Monday, January 5, 2015

အိန္ဒိယတွင် ဂျပန်ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သူများကို ဖမ်းဆီး

Photo: အိန္ဒိယတွင် ဂျပန်ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သူများကို ဖမ်းဆီး

ဇန်န၀ါရီလ ၅ ရက်၊ ၂၀၁၅

အိန္ဒိယနိုင်ငံတွင် ဂျပန်ကျောင်းသူတစ်ဦးကို ပြန်ပေးဆွဲဖမ်းဆီးကာ အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့သည့် လူငါးဦးကို ဖမ်းဆီးစစ်ဆေးလျက် ရှိနေသည်။
ယင်းသို့ အုပ်စုလိုက် သားမယားပြု ကျင့်မှုမှာ နိုဝင်ဘာ ၂၃ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတွင်း၌ တစ်လကျော် အတွင်း ယင်းသို့ အမျိုးသမီး များအပေါ်နိုင် ထက်စီး နင်းပြုခြင်းများ တိုးမြင့်ဖြစ်ပွားနေသည်ဟု ကိုလ်ကတ္တားမြို့ရှိ ရဲဌာနက ပြောသည်။

အုပ်စုဖွဲ့မုဒိမ်းကျင့်သူများက ကမ္ဘာလှည့် ခရီးသွား များအနက် တစ်ကိုယ်တည်း သွားလာနေသော အမျိုးသမီးများအပေါ် ပစ်မှတ်ထား ကာကျုးလွန် ကြကြောင်း ယင်းရဲဌာန ကပြောသည်။ အိန္ဒိယတွင် မုဒိမ်းမှုများ တိုးပွားလာနေခြင်းကြောင့် နိုင်ငံတွင်း ယင်းကိစ္စကို စိတ်ဆိုး ဒေါသထွက်နေ ကြသည်။
ညီအစ်ကိုနှစ်ဦးဟု သိထားသည့် ဟိန်္ဒူနှစ်ဦးက အသက် ၂၃ နှစ်ရှိ ဂျပန်အမျိုးသမီး ကိုလ်ကတ္တားမြို့သို့ ရောက်လာကာ ဟိုတယ်ငှား ရမ်းစဉ်တွင် ဧည့်လမ်းညွန် အဖြစ် အယောင်ဆောင်ချဉ်းကပ်ခဲ့ကြောင်း ကိုလ် ကတ္တားရဲမင်းကြီး ကန်တီဂို့ရှ်က ပြောသည်။

“တစ်ယောက်က ဂျပန်စကားကို မွှတ်နေအောင် ပြောတတ်တယ်။ ကျွန်တော်တို့ က ဧည့်လမ်းညွှန်တွေ ဖြစ်တယ်။ ဂျပန် အမျိုးသမီးကို မြို့မြင်ကွင်း များပြသ မယ်ဆိုပြီး ခေါ်ဆောင်ခဲ့ကြတာ ဖြစ်တယ်။ ပြီးတော့ သူ့ကိုခေါ်သွားပြီး အနိုင်အထက်သား မယားပြုကျင့်ကြတာ ဖြစ်တယ်။ သူနဲ့အတူ ပါလာတဲ့ ရူးပီး ၇၆,၀၀၀ ရှိတဲ့ အေတီအမ် ကတ်ကိုလည်း ယူသွားခဲ့ကြတာ ဖြစ်တယ်”ဟု ရဲမင်းကြီးက ပြောသည်။

“ညီအစ် ကိုနှစ်ယောက် အမျိုးသမီးကို ထင်တိုင်းပြု ကျင့်ပြီးနောက်မှာ အခြား သူတွေ လက်ပေး အပ်ပြီး သား မယားပြုကျင့်စေတာ ဖြစ်တယ်” ဟု ၎င်းကဆက် လက်ပြောကြားသည်။

Mizzima - News in Burmese
အိန္ဒိယနိုင်ငံတွင် ဂျပန်ကျောင်းသူတစ်ဦးကို ပြန်ပေးဆွဲဖမ်းဆီးကာ အကြိမ်ကြိမ် သားမယားပြုကျင့်ခဲ့သည့် လူငါးဦးကို ဖမ်းဆီးစစ်ဆေးလျက် ရှိနေသည်။
ယင်းသို့ အုပ်စုလိုက် သားမယားပြု ကျင့်မှုမှာ နိုဝင်ဘာ ၂၃ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတွင်း၌ တစ်လကျော် အတွင်း ယင်းသို့ အမျိုးသမီး များအပေါ်နိုင် ထက်စီး နင်းပြုခြင်းများ တိုးမြင့်ဖြစ်ပွားနေသည်ဟု ကိုလ်ကတ္တားမြို့ရှိ ရဲဌာနက ပြောသည်။

ပြာသိုလပြည့် “အမေနေ့”တွင် မိခင်များကို အနုပညာ ရှင်များက ဆုမွန်ကောင်း များပေးခဲ့ကြ


နှစ်စဉ်နှစ်တိုင်း ကျရောက်သည့် ပြာသိုလပြည့် “အမေနေ့”ကို အမေများနေ့အဖြစ် စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခက သတ်မှတ်ပေး ခဲ့ခြင်းဖြစ် ရာယင်းနေ့သည် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက်တွင် ကျရောက် ခဲ့ခြင်းဖြစ်သည်။
အမေနေ့တွင် အမေရှိ သူများက အမေကို ပူဇော်ကန်တော့ကာ အမှတ် တရ လက်ဆောင် ၀ယ်ပေးခြင်း များရှိပြီး အမေမရှိ သူများ ကလည်း အမေကို ရည်စူး ကာဘုရားကျောင်း များတွင် လှူဒါန်းပေးခြင်းများ ပြုလုပ်ပေးလေ့ရှိခြင်းကြောင့် အနုပညာရှင်များ၏ ရင်တွင်းစကားသံတချို့ကို မဇ္ဈိမက လှစ်ဟကြည့် ခဲ့သည်။

KIA အဖွဲ့၏ ၀မ်ပေါင်နိုင်ငံထူထောင်ရန် လူသစ်စုဆောင်းခြင်းအား ဒေသခံ ရှမ်းလူမျိုးများ ကန့်ကွက်

Photo: KIA အဖွဲ့၏ ၀မ်ပေါင်နိုင်ငံထူထောင်ရန် လူသစ်စုဆောင်းခြင်းအား ဒေသခံ ရှမ်းလူမျိုးများ ကန့်ကွက်

ဇန်န၀ါရီလ ၅ ရက်၊ ၂၀၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို၊ ဇန်န၀ါရီလ ၃ ရက်နေ့တွင် ဒေသခံ ရှမ်းလူမျိုးများနှင့် တိုင်းရင်းသားများမှ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အဖွဲ့၏ မတရားနှိပ်စက်ခြင်းများကြောင့် သေဆုံးသွားသူများနှင့် ဖမ်းဆီးခံလူငယ်များ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း ရှမ်းမျိုးနွယ်စု ရေးရာ အဖွဲ့ဝင် တစ်ဦးမှ ပြောပြသည်။

