Wednesday, July 18, 2012

လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူနှင့် တကယ်ထိတွေ့နိုင်ရဲ့လား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။   ။ တနှစ်ကျော် ကာလထဲကို ရောက်လာပြီဖြစ်သည့် အစိုးရသစ်လက်ထက် လွှတ်တော်များ
တွင် ၀င်ရောက်ဆွေးနွေးနေကြသည့် လွှတ်တော်အမတ်များသည် ပြည်သူများနှင့် အမှန်တကယ်အချိန်ပေး ထိတွေ့နိုင်ရဲ့လားဆိုသည်ကို လေ့လာသုံးသပ်သူများက မေးခွန်းများ ထုတ်လာကြသည်။

ဗိုလ်မှူးကြီးမြင့်ကိုကို ၀င်ရောက်ဆွေးနွေး

တမူထူးခြားလာတဲ့ ယခုနှစ် အာဇာနည်နေ့



ရန်ကုန်ရှိ အာဇာနည်ကုန်းမြင်ကွင်း။ ဓာတ်ပုံ- ဧရာဝတီ
ဒီနှစ် ကျရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ဟာ အရင် စစ်အစိုးရများကာလအတွင်းကနဲ့ မတူ တမူထူးခြားနေပါတယ်။

Hmuu zaw facebook မှ

Hmuu Zaw shared a link.
အမျိုးသားလုံခြုံရေး National Security ဟူသည်မှာ နိုင်ငံသားတိုင်းနှင့်သက် ဆိုင်သည်။ လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေး စသည့် လူကြားကောင်းစေမည့် လူပြိန်းကြိုက်(နိုင်ငံတကာအကြိုက်) အမည်ခံ အခွင့် အရေးများနှင့် အမျိုးသားရေးကို လဲလှယ်ရန် မသင့်ဟု မြင်ပါသည်။ တိုင်းပြည် နှင့် လူမျိုးကို ချစ်ခင်မြတ်နိုးသော နိုင်ငံသားတိုင်း ထမ်းဆောင်ရမည့် တာဝန် ရှိနေပါသည်။ မည်သူ၏ ဦးဆောင်မှုကိုမျှ စောင့်ဆိုင်းနေရန် မလိုပါ။ 

မွတ်စလင်များ အသတ်ခံရမှု အရေးယူရန် အီရန် တောင်းဆို

အီရန်နိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ တရားရေးဌာနက မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင် လူနည်းစုကို သတ်ဖြတ်နေမှုများ အမြန်ဆုံး ရပ်ဆိုင်းရေး အရေးယူဆောင်ရွက်ရန် မြန်မာ အာဏာပိုင်များကို တောင်းဆိုလိုက်သည်။ ယင်း လုပ်ရပ်များကို ရှုတ်ချကြောင်းနှင့် လွန်စွာ ၀မ်းနည်းမှု ဖြစ်ရကြောင်း၊ မွတ်စလင် နိုင်ငံများအနေနှင့်လည်း စိုးရိမ် ပူပန်မှု ဖြစ်နေကြောင်း အီရန်နိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ တရားရေးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိကြောင်း Ahlul Bayt News Agency သတင်းကဆိုသည်။

သမ္မတ ဦးသိန်းစိန် နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံ

သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး ပါတီ ၁၀ ပါတီမှ ခေါင်းဆောင် များ ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံသည်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် အရေးအခင်းနှင့် ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာများကို ဆွေးနွေးကြောင်း သိရသည်။ သမ္မတနှင့် တွေ့ဆုံသည့် ပါတီများမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ချင်းအမျိုးသားပါတီ၊ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ဖလုံ စဝေါ် ဒီမိုကရက်တစ် ပါတီ၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ တို့ ဖြစ်ကြောင်း သိရသည်

MAI လေကြောင်းလိုင်း တိုးချဲ့ပြေးဆွဲမည်ဟု နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထား

MAI အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းကို လက်ရှိပြေးဆွဲနေသော လေယာဉ်လိုင်းများအပြင် ခရီးစဉ်သစ်တခုနှင့် ပုံမှန်ပြေးဆွဲနေသော ခရီးစဉ်လေးခုတွင် အကြိမ်ရေတိုးချဲ့ပြေးဆွဲသွားရန် စီစဉ်လျက်ရှိကြောင်း အဆိုသတင်းစာတွင် ဖော်ပြထားသည်။

