Saturday, August 4, 2012

ဓါတ်ပုံတွေက စကားပြောတယ်

ရှေးခတ်မြန်မာ အမျိုးသမီးများ ၀န်စားဆင်ယင်ပုံ

လွတ်လပ်ရေးရပြီးခါစ ၀တ်စားဆင်ယင်ပုံ(အနောက်ဂျာမဏီ လူတွေကို စာင်နေတဲ့ပုံပါ
မင်းသမီး ရွှေစင်

NLD အမတ် ဦးဝင်းထိန်


NLD  အမတ်တွေနဲ့  ပါတီဝင်တွေက Facebook အစွမ်းကောင်းကောင်းသိတယ်။တခြားပါတီတွေ အမတ်တွေ ရဲ့ လှုပ်ရှားမှု့ FB တွင်မတွေ့ရသေးပါ။           


                  


 



NLD အမတ်ဦးဝင်းထိန်အား မိထ္ထီလာ တွင် တွေ့ရစဉ်

Microsoft ရဲ့ Email ၀န်ဆောင်မှုအသစ် Outlook.com

 from -http://www.myanmar1.com

Microsoft ဟာ သူရဲ့ ၁၆နှစ်လောက် သက်တမ်းရှိပြီဖြစ်တဲ့ Hotmail ကို အစားထိုးလဲလှယ်မယ့် outlook.com ဆိုတဲ့ mail ၀န်ဆောင်မှုအသစ်ကို စတင်လိုက်ပါပြီ။ outlook.com ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်လွှင့်တင်ခဲ့တာဖြစ်ပြီး လွှင့်တင်ချိန် နာရီအနည်းငယ်လောက်အတွင်းမှာဘဲ သုံးစွဲသူပေါင်း ၁ သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
outlook.com

 ဒီဇိုင်း အပြင်အဆင်အသစ်

Windows Phone 7 နဲ့ Windows 8 မှာအသုံးပြုနေတဲ့ Metro Style User Interface ကိုအသုံးပြုထားတဲ့အတွက် ရှင်းလင်းသပ်ရပ်တဲ့ ဒီဇိုင်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အသုံးပြုသူတွေဟာ မိမိရဲ့ inbox ကို ကိုယ့်စိတ်ကြိုက် color theme တွေကို အသုံးပြုပြီး အလှဆင်နိုင်ပါတယ်။

တစ်သိန်းဖုန်း စောင့်မျှော်နေသူ များပြား

- ဆက်သွယ်ရေးဝန်ကြီး ဖုန်းဈေးတွေ ချမပေးရင် ၂၀၁၅ မှာ မဲမရဘဲ ဖြစ်သွားမယ်နော် :)   -

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ထပ်မံချထားပေးမည့် တန်ဖိုးနည်းဖုန်းများကို ကျပ်တစ်သိန်းဖြင့် ချထားပေးမည် ဖြစ်သည်ဟု ပြင်ပတွင် သတင်းများ ထွက်ပေါ်နေပြီး ယင်းဖုန်းများ ဝယ်ယူနိုင်ရန် စောင့်မျှော်နေသူ များပြားသည်ဟု ဈေးကွက်အတွင်းရှိ

