Friday, April 10, 2015

မဟုတ်တရုတ်တွေရဲ့ သယံဇာတ ခိုးထုတ်တာကို ဒီအတိုင်း လက်ပိုက်ကြည့်နေတော့မှာလား

သျှမ်းပြည်နယ်ဟာ မြေပေါ်မြေအောက် သယံဇာတ ပေါကြွယ် လှတဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။ ဒါကြောင့် အိမ်းနီးချင်းတရုတ်တွေ က ဒေသတွင်းအာဏာပိုင်တွေကို လာဘ်ထိုးပြီး သယံဇာတတွေကို သူတို့နိုင်ငံကို သယ်သွားနေတာ နေ့စဉ်နဲ့အမျှပါဘဲ။


အခုလည်း တရုတ်ကုမ္မဏီတွေက ဒေသတွင်းအာဏာပိုင်တွေကို လာဘ်ထိုးပြီး သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်ထဲက လွယ်မောက်မှာ ဆီလီကွန်ကျောက် တူးယူနေပါတယ်။ တနှစ်ကျော်ပါပြီ။ လွယ်မောက်က စယ်လန့် နဲ့ ၆ မိုင်လောက် ဝေးပါတယ်။ နာမည်ခံပြီး ကူညီပေးနေ တာက ကောင်းခါး ပြည်သူ့စစ်နဲ့ မိုင်းပေါ့ပြည်သူ့စစ်ပါ။

Blog လူဖတ်များအောင် သားငယ်ကို အဆိပ်ခတ်သတ်ခဲ့တဲ့ အမေ

Lacey Spears လို့ အမည်ရတဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က အသက် ၂၇ နှစ် အရွယ် အမျိုးသမီးဟာ မိမိရဲ့ သားအရင်း ဖြစ်သူကို အဆိပ်ခတ် သတ်မိခဲ့ပါတယ်။ သူမကို နယူးယောက်မြို့ရှိ တရားရုံးမှ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ ပါတယ်။ 


စစ်တွေမြို့တွင် သင်္ကြန်အကြိုကာလ တားမြစ်ဆေးများရောင်းချမှု စစ်ဆေးရာမှ ပထမဆုံး (၃)မှု ဖမ်းဆီးရမိ

???????????????????????????????
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါးနှင့် ကာမဆေးအပါအ၀င် တားမြစ် ဆေးဝါးများ ရောင်းချခြင်းမရှိစေရန် စစ်ဆေးလျက်ရှိရာ ဧပြီ ၈ ရက်နေ့အထိ ဖမ်းဆီးရရှိမှု(၃)မှုရှိနေပြီ ဖြစ်ကြောင်း စစ်တွေမြို့မရဲစခန်းမှ သိရှိရသည်။
မဟာသင်္ကြန်ကာလအတွင်း ဘေးဖြစ်စေသောဆေးဝါးများရောင်းချမှုမရှိစေရန် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှ ဆေးဆိုင်များအား စုံစမ်းရှာဖွေနေခြင်းဖြစ်ရာ ဧပြီလ ၂ ရက်နေ့က စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်၊ ပဒေသာဆေးဆိုင်နှင့် စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက် အကွက်(၃) ဘုမေဆေးဆိုင်နှင့် မကျည်းမြိုင်ရပ်ကွက် အကွက်(၉) မှ ဘုမေဆေးဆိုင်တို့မှ ကာမဆေးများကို ရောင်းချနေသည်ကို ဖမ်းဆီးအရေးယူထားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ဈေး သင်္ကြန် ဧပြီ ၁၂ ရက်နေ့တိုင်းမှာ ကျင်းပ

