Thursday, August 7, 2014

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက် တစ်နိုင်ငံလုံးရှိနိုင်ငံရေးအကျဉ်းသားများ ဆွေးနွေးမည်


နိုင်ငံရေးအကျဉ်းသားဆို သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ပတ် သက်၍ မြန်မာတစ်နိုင်ငံလုံးရှိ နိုင်ငံရေး အကျဉ်းသားများ တွေ့ဆုံဆွေး နွေးမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့မှ ဦးရဲအောင် က ပြောသည်။
နိုင်ငံရေးအကျဉ်းသားများသည် မြန်မာနိုင်ငံအနှံ့အပြားတွင်ရှိကာ နိုင်ငံရေးအကျဉ်းသားဆိုသည့် တိကျ ခိုင်မာသော အထောက်အထားမရှိ ကြောင်း ယင်းကပြောသည်။''ကျွန်တော်တို့နိုင်ငံရေးအကျဉ်း သားဆိုတဲ့ တိကျခိုင်မာတဲ့အထောက် အထားမရှိပါဘူး။ နိုင်ငံရေးအကျဉ်း သားဆိုတာ နိုင်ငံရေးလုပ်ပြီး တည်ဆဲ ဥပဒေအရ ထောင်ကျတယ်ဆိုတာပဲ သိကြပါတယ်'' ဟု ၄င်းကထပ်ပြော သည်။မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုလုပ်၍ ထောင်ကျသူများစွာရှိကာ နိုင်ငံရေးအကျဉ်းသားဟုဆိုသည့် အတု အယောင်များလည်းရှိနေကြောင်း သိရသည်။''နိုင်ငံရေးအကျဉ်းသား အတု အယောင်တွေလဲရှိပါတယ်။ လူသတ်၊ ပိုက်ဆံခိုးပြီးထောင်ကျတယ်။ ထောင် ကထွက်လာပြီး သူ့ကိုယ်သူ နိုင်ငံရေး အကျဉ်းသားဆိုပြီးလုပ်နေတဲ့သူတွေ အများကြီးရှိပါတယ်'' ဟု ကိုရဲအောင် က ပြောသည်။နိုင်ငံရေးအကျဉ်းသားဆိုသည် မှာ မိမိကိုယ်ကျိုးမကြည့်ဘဲ နိုင်ငံနှင့် လူမျိုးအပေါ်၌ အကျိုးပြုစေမည့် မိမိ ယုံကြည်ချက်နှင့် ပြုလုပ်သူအားဆို သည်ဖြစ်ကြောင်း သိရသည်။

မိုက်ကယ်ဂျက်ဆင်လို ဖြစ်ချင်တာကြောင့် အရေပြားပေါ် အက်ဆစ်လောင်းချခဲ့

Photo: မိုက်ကယ်ဂျက်ဆင်လို ဖြစ်ချင်တာကြောင့် အရေပြားပေါ် အက်ဆစ်လောင်းချခဲ့
Thursday, August 7, 2014

ပေါ့ပ်ဘုရင်အဖြစ် သတ်မှတ်ခံထားရတဲ့ မိုက်ကယ်ဂျက်ဆင် ကွယ်လွန်သွားတာ ငါးနှစ်ကျော်သွားပြီဖြစ်ပေမယ့် သူ့ကို ကမ္ဘာတစ်ဝန်းက ဂီတ ပရိသတ်တွေ မမေ့နိုင်ကြသေးပါဘူး။ ထူးခြားတဲ့ ကကွက်တွေနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ဟာ ၂၀၀၉၊ ဇွန်လမှာ ကွယ်လွန်သွားခဲ့ တာဖြစ်ပါတယ်။မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ခြင်းအထိမ်းအမှတ်ပွဲမှာလည်း သူ့လိုဝတ်စားဆင်ယင်ပြီး တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။ ကမ္ဘာတစ်ဝန်း မှာ မိုက်ကယ်ဂျက်ဆင်လို ၀တ်စားဆင်ယင် နေထိုင်တဲ့ ပရိသတ်တွေ အများအပြား ရှိနေဆဲဖြစ်ပါတယ်။ ဒီအထဲမှာ ဘရာဇီးလ် နိုင်ငံသား အန်တိုနီယိုဂီ လက်ဆန် ရိုဒရီဂွက်ဇ်လည်း ပါဝင်ပါတယ်။ ဂီလက်ဆန်ဟာ မိုက်ကယ် ဂျက်ဆင်ပုံစံ အတိုင်း နေထိုင်ပြီး တစ်ထေရာတည်းဖြစ်ချင်တာမို့ သူ့အရေပြားကို အက်ဆစ် အပျော့စားနဲ့ လောင်းချခဲ့တယ်လို့ သိရပါတယ်။ ဒီနောက် ဂီလက်ဆန်ဟာ ပေါင် (၂၀၀၀) ကုန်ကျခံပြီး မျက်နှာကို ခွဲစိတ်ကုသခဲ့ပါတယ်။
အသက် (၃၂)နှစ်ရှိပြီဖြစ်တဲ့ ဂီလက်ဆန်ဟာ ၂၀၀၉ ခုနှစ်မှာ ခွဲစိတ်ခဲ့တာဖြစ်ပြီး နှာခေါင်းကို အဓိကထား ပြုပြင်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံး အကြိမ် ခွဲစိတ်မှုမှာ မျက်နှာက အသားဖြူလာဖို့ ဆေးတွေကိုလည်း ထိုးခဲ့ရပါတယ်။ နောက်ပြီး သွားတွေကို ပြုပြင်ခဲ့သလို မျက်ခုံးမွေးတွေ ကိုလည်း ဆေးမင်ကြောင်နဲ့ ရေးဆွဲခဲ့ပါတယ်။ ဒါပေမဲ့ မိုက်ကယ် ဂျက်ဆင်လို သေးသွယ်တဲ့ နှာခေါင်းပုံစံဖြစ်ဖို့ ပြုလုပ်ရဦးမှာဖြစ်ပါတယ်။ ဂီလက်ဆန်ဟာ ပြဇာတ် ရေးဆရာတစ်ဦးဖြစ်ပြီး သူ့ရဲ့ ပွဲတွေမှာ မိုက်ကယ်ဂျက်ဆင်ကို ဂုဏ်ပြုမှုတွေ အမြဲတမ်း ပြုလုပ်လေ့ရှိပါတယ်။ ဂီလက်ဆန်ရဲ့ အဒေါ်က သူ့ရဲ့တူဖြစ်သူ ဟာ မိုက်ကယ်ဂျက်ဆင်ကို တစ်ချိန်လုံး တမ်းတနေကြောင်း၊ အချိန်တိုင်း မိုက်ကယ်ဂျက်ဆင်နဲ့ ပတ်သက်တဲ့အရာတွေကို အင်တာနက်ကနေ ကြည့်ရှု တတ်ကြောင်း၊ ခွဲစိတ်မှုတွေ ပြုလုပ်နေတာမို့ စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဂီလက်ဆန်ကလည်း သူ့ရဲ့အပြုအမူတွေဟာ သဘာဝမကျတာကို ၀န်ခံခဲ့ပါတယ်။ ဂီလက်ဆန်က မိုက်ကယ်ဂျက်ဆင်လို အနုပညာရှင်မျိုး နောက်တစ်ယောက်ရှိလာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အကောင်း ဆုံးကြိုးစားသွားမယ် လို့ ပြောသွားခဲ့ပါတယ်။
Messenger News Journal ပေါ့ပ်ဘုရင်အဖြစ် သတ်မှတ်ခံထားရတဲ့ မိုက်ကယ်ဂျက်ဆင် ကွယ်လွန်သွားတာ ငါးနှစ်ကျော်သွားပြီဖြစ်ပေမယ့် သူ့ကို ကမ္ဘာတစ်ဝန်းက ဂီတ ပရိသတ်တွေ မမေ့နိုင်ကြသေးပါဘူး။ ထူးခြားတဲ့ ကကွက်တွေနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ဟာ ၂၀၀၉၊ ဇွန်လမှာ ကွယ်လွန်သွားခဲ့ တာဖြစ်ပါတယ်။မိုက်ကယ်ဂျက်ဆင် ကွယ်လွန်ခြင်းအထိမ်းအမှတ်ပွဲမှာလည်း သူ့လိုဝတ်စားဆင်ယင်ပြီး တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။ ကမ္ဘာတစ်ဝန်း မှာ မိုက်ကယ်ဂျက်ဆင်လို ၀တ်စားဆင်ယင် နေထိုင်တဲ့ ပရိသတ်တွေ အများအပြား ရှိနေဆဲဖြစ်ပါတယ်။ ဒီအထဲမှာ ဘရာဇီးလ် နိုင်ငံသား အန်တိုနီယိုဂီ လက်ဆန် ရိုဒရီဂွက်ဇ်လည်း ပါဝင်ပါတယ်။ ဂီလက်ဆန်ဟာ မိုက်ကယ် ဂျက်ဆင်ပုံစံ အတိုင်း နေထိုင်ပြီး တစ်ထေရာတည်းဖြစ်ချင်တာမို့ သူ့အရေပြားကို အက်ဆစ် အပျော့စားနဲ့ လောင်းချခဲ့တယ်လို့ သိရပါတယ်။ ဒီနောက် ဂီလက်ဆန်ဟာ ပေါင် (၂၀၀၀) ကုန်ကျခံပြီး မျက်နှာကို ခွဲစိတ်ကုသခဲ့ပါတယ်။

ရန်ကုန်မြို့တွင်း စားသောက်ဆိုင်ငယ် ၁၄ ဆိုင်ကိုစားသောက်ကုန် လုပ်ငန်းရှင်အသင်း ကူညီမည်

Photo: ရန်ကုန်မြို့တွင်း စားသောက်ဆိုင်ငယ် ၁၄ ဆိုင်ကိုစားသောက်ကုန် လုပ်ငန်းရှင်အသင်း ကူညီမည်
Thursday, August 7, 2014

ရန်ကုန်မြို့အတွင်းရှိ စားသောက်ဆိုင်ငယ်များနှင့် လမ်းဘေးဆိုင်များကို အစားအသောက်လုပ်ငန်းနှင့် ဆက်စပ် ပစ္စည်းများ အကူအညီပေးရန် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ် ငန်းရှင်များအသင်းက ဆိုင်(၁၄) ဆိုင် ရွေးချယ်ထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ  စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းက ဆိုင်ခန်းဖြင့် ရောင်းချသော စားသောက်ဆိုင်ငယ်များ၊ လမ်းဘေး တွင် အဖီချရောင်းသောဆိုင်များ၊ လမ်းဘေး ပလက်ဖောင်းတွင် ရောင်းချသောဆိုင်များကို လိုအပ်သောပစ္စည်းအကူအညီပေးရန် လမ်းမတော်၊ လသာ၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ တာမွေ၊ ဗဟန်း စသောမြို့နယ် ခုနစ်ခုမှ ဆိုင်(၁၄)ဆိုင်ရွေးချယ်ထားသည်။

အစားအသောက်လုပ်ငန်း နှင့် ဆက်စပ်ပစ္စည်းများဖြစ်သော ပန်းကန်ခွက်ယောက်နှင့် ပရိ ဘောဂပစ္စည်းများ စသဖြင့် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး တစ် ကြိမ်တည်းမဟုတ်ဘဲ အသင်းနှင့် လက်တွဲလုပ်ကိုင်နေစဉ် ကာလ တစ်လျှောက် လိုအပ်သလို ပံ့ပိုး သွားမည်ဟု သိရသည်။

စားသုံးသူများသန့်ရှင်းလတ် ဆတ်စွာ  စားသုံးနိုင်စေရန်နှင့် စားသောက်ဆိုင်လုပ်ငန်းများ တိုး တက်လာစေရန်ရည်ရွယ်၍ ယင်း ကဲ့သို့ကူညီနိုင်ရန်စီစဉ်ခြင်းဖြစ် ကြောင်း အဆိုပါအသင်းမှ အထွေ ထွေအတွင်းရေးမှူးဦးကျော်မြတ်  မိုးက ဆိုသည်။

‘‘လတ်တလောမှာ ဆိုင်ရှင် တွေနဲ့  ညှိနှိုင်းဆွေးနွေးနေပါ တယ်။ ဩဂုတ်လဒုတိယပတ်မှာ စနိုင်အောင် စီစဉ်နေပါတယ်။ ပရောဂျက်ကာလကတော့ တစ်လလောက်ကြာမယ် မှန်းထားပါတယ်’’ ဟု ၎င်းက ပြောကြားသည်။

 အသင်းမှ ကူညီပံ့ပိုးပေး မည့်ဆိုင်များမှာ အသင်းနှင့်လက် တွဲလုပ်ကိုင်နိုင်ရမည်။ စားသုံးသူ အများဆုံးလက်ခံအားပေးသော ဆိုင် ဖြစ်ရမည်။  ကျန်းမာရေးဆေးစစ်ခံနိုင်ပြီး တစ်ကိုယ်ရေ သန့်ရှင်းမှုရှိသောသူ ရောင်းသော ဆိုင်ဖြစ်ရမည်။ လမ်းဘေးဆိုင် ဖြစ်ပါက ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သတ် မှတ်ပေးထားသောနေရာ၊ အချိန် အတွင်းရောင်းချသောဆိုင်များ ဖြစ်ရန် လိုအပ်ကြောင်း သတင်း ရရှိသည်။

‘‘ကျန်းမာရေးစစ်ဆေးတာ တွေ ပြီးပြီဆိုတာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို စတင် လှူဒါန်း ထောက်ပံ့ပေးသွားမှာပါ။ အသင်း က ထောက်ပံ့ပြီးပြီဆို အသင်း Logo နဲ့ ကျွန်တော်တို့ကို စပွန်ဆာပေးတဲ့ ကုမ္ပဏီနာမည်တွေကိုပါ ဆိုင်မှာကပ်ပေးထားမှာပါ။ အသင်းက  ကူညီပေးထားတဲ့  အတိုင်း အသုံးပြု၊ မပြုကိုလည်း စောင့်ကြည့်သွားမှာပါ’’ ဟု ဦးကျော်မြတ်မိုးက ပြောသည်။