Tomás Ojea Quintana သတင်းစာရှင်းလင်းပွဲ

 (ဒီလူက ပြည်တွင်းကျတော့ တစ်မျိုးပြောတယ်။ ပြည်ပ ကျတော့တစ်မျိုးပြောတယ်။ အစီရင်ခံစာရေးရင်တစ်မျိုးရေးတယ်။ ၊ သတိတော့ ထားရမယ်)
Photo: မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana သည် မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို သြဂုတ်လ ၄ ရက်နေ့ ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြုလုပ်ခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ၎င်းင်းက မြန်မာနိုင်ငံခရီးစဉ်အတွင်း တွေ့ဆုံခဲ့သည့်ဝန်ကြီးများ၊ ဘူးသီတောင်နှင့် စစ်တွေထောင်တို့တွင် ရခိုင်အရေးနှင့် စပ်လျဉ်း၍ ထိန်းသိမ်းထားသည့် ယူအင်န်လက်အောက်ခံအဖွဲ့အစည်းများ၊ အိုင်အင်န်ဂျီအိုတို့မှ ၀န်ထမ်းများနှင့် တွေ့ဆုံမေးမြန်းခဲ့မှုများ၊ မွတ်စလင်များနှင့် တွေ့ဆုံခဲ့မှုများ၊ အမြစ်တွယ်နေသည့် အမုန်းတရာများ၊ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြန်လည်သုံးသပ်ရေး၊ ကြားသိခဲ့ရသောစွပ်စွဲချက်များကို မိမိအနေဖြင့် အချိန်မီ စစ်ဆေးနိုင်ခြင်း မရှိသည့်အတွက် ရခိုင်ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ စွပ်စွဲပြောဆိုချက်များကို လွတ်လပ်စွာစုံစမ်းစစ်ဆေးရန်၊ အဓိကရုဏ်းများဒဏ် ခံစားခဲ့ရသည့် လူအဖွဲ့အစည်းနှစ်ခုလုံးအား ပြန်လည်ထူထောင်ရာတွင် ခွဲခြားမှု မရှိဘဲ ပေါင်းစပ်ထူထောင်ရန်၊ ရခိုင်ဗုဒ္ဓဘာသာဝင်များကြားတွင် ခံစားနေရသည့် ယူအင်န်၊ အိုင်အင်န်ဂျီအိုများ၏ ခွဲခြားဆက်ဆံမှုကို ဖြေရှင်းရန်၊ ယခုခရီးစဉ်အတွက် ကူညီဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံအစိုးရအား ကျေးဇူးတင်ပါကြောင်း အစရှိသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomás Ojea Quintana သည် မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို သြဂုတ်လ ၄ ရက်နေ့ ညပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြုလုပ်ခဲ့သည်။ 

ရေတပ်ဦးစီးချုပ်ကို ဒုသမ္မတလောင်းအဖြစ်လျာထား

ဒုသမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးရဲ့ လစ်လပ်နေတဲ့နေရာ အတွက် တပ်မတော် (ရေ) ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ဒုသမ္မတလောင်း အဖြစ် လျာထားကြောင်း နေပြည်တော် အသိုင်းအဝိုင်းက လာတဲ့ သတင်းတွေအရ သိရှိရပါတယ်။

သမ္မတ နှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များတွေ့ဆုံပွဲ (ဓါတ်ပုံ)

မူရင့်လင့် http://www.president-office.gov.mm/briefing-room/daily-news/news1166

သတင်း အပြည့်အစုံ ဖတ်ချင်လျှင် ဒီကို သွားပါ

'' ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအား ပြန်လည်သုံးသပ်ရန် ကွင်တားနား တိုက်တွန်း''

မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်အား ငြင်းပယ်ခြင်းအပါအ၀င် ခွဲခြားဆက်ဆံမှုများရှိနေသော ၁၉၈၂ ခုနှစ်
နိုင်ငံသားဖြစ်ခွင့် ဥပဒေအား ပြန်လည်သုံးသပ်ရန် ကုလ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကွင်တားနားက တိုက်တွန်းပြောဆိုလိုက်သည်။

ကျူရှင်


ရခိုင်အရေး ၈၈ ကျောင်းသားများ သတင်းစာရှင်းလင်းပွဲလုပ်မည်



ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာခဲ့သော ၈၈ ကျောင်းသားအဖွဲကသည် မနက်ဖြန်  သြဂုတ်လ ၅ ရက် ညနေ ၃ နာရီတွင် ၈၈ ရုံးခန်း၌ သတင်းစာ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ ၄င်းတို့ တွေ့မြင် ကြားသိခဲ့ရသော အချက်များ နှင့် သုံးသပ်ချက်များကို ရှင်းလင်းပွဲပြုလုပ်သွားမည်ဟု သိရှိရပါသည်။

