Thursday, January 31, 2013

ဖေဖော်ဝါရီ ၁ ရက်နေ့တွင်နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရေဒီယိုလိုင်းများမှ မိန့်ခွန်းပြောကြားမည်

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ရေဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး နိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့်ရပုဂိုလ် ဦးရဲထွဋ်၏ ကိုယ်ပိုင် facebook စာမျက်နှာ တွင်ဖော်ပြထားသည်ကိုတွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် ဂွမ်ဂျူး လူ့အခွင့်အရေးဆု လက်ခံရယူ



တောင်ကိုရီယားနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းက ဂွမ်ဂျူးမြို့မှာရှိတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေရဲ့ ဗိမာန်တွေကို ပန်းစည်းချ ဂါရဝပြုခဲ့ပါတယ်။

ကချင်ပြည်နယ်တွင် အစိုးရနှင့် KIA တပ်များအကြား စစ်ပွဲ ငြိမ်သက်


ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်ပြည်နယ် ဖားကန့်နှင့် လိုင်ဇာဌာနချုပ် အနီးတဝိုက်တွင် မြန်မာအစိုးရနှင့် ကချင်လွတ်လပ်ရေး KIO တပ်ဖွဲ့တို့ သုံးရက်ကြာ တိုက်ပွဲ ဖြစ်ပွားမှု နေသည်ဟု KIO နှင့် ကျောင်းသားတပ်မတော်က ပြောသည်။

ဦးတေဇ ကျောက်မျက် အသင်းဥက္ကဋ္ဌ ဆက်တာဝန်ယူမည်လော

အနောက်နိုင်ငံကြီးများ၏စီးပွားရေးပိတ်ဆို့မှုစာရင်းတွင် ပါဝင်နေသော ဦးတေဇက မြန်မာနိုင်ငံကျောက်မျက်ရတနာအသင်း ဥက္ကဋ္ဌအဖြစ် နုတ်ထွက်ခွင့်ပြုပါရန် တင်ပြလာမှုအပေါ် အသင်းက

ခေါင်းငိုက်စိုက်လူမျိုး ၊ စာဖတ်သူရော ခေါင်းငိုက်စိုက် လူမျိုးထဲ ပါနေပြီလား

ကော်ဖီတစ်ခွက် ကိုယ်စီမှာပြီးကြတဲ့နောက်.......
ဒီကနေ့ရဲ့ ပြောင်းလဲတိုးတက်နေတဲ့ခေတ်နဲ့အညီ လူတွေမှာ အားလပ်ချိန်နည်းခဲ့ကြတယ်။ အားလပ်ချိန်ရလို့ သူငယ်ချင်းမိတ်ဆွေတွေအချင်းချင်းတွေ့ကြ၊ ဆုံကြပြန်တော့လဲ

ဒီကေဘီအေမှ ရယူခဲ့သောမြေများကို ရွာသားများက ပြန်တောင်းဆို

           ဒီကေဘီအေမှ အဖွဲ့ဝင်များ နေထိုင်ရန် ရယူခဲ့သော ကရင်ပြည်နယ်၊ ကတိုင်တိကျေးရွာမှ မြေများကို တရားဝင် ပြန်လည် ရယူလိုကြောင်း ရွာသားများက ပြန်လည်တောင်းဆိုမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။
           လွန်ခဲ့သော ၁၈ နှစ်ကျော်က လက်နက်နှင့် ငြိမ်းချမ်းရေးလဲရာတွင် ဒီကေဘီအေ အဖွဲ့ဝင်များ ခေတ္တနေထိုင်ရန် အိမ်ဝိုင်းများကို ၃ ရက်အတွင်းဖယ်ခိုင်းသောကြောင့် အိမ်ပိုင်ရှင်များက