ဗိုလ်ချုပ်အောင်ဆန်းဈေး, စကော့ဈေး, သင်္ကြန်, နှစ်သစ်ကူး,

၂၀၁၃ ခုနှစ်က ဗိုလ်ချုပ်ဈေးသင်္ကြန်တွင် ရေပက်ကစားနေသည့် ကလေးငယ် တချို့ (ဓာတ်ပုံ – ဧရာဝတီ)
မန္တလေးမှာ ဆိုရင် ဈေးချိုသင်္ကြန်ဟာ နာမည်ကြီး လူသိများ ထင်ရှားသလို၊ ရန်ကုန်မှာ ဆိုရင်တော့ ဗိုလ်ချုပ်ဈေး သင်္ကြန်ဟာ လူသိထင်ရှားတဲ့ ဈေးသင်္ကြန်ပွဲတခုပဲ ဖြစ်ပါတယ်။
စကော့ဈေးလို့ လူသိထင်ရှားမှုများတဲ့ ဗိုလ်ချုပ် အောင်ဆန်းဈေး (ဗိုလ်ချုပ်ဈေး) သင်္ကြန်က လူသိများ ထင်ရှားတဲ့ ပွဲတော် တခု ဖြစ်ပါတယ်။ ဗိုလ်ချုပ်ဈေး သင်္ကြန်ပွဲကို သင်္ကြန်ပွဲတော် ပိတ်ရက်တွေ မရောက်ခင် အကြိုနေ့ ဖြစ်တဲ့ ဧပြီ ၁၂ ရက် တရက်တည်းမှာပဲ နှစ်စဉ်နှစ်တိုင်း ကျင်းပတယ် လို့ သိရပါတယ်။

ဂျစ်ကားသင်္ကြန်ပျောက်ပြီး ပစ်ကပ်ကားသင်္ကြန်လာပြီ


photo - The Irrawaddy

ဟိုးအရင်က သင်္ကြန်လည်ရာမှာ ရေပန်းစားခဲ့တဲ့ စက်မှုဇုန်ထုတ် ဂျစ်ကားတွေနေရာမှာ ဂျပန်လုပ် လေလံကားတွေ အစားထိုး ၀င်ရောက်လာပြီး ဒီနှစ်အတွက် ရေပန်းစားနေတယ်လို့ သင်္ကြန်ကားအငှားဈေးကွက်ကနေ စုံစမ်းသိရှိရပါတယ်။ 

ဂျပန်လေလံကားတွေ တင်သွင်းမှု ဖောဖောသီသီ မများခင်ကာလတွေတုန်းက စက်မှုဇုန်ထုတ်ကားတွေ ဖြစ်တဲ့ ဂျစ်ကားတွေဟာ သင်္ကြန်ရေပက်ခံထွက်လည်တဲ့နေရာမှာ ရေစိုခံအကြမ်းခံပြီး အဆင်ပြေတဲ့အတွက် ဂျစ်ကား သင်္ကြန်လို့တောင် ဆိုရမယ့် အခြေအနေ ဖြစ်ခဲ့ရပါတယ်။

အနုပညာရှင်တွေနဲ့ သူတို့ရဲ့ Skin Care

သင်္ကြန်ရောက်ပြီဆိုရင် ရေကစားကြမယ်၊ ကဲကြမယ်ဆိုပြီးအားခဲထားကြမှာပါ။ သင်္ကြန်ရေ ဘယ်လောက်စိုစို မဖျားနာဘူးဆိုပေမယ့် သင်္ကြန်ရေ ၊ လေ၊ နေရောင်တို့နဲ့ နာရီအတော်ကြာထိတွေ့ရင် အသားအရေပျက်စီးမှုကတော့ အနည်းနဲ့အများဖြစ်တတ်ပါတယ်။ သင်္ကြန်မှာ ပြည်သူချစ် အနုပညာရှင်တွေလည်း ပါဝင်ဆင်နွှဲကြမှာဖြစ်တဲ့အတွက် သူတို့ရောအသားအရေမပျက်စီးအောင် ဘယ်လိုကာကွယ်ကြသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ 
 
photo - awn sang facebook

အပူကြောင့်ဖြစ်ပေါ်တတ်သော ရောဂါဝေဒနာများ



နွေနေပူကို အန်တုသူများ/ဓာတ်ပုံ − နစ်ကီ
နိဒါန်း
လူများစွာတို့အတွက် နွေရာသီကာလဆိုတာ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်၊ ခရီးသွားရက်၊ အပန်းဖြေရက်ဖြစ်ပါတယ်။ တစ်နည်းပြောရပါက လေအေးပေးစက်များ တပ်ဆင်ထားတဲ့ ရုံးခန်း၊ အိမ်ဧည့်ခန်းတွေထဲက အပြင်နေပူထဲ အထွက်များတဲ့ကာလ ဖြစ်ပါတယ်။