ဘင်္ဂါလီတွေ ဖျက်ဆီးခဲ့တဲ့ကျောင်းတွေ ပြန်လည် ပြုပြင်နေ

 

 

လန်ဒန် အိုလံပစ် မီတာ ၄၀၀ ပြိုင်ပွဲမှာ မြန်မာရှုံးတဲ့


From- BBC


လန်ဒန် အိုလံပစ် ၂၀၁၂ မီတာ ၄၀၀ ခြေရည်စစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ကိုသက်ဇော်ဝင်းက ပြေးနေရင်းတန်းလန်း နောက်ဆုံးမှာ ကျန်ရစ်ခဲ့ပြီး ပန်းအ၀င်ကိုလည်း တော်တော်လေး ပြတ်ပြီး အဆုံးသတ်ကျမှ ၀င်ခဲ့ပါတယ်။ လန်ဒန်ရောက် အားကစားဝန်ကြီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးနော်တောင်ကတော့ နိုင်ငံ့ခွဲတမ်း ရလို့ လာပြိုင်တာဖြစ်တယ်၊ ကိုယ့်ကစားသမား အခြေအနေ သိထားပြီးသား၊ နိုင်ချေလုံးဝ မရှိပါဘူးလို့ စောစောပိုင်းက ဘီဘီစီနဲ့ အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။

(၉ ယောက်ပြေးတာ အဆင့် ၉ ရတယ် ဟဟ၊   စံချိန်ကလဲ တော်တော် ကွာတယ်ပြောပါတယ်
ကြည့်ရတာ တာဝန်ရှိသူတွေက တော်တဲ့လူကို မခေါ်ပဲနဲ့၊  တပည့်အရင်းတွေ၊ လူရင်းတွေ ကို ခေါ်သွားပုံရတယ်၊ )

“နိုင်ငံတော်သမ္မတ ဦသိန်းစိန် နိုင်ငံရေးပါတီ ၁၄ခုနှင့်တွေဆုံရာတွင် မီဒီယာကိစ္စ ဆွေးနွေးခဲ့”

နေပြည်တော်၊သြဂုတ်၊၎

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ၁၄ခုတို့ယနေ့နံနက်၉း၀၀ အချိန်ခန့်မှ မွန်းလွဲ ၁း၂၀အချိန်ထိ သမ္မတ လယ်တောရိပ်သာ တွင်တွေ့ဆုံခဲ့ကြောင်းသတင်းရရှိသည်။

ဓာတ်ပုံ- အဆာအိရှင်ဘွန်း
သမ္မတကြီး ဦးသိန်းစိန်ကို ဂျပန် ဖက်ရှင် ဒီဇိုင်နာတဦးဖြစ်တဲ့ Junko Koshino က "ယုခတ" အမည်ရှိတဲ့ ဂျပန် ရိုးရာ ၀တ်စုံကို ၀တ်ဆင်ပေးနေ တဲ့ ဓာတ်ပုံတခုပါ။

ခြစားမှုဖြင့် နာမည်ကြီး ငွေချမ်းသာလာနေသူ မူဆလင်တဦးအား မျိုးချစ်များက ထုတ်ဖေါ်ပြောဆို

arakan-photo-by-narinjara 

 ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် ပဋိပက္ခနှင့်ဆက်နွယ်မှုရှိသူ ဘူး သီးေ တာင်မြို့တွင်လာဒ်ပေး၊ လာဒ် ယူ ခြစားမှုများဖြင့် ချမ်းသာ လာနေသူ ဦးရော်ဖိအား သက်ဆိုင်ရာမှ အရေးယူပေးရန် မြို့ခံမျိုးချစ်လူငယ်များက ယမန်နေ့က ထုတ်ဖေါ်ပြောဆိုလိုက်သည်။
" သူက ရော်ဖိပါ၊ တဦးတည်းကိုယ်စားလှယ် ဒီနှစ်နွားသတ်လိုင်စင်ရဖို့ အာဏာပိုင်ကို သိန်း ၇၀၀ ကျပ်ပေးပြီး ယူထားသူပါ၊

