Sunday, February 16, 2014

၁၂၀၀ မဂ္ဂါဝပ်ထွက်မည့် သံလွင်မြစ်ပေါ်ရှိ နောင်ဖ လျှပ်စစ်စီမံကိန်းအတွက် တရုတ်ကုမ္ပဏီနှင့်IGE ကုမ္ပဏီတို့ လက်မှတ်ထိုးရန် စီစဉ်၊ မြန်မာမှ ဓာတ်အား ၁၀ ရာခိုင်နှုန်းသာရပြီး တရုတ်မှ ၉၀ ရာခိုင်နှုန်းအထိ ရမည်၊ တရုတ်ကုမ္ပဏီဖြင့် ဆောက်မည့် စီမံကိန်း ၄၀ နီးပါးတွင် အချို့မှာ တရုတ်မှ ၉၀ ရာခိုင်နှုန်းယူမည့် အချိုးဖြင့် လုပ်ခွင့်ပေးထား

စက်တပ်ဆင်အား ၁၂၀၀ မဂ္ဂါဝပ်အထိရှိမည့် နောင်ဖ ရေအားလျှပ်စစ် စီမံကိန်းကို အကောင် အထည်ဖော် ရန် တရုတ်ကုမ္ပဏီ၊ ပြည်တွင်းရှိ IGE ကုမ္ပဏီနှင့် ရေအားလျှပ်စစ်စီမံရေးဦးစီးဌာတို့ ပူးပေါင်းလုပ်ကိုင်ရန် အတွက် သဘောတူလက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

ဧရာဝတီစာပေပွဲတော် ဒုတိယနေ့သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး စာပေသူရဲကောင်းများနှင့် ဗီလိန်များ ခေါင်းစဉ်ဖြင့် ၀င်ရောက်ဆွေးနွေး

Photo: ဧရာဝတီစာပေပွဲတော် ဒုတိယနေ့သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး စာပေသူရဲကောင်းများနှင့် ဗီလိန်များ ခေါင်းစဉ်ဖြင့် ၀င်ရောက်ဆွေးနွေး
Sunday, February 16, 2014

မန္တလေးမြို့တွင် ဖေဖော်ဝါရီ ၁၅ ရက်က ကျင်းပသော ဧရာဝတီနိုင်ငံတကာ စာပေပွဲတော်သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး ပြည်တွင်းပြည်ပ စာရေးဆရာ၊ ဆရာမကြီးများနှင့်အတူ “စာပေသူရဲကောင်းများနှင့် ဗီလိန်များ” ခေါင်းစဉ်ဖြင့် ၀င်ရောက်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

မန္တလေးတောင်ဟိုတယ်တွင် ကျင်းပသော ဧရာဝတီစာပေပွဲတော်သို့ ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကာ ပြည်တွင်းပြည်ပ စာရေးဆရာများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည် က ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင် နံနက် ၁၁ နာရီအချိန်က အင်္ဂလန်နိုင်ငံမှ စာရေးဆရာမ Dame Joan နှင့် တစ်နာရီနီးပါး အမေးအဖြေပြုလုပ်ခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် ပြည်တွင်းပြည်ပမှ စာရေးဆရာ ငါးဦးနှင့် တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် နံနက်ပိုင်း၌ အင်္ဂလန်နိုင်ငံမှ စာရေးဆရာမ Dame Joan က ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျစဉ် ခံစားမှုများ၊ ဘာသာရေးလုပ်ဆောင်မှုများနှင့် အခြားကိုယ်ရေးကိုယ်တာများကို မေးမြန်းခဲ့ပြီး မွန်းလွဲပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်တွင်းစာရေးဆရာ ဦးသော်ကောင်း၊ အမျိုးသားစာရေး ဆရာကြီးတစ်ယောက် အပါအ၀င် နိုင်ငံခြားသားစာရေးဆရာ သုံးဦးက မိမိတို့၏ဘ၀တွင် လေးစားအားကျရသော စာရေးဆရာကြီးများအကြောင်း စာပေသူရဲကောင်းများအကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

“မနက်ပိုင်း ဒေါ်စုနဲ့ဆွေးနွေးတဲ့ အင်္ဂလန်နိုင်ငံက စာရေးဆရာမက ဒေါ်အောင်ဆန်း စုကြည် နေအိမ်အကျယ်ချုပ်ကျတုန်းက ဘယ်လိုခံစားခဲ့ရ တာတွေ၊ ဘာသာရေးပြုလုပ်ပုံတွေနဲ့ သူ့ရဲ့ကိုယ်ရေးကိုယ်တာတွေကို မေးမြန်းခဲ့ပါတယ်။ နေ့လယ်ပိုင်းမှာတော့ ပြည်တွင်းစာရေးဆရာ ဦးသော်ကောင်း၊ အမျိုးသားစာရေးဆရာကြီးတစ်ယောက် အပါအ၀င် နိုင်ငံခြားသားစာရေးဆရာသုံးဦး နဲ့ “စာပေသူရဲကောင်းများနှင့် ဗီလိန်များ”ခေါင်းစဉ်ကို ဆွေးနွေးခဲ့ပြီး အစီအစဉ်ပြီးတဲ့နောက် ဧည့်ခံကျွေးမွေးတဲ့နေရာမှာ နိုင်ငံတကာက စာရေးဆရာတွေနဲ့ တွေ့ဆုံပြီးစကားပြောခဲ့ကြတယ်”ဟု ဧရာဝတီစာပေပွဲတော် ကျင်းပရေးကော်မတီအဖွဲ့ဝင် ဒေါက်တာအောင်မြင့်က ပြောကြားသည်။