လိုတာထက်ပို အထီးကျန်မှာ ကြောက်တတ်သူတွေဟာ အချစ်ရေးမှာ အဆင်မပြေတတ်



လ့လာတွေ့ရှိချက် အသစ်တစ်ခုအရ တစ်ဦးတည်းဖြစ်မှာ ကြောက်သူတွေဟာ အချစ်ကို အတည်တကျ ရှာတာမျိုး နည်းပါးတယ်လို့ ဆိုပါတယ်။ သူတို့တွေဟာ ပျော်ရွှင်စရာ မကောင်းတဲ့ ဆက်ဆံရေးမှာ တွယ်ကပ်နေတတ်ပြီး များသောအားဖြင့် အပျော်ရှာသူတွေနဲ့ ဒိတ်လုပ်တတ်ပါတယ်တဲ့။

ငြိမ်းချမ်းရေး ရွက်သစ်နုနု ခါတော်ရေစင်ဖျန်းလို့ ဝေစီလွင်…

article copy

၁၉၅၀ ၀န်းကျင်ကာလ၏ မန္တလေးအနီးတ၀ိုက်တွင် တိုင်းပြည်ငြိမ်သက်အေးချမ်းမှုက အသားတကျ မဖြစ်သေးပေ။ တံတားဦးမှာ၊ ကျောက်ဆည်မှာ၊ မတ္တရာမှာ၊ ပြင်ဦးလွင်လမ်း ၂၁ မိုင်မှာ စသည်ဖြင့် တိုက်ပွဲတွေက ကျိုးကြားဖြစ်နေ၏။ တပ်မင်း ဗိုလ်မှူးကြီး တန်ယုဆိုင်နဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ခိုင်တို့ ဦးစီးသော ခလရ ၈ ကလည်း နန်းတွင်း၌ပင် အခြေစိုက်ထား၏။ ခလရ ၈ က မုံရွာ ယင်းမာပင်၊ ရွှေဘို ကျောက်မြောင်းတ၀ိုက် စစ်ဆင်နေ၏။ ထို့ပြင် တံတားဦး၊ ကျောက်ဆည်၊ မြင်းခြံဆုံရာ တြိဂံနယ်မြေသို့လည်း စစ်ဆင်ရေးဝင်ရသည်။ ထိုမှတဆင့် မလဲသာဘက်ဆီ ဦးတည်ရ၏။

မြန်မာ သင်္ဘောကုမ္ပဏီ ၅ခုကို အရေးယူ

ပြီးခဲ့တဲ့ ရက်ပိုင်းက နစ်မြုပ်ခဲ့တဲ့ ရုရှား သင်္ဘောပေါ် မြန်မာ သင်္ဘောသားတွေကို ခွင့်ပြုချက်မတောင်းဘဲ ပြောင်းပို့ခဲ့တဲ့ Sea Rider, Star Global, Light Oasis, Asia Wave နဲ့ Top Chance စတဲ့ သင်္ဘော ကုမ္ပဏီ ၅ ခု အပေါ် အရေးယူ ဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန သင်္ဘောသား ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတိုးမြင့်က ဘီဘီစီကို ပြောပါတယ်။

‘၀’ တောင်းပိုင်းမှာ တပ်ဖွဲ့ဝင် မင်္ဂလာစုံတွဲ (၁၇၉) တွဲကို စုပေါင်း မင်္ဂလာဆောင်ပေးခြင်းဖြင့် လူဦးရေတိုးပွား အောင် UWSA အဖွဲ့ လုပ်ဆောင်နေ

‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၊ စစ်ဒေသ (၁၇၁) ၊ ဒုစစ်ဒေသမှူး အိုက်လောက်မှ ဦးစီး၍ အေပြီ ၈ ရက်နေ့တွင် တပ်ဖွဲ့ဝင် မင်္ဂလာစုံတွဲ (၁၇၉) တွဲကို စုပေါင်းမင်္ဂလာ အခမ်းအနားကျင်းပ ပြုလုပ်ပေး ခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ



၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....