ယင်းဆုတောင်းပွဲကို မြစ်ကြီးနားမြို့အခြေ စိုက်ရှမ်းရေးရာအဖွဲ့မှ ဦးဆောင်ကျင်း ပ ခဲ့ပြီး ဇန်နဝါရီ ၃ ရက် နံနက် ၇ နာရီတွင် ဝန်းသို ဘုန်းတော်ကြီးကျောင်းမှ ဆုတောင်းပြည့်စေတီသို့ တစ်မိုင်ခန့်ခရီးကို လမ်းလျှောက် ဆန္ဒ ထုတ်ဖော် ခဲ့ကြသည်။ KIA အဖွဲ့မှ အဓမ္မဖမ်းဆီး သတ်ဖြတ်ခြင်း ခံရသော လူငယ်များ အတွက် ဆွမ်းသွပ် အမျှ ဝေခြင်းနှင့် ဖမ်းဆီးခံထားရသော လူငယ်များအမြန်ဆုံး လွတ်မြောက်ရေး အတွက် ဆုတောင်းပွဲတွင် ဖမ်းဆီး ခံထားရသော ရှမ်းလူငယ် ၂၃၄ ဦးရှိခဲ့ပြီး သေဆုံးသွားသူများရှိသဖြင့် ယခုကဲ့သို့ ဆွမ်းသွပ် အမျှဝေခြင်း ပြုလုပ်ရခြင်း ဖြစ်ကြောင်းကို ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ဥက္ကဌ ဦးစိုင်းထွန်းရင် ကပြောကြားသွားခဲ့ပါသည်။

ကချင်ပြည်နယ် မိုးညှင်း၊ မိုင်ကောင်း၊ ဖားကန့်၊ ဟိုပင်၊ တာလောကြီး၊ ဆင်ဘို၊ ဝိုင်း မော်၊ ခတ်ချို၊ ဗန်းမော် စသည့်ဒေသများမှ ရှမ်းတိုင်းရင်းသား အများစုတက်ရောက်ခဲ့ပြီး ဖမ်းဆီးခံလူငယ်များ၏ မိဘများ၊ ဆွေမျိုး သားချင်းများလည်း တက်ရောက်ခဲ့သည်။

၎င်းဆုတောင်းပွဲကို တက်ရောက်လာသူများထဲမှ “ကျွန်တော်တို့ ညီအစ်ကို သုံးယောက်ရဲ့သား နောက်ပြီးတော့ ညီပါသွားတယ်။ အားလုံး ဝမ်းကွဲမောင်နှမ၊ ဦးလေးတွေ ငါးယောက်ပါ။ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလထဲမှာပါ။ ကျွန်တော့်သားနှင့် ကျွန်တော့်ညီရဲ့သားက အသတ်ခံရတယ် ဆိုပြီး ပြောနေကြတယ်။ ကျွန်တော်တို့ လွန်ခဲ့တဲ့ နွေရာသီ ဆွေးနွေးတုန်း ကလည်း ဗိုလ်ချုပ်ဂွမ်မော်နှင့် တိုက်ရိုက်တွေ့ပါ တယ်။ နှစ်ပတ်လောက် စောင့်ပေး ပါ။ ပြန်လွှတ်ပေးမယ် လို့ ပြောပါတယ်။ အခုတော့ တစ်နှစ်ပြည့်တော့မယ်။ ဘာသတင်းမှကို မရတာဗျာ”ဟု ဆလင်းကြီးမြို့နယ် ဆင်ဖြူကြည်ရွာမှ ဦးသန်းနိုင်မှ ပြောပြခဲ့ ပါသည်။

ထို့အပြင် KIA အဖွဲ့၏ ၀မ်ပေါင်နိုင်ငံ ထူထောင်ရန်အတွက် ဒေသခံ ရှမ်းလူမျိုးများအပေါ် ဖမ်းဆီး သတ် ဖြတ်ခြင်း၊ လူသစ်အဖြစ် ဖမ်း ဆီးခေါ်ဆောင်ခြင်း များ ဒေသခံရှမ်းလူမျိုးများက ကန့်ကွက်ကြောင်း လက်မှတ် များကောက်ခံထားကြောင်းနှင့် KIA ခေါင်းဆောင်ပိုင်း များမှ လည်း ဖြေ ရှင်းဆောင် ရွက် ပေးခြင်း မရှိခြင်း တို့ ကြောင့် အစိုးရ၊ လွှတ်တော်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း ကို ဒေသခံ ရှမ်းမျိုးနွယ်စုရေးအဖွဲ့ဝင် ဦးစိုင်းစန်းဝေ မှပြောကြားသွားခဲ့ပါသည်။

စိုင်းနေမျိုး( မြစ်ကြီးနား)
နေ့စဉ်သတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို၊ ဇန်န၀ါရီလ ၃ ရက်နေ့တွင် ဒေသခံ ရှမ်းလူမျိုးများနှင့် တိုင်းရင်းသားများမှ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အဖွဲ့၏ မတရားနှိပ်စက်ခြင်းများကြောင့် သေဆုံးသွားသူများနှင့် ဖမ်းဆီးခံလူငယ်များ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း ရှမ်းမျိုးနွယ်စု ရေးရာ အဖွဲ့ဝင် တစ်ဦးမှ ပြောပြသည်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် သမ္မတ တို့ ပြည်တွင်းငြိမ်း ချမ်းရေး ဆွေးနွေး

Photo: တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် သမ္မတ တို့ ပြည်တွင်းငြိမ်း ချမ်းရေး ဆွေးနွေး

ဇန်န၀ါရီလ ၄ ရက်၊ ၂၀၁၅

နေပြည်တော်ရောက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ သမ္မတဦးသိန်းစိန်တို့ ဒီကနေ့ ဇန်န၀ါရီ ၅ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ခေါင်းဆောင် ၂ ဦးကျစီ တက်ရောက်ကြမှာ ဖြစ်ပြီး အဓိက ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး ကိစ္စရပ်ကို ဆွေးနွေးကြမှာဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက စုံစမ်းသိရှိရပါတယ်။
နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်မယ့် သမ္မတနဲ့ တွေ့ဆုံဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်နေပါတယ်။

သမ္မတနဲ့ တွေ့ဆုံဆွေးနွေးမှုအပြီးမှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်တို့ ဆက်လက်တွေ့ဆုံမှာဖြစ်ပြီး ဒါဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းများစွာက ခေါင်းဆောင်တွေနဲ့ အစိုးရပိုင်းတာဝန်အရှိဆုံးသူတွေ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုလည်း ဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ အဆိုအရတော့ သမ္မတနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပွဲမှာ အချိန်ကန့်သတ်မှု မရှိဘူးလို့ ဆိုပါတယ်။

DVB
နေပြည်တော်ရောက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ သမ္မတဦးသိန်းစိန်တို့ ဒီကနေ့ ဇန်န၀ါရီ ၅ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ခေါင်းဆောင် ၂ ဦးကျစီ တက်ရောက်ကြမှာ ဖြစ်ပြီး အဓိက ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး ကိစ္စရပ်ကို ဆွေးနွေးကြမှာဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက စုံစမ်းသိရှိရပါတယ်။
နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်မယ့် သမ္မတနဲ့ တွေ့ဆုံဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်နေ ပါတယ်။