ကျောက်ဖြူရောက် ၈၈ မျိုးဆက်ကျောင်းသားများ

ရခိုင်ပြည်တွင် ရောက်ရှိနေကြသော ၈၈ မျိုးဆက်ကျောင်းသားများသည် သြဂုတ်လ၊ ၄ ရက် ၊ မနက်၌ ကျောက်ဖြူမြို့ ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတ
ဂေဟာ တွင် မြို့မိမြို့ဖများနှင့် တွေ့ဆုံနွေခဲ့ကြသည်။

'' The Voice Journal နှင့် Envoy Journal တို့အား နှစ်ပတ်အတွင်း ပြန်လည်ထုတ်ဝေခွင့်ပြုမည်ဟု သမ္မတရုံးမှဆို ””

ထုတ်ဝေခွင့်ယာယီ ရပ်ဆိုင်းခံထားရသော The Voice Journal နှင့် Envoy Journal တို့အား လာမည့် နှစ်ပတ်အတွင်း ပြန်လည်ထုတ်ဝေခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၄ပါတီတို့ ၄ နာရီကြာ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ ၁၄ပါတီတို့ ယနေ့(သြဂုတ်၎ရက်) နံနက်၉နာရီမှ မွန်းလွဲ ၁နာရီ၁၅မိနစ်ထိ လေးနာရီကျော်ကြာ သမ္မတကြီး၏ လယ်တောရိပ်သာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ သမ္မတနှင့်တွေ့ဆုံခဲ့သော ပါတီ၁၄ခုတွင် ၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီအချို့လည်း ပါဝင်ပြီး ပါတီ၁၄ပါတီမှ ခေါင်းဆောင်၁၆ဦး တက်ရောက်ခဲ့သည်။ နိုင်ငံတော်သမ္မတသည် ဇူလိုင်၁၈ရက်ကလည်း လယ်တောရိပ်သာမှာပင် ဒီမိုကရေစီမိတ်ဆွေ၁၀ပါတီမှ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။

သီပေါမင်း၏မြေးတော် တော်ဘုရားကလေးမိသားစုက ကြေငြာက် ထုတ်ပြန်

အိန္ဒိယနိုင်ငံ ရတနာဂီရိရှိ သီပေါမင်းနှင့်မိဖုရားတို့၏ အရိုးအိုးပြန်လည်သယ်ယူရေးကိစ္စနှင့်ပတ်သက်ပြီး သီပေါမင်း၏မြေးတော် တော်ဘုရားကလေးမိသားစုက သီပေါမင်းအနွယ်တော်များ အသုံးပြုသည့်ဒေါင်းတံဆိပ်တော်ဖြင့် သဘောထားကြေငြာချက်တစ်ရပ်ကို သြဂုတ် ၃ ရက် ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အပြည့်အစုံမှာ ပူးတွဲပါအတိုင်းဖြစ်သည်။

မီဒီယာကိစ္စပြေလည်သွားမည်ဟု နိုင်ငံတော်သမ္မတ ပြော

မီဒီယာများက တာဝန်ယူမှု၊ တာဝန်ရှိမှု ရှိရန်နှင့် တည်ငြိမ်မှုမထိခိုက်စေဘဲ ဆောင်ရွက်ရန် လိုကြောင်းလည်း သမ္မတကပြောသည်ဟုဆိုသည်။ရန်ကုန်၊ သြဂုတ် - ၄ မီဒီယာကိစ္စပြေလည်သွားမည်ဟု နိုင်ငံတော်သမ္မတက ယနေ့ (သြဂုတ် ၄ ရက်) ပါတီ ၁၄ ပါတီမှ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဂျာနယ်အချို့ ထုတ်ဝေခွင့် အပိတ်ခံရခြင်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးသိန်းညွန့်၏ အမေးကို ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း ဦးသိန်းညွန့်ကပြောသည်။

