Friday, November 30, 2012
ကိုရင်လေးတစ်ပါး ကောက်ရထားခြင်း
ဒီနေ့ညဦးပိုင်း (၂၃၊ ၁၁၊ ၂၀၁၂) မှာ ဒဂုံမြို့သစ် တောင်ပိုင်းနဲ့ ဆိပ်ကမ်းမြို့နယ် အစပ် မြန်မာ့သားကောင်းရွာအနီး၊ ငါးပိငါးခြောက်ဇုန် (သရက်ပင်ချောင်ရွာ) သွား ကားလမ်းဘေးတွင် ကိုရင်လေးတစ်ပါး (အသက် ၈-နှစ်ခန့်) အိပ်ပျော်နေသည်ကို လယ်သမားမိသားစုတစ်စုက တွေ့ရှိသဖြင့် သူတို့တဲသို့ ခေါ်ဆောင် လာကာ တစ်ညတာ တည်းခိုအိပ်နား စားသောက်စေ၍
ဖုန်းဖြင့်အင်တာနက်အသုံးပြုမှုကို Download ပမာဏဖြင့် ကောက်ခံခြင်းကို တစ်လရွှေ့ဆိုင်း
ဖုန်းဖြင့်
အင်တာနက်အသုံးပြုမှုကို ဒီဇင်ဘာလတွင် Download ပမာဏဖြင့် စတင်ကောက်ခံမည်ဟု
ကြေငြာခဲ့သည်ကို တစ်လနောက်ဆုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးက
ယနေ့ကြေငြာလိုက်သည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ) ရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပ
ရတနာပုံ တယ်လီပို့ (ယခင် ပုဂံတယ်လီပို့ ) ADSL ဝန်ဆောင်မှု ဈေးနှုန်းများ ပြင်ဆင်သတ်မှတ်
ရတနာပုံ တယ်လီပို့ (ယခင် ပုဂံတယ်လီပို့ ) က ADSL ဝန်ဆောင်မှု
ဈေးနှုန်း များကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်ပြီး ပြင်ဆင်သတ်မှတ် မည် ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့ တာဝန်ရှိသူ တစ်ဦးက The Voice Weekly ကို ပြောကြားသည်။
"နှစ်စဉ်ကြေး ကတော့ အရင် အတိုင်း ၆၀ ပါပဲ။ လစဉ်ကြေးနဲ့ ကနဦး
တပ်ဆင်ကြေး ဈေးနှုန်းပဲ လျှော့ပေးတာပါ" ဟု ၎င်းက ပြောသည်။
မြဝတီတွင် ရွှေထည်ပစ္စည်းနှင့် ငွေ သိန်း ၈၀၀ ကျော် လုယက်မှုဖြစ်
ကရင်ပြည်နယ် မြဝတီမြို့နေ ရွှေသရဖူရွှေဆိုင်မှ ကိုသိန်းလွင်သည် နိုဝင်ဘာ ၂၇
ရက်နေ့က ရွှေထည်ပစ္စည်းများ သိမ်းဆည်၍ ပြန်လာစဉ် မျက်နှာ အဝတ်စည်းထားသည့်
ဆိုင်ကယ်သမားက ကိုသိန်းလွင်၏ ဆိုင်ကယ်ကို ကန်လှဲကာ ရွှေထည်ပစ္စည်းများ
လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဆိုင်ကယ်လဲကျစဉ် သေနတ်ဟု ထင်ရသော
အရာဖြင့်
အုပ်စုတက်ရေး အဆုံးအဖြတ် ကစားကြမည့် မြန်မာ-ဖိလစ်ပိုင် ပွဲကြိုသတင်း
မြန်မာအသင်းနဲ့ ဖိလစ်ပိုင် အသင်းတို့ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို
မူလသတ်မှတ်ထားတဲ့ မွန်ထောင် ဘောလုံးကွင်းမှာ မကန်တော့ဘဲ
ဘန်ကောက်မြို့လယ်ရှိ စူပါချာလဆိုင်ကွင်းမှာ ည ၈း၂၀ မှာ
