Monday, July 22, 2013

သုံးပွင့်ဆိုင် ပြဿနာကြားက ရုန်းထွက်နိုင်ရန် မိုရက်စ် ကြိုးပမ်းရဖွယ်ရှိ

မန်ယူ နည်းပြသစ် ဒေးဗစ်မိုရက်စ်သည် ဝိန်းရွန်းနီ၊ ဖာဘရီဂက်စ်နှင့် ခရစ္စတီယာနိုရော်နယ်ဒို တို့၏ သုံးပွင့်ဆိုင် ပြဿနာကြားတွင် ဆက်လက် ရုန်းကန် ကြိုးပမ်းရလိမ့်မည်ဖြစ်ကြောင်း The Sun ဝက်ဘ် ဆိုက်တွင် ဖော်ပြ ထားသည်။

လူငယ်တွေ အိမ်ထောင်ပြုတော့ မယ်ဆိုရင် . . .

ငယ်ရွယ်သူတွေ၊ အထူးသဖြင့် အသက် ၁၈ နဲ့ ၂၅ ကြားလူငယ်တွေ အိမ်ထောင်ပြုတော့မယ်ဆိုရင် စဉ်း စားစရာ ရှိပါတယ်။
သေသေချာချာ စဉ်းစားဖို့လည်း လိုအပ်ပါလိမ့်မယ်။

မာလကာ သီး စားသုံးခြင်း သည် သွေး တိုးရော ဂါ ဖြစ်ပွားမှု နည်းစေ

Photo: မာလကာသီး စားသုံးခြင်းသည် သွေးတိုးရောဂါ ဖြစ်ပွားမှုနည်းစေ
Monday, July 22, 2013

မာလကာသီး တစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီး တစ်လုံး၌ ပါရှိသည့် ဗီတာမင်စီ ပမာဏထက် ငါးဆခန့် ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီ အပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ ပါဝင်သည်။
အများဆုံး ပါဝင်သော ဓာတ်များမှာ ဗီတာမင်စီ ၃၀၂ မီလီဂရမ်နှင့် ဗီတာမင် အေ ၂၅၀ မီလီဂရမ်တို့ ဖြစ်ကြသည်။ မာလကာသီးကို သီတင်း တစ်ပတ်လျှင် နှစ်လုံးခန့် စားသုံး သွားပါက သွေးတိုး ကျဆင်းစေပြီး နှလုံး ကျန်းမာရေးကို အထောက်အကူ ပြုကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားသည်။

မာလကာသီး ပုံမှန်စားသုံးသူများကို လေ့လာခဲ့ရာ နှလုံးရောဂါ ဖြစ်ပွားမှု နည်းပြီး သွေးနှင့် ပတ်သက်သော ရောဂါများလည်း အဖြစ်နည်းကြောင်း ၎င်းတို့မှ ဆက်လက် ပြောကြား ခဲ့သည်

မြ၀တီ ကျန်းမာရေး
မာလကာသီးတစ်လုံးတွင် ဗီတာမင်စီမှာ လိမ္မော်သီးတစ်လုံး၌ ပါရှိသည့် ဗီတာမင်စီပမာဏထက် ငါးဆ ခန့်ပိုများသည်။ မာလကာသီး၌ ဗီတာမင်စီအပြင် အေနှင့် ဘီ၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်စ်၊ ပိုတက် ဆီယမ်၊ သံဓာတ်၊ ဖောလစ်အက်စစ်နှင့် အမျှင်ဓာတ်တို့ပါဝင်သည်။

ချင်းတွင်းမြစ် အတွင်း ကုန်တင် သင်္ဘော တိမ်းမှောက်

ချင်းတွင်းမြစ်အတွင်း စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့မှ မုံရွာသို့ ခုတ်မောင်းလာသည့် အစုန်ကုန်တင် သင်္ဘော တစ်စင်းသည် ဘုတလင်မြို့နယ် ရွှေစာကျေးရွာအနီး ရွှေစာရေ ဝဲအတွင်း ကျောက်ဆောင်ဖြင့် တိုက်မိရာမှ တိမ်းမှောက်နစ်မြုပ်မှု ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်း က ဖြစ်ပေါ်ခဲ့သည်။