လေကြောင်းလိုင်းသစ်ကို မန္တလေးမှ ဗန်ကောက်သို့ တိုက်ရိုက်သွားလိုသော ခရီးသည်များအတွက်နှင့် နိုင်ငံတကာမှ ခရီးသည်များ၊ မန္တလေးနှင့် မန္တလေးအထက်ဒေသများသို့ သွားလိုသူများအတွက် မန္တလေး-ဗန်ကောက်-မန္တလေးလိုင်းသစ် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ အကြိမ်ရေတိုးချဲ့ပြေးဆွဲပေးမည့်လေကြောင်းလိုင်းများမှာ ယခင်က ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်ကို တစ်နေ့နှစ်ကြိမ်ပြေးဆွဲပေးရာမှ တစ်နေ့သုံးကြိမ်အထိလည်းကောင်း၊ ရန်ကုန်-ကွမ်ကျိုး-ရန်ကုန်ခရီးစဉ်များကို ယခင်က တစ်ပတ်နှစ်ကြိမ်ပြေးဆွဲပေးရာမှ အင်္ဂါ-ကြာသပတေး-တနင်္ဂနွေတစ်ပတ် သုံးကြိမ်အထိ လည်းကောင်း၊ ရန်ကုန်-ဆီရမ်ရိ-ရန်ကုန်ခရီးစဉ်ကို ယခင်တစ်ပတ်နှစ်ကြိမ်မှ ယခုတစ်ပတ်သုံးကြိမ်အထိလည်းကောင်း၊ ရန်ကုန်-ဖနောင်းပင်-ရန်ကုန်ခရီးစဉ်ကို ယခင်တစ်ပတ်နှစ်ကြိမ်မှ ယခုတစ်ပတ်သုံးကြိမ်အထိလည်းကောင်း၊ ရန်ကုန်-ဂါယာ-ရန်ကုန်ခရီးစဉ်ကို ယခင်တစ်ပတ်သုံးကြိမ်ပြေးဆွဲရာမှ ယခုနေ့စဉ်ခရီးအဖြစ် ပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ ရန်ကုန်-ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ်ကို တစ်ပတ်ငါးကြိမ်ပုံမှန်ပြေးဆွဲလျက်ရှိပြီး Air Bus အမျိုးအစား A-320 အသစ်နှစ်စီးထပ်မံအားဖြည့်ပြီး စက်တင်ဘာလ ၁၆ ရက်မှ ၂၀၁၃ ခုနှစ် မတ် ၃၀ ရက်အတွင်း ပြေးဆွဲပေးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်အား ဇူလိုင်လ ၁၉ ရက်တွင် ၀င်ကြေးအခမဲ့ဖြင့် ၀င်ခွင့်ပြု

ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်အား ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့တွင်) အထူးအစီအစဉ် အဖြစ် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ၀င်ကြေးအခမဲ့ဖြင့် ဖွင့်လှစ်ပေးမည်ဟု သိရပါသည်။

 
ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချိုလမ်း (ယခင် တာဝါလိန်းလမ်း) တွင် တည်ရှိပါသည်။ ပြတိုက်အဖြစ် ဖွင့်လှစ်ထားသော အဆိုပါ နေအိမ်၌ ဗိုလ်ချုပ် အောင်ဆန်းသည်
၁၉၄၅ခုနှစ် မေလမှ ၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့အထိ နေထိုင်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၌ ဗိုလ်ချုပ် သုံးစွဲခဲံသော အသုံးအဆောင်၊ ပရိဘောဂများ၊ ဓာတ်ပုံများ၊ ဖတ်ရှုခဲ့သော စာအုပ်များ၊ ၀တ်ဆင်ခဲ့သော အ၀တ်အထည်များနှင့် ဗိုလ်ချုပ်စီးနင်းခဲ့သည့် မော်တော်ကားတို့ကို အမှတ်တရ အနေဖြင့် ပြသထားပါသည်။ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ကို ပုံမှန်အားဖြင့် တင်္နလာ၊ အင်္ဂါနှင့် ပြန်တမ်းဝင် ရုံးပိတ် ရက်များမှအပ ကျန်ရှိသည့် နေ့ရက်များတွင် နံနက် ၁၀ နာရီမှ
ညနေ ၄ နာရီအထိ ဖွင့်လှစ်ခဲ့ပါသည်။