ကျိုက်ထီးရိုး ဘုရားဖူးယာဉ်နှင့် ကုန်တင်ယာဉ် မျက်နှာချင်းဆိုင် တိုက်မိရာမှ သုံးဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အဗျား (ဘိုတဲ) ကျေးရွာအနီး ရန်ကုန်-ကျိုက်ထို ကားလမ်းတွင် ဇန်နဝါရီလ ၄ ရက် မွန်းလွဲ ၃ နာရီခန့်က ကျိုက်ထီးရိုး ဘုရားဖူး ပြန်လာသော လိုက်ထရပ်ယာဉ်နှင့် ကင်တာ အမျိုးအစား ကုန်တင်ယာဉ် မျက်နှာချင်းဆိုင် တိုက်မိရာမှ ဘုရားဖူး ယာဉ်ပေါ်ပါ အမျိုးသမီးသုံးဦး နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဝေါမြို့နယ်ရှိ နာရေးကူညီမှု အသင်းထံမှ စုံစမ်းသိရှိရသည်။

အင်္ဂလန်တောင်ပိုင်းတွင် ကုန်တင်သင်္ဘောကြီးတိမ်းစောင်းနစ်မြုပ်

Photo: အင်္ဂလန်တောင်ပိုင်းတွင် ကုန်တင်သင်္ဘောကြီးတိမ်းစောင်းနစ်မြုပ်

ဇန်န၀ါရီလ ၄ ရက်၊ ၂၀၁၅

ကုန်တင်သင်္ဘော Hoegh Osaka သည် ဇန်နဝါရီ ၄ ရက် ဒေ သစံတော်ချိန် ၂ဝး၂၁ နာရီဝန်းကျင် ၌ ဆိပ်ကမ်းမှ ထွက်ခွာပြီး တစ်နာ ရီမကြာမီမှာပင် Wight ကျွန်းကလေး မှာ မလှမ်းမကမ်းရေပြင်တွင် တိမ်း စောင်းနစ်မြုပ်သွားသည်ဟု သိရ သည်။

Hoegh Osaka သင်္ဘော သည် အလျားမီတာ ၁၈ဝ ရှည်သည်။ အလေးချိန်သည် တန် ၁၅၈,ဝဝဝ နီးပါးရှိသည်။ စင်ကာပူမှတ်ပုံတင် သင်္ဘောဖြစ်သည်။

ထိုသင်္ဘောသည် ဂျာမန်ဆိပ်ကမ်း Bremerhaven သို့ ဦးတည်ခုတ်မောင်းနေစဉ် တိမ်း စောင်းနစ်မြုပ်သွားခြင်းဖြစ်သည်။ ထိုသင်္ဘောကို ၂ဝဝဝ ပြည့်နှစ်၌ တည်ဆောက်ခဲ့သည်။

သင်္ဘောမှာ ရေကြောင်းသွား လာသောစနစ် ချွတ်ယွင်းသော ကြောင့် တိမ်းစောင်းနစ်မြုပ်ရခြင်း ဖြစ်သည်ဟု ယုံကြည်ရကြောင်းသိရ သည်။

ထိုသင်္ဘောမှ သင်္ဘောသား ၂၅ ဦးတို့ကို ကယ်ဆယ်ရရှိကြောင်း ထိုသူတို့အနက် တစ်ဦးမှာခြေကျိုး သွားကြောင်း သိရသည်။ ကယ် ဆယ်ရေးလုပ်ငန်းကို မရိန်းနှင့် ကမ်း ရိုးတမ်းစောင့်ရဟတ်ယာဉ်များဖြင့် ဆောင်ရွက်ကြောင်း မရိန်းနှင့် ကမ်း ရိုးတန်းစောင့် အေဂျင်စီကဆို သည်။ ထိုကုန်တင်သင်္ဘောတွင် ကားများ တင်ဆောင်ထားကြောင်း သိရသည်။

Mail Online

Democracytoday

Yangon Media Group
ကုန်တင်သင်္ဘော Hoegh Osaka သည် ဇန်နဝါရီ ၄ ရက် ဒေ သစံတော်ချိန် ၂ဝး၂၁ နာရီဝန်းကျင် ၌ ဆိပ်ကမ်းမှ ထွက်ခွာပြီး တစ်နာ ရီမကြာမီမှာပင် Wight ကျွန်းကလေး မှာ မလှမ်းမကမ်းရေပြင်တွင် တိမ်း စောင်းနစ်မြုပ်သွားသည်ဟု သိရ သည်။

Hoegh Osaka သင်္ဘော သည် အလျားမီတာ ၁၈ဝ ရှည်သည်။ အလေးချိန်သည် တန် ၁၅၈,ဝဝဝ နီးပါးရှိသည်။ စင်ကာပူမှတ်ပုံတင် သင်္ဘောဖြစ်သည်။

အိမ်ရာ ပြဿနာ ဖြေရှင်း နိုင်ရန် (၂၀၀၀၀) တန် အိမ်ရာ စီမံကိန်း ရလဒ်အား အစိုးရထံ တင်ပြမည်


အိမ်ရာ လိုအပ်မှု ပြဿနာအား ဖြေရှင်းနိုင်ရေး အတွက် နှစ်သောင်းတန် အိမ်ရာ စီမံကိန်း အောင်မြင်မှု ရလဒ် များအား သက်ဆိုင်ရာ ၀န်ကြီး ဌာနများနှင့် အစိုးရထံ တင်ပြ သွားမည် ဖြစ်ကြောင်း ပျိုမေ့အိမ် လူမှု ဖွံ့ဖြိုးရေး အသင်း ထံမှ သတင်း ရရှိသည်။

ကမ္ဘာ့ အပျော့ပျောင်းဆုံး ရုရှားသူ နဲ့ အပြိုင် ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာက အဘွားဒေါ်ထွေး

Photo: ကမ္ဘာ့ အပျော့ပျောင်းဆုံး ရုရှားသူ နဲ့ အပြိုင် ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာက အဘွားဒေါ်ထွေး