ယှဉ်ပြိုင်သွားမယ်လို့ အာဆီယံ ဘောလုံးအဖွဲ့ချုပ်က AFF Suzuki ၀က်ဘ်ဆိုဒ်မှာ
ကြောယသွားပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ လက်ရှိအချိန်မှာ ၂
ပွဲကစားထားပြီး ဗီယက်နမ်အသင်းနဲ့ ၁-၁ ရလဒ် သရေကျထားပါတယ်။
ထိုင်းအသင်းကိုတော့ ၄-၀ နဲ့ ရှုံးနိမ့်ထားပါတယ်။
မြန်မာက တရုတ်အတွက် ပို အရေးပါလာနေ
တရုတ်အစိုးရအနေနဲ့ ကမ္ဘာ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေအပေါ် မှီခိုမှု
ပိုများလာပြီး အမေရိကန်ပြည်ထောင်စုက အဲ့ဒီ နိုင်ငံတွေအပေါ် မှီခိုမှု
လျော့ပါးသွားတာမို့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် ဗျူဟာမြောက်
အားထားရမှု ကြီးမား လာလိမ့်မယ်လို့ လာမယ့်
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ဗုံးနှင့် မော်တာကျည်များ တွေ့ရှိ
မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘန်တရိုဘန်မြို့နယ် အလယ်ကော်တောင်မြို့နယ် ထိန်ကူးရွာအနီး တောတွင်းမှ လက်ပစ်ဗုံး ၆ လုံး၊ မီးခိုးဗုံး ၁ လုံးနှင့် မော်တာကျည် ၉ လုံးကို တွေ့ရှိ သိမ်းဆည်ခဲ့မိကြောင်း အလယ်ကော်တောင်မြို့ စစ်ဗျူဟာမှ ဗိုလ်ကြီး ဖိုက်ဆဲလ်က ပြောသည်။ ဗုံးနှင့် မော်တာကျည်များ၏ အမျိုးအစား အသေးစိတ်ကိုမူ စစ်ဆေးဆဲဟု သိရသည်။ ဗုံးနှင့် မော်တာကျည်များကို ပိုင်ရှင်မဲ့ ဖမ်းဆီးရခြင်းဖြစ်ပြီး ယင်းဒေသသည် တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းတချို့ လှုပ်ရှားသည့် နယ်မြေဖြစ်ကြောင်း သိရသည်။
from -ဧရာဝတီ
အဆိုတော် ခင်မောင်တိုးရဲ့ အရိုးပြာ ဧရာဝတီမြစ်ရေပြင်မှာ မျှော
ဓာတ်ပုံ-ကြေးမုံသတင်းစာ~
စင်ကာပူနိုင်ငံမှာ ဆေးကုသရင်း မကြာသေးခင်က ကွယ်လွန်သွားတဲ့ အဆိုတော်ခင်မောင်တိုးရဲ့အရိုးပြာ
ရေမျှောခြင်းကို လွန်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်းက စစ်ကိုင်းမြို့နယ် မင်းကွန်းရွာမှာ ကျန်ရစ်သူ ဇနီးသားသမီး မိသားစုက လုပ်ဆောင်ခဲ့တာကို ယနေ့ထုတ် ကြေးမုံ သတင်းစာမှာ ဖော်ပြ ထားပါတယ်။
မင်းကွန်းရွာမှ ကွယ်လွန်သူ ဦးခင်မောင်တိုး ( အသက် ၆၃ နှစ်) ရဲ့ အရိုးပြာကို သူချစ်တဲ့ ဧရာဝတီမြစ်
ရေပြင်မှာ မျှောခဲ့တာဖြစ်ပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲမှု များလာတဲ့အတွက် မိဘများ စိုးရိမ်ပူပန်နေကြရ
ကယား(ကရင်နီ)ပြည်နယ်