အထူးသတင်း

 မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ် ပြသနာအတွင်း မွတ်စလင် အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအ၀င် မွတ်စလင်ဘာသာဝင်များအား လူမျိုးတုံး သတ်ဖြတ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် တကမ္ဘာလုံးရှိ မွတ်စလင် hacker  များ ပူးပေါင်း ကာ မြန်မာပြည်အား DDos  နည်းပညာဖြင့် သြဂုတ်လ (၆) ရက်နေ့တွင် Cyber Attack ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။   မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် အဆိုပါ DDos နည်းပညာဖြင့်  တိုက်ခိုက်ခံရဖူးပါသည်။ ထိုအချိန်က တစ်နိုင်ငံလုံးတွင် အင်တာနက် အသုံးမပြုနိုင်ဘဲ ဖြစ်သွားပါသည်။  အဆိုပါ Hacker အဖွဲ့တွင် Egyption Hacker Group က ဦးဆောင်ပြီး တမ္ဘာလုံးရှိ မွတ်စလင် Hacker များ ပူးပေါင်းပါဝင်မည်ဟု သိရသည်။ အဆိုပါ အဖွဲ့ အသုံးပြုမည့် Tool  မှာ HOIC( High Orbit Ion canon)  ဖြစ်ပါသည်။  အဆိုပါ  cyber attack Tool သည် သာမန် အင်တာနက် အသုံးပြုသူများပင် လွယ်ကူစွာ အသုံးပြုနိုင်ကြောင်း သိရသည်။ ရခိုင်ပြသနာနှင့် ပတ်သတ်ပြီး မွတ်စလင် ဘာသာဝင်များကို ဖိနှိပ်နေသည်ဟုသောသတင်းမှားများကို  ယုံကြည်နေသော သူများက တိုက်ခိုက်မှု့ကို ၀င်ရောက်စစ်ကူပေးနိုင်ပါသည်။မြန်မာပြည်၏ Network  Infrasturcture အား တိုက်ခိုက်လာပါက တစ်နိုင်ငံလုံး အင်တာနက် သုံးမရခြင်းမျိုးထိ ဖြစ်သွားနိုင်ပါသည်။။မြန်မာပြည်ကို ချစ်တဲ့ ပြည်တွင်းက မွတ်စလင်တွေခင်ဗျား  သတင်းမှားတွေ မဟုတ်မှန်ကြောင်း  တုံပြန် ပေးကြပါ။

( သတိပေးပါတယ်။ တစ်နိုင်ငံလုံး အင်တာနက်တွေ ကျ သွားနိုင်တယ်။ စီးပွားရေး အရ ဆုံးရှုံးမှု့တွေ ဖြစ်လာနိုင်ပါတယ်။မြန်မာပြည်ကို ချစ်တဲ့ ပြည်တွင်းက မွတ်စလင်တွေခင်ဗျား  သတင်းမှားတွေ မဟုတ်မှန်ကြောင်း  တုံပြန် ပေးကြပါ။ကာကွယ်နိုင်မည့် နည်းပညာများ နှင့် စက်ပစ္စည်းများအကြောင်း ကို  သိတဲ့ သူများ ဆွေးနွေးပေးကြပါ။)

ဦးအောင်သိန်းလင်း တာဝန်မှ ရပ်စဲခံရ

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး စည်းရုံးရေး တာဝန်ခံ ဦးအောင်သိန်းလင်း နေရာတွင် ယခင် အစိုးရလက်ထက် က မွေး/ရေဝန်ကြီးဟောင်းဦးမောင်မောင်သိမ်း အား ပြောင်းလဲ တာဝန်ပေးအပ်လိုက် ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင် တစ်ဦးထံမှ သိရသည်။''ဒီနေ့ပဲတွေ့ဆုံ မိတ်ဆက်ပွဲ လုပ်ပါတယ်။ ဦးအောင်သိန်းလင်း နေရာကို အခု ဦးမောင်မောင်သိမ်း က အစားထိုး ဝင်မှာပါ'' ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

နည်းပြကောင်း

လက်ပစ်ဗုံး ပစ်နည်း သင်ပေးတဲ့  မြင်ကွင်းပါ. သင်တန်းသား ပစ်လိုကတဲ့ လပ်ပစ်ဗြွးက
ဘန်ကာထဲ ပြန်ကျလာတော့ ဆရာက    သူ့တပည့်ကို လျင်မြန်စွာ ဆွဲချပြီး ကျင်းထဲကို ခုန်ချလိုက်တာ နည်းပြ ပီသတဲ့ လုပ်ရပ်ပါဘဲ.