ထို့အပြင် လစဉ်အဆိုပါဆိုင် များ၏ ရောင်းချမှု မှတ်တမ်းကို လည်း စစ်ဆေးသွားမည်ဖြစ်ပြီး အဆိုပါဆိုင်များ အောင်မြင်သွား ပါက ဆင်ခြေဖုံး မြို့နယ်များမှ ဆိုင်များ၊ အခြားတိုင်းဒေသကြီး ပြည်နယ်များမှဆိုင်များကိုလည်း  ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အသင်းက ထိုသို့ကူညီပံ့ပိုး သည့်အတွက် အသင်းသို့ငွေကြေး တစ်စုံတစ်ရာပေးရန်မလိုကြောင်း သိရသည်။

‘‘လုပ်ပေးတာတော့ကောင်း ပါတယ်။ ဒါပေမဲ့ မြို့နယ်တစ်ခုမှာ ဆိုင်တွေက အများကြီးဆိုတော့ အကုန်လုံးကိုရော လုပ်ပေးနိုင်ပါ့ မလား။ တစ်ဆိုင်လုပ်ပေးတယ်ဆို တခြားဆိုင်တွေကလည်း ကူညီ ပေးစေချင်မှာပဲလေ။ ရွေးချယ်ခံရ တဲ့ဆိုင်တွေကတော့ ကံကောင်း တာပေါ့’’ဟု မြန်မာမုန့်မျိုးစုံ ရောင်းချသော ကိုတင်မောင်ကျော်က ပြောသည်။

မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များ  အသင်းသည်ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ပြင်ဦး လွင်၊ ညောင်ရွှေ၊ တောင်ကြီး၊ လွိုင်ကော် အစရှိသည့်ဒေသများတွင် အသင်းဖွင့်လှစ်ထားရှိပြီးဖြစ်၍ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တွင်လည်း  ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day News Journal ရန်ကုန်မြို့အတွင်းရှိ စားသောက်ဆိုင်ငယ်များနှင့် လမ်းဘေးဆိုင်များကို အစားအသောက်လုပ်ငန်းနှင့် ဆက်စပ် ပစ္စည်းများ အကူအညီပေးရန် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ် ငန်းရှင်များအသင်းက ဆိုင်(၁၄) ဆိုင် ရွေးချယ်ထားကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းက ဆိုင်ခန်းဖြင့် ရောင်းချသော စားသောက်ဆိုင်ငယ်များ၊ လမ်းဘေး တွင် အဖီချရောင်းသောဆိုင်များ၊ လမ်းဘေး ပလက်ဖောင်းတွင် ရောင်းချသောဆိုင်များကို လိုအပ်သောပစ္စည်းအကူအညီပေးရန် လမ်းမတော်၊ လသာ၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ တာမွေ၊ ဗဟန်း စသောမြို့နယ် ခုနစ်ခုမှ ဆိုင်(၁၄)ဆိုင်ရွေးချယ်ထားသည်။

အီဘိုလာဗိုင်း ရပ်စ်ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ရောဂါနှိမ်နင်းရေးမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်ဒေါက်တာ စိုးလွင်ငြိမ်းနှင့်မေးမြန်းခြင်း

Photo: အီဘိုလာဗိုင်း ရပ်စ်ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန
ရောဂါနှိမ်နင်းရေးမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်ဒေါက်တာ စိုးလွင်ငြိမ်းနှင့်မေးမြန်းခြင်း
Thursday, August 7, 2014

အာဖရိကနိုင်ငံတွေမှာ ပျံ့နှံ့နေတဲ့ အီဘိုလာဗိုင်းရပ်စ်ဟာ အခုဆိုရင် ကမ္ဘာ့ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့အထိ စိုးရိမ်ရေမှတ် အမြင့်ဆုံးကိုရောက်ရှိနေပြီဖြစ်ပါတယ်။
အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်း ကလည်း တစ်ရက်ပြီးတစ်ရက်မြင့်မားလျက်ရှိရာ အခုဆို ရင် သေဆုံးသူဦးရေ ၉ဝဝ ခန့်အထိ ရှိနေပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနတွေမှာ လည်း ရေးသားဖော်ပြ နေတာတွေ့ရတယ်။ ဒါ့အပြင် ရောဂါကူးစက်ခံရသူ ၁၆ဝဝ အထိရှိနေပြီး ရောဂါကူးစက်မှုနှုန်းဟာလည်း လျင်လျင် မြန်မြန်ပျံ့နှံ့နေပါတယ်။ ဒီရောဂါဟာ ကမ္ဘာ့နိုင်ငံအရပ်ရပ် ကိုအချိန်တိုအတွင်း ပျံ့နှံ့သွားမှာကို(WHO)ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးကလည်း စိုးရိမ်မကင်းဖြစ်လာပါပြီ။
မြန်မာနိုင်ငံမှာတော့ ခုချိန်အထိ အီဘိုလာဗိုင်းရပ်စ်ကူး စက်ခံထားရသူတွေ့ရှိခြင်း မရှိသေးပေမယ့် လိုအပ်တဲ့ကြို တင်ကာကွယ်ရေးအစီအစဉ်တွေကို ထိထိရောက်ရောက် ဆောင်ရွက်ထားနိုင်ဖို့လည်း အလွန်အရေးကြီးနေပြီဖြစ်ပါ တယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့လည်း အီဘိုလာဗိုင်း ရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်သည်များနှင့် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်နိုင်ရန် ကျန်းမာရေးဝန် ကြီးဌာနရောဂါနှိမ်နင်းရေးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းနှင့် ဆက်သွယ်မေးမြန်းချက်များကို ဖော်ပြလိုက်ပါတယ်။
မေး - အီဘိုလာဗိုင်းရပ်ဆိုတာ ဘာပါလဲဆရာ။
ဖြေ - အီဘိုလာဆိုတာဗိုင်းရပ်စ်ရောဂါတစ်မျိုး ဖြစ်တယ်။ သူက ဘက်တီးရီးယားနဲ့မတူဘူး။ ဗိုင်းရပ်စ်ဆိုတာက လေက တစ်ဆင့်ကူးစက်တာ။ ထိတွေ့ကိုင်တွယ်ရင်းက ကူးစက် တာ။ ဗိုင်းရပ်ရှိသူရဲ့သွေး၊ တံတွေး၊ ချွေး၊ မစင်စတဲ့ဟာတွေက နေကူးစက်နိုင်တဲ့ရောဂါပါ။အီဘို လာဗိုင်းရပ်စ်က ဘာလဲ ဆိုတော့ အင်မတန်ပြင်းထန်ပြီး အသက်ပါဆုံးရှုံးနိုင်တဲ့ အဖျားရောဂါတစ်မျိုးပါ။ သူက ခန္ဓာကိုယ်အတွင်းကလီ စာတွေ၊ နှလုံးအဆုတ်၊ အသည်း၊ ကျောက်ကပ်ရှိသမျှအ ကုန်လုံးကို ပျက်စီးစေနိုင်တယ်၊ ရောဂါဖြစ်ရင်လည်းသေ ဆုံးတာက ရာခိုင်နှုန်း ၉ဝ လောက်ရှိတယ်။
မေး - အီဘိုလာရောဂါက ဘယ်မှစတင်ဖြစ်ပွားတာလဲ။
ဖြေ - စတင်ဖြစ်ပွားတာတော့ ဒီနှစ်မတ်လလောက်က တည်းက အနောက်အာဖရိကကနေစတင်ဖြစ်တာ၊ အဲဒီတုန်း ကကူးစက်ပြီး ရောဂါပျံ့နှံ့မှုကဒီလောက်မဆိုးဘူး။ ဇူလိုင် လထဲမှာကူးစက်မှုက ထင်တာထက်ပိုပြီး မြန်ဆန်လာတယ်။ နိုင်ငံတော်တော်များများကို အချိန်အနည်းငယ်အတွင်းမှာ ကူးစက်ပြီးတော့ အာရှအထိပါကူးစက်လာခဲ့တယ်။
မေး - ဗိုင်းရပ်စ်ကူးစက်ခံရပြီဆိုရင် ဘယ်လိုလက္ခဏာတွေ ပြနိုင်လဲ။
ဖြေ - ဗိုင်းရပ်စ်ကူးစက်ခံရပြီဆိုရင် ပထမဆုံး အပြင်းဖျား မယ်။ ကိုယ်လက်တွေကိုက်ခဲမယ်။ နောက်ပိုင်းမှာ ဝမ်းတွေ ဆီးတွေသွားတဲ့အချိန်မှာ သွေးပါမယ်။ သွေးပါတဲ့အဆင့် ကတော့ တော်တော်ကိုနောက်ကျသွားပြီ။ ပြီးတော့ကျောက် ကပ်နဲ့အသည်း လုပ်ဆောင်ချက်တွေပျက်စီးမယ်။ တချို့ ဆိုကိုယ်ခန္ဓာအတွင်းအပြင်အထိပါ အပြင်းအထန်သွေး ယိုစီးတာတွေဖြစ်မယ်။ ဗိုင်းရပ်စ်ကူးစက်ပြီး နှစ်ရက်နဲ့ ၂၁ ရက်အတွင်း ရောဂါလက္ခဏာ ပြနိုင်တယ်။ အခြားအဖျား ရောဂါတွေနဲ့ဆင်တူနိုင်လို့ ရောဂါဟုတ်မဟုတ်ကို ဓာတ် ခွဲစမ်းသပ်ကြည့်မှသာ သိနိုင်တယ်။
မေး - အီဘိုလာဗိုင်းရပ်စ်က ဘယ်ကနေပြီး ဘယ်လိုစဖြစ် တာလဲ။
ဖြေ - အီဘိုလာဗိုင်းရပ်စ်ကအသီးစားတဲ့လင်းနို့ တစ်မျိုး ကဖြစ်တယ်လို့ယူဆလို့ရတယ်။ အဲဒီလင်းနို့ ကနေ တစ် ဆင့် သမင်၊ ဒရယ်၊ မျောက်ဝံတို့ဆီ ကူးစက်ကုန်တာပေါ့။ ပြီးတော့မှ အနောက်အာဖရိကကိုရောက်လာတာ။
မေး - ခုအီဗိုလာဗိုင်းရပ်စ်က ဘယ်လိုလူမျိုးတွေကို အဓိက ကူးစက်လဲ။
ဖြေ - အီဘိုလာဗိုင်းရပ်စ်က အသက်အရွယ်မရွေး၊ လူကြီး လူငယ်မရွေးကူးစက်နိုင်တယ်၊ ဘာလို့လဲဆိုတော့ ဗိုင်းရပ်စ် ဖြစ်နေတဲ့သူကို ထိတွေ့မိသူမှန်သမျှ ကူးစက်နိုင်လို့ပဲ၊ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းတွေ လူနာကိုအနီးကပ် ပြုစုစောင့်ရှောက်နေရတဲ့ မိသားစုတွေကအများဆုံးကူး စက်ခံရတာပေါ့။
မေး - ဗိုင်းရပ်စ်ကဘယ်လောက်အထိပျံ့နှံ့နေပြီလဲ။
ဖြေ - စဖြစ်တဲ့အနောက်အာဖရိကအပါအဝင်သူနဲ့ နယ် နိမိတ်စည်းမျဉ်းချင်းထိစပ်နေတဲ့နိုင်ငံတွေအပါအဝင် အခု အာရှအထိပါရောက်နေပြီ။ မြန်မာနဲ့ထိစပ်နေတဲ့တရုတ်နဲ့ ဖိလစ်ပိုင် အထိပါဗိုင်းရပ်စ်ကပျံ့နှံ့လာနေပြီ။ အဲဒါကိုနိုင်ငံ တကာအသိုင်းအဝိုင်းကလဲ စိုးရိမ်နေရတဲ့အဆင့်ကိုရောက် နေပြီ။
မေး - မြန်မာ့အိမ်နီးချင်းတွေဆီမှာပါ ဗိုင်းရပ်စ်ကပျံ့နှံ့နေ ပြီဆိုတော့ မြန်မာနိုင်ငံကိုရော ရောက်လာနိုင်တဲ့အခြေအနေ ရှိလား။
ဖြေ - အချိန်မရွေးရောက်လာနိုင်တယ်။ မရောက်လာဘူး လို့အာမမခံနိုင်ဘူး။ ခုတော့ဒီနိုင်ငံမှာ ဗိုင်းရပ်စ်မရောက် လာသေးဘူး။
မေး - ဒါဆိုရင် ဘယ်လိုကာကွယ်မှုတွေကို လုပ်ထားရမှာ ပါလဲ။
ဖြေ - လက်ရှိမှာလေဆိပ်၊ ဆိပ်ကမ်းနဲ့နယ်စပ်ဒေသအဝင် အထွက်တွေမှာစောင့်ကြပ်ရေးလုပ်ငန်းတွေ လုပ်နေတယ်၊ ခုအချိန်အထိတော့ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့သူတစ် ယောက်မျှ စစ်ဆေးတွေ့ရှိခြင်းမရှိသေးဘူး။ ဆေးရုံ၊ဆေး ခန်းတွေမှာလဲ ကာကွယ်ကုသရေးလုပ်ငန်းအပြင် ဆေးရုံထဲ မှာလဲဆေးနဲ့ ဆေးပြင်ဆင်မှုတွေကိုလည်း ပြုလုပ်ထားတယ်။
မေး - လက်ရှိမှာတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ သေဆုံး သူဦးရေဘယ်လောက်ထိရှိနေပြီလဲ။
ဖြေ - ဇူလိုင် ၂၇ ရက်မှာတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကူးစက်ခံရသူလို့ အတည်ပြုထားပြီးသူ ၁၃၂၃ဦးရှိပြီ။ အတည် ပြုပြီးသားသူကိုပြောတာနော်။ ကူးစက်ခံရတယ်လို့ယူဆ တဲ့အဆင့်မဟုတ်ဘူး။ အဲဒီထဲမှာမှ သေဆုံးပြီးသူဦးရေက ၇၂၉ ဦးရှိနေပြီ။ ရောဂါဖြစ်ပွားတဲ့ နေရာကိုပြည်ပကကျွမ်း ကျင်ပညာရှင်တွေကိုလွှတ်ထားပြီးတော့ ပူးပေါင်းဆောင်ရွက် နေ တယ်။ ထိန်းချုပ်မှုကတော့ သိပ်မထိန်းချုပ်နိုင်သေးဘူး။ ခုထိရောဂါကူးစက်ပုံရဲ့ဇစ်မြစ်ကိုသေချာမသိရသေးဘူး။
မေး - ဗိုင်းရပ်စ်ကူးစက်ခံရပြီလို့ သံသယရှိရင်ဘာလုပ် သင့်သလဲ။
ဖြေ - ကိုယ်အပူချိန်မြင့်မားလာပြီးတော့ ကိုယ့်ကိုယ်ကိုယ် ရောဂါဖြစ်နေတယ် လို့သံသယရှိရင် နီးစပ်ရာကျန်းမာရေး ဌာနတွေမှာသွားပြသင့်တယ်။
မေး - ဗိုင်းရပ်စ်မကူးစက်အောင်ရော ဘယ်လိုနေထိုင်သင့် သလဲ။
ဖြေ - အန္တရာယ်ဖြစ်စေတဲ့အချက်အလက်တွေကို လူတွေ သတိထားမိလာအောင် ပညာပေးပြီး မိမိကိုယ့်ကိုယ်ကိုယ် ကာကွယ်တာအကောင်းဆုံးပဲ။ ဘယ်လိုကာကွယ်ရမလဲဆို တော့ တစ်ကိုယ်ရေသန့်ရှင်းမှု လုပ်ရမယ်၊ ရောဂါရှိတဲ့သူ ကိုလုံးဝကိုရှောင်ရှား ရမယ်။ ရောဂါရှိတဲ့သူကိုပြုစုမယ် ဆို ရင်လဲ တစ်ကိုယ်ရေသုံးကာကွယ်ရေးပစ္စည်းတွေဖြစ်တဲ့ လက်အိတ်၊ ဝတ်ရုံ၊ မျက်နှာဖုံး၊ မျက်မှန်၊ မျက်နှာစည်းတွေကို အသုံးပြုသင့်တယ်၊၊
မေး - အီဘိုလာဗိုင်းရပ်စ်ကိုတားဆီးဖို့ မြန်မာနိုင်ငံမှာသီး သန့်အဖွဲ့အစည်းရှိလား။
ဖြေ - ကျန်းမာရေးအနေနဲ့ကတော့ ကူးစက်ရောဂါကို နှိမ်နင်းဖို့ ၂ဝဝ၃ ခုနှစ်ဆားစ်ရောဂါဖြစ်ကတည်းက သေချာ စီမံချက်တွေချပြီးဆောင်ရွက်လာတယ်။ နောက်ပိုင်းမှာလဲ ကြက်၊ ငှက်၊ လူတုပ်ကွေးရောဂါတွေ၊ ကမ္ဘာ့လူ တုပ်ကွေး ရောဂါတွေဒါတွေကိုစီမံချက်ချပြီး လုပ်ခဲ့တဲ့အတိုင်းပဲကာ ကွယ်မှုတွေလုပ်ဆောင်သွားမှာပါ။