ဇန်န၀ါရီလ ၄ ရက်၊ ၂၀၁၅

ဆည်းဆာရိပ် ဂိလာန ဘိုးဘွား ရိပ်သာမှာ လက်ရှိ နေထိုင်နေတဲ့ အသက်(၉၅)နှစ် ရှိပြီ ဖြစ်တဲ့ အဘွား ဒေါ်ထွေးက ၂ဝ၁၅ ပြက္ခဒိန် ရိုက်တဲ့ ကမ္ဘာ့ အပျော့ပျောင်းဆုံး ရုရှားသူ နဲ့ အပြိုင် ဖေ့စ်ဘုတ် လူမှု ကွန်ရက်မှာ စိတ်ဝင်စားခြင်း ခံနေရ ပါတယ်။ အဘွားက အသက်(၉၅) နှစ် ရှိပြီဖြစ်ပေမယ့် ကျန်းမာပြီး ပျော့ပျောင်းစွာ လှုပ်ရှားနိုင် ပါတယ်။ အဘွားကို ပြုစု စောင့်ရှောက်နေတဲ့ ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ မှ ဒုဥက္ကဋ္ဌ ဒေါ်ခင်မမကို အဘွား ရောက်ရှိခဲ့ပုံနဲ့ အဘွား ရဲ့ အကြောင်း ကို စိတ်ဝင် တစား မေးကြည့်ဖြစ်ခဲ့ တဲ့အခါမှာတော့ “အဘွားက ၉လ ပိုင်း ၂ဝ၁၄ ကမှ ရောက်လာတာ။ လပိုင်း ပဲရှိ သေးတာ။ အဘွား ဒီကို ရောက်လာတာ ကစာရေးဆရာ ဘုန်း ကြီး တစ်ပါးရယ်၊ ရွှေတောင် မြို့နယ် ထဲမှာရှိတဲ့ ဆင်သေရွာက ဦးပဉ္စတစ် ပါးရယ်က လှမ်းပြောပြပေး တာပါ။ အဘွားက ရွှေတောင်မြို့ ရဲ့ ဟိုးဘက် ညောင်စာရေးရွာ မှာနေ တယ်။ ရွှေနတ်တောင် ရဲ့ ဟိုးဘက်ပေါ့။ အမှန်တိုင်း သိရတာ ကတော့ အဘွား ကို လက်ခံတဲ့ သူတွေ ကိုယ်တိုင်ကို ကအဘွားကို လက်မခံ ချင်တော့တာ ပါ။အစတုန်း ကတော့ အဘွား မှာ ပစ္စည်းလေး နည်းနည်းပါးပါး ရှိတုန်းကတော့ ပြုစုပေးတယ်ပေါ့။ အဘွားမှာ မရှိတော့ ငြိုငြင် လာတာပေါ့။ အဘွားက ခုချိန်ထိ အဲဒီ လူတွေ ရဲ့ မကောင်းကြောင်း ကို မပြောဘူး။ ဒါတောင် ကျွန်မ တို့ဘာသာ သိလာရတာ။ သူတို့ကျွေးတဲ့ ထမင်းကို စားခဲ့ဖူးတယ်။ သူတို့အကူ အညီကို ယူခဲ့ဖူးတယ်။ အဲဒီ အတွက် သူတို့ မကောင်းကြောင်း မပြောချင်ဘူး ဆိုပြီး အဘွား က အဲဒီလိုပြောတာ။ အဘွားက သူ့မှာတစ်ဖက်သားကို အကောင်းမြင် စိတ်ရှိတယ်။ အဲဒါကိုလည်း တွေ့ခဲ့ရ တယ်။ အဘွားက သူများအိမ်မှာ မှီခို နေတယ်။ ငြိုငြင်တဲ့ အနေအထား ဖြစ်နေတော့ ကျွန်မတို့ ဆင်သေရွာထိ သွားခေါ်ခဲ့တာပါ။ အဘွားက အရင် တုန်းက လက်သည်။ ကလေးတွေ အများကြီး မွေးပေးခဲ့ဖူးတယ်။ လက်သည် တစ်ယောက် ဖြစ်ခဲ့တော့ အဘွားက သူ့မှာ ကျန်းမာရေး အသိရှိတယ်။ ထမင်းစားရင် လည်း အစာ ကြေအောင် စားတယ်။ သူ့ကိုယ် သူ ဂရုစိုက်တယ်။ အဘွားက အကြော တွေပျော့နေတာ အမြဲတမ်း အဲဒီ လိုတွေ လုပ်နေလို့ မလုပ်နဲ့လို့ ပြော ထားရတယ် ။တော်ကြာ ထမင်းစားပြီး လည်း လုပ်နေမှာ စိုးလို့ ပြောထားရ တယ်။ သူက အဲဒီလို လုပ်ပြရရင် ပျော်နေတာပဲ”လို့ ပြောပြခဲ့ပါတယ်။

အဘွား ဒေါ်ထွေးက လက်ရှိမှာ အသက် (၉၅)နှစ် ရှိပြီဖြစ်ပြီး ယခင်က ရွှေတောင် မြို့နယ်ရှိ ညောင်စာရေးရွာ မှာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ယခင်က သားဖွား လက်သည် အလုပ်ကို လုပ်ကိုင်ခဲ့ပြီး တွယ်တာ စရာ သား၊သမီး၊ ဆွေမျိုးများ မရှိကြောင်း သိရပါတယ်။ ဆရာတော် ရဲ့ ဆက်သွယ်ပေးမှုကြောင့် စက်တင်ဘာလ ၁၈ ရက်နေ့ ၂ဝ၁၄ ခုနှစ်က ဆည်းဆာ ရိပ်ဂိလာန ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

The Voice Weekly
ဆည်းဆာရိပ် ဂိလာန ဘိုးဘွား ရိပ်သာမှာ လက်ရှိ နေထိုင်နေတဲ့ အသက်(၉၅)နှစ် ရှိပြီ ဖြစ်တဲ့ အဘွား ဒေါ်ထွေးက ၂ဝ၁၅ ပြက္ခဒိန် ရိုက်တဲ့ ကမ္ဘာ့ အပျော့ပျောင်းဆုံး ရုရှားသူ နဲ့ အပြိုင် ဖေ့စ်ဘုတ် လူမှု ကွန်ရက်မှာ စိတ်ဝင်စားခြင်း ခံနေရ ပါတယ်။ အဘွားက အသက်(၉၅) နှစ် ရှိပြီဖြစ်ပေမယ့် ကျန်းမာပြီး ပျော့ပျောင်းစွာ လှုပ်ရှားနိုင် ပါတယ်။ အဘွားကို ပြုစု စောင့်ရှောက်နေတဲ့ ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ မှ ဒုဥက္ကဋ္ဌ ဒေါ်ခင်မမကို အဘွား ရောက်ရှိခဲ့ပုံနဲ့ အဘွား ရဲ့ အကြောင်း ကို စိတ်ဝင် တစား မေးကြည့်ဖြစ်ခဲ့ တဲ့အခါမှာတော့ “အဘွားက ၉လ ပိုင်း ၂ဝ၁၄ ကမှ ရောက်လာတာ။ လပိုင်း ပဲရှိ သေးတာ။

၂၀၁၅ ရွေးကောက်ပွဲ မဲဆန္ဒနယ်အားလုံး NLD ဝင်ပြိုင်မည်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယခုနှစ် အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလဆန်း၌ ကျင်းပပြုလုပ်မည်ဟု ကြေညာထားသော ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်များ အားလုံး၌ ဝင်ရောက်ယှဉ်ပြိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) က ဆုံးဖြတ်ထားကြောင်း အဆိုပါ ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါ်နန်းခင်ထွေးမြင့်က The Voice သို့ ပြောကြားသည်။

မြန်မာ့နိုင်ငံရေးတွင် ၂၀၁၅ ခုနှစ်အတွင်း စိန်ခေါ်မှုများ ရင်ဆိုင်ရနိုင်ဟု သမ္မတဦးသိန်းစိန် ပြောကြား