ဒီးမော့ဆိုမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ လူငယ်တွေအကြား တော်တော်များများ
သုံးစွဲနေပြီးဖြစ်လို့ မိဘများက စိုးရိမ်ပူပန်မှုများ ဖြစ်နေကြလို့
နှစ်ခြင်းဘုရားဝတ်ပြုသည့် နေ့အချိန်တိုင်းနှင့် အစည်းအဝေး တိုင်းတွေမှာ
ရင်ဖွင့်သံများ ကြားနေရပါတယ်။
မိဘတွေ သားသမီးအတွက်
ရင်လေးနေရကြရပြီဖြစ်လို့ သက်ဆိုင်ရာ မိမိကိုးကွယ်ယုံကြည်ကြတဲ့
ဘုန်းတော်ကြီးများ ၊ သာသနာဆရာတော်များထံ ဘုရားဆုတောင်း ဝတ်ပြုပေးတာတွေ
ဒီးမော့ဆိုမြို့မှာ မကြာခဏဆိုသလို လုပ်ပေးနေ တာတွေ တွေ့နေရပါတယ်။
ဒီချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းကိစ္စနှင့်ပက်သတ် ၍ ဒုတိယနေ့မွန့်ခွန်းအဖြစ် ချင်းတွင်းမြစ်သဲသောင်ပြင်တွင် ဟောပြော
ဒေါ်အောင်ဆန်းစုကြည်သည်
ယနေ့ နိုဝင်ဘာ 30 ရက် နံနက် ၈နာရီခွဲခန့် တွင် ချင်းတွင်းမြစ် အတွင်း ၊
မုံရွာဘက်ခြမ်း သဲသောင်ပြင်( ရွှေလွန်းပျံ ကူးတို့ဆိပ်)တွင်
နာရီဝက်ကျော် အကြာ ဟောပြောသွားကြောင်း သိရသည် ။
အဆိုပါဟောပြောပွဲတွင် ဒေသခံများအနေဖြင့် အချိန်မှီ
ရောက်လာ သူနည်းပါးသော ကြောင့် ဧည့်ပရိတ်သတ် ၁၀၀၀ ကျော်ခန့် သာ ရှိကြောင်း
ရန်ကုန်မဒီယာ သတင်းထောက်မှ ပေးပို့သည်။
လွတ်လပ်ရေးရပြီးနှစ်ပေါင်း ၆၀ ကြာအထိ မငြိမ်းချမ်းသေးတာ ဟာ ယုံကြည်မှု မတည်ဆောက်နိုင်သေးခြင်းကြောင့်ဖြစ်
“ငြိမ်းချမ်းရေးအတွက်
ယုံကြည်မှု တည်ဆောက်ခြင်း” ဆိုတဲ့ အစည်းအဝေးတရပ်ကို သျှမ်းလူမှုအဖွဲ့အစည်း
တွေက ဦးဆောင်ပြီး ရန်ကုန်မြို့ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီ ခန်းမမှာ
နိုဝင်ဘာ ၂၆ ရက်ကနေ ၂၈ ရက် အထိ ၃ ရက်ကြာ ကျင်းပခဲ့ပါတယ်။ နိုင်ငံရေးပါတီ ၃
ဖွဲ့ကကိုယ်စားလှယ်တွေ၊ သျှမ်းလက်နက်ကိုင် အဖွဲ့ အစည်း ၄ ဖွဲ့
ကိုယ်စားလှယ်များ၊ပြည်တွင်းပြည်ပအခြေစိုက် သျှမ်းလူမှု အခြေပြု အဖွဲ့ အစည်း
၁၁ ဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်ပေါင်း ၄၂ မြို့နယ်မှ
ကိုယ်စားလှယ်များနှင့် အထူး
သီတဂူ ဗုဒ္ဒတက္ကသိုလ်မှ သီတဂူဆရာတော် ဘုရားကြီး ဒေါက်တာ ရှင်ဥာဏိသရ က လက်ပံတောင်းတောင် ကယ်တင်ရေးအဖွဲ့ထံ ငွေကျပ် ၂၅ သိန်း လှူဒါန်း
သီတဂူ ဗုဒ္ဒတက္ကသိုလ်မှ သီတဂူဆရာတော် ဘုရားကြီး ဒေါက်တာ ရှင်ဥာဏိသရ က လက်ပံတောင်းတောင် ကယ်တင်
ရေးအဖွဲ့ထံ ယနေ့ နိုဝင်ဘာ ၃ဝ ရက်နေ့က ငွေကျပ် ၂၅ သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။