ကိုယ်ဝန်ဆောင် မိန်းကလေးတွေအပေါ် မလုပ်သင့်သော ၁၄ ချက်


ကိုယ်ချစ်ရတဲ့ ဇနီးဖြစ်သူက ကိုယ့်ရဲ့ရင်သွေးလေးကို မွေးပေးမယ်ဆိုရင် ဘယ်လောက်ပျော်စရာကောင်းမလဲ။

ကိုယ်ဝန်ဆောင်တယ်ဆိုတာဟာ မိန်းကလေးတွေသာသိပြီး ယောင်္ကျားဖြစ်သူက မသိတဲ့အချက်တွေ အများကြီးရှိပါတယ်။

အမေရိကန်ချွေးမ ( နိုင်းနိုင်းစနေ ဘာသာပြန်သည်။ )


 အမေရိကားမှာ ကျောင်းသွားတက်ခဲ့တဲ့သား ကျောင်းပြီးတော့ ကျွန်မအတွက် စူစန်လို့ခေါ်တဲ့ အင်္ဂလိပ်ချွေးမတစ်ယောက် ရှာပေးခဲ့တယ်။ ဒီကနေ့မှာ မြေးလေးထော်ဘီတောင် (၃)နှစ်ရှိခဲ့ပါပြီ။ ဒီနှစ်နွေရာသီမှာ သားက ကျွန်မကို အမေရိကားအလည်လာဖို့ ခေါ်ခဲ့တယ်။ အမေရိကားမှာနေခဲ့တဲ့ (၃)လအတွင်း ချွေးမစူစန်ရဲ့ သားသမီးကို ဆုံးမသွန်သင်နည်းတွေက ကျွန်မကို အတွေးအမြင် ပိုကျယ်စေခဲ့ပါတယ်။

ကမ္ဘာအပြင်ဘက်တွင် သက်ရှိများရှိကြောင်း အထောက်အထားများတွေ့ဟု နာဆာပြော

water-solar-system-galaxy

ကမ္ဘာ့အပြင်ဘက်တွင် သက်ရှိများရှိကြောင်း တိကျတဲ့ သက်သေ အထောက်အထားများကို နှစ် ၂၀နဲ့ ၃၀ အတွင်း တွေ့ရှိနိုင်တယ်လို့ အမေရိကန် ပြည်ထောင်စု အမျိုးသား အာကာသနဲ့ လေကြောင်း ဦးစီးဌာန (နာဆာ)အကြီးအကဲက ပြောပါတယ်။

ကိုယ်ပိုင်ပြဌာန်းရေး ပြည်နယ်လွှတ်တော်များမှ တပ်မတော်သားကိုယ်စားလှယ်များ ဦးစွာ ထုတ်ပေးရန် ဒေါက်တာအေးမောင် ဆွေးနွေးမည်

တိုင်းရင်းသားများ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အုပ်ချုပ်ခွင့်တို့အတွက် ပြည်နယ်လွှတ်တော်များမှ တပ်မတော်သား ကိုယ်စားလှယ်များကို ထုတ်ပေးရန် တိုင်းရင်းသားကိုယ်စားလှယ်များ ကိုယ်စား ဒေါက်တာအေးမောင်က ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုတွင် ဆွေးနွေးမည်ဟု ၎င်းက မဇ္ဈိမကိုပြောသည်။
"စစ်မှန်တဲ့ ဖက်ဒရယ်ပေါ်ပေါက်ရေး ဖွဲ့စည်းပုံပါ ပုဒ်မတွေပြင်ဖို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပက်သက်ပြီး ပြည်နယ် လွှတ်တော်က တပ်မတော်သားတွေကို ကနဦးဆုံး ထုတ်ပေးဖို့၊ မဟုတ်ရင် ကိုယ်ပိုင်ပြဌာန်းခွင့် အုပ်ချုပ်ခွင့်က အနှောက်အယှက်ဖြစ်တယ်" ဟု ၎င်းက ဆိုသည်။

အခြေခံဥပဒေကို လွှတ်တော်က အချိန်မီ မပြင်နိုင်လျှင် ပြည်သူလူထုကို အားကိုးမည်ဟု ဒေါ်စု ပြော

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို လွှတ်တော်က လျာထားချက်များအတိုင်း အချိန်မီ မပြင်နိုင်လျှင်  ပြည်သူလူထုကို အားကိုးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးတည်ရှိရာ လွှတ်တော်ရေးရာ အိုင်အဆောင် (၁၂)တွင် ယနေ့ ညနေ မီဒီယာများနှင့်တွေ့ ဆုံစဉ် မဇ္ဈိမ၏ အမေးကို ဖြေကြားခဲ့သည်။
su
“တကယ်ဆိုရင်တော့ သိတဲ့အတိုင်းပဲ အန်တီတို့ ကိုယ်စားလှယ်တွေက လူနည်းစုလေ။ လူနည်းစုဆိုတော့ လွှတ်တော်ထဲမှာ လုပ်နိုင်တဲ့ အတိုင်းအတာက အင်မတန် အကန့်အသတ် ရှိပါတယ်။ နာယကကြီးက တင်မယ် ဆိုရင်တော့