မြန်မာနိုင်ငံပြင်ပတွင် ရခိုင်ပြသနာကို ချဲ့ကားပြောဆိုနေကြောင်း The Christian Science Monitor သတင်းဌာနက ထုတ်ဖော်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပြင်ပ မူဆလင်နိုင်ငံများတွင် ရေးသားမှူများ နှင့်၊ ဆန္ဒပြပွဲများတွင် ကြွေးးကြော်နေမှူများ အင်တာနက် သတင်းများတွင် ဖော်ပြနေမှူများ သည် အဖြစ်မှန်ထက် ပုံကြီးချဲ့ထားမှူ များက ပိုပြီး များပြားနေကြောင်း The Christian Science Monitor သတင်းဌာနက ဩဂုတ်လ၃ ရက်နေ့ က ရေးသားဖော်ပြလိုက်သည်။

ဒလမြို့နယ်တွင်း မုဒိမ်းကျင့်သည်ဟူသော စစ်သည်လေးဦးကို အထူးစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေး

ရန်ကုန်၊ သြဂုတ် ၎
ဒလမြို့နယ်တုံးတင်ကန်မြောက် ကျေးရွာရှိ လယ်ကွင်းအတွင်းနေထိုင် သော အသက် ၂၇ နှစ်အရွယ်အမျိုးသမီး တစ်ဦးကို ဧရာဝတီရေတပ်စခန်းဌာန ချုပ်ရခိုင်ချောင်ရေတပ်လိုင်းခန်း လုံခြုံ ရေးတပ်ခွဲမှ စစ်သည်လေးဦးက မုဒိမ်း ကျင့်သည်ဟု တိုင်းတန်လာသောကြောင့် အဆိုပါဌာနချုပ်က အမှုမှန်ပေါ်ပေါက် ရေးအတွက် အထူးစုံစမ်းရေးအဖွဲ့ဖြင့် စစ်ဆေးနေကြောင်း အဆိုပါစစ်သည် များပါသော တပ်ကိုပြောင်းရွှေ့ပြီး နောက်ယခုလ ၂၃ ရက်နေ့တွင် ထပ်မံ ရောက်ရှိလာသည့် စစ်သည် ၂၀

မီဒီယာလွတ်လပ်ခွင့်အတွက် တီရှပ်ဝတ်ဆင်ကာ လက်မှတ်စုဆောင်း(ဓါတ်ပုံ)

 

ကချင်စစ်ပွဲမှာ ရေရှည်တွင် စိုးရိမ်စရာဖြစ်လာ

နန်းတင်ထွေး
အတွဲ ၂၉ ၊ အမှတ် ၅၈၀ ( ၃ - ၉ ၊ ၈ ၊ ၂၀၁၂ )

စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူများ နေထိုင်နေကြ ရသည့် စစ်ပြေးဒုက္ခသည်စခန်းတစ်ခု။ ဓာတ်ပုံ-ကောင်းထက်
တစ်နှစ်ကျော်ကြာ ဖြစ်ပွားနေသော ကချင်စစ်ပွဲမှာ ရေရှည်တွင် စိုးရိမ် စရာ ဖြစ်လာကြောင်းနှင့် ပဋိပက္ခအတွက် အဖြေတစ်ခုအား အရေး တကြီးလိုအပ် ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ၏ ဗိုလ်ချုပ်တစ်ဦးက ပြောသည်။

