ပဋိပက္ခကြောင့် မီးရှို့ ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူ မြို့နယ် ထန်းကုန်းမြို့တွင် ဘာသာပေါင်းစုံ ပါဝင်သည့် ပဋိပက္ခ ကာကွယ် တားဆီးရေးအဖွဲ့ ဖွဲ့စည်း ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဦးကြည်လင်က ပြောကြားသည်။
Wednesday, August 28, 2013
ထန်းကုန်းတွင် ဘာသာပေါင်းစုံ ပါဝင်သော ပဋိပက္ခ ကာကွယ်တားဆီးရေးအဖွဲ့ ဖွဲ့
ပဋိပက္ခကြောင့် မီးရှို့ ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူ မြို့နယ် ထန်းကုန်းမြို့တွင် ဘာသာပေါင်းစုံ ပါဝင်သည့် ပဋိပက္ခ ကာကွယ် တားဆီးရေးအဖွဲ့ ဖွဲ့စည်း ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဦးကြည်လင်က ပြောကြားသည်။
သံတွဲ၌ ပဋိပက္ခ ဖြစ်ပွားလုဆဲ ရဲတပ်ဖွဲ့ အချိန်မီ ထိန်းသိမ်း
ရခိုင်ပြည်နယ် သံတွဲမြို့ နံတော်တောင် တောင်ခြေရင်းတွင် သီတင်းသုံးနေ သည့် ဘုန်းတော်ကြီး တစ်ပါး ကို အစ္စလာမ် ဘာသာဝင် တစ်ဦးက ဆဲဆိုသည်ဟု ဆိုသည့် သတင်းများ ထွက်ပေါ် ခဲ့ပြီး နောက် တွင် ယင်းနေရာ သို့ လူ ၆၀ ခန့် စုဝေးလာသဖြင့် ရဲတပ်ဖွဲ့က အချိန်မီ တားဆီး ခဲ့ကြောင်း ဒေသခံများနှင့် သံတွဲမြို့နယ် ရဲတပ်ဖွဲ့ စခန်းတို့မှ သိရှိရသည်။
လွှတ်တော်နှင့် သမ္မတရုံး ပြေလည်မှုမရှိဟု ပြည်သူလူထု အထင်အမြင်မလွဲစေလို
လွှတ်တော်နှင့် နိုင်ငံတော် သမ္မတရုံးတို့ကြား မပြေလည်မှုများ ရှိနေသည်ဟု
ပြည်သူလူထု အထင်အမြင် မလွဲစေလို ကြောင်း ပြည်ထောင်စု လွှတ်တော်ဥပဒေ
ကြမ်းပူးပေါင်းကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် က ပြောသည်။
မျက်နှာဖုံးစွပ် လူသတ်သမားများအမှု လုံခြုံရေး အခြေအနေအရ လက်နက်ကိုင် ရဲအစောင့်များဖြင့် တရားရုံးထုတ်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ (၆) လမ်းတွင်
လွန်ခဲ့သည့် ၂ နှစ်ခန့်က ဖြစ်ပွားခဲ့သည့် မျက်နှာဖုံးစွပ် လူသတ်မှုကို
မြောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးလျက်ရှိရာ သြဂုတ်လ ၂၇ ရက်
ရုံးချိန်းတွင် လက်နက်ကိုင် ရဲအစောင့်များဖြင့် ရုံးထုတ်ခဲ့ရကြောင်း
အင်းစိန်မြို့နယ် မြို့မ ရဲစခန်းမှ အကြီးတန်း ရဲအရာရှိ တစ်ဦးက The Voice
သို့ ပြောကြားသည်။
ဗြိတိသျှနဲ့အမေရိကန် နိုင်ငံသား ၂ ဦး တရုတ်အစိုးရ ဖမ်းဆီး
တရုတ်နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို တရားမ၀င်
ဝယ်ယူရောင်းချတယ်ဆိုတဲ့ စွဲချက်နဲ့ ဗြိတိန်နိုင်ငံသားတဦးနဲ့ ဇနီးဖြစ်သူ
အမေရိကန် နိုင်ငံသားတဦးတို့ကို တရုတ်အာဏာပိုင်တွေက တရားရုံး
တင်လိုက်ပါတယ်။ Peter Humphrey နဲ့ ဇနီးဖြစ်သူ Yingzeng Yu တို့ နှစ်ဦးကို
အခု ဇူလိုင်လမှာ တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်နှင့် စီမံခန့်ခွဲမှုများ အငြိမ်းစားရဲမှူးကြီးတို့ ဝေဖန်
အရပ်ဘက်အုပ်ချုပ်ရေးတွင် အခရာကျသော အာဏာပိုင် အဖွဲ့အစည်းတစ်ခု
ဖြစ်သည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည့် ရဲတပ်ဖွဲ့တွင်
တာဝန်ထမ်းဆောင်နေသည့် ရဲ တပ်ဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု၊ ပဋိပက္ခတစ်ခုကို ဖြေရှင်းနိုင်မှုတို့တွင် အရည်အသွေးများစွာ နိမ့်ကျလျက် ရှိသည်ဟု အငြိမ်းစား ရဲမှူးကြီးတို့က ဝေဖန်လိုက်သည်ဟု သိရသည်။
တောင်ကြီး ခမ်းခုံးရွှေဆိုင် ရွှေ ၅၀ သား ခိုးယူခံရမှု တရားခံများ၏ ခန့်မှန်းရုပ်ပုံများ ထုတ်ပြန်
တောင်ကြီးမြို့၊
တပင်ရွှေထီးလမ်း ဈေးပိုင်းရပ်ကွက် မြို့မဈေး တောင်ဘက်ပေါက် မြေညီထပ်