ဇွဲမာန်၊ အေးမိုးကိုကို တွေ့ဆုံမေးမြန်းသည်။
- ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၀)
Yangon Media Group
အာဖရိကနိုင်ငံတွေမှာ ပျံ့နှံ့နေတဲ့ အီဘိုလာဗိုင်းရပ်စ်ဟာ အခုဆိုရင် ကမ္ဘာ့ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့အထိ စိုးရိမ်ရေမှတ် အမြင့်ဆုံးကိုရောက်ရှိနေပြီဖြစ်ပါတယ်။အီဘိုလာဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်း ကလည်း တစ်ရက်ပြီးတစ်ရက်မြင့်မားလျက်ရှိရာ အခုဆို ရင် သေဆုံးသူဦးရေ ၉ဝဝ ခန့်အထိ ရှိနေပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနတွေမှာ လည်း ရေးသားဖော်ပြ နေတာတွေ့ရတယ်။ ဒါ့အပြင် ရောဂါကူးစက်ခံရသူ ၁၆ဝဝ အထိရှိနေပြီး ရောဂါကူးစက်မှုနှုန်းဟာလည်း လျင်လျင် မြန်မြန်ပျံ့နှံ့နေပါတယ်။ ဒီရောဂါဟာ ကမ္ဘာ့နိုင်ငံအရပ်ရပ် ကိုအချိန်တိုအတွင်း ပျံ့နှံ့သွားမှာကို(WHO)ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးကလည်း စိုးရိမ်မကင်းဖြစ်လာပါပြီ။
မြန်မာနိုင်ငံမှာတော့ ခုချိန်အထိ အီဘိုလာဗိုင်းရပ်စ်ကူး စက်ခံထားရသူတွေ့ရှိခြင်း မရှိသေးပေမယ့် လိုအပ်တဲ့ကြို တင်ကာကွယ်ရေးအစီအစဉ်တွေကို ထိထိရောက်ရောက် ဆောင်ရွက်ထားနိုင်ဖို့လည်း အလွန်အရေးကြီးနေပြီဖြစ်ပါ တယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့လည်း အီဘိုလာဗိုင်း ရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်သည်များနှင့် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်နိုင်ရန် ကျန်းမာရေးဝန် ကြီးဌာနရောဂါနှိမ်နင်းရေးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းနှင့် ဆက်သွယ်မေးမြန်းချက်များကို ဖော်ပြလိုက်ပါတယ်။

ကမ္ဘောဒီးယား တရားရုံးက ခမာနီခေါင်းဆောင်ဟောင်း နှစ်ဦးကို ထောင်ဒဏ်တစ်သက်စီ ချမှတ်

Photo: ကမ္ဘောဒီးယား တရားရုံးက ခမာနီခေါင်းဆောင်ဟောင်း နှစ်ဦးကို ထောင်ဒဏ်တစ်သက်စီ ချမှတ်
Thursday, August 7, 2014

ခမာနီအစိုးရလက်ထက် ခေါင်းဆောင်ဟောင်းနှစ်ဦးကို ကုလသမဂ္ဂက ထောက်ပံ့ထားသည့် တရားရုံးတစ်ခုက သြဂုတ် ၇ ရက် တွင် ထောင်ဒဏ်တစ်သက်စီ ချမှတ်လိုက်ကြောင်း သိရသည်။
ခမာနီခေါင်းဆောင် ပိုပေါ့၏ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၈၈ နှစ်အရွယ် နူအွန်ချီအာနှင့် အစိုးရအကြီးအကဲဟောင်း အသက် ၈၃ နှစ်အရွယ် ခီယူဆမ် ဖန်တို့သည် ၎င်းတို့ အာဏာရစဉ်က လူသားချင်းညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ပြစ်ဒဏ်များ ကျူးလွန် ခဲ့ကြောင်း ထင်ရှားသဖြင့် ယခုကဲ့သို့ စီရင်ချမှတ်ခံရခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးသည် အဆိုပါပြစ်မှုဖြင့် စီရင်ချက် ချခံရသည့် ပထမဆုံး ခမာနီထိပ်တန်း ခေါင်းဆောင်နှစ် ဦး ဖြစ်သည်။

၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံတွင် ခမာနီအစိုးရ အုပ်ချုပ်စဉ်ကာလက လူ နှစ်သန်းအထိ သေဆုံးခဲ့သည်။

ခမာနီအစိုးရက ၎င်းတို့အား အငတ်ခံထားခြင်း၊ အလုပ် အဆမတန်ခိုင်းစေခြင်းနှင့် အစိုး၏ ရန်သူအဖြစ် သတ် မှတ်ပြီး သေဒဏ်ချမှတ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

စီရင်ချက်ချမှတ်ခဲ့သူ တရားသူကြီ နေလ်နွန်က “သူတို့နှစ်ဦးဟာ အစုလိုက်အပြုံလိုက် လူသတ်မှု၊ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှုနှင့် လူမဆန်သည့် အခြားလုပ်ဆောင်မှုများဖြစ်သော ပြည်သူများ အား အတင်းအကြပ် ဖယ်ရှားခိုင်းခြင်း၊ ရှင်းလင်းပစ်ခြင်းနှင့် လူ့ဂုဏ်သိက္ခာ ထိခိုက်အောင် ပြုလုပ်ခဲ့ကြ ပါတယ်” ပြောကြားသည်။

၏တရားခံနှစ်ဦး၏ ရှေ့နေများက ယခုစီရင်ချက်အပေါ် အယူခံဝင်သွားမည်ဟု ပြောကြားသည်။

နူအွန်ချီအာ၏ ရှေ့နေက “ ဒီစီရင်ချက်ဟာ ကျွန်တော် တို့ အမှုသည်တွေအတွက် မတရားပါဘူး။ သူတို့ဟာ ဒီလောက်အမှုတွေ အများကြီး မကျူးလွန်ခဲ့ကြပါဘူး” ဟု ပြောကြားသည်။

ကမ္ဘောဒီးယား ပြည်တွင်းစစ် လေးနှစ်တာ ကာလအတွင်း ခမာနီအစိုးရသည် ၎င်းတို့က ရန်သူအဖြစ်သတ်မှတ် လိုက်ပါက ပညာတတ်များ၊ လူနည်းစုများ၊ ယခင်အစိုးရအရာရှိများနှင့် ၎င်းတို့၏ မိသားစုများကိုပင် သတ်ဖြတ်ခဲ့ကြသည်။
Ref:BBC ခမာနီအစိုးရလက်ထက် ခေါင်းဆောင်ဟောင်းနှစ်ဦးကို ကုလသမဂ္ဂက ထောက်ပံ့ထားသည့် တရားရုံးတစ်ခုက သြဂုတ် ၇ ရက် တွင် ထောင်ဒဏ်တစ်သက်စီ ချမှတ်လိုက်ကြောင်း သိရသည်။
ခမာနီခေါင်းဆောင် ပိုပေါ့၏ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၈၈ နှစ်အရွယ် နူအွန်ချီအာနှင့် အစိုးရအကြီးအကဲဟောင်း အသက် ၈၃ နှစ်အရွယ် ခီယူဆမ် ဖန်တို့သည် ၎င်းတို့ အာဏာရစဉ်က လူသားချင်းညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ပြစ်ဒဏ်များ ကျူးလွန် ခဲ့ကြောင်း ထင်ရှားသဖြင့် ယခုကဲ့သို့ စီရင်ချမှတ်ခံရခြင်းဖြစ်သည်။

ဘားအံတွင် ထောင်ဝင်စာတွေ့ဟန်ပြု၍ စိတ်ကြွဆေး ခိုးသွင်းသူ အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ

ကရင်ပြည် နယ်၊ ဘားအံမြို့နယ် ရှိ တောင် က လေးထောင် အ တွင်းသို့ ထောင်ဝင် စာလာပို့စဉ် စိတ်ကြွရူး သွပ်ဆေးပြား များ ခိုးသွင်း သူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိကြောင်း ဘားအံမြို့မ ရဲစခန်းမှ သိရှိရသည်။ဖြစ်စဉ်မှာ ဇူလိုင်လ လယ်၌ တောင်ကလေးထောင်အတွင်း မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျနေသည့် အကျဉ်းသား တစ်ဦးအား ဇနီးဖြစ်သူ အမျိုးသမီးမှ ဇူလိုင်လကုန်ပိုင်း၌ ထောင်ဝင်စာ လာတွေ့စဉ် ထောင်အ ဝင်ဝစစ်ဆေးရေးဂိတ်၌ ၎င်းသယ် ဆောင်လာ သည့် စိတ်ကြွဆေးများ အား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ခင်ပွန်းသည်မှ မူးယစ်ဆေးဝါး မှုဖြင့် ထောင်ကျနေခြင်းဖြစ်ပြီး ၎င်းအား လာရောက်တွေ့ဆုံသည့် ဇနီးဖြစ်သူအား အကျဉ်းထောင် စစ် ဆေးရေး အဝင်ဂိတ်မှ စစ်ဆေးရာ ကိုင်ဆောင်လာသည့် ဆွဲခြင်းအတွင်း မှ ယိုးဒယား ကွက်ကီးမုန့်အတွင်း ပလတ်စတစ် အိတ်ဖြင့် ပတ်ထား သည့် W.Y စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၇၅ ပြားရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာပြည်ချန်ပီယံ လက်ဝှေ့စိန်ခေါ်ပွဲအတွက် ကျပ်တစ်သိန်းတန် လက်မှတ်များရောင်းမည်


Photo: မြန်မာပြည်ချန်ပီယံ လက်ဝှေ့စိန်ခေါ်ပွဲအတွက် ကျပ်တစ်သိန်းတန် လက်မှတ်များရောင်းမည်
Thursday, August 7, 2014

သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ သြဂုတ်လ ၁၇ ရက်နေ့တွင် ကျင်းပမည့် မြန်မာပြည်ချန်ပီယံ လက်ဝှေ့စိန်ခေါ်ပွဲအတွက် ကျပ်တစ်သိန်းတန် လက်မှတ်များ ရောင်းချပေးမည် ဖြစ်ကြောင်း ပွဲစီစဉ်သူ တစ်ဦးဖြစ်သည့် ဦးအောင်နိုင်မိုးက ပြောကြားသည်။
အဆိုပါ အထူးလက်မှတ်တစ်စောင်လျှင် သုံးဦးကြည့်ရှုနိုင်မည် ဖြစ်သောကြောင့် လက်မှတ် ၁၆ စောင်သာ ရောင်းချမည် ဖြစ်ကြောင်း၊ ယင်းလက်မှတ် ဝယ်ယူထားသူများသည် အရေးကြီး ပုဂ္ဂိုလ်များ ခုံတန်းနှင့် လက်ဝှေ့ကြိုးဝိုင်းစင်ကြားရှိ စာပွဲဝိုင်းတွင်ထိုင်၍ ပြိုင်ပွဲကို ကြည့်ရှုနိုင်ရန် စီစဉ်ထားသည်ဟု ၎င်းက ပြောဆိုသည်။
“အဲဒီလက်မှတ်ဝယ်ယူထားသူတွေ အနေနဲ့ စားပွဲဝိုင်းတစ်ခုမှာ သုံးဦးထိုင်ကြည့်နိုင်ပါတယ်။ စနိုးတာဝါ၊ ရေသန့်၊ အာလူးကြော်၊ နေကြာစေ့ အစရှိတဲ့ စားသောက်ဖွယ်ရာတွေ ပြင်ဆင်ပေးထားမယ်” ဟု ဦးအောင်နိုင်မိုးက ရှင်းပြသည်။
ယင်းလက်ဝှေ့ပွဲကို အစောဆုံးလာရောက်သည့် ရိုးရိုးတန်းလက်မှတ် ဝယ်ယူထားသည့် ပရိသတ် ၄၀၀ နှင့် အထူးတန်းလက်မှတ် ဝယ်ယူထားသည့် ပရိသတ် ၂၀၀ ကို မြန်မာပြည် ချန်ပီယံလုပွဲ၌ ထိုးသတ်မည့် တူးတူးနှင့် စောငမန်းတို့၏ ပုံများပါသည့် တီရှပ်များကို လက်ဆောင်ပေးမည် ဖြစ်ကြောင်း ပွဲစီစဉ်သူတစ်ဦး ဖြစ်သည့် ဦးစိုးသန်းဝင်းက ပြောကြားသည်။
မြန်မာပြည် ချန်ပီယံလုပွဲအတွက် အထူးတန်းလက်မှတ် တစ်စောင်လျှင် ကျပ် ၂၀,၀၀၀၊ ပထမတန်းလက်မှတ် တစ်မှတ်တစ်စောင်လျင် ကျပ် ၁၅,၀၀၀ နှင့် ရိုးရိုးတန်း လက်မှတ်တစ်စောင်လျှင် ကျပ် ၅၀၀၀ သတ်မှတ်ထားကြောင်း T&T ရိုးရာလက်ဝှေ့ကလပ် တည်ထောင်ထားသည့် ၎င်းကပြောဆိုသည်။
လက်ရှိ မြန်မာပြည်ချန်ပီယံ စောငမန်း၏ ထိုးသတ်ကြေးမှာ ကျပ် သိန်း ၅၀ ဖြစ်ပြီး ၎င်းကို စိန်ခေါ်ထိုးသတ်သည့် တူးတူး၏ ထိုးသတ်ကြေးမှာ ကျပ်သိန်း ၄၀ ဖြစ်သည်။
သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံ၌ သြဂုတ်လ ၁၇ ရက်နေ့တွင် မြန်မာပြည် ချန်ပီယံစိန်ခေါ်ပွဲအဖြစ် တူးတူး (နဂါးမာန်) က စောငမန်း (ရွှေဖူး) ကို စိန်ခေါ် ထိုးသတ်မည်ဖြစ်ပြီး သရုပ်ပြတွဲဆိုင်းအဖြစ် ဝါရင့်ရိုးရာ လက်ဝှေ့ကစားသမားဟောင်း ရွှေဝါထွန်း (ရွှေသောင်းရင်း) နှင့် လုံးချော(သတ္တိ)၊ စောရွှေကျော် (ရွှေဖူး) နှင့် စောလယ်ပွယ်ထူး (T&T)၊ သားအသဲတစ်ပွင့် (စွမ်းကေကေ) နှင့်အားမာန် (T&T)၊ ဖိုးလပြည့် (ရွှေဖူး) နှင့် စောအယ်လေး (ထော့မဲပါ)၊ ကျားပေါက် (ရွှေသောင်းရင်း) နှင့် ရဲတံခွန် (အလင်းရောင်)၊ ရဲရင့်အောင် (နဂါးမာန်) နှင့် စောဂပရေမှူး (ထော့မဲပါ)၊ ထွန်းထွန်း (ဝါဆို) နှင့် စောဂေါ်မူတို (သတ္တိ) တို့ ယှဉ်ပြိုင် ထိုးသတ်ကြမည် ဖြစ်သည်။
The Voice သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ သြဂုတ်လ ၁၇ ရက်နေ့တွင် ကျင်းပမည့် မြန်မာပြည်ချန်ပီယံ လက်ဝှေ့စိန်ခေါ်ပွဲအတွက် ကျပ်တစ်သိန်းတန် လက်မှတ်များ ရောင်းချပေးမည် ဖြစ်ကြောင်း ပွဲစီစဉ်သူ တစ်ဦးဖြစ်သည့် ဦးအောင်နိုင်မိုးက ပြောကြားသည်။ အဆိုပါ အထူးလက်မှတ်တစ်စောင်လျှင် သုံးဦးကြည့်ရှုနိုင်မည် ဖြစ်သောကြောင့် လက်မှတ် ၁၆ စောင်သာ ရောင်းချမည် ဖြစ်ကြောင်း၊ ယင်းလက်မှတ် ဝယ်ယူထားသူများသည် အရေးကြီး ပုဂ္ဂိုလ်များ ခုံတန်းနှင့် လက်ဝှေ့ကြိုးဝိုင်းစင်ကြားရှိ စာပွဲဝိုင်းတွင်ထိုင်၍ ပြိုင်ပွဲကို ကြည့်ရှုနိုင်ရန် စီစဉ်ထားသည်ဟု ၎င်းက ပြောဆိုသည်။ “အဲဒီလက်မှတ်ဝယ်ယူထားသူတွေ အနေနဲ့ စားပွဲဝိုင်းတစ်ခုမှာ သုံးဦးထိုင်ကြည့်နိုင်ပါတယ်။ စနိုးတာဝါ၊ ရေသန့်၊ အာလူးကြော်၊ နေကြာစေ့ အစရှိတဲ့ စားသောက်ဖွယ်ရာတွေ ပြင်ဆင်ပေး ထားမယ်” ဟု ဦးအောင်နိုင်မိုးက ရှင်းပြသည်။

အူရီးဒူးဂယက်ကြောင့် ဟန်းဆက်အချို့ ဈေးတက်

အူရီးဒူးကုမ္ပဏီမှ မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချပြီးနောက် မိုဘိုင်းဖုန်းဆိုင်များတွင် ဟန်းဆက်များ ၀ယ်ယူမှု မြင့်တက်လာပြီး ဟန်းဆက်အမျိုး အစားအချို့ ကျပ်နှစ်သောင်းဝန်းကျင်ဈေးနှုန်းမြင့်တက်သွားကြောင်း သတင်းရရှိသည်။ဇူလိုင်လကုန်မှစ၍ ရောင်းချပေးနေသည့် အူရီးဒူး ဆင်းမ်ကတ်များ ထည့်သွင်းအသုံးပြုရန် မိုဘိုင်းဟန်းဆက်ဝယ်ယူမှုမြင့်တက်လာပြီး ကျပ်ငါးသောင်းမှ တစ်သိန်းခွဲကြားရှိ 3G ဟန်းဆက်များကို ၀ယ်ယူမှုများပြားလာကြောင်း မိုဘိုင်းဖုန်းဆိုင်များမှ စုံစမ်းသိရသည်။‘‘ဟန်းဆက်က အရင်ကထက်ပိုပြီး အရောင်းပွင့်တယ်။ အူရီးဒူးအတွက် ဆိုပြီး သပ်သပ်ဝယ်ကြတာများတယ်။ အဓိကကတော့ ငါးသောင်းနဲ့ တစ်သိန်းကြားကို အ၀ယ်များလာတယ်’’ ဟု Mr.Fone မှ အထွေထွေ မန်နေဂျာ ကိုထက်လင်းကျော်က ပြောသည်။မိုဘိုင်းဟန်းဆက်အချို့မှာ နာမည်ကြီးတံဆိပ်အမျိုးအစားဖြစ်သော်လည်း အူရီးဒူး၏ မိုဘိုင်း အင်တာနက်လိုင်းကိုအပြည့်အ၀မသုံးစွဲနိုင်ဘဲ လိုင်းပျောက်ခြင်း၊ ဖုန်းပိတ်သွားခြင်း များရှိခြင်းကြောင့် မိုဘိုင်းဖုန်းဆိုင်များသို့ လာရောက်လဲလှယ် ခိုင်းခြင်းများလည်းရှိကြောင်း သိရသည်။အူရီးဒူးဆင်းမ်ကတ်သုံးစွဲနိုင်ပြီး Video Call ခေါ်ဆိုမှု ရရှိနိုင်မည့် Huawei အမှတ်တံဆိပ် ဟန်းဆက် အချို့ကို ၀ယ်ယူမှုများပြားလာကာ ရောင်းအားကောင်းသည့် မိုဘိုင်းဟန်းဆက်အချို့မှာ ကျပ်နှစ်သောင်းဝန်းကျင်ခန့် ဈေးနှုန်းမြင့်တက် သွားကြောင်း မိုဘိုင်းဖုန်းဆိုင်များမှ သိရသည်။

မုဒိမ်းမှုဟု လိမ်ညာတိုင်ကြား၍ တရားစွဲခံရသော ရဲထွဋ်၊ ဟာဂျီထွန်းထွန်း၊ ဖြူဖြူမင်းနှင့် နုနုမြတ်တို့၏ တတိယအကြိမ်ရုံးချိန်း ရှစ်နာရီကြာမြင့်

မုဒိမ်းမှုဟု လိမ်ညာတိုင်တန်း၍ တရား စွဲခံရသော ရဲထွဋ်၊ ဟာဂျီထွန်းထွန်း၊ ဖြူဖြူမင်း (ခ)ကတုံးမနှင့် နုနုမြတ်တို့၏ တတိယအ ကြိမ်ရုံးချိန်းမှာ ရှစ်နာရီကြာမြင့်ခဲ့ပြီး ရဲထွဋ်နှင့် နုနုမြတ်တို့မှာ နိုင်ငံသားကတ်နှစ်ခုကိုင်ဆောင် ထားသောကြောင့် အဆိုပါ ရုံးချိန်းအတွင်း လဝကဥပဒေပုဒ်မ ၆၁၊ ၆၂ တို့ဖြင့် ထပ်မံရုံးတင်ခံခဲ့ရကြောင်း သတင်းရရှိသည်။ မူလက အရေးပေါ်စီမံချက်အက် ဥပဒေပုဒ်မ ၅(ဃ)၊ (င)၊ (ည)တို့ဖြင့် ရုံးတင်စစ်ဆေး ခံနေရသော ဟာဂျီထွန်းထွန်း၊ ကတုံးမနှင့် နုနုမြတ်တို့ကို ဩဂုတ် ၅ ရက်က လိမ်ညာ မှုဖြင့်ပါ ရုံးတင်စစ်ဆေးခဲ့ပြီး ဩဂုတ် ၆ ရက်တွင် တရားလိုပြသက်သေအဖြစ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှရဲလေးဦး၏ ထွက်ဆိုချက်ကိုရယူခဲ့ပြီး ယင်းအမှုများကို စစ်ဆေးရန်အတွက် ပျဉ်းမနားမြို့နယ်တရားရုံးရှိ စစ်ဆေးရန်ရှိ သော ကျန်အမှုများကို ဆိုင်းငံ့ထားကာ လုံခြုံ ရေးအရ ရက်ဆက်စစ်ဆေးသွားမည်ဖြစ်ပြီး မကြာမီရက် သတ္တပတ်အတွင်း အပြီးသတ် အမိန့်ချမှတ်ရန် စီစဉ်နေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။အစိုးရထုတ်ပြန်သော သတင်းအရ လိမ်ညာတိုင်တန်းခဲ့သည့် မုဒိမ်းမှုဖြစ်စဉ်အရ မစိုးစိုးအမည်လွှဲဖြင့် မဖြူဖြူမင်း(ခ)ကတုံးမမှာ မန္တလေးမြို့ ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖီး လက်ဖက်ရည်ဆိုင်၏ ဆိုင်ဝန်ထမ်းအဖြစ် လုပ်ကိုင်နေစဉ် ဆိုင်ရှင်ဖြစ်သူ ညီအစ်ကိုနှစ်ဦးမှာ နေပြည်တော်ရှိ လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်ရမည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့ကြောင်း ပျဉ်းမနားရဲစခန်းတွင် တိုင်ကြားခဲ့သည်။

တယ်လီနောဆင်းမ်ကတ် ၁၀ သန်း မြို့ကြီးသုံးမြို့တွင် တစ်ပြိုင်နက် ရောင်းချမည်


Photo: တယ်လီနောဆင်းမ်ကတ် ၁၀ သန်း မြို့ကြီးသုံးမြို့တွင် တစ်ပြိုင်နက် ရောင်းချမည်
Thursday, August 7, 2014

ဆက်သွယ်ရေး အော်ပရေတာသစ်အဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့် ရရှိထားသော နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောမြန်မာ ကုမ္ပဏီက ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် ဆင်းမ်ကတ် ၁၀ သန်းကို စက်တင်ဘာလအတွင်း တစ်ပြိုင်နက်တည်း ရောင်းချသွားမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ ပြန်ကြားရေးတာဝန်ခံ ဦးစိုးသူထွန်းက The Voice သို့ ပြောကြားသည်။

“မြို့ကြီးသုံးမြို့မှာ ဆင်းမ်ကတ် ၁၀ သန်းကို တစ်ပြိုင်နက်တည်း ရောင်းချသွားမှာပါ။ ဖုန်းခေါ်ခကိုလည်း မည်သည့် အော်ပရေတာကိုမဆို ၂၅ ကျပ်ထက် မပိုတဲ့ နှုန်းထားနဲ့ ကောက်ခံသွားမှာပါ” ဟု ၎င်းကဆိုသည်။