စံတန်ဖိုး နှင့် လက်တွေ့ ဘာကို ဦးစာပေးမလဲ

ဒီမိုကရေစီကူးပြောင်းတဲ့နေရာမှာ အသွင်ကူးပြောင်း မှုဖြစ်စဉ် ပီပီပြင်ပြင်ပေါ်ထွန်းလာစေဖို့အ တွက်လက်တွေ့ကျကျ (Pragmatically)စဉ်းစားပြီး ဆောင်ရွက်ရမယ်လို့ ဆိုနေတဲ့ အုပ်စုကိုတွေ့ရတယ်။ မြန်မာပြည်မှာ ဒီအုပ်စုရဲ့ အတွေးအခေါ်အားကောင်းနေတယ်။

အရစ်ကျစနစ်ဖြင့် GSM / WCDMA မိုဘိုင်းလ် တယ်လီဖုန်း သုံးစွဲသော နိုင်ငံ့ဝန်ထမ်း များသို့ အသိပေးတင်ပြချက်

၁။    မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် နေပြည်တော် အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီး အသီးသီး တွင် တာဝန် ထမ်းဆောင် လျက်ရှိသော ဝန်ကြီးဌာန အသီးသီးရှိ နိုင်ငံ့ ဝန်ထမ်းများ အနက်မှ အရစ်ကျ စနစ်ဖြင့် မိုဘိုင်းလ် တယ်လီဖုန်း ကိုင်ဆောင် သုံးစွဲလိုသည့် ဝန်ထမ်းများအား ကျပ်နှစ်သိန်းတန် GSM မိုဘိုင်းလ် တယ်လီဖုန်းကို တစ်လလျှင်

၈.၈.၈၈ အခမ်းအနားကျင်းပရေး ဆွေးနွေး

၂၄နှစ်မြောက် ၈.၈.၈၈ ဒီမိုကရေစီ အရေးတော်ပုံနှစ်ပတ်လည်အခမ်းအနား ကျင်းပရေးအတွက် အခမ်းအနားကျင်းပရေး ကော်မတီအဖွဲ့များ ပွဲကျင်းပရေးအစီအစဉ်များကို တော်ဝင်နှင်းဆီ ခန်းမတွင် ဒီကနေ့ သြဂုတ်လ ၃ ရက်နေ့ နံနက် ၁၁း၀၀ မှ ၁း၀၀ အချိန်ထိ ဆွေးနွေးခဲ့ကြပါသည်။

KIA တို့အကြံကုန် ဂဋုန်ဆားချက်နေ

ဖားကန့်မြို့နယ် လုံးခင်း၊ ဆိပ်မူ၊ ဝှေခေါ စတဲ့ ကျေးရွာတွေမှာ ရှိတဲ့ ကျောက်စိမ်း တူးဖော်လုပ်ကိုင်နေ တဲ့ ကုမ္ပဏီလုပ်ကွက်တွေကို KIA တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၆)မှ မေလ (၃၀)ရက်နေ့ကစပြီး အစောင့်တွေ ချကာ လုပ်ငန်းပိတ်သိမ်းထားရှိခဲ့ပါတယ်။

ထူးဆန်းထွေလာ ဟင်္သာတမြို့မှ ဆက်သွယ်ရေးဋ္ဌာန အကြောင်း (တိုင်ကြားစာ)

 http://4.bp.blogspot.com/-aMBko7r2El8/UBwRROQlmKI/AAAAAAAA0kw/SChW5PyaF_0/s1600/DSN1.jpg
ဟင်္သာတမြို့  မှာ GSM နှင့် CDMA ဖုန်းများ စကားပြောလျှင် ပြုတ်ကျသွားပြီး အိမ်တွင်း ပြန်ခေါ်တာတောင် ဆက်သွယ်မှု ပြင်ပရောက်နေကြောင်း ဖြေကြားနေခြင်းကိစ္စတွေကို ဟင်္သာတဆက်သွယ်ရေးက မဖြေရှင်းနိုင် ဖြစ်နေပါတယ်..။