အခန်းအ မှတ် ၃ တွင် ဖွင့်လှစ်ထားသည့် ခမ်းခုံးရွှေဆိုင်တွင် ငွေကျပ်တန်ဖိုး
သိန်း ၃၄၀ တန်ဖိုးရှိ ရွှေ ၅၀ ကျပ်သား အခိုးခံရခြင်းအတွက် တောင်ကြီး
မြို့မရဲစခန်းက သံသယရှိသူ နှစ်ဦး၏ ခန့်မှန်းရုပ်ပုံကို သြဂုတ်လ၂၇ ရက် က ထုတ်ပြန်လိုက်သည်။
ဘက်မလိုက်ကြောင်း လူ့အခွင့်အရေးသံတမန် ကင်တားနား ချေပ
ဦးနှောက်ကို အမြဲနုပျိုနေစေရန်
(၁) လှုပ်ရှားပါ
လေ့ကျင့်ခန်းလုပ်ခြင်း၊ကိုယ် လက်လှုပ်ရှားခြင်း ကြောင့် ဦးနှောက်ဆံခြည်မျှင်သွေးကြောဖွဲ့ စည်းမှု ကောင်းမွန်ပြီးသွေးအထောက်အပံ့၊ အာဟာရနှင့် အောက်ဆီဂျင်ပေါများစွာ ရရှိနိုင်သောကြောင့် ဦးနှောက် နဗ်ဆဲလ်များနုပျိုစေသည်။
လေ့ကျင့်ခန်းလုပ်ခြင်း၊ကိုယ
ဆီးရီးယားကိုတိုက်ခိုက်ဖို့ အမေရိကန်နဲ့ဗြိတိန် အဆင်သင့်ဖြစ်
အမေရိကန်သမ္မတ Barack Obama ရဲ့ အမိန့်ပေးတဲ့အပေါ်မှာ
လုပ်ဆောင်နိုင်ဖို့အတွက် အမေရိကန် စစ်တပ်က အသင့်ပြင်ထားပြီး ဖြစ်တယ်လို့
အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Chuck Hagel က ဘီဘီစီနဲ့
အင်တာဗျူးတခုမှာပြောသွားခဲ့ပါတယ်။
ပြည်တွင်း၌ ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ်စဉ်များတွင် နောက်ကွယ်၌ လှုံ့ဆော်သူ အမျိုးမျိုး ရှိနေသည်ဟု ဒေသခံများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပြောကြား
ကန့်ဘလူမြို့နယ်ရှိ ထန်းကုန်းကျေးရွာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်စစ်ဆေး နေသည်ကို သြဂုတ် ၂၅ ရက်က တွေ့ရစဉ်
မြန်မာနိုင်ငံအ၀န်း ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ်စဉ်များမှာ ကနဦးတွင်
သာမန်ဖြစ်ရိုးဖြစ်စဉ်နှင့် သာမန် မှုခင်း ဖြစ်စဉ်များ စတင်ဖြစ်ပွားရာမှ
အစပြုဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်များ၏ နောက်ကွယ်၌ လှုံ့ဆော်သူ
အဖွဲ့အစည်း အမျိုးမျိုး ရှိနေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ
ပြောကြားနေသော်လည်း ကျူးလွန်သူ များကို ဖမ်းမမိသေးကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲမည့် အမြန်ဘတ်စ်ကား လိုင်းစနစ်တွင် ပုဂ္ဂလိက ယာဉ်လိုင်းကြီးနှစ်ခုမှ ၀င်ရောက်ပြေးဆွဲရန် တင်ပြလာပြီး လမ်းများ၊ မီးပွိုင့်စနစ်များ ပြုပြင်ရမည်ဖြစ်၍ မစတင်နိုင်သေး
ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်း အချို့ကို တွေ့ရစဉ်
ရန်ကုန်မြို့တွင်း အမြန်ဘတ်စ်ကားလိုင်း (BRT) စနစ်ကို ပြေးဆွဲရန်
စီစဉ်နေရာ ယင်းစနစ်တွင် ၀င်ရောက်ပြေးဆွဲရန်အတွက် ပုဂ္ဂလိက
ယာဉ်လိုင်းကြီးနှစ်ခုမှ တင်ပြလာပြီး အဆိုပါ စနစ်အတွက်
လမ်းနှင့်မီးပွိုင့်စနစ်များ ပြုပြင်ရမည်ဖြစ်၍ မစတင်နိုင်သေးကြောင်း
ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်၏
ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ချောက်ကမ်းပါးတွင် ရောက်ရှိနေသည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များအဖွဲ့က ထုတ်ပြန်
မြန်မာနိုင်ငံသည် လူမျိုးရေးဘာသာရေး ပဋိပက္ခ ချောက်ကမ်းပါးတွင်
ရောက်ရှိနေပြီး တာဝန်ရှိသူများ အနေဖြင့် ကောင်းမွန်စွာ ထိန်းသိမ်းခြင်း
မပြုပါက ဗုဒ္ဓဘာသာနှင့် မွတ်စလင် အသိုင်း အ၀ိုင်း နှစ်ခုတို့အကြား
တင်းမာမှုများ ပိုမိုဖြစ်လာနိုင်လိမ့်မည်ဟု လူ့အခွင့်အရေးဆိုင်ရာ
အာဆီယံ လွှတ်တော် အမတ်များအဖွဲ့ (APHR) က သြဂုတ် ၂၆ ရက်က
ထုတ်ပြန်ကြေညာလိုက်သည်။
Subscribe to:
Posts (Atom)