စက်တင်ဘာလတွင် စတင်ရောင်းချမည့် ဆင်းမ်ကတ် ၁၀ သန်းအတွက် တာဝါတိုင်ပေါင်း ၈၀၀ ခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

တယ်လီနော၏ အင်တာနက် ဝန်ဆောင်မှုသည် 3G ကွန်ရက်အတွက် 7.2 MB အထိ ရှိမည်ဖြစ်ပြီး 2G ကွန်ရက်အတွက် 150 KB မှ 250 KB အတွင်းထိ အင်တာနက် မြန်နှုန်းရှိမည်ဟု ၎င်းက ရှင်းပြသည်။

ပြည်ပဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော အော်ရီဒူးကုမ္ပဏီသည် ဇူလိုင်လ ၃၀ ရက်နေ့တွင် မန္တလေးနှင့် နေပြည်တော်တွင် ဆင်းမ်ကတ်များ စတင်ရောင်းချပြီး သြဂုတ်လ ၂ ရက်နေ့ တွင် ရန်ကုန်တွင် ရောင်းချခဲ့သည်။

အော်ရီဒူးကုမ္ပဏီသည် အော်ရီးဒူး ဆင်းမ်ကတ် အချင်းချင်း ခေါ်ဆိုမှုအတွက် တစ်မိနစ်ကို ၂၅ ကျပ် ကောက်ခံမည် ဖြစ်ပြီး အခြား အော်ပရေတာများနှင့် ဖုန်းခေါ်ဆိုလျှင် တစ်မိနစ်ကို ၃၅ ကျပ် ကောက်ခံသွားမည်ဟု ထုတ်ပြန်ထားသည်။

မြန်မာဆက်သွယ်ရေးလုပ်ငန်းက ဂျပန်ကုမ္ပဏီများနှင့် ပူးပေါင်းကာ ဆင်းမ်ကတ်များကို အကန့်အသတ်မရှိ ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

(အောင်သီဟ)
The Voice Weekly ဆက်သွယ်ရေး အော်ပရေတာသစ်အဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့် ရရှိထားသော နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောမြန်မာ ကုမ္ပဏီက ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် ဆင်းမ်ကတ် ၁၀ သန်းကို စက်တင်ဘာလအတွင်း တစ်ပြိုင်နက်တည်း ရောင်းချသွားမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ ပြန်ကြားရေးတာဝန်ခံ ဦးစိုးသူထွန်းက The Voice သို့ ပြောကြားသည်။“မြို့ကြီးသုံးမြို့မှာ ဆင်းမ်ကတ် ၁၀ သန်းကို တစ်ပြိုင်နက်တည်း ရောင်းချသွားမှာပါ။ ဖုန်းခေါ်ခကိုလည်း မည်သည့် အော်ပရေတာကိုမဆို ၂၅ ကျပ်ထက် မပိုတဲ့ နှုန်းထား နဲ့ ကောက်ခံသွားမှာပါ” ဟု ၎င်းကဆိုသည်။ စက်တင်ဘာလတွင် စတင်ရောင်းချမည့် ဆင်းမ်ကတ် ၁၀ သန်းအတွက် တာဝါတိုင်ပေါင်း ၈၀၀ ခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ဒုတိယတစ်ကိုယ်တော်ကို ဒီဇင်ဘာမှာ ထွက်နိုင်အောင်ကြိုးစားနေတဲ့ ထွန်းရတီ

Photo: ဒုတိယတစ်ကိုယ်တော်ကို ဒီဇင်ဘာမှာ ထွက်နိုင်အောင်ကြိုးစားနေတဲ့ ထွန်းရတီ
Thursday, August 7, 2014

အချစ်များစွာသီချင်းနဲ့ ပရိသတ်သိသွားခဲ့တဲ့ ထွန်းရတီက ခုတစ်ခါ ဒုတိယအယ်လ်ဘမ်တစ်ခုကို ချပြဖို့ ကြိုးစားနေတာကြောင့် ဒီအခွေနဲ့ ပတ်သက်ပြီး သူ့ကိုမေးကြည့်လိုက်တဲ့အခါ “ရတီ ဒုတိယခွေမှာလဲ အချစ်များစွာ သီချင်းလိုပဲ လူငယ်ဖက် သွားတဲ့ ပုံစံမျိုးလေးတွေ ရွေးထားတယ်။ ဒုတိယအခွေထဲမှာ အသည်းကွဲသီချင်းတွေလဲ ပါတယ်။ အချစ်အတွက်နဲ့ စွန့်စားရဲလားဆိုတဲ့ ကောင်မလေးဖက်က မေးထားတဲ့ပုံစံမျိုးလေးတွေ၊ ကောင်မလေးက အရမ်းအချစ်ကြီးလွန်းလို့နောက်ခါကျရင် နင့်ကို ဂရုမစိုက်တော့ဘူး။ ကိုယ့်ကိုကိုယ်ပဲ အချစ်ကြီးလွန်းလို့ ပြန်ဆုံးမမယ်ဆိုတဲ့ ဟာလေးတွေလဲ ပါပါတယ်။ ခုဒီခွေလေးမှာသီချင်း ၁၂ပုဒ်ဖြစ်မလား၊ ၁၄ ပုဒ်ဖြစ်မလား မသိသေးဘူး။ တေးရေးတွေကတော့ ကိုရွှေဂျော်ဂျော်၊ ကိုဇ၀ါ၊ ကိုမိုးမိုး၊ စိုးလင်း၊ ခင်ဆွေလင်း၊ မိုင်း၊ အငယ်တွေထဲကလည်း အများကြီးပါမယ်။ ကိုယ်တိုင်ရေးက တစ်ပုဒ်ပါမယ်။ title ကတော့ မရွေးရသေးပါဘူး။ featuring တွေလဲ မပါပါဘူး။ တစ်ခွေလုံးကို ညီမတစ်ယောက်တည်းပါပဲ။ ရတီခန့်မှန်းထားတာကတော့ ၁၂လပိုင်းလောက်ပေါ့။”လို့ သူမက ပြောပါတယ်။

သူမရဲ့ အချစ်များစွာသီချင်း ဗီစီဒီထဲမှာ အောင်ရဲလင်း နဲ့ သရုပ်ဆောင်ထားတဲ့ သူမကို သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ကမ်းလှမ်းမှုတွေ ရှိလာရင် လက်ခံမှာလားဆိုတာကို မေးကြည့်တဲ့အခါမှာတော့ သူမက “ညီမသရုပ်ဆောင်ရတာတော့ဝါသနာပါပါတယ်။ ကမ်းလှမ်းမှုတွေရှိလာရင်တော့ လုပ်ကြည့်ချင်ပါတယ်။ အရင်စ၀င်ဝင်ချင်းတာကတော့ ဖန်စီဆန်ဆန် ကိုရီးယားဒီဇိုင်းလေးတွေနဲ့ စ၀င်ချင်ပါတယ်။ ကိုရီးယားက အနုပညာရှင်တွေကိုလဲ အားကျတယ်။ သူတို့ရဲ့သရုပ်ဆောင်မှုတွေက အိုဗာမဟုတ်ဘူး။ အရမ်းရင်ထဲမှာထိတယ်။ ခုလောလောဆယ်တော့ ဂီတကအရမ်းကို ၀ါသနာပါတဲ့ အရာတစ်ခုဖြစ်နေတဲ့အတွက် ဂီတဖက်ကို တော့ ဦးစားပေးပြီး ဇောက်ချလုပ်မယ်”တဲ့။

ထွန်းရတီရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ မကြာခင်ထွက်ရှိတော့မယ့် cherryFMအခွေထဲက သူမရဲ့ သီချင်းလေးကို ခံစားနားဆင်ကြည့်နိုင်ပါတယ်။ အသည်းကွဲသီချင်းတွေ ဆိုရတာ အားသာနေတဲ့ သူမရဲ့ အချစ်ရေးကတော့ “မရှိသေးပါဘူး။ အချစ်ဆိုတာရှိလဲ ကောင်းတယ်။ မရှိလဲကောင်းတယ်။ အရမ်းကြီးချစ်ရင် ပိုပူလောင်တဲ့တယ်ပေါ့နော်။ ပထမသီချင်းကတော့ အရင်က ခံစားချက်ကို ရေးထားတာပေါ့နော်။ အဓိကအားဖြင့်အသည်းကွဲသီချင်းတွေပဲရှာဖြစ်တယ်”လို့ သူမက ပြောသွားပါတယ်။

ခင်ဆွေသက် 
Trend Myanmar အချစ်များစွာသီချင်းနဲ့ ပရိသတ်သိသွားခဲ့တဲ့ ထွန်းရတီက ခုတစ်ခါ ဒုတိယအယ်လ်ဘမ်တစ်ခုကို ချပြဖို့ ကြိုးစားနေတာကြောင့် ဒီအခွေနဲ့ ပတ်သက်ပြီး သူ့ကိုမေးကြည့်လိုက်တဲ့အခါ “ရတီ ဒုတိယခွေမှာလဲ အချစ်များစွာ သီချင်းလိုပဲ လူငယ်ဖက် သွားတဲ့ ပုံစံမျိုးလေးတွေ ရွေးထားတယ်။ ဒုတိယအခွေထဲမှာ အသည်းကွဲသီချင်းတွေလဲ ပါတယ်။ အချစ်အတွက်နဲ့ စွန့်စားရဲလားဆိုတဲ့ ကောင်မလေးဖက်က မေးထားတဲ့ပုံစံမျိုးလေးတွေ၊ ကောင်မလေးက အရမ်းအချစ်ကြီးလွန်း လို့နောက်ခါကျရင် နင့်ကို ဂရုမစိုက်တော့ဘူး။ ကိုယ့်ကိုကိုယ်ပဲ အချစ်ကြီးလွန်းလို့ ပြန်ဆုံးမမယ်ဆိုတဲ့ ဟာလေးတွေလဲ ပါပါတယ်။ ခုဒီခွေလေးမှာသီချင်း ၁၂ပုဒ်ဖြစ်မလား၊ ၁၄ ပုဒ်ဖြစ်မလား မသိသေးဘူး။ တေးရေးတွေကတော့ ကိုရွှေဂျော်ဂျော်၊ ကိုဇ၀ါ၊ ကိုမိုးမိုး၊ စိုးလင်း၊ ခင်ဆွေလင်း၊ မိုင်း၊ အငယ်တွေထဲကလည်း အများကြီးပါမယ်။ ကိုယ်တိုင်ရေးက တစ်ပုဒ်ပါမယ်။ title ကတော့ မရွေးရသေးပါဘူး။ featuring တွေလဲ မပါပါဘူး။ တစ်ခွေလုံးကို ညီမတစ်ယောက်တည်းပါပဲ။ ရတီခန့်မှန်းထားတာကတော့ ၁၂လပိုင်းလောက်ပေါ့။”လို့ သူမက ပြောပါတယ်။

တယ်လီနော(မြန်မာ)မှ ကျပ်၁၅၀ဝတန်ဆင်းမ်ကတ်များ စရောင်းချိန်တွင် ဈေးတင်၍ရောင်းသောဆိုင်များကို ရောင်းချခွင့်ပိတ်ပင်သည့်စနစ် ကျင့်သုံးမည်ဟုဆို

တယ်လီနော (မြန်မာ)မှကျပ် ၁၅၀ဝတန်ဆင်းမ် ကတ်များ စတင်ရောင်းချသည့် အ ချိန်တွင် ဈေးကွက် အတွင်းဈေးနှုန်း မြှင့်တင်၍ရောင်းချသည့်အရောင်း ဆိုင်များကို တယ်လီနောဆင်းမ်ကတ် များရောင်းချခွင့်ပိတ်ပင်သည့် စနစ် ဖြင့် ကျင့် သုံးဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။လာမည့်စက်တင်ဘာလအတွင်း ဈေးကွက်အတွင်းဖြန့်ဖြူး ရောင်းချ မည့်ဆင်းမ်ကတ်များကို ဝယ်ယူသုံး စွဲသူများအနေဖြင့်ကျပ် ၁၅၀ဝဖြင့်ဝယ်ယူနိုင်ရန်နှင့်အရောင်းဆိုင်များ တွင် ဈေးနှုန်းမြှင့်မရောင်းချစေရန် ယင်းစနစ်ဖြင့် ထိန်းချုပ်ဆောင်ရွက် သွားရန်ပြင်ဆင်ထားကြောင်း သိရသည်။ တယ်လီနော(မြန်မာ)မှပြော ရေးဆို ခွင့်ရှိသူတစ်ဦးက''တယ်လီ နောကရောင်းတဲ့အခါ ဆင်းမ်ကတ် ကို လုံလုံလောက်လောက် ချထားပေး ဖို့ရှိတယ်။ ဒါကြောင့်ဝယ်သလောက် ရနေမှာမို့လို့ ဈေးပိုပေးပြီး ဝယ်ရ မှာမဟုတ်ဘူး။ ရောင်းတဲ့ဆိုင်တွေက လဲ ဈေးပိုမြှင့်ပြီးရောင်း ရင် တယ်လီ နောဆင်းမ်ကတ်ရောင်းခွင့်မရှိအောင် ပိတ်သွားမယ်''ဟု ပြောသည်။ယင်းအပြင်တယ်လီနော(မြန် မာ)မှဆင်းမ်ကတ်များစတင်ရောင်း ချသည့်အချိန်နှင့် တစ်ပြိုင်နက်တည်း မှာပင် ဖုန်းပြောဆိုခြင်း၊ အင်တာနက် အသုံးပြုခြင်းတို့အပြင် အခြားဝန် ဆောင်မှုများလည်း အသုံးပြုနိုင်ရန် ပြင်ဆင်ထားကြောင်းသိရသည်။