သုံးနှစ်ဆက် ချန်ပီယံဆုအတွက် ရန်ကုန်ယူနိုက်တက် ရတနာပုံကွင်း၌ စမ်းသပ်ခံရမည်

Photo: သုံးနှစ်ဆက် ချန်ပီယံဆုအတွက် ရန်ကုန်ယူနိုက်တက် ရတနာပုံကွင်း၌ စမ်းသပ်ခံရမည်
Monday, July 22, 2013

မြန်မာနေရှင်နယ်လိဂ် ငါးရာသီခရီး ပြီးဆုံးရန် သုံးပွဲသာ ကစားရတော့ မည်ဖြစ်ရာ သုံးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ရန် ရေပန်းစားနေသည့် ရန်ကုန်ယူနိုက်တက် အသင်းသည် ရတနာပုံ အသင်း၏ ကွင်းတွင်
ပထမဆုံး စမ်းသပ်ခံရတော့မည် ဖြစ်သည်။

ရန်ကုန်အသင်း၏ မြက်ခင်းတုကွင်းတွင် ကစားလိုခြင်း မရှိသောကြောင့် သုဝဏ္ဏကွင်းတွင် ကစားခဲ့ရသည့် ပထမ အကျော့တွင် နှစ်ဂိုးစီ သရေကျ ခဲ့သောကြောင့် အဝေးကွင်းလည်းဖြစ် ၂ နှစ် ဆက် ချန်ပီယံဟောင်း လည်း ဖြစ်ခဲ့ဖူးသည့် ရတနာပုံ အသင်း၏ အိမ်ကွင်းတွင် ရန်ကုန် ယူနိုက်တက် အသင်း အနိုင် သုံးမှတ်အတွက် ရုန်းကန်ရမည်ဖြစ်သည်။

လက်ရှိ အချိန်၌ ၁၉ ပွဲ ကစားထားရာတွင် ရမှတ် ၄၂ မှတ်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်ထားနိုင်သော်လည်း ဒုတိယ နေရာမှ နေပြည်တော် အသင်းက လေးမှတ် အကွာဖြင့် ဒုတိယအကျော့ ပွဲစဉ် တစ်လျှောက် ရန်ကုန် ယူနိုက်တက်ကို ဖိအားပေးနိုင်ခဲ့သောကြောင့် အမှားခံ၍ မရသည့် အနေအထားသို့ ရောက်ရှိနေသည်။

လက်ကျန် သုံးပွဲတွင် ရန်ကုန်အသင်းသည် ရတနာပုံအသင်းအပြင် ကစားရ ခက်သည့် မကွေး ယူနိုက်တက်နှင့် ကစားရမည် ဖြစ်သည်။ ရာသီပိတ် နောက်ဆုံး ပွဲစဉ်၌ ဒုတိယ နေရာက တောက်လျှောက် ဖိအားပေးထားနိုင်သည့် နေပြည်တော် အသင်း၏ ပေါင်းလောင်းကွင်းတွင် ကစားရမည် ဖြစ်သောကြောင့် ပွဲကျပ် ကာလကို ရင်ဆိုင်နေရခြင်းဖြစ်ရာ အနည်းဆုံး နှစ်ပွဲ အနိုင်ရ မှသာ သုံးနှစ်ဆက်ချန်ပီယံဟူသော ဂုဏ်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

ရန်ကုန် ယူနိုက်တက်အသင်းက ရတနာပုံအသင်းနှင့် ပွဲကျပ် ကစားရမည့် အချိန်တွင် နေပြည်တော် အသင်းက ဇယား အောက်ဆုံးမှ ရခိုင် ယူနိုက်တက်အသင်း၊ ချန်ပီယံ လမ်းကြောင်းနှင့် ဝေးသွားပြီ ဖြစ် သည့် ဇေယျာရွှေမြေတို့နှင့် တွေ့ဆုံနေပြီး နောက်ဆုံး ပွဲစဉ်၌ ရန်ကုန် ယူနိုက်တက်နှင့် သြဂုတ် ၄ ရက်နေ့တွင် ကစားရမည် ဖြစ်သည်။