နိုင်ငံတည်ဆောက်ရေးနှင့် ပါတီတစ်ရပ် ရေရှည်ရပ်တည်ရန် လိုအပ်ချက် နိုင်ငံတကာ ပညာရှင်များ လာရောက်ဆွေးနွေးမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၉
နိုင်ငံတော် တည်ဆောက်ရေးနှင့် ပါတီတစ်ရပ် ရေရှည် ရပ်တည်နိုင်ရန်အတွက် လိုအပ်ချက်များကို ဆွေးနွေးရန် ဖေဖော်ဝါရီ ဒုတိယပတ်တွင် နိုင်ငံတကာ ပညာရှင်များ လာရောက်ကြမည်ဟု ဒီမိုကရက် တစ်ပါတီ (မြန်မာ)မှ သိရသည်။ နယ်သာလန်၊ ဒိန်းမတ်၊ အင်ဒို၊ တောင်အာဖရိကနှင့် နီပေါမှ နိုင်ငံ ရေးနှင့် စီးပွားရေး ပညာရှင်များ လာရောက်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံရေး ပါတီ ၅၄ ပါတီနှင့် တွေ့ဆုံဆွေးနွေး ကြမည် ဖြစ်သည်။

ပုဂံ၊ အင်းလေး၊ လပွတ္တာနှင့် ရန်ကုန်မြို့တို့မှ ကလေးငယ် များ၏ လူနေမှုဘဝ ဒိန်းမတ် ရုပ်သံအဖွဲ့ လာရောက် ရိုက်ကူး

(ညောင်ဦး၊ ဇန်နဝါရီ ၂၈ )
ပုဂံ၊ အင်းလေး၊ လပွတ္တာနှင့် ရန်ကုန်မြို့များမှ ကလေးငယ်များ၏ လူနေမှုဘဝများကို ဒိန်းမတ်နိုင်ငံ  ရုပ်သံ အဖွဲ့တစ်ဖွဲ့ဖြစ်သော Danich Broadcasting Coorperation DRTV မှဇန်နဝါရီလ ၁၄ ရက်နေ့မှ ၃ဝ ရက်နေ့အထိ လာရောက် ရိုက်ကူးလျက် ရှိကြောင်း သတင်း ရရှိပါသည်။ အဆိုပါ အဖွဲ့တွင် အဖွဲ့ဝင် ၇ ဦး

မူဆိုလီနီသည် ခေါင်းဆောင်ကောင်း တစ်ဦးဟု ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ ကာကွယ်ပြောဆို

(မီလန်၊ ဇန်နဝါရီ ၂၈)
အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ သည် ဖက်ဆစ် ခေါင်းဆောင် မူဆိုလီနီအား ခေါင်းဆောင်ကောင်းဟု ကာကွယ်ပြောဆိုမှု လုပ်ခဲ့သော ကြောင့် ဝေဖန်မှု များနှင့် ရင်ဆိုင်နေရသည်။

အီတလီနိုင်ငံ မီလန်မြို့၌ ပြု လုပ်သော ဒုတိယကမ္ဘာစစ် အတွင်း နာဇီတို့၏ သတ်ဖြတ်မှု ခံခဲ့ရသူများ အား အောက်မေ့ဖွယ် အခမ်းအနား ၌ ဖက်ဆစ်ခေါင်းဆောင် မူဆိုလီနီသည် နာဇီ တို့၏ ဦးဆောင်မှုကြောင့် ဂျူး ဆန့်ကျင်ရေး လမ်းစဉ် သို့ မှားယွင်း လိုက်ပါ ခဲ့သော်လည်း အခြား တစ်ဖက်၌မှု လေးစား ဖွယ်ကောင်း သော ခေါင်းဆောင်ကောင်း တစ်ဦး ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ကမ္ဘာအတွက်အန္တရာယ်များ၊ တရုတ်စီးပွားရေးအလားအလာနဲ့ ယူရိုဇုံအခြေအနေ

စီးပွားရေးအားနည်းတာနဲ့ သဘာဝ ပတ်ဝန်းကျင်ရေးရာ အကျပ်အတည်းတွေဟာ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ် တွေထဲ ထိပ်ဆုံးမှာရှိနေတယ်ဆိုတာကို ဂျီနီဗာအခြေစိုက် ကမ္ဘာ့စီးပွားရေးဖိုရမ် WEF က ထုတ်ပြန်လိုက်တဲ့ လေ့လာချက် အသစ်တခုမှာ ဖော်ပြထားပါတယ်။ ဒီလိုအခြေအနေအောက်မှာပဲ

ကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌဖြစ်သူ ဦးတေဇ မနုတ်ထွက်ရန် အသင်း ဦးဆောင်သူတို့က တောင်းဆို

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌဖြစ်သူ ဦးတေဇ နုတ်ထွက်ရခြင်းအကြောင်းနှင့် မနုတ်ထွက်ရန် အသင်း ဦးဆောင်သူတို့က တောင်းဆိုထားသည့်အပေါ် သတင်းစာရှင်းလင်းပွဲ မင်းရဲကျော်စွာလမ်းရှိ UMFCCI တွင် ကျင်းပလျက်ရှိသည်။

၂၀၁၃ SEA GAMES မှာ တင်းနစ် နဲ့ ကျွမ်းဘား ပယ်ထုတ်

မြန်မာနိုင်ငံမှာ အခုနှစ်ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ အိုလံပစ် အားကစား နည်း တချို့ကို ဖယ်ထုတ်ဖို့ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး အိမ်နီးချင်း အရှေ့တောင် အာရှ နိုင်ငံတွေက မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ တင်းနစ်နဲ့ ကျွမ်းဘားလို ကမ္ဘာ့ထိပ်တန်း အားကစားနည်းတွေကို ဖယ်ထုတ်လိုက်တာဟာ အိမ်ရှင်မြန်မာနိုင်ငံအတွက် အသာစီးရအောင် လုပ်လိုက်တာဖြစ်တယ်လို့ ကျန်အဖွဲ့ဝင် နိုင်ငံတွေက စွပ်စွဲပါတယ်။ အခုလို ထိပ်တန်း ကစားနည်းတွေကို ဖယ်ထုတ်လိုက်တာ

ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ကို သာသနာရေး ဝန်ကြီး ခန့်ရန် ပြည်ထောင်စု လွှတ်တော် အတည်ပြု

နေပြည်တော်၊ ဇန်နဝါရီ ၃၁

ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေး ဝန်ကြီးအဖြစ် ခန့်အပ်ရန် ယနေ့ ကျင်း ပသော ပြည်ထောင်စု လွှတ်တော် တွင် လွှတ်တော်ကိုယ်စားလှယ် အား လုံးက သဘောတူသဖြင့် အတည် ပြုကြောင်း ပြည်ထောင်စု လွှတ်တော် နာယကဦးခင်အောင်မြင့် ကပြောကြားသည်။

တာဝန်ကိုယ်စီ

အလွန်မင်္ဂလာရှိသော သတင်း တစ်ခုကို မကြာမီက ကြားလိုက်ရပါ သည်။ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးမှ ဌာနအားလုံးသို့ ထုတ်ပြန် သောညွှန်ကြားချက်ဖြစ်ပါသည်။ ဤမျှ မင်္ဂလာရှိသောသတင်းကို ရက်အလွန်နောက်ကျပြီးမှ သိရခြင်းဖြစ်ပါ၏။ အင်တာနက်သတင်းအဖြစ် တစ်ဆင့်ကြားရခြင်းဖြစ်၍ ထိုသတင်းကို အတည်ပြုရန်မဖြစ် သေးသောကြောင့် ၂ဝ၁၃ ခုနှစ်

လေလှိုင်းထဲက ကချင်တိုက်ပွဲ

မီဒီယာကို မီဒီယာနဲ့တိုက်မယ် ဆိုတဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း ရဲ့ အဲဒီကြွေးကြော်သံဟာ ပဲ့တင်ကျန်နေဆဲ ဖြစ်ပါတယ်။
လက်ရှိ မီဒီယာ တိုက်ပွဲကတော့ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ဒေသမှာ ဖြစ်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) အခြေစိုက် သဇင် FM နဲ့ လိုင်ဇာ အခြေစိုက် လိုင်ဇာ FM တို့ ကြားက