သီတဂူ ဆရာတော်ကြီးက မုံရွာပြည်သူ့ဆေးရုံကြီးတွင်ဆေးကု သမှုခံယူနေသော သံဃာတော်များကို "ငါ့ရှင်တို့အားလုံး စိတ်ချမ်းသာအောင်နေကြပါ " ဟု မိန့်ကြားသွားခဲ့သည်။
သီတဂူ ဆရာတော်ကြီးက မုံရွာပြည်သူ့ဆေးရုံကြီးတွင်ဆေးကု သမှုခံယူနေသော သံဃာတော်များကို "ငါ့ရှင်တို့အားလုံး စိတ်ချမ်းသာအောင်နေကြပါ " ဟု မိန့်ကြားသွားခဲ့သည်။
အန္တရာယ်တောင်ကြားက ကျောင်းတက်ချင်တဲ့ သမီးငယ်
ကလေးငယ် တစ်ယောက်လည်း ဖြစ် သည်။ သို့သော် သူမသည် သူတို့ အတွက်တော့ ကြောက်စရာ ကောင်းသော ရန်သူတော် ဖြစ်၏။ အမြစ်ဖြုတ်ရမည့် နိုင်ငံရေး ပြိုင်ဘက် တစ်ယောက်ဖြစ်သည်။ အပြစ်ကင်း နုနယ် ချစ်စရာကောင်းသော သူမ၏ မျက်နှာလေး ကို ကြည့်လိုက်တိုင်း ရင်ထဲ အေးသွားရမည့် အစား ဆူဝေ ပူလောင်လာသည်။
နျူပစ္စည်းတွေကိစ္စ သမ္မတ ဦးသိန်းစိန်ကို ကန်အထက်လွှတ်တော်အမတ် စာရေးမေးမြန်း
မြန်မာနိုင်ငံကို တရားမဝင်တင်ပို့မယ်လို့ ယူဆရတဲ့ နူကလီယား
အနုမြူအစီအစဉ်မှာ သုံးစွဲနိုင်တဲ့ ပစ္စည်းတချို့ကို ဂျပန်နိုင်ငံရောက်
မြောက်ကိုရီးယား သင်္ဘော တစ်စီးပေါ်ကနေ တွေ့ရှိတဲ့သတင်း
ပေါ်ထွက်လာခဲ့ပြီးတဲ့နောက်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်
ဆီးနိတ်အထက်လွှတ်တော်အမတ် တစ်ယောက် က သမ္မတ ဦးသိန်းစိန်ဆီကို
စာရေးသားမေးမြန်းခဲ့တယ်လို့ သိရပါတယ်။
တာလီဘန်များ ရှုံးနိမ့် ရမည်ဟု မာလာလာ ပြောကြား
တာလီဘန်များ ရှုံးနိမ့် ရမည်ဟု မာလာလာ ပြောကြားပါကစ္စတန် နိုင်ငံမှ တာလီဘန် စစ်သွေးကြွ များ၏ ပစ်ခတ်ခြင်းကို ခံခဲ့ရသော
အသက် ၁၅ နှစ်အရွယ် မာလာလာယူ ဆပ်ဖ်ဇာအီသည် ယခုအခါ ဗြိတိန် နိုင်ငံ အတွင်းရှိ
ဆေးရုံ တစ်ရုံ၌ ပြန်လည် အားမွေးလျက် ရှိနေပြီး သူမအား ပစ်ခတ်ခဲ့သည့်
တာလီဘန် စစ်သွေးကြွ များ သည် ရှုံးနိမ့်ရမည် ဖြစ်ကြောင်း သတင်းထောက်
တစ်ဦးကို ပြောကြား ခဲ့သည်ဟု သိရသည်။
မုံရွာကြေးနီစီမံကိန်းသုံးသပ်ချက် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးထုတ်ပြန်
မုံရွာကြေးနီစီမံကိန်းသည် တရုတ်မြန်မာနှစ်နိုင်ငံကုပ္မဏီများအချင်းချင်း အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်သော လုပ်ငန်းတစ်ခုဖြစ်ပါသည်။
ဤစီမံကိန်းနှင့်ပတ်သက်သောေ၇ွှ့ြေ ပာင်းမှုလျှော်ကြေးငွေ၊ ပတ်ဝန်းကျင်