ရန်ကုန် ယူနိုက်တက်အသင်း ပရိသတ်များသည် ငွေကျပ် တစ်သောင်း ပေး သွင်း၍ မန္တလေးမြို့သို့ လိုက်ပါ အားပေးနိုင်ကြောင်း ရန်ကုန် ယူနိုက်တက် အသင်းက ဖိတ်ခေါ်ထားရာ ရတနာပုံကွင်း၌ ရန်ကုန် ပရိသတ်ကပဲ အောင်ပွဲ ခံနိုင်မည်လား သို့တည်းမဟုတ် မန္တလေး ပရိသတ်တို့ကပင် အောင်ပွဲ ခံနိုင်မည်လား ဆိုသည်ကို ဇူလိုင် ၂၂ရက် (ယနေ့) တွင် စောင့်ကြည့် ရမည် ဖြစ်သည်။

The Voice Weekly
မြန်မာနေရှင်နယ်လိဂ် ငါးရာသီခရီး ပြီးဆုံးရန် သုံးပွဲသာ ကစားရတော့ မည်ဖြစ်ရာ သုံးနှစ်ဆက်တိုက် ချန်ပီယံဖြစ်ရန် ရေပန်းစားနေသည့် ရန်ကုန်ယူနိုက်တက် အသင်းသည် ရတနာပုံ အသင်း၏ ကွင်းတွင် ပထမဆုံး စမ်းသပ်ခံရတော့မည် ဖြစ်သည်။

တောင်ကြီးမြို့ ရေရှားပါးမှု ဖြေရှင်း ရန် ဖောင်ဒေးရှင်း တည်ထောင်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၏ ရေရှားပါးမှု အခက်အခဲအား ကူညီဖြေရှင်းပေးနိုင်ရန်အတွက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးစံလင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သော စိမ်းလန်း စို ပြည်သာယာရေးဖောင်ဒေးရှင်းကို ဖွဲ့စည်းတည်ထောင်လိုက်ပြီဖြစ်သည်။

ဝါဆိုလပြည့် အခါသမယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားနှင့် တန်ခိုးကြီးဘုရားများတွင် ၀ါဆို ရွှေကြာသင်္ကန်းကပ်လှူပွဲ၊ ဘုရားဆွမ်းတော်ကြီးကပ်လှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

7.21.3
ရွှေတိဂုံစေတီတော်ကို ၀ါဆိုလပြည့်နေ့ နံနက် ၄ နာရီအချိန်ခန့်က ဖူးတွေ့ရစဉ်
ဇူလိုင်လ ၂၂ရက်၊ ၀ါဆိုလပြည့် အခါသမယနေ့၌ ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားနှင့် တန်ခိုးကြီးဘုရားများ တွင် ၀ါဆိုကြာသင်္ကန်းကပ်လှူပွဲ၊ဘုရားဆွမ်းတော်ကြီး ကပ်လှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ကြောင်း သိရှိရသည်။

ယုံကြည်ရာ စာဖတ်အသင်း ၂ နှစ်ပြည့် ဟောပြောပွဲ ကျင်းပမည်

မန္တလေး ယုံကြည်ရာ စာဖတ်အသင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် မန္တလေးမြို့တော် ၂၇ လမ်း x ၆၉လမ်း ရှိ မြမန္တလာ ဟိုတယ်၌ ဗဟု ဖွံ့ဖြိုးရေးအဖွဲ့မှ ဒေါက်တာ တင်မောင်သန်းက ဟောပြောဆွေးနွေးမည်ဖြစ်ကြောင်း ယုံကြည်ရာ စာဖတ်အသင်းဝင် ဦးတင်ထွန်းအောင် က The Voice သို့ ပြောကြားသည်။

အမေရိ ကန် ရေတပ် အတွက် MQ-8C Fire Scout မောင်းသူမဲ့ ရဟ တ်ယာဉ် တစ်စင်း လက်ခံရရှိ

Photo: အမေရိကန် ရေတပ်အတွက် MQ-8C Fire Scout မောင်းသူမဲ့ ရဟတ်ယာဉ် တစ်စင်း လက်ခံရရှိ
Monday, July 22, 2013