KIA နဲ့ ပူးပေါင်းထားတဲ့ ABSDF အဖွဲ့ထဲမှာ စစ်တပ် သတင်းပေးတွေ ပါနေတယ်လို့ ဖားကန့် ရှိ ကေအိုင်အေ အရာရှိအချို့ သံသယရှိနေ


 လိုင်ဇာမှာ ရောက်ရှိနေတဲ့ ABSDF တပ်ဖွဲ့ဝင်တွေနှင့် သတင်းထောက်တွေ ထဲမှာ  စစ်တပ် သတင်းပေးတွေ ပါနေတယ်လို့  ကေအိုင်အေ အရာရှိ အချို့ကသံသယရှိနေကြပါတယ်။
ဖားကန့်ဒေသရှိ  KIA တပ်ရင်း(၆) က အရာရှိတစ်ဦးမှ "စစ်တပ်က  ကျွန်တော်တို့ နေရာယူထားပုံ ၊ လူအရေအတွက် နှင့်

မြန်မာတိုင်းမ်နဲ့ မြန်မာ့အလင်း လက်တွဲမယ်



တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး အစိုးရအနေနဲ့ နိုင်ငံပိုင် မီဒီယာအဖြစ်ကနေ စွန့်လွှတ်ဖို့ လုပ်လာနေရာမှာ ယခင် စစ်အစိုး ရ ရဲ့ အာဘော်တွေကို ဖော်ပြလေ့ရှိတဲ့ နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာအနေနဲ့ ပုဂ္ဂလိ က တွဲဖက် လုပ်ကိုင်သူကို ရှာဖွေ နေတယ်လို့ အရာရှိ တဦးက ယမန်နေ့က ပြောကြားလိုက်ပါတယ်။ 

ငြိမ်းချမ်းရေးအလှမ်းမဝေးပါ

ကျွန်တော့စားပွဲပေါ်က အယ်လ်ဘမ်အဟောင်းလေးထဲမှာ ဓာတ်ပုံတစ်ပုံရှိသည်။ ဓာတ်ပုံက အခမ်းအနားတွေအပြီးမှာ ရိုက် လေ့ရှိသည့် စုပေါင်းဓာတ်ပုံ Group Photo ဖြစ်သည်။ ပုံထဲမှာ စစ်ဝတ်စုံဝတ်ထားသူတွေ ပါသလို အရပ်ဝတ် အရပ်စား နဲ့သူတွေလည်းပါသည်။တစ်ချို့ကထိုင်၍တစ်ချို့က

ဘာမြူဒါ တြိဂံ




ဘာမြူဒါ တြိဂံ (Bermuda Triangle) သည် အတ္တလန်တစ် (Atlantic) သမုဒ္ဒရာ၏ အနောက်မြောက်အရပ်တွင် တည်ရှိသော နေရာတဝိုက်ဖြစ်ပြီး ထိုနေရာမှာ သင်္ဘော၊ လေယာဉ်များ ပျောက်ဆုံးသွားသည်ဟု နာမည်ကြီးသော နေရာဖြစ်သည်။ ဘာမြူဒါ တြိဂံဟု ခေါ်ရခြင်းမှာ

နိုင်ငံပိုင် သတင်းစာက ဖြတ်ကပ်ညှပ်ဓာတ်ပုံ ဖော်ပြမှု ဦးရဲထွဋ် ဖြေရှင်း

ဒီကနေ့ထုတ် သတင်းစာတွေမှာ ကချင်ပြည်နယ်မှ ကေအိုင်အေက မိုင်းခွဲလို့ ဆိုင်ကယ် ၃ စီး ပျက်ီးခဲ့တာ၊ အရပ်သား သေဆုံးခဲ့တယ်ဆိုတာတွေနဲ့ပတ်သက်ပြီး ဓာတ်ပုံဖော်ပြမှုဟာ မကြာသေးခင်က အဲပုဂံလေယာဉ်ပျက်ကျစဉ်က ထိခိုက်ပျက်စီးသွားတဲ့ ဆိုင်ကယ်ပုံကို ဖြတ်ကပ် ညှပ်လုပ်ပြီး နိုင်ငံပိုင် သတင်းစာက ဖော်ပြခဲ့တာကြောင့် ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ မှာ အောက်ပါအတိုင်း တုံ့ပြန်ဖြေရှင်းထားပါတယ်။ 