ဖေဖော်ဝါရီ ၁၅ရက်တွင် ဧရာဝတီစာပေပွဲတော်၌ ဟိုတယ်အတွင်းရှိ ခန်းမ ငါးနေရာတွင် ပြည်တွင်း၊ ပြည်ပစာရေးဆရာများက စာပေဆိုင်ရာ စာတမ်း ၃၀ ကျော်အား အသီးသီးဖတ်ကြားသွားခဲ့ကြောင်း၊ ဖတ်ကြားခဲ့သည့် စာတမ်းများတွင် မန္တလေးနှင့် သက်ဆိုင်သည့် စာတမ်းများ၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ စာတမ်းများ၊ လူကုန်ကူးမှု အကြောင်းစာတမ်းများ၊ ရသစာတမ်းများ၊ နိုင်ငံတကာမှ စာတမ်းများ၊ အတ္ထုပ္ပတ္တိများ စသည့် ခေါင်းစဉ်များပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဒုတိယအကြိမ်မြောက် ဧရာဝတီစာပေပွဲတော်ကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ မန္တလေးကုသိုလ်တော်ဘုရားဝင်းတွင် သုံးရက်တိုင် ကျင်းပသွားရန် မူလကစီစဉ်ခဲ့သော်လည်း အဆိုပါနေရာသည် Memory of the World အဖြစ် စာရင်းဝင်ထားပြီး Conservation အထူးအာရုံပြု ဆောင်ရွက်နေသည့် ဇုန်တစ်ခု ဖြစ်သဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ခွင့်ပြုချက်မရရှိ၍ Mandalay Hill Resort Hotel သို့ပြောင်းရွှေ့ကျင်းပခဲ့ရကြောင်း သိရသည်။

Eleven Media Group

(ဧရာဝတီစာပေပွဲတော်တွင် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ဆွေးနွေး မှုပြုလုပ်နေစဉ်)
(ဧရာဝတီစာပေပွဲတော်တွင် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ဆွေးနွေး မှုပြုလုပ်နေစဉ်)
မန္တလေးမြို့တွင် ဖေဖော်ဝါရီ ၁၅ ရက်က ကျင်းပသော ဧရာဝတီနိုင်ငံတကာ စာပေပွဲတော်သို့ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး ပြည်တွင်းပြည်ပ စာရေးဆရာ၊ ဆရာမကြီးများနှင့်အတူ “စာပေသူရဲကောင်းများနှင့် ဗီလိန်များ” ခေါင်းစဉ်ဖြင့် ၀င်ရောက်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အနေဖြင့်ပြည်တွင်း အခွန်ဆောင်သည့် ကုမ္ပဏီများနှင့်သာ ပူးပေါင်းဆောင်ရွက်လို

မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနေဖြင့် ပြည်တွင်းလုပ်ငန်းရှင် များနှင့် ပူးပေါင်း ဆောင်ရွက်ရန်အတွက် နိုင်ငံတော် အခွန်ဆောင်သည့် ကုမ္ပဏီကိုသာ ရွေးချယ် ပူးပေါင်းဆောင်ရွက် လိုကြောင်း အခွန်ဆိုင်ရာကမ္ဘာ့ထိပ်တန်းအဖွဲ့လေးဖွဲ့တွင် တစ်ဖွဲ့အပါအ၀င် ဖြစ်သော  KPNG မှ အကြံပေးပညာရှင် ဦးဝင်းဖေမောင်က အခွန်နှင့် နိုင်ငံတော် တည်ဆောက်ရေး တွေ့ဆုံဆွေးနွေး ပွဲ တွင် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံရေးအကျဉ်းသားများ ကျန်ရှိနေသေး၍ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီအစည်းအဝေး အမြန်ဆုံးပြုလုပ်ပေးနိုင်ရန် သမ္မတထံ စာပို့

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီအစည်း အဝေးများ အမြန်ဆုံး ပြန်လည်စတင်နိုင်ရန်အတွက် သမ္မတရုံးသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း AAPP ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဘိုကြည်က ပြောကြားသည်။

ဒုချီးရားတန်း စုံစမ်းရေး ကော်မရှင် မောင်တောမြို့ကို ရောက်ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ်တွေအပေါ် စုံစမ်းစစ်ဆေးဖို့ အတွက် နိုင်ငံတော်သမ္မတက ဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ဟာ ဒီနေ့ မောင်တောမြို့ ကို ရောက်ရှိပါတယ်။

ဒုချီးရားတန်းဖြစ်စဉ် စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာ သာလှရွှေနဲ့ အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင်တို့ ဦးဆောင်တဲ့ ကော်မရှင်အဖွဲ့ဟာ စုံစမ်းစစ်ဆေးရေး လုပ်ငန်းတွေကို စတင်ဆောင်ရွက်သွားတော့မှာဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် စစ်တွေမြို့ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးသာပွင့်က ပြောပါတယ်။