အမေရိကန် ရေတပ်သည် စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် Northrop Grumman ကုမ္ပဏီထံမှ MQ-8C Fire Scout မောင်းသူမဲ့ ရဟတ်ယာဉ် တစ်စင်းကို
ပထမဆုံးအကြိမ် လွှဲပြောင်း လက်ခံရရှိခဲ့ကြောင်းနှင့် အဆိုပါ ရဟတ်ယာဉ်ကို ၂ဝ၁၃ ခုနှစ် နှောင်းပိုင်းအထိ စမ်းသပ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဇူလိုင် ၂ဝ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

အဆိုပါ မောင်းသူမဲ့ ရဟတ်ယာဉ်ကို ပင်လယ်ပြင် စောင့်ကြည့် ထောက်လှမ်းရေး အတွက် အရေးပေါ် လိုအပ်ချက်အရ ထုတ်လုပ်ခြင်းဖြစ်ပြီး မြေပြင်နှင့် ဝေဟင် စမ်းသပ်မှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ လက်ရှိ အသုံးပြုနေသော မောင်းသူမဲ့ ရဟတ်ယာဉ်များထက် ဝန်ချိန် သုံးဆ ပိုမို သယ်ဆောင် နိုင်ပြီး တာဝေးနှစ်ဆ ပိုမို ပျံသန်းနိုင်စွမ်း ရှိကြောင်း သိရသည်။

အဆိုပါ MQ-8C မောင်းသူမဲ့ ရဟတ်ယာဉ်ကို ၂ဝ၁၄ ခုနှစ်တွင် အမေရိကန် ရေတပ်ရှိ Oliver Hazard Perry အတန်းအစား ဖရီးဂိတ် စစ်သင်္ဘောများပေါ်တွင် ဖြန့်ကြက်ချထားမည် ဖြစ်ပြီး ကမ်းနီး တိုက်ခိုက်ရေး သင်္ဘောများနှင့် အတူ ပူးတွဲ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ
အမေရိကန် ရေတပ်သည် စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် Northrop Grumman ကုမ္ပဏီထံမှ MQ-8C Fire Scout မောင်းသူမဲ့ ရဟတ်ယာဉ် တစ်စင်းကို ပထမဆုံးအကြိမ် လွှဲပြောင်း လက်ခံရရှိ ခဲ့ကြောင်းနှင့် အဆိုပါ ရဟတ်ယာဉ်ကို ၂ဝ၁၃ ခုနှစ် နှောင်းပိုင်းအထိ စမ်းသပ်မှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း ဇူလိုင် ၂ဝ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

မြနန်းစံကျော် ရွှေနန်းတော် အကြီးစား ပြုပြင်မည်

Photo: မြနန်းစံကျော် ရွှေနန်းတော် အကြီးစား ပြုပြင်မည်
Monday, July 22, 2013

မြန်မာဘုရင်များ နောက်ဆုံး ထီးနန်းစိုက်ခဲ့ရာ မန္တလေးမြို့ နန်းတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြီးစား ပြုပြင်ရန် တင်ဒါ ခေါ်ယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးမှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ရွှေနန်းတော်ဆိုင်ရာ ဘဏ္ဍာငွေမှာ လက်ရှိတွင် ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်တွင် ရှိနေသေးကြောင်း၊ အဆိုပါ ရွှေနန်းတော် အဆင့် မြှင့်တင်ရန် ခန့်မှန်း ကုန်ကျစရိတ်များ တွက်ချက်ပြီး ပါက ကော်မတီ တစ်ရပ် ဖွဲ့စည်းကာ တင်ဒါ ခေါ်ယူရန် စီစဉ်ထားကြောင်း အဆိုပါ တာဝန် ရှိသူက ဆိုသည်။