ကိုးကန့် တိုက်ပွဲ ပြင်းထန်

ရှေ့တန်းစစ်မျက်နှာပြင်က ကိုးကန့်တပ်။

ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာ့ တပ်မတော်တို့ကြား လောက်ကိုင်ဒေသ မှာ မနေ့ကစပြီး တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာခဲ့ပြီး မနေ့ကနဲ့ ဒီကနေ့ ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေဟာ မြန်မာ့တပ်မတော်နဲ့ ကိုးကန့်တို့ကြား ဖေဖေါ်ဝါရီလ ၉ ရက်နေ့က စတင်ခဲ့တဲ့ တိုက်ပွဲတွေထဲမှာ အပြင်းထန်ဆုံး လို့ ကိုးကန့်တပ်ဖွဲ့ကပြောပါတယ်။ တိုက်ပွဲအခြေနေနဲ့ ပါတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရ ဦးထွန်းမြတ်လင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာမှာသူက အခုလို စတင်ပြောဆိုပါတယ်။

ပြန်စဉ်းစားရတော့မည့် နှစ်သစ်ကူးရုံးပိတ်ရက်ရှည်

နအဖအစိုးရလက်ထက်မှစတင်၍ မဟာသင်္ကြန်နှင့် နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် ၁၀ ရက်တာ အားလပ်ရက် သတ်မှတ်ခဲ့သည်။ အပတ်စဉ် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်တစ်ရာကျော်နှင့် အစိုးရရုံးပိတ်ရက် ၂၀ ၀န်းကျင်ရှိနေရာမှ နှစ်သစ်ကူးရုံးပိတ်ရက်ကြောင့် နိုင်ငံတွင် အစိုးရရုံးပိတ်ရက် ပိုများလာခဲ့သည်။ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်မပါ အစိုးရရုံးပိတ်ရက် တစ်နှစ်လျှင် ၂၅ ရက်ဝန်းကျင်ရှိနေပြီး ကမ္ဘာပေါ်တွင် အားလပ်ရက် အများဆုံးအဖြစ် သတ်မှတ်ခံထားရသော ရုံးပိတ်ရက် ၂၁ရက်ရှိသည့် အိန္ဒိယနိုင်ငံထက်ပင် မြန်မာနိုင်ငံက ပိုများသွားသည်။ ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင် နိုင်ငံတွင် ပုံမှန်အားလပ်ရက်များအပြင် နှစ်သစ်ကူးရုံးပိတ်ရက်ရှည်သတ်မှတ်ထားခြင်းနှင့် ပတ်သက်၍ အမြင်များကို စုစည်းဖော်ပြပေးလိုက်ပါသည်။

ဒီမိုကရေစီနှင့် ပညာရေး ရွှေခေတ်ဆီသို့

ကမ္ဘာ့တက္ကသိုလ်အသီးသီး၏ စွမ်းဆောင်ရည်ဆိုင်ရာ သတင်းအချက်အလက်နှင့် ကိန်းဂဏန်းများကို စုဆောင်းရယူပြီး တက္ကသိုလ်တစ်ခုချင်းစီအပေါ် အကဲဖြတ်၍ ကမ္ဘာ့အဆင့်ကြီးစဉ်ငယ်လိုက်စာရင်းများကို ထုတ်ပြန်လေ့ရှိသည့် အဖွဲ့အစည်းများအနက် စပိန်နိုင်ငံအစိုးရ၏ Consejo Superior de Investigaciones Cientificas (CSIC) အဖွဲ့လည်း ပါဝင်သည်။ ယင်းအဖွဲ့ကို ၁၉၃၉ က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဓိပ္ပာယ်မှာ သိပံ္ပသုတေသနဆိုင်ရာ အဆင့်မြင့်ကောင်စီ (Superior Council of Scientific Research) ဖြစ်ပါသည်။