မြန်မာနိုင်ငံ ဒီမိုကရေစီ ကူးပြောင်းမှု ကာလ၏ အရေးအကြီးဆုံး နှစ်အဖြစ် နိုင်ငံရေးလေ့လာသူများက သတ်မှတ်ထားသော ၂၀၁၅ ခုနှစ်အတွင်း မြန်မာ့နိုင်ငံရေးတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

“ဒီမိုကရေစီစနစ် အမြစ်တွယ် ခိုင်မာစေဖို့ ငြိမ်းချမ်းရေးဖြစ်စဉ် အဆင့်ဆင့်ကနေ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ဆိုတဲ့ အချက်တွေက ကျွန်တော်တို့ ကျော်လွှားရမယ့် စိန်ခေါ်မှုများပဲ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

KIA အဖွဲ့မှ ဒေသခံသစ်စက်ပိုင်ရှင်များအား ဆက်ကြေးကောက်ခံလျက်ရှိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ တိန်းဆန့်ကျေးရွာတွင် သစ်စက်လုပ်နေသော လုပ်ငန်းရှင်များအား ဇန်နဝါရီလ ၂ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့မှ ဆက်ကြေး ငွေများ လာရောက်ကောက်ခံသွားကြောင်း သိရသည်။
“ဒီနားတစ်ဝိုက်မှတော့ သစ်စက်လုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်း ၁၀ ကျော်လောက်ရှိတယ်။ KIA အဖွဲ့က ဆက်ကြေးလာကောက်တယ်လို့ သိရတယ်။ ဘယ်လောက်ပေးလိုက်ရလဲတော့ မသိဘူး”ဟု ရွာသား တစ်ဦးက ပြောသည်။

အေးခဲသည့် မိုးတိမ်တိုက်များကြောင့် လေယာဉ် ပျက်ကျခဲ့ခြင်း ဖြစ်နိုင်သည်ဟု အင်ဒို မိုးလေဝသအေ ဂျင်စီပြော

ဂျာကာတာ။ ။ ဒီဇင်ဘာ ၂၈ ရက်က အင်ဒိုနီးရှားမှ စင်င်္ကာပူသို့ ပျံသန်းခဲ့သော အဲအေးရှား QZ 8501 ပျက်ကျမှု၏ မူလ အရင်းခံ အကြောင်း တရားသည် ရာသီ ဥတုဆိုးရွားမှု ကြောင့်ဖြစ်ပြီး ရေခဲတစ်မျှ အေးခဲသည့် မိုးတိမ်များ အတွင်း ပျံသန်းခဲ့ရမှုက အင်ဂျင်ကို ပျက်စီးစေ ခဲ့ဖွယ် ရှိသည်ဟု အင်ဒိုနီးရှား မိုးလေဝသအေ ဂျင်စီက ပြောသည်။

အဲအေးရှားလေကြောင်းလိုင်းမှ A 320-200လေယာဉ်သည် အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာ မြို့မှ စင်င်္ကာပူသို့ပျံသန်းရာ လမ်းကြောင်းတွင် ပျက်ကျ ခဲ့ခြင်းဖြစ် ပြီး လေယာဉ် ပျက်ကျရခြင်း၏ အကြောင်း ရင်းကို စုံစမ်းသိ ရှိနိုင်ရန် ရှာဖွေ ကယ်ဆယ်ရေး သမားများက ပျံသန်းမှု မှတ်တမ်း အချက် အလက်များ ပါဝင်သည့် ဘလက်ဘောက်ကို ရှာဖွေလျက်ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် သမ္မတ တို့ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေး

နေပြည်တော်ရောက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ သမ္မတဦးသိန်းစိန်တို့ ဒီကနေ့ ဇန်န၀ါရီ ၅ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ခေါင်းဆောင် ၂ ဦးကျစီ တက်ရောက်ကြမှာ ဖြစ်ပြီး အဓိက ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး ကိစ္စရပ်ကို ဆွေးနွေးကြမှာဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက စုံစမ်းသိရှိရပါတယ်။

အရိမေတ္တယျဘုရား ဘယ်အချိန်ပွင့်သလဲ

မေး- အရိမေတ္တယျဘုရားရှင်ဟာ ဘယ်အချိန်မှာ ပွင့် မှာလဲဘုရား။ အရိမေတ္တယျဘုရားရှင် ပွင့်တော်မူပြီးမှ ကမ္ဘာကပျက်မှာလား၊ မပွင့်သေးခင် ပျက်မှာလားဆို တာသိချင်ပါတယ်ဘုရား။

မေသက်လှိုင်(လားရှိုး)

ဖြေ- ဒါမပြောမီ တစ်ကမ္ဘာရဲ့သက်တမ်းကို ပထမပြော ပါမယ်။ ဒါပြောမယ်ဆိုရင် အသင်္ချေယျဆိုတဲ့စကား ကို အရင်ပြောရမယ်။ အသင်္ချေယျဆိုတာ မရေမတွက် နိုင်တာကို ပြောတာပါ။ ဒါမှမဟုတ် တစ်အနောက်က သုညပေါင်း ၁၄ဝ ရှိတဲ့ကိန်းဂဏန်းကို 'အသင်္ချေယျ' လို့ခေါ်ပါတယ်။

စားသောက်ဆိုင် အလုပ်သမားမလေး အတွက် စားသုံးသူတို့ ကားဝယ်ပေး

Photo: စားသောက်ဆိုင် အလုပ်သမားမလေး အတွက် စားသုံးသူတို့ ကားဝယ်ပေး

ဇန်န၀ါရီလ ၅ ရက်၊ ၂၀၁၅

စေတနာအကျိုးပေးတယ်ဆိုတာ အမှန်ပါပဲ။ ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသမီးဟာ စားသောက်ဆိုင်က သာမန် ဝန်ထမ်း တစ်ဦး ဖြစ်ပြီး ဆိုင်ကို ပုံမှန်လာစားသူများက သူမ အတွက် ခရစ်စမတ် လက်ဆောင် အဖြစ် ကားတစ်စီးကို ငွေစုလို့ ဝယ်ပေးခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စု North Carolina ပြည်နယ်က မြို့လေးတစ်ခုတွင်းရှိ Raleigh လို့ အမည်ရတဲ့ စားသောက်ဆိုင် တစ်ခုမှာ ဖြစ်ပါတယ်။ ယင်း ဆိုင်မှာ အလုပ်လုပ်တဲ့ Shirley Ratliff လို့ အမည်ရတဲ့ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးဟာ သူမ အလုပ်ကို ရောက်ဖို့အတွက် ဘတ်စ်ကား သုံးဆင့် စီးပါတယ်။ သူမဟာ ကားဝယ်စီးဖို့ စိတ်ကူး အိပ်မက် ရှိပြီး ယင်းအတွက် ငွေလည်း နှစ်အတော်ကြာ စုနေခဲ့ပါသတဲ့။ တစ်နေ့တော့ ကင်ဆာရောဂါ ဝေဒနာ ကို ကုသဖို့ အတွက် မမျော်လင့်ပဲ သုံးလိုက်ရ ပါတယ်။