ကြံ့ခိုင်ရေးပါတီ အမည်နှင့် မူဝါဒ ပြောင်းလဲရန်မရှိ





၂၀၁၀ ပြည့် သြဂုတ်လအတွင်းက ရန်ကုန်တိုင်း ကြံ့ခိုင်ရေး ပါတီ ရုံး ဖွင့်ပွဲ(ဓာတ်ပုံ – ဧရာဝတီ)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ) အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေသော်လည်း လက်ရှိပါတီ၏ အမည်နှင့် မူဝါဒများကို ပြောင်းလဲမည် မဟုတ်ကြောင်း သိရသည်။

အင်ဒိုနီးရှား မွတ်စလင်တွေ NLD ကို လာဆက်သွယ်

Photo: ယနေ့ Indonesia အခြေစိုက် တစ်ဖွဲ့ကလည်း အဘဦးဝင်းတင် ထံ ကြေငှာချက် တစ်စောင် ပေးအပ်ခဲ့သွားပါတယ်
ယနေ့ Indonesia အခြေစိုက် တစ်ဖွဲ့ကလည်း အဘဦးဝင်းတင် ထံ ကြေငြာချက် တစ်စောင် ပေးအပ်ခဲ့သွားပါတယ်

၎.၈.၂၀၁၂ ရက်နေ့ သတင်းများ

 -ပြုပြင်ပြောင်းလဲရေးဝန် ခါးချည့်အောင် ရုန်းပေတော့ (၁) click
 -ပြုပြင်ပြောင်းလဲရေးဝန် ခါးချည့်အောင် ရုန်းပေတော့ (၂) click
- လွတ်မြောက်လာတဲ့ ကိုဖြိုးဝေအောင်နဲ့ … (အင်တာဗျူး) click
- ကချင်တွင် နှစ်ဘက်တပ်များ လူ့အခွင့်အရေးချိုးဖောက်နေဟု ကော်မရှင် ပြော click
- အစိုးရနှင့် KIO တွေ့ဆုံရန် နေရာညှိနှိုင်းလို့ မရသေး click
 -ကုလ လူ့အခွင့်အရေးရုံးရှေ့ ဆန္ဒပြဆို click
-မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြ click
-ကွာလာလမ်ပူမြို့ မြန်မာအရောင်းဆိုင် အကြမ်းဖက်သမားများ ဖျက်ဆီး click
- မတရားဖမ်းဆီး၍ မတရားစီရင်ခဲ့ကြောင်း ကိုဖြိုးဝေအောင် ရှင်းလင်းမည် click
- သေဒဏ်ကျ ကိုဖြိုးဝေအောင် ပြန်လွတ် click
- ကိုဖြိုးဝေအောင်ကို ပြန်လွှတ်လိုက်ပြီ click
- “ဗုံးခွဲတဲ့ကိစ္စ ကျနော်နဲ့ လုံးဝ ပတ်သက်မှုမရှိဘူး” (ကိုဖြိုးဝေအောင်နဲ့ မေးမြန်းခန်း) click
  -ငြိမ်းချမ်းရေးစည်တော်ကြီးကို မည်သူတွေ တီးခတ်ကြမည်နည်း (Ashin Dhamma Piya) click
- အမေရိကန် မူဆလင်မ်ရေးရာ ကိုယ်စားလှယ် မြန်မာနိုင်ငံခရီး click
- KIO နယ်မြေရှိ ဒုက္ခသည်စခန်းများတွင် ၀မ်းရောဂါဖြစ်ပွား click
- KNU တပ်မဟာ ၄ တွင် တပ်သားများ သွားလာလှုပ်ရှားရန် ခက်ခဲနေ click
- PNLO နှင့် အစိုးရတို့ နိုင်ငံရေး ဆွေးနွေးရန် တွေ့ဆုံတော့မည် click
- ငြိမ်းချမ်းရေးကာလအတွင်း ဆိုးကျိုးများကို ရှောင်ရန် ECDF ဆွေးနွေး click