ဘင်္ဂလားဒေ့ရှ်ဖက်က ကူးပြောင်းအခြေချသူ ရခိုင်နဲ့ မာရမာကြီးတွေကို နေထိုင်ခွင့်ပြု

ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကို ၀င်ရောက်လာပြီး တရားဝင်ခိုလှုံ ခွင့်တောင်းထားတဲ့ အိမ်ထောင်စု ၄၄ စုကို မြန်မာအစိုးရဘက်က တရားဝင်ခိုလှုံခွင့်ပြု လိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကို ဒီကနေ့ ဇန်န၀ါရီလ ၃၀ ရက်နေ့မှာ အတည်ပြုပြောပါတယ်။

ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင်

Gas pipeline at Sipaw သီပေါမြို့နယ်အတွင်းဖြတ်သန်းသော ဂက်စ်ပိုက်လိုင်း (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)
ရခိုင်ကမ်းလွန်မှဂက်စ်နှင့်ရေနံစိမ်းများကို မေလ ၁ ရက်နေ့ တရုတ်ပြည်သို့စတင်လွှတ်ပေးမည်ဟု သတင်းများထွက်ပေါ်နေ သည့် အပေါ်  မြန်မာ- တရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ မှ ဂက်စ်ပိုက်လိုင်းဖြတ်သန်းသည့်မြို့ရွာမှ ဒေသခံများထံ မှ စစ်တမ်းကောက်ယူကာ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင်ကန့်ကွက်မည်ဟု ဆိုပါသည်။

UWSA ၏ စစ်ရေးလေ့ကျင့်ရေးမှူး ကွယ်လွန်

li wen -gift-exchange4 ဒီဇင်ဘာလ ဆွေးနွေးပွဲက RCSS/SSA အား လက်ဆောင်ပစ္စည်းများပေးနေသော Li Wen
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အမှတ် ၁၇၁ စစ်ဒေသ စစ်ရေးလေ့ကျင့်ရေးမှူး Li Wen ၏ ဈာပန အခမ်းအနား အား မြို့တော်ပန်ဆန်း၌ ကျင်းပခဲ့ကြောင်း နီးစပ်သည့်သတင်းရပ်ကွက်က ဆိုပါသည်။

ပြည်သူ့ဆက်ဆံရေးအားနည်းဟု ၀ါရင့် သတင်းစာဆရာကြီးများထောက်ပြ

ကာကွယ်ရေး ၀န်ကြီးဋ္ဌာန၏ ဇန်န၀ါရီလ ၂၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ကချင်စစ်ပွဲနှင့် ဆက်နွယ်သည့် သတင်းထုတ်ပြန်ချက်နှင့် ပတ်သတ်၍ မြန်မာ့တပ်မတော်ဖက်မှ ပြည်သူ့ဆက်ဆံရေး စနစ် အားနည်းနေကြောင်း ၀ါရင့်သတင်းစာ ဆရာများက ပြောဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးသစ် အဖြစ် John Kerry ကို လွှတ်တော်အတည်ပြု

အမေရိကန် အထက်လွှတ်တော်အမတ် John Kerry ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ဖို့ အထက်လွှတ်တော်ကနေ မဲခွဲ အတည်ပြုပေးလိုက်ပါပြီ။ အထက်လွှတ်တော် အမတ် John Kerry နိုင်ငံခြားရေးဝန်ကြီးဖြစ်လာရင် မြန်မာနိုင်ငံရေးအပေါ် အမေရိကန်မူဝါဒ သက်ရောက်မှုတွေ ဘယ်လိုရှိလာနိုင်ပါသလဲ။ ကိုသားညွန့်ဦး စုံစမ်းမေးမြန်းထားပါတယ်။