သူမဟာ ဆိုင်မှာ လာရောက် စားသုံးသူတို့ကို အင်မတန် ဖော်ရွေးပြီး ကောင်းမွန်စွာ ဆက်ဆံပါတယ်။ ဆိုင်မှာ လာစားသူတိုင်း သူမကို မချီးမွမ်းပဲ မနေရလောက်အောင် လူပြောများ သတဲ့။ သူ့ကို ဆိုင်ရဲ့ အိမ်ဂျယ်မလေးလို့တောင် တင်စားခေါ်ဝေါ်ကြပါသေးတယ်။ သူ့ကြောင့်လည်း ဆိုင်က အင်မတန် ရောင်းကောင်းပါတယ်။ သူမဟာ ကျန်းမာရေးအတွက် ငွေသုံးလိုက်ရတာကို သိတဲ့ လာရောက် စားသုံးသူ တစ်ဦးက ခရစ်စမတ် မတိုင်မီမှာ ဆိုင်လာစားနေကြ အမှာခံ စားသုံးသူများကို စုစည်းလို့ သူမအတွက် ကားဝယ်ပေးဖို့ ကြိုးစားပါတော့တယ်။

လူချစ်လူခင်ပေါတဲ့ အမျိုးသမီး ဖြစ်နေတော့ သိပ်မကြာပါဘူး။ ခရစ်စမတ်မတိုင်မှီ မှာပဲ ကားတစ်စီး ဝယ်ပေးလိုက်နိုင်ပါတယ်။ ဆိုင်ရှေ့ကို ခေါ်ထွက်ပြီး ကားကို ပြတော့ သူမဟာ ယခုလို အံ့သြနေခဲ့ ပါတယ်။ ကားဟာ သိပ် အကောင်းစားကြီး မဟုတ်ပေမယ့် သာမန် ကားလေး တစ်စီး ဖြစ်ပါတယ်။

ဒါကြောင့်မို့ စေတနာကောင်း ထားပြီးတော့ အလုပ်လုပ်ရင် ဘဝမှာ ပျော်ရွှင်ရသလို၊ တန်ပြန် အကျိုးကျေးဇူးလည်း နည်းမှာ မဟုတ်ဘူးဆိုတာ Shirley Ratliff က သက်သေပြသွားခဲ့ပါတယ်။
.
Ref: Huffingspot
အောင်ခမ်း (ရိုးရာလေး)
စေတနာအကျိုးပေးတယ်ဆိုတာ အမှန်ပါပဲ။ ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသမီးဟာ စားသောက်ဆိုင်က သာမန် ဝန်ထမ်း တစ်ဦး ဖြစ်ပြီး ဆိုင်ကို ပုံမှန်လာစားသူများက သူမ အတွက် ခရစ်စမတ် လက်ဆောင် အဖြစ် ကားတစ်စီးကို ငွေစုလို့ ဝယ်ပေးခဲ့ကြပါတယ်။

ပြည်သူများ မျှော်လင့်သည့် လွတ်လပ်ရေးဟုတ်ရဲ့လား

DASSK
ရန်ကုန် (မဇ္ဈိမ)။ ။ ယနေ့ မြန်မာနိုင်ငံတွင် ရရှိနေသည့် လွတ်လပ်ရေးသည် ပြည်သူများ မျှော်လင့်နေသည့် လွတ်လပ်ရေး ဟုတ်ရဲ့လား ဟု ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တော်ဝင်နှင်းဆီ ခန်းမတွင် ပြုလုပ်သည့် ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ နှစ်ပတ်လည် အခမ်း အနားတွင် မေးခွန်းထုတ် လိုက်သည်။ ဒေါ်အောင်ဆန်း စုကြည်က “လွတ်လပ်ရေးကတော့ ရသွားပါပြီ။ လွတ်လပ်ရေးရအောင်တော့ လုပ်ဖို့ မလိုတော့ပါဘူး။ ဒါပေမဲ့ ဒီလွတ်လပ်ရေးဟာ ပြည်သူတွေ မျှော်လင့် ခဲ့တဲ့ လွတ်လပ်ရေးမျိုး ဟုတ်ရဲ့လားဆိုတာ ကျွန်မတို့ စဉ်းစားရမယ်။ အဲ့သလို လွတ်လပ်ရေး မျိုး ဖြစ်အောင်လည်း ကျွန်မတို့ ၀ိုင်းပြီးလုပ်ရမယ်” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

Key Chain Finder

Photo: Key Chain Finder

Key Chain Finder ဆိုသည့်အတိုင်း သင့်၏ ကားသော့၊ ဖုန်း၊ ပိုက်ဆံအိတ် အစရှိသည်တို့၌ ချိတ်ထားခြင်းဖြင့် မိမိပစ္စည်း နေရာအထား မှားသည့်အခါ ဖြစ်စေ၊ ပျောက်သွားသည့်အခါ ဖြစ်စေ လေချွန်လိုက်ရုံဖြင့် ၎င်း Key Chain မှ Alert ထမြည်လိမ့် မည်။

ရရှိနိုင်သော အရောင်များ အနေဖြင့် အဖြူရောင်၊ အမည်းရောင်၊ အနီရောင်နှင့် အပြာ ရောင်တို့ ရရှိနိုင်ပြီး ဈေးနှုန်းမှာ ငွေကျပ် ၁၅ဝဝဝ ဖြစ်သည်။

မြ၀တီ
Key Chain Finder ဆိုသည့်အတိုင်း သင့်၏ ကားသော့၊ ဖုန်း၊ ပိုက်ဆံအိတ် အစရှိသည်တို့၌ ချိတ်ထားခြင်းဖြင့် မိမိပစ္စည်း နေရာအထား မှားသည့်အခါ ဖြစ်စေ၊ ပျောက်သွားသည့်အခါ ဖြစ်စေ လေချွန်လိုက်ရုံဖြင့် ၎င်း Key Chain မှ Alert ထမြည်လိမ့် မည်။

၅၃နှစ်အတွင်း ပထမဆုံးကျင်းပသော ဗိုလ်ရှုသဘင် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှ ပြင်သင့်ပြင်ထိုက်သည်များကို ဥပဒေနှင့်အညီ ပြင်ဆင်ရမည်ဟု သမ္မတပြော


မိမိတို့နိုင်ငံ၊ မိမိတို့ လူ့အဖွဲ့အစည်း၊ နိုင်ငံရေးအခြေ အနေများအပေါ်မူတည်၍ ဖွဲ့ စည်းပုံအခြေခံဥပဒေမှ ပြင်သင့် ပြင်ထိုက်သည်များကို ဥပဒေနှင့် အညီ ပြင်ဆင်သွားရမည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အ ခမ်းအနားနှင့် ဗိုလ်ရှုခံသဘင်တွင် ပြောကြား သည်။
‘‘ဒီမိုကရေစီစနစ် အမြစ် တွယ် ခိုင်မာလာစေဖို့ ငြိမ်းချမ်း ရေးဖြစ်စဉ်အဆင့်ဆင့်ကနေ နိုင် ငံရေးဆွေးနွေး ပွဲများပေါ်ပေါက် လာဖို့ နဲ့ လွတ်လပ်ပြီးတရားမျှတ တဲ့ ၂၀၁၅အထွေထွေရွေးကောက် ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ဖို့ ဆိုတဲ့အချက်များဟာကျွန်တော် တို့ ကျော်လွှားရမယ့် စိန်ခေါ်မှုများ ပဲဖြစ်ပါတယ်’’ဟု သမ္မတကပြောသည်။