Yahoo အကောင့်လေးသိန်းကျော်အခိုးခံရ

ဟက်ကာအဖွဲ့တစ်ဖွဲ့သည် Yahoo အကောင့်လေးသိန်းကျော်ကို ၄င်းတို့ ကုမ္ပဏီ၏ကွန်ပျူတာအတွင်းမှ ခိုးယူခဲ့ကြောင်း အဆိုပါကုမ္ပဏီက ဇူလိုင်လ ၁၂ ရက်က အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။ ၄င်းကုမ္ပဏီမှ အကောင့်လေးသိန်းကျော်နှင့် အခြားကုမ္ပဏီများ၏ အမည်နှင့်စကားဝှက်များကို ဟက်ကာများက ဇူလိုင်လ ၁၁ ရက်က ခိုးယူခဲ့ခြင်းဖြစ်သည်။
အဆိုပါခိုးယူမှုကို ဟက်ကာအဖွဲ့ဖြစ်သည့် DD33DS က ဇူလိုင် ၁၁ ရက်က ပြုလုပ်ခဲ့ပြီး အကောင့် ၄၅၃၄၉၂ ၏သက်သေအထောက်အထားများကို ပုဂ္ဂလိက ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြခဲ့သော်လည်း အဆိုပါလုပ်ဆောင်ချက်သည် Yahoo ကုမ္ပဏီကို ခြိမ်းခြောက်မှုတစ်ခုမဟုတ်ကြောင်းနှင့် သတိပေးလုပ်ရပ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။  Yahoo ကုမ္ပဏီ၏ဆာဗာများအနေဖြင့် အားနည်းချက်များစွာရှိနေကြောင်း၊ ၄င်းတို့၏အကောင့်ထုတ်ဖော်မှုများထက် ဆိုးရွားသော ပြသာနာရှိလာနိုင်ကြောင်းနှင့် ၄င်းကိစ္စကို ပေါ့ပေါ့တန်တန်သဘောမထားရန် အဆိုပါဟက်ကာအဖွဲ့က ပြောကြားခဲ့ကြောင်း သိရသည်။

စီးပွားရေးပိတ်ဆို့မှုနှင့် ပတ်သက်၍ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်လွှတ်တော်အမတ်အား တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့

စီးပွားရေးပိတ်ဆို့မှုကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန်လွှတ်တော်အမတ် မစ်ခ်ျ မက္ကောနယ်တို့ တယ်လီဖုန်းဖြင့်ဆက်သွယ် ဆွေးနွေးခဲ့ကြကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင် က အတည်ပြုပြောကြားသည်။
“ပြည်သူ့လွှတ်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နဲ့ ဇူလိုင်၁၆ ရက်နေ့ ည၈နာရီက အမေရိကန် အမတ် မစ်ခ်ျ မက္ကောနယ်တို့(BFDA) ကိစ္စဆွေးနွေးခဲ့တယ် အဲဒီ ဆွေးနွေးချက်ထဲမှာမြန်မာ အမေရိကန် ချစ်ကြည်ရေး တိုးတက်စေရေးကိစ္စ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန် မြှင့်တက်စေရေးကိစ္စနဲ့ မြန်မာပြည်သူလူထု ဘ၀တွေ ပိုမိုကောင်းမွန်လာစေဖို့ကို အခြေခံပြီးဆွေးနွေးခဲ့ပါတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦအုန်းကြိုင် ကထပ်လောင်းပြောကြားသည်။


နှစ်လအရွယ်သမီးကို ရောင်းချခဲ့သည့် မိခင်

ဟွန်ဒူးရပ်စ်နိုင်ငံတွင် မိမိ၏ရင်သွေး နှစ်လအရွယ်သမီးကို ငါးဒေါ်လာဖြင့် ရောင်းခဲ့သည့် အမျိုးသမီးတစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟ ဇူလိုင်လ ၁၄ ရက်တွင် ဒေသတွင်း မီဒီယာတစ်ခုက ပြောကြားခဲ့သည်။
အဆိုပါအမျိုးသမီးမှာ အသက် ၁၈ နှစ်အရွယ်ရှိ ကရီနာကတ်စထရိုဆိုသူဖြစ်ပြီး တဂူစီဂါလ်ပါမြို့၏ အနောက်ပိုင်းတွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်း သိရသည်။

လွယ်ဂျယ်မြို့အနီး မံကောင်း(ရှမ်း)ရွာမှ ကျောင်းသားများနှင့် မိဘများပြောင်းရွှေ့နေထိုင်မှုများရှိနေ

KIA (ကချင်)လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ရာဒေသအတွင်း လွယ်ဂျယ်မြို့အနီးရှိ မံကောင်း(ရှမ်း)ရွာမှ ရှမ်းလူမျိုး ကလေးငယ် မောင်အိုက်ထွန်း၊ (၁၅)နှစ်၊ မောင်ဟိုလျံ၊ (၁၃)နှစ်နဲ့ မောင်အိုက်မောင်၊ (၁၄)နှစ်တို့ကို ဇူလိုင်လ ၁၂ ရက်နေ့ညဦးပိုင်းမှာ KIA တပ်ရင်း(၁)မှ လာရောက် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း၊ သူတို့တွေဟာ လွယ်ဂျယ်အထက်တန်းကျောင်းနဲ့ တရုတ်စာသင်ကျောင်းမှာ စာသင်ကြား   နေတဲ့  သူတွေ ဖြစ်ကြောင်း သတင်း ပေးပို့လာပါတယ်။