ပြည်ပဥပဒေအတိုင်ပင်ခံများနှင့်ဆွေးနွေးပြီး အပစ်ရပ်မူကြမ်းကို အစိုးရထံပေးပို့မည်


Photo: ပြည်ပဥပဒေအတိုင်ပင်ခံများနှင့်ဆွေးနွေးပြီး အပစ်ရပ်မူကြမ်းကို အစိုးရထံပေးပို့မည်
Thursday, August 7, 2014

ကချင်ပြည်နယ် လိုင်ဇာမြို့၌ ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီး ညီလာခံမှရရှိခဲ့သည့် အပစ်အခတ်ရပ် စဲရေးသဘောတူညီချက်မူကြမ်း ၁၈ ချက်ကို ပြည်ပမှ ဥပဒေအတိုင်ပင်ခံ များနှင့်ဆွေးနွေးကာ အစိုးရထံသို့ပေး ပို့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သဘောတူညီချက်အ ချောကိုအစိုးရထံပေးပို့ပြီး သြဂုတ် ၁၅ရက်ဝန်းကျင်တွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြန်မာငြိမ်းချမ်း ရေးဖော်ဆောင်သူတို့ MPC ၌ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်တချို့ကဆိုသည်။
''လက်နက်ကိုင်အဖွဲ့တွေကတော့ သြဂုတ် ၁၈ ရက်နဲ့ ၂ဝရက်တွေလောက် မှအချိန်ရတယ်ဆိုတော့ အစိုးရဘက် ကျတော့ တခြားအစီအစဉ်တွေ ရှိနေ တယ်။ သြဂုတ် ၁၅၊ ၁၆ရက်လောက် ကြိုးစားပေးပါဆိုတာနဲ့ တချို့ကလဲ ခွန် ဥက္ကာနဲ့ညှိပြီး ချက်ချင်းအကြောင်းပြန် ပေးပါမယ်ဆိုတော့ သြဂုတ် ၁၅၊ ၁၆ ရက်က ဖြစ်နိုင်ခြေရှိပါတယ်။ အဲဒီနေ့ မတိုင်ခင်တော့ လိုင်ဇာမှာသဘောတူ ထားတဲ့အချက်တွေကိုအချောရေးပြီးမှ အစည်းအဝေးအမီပို့ပေးဖို့လဲ အချောထုတ် ပြီးသားဖြစ်ပါလိမ့်မယ်'' ဟု ကချင် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အ ဖွဲ့(PCG)မှ ဦးစန်းအောင်က ပြောသည်။
တတိယအကြိမ်ထိပ်သီးညီလာခံ မှရရှိခဲ့သည့်သဘောတူညီချက် ၁၈ ချက် တွင် မည်သည့်အချက်များပါဝင်သည် ကိုထုတ်ဖော်မပြောနိုင်သော်လည်း ပြည် တွင်းနိုင်ငံရေးအင်အားစုများနှင့် နိုင်ငံ တကာမှလည်း တိုင်းရင်းသားလက်နက် ကိုင်ညီလာခံမှထွက်ပေါ်လာသည့်ရလဒ် များကိုစောင့်ကြည့်ပြီး အပစ်အခတ်ရပ် စဲရေးလက်မှတ်ရေးထိုးရန် အဆုံးအ ဖြတ် ပေးနိုင်တော့မည်ဖြစ်သည်ဟု သိရသည်။

တတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင်ညီလာခံကို ဇူလိုင်၂၄ ရက်မှ ၂၆ရက်အထိကျင်းပခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် ၁၆ဖွဲ့ တက်ရောက် ခဲ့ကြသည်။ အဆိုပါတိုင်းရင်းသားလက် နက်ကိုင်၁၆ဖွဲ့တွင် အစိုးရနှင့် အပစ်ရပ်စဲရေး အတွက် သဘောတူညီချက်လက် မှတ်မရေးထိုးထားသည့် 'ဝ'နှင့်မိုင်းလား လက်နက်ကိုင်များပါ တက်ရောက်ခဲ့ သည်။
ပထမအကြိမ်တိုင်းရင်းသားလက် နက်ကိုင်ညီလာခံကို ၂ဝ၁၃ခုနှစ် အောက် တိုဘာလက ကချင်ပြည်နယ် လိုင်ဇာမြို့ ၌ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို လော် ခီးလာ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
တတိယအကြိမ် ထိပ်သီးညီလာခံ ၌ဆွေးနွေးခဲ့ကြသည့် အပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက်မူကြမ်းအား လေ့ လာခြင်းအားဖြင့် တစ်နိုင်ငံလုံးရှိတိုင်း ရင်းသားလက်နက်ကိုင်များနှင့် အစိုးရ တို့ မကြာခင်လက်မှတ်ရေးထိုးနိုင်တော့ မည် ဖြစ်ကြောင်း ညီလာခံတွင်လေ့လာ စောင့်ကြည့်သူအဖြစ် ပါဝင်ခဲ့သူများ က သုံးသပ်ပြောဆိုကြသည်။

ဝင့်သဉ္ဇာကျော် (မြစ်မခ) - ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၀)။
Yangon Media Group
ကချင်ပြည်နယ် လိုင်ဇာမြို့၌ ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီး ညီလာခံမှရရှိခဲ့သည့် အပစ်အခတ်ရပ် စဲရေးသဘောတူညီချက်မူကြမ်း ၁၈ ချက်ကို ပြည်ပမှ ဥပဒေအတိုင်ပင်ခံ များနှင့်ဆွေးနွေးကာ အစိုးရထံသို့ပေး ပို့မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ သဘောတူညီချက်အ ချောကိုအစိုးရထံပေးပို့ပြီး သြဂုတ် ၁၅ရက်ဝန်းကျင်တွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြန်မာငြိမ်းချမ်း ရေးဖော်ဆောင်သူတို့ MPC ၌ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်တချို့ကဆိုသည်။

ခြေထောက်တွင် ဗုဒ္ဓရုပ်ပုံ တက်တူးထိုးထားသည့် ကနေဒါပါမောက္ခကို မြန်မာနိုင်ငံမှ ပြန်ထွက်ခိုင်းခဲ့

Photo: ခြေထောက်တွင် ဗုဒ္ဓရုပ်ပုံ တက်တူးထိုးထားသည့်
ကနေဒါပါမောက္ခကို မြန်မာနိုင်ငံမှ ပြန်ထွက်ခိုင်းခဲ့
Thursday, August 7, 2014

အွန်လိုင်းစာမျက်နှာပေါ် တွင် ပျံ့နှံ့ခဲ့သော ခြေထောက်တွင် ဗုဒ္ဓရုပ်ပွားတော်ပုံ ဆေးမင်ရေးထိုး ထားသည့် ကနေဒါနိုင်ငံသားက ယင်း သို့ ဆေးမင်ထိုးရခြင်းမှာ ဗုဒ္ဓဘာသာ ကို ယုံကြည်သက်ဝင်၍ဖြစ်သည်ဟု ဘန်ကောက်ပို့စ်၏ ဖုန်းဖြင့်တစ်ဆင့် မေးမြန်းမှုကို ဖြေကြားခဲ့သည်ဟုသိရ သည်။
ဂျာဆန်ပိုလီအမည်ရှိ ကနေဒါ နိုင်ငံသားသည် ဟောင်ကောင်ဘက် တစ်တက္ကသိုလ်၌ အင်္ဂလိပ်စာဘာသာ သင်ကြားနေသော ပါမောက္ခ တစ်ဦး ဖြစ်သည် ဟုသိရပြီး မဟာယာနဗုဒ္ဓ ဘာသာဝင်တစ်ဦးဖြစ်သည်ဟု သိရ သည်။ ဖုန်းဖြင့် အင်တာဗျူးပြုလုပ် ရာတွင် ဂျာဆန်ပိုလီက ၄င်းတည်းခို ရာနေရာ ရန်ကုန်ရှိ အင်းလျားလိတ် ဟိုတယ်သို့ စနေနေ့ညတွင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းမှ အစိုးရအရာရှိ ၁၅ဦးခန့် ပြီးခဲ့သော စနေနေ့ညက ရောက်ရှိခဲ့ပြီး ၄င်းအား ဖမ်းဆီးထိန်းသိမ်းခဲ့သည် ဟုဆိုသည်။
ထို့နောက် အရာရှိများက ၄င်းအား ခြေထောက်တွင် ဗုဒ္ဓရုပ်ပုံရေး ထိုးရသည့်အကြောင်းရင်းကိုမေးမြန်းခဲ့ပြီး ဗုဒ္ဓဘာသာကို ယုံကြည်သူမှန်း သိရှိ သောအခါ ကောင်းမွန်စွာဆက်ဆံပြောဆိုလာသည်ဟုဆိုသည်။
အင်္ဂါနေ့တွင် ဖုန်းမှတစ်ဆင့် ဂျာဆန်ပိုလီက မြန်မာအစိုးရအရာရှိများသည် ၄င်း၏တက်တူး ဓာတ်ပုံသည် အင်တာနက်တွင်ပျံ့နှံ့နေကြောင်းနှင့် ၄င်းတက်တူးကြောင့် ဘေး အန္တရာယ်ဖြစ်နိုင်ကြောင်းပြောကြားခဲ့ပြီး ဗုဒ္ဓဘာသာတွင် ဂိုဏ်းများကွဲပြားမှု ရှိကာ ခြေထောက်တွင် ဗုဒ္ဓပုံရေးထိုးခြင်းက ဗုဒ္ဓဘာသာဝင်ဒေသခံများအတွက် မသန့်ရှင်း နိမ့်ကျသောနေရာ တွင် ဆေးမင်ထိုးခြင်းကြောင့် ဘာသာရေးစော်ကား ရာရောက်ပြီး ဒေသခံများက အန္တရာယ်ပြုနိုင်သည်ဟုရှင်းပြကြောင်း ဖြေကြား ခဲ့သည်။
ထို့နောက် အရာရှိခြောက်ဦးသည် ၄င်းခြေထောက်မှ ဆေးမင်ပုံကို အ ကြိမ်ကြိမ်ဓာတ်ပုံရိုက်ကူးယူကြပြီး တနင်္ဂနွေနေ့မနက်တိုင်အောင် ဟိုတယ်ပြင်ပ ထွက်ခွာခြင်းမပြုရန်မှာ ကြားခဲ့သည်ဟုဆိုသည်။ သို့သော် တစ်နာရီခန့်ကြာပြီး နောက် မြန်မာအစိုးရ အရာရှိများသည် ပိုလီနှင့်ဟောင်ကောင်မှ ၄င်း၏ချစ်သူတို့ အတွက် အထုပ်အပိုးပြင်ဆင်ချိန် ၂ နာရီပေးပြီးနောက် လေဆိပ်သို့ခေါ်ဆောင် ခဲ့ကြသည်ဟုဆိုသည်။
ပိုလီက မြန်မာအစိုးရအရာရှိအချို့က ၄င်းကို မြန်မာနိုင်ငံမှ ထွက်ခွာခိုင်းခြင်းသည် ၄င်း၏လုံခြုံရေးအတွက် ဖြစ်သည်ဟု ရှင်းပြကြောင်းနှင့် အစိုးရအရာရှိများထဲတွင် တစ်ဦးမှာ ၄င်းကို ရိုင်းပျစွာဆက်ဆံ၍ မကျေနပ်ကြောင်း တို့ကိုလည်း ဖုန်းမှဖြေကြားခဲ့သည်ဟုသိရသည်။
မြန်မာနိုင်ငံမှ ဘာသာရေးအရ သင့်လျော်မှုမရှိ သောတက်တူးကြောင့် ပြန်လည် ထွက်ခွာစေခဲ့သော ကနေဒါပါမောက္ခ ရာဆန်ပိုလီသည် ဘန်ကောက်တွင် ရောက်ရှိနေပြီး ၄င်း၏ ကျန်ရှိနေသောအားလပ်ရက် ၂၃ ရက်ကို ထိုင်းနှင့်လာအို တို့တွင် ကုန်ဆုံးမည်ဟုဖြေကြားခဲ့ကြောင်း သိရသည်။
Yangon Media Groupအွန်လိုင်းစာမျက်နှာပေါ် တွင် ပျံ့နှံ့ခဲ့သော ခြေထောက်တွင် ဗုဒ္ဓရုပ်ပွားတော်ပုံ ဆေးမင်ရေးထိုး ထားသည့် ကနေဒါနိုင်ငံသားက ယင်း သို့ ဆေးမင်ထိုးရခြင်းမှာ ဗုဒ္ဓဘာသာ ကို ယုံကြည်သက်ဝင်၍ဖြစ်သည်ဟု ဘန်ကောက်ပို့စ်၏ ဖုန်းဖြင့်တစ်ဆင့် မေးမြန်းမှုကို ဖြေကြားခဲ့သည်ဟုသိရ သည်။ဂျာဆန်ပိုလီအမည်ရှိ ကနေဒါ နိုင်ငံသားသည် ဟောင်ကောင်ဘက် တစ်တက္ကသိုလ်၌ အင်္ဂလိပ်စာဘာသာ သင်ကြားနေသော ပါမောက္ခ တစ်ဦး ဖြစ်သည် ဟုသိရပြီး မဟာယာနဗုဒ္ဓ ဘာသာဝင်တစ်ဦးဖြစ်သည်ဟု သိရ သည်။ ဖုန်းဖြင့် အင်တာဗျူးပြုလုပ် ရာတွင် ဂျာဆန်ပိုလီက ၄င်းတည်းခို ရာနေရာ ရန်ကုန်ရှိ အင်းလျားလိတ် ဟိုတယ်သို့ စနေနေ့ညတွင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းမှ အစိုးရအရာရှိ ၁၅ဦးခန့် ပြီးခဲ့သော စနေနေ့ညက ရောက်ရှိခဲ့ပြီး ၄င်းအား ဖမ်းဆီးထိန်းသိမ်းခဲ့သည် ဟုဆိုသည်။
ထို့နောက် အရာရှိများက ၄င်းအား ခြေထောက်တွင် ဗုဒ္ဓရုပ်ပုံရေး ထိုးရသည့်အကြောင်းရင်းကိုမေးမြန်းခဲ့ပြီး ဗုဒ္ဓဘာသာကို ယုံကြည်သူမှန်း သိရှိ သောအခါ ကောင်းမွန်စွာဆက်ဆံပြောဆိုလာသည်ဟုဆိုသည်။