နာမည်ပြောင်းလိုက်တဲ့ ဂျနီဖာလိုပက်ဇ်


အမေရိကန် အဆိုတော် ဂျနီဖာလိုပက်ဇ်သည် ၂၀၁၄ ဒီဇင်ဘာ ၃၁ ရက်တွင် ၎င်း၏ တရားဝင်နာမည်ကို ၎င်း၏ မူရင်းအမည်သို့ ပြန်ပြောင်းခဲ့ ကြောင်း တရားရုံးစာရွက်စာတမ်း များအရ သိရသည်ဟု TMZ သတင်းက ဖော်ပြသည်။

သင်၏ မျက်လုံး အားပြန်ကောင်းပြီး " မျက်မှန်လွတ်တဲ့နည်း "

Photo: သင်၏ မျက်လုံး အားပြန်ကောင်းပြီး " မျက်မှန်လွတ်တဲ့နည်း "
===================================

ဇန်န၀ါရီလ ၅ ရက်၊ ၂၀၁၅

ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊
ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်
လောင်းပေးရမယ် ။ ဒါက တစ်ကိုယ်လုံးမှာပြန့်နှံနေတဲ့ အပူခိုးတွေကို
ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ ။ ။ ။

အိပ်ရာကထလာတာနဲ့အပူတွေကတစ်ကိုယ်လုံးမှာပြန့်နှံ့နေတာပါ ၊
ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကိုအရင်သစ်လိုက်မယ်ဆိုရင်
ရေနဲ့ထိပြီးအေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေ
အကုန်ပြေးလာကြပါတယ် ၊ ဒါကြောင့်မျက်စိကိုတစ်ကိုယ်လုံးက အပူခိုး ၊
အပူငွေ့တွေလာရိုက်တော့တာပေါ့ ။ ။ ။

သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်ထောင်ကြည့်လိုက်ပါ ၊
မျက်လုံးနှစ်လုံးစလုံး " ရဲ " နေတာတွေ့ရလိမ့်မယ်၊ အဲ့ဒီလိုအပူခိုးတွေ
ရိုက်ပါများလာတဲ့အခါ " ဒီမျက်စိကမှုန်ပြီး အားနည်းသွားတာပေါ့ " ။ ။ ။

ဒါကြောင့်အပူခိုးတွေ မျက်စိဆီကိုမသွားဘဲ အောက်ရောက်သွားအောင်
ခြေထောက်ကိုအရင်ရေလောင်းရတာပေါ့ ၊ ဒူးကနေရေလောင်းပြီးတဲ့အခါမှာလည်း
ချက်ချင်းမျက်နှာမသစ်ရသေးဘူး ။ ချိုင်းကြားနှစ်ဖက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေ
ထွက်သွားအောင် မတ်တတ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက်
အောက်ချလိုက် နဲ့ အနည်းဆုံး အကြိမ် ၂၀ လောက်လုပ်ပေးရမယ် ။ ။ ။

အဲ့ဒါပြီးတဲ့အခါ တက်နေတဲ့ ဇက်ကြောတွေလျှော့သွားအောင် ခေါင်းကို
နောက်ကျောဘက်ရောက်နိုင်သလောက် လှန်ချရမယ် ၊ ရှေ့ကိုလည်း
ရသလောက် ငုံ့ရမယ် ။ ဒါကလည်းအကြီမ် ၂၀ လောက်ပေါ့ ၊ ပြီးရင် ခေါင်းကို
ဘယ်ညာ အခါ ၂၀ လောက်လှည့်ပေးရမယ် ။ ။ ။

ဒီလေ့ကျင့်ခန်း သုံးခု ပြီးတာနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အပူခိုးတွေ
ခြေထောက်ကတဆင့် ထွက်နေတာ ကုန်သွားပါပြီ ။ သေချာသိချင်ရင်
ခြေထောက်ကိုစမ်းကြည့်လိုက်ပေါ့ ။
" ရေတစ်စက်မှမရှိတော့ဘဲ ခြောက်နေတာတွေ့ရလိမ့်မယ် " ။
အဲဒီကျတော့မှ မျက်နှာကို ဆပ်ပြာနဲ့ သေချာသစ်ရမယ် ၊ သွားမတိုက်ရသေးဘူး ။
ပါးစပ်ကိုပိတ်ထားရမယ် ။ မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ့သုတ်ပေတော့ ။

ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တွေ အကုန်ပွင့်သွားတာပေါ့ ၊
အဲ့ဒီကျတော့မှ သွားတိုက်ရမယ် ၊ သွားတိုက်ရင်းနဲ့ သွားကြိုသွားကြားမှာရှိတဲ့
အခိုးအငွေ့တွေဟာ " မျက်နှာကမွှေးညှင်းပေါက်များမှတဆင့် ထွက်ကုန်မယ်လေ" ။

ဒီနည်းကတော့" အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါ " ကို ကြိုတင်ကာကွယ်နည်းပါ ။

နောက်ပြီးဖြစ်နိုင်ရင် နေ့ဘက်ကို ဦးစားပေးပြီး စာကြည့်သင့်တယ် ၊
ညဘက်ကိုနည်းနည်း ပဲကြည့်စေချင်တယ် ။

ွှ ဒီနည်းဖြင့် မျက်စိမှုန်နေသူများ ပြန်အားကောင်းနိုင်ပါတယ် ။
မျက်စိအားကောင်းသော သူများပင်လျှင် ဒီနည်းကို အမြဲတစေပြုလုပ်မည်ဆိုပါက
မျက်မှန်တတ်ရမည့် အဆင့်သို့ မရောက်နိုင်တော့ပါ ။ ။ ။

အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ )
စာရိတ္တသတ္တိ စာအုပ်မှ မျှဝေပါသည်
ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊
ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်
လောင်းပေးရမယ် ။ ဒါက တစ်ကိုယ်လုံးမှာပြန့်နှံနေတဲ့ အပူခိုးတွေကို
ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ ။ ။ ။

အစိုးရ၀န်ထမ်းများ လစာစုဆောင်းပြီး အိမ်ရာဝယ်နိုင်မည့် အစီအစဉ် အကောင်အထည်ဖော်မည်

အစိုးရ၀န်ထမ်းများ လစာအရစ်ကျစုဆောင်းပြီး အိမ် ရာဝယ်နိုင်ရန် တစ်ဦးချင်းစီ ၀င် ငွေစုဆောင်းသည့် စနစ် (Myan-mar Provident Fund) ကို မကြာမီ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