ယခင်က မြနန်းစံကျော် ရွှေနန်းတော်အတွင်း နန်းဝတ်နန်းစားများ ဝတ်ဆင် ကာ အမှတ်တရ ဓာတ်ပုံ ရိုက်နိုင်ကြောင်း၊ အဆိုပါ အဆင့် မြှင့်တင်ရေး လုပ်ငန်းအတွက် ၂၀၁၂ ခုနှစ် ကတည်းက တင်ဒါ ခေါ်ယူမှုများ ရှိခဲ့ကြောင်း၊ အဆိုပါ မြနန်းစံကျော် အပါအဝင် ကျုံးပတ်ဝန်းကျင်ရှိ ရှေးဟောင်း အမွေအနှစ်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ယခုနှစ် မေလခန့်တွင် လွှဲပြောင်းပေးခဲ့ပြီး နောက်တွင် အဆိုပါ တင်ဒါ ကိစ္စများအား တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) တာဝန်ရှိသူထံမှ သိရသည်။

မြနန်းစံကျော် ရွှေနန်းတော်အတွင်း ဝင်ထွက်ရ လွယ်ကူရန် ပထမ ပြုလုပ်ပေးသင့်ပြီး၊ အိမ်သာများလည်း ထားရှိပေးသင့်ကြောင်း၊ ယခင်ကဲ့သို့ အမှတ်တရ ပစ္စည်းများနှင့် နန်းဝတ်နန်းစားများ ဝတ်ဆင်၍ မှတ်တမ်း ဓာတ်ပုံများ ရိုက်ခွင့်ပြုပါက ပိုမို ဆွဲဆောင်မှု ရှိလာနိုင်ကြောင်း မန္တလေးမြို့ အခြေစိုက် ဧည့်လမ်းညွှန် တစ်ဦးက ဆိုသည်။

The Voice Weekly
မြန်မာဘုရင်များ နောက်ဆုံး ထီးနန်းစိုက်ခဲ့ရာ မန္တလေးမြို့ နန်းတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အကြီးစားပြုပြင်ရန် တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူက ဆိုသည်။

နောက်ပိုင်းငြိမ်း ချမ်းရေး ကိစ္စများ ဆောင်ရွက်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမည်

နောက်ပိုင်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကိစ္စများ ဆောင်ရွက်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာ မည် ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။ ဇူလိုင် ၂၁ ရက်က Myanmar

တောင်ငူမြို့ ကင်းဆိပ်ကျေးရွာ အုပ်စုတွင် ၀မ်းပျက်ဝမ်းလျှောခြင်းများ ဆက်တိုက်ဖြစ်ပွား၊ ဓာတ်ခွဲစစ်ဆေးချက်အရ ၀မ်းပျက်ကာလ၀မ်း ရောဂါပိုး မဟုတ်ဟုသိရ

Photo: တောင်ငူမြို့ ကင်းဆိပ်ကျေးရွာ အုပ်စုတွင် ၀မ်းပျက်ဝမ်းလျှောခြင်းများ ဆက်တိုက်ဖြစ်ပွား၊ ဓာတ်ခွဲစစ်ဆေးချက်အရ ၀မ်းပျက်ကာလ၀မ်း ရောဂါပိုး မဟုတ်ဟုသိရ
Monday, July 22, 2013

တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာ အုပ်စုတွင် ၀မ်းပျက်ဝမ်းလျှောခြင်းများ တစ်ပတ်အတွင်း ၁၀ ဦးခန့် ဖြစ်ပွားခဲ့ပြီး ဓါတ်ခွဲစမ်းသပ် စစ်ဆေးချက်အရ ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားစေသော ကာလ၀မ်းရောဂါပိုး မဟုတ်ကြောင်း တောင်ငူမြို့နယ် ကျေးလက်ကျန်းမာရေး ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ကင်းဆိပ်ကျေးရွာအုပ်စုတွင် ကင်းဆိပ်ကျေးရွာနေ အသက် ၇၇ နှစ်ရှိ ဒေါ်အေးတင်မှ ဇူလိုင် ၁၂ ရက်တွင် ၀မ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၁၆၊ ၁၇၊ ၁၈၊ ၁၉ ရက်များတွင် ကျေးရွာအုပ်စု အောင်ပန်းစုကျေးရွာ၌ ၀မ်းပျက်ဝမ်းလျှောခြင်းများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ငါးဦးမှာ တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရပြီး အသက် ၄ နှစ်နှင့် ၅ အရွယ် ကလေးများလည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။