ပီအာရ်စနစ်အတွက် ကကွက်ဆန်းများ မြင်တွေ့ရခြင်း


 ပြည်သူ့လွှတ်တော်တွင် ဇူလိုင် ၃၁ ရက်က ‘ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်’ကို ဖွဲ့စည်းကာ ပီအာရ်မီးကို ခေတ္တငြှိမ်းသတ်လိုက်လေသည်။ ယခုတစ်ကြိမ်ကျင်းပသည့် လွှတ်တော်အစည်းအဝေးများ၏ နောက်ဆုံးရက်များတွင် ပီအာရ်စနစ်နှင့်ပတ်သက်၍ ငြင်းခုံမှုများဖြင့် ဇာတ်ရှိန်မြင့်ခဲ့ပြီး လှုပ်လှုပ်ရှားရှားဖြစ်ခဲ့သည်။ မည်သို့သော ရည်ရွယ်ချက်များကြောင့်ရယ်မသိ။ လာမည့်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် ပီအာရ်ကို ကျင့်သုံးရန် အမျိုးသားဒီမိုကရေစီအင်အားစု (NDF)ပါတီက စတင်အဆိုတင်ခဲ့သည်။ ထိုမီးကို ဆက်ကာဆက်ကာ လောင်ကျွမ်းနေစေရန် ပြည်ခိုင်ဖြိုးပါတီက ထောက်ခံမဲလောင်စာများ ထပ်ထိုးပေးခဲ့သည်။

အင်းတကော် လူသေမှု အမှုမှန် ပေါ်နိုင်ပါ့မလား


Photo: အင်းတကော် လူသေမှု အမှုမှန် ပေါ်နိုင်ပါ့မလား
Wednesday, August 6, 2014

ပဲခူးတိုင်း အင်းတကော်မြို့က ယာဉ်တိုက်သေဆုံးမှု တခုမှာ အဓိက တာဝန်ရှိတဲ့ ယာဉ်ထိန်းရဲတွေကို အမှုဖွင့်ဖို့ ကြိုးစားနေတဲ့ သေ ဆုံး သူရဲ့ မိခင်ကို ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေက ဖိအားပေး ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ ကာယကံရှင် မိသားစုက ပြောပါတယ်။

သေဆုံးသူရဲ့မိခင်ဖြစ်သူ ဒေါ်ဝင်းကြည်က သားဖြစ်သူသေဆုံးမှုဟာ သာမန်မဟုတ်ဘဲ ယာဉ်ထိန်းရဲ တပ်ဖွဲ့တွေရဲ့ ဥပဒေမဲ့ အကြမ်း ဖက် ဖမ်းဆီးမှုကြောင့် သေဆုံးရတာ ဖြစ်တယ်ဆိုပြီး အင်းတကော် ရဲစခန်းမှာ အမှုဖွင့်ဖို့ ကြိုးစားပေမယ့် ရဲစခန်းက အမှုဖွင့် မပေး ဘဲ အချိန်ဆွဲထားတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

ယာဉ်တိုက်မှုမှာ သေဆုံးသွားတဲ့ သားဖြစ်သူအတွက် မိခင်ဖြစ်သူနဲ့မိသားစုက ဒီကိစ္စကို အမှုမှန် ဖော်ထုတ်ပြီး အရေးယူဆောင်ရွက် စေလိုတယ်လို့ မြို့ခံတွေကလည်း ပြောဆိုကြပါတယ်။ သေဆုံးသူ ကိုမင်းမင်းငယ်မှာ ဇနီးနဲ့ ကလေးသုံးဦး ကျန်ခဲ့ပြီး ဆင်းရဲချို့တဲ့ ကြတယ်လို့ သိရပါတယ်။

အင်းတကော် ရဲစခန်းမှာ အမှုဖွင့်ခွင့် မရရှိတဲ့နောက် မိခင်ဖြစ်သူက အဖြစ်မှန် ပေါ်ပေါက်ရေး အတွက် မျှတတဲ့ တရားစီရင်ရေးနဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ နိုင်ငံတော် သမ္မတရုံး အပါအဝင် ဌာနဆိုင်ရာ ရုံးတွေကို တိုင်တန်းစာတွေ ပေးပို့ခဲ့ပြီး တပတ်အကြာမှာဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေရဲ့ ငွေပေးချဉ်းကပ်မှု၊ ခြိမ်းခြောက် ဖိအားပေးမှုတွေ ကြုံတွေ့လာရတယ်လို့ ပြောပါတယ်။

သေဆုံးသူ ကိုမင်းမင်းငယ်ရဲ့ မိခင်ဖြစ်သူ ဒေါ်ဝင်းကြည်က“အမှုဖွင့် မပေးလို့ နေပြည်တော်အထိ စာပို့တိုင်တော့ ကျမတို့ကို ရဲတွေကိုယ်တိုင်က ငွေပေးစည်းရုံးတယ်။ မရတော့ ခြိမ်းခြောက်တယ်။ ကျမသားအတွက် သူတို့ပေးတဲ့ လျော်ကြေးကိုလည်း မယူဘူး။ အမှုမှန်ပေါ်တဲ့ အထိ ကြိုးစားမှာပဲ။ တခြားလူတွေကို ဒီလိုဆက်လုပ်နေရင် ဘယ်နှယ့်လုပ်မလဲ။ ကျမသားသေလို့ သူတို့ကို နာစေ ဆိုတဲ့စိတ်နဲ့ မဟုတ်ပါဘူး။ ဒီလို တရားလက်လွတ် လုပ်တာကို ဥပဒေက တရားသဖြင့် ဆောင်ရွက်ပေးဖို့ပါ”လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ကိုမင်းမင်းငယ်ဟာ ရေမြောင်းတွေမှာ ပြွန်ချတဲ့ အလုပ်လုပ်ကိုင်သူဖြစ်ပြီး အခင်းဖြစ်ပွားခဲ့တဲ့ ဇွန်လ ၈ ရက် မနက် ပိုင်း က မိုးရွာလို့ အလုပ်မဖြစ်တာနဲ့ ပဲခူး-ရန်ကုန် ကားလမ်းမကြီး အတိုင်း လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ကိုမျက်ပြူးနဲ့ အတူ ဆိုင်ကယ် စီးပြီး အင်းတကော်ကို ပြန်လာခဲ့ကြတယ်လို့ သိရပါတယ်။

၎င်းတို့စီးလာတဲ့ ဆိုင်ကယ် အင်းတကော်မြို့ ရဲစခန်းရှေ့ အရောက်မှာ အသင့်စောင့်နေတဲ့ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တွေထဲက တပ်ဖွဲ့ဝင်တဦးက ဆိုင်ကယ်ဦးထုပ်နဲ့ ထွက်ရိုက်ပြီး ဖမ်းဆီးဖို့ ကြိုးစားရာမှာ ဆိုင်ကယ်မောင်းနေတဲ့ ကိုမင်းမင်းငယ်က တိမ်းရှောင်ဖို့ ကြိုးစားရင်း လမ်းရဲ့ ဆန့်ကျင်ဘက် အခြမ်းမှာ ရပ်ထားတဲ့ ၁၂ ဘီးကားကို ဝင်တိုက်မိတာကြောင့် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ရ တယ်လို့ ကာယကံရှင် မိသားစုနဲ့ မျက်မြင်တချို့က ပြောဆိုပါတယ်။

အခင်းဖြစ်စဉ်မှာ သေဆုံးသူ ကိုမင်းမင်းငယ်ရဲ့ ဆိုင်ကယ်နောက်မှာ လိုက်ပါစီးနင်းတဲ့ ကိုမျက်ပြူးက ဒဏ်ရာပဲရခဲ့ပြီး ဖြစ်စဉ်တခု လုံး ကို တွေ့မြင်ခဲ့သူလို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ကိုမျက်ပြူးကို ဆေးကုသ စရိတ်အဖြစ် အင်းတကော် ရဲတပ်ဖွဲ့က ကျပ် ၇ သိန်း ပေး စည်းရုံးသွားတယ်လို့ သေဆုံးသူ ကိုမင်းမင်းငယ်ရဲ့ အစ်ကိုဖြစ်သူ ကိုမင်းမင်းလတ်က စွပ်စွဲပြောဆိုပါတယ်။

“ဒီအမှုမှာ အရေးအကြီးဆုံး မျက်မြင်သက်သေ မျက်ပြူးက ဟိုဘက်ကပေးတဲ့ ပိုက်ဆံ ၇ သိန်းကို လက်ခံလိုက်ပြီ။ အခု ဖြစ်ရပ်မှန် ကို ကျနော်တို့ ဘယ်လိုလုပ် အားကိုးရတော့မလဲ”လို့ သူက ဆိုပါတယ်။

အခင်းဖြစ်ပွားပြီး နောက်တနေ့မှာ ကာယကံရှင် မိသားစုတွေက ယာဉ်ထိန်းရဲတွေကို အမှုဖွင့်ဖို့ ကြိုးစားခဲ့တာကို အင်းတကော် ရဲစခန်းက လက်မခံခဲ့တဲ့အတွက် ကာယကံရှင် မိသားစုက အမှုမှန် ပေါ်ပေါက်ရေးနဲ့ တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော် သမ္မတရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဌာနတွေကို တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။

ဇူလိုင်လဆန်းပိုင်းက အင်းတကော် ရဲစခန်းက ဒုရဲအုပ် သန်းစိုးနဲ့ ပုဂ္ဂိုလ်တဦးက အရပ်ဝတ်တွေ ဝတ်လာပြီး ရာအိမ်မှူးဟောင်း ဦးတင်အေးကို ခေါ်ကာ သေဆုံးသူအတွက် တိုင်ကြားမှုတွေ ဆက်လက် မလုပ်ဆောင်ဖို့နဲ့ တိုင်တန်းထားတာတွေကို ရုတ်သိမ်းပေး ဖို့ ကျပ် ၁၅ သိန်းနဲ့ လာရောက် ညှိနှိုင်းခဲ့တယ်လို့ ဒေါ်ဝင်းကြည်က ပြောပါတယ်။

“သူတို့က ဒီ ၁၅ သိန်းကိုယူ လက်မှတ်ကို ထိုးပေးပါလို့ ပြောတယ်။ ဒီလက်မှတ်က ဘာအတွက် ထိုးပေးရမလဲ မေးတော့ ကျမတိုင်ကြားထားတာတွေကို ပြန်လည်ပြီး ရုပ်သိမ်းပေးဖို့ အဲဒီလိုပြောတယ်။ ကျမက ဒါမဖြစ်နိုင်ဘူး။ ၁၅ သိန်းကိုလည်း မလိုချင်ဘူးဆိုပြီး ငြင်းတယ်။ အတင်းငြင်းဆန်တဲ့ အခါမှာ ကျမကို ဟောက်လား ဟန်းလားလုပ်တော့ ကျမသား မင်းမင်းလတ်နဲ့ ကျမ ချွေးမဟာ အဲဒီ ညတွင်းချင်းပဲ အုပ်ချုပ်ရေးမှူး အိမ်ကိုပြေးပြီး တိုင်ကြားလိုက်ရတယ်”လို့လည်း ဒေါ်ဝင်းကြည်က ပြောဆိုပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ ဇွန်လထဲမှာလည်း ရာအိမ်မှူးဟောင်း ဦးတင်အေးက တဆင့် ကျပ် ၈ သိန်းနဲ့ ကျေအေးပေးဖို့ စတင် ပြောဆိုခဲ့ တာကို လက်မခံခဲ့တဲ့ အတွက် ၁၀ သိန်း အထိ တိုးမြှင့်ပေးခဲ့ပြီး အင်းတကော် ရဲတပ်ဖွဲ့က ထပ်မံ ညှိနှိုင်းတာကို ကာယကံရှင် မိသားစုက လက်မခံတဲ့အတွက် ခြိမ်းခြောက်မှု ခံခဲ့ရတယ်လို့ ဒေါ်ဝင်းကြည်က ရှင်းပြပါတယ်။

အင်းတကော် ရဲစခန်းမှ ဒုရဲအုပ် သန်းစိုးက သေဆုံးသူ မိသားစုတွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ငြင်းဆန် ခဲ့ပါတယ်။ သူ့အနေနဲ့ ဒီဖြစ်စဉ်အပေါ် ကျပ် ၁၅ သိန်း ပေးပြီး ညှိနှိုင်းမှု မလုပ်ခဲ့သလို၊ ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်ခဲ့တာ မရှိဘူးလို့ ဧရာဝတီ ကို ပြောပါတယ်။

ငွေပေးညှိနှိုင်းတယ် ဆိုတာနဲ့ ပတ်သက်ပြီး“သူတို့ အလကား လျှောက်ပြောနေတာ” လို့ တုံ့ပြန်ပြီး ခြိမ်းခြောက်တယ် ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး“မဟုတ်ပါဘူး အဲဒါတွေက ဒီခေတ်ထဲမှာ ခြိမ်းခြောက်လို့လည်း မရဘူးလေ” လို့ ဒုရဲအုပ် သန်းစိုးက ပြောပါတယ်။

ဒေါ်ဝင်းကြည်ကတော့ အခင်းဖြစ်ပွားပြီးနောက် ဇူလိုင် ၁၆ ရက်၊ ၁၇ ရက်မှာ ပဲခူးမြို့မ ရဲစခန်းက သေဆုံးသူဖြစ်စဉ်နဲ့ ပတ်သက်ပြီး ၎င်းတို့ မိသားစုကို စစ်ဆေး မေးမြန်းမှုတွေလုပ်ဖို့ ခေါင်းစဉ်တပ်ခေါ်ယူခဲ့ပြီး ရဲအရာရှိတွေရဲ့ ကြိမ်းမောင်း ပြောဆိုမှုတွေကို ခံခဲ့ရ တယ် လို့ ဆိုပါတယ်။