နိုင်ငံတကာတွင် ၀န်ထမ်းများ၏ လစာကို လစဉ်စုဆောင်းပြီး အိမ်ရာဝယ်နိုင်မည့် စနစ်များရှိ၍ မြန်မာနိုင်ငံတွင်လည်း အကောင်အထည်ဖော်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်အေး အေးမြင့်က ပြောသည်။

‘‘အိမ်ရာနဲ့ပတ်သက်ပြီး စုငွေလုပ်ဆောင်ဖို့ လိုနေပြီ။ ဒါ ကြောင့် ဒီကဏ္ဍကိုလေ့လာပြီး အကောင်အထည် ဖော်ဖို့ လုပ်နေ တယ်။ ဒီစနစ်က တခြားနိုင်ငံတွေ မှာလည်း ရှိတယ်။ လက်တွေ့သုံး နေတယ်’’ဟု ၎င်းက ပြောသည်။

ကေအိုင်အေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေအတွက် ဆုတောင်းပွဲပြုလုပ်

Photo: ကေအိုင်အေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေအတွက် ဆုတောင်းပွဲပြုလုပ်

ဇန်န၀ါရီလ ၅ ရက်၊ ၂၀၁၅

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသူတွေ အတွက် သူတို့ရဲ့ မိဘ ဆွေမျိုးတွေစုပေါင်းပြီး အမျှဝေဆုတောင်းပွဲတစ်ရပ်ကို မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ဘုရားမှာ ဒီနေ့ပြု လုပ်ခဲ့ပါတယ်။

KIA က ဖမ်းဆီးခံရတဲ့ ရှမ်းတိုင်းရင်းသား ၂၃၀ ကျော်ရှိသွားပြီလို့ အခမ်းအနားမှာ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောပါတယ်။

"ကျနော်တို့ရှမ်းတွေကို အခုမတရား ဆပ်ကြေးကောက်နေတာ၊ ကျနော်တို့ ရှမ်းသားသမီးတွေ တောထဲတောင်ထဲမှာ အခုအဖမ်းခံနေရတယ်၊ အခုဆို ကေအိုင်အေဖမ်းသွားတာ ၂၃၄ ဦးရှိပါပြီ၊ နောက်ပြီး ဒီထဲမှာသေဆုံးသွားတဲ့ ဒီကနေ့ ကျနော်တို့ ဆွမ်းသွပ်ရတဲ့အထိ ဘဝအခြေအနေ အဲ့လိုဖြစ်လာပါတယ်၊ ဒါကျနော်တို့ လက်ခံလို့မရတော့ဘူး"

အခမ်းအနားကိုတက်ရောက်လာကြတဲ့ မိသားစုဝင်တွေကလည်း သူတို့ရဲ့ခံစားချက်တွေကိုရင်ဖွင့် ပြောဆိုကြပါတယ်။

မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ ဒေါ်မြင့်ကြည်က ခင်ပွန်းဖြစ်သူ ဦးလှထွန်းဟာ KIA ရဲ့ သတ်ဖြတ်ခံခဲ့ရတာနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

"ဆင်ဘိုမှာ ကျမတို့မိသားစု လယ်ယာမြေကို ရိုးရိုးသားသား လုပ်ကိုင် စားသောက်ပါတယ်၊ ကျမတို့ခင်ပွန်းသည် အလုပ်အကိုင် လုပ်နေရတဲ့ အချိန်မှာ ကေအိုင်ကေတွေက ဖမ်းသွားပြီးတော့မှ ဘာမှမသိညာမှန်းမသိ သတ်ဖြတ်ခဲ့ပါတယ်"

KIA ရဲ့ဖမ်းဆီးသတ်ဖြတ်ခံခဲ့သူတွေရဲ့မိသားစုဝင်တွေဟာ အဓမ္မစစ်သား စုဆောင်းတဲ့ လက်နက်ကိုင်အဖွဲ့တွေ အလိုမရှိစတဲ့ ပိုစတာတွေကိုင်ပြီး မြစ်ကြီးနားမြို့ရှမ်းစုမြောက်ရပ်ကွက်ကနေ ဆုတောင်းပြည့် ဘုရားအထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။

KIA က ဖမ်းဆီးသတ်ဖြတ်ခံရတယ်ဆိုတဲ့ ရှမ်းမျိုးနွယ်စုတိုင်းရင်းသား အရေအတွက်နဲ့ ပတ်သက်လို့ စိစစ်သွားရမှာဖြစ်တယ်လို့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ နည်းပညာအထောက်အကူပြုအလုပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်းခါးက ပြောပါတယ်။

"ကျနော်တို့ ကချင်တွေလည်း ဒီလိုပဲ နိုင်ငံတကာသိအောင် အစိုးရသိအောင် ဆန္ဒတွေထုတ်ဖော်မယ်၊ ဖော်ပြမယ်၊ ထိုနည်း၎င်းပဲ ရှမ်းတွေမှာလည်း ဒီအခွင့်အရေးရှိပါတယ်၊ ကျနော်တို့ ကချင်တွေနဲ့ ဖြစ်တဲ့ကိစ္စကျတော့ ကျနော်တို့လည်း ပြန်စိစစ်ရမှာပေါ့၊ သူတို့ပြောသလောက် မရှိဘူးဆိုတာ ကျနော်တို့သိနေတယ်လေ"

ဒီနေ့ဆန္ဒပြဝတ်ပြုဆုတောင်းပွဲကို မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ဟိုပင်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့် စတဲ့မြို့ရွာတွေက ဒေသခံရှမ်းတိုင်းရင်းသား တစ်ထောင်ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

RFA Burmese
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသူတွေအတွက် သူတို့ရဲ့ မိဘ ဆွေမျိုးတွေစုပေါင်းပြီး အမျှဝေဆုတောင်းပွဲတစ်ရပ်ကို မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ဘုရားမှာ ဒီနေ့ပြု လုပ်ခဲ့ပါတယ်။

KIA က ဖမ်းဆီးခံရတဲ့ ရှမ်းတိုင်းရင်းသား ၂၃၀ ကျော်ရှိသွားပြီလို့ အခမ်းအနားမှာ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းထွန်းရင်က ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့နှင့် သမ္မတ၊ ကာချုပ်တို့ ယနေ့တွေ့ဆုံမည်

ဗိုလ်ရှုခံအခမ်းအ နားသို့ တက်ရောက်လာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် နိုင်ငံတော် သမ္မတ၊ တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်တို့ သည် နေပြည်တော်တွင် ယနေ့ သီးခြားတွေ့ ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတ ဦးသိန်း စိန်နှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ၁၂ ဖွဲ့မှ ကိုယ်စားလှယ် များသည် ယနေ့နံနက် ၉ နာရီ တွင် မြန်မာကွန်ဗင်းရှင်းစင်တာ (၁)  (MICC−1) ၌ တွေ့ဆုံမည် ဖြစ်သည်။ ထို့နောက်နေ့လယ်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဘုရင့်နောင်ရိပ်သာ၌ တွေ့ဆုံ မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူးဖဒို စောကွယ်ထူးဝင်းက ပြောသည်။

ကေအိုင်အေကို မြစ်ကြီးနားမြို့မှာ ဆန္ဒပြ