"၀မ်းပျက်ဝမ်းလျှော ဖြစ်တာကတော့ မှန်ပါတယ်။ လေးရက်အတွင်းမှာ ဆက်တိုက်ဖြစ်လာတာကို သံသယရှိလို့ ဓါတ်ခွဲခန်းပို့ပြီး စစ်လိုက်တာ တွေ့တဲ့ပိုးက ၀မ်းပျက်ဝမ်းလျှော ဖြစ်စေတဲ့ ကာလ၀မ်းရောဂါပိုး မဟုတ်ဘူး။ ခရီးသွားရင်း ပါလာတဲ့ ရောဂါပိုး တစ်မျိုးမျိုးလည်း ဖြစ်နိုင်တယ်။ ဒီရွာမှာ ၀မ်းပျက်ဝမ်းလျှောဖြစ်ပြီး သေတဲ့သူတွေတော့ မရှိသေးပါဘူး" ဟု ကင်းဆိပ်ကျေးရွာအုပ်စု ကျန်းမာရေးဌာနမှ နယ်မြေခံ သားဖွားဆရာမ ဒေါ်နော်စိုဂေမှ ရှင်းပြသည်။

"အဖွားက ရန်ကုန်က သားသမီးတွေဆီ သွားလည်သေးတယ်။ အခုလို ၀မ်းသွားတာတွေ မဖြစ်ခင် အစားစားလို့ မရဘူး။ စားလည်း နည်းနည်းပဲဝင်တယ်။ အဲဒီကနေ တောင်ငူကို ရထားနဲ့ ပြန်လာတာ ရထားပေါ်မှာထဲက ၀မ်းကဒလဟော သွားတော့တာပဲ အခုရွာက ကျန်းမာရေး ဆရာမက ဂရုတစိုက်လာကြည့်ပေးလို့ သက်သာနေပါပြီ" ဟု ၀မ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားသည့် ဒေါ်အေးတင်က ပြောသည်။

တောင်ငူမြို့ ကင်းဆိပ်ကျေးရွာ အုပ်စုတွင် တစ်ပတ်အတွင်း ၀မ်းပျက်ဝမ်းလျှောခြင်းများ ဆက်တိုက်ဖြစ်ပွားပြီးနောက် ကျေးလက်ကျန်းမာရေး ဌာနခွဲမှ တာဝန်ရှိသူ ဦးသိန်းအောင်နှင့်အဖွဲ့မှ ရေတွင်းရေကန်များတွင် ကာလ၀မ်းရောဂါ ကာကွယ်ဆေး (ကလိုရင်းဆေးအမှုန့်) များ ထည့်ပေးခြင်းကို လုပ်ဆောင်ပေးခဲ့ပြီး၊ ယခုရက်ပိုင်းအတွင်း၌ ကင်းဆိပ်ရွာမှ အသက် ၃၀ ခန့် အမျိုးသားတစ်ဦးနှင့် ဆူးတပ်ရွာမှ ကောက်စိုက်သမတစ်ဦး ၀မ်းပျက်ဝမ်းလျှောခြင်းကြောင့် သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရှိရသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိသော တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာ
Eleven Media Group
ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိသော တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာ
တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာ အုပ်စုတွင် ၀မ်းပျက်ဝမ်းလျှောခြင်းများ တစ်ပတ်အတွင်း ၁၀ ဦး ခန့် ဖြစ်ပွားခဲ့ပြီး ဓါတ်ခွဲစမ်းသပ် စစ်ဆေးချက်အရ ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားစေသော ကာလ၀မ်းရောဂါ ပိုး မဟုတ်ကြောင်း တောင်ငူမြို့နယ် ကျေးလက်ကျန်းမာရေး ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြား ချက်အရ သိရှိရသည်။