ကာကွယ်ရေး နှင့်အကျိုးဝင် ငွေခွဲခြားရေးများကို နှစ်ဦးနှစ်ဖက် ဆွေးနွေးပြီး သတ်မှတ်ထားခဲ့သည်။မြန်မာနိုင်ငံ ဆိုင်ရာဥပဒေများနှင့်ကိုက်ညီပါသ ည်။
အင်းစိန်ထောင်တွင် ချုပ်နှောင်ခံထားရသည့် ရခိုင်အမျိုးသမီးတစ်ဦး အတွက် တရားဥပဒေနှင့်အညီ ဖြစ်စေရန် ငြိမ်းချမ်းစွာ တောင်းဆိုမည်
ရန်ကုန်တိုင်း အင်းစိန်ထောင်တွင် (၄) လ ကျော်ကြာ ဖမ်းဆီး
ချုပ်နှောင်ခံထားရသော ရခိုင် အမျိုးသမီးငယ် တစ်ဦး၏ အမူကို တရားဥပဒေနှင့်
အညီ စစ်ဆေးနိုင်ရန် ရခိုင်အမျိုးသားများက ငြိမ်သက်စွာ တောင်းဆိုသွားမည်ဟု
သိရသည်။
သမ္မတ ဦးသိန်းစိန်လည်း သြစီ သွားမယ်
မြန်မာစစ်တပ်
ထိပ်ပိုင်းခေါင်းဆောင်ဟောင်း ဦးသိန်စိန်ဟာ လာမယ့် လတွင်
သြစတြေးလျနိုင်ငံမှာ သြစီ အစိုးရရဲ့ ကော်ဇောနီ ခင်းပြီး ကြိုဆိုမှု တခုကို
ရပါတော့မယ်။ ဒါဟာ အရှေ့တောင် အာရှနိုင်ငံ တခုမှာ
သြစီ ၀န်ကြီးချုပ် Gillard အစိုးရရဲ့ သြဇာတည်ဆောက်ဖို့ နည်း လမ်း ရှာဖွေမှု
တခုလည်းဖြစ်တယ်လို့ The Sydney Morning Herald ရဲ့ အွန်လိုင်း သတင်းတပုဒ်က
ဆိုပါတယ်။ ယခုထိ စစ်တပ်ရဲ့ လွှမ်းမိုးမှုရှိနေတဲ့အစိုးရမှာ တချိန်ကဗိုလ်ချုပ်ကြီးဟောင်း တဦးဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် ဟာ နိုဗဲလ်
အင်းစိန်ထောင်တွင် ချုပ်နှောင်ခံထားရသည့် ရခိုင်အမျိုးသမီးတစ်ဦး အတွက် တရားဥပဒေနှင့်အညီ ဖြစ်စေရန် ငြိမ်းချမ်းစွာ တောင်းဆိုမည်
မင်းဆက်ခိုင်
ရန်ကုန်တိုင်း အင်းစိန်ထောင်တွင် (၄) လ ကျော်ကြာ ဖမ်းဆီး
ချုပ်နှောင်ခံထားရသော ရခိုင် အမျိုးသမီးငယ် တစ်ဦး၏ အမူကို တရားဥပဒေနှင့်
အညီ စစ်ဆေးနိုင်ရန် ရခိုင်အမျိုးသားများက ငြိမ်သက်စွာ တောင်းဆိုသွားမည်ဟု
သိရသည်။
ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယားသွားမည်
ဇန်နရီလတွင် ဂွမ်းဂျုးသို့ ဒေါ်အောင်ဆန်းစုကြည်သွားလည်မည်
(The Chosul Llbo မှ 29 Nov 2012 ရက်စွဲပါ “Aung San Suu Kyi to Visit Gwangju in January” သတင်းကိုဘာသာပြန်ဆိုသည်)
ဂွမ်းဂျုးလူ့အခွင့်အရေးဆုကို
၂၀၀၄ ခုနှစ်ကရရှိခဲ့သော မြန်မာဒီမိုကရေစီလှုပ်ရှားသူ ဒေါ်အောင်ဆန်းစုကြည်သည်
ကိုရီးယားနိုင်ငံ ဂွမ်းဂျုးမြို့ သို့နောက်နှစ်ဇန်နဝါရီ ၃၀
တွင်သွားရောက်တော့မည်ဖြစ်သည်။
နိုင်ငံ “သိက္ခာရှိစွာ” ဒေါ်စု ဖြေရှင်းလိုကြောင်းပြော
နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် သည် လက်ပံတောင်းတောင် စီမံကိန်းဒေသသို့ သွားရောက်ကာ ကြာသပတေးနေ့က ညနေ ၆ နာရီခန့်က ၈ မိနစ်ကြာ မိန့်ခွန်းတိုတရပ် ပြောကြားရာတွင် ကြေးနီစီမံကိန်းပြဿနာအား တိုင်းပြည် “သိက္ခာရှိစွာ” ဖြေရှင်းလို
ကြောင်း ပြောဆိုသွားသည်။
ကမ္ဘာ့အလယ်မှာ မြန်မာ့ဆန် တင်ပို့မှု
ကမ္ဘာ့ ဆန်အများဆုံး တင်ပို့နိုင်မှု စာရင်းတွင် မြန်မာနိုင်ငံက နံပါတ် ၉ နေရာတွင် ရှိနေကြောင်း အမေရိကန် လယ်ယာ စိုက်ပျိုးရေး ဌာန (USDA) က ထုတ်ပြန်ထားသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူ တဦးက ဆိုသည်။ သို့သော် ဆန်စပါးအသင်းကမူ တန်ချိန် ထိုထက်မက တင်ပို့နိုင်မည်ဟု မျှော်မှန်းထားသည်။
လက်ပန်းတောင်း သပိတ်ဖြိုခွဲမှုနဲ့ မီးလောင်ဗုံး
2012-11-29
နိုဝင်ဘာ၂၉ ရက်နေ့ မနက်က လက်ပန်း တောင်းတောင် ကြေးနီ စီမံကိန်း
ရပ်ဆိုင်းရေးအတွက် ဆန္ဒ ထုတ်ဖော်နေတဲ့ သပိတ်စခန်းတွေကို ဖြိုခွဲရာမှာ
ဓာတုဗေဒဗုံးနဲ့မီးလောင်ဗုံးတွေ အသုံးပြုခဲ့ခြင်း မရှိခဲ့ဘဲ နိုင်ငံတကာမှာ
အသုံးပြုနေတဲ့ အဓိကရုဏ်းတွေကို နှိမ်နှင်းရာမှာ အသုံးပြုတဲ့ သာမန်
မျက်ရည်ယိုဗုံးကိုသာ အသုံးပြုခဲ့တယ်လို့
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အတွင်းရေးမှုး
ဗိုလ်မှုးကြီးယုလွင်ကို RFA ကသီးသန့် ဆက်သွယ်မေးမြန်းရာမှာ အခုလို
ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်က ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့် အစုံ။
ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူး။ အများနဲ့ ညီအောင်လို့ အများကောင်းကျိုးအတွက် တစ်ခါတလေ ကိုယ့်ရဲ့ အကျိုးကို အနောက်မှာ ထားပြီးတော့ လုပ်ရတယ်။ အဲဒီလို လုပ်မှသာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ နိုင်
မန္တလေးသံဃာတွေ ထိုင်သပိတ်စတင်မည်
မန္တလေးမြို့က သံဃာတော်တွေဟာ နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်းက
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို
လုံထိန်းတပ်ဖွဲ့ဝင်တွေက အင်အားသုံးဖြိုခွဲခဲ့လို့ သံဃာတော်တွေ
ဒဏ်ရာရရှိခဲ့ကြတာနဲ့ ပတ်သတ်ပြီး မန္တလေးဘုရားကြီးဝင်းအတွင်းမှာ
သံဃာအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး သံဃာတော်ထိုင်သပိတ်
စတင်ဖို့ဆုံးဖြတ်လိုက်ကြတယ်လို့ ဦးဆောင်သံဃာတော်တွေက ဆိုပါတယ်။
Subscribe to:
Posts (Atom)