင်ကျောင်းတွေကို ​ပိတ်ချလိုက်ရပါတယ်။