“ခင်ဗျား ဒီအမှုကို ရှေ့တိုးမှာလား၊ နောက်ဆုတ်မှာလားလို့ မေးတယ်။ ကျမက ရှေ့တိုးမယ်လို့ ပြောလိုက်တော့ ခင်ဗျားအဖြစ်က သားလည်းသေ၊ မအေလည်း လီဆယ်မှုနဲ့ ထောင်ကျဦးမယ်ပေါ့။ တကယ်ဆိုလို့ရှိရင် ခင်ဗျားသားက ဦးထုပ်သာ ဆောင်းခဲ့ရင် ဒီလို အဖြစ်မျိုးနဲ့ ကြုံစရာ အကြောင်းမရှိဘူး၊ ကျနော်တို့ ရဲတွေဟာ တာဝန်အရ အလုပ်လုပ်နေတာ၊ အလကား အလုပ်လုပ်နေတာ မဟုတ်ဘူးပေါ့၊ အဲဒီလိုပြောတယ်”လို့ ရဲအရာရှိရဲ့ပြောဆိုချက်တွေကို ကိုးကားပြီး သူက ပြန်ပြောပြပါတယ်။

ဒေါ်ဝင်းကြည်က ဆက်လက်ပြီး“တာဝန်အရ အလုပ်လုပ်တယ်ဆိုလို့ရှိရင် ကျမသားကို ဦးထုပ်မပါရင်ဖမ်း၊ ဦးထုပ်မဆောင်းတဲ့ အတွက် ဒဏ်ရိုက်ပေါ့၊ အခုတော့ မမိ၊ မိတဲ့နည်းနဲ့ ရိုက်ချလိုက်လို့ ကျမသား သေရတာတာဟာ ရှင်တို့လုပ်ရပ်လို့ ပြောတော့ ဒါမပြောနဲ့ တရားမဝင်ဘူးလို့ ပြောတယ်။ ခင်ဗျားကိစ္စက တရားမဝင်လို့ ကျုပ်တို့က အရေးမယူ ပေးတာလို့လည်း ပြောတယ်။ နောက်ဆုံး ကျမကို အမှုစစ်တဲ့အကြောင်း လက်မှတ်ထိုးဆိုပြီး ထိုးခိုင်းတယ်။ ကျမကလည်း ဒါကျမကို အမှုစစ်တာမဟုတ်ဘူး။ ခြိမ်းခြောက်တာ ဖြစ်နေတဲ့ အတွက် လက်မှတ် မထိုးနိုင်ဘူးလို့ ပြောခဲ့တယ်”လို့ ပြောဆိုပါတယ်။

ဒုရဲအုပ် သန်းစိုးက“သူတို့ ဘာလို့ အမှုဖွင့်ခွင့် မရလဲဆိုတော့ အမှုက ဖွင့်ထားပြီးပြီလေ။ လိုအပ်တဲ့ သက်သေတွေ အကုန်လုံး ခေါ်စစ်ပြီးနေပြီ။ သူတို့ဟာသူတို့ အရက်မှုးပြီး မောင်းလာပြီးတော့ ကားကို ဝင်တိုက်တာ”လို့ ဆိုပါတယ်။

အင်းတကော် ရဲစခန်းက ကိုမင်းမင်းငယ် သေဆုံးမှုဟာ ယာဉ်ထိန်းရဲတွေနဲ့ ပတ်သက်မှု မရှိကြောင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ယာဉ် ထိန်း ရဲတွေကို ခေါ်ယူစစ်ဆေးတာ မရှိကြောင်း ဖြစ်စဉ်အပေါ် ယာဉ်မတော်တဆမှု ပုဒ်မ ၃၀၄ (က)နဲ့ပဲ ဖွင့်လှစ် ဆောင်ရွက် ထား တယ်လို့ ဒီအမှုကို ကိုင်တွယ် စစ်ဆေးနေတဲ့ အမှုစစ် ဒု ရဲအုပ်ထင်ကျော်ကလည်း ပြောပါတယ်။

ဒုရဲအုပ် ထင်ကျော်က“ဒီကိစ္စကို ကျနော်တို့က မတော်တဆ သေဆုံးမှုနဲ့ ဆောင်ရွက်ထားတယ်။ လူတဦး တယောက်ရဲ့ ပေါ့ဆမှုကြောင့် မတော်တဆ ယာဉ်တိုက်ပြီး သေတာပေါ့”လို့ အရေးယူ ဆောင်ရွက်ထားတဲ့ ပုဒ်မနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာအနီးမှာရှိတဲ့ ဈေးဆိုင်ရှင် တဦးကတော့ ဒီဖြစ်စဉ်မှာ ယာဉ်ထိန်းရဲရော သေဆုံးသူရော အမှားတွေ လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ ကိုမင်းမင်းငယ်နဲ့ သူငယ်ချင်း ဖြစ်သူတို့ဟာ ဦးထုပ် မဆောင်းထားသလို ယာဉ်ထိန်းရဲ ထွက် တားဆီးတာကို မောင်းပြေးဖို့ ကြိုးစားခဲ့ကြောင်း ယာဉ်ထိန်းရဲကလည်း ပုန်းလျှိုစောင့်ဆိုင်းနေပြီး ထွက်တားတာကို ရပ်မပေး တဲ့ အတွက် ဆိုင်ကယ်ဦးထုပ်နဲ့ လွှဲရိုက်ခဲ့တာလို့ ပြောပါတယ်။

“အဲဒီနေ့က မော်တော်ပီကယ်တွေက အင်းတကော် ရဲစခန်းနားလေးမှာ ဆိုင်ကယ်တွေ ဖမ်းနေတာ ဆိုင်ထဲကနေ မြင်နေရတယ်ဗျ။ ဟိုသေသွားတဲ့ ကောင်လေးက ရပ်မပေးလို့ မော်တော်ပီကယ်ကလည်း ထုံးစံအတိုင်း အကြမ်းနည်းသုံးပြီး လုပ်လိုက်တာ။ ကောင် လေး က ဟန်ချက်ပျက်ပြီး တဖက်ကားလမ်းမှာ ရပ်ထားတဲ့ ၁၂ ဘီးကားကြီးကို သွားပြီး ဝင်ဆောင့်တာ။ ဆိုင်ကယ်နောက်မှာ စီး လိုက်လာတဲ့ ကောင်လေးကတော့ မော်တော်ပီကယ် လှမ်းရိုက်လိုက်လို့ ဆိုင်ကယ် ဟန်ချက်ပျက်သွားကတည်းက ကားစီ မရောက် ခင် ပြုတ်ကျသွားတာ”လို့ အဲဒီ ဆိုင်ရှင် က ရှင်းပြပါတယ်။

အင်းတကော်မြို့ပေါ် ဆိုင်ကယ် အသုံးပြုနေသူတွေထဲမှာ အထူးသဖြင့် လူငယ်ပိုင်းတွေက ဆိုင်ကယ် ဦးထုပ် မဆောင်းတာ၊ နောက်ကြည့်မှန် မထည့်တာ၊ သုံးယောက်တွဲ စီးတာတွေ လုပ်တာတွေကို နေ့စဉ်လို တွေ့မြင်နေရပြီး ဖမ်းဆီးတဲ့ ယာဉ်ထိန်းရဲတွေကလည်း အကြမ်းဖက် ဖမ်းနေတာတွေကို မကြာခဏ တွေ့မြင်နေရကြောင်းလည်း သူက ပြောပါတယ်။

“မော်တော်ပီကယ်တွေ ဖမ်းနေတဲ့ နေရာက ရဲစခန်းနားလေးမှာ ကျနော်တို့ဆိုင်နဲ့ မလှမ်းမကမ်းမှာပဲ။ သူတို့ အမြဲတမ်း လုပ်တာက အကွယ်တခုမှာ ပုန်းချောင်းမယ်၊ အနီးရောက်မှ ဆိုင်ကယ်ကို ထွက်တားတယ်။ မရပ်ပေးရင် ဦးထုပ်တို့၊ တုတ်တို့နဲ့ လှမ်းရိုက်တယ်၊ ပစ်တယ် အဲဒီလိုလုပ်တာ။ ဒီက ကလေးတွေကလည်း ဆိုးတယ်။ ပဲခူးမြို့ပေါ်သွားတဲ့လူ မဟုတ်ရင် အများစုက ဦးထုပ် မဆောင်းကြဘူး။ သူတို့ဖမ်းတဲ့ နေ့တွေဆိုရင် ဘယ်ဆိုင်ကယ်ထိတော့မလဲ ရင်တထိတ်ထိတ် ကြည့်နေရတာ”လို့ ဈေးဆိုင်ရှင်က ဆက်ပြော ပါတယ်။

အခင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး နေပြည်တော် ပြည်ထဲရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂၄ ရက်မှာကွင်းဆင်းပြီး သေမှုသေခင်းပုံစံ သရုပ်ပြ ရုပ်သံမှတ်တမ်းတွေ လာရောက် ယူဆောင်ခဲ့ပေမယ့် ကာယကံရှင်နဲ့ မျက်မြင်တွေကို မမေးဘဲ အင်းတကော် ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုပ်သွားတယ်ဆိုပြီး မြို့ခံတချို့က မကျေမနပ် ဖြစ်နေတယ်လို့ သိရပါတယ်။

အင်းတကော်မြို့ခံ ကိုသက်ထွန်းဦးက“ရဲအချင်းချင်း သရုပ်ပြ မှတ်တမ်းတင်တယ်။ ကျနော်တို့ ဒီဘက်က ခံစားရတဲ့ လူဘက်ကြ တော့ အခုချိန်ထိ ဘာမှ စုံစမ်းခြင်း မေးမြန်းခြင်း မလုပ်ဘူးဗျ။ ကာယကံရှင် မိသားစုက ဒါကို တရားဥပဒေ စိုးမိုးဖို့ လိုလားတယ်။ ဒီ ဥစ္စာက လုပ်ပိုင်ခွင့်ရှိတဲ့ ရဲတွေကိုယ်တိုင်က အကြီးအကျယ်ကာကွယ်နေတော့ ဒီကိစ္စ ပေါ့သေးသေးတော့ တွက်လို့မရဘူး”လို့ ပြော ပါတယ်။

သေဆုံးသူရဲ့ မိခင်ဒေါ်ဝင်းကြည်က“ကျမကတော့ နောက်မဆုတ်ဘူး။ အမှန်တရားနဲ့ ပတ်သက်လာရင် အသေခံသွားမယ်လို့ သန္နိဌာန် ချထားတယ်။ အခုကိစ္စက ကျမ သားတယောက်အတွက် ကျမ ရင်ဆိုင်နေတာ မဟုတ်ဘူး။ ကျမ သားကဲ့သို့ နောက်လူတွေ ဒီလိုမျိုး ခံစားရမှာစိုးလို့”ဆိုပြီး ပြောဆိုပါတယ်။     ။
burma.irrawaddy.org 
ပဲခူးတိုင်း အင်းတကော်မြို့က ယာဉ်တိုက်သေဆုံးမှု တခုမှာ အဓိက တာဝန်ရှိတဲ့ ယာဉ်ထိန်းရဲတွေကို အမှုဖွင့်ဖို့ ကြိုးစားနေတဲ့ သေ ဆုံး သူရဲ့ မိခင်ကို ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေက ဖိအားပေး ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ ကာယကံရှင် မိသားစုက ပြောပါတယ်။
  သေဆုံးသူရဲ့မိခင်ဖြစ်သူ ဒေါ်ဝင်းကြည်က သားဖြစ်သူသေဆုံးမှုဟာ သာမန်မဟုတ်ဘဲ ယာဉ်ထိန်းရဲ တပ်ဖွဲ့တွေရဲ့ ဥပဒေမဲ့ အကြမ်း ဖက် ဖမ်းဆီးမှုကြောင့် သေဆုံးရတာ ဖြစ်တယ်ဆိုပြီး အင်းတကော် ရဲစခန်းမှာ အမှုဖွင့်ဖို့ ကြိုးစားပေမယ့် ရဲစခန်းက အမှုဖွင့် မပေး ဘဲ အချိန်ဆွဲထားတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

ပြန်ကြားရေးဝန်ကြီးသစ်လက်ထက်MRTV မှထုတ်လွှင့်ပြသမှု ကျင့်ဝတ်နဲ့ ညီ မညီ မေးခွန်းထုတ်စရာဖြစ်

Photo: ပြန်ကြားရေးဝန်ကြီးသစ်လက်ထက်MRTV မှထုတ်လွှင့်ပြသမှု ကျင့်ဝတ်နဲ့ ညီ မညီ မေးခွန်းထုတ်စရာဖြစ်
Wednesday, August 6, 2014

ပြန်ကြားရေး  ၀န်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းက စာနယ်ဇင်း ကျင့်ဝတ်ပါ အချက် များကို  မြန်မာနိုင်ငံ  စာနယ်ဇင်း ကောင်စီက လေးစားလိုက်နာပြီး သတင်းများရေးသားဖော်ပြလျက် ရှိကြောင်း နိုင်ငံပိုင်သတင်းစာ၌ ယခုလ ၅ ရက်တွင် ဖော်ပြထား သည်။

သတင်းနှင့်စာနယ်ဇင်းလုပ် ငန်းကကျင့်ဝတ်နှင့်အညီ ရေးသား ဖော်ပြနေသည်ဆိုသော်လည်း ပြန်ကြားရေးဝန်ကြီးဌာနလက် အောက်ရှိ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားမှ  ယခုလ ၅ ရက် ည ၈နာရီတွင်ထုတ်လွှင့်ခဲ့သော နိုင်ငံ တကာ သတင်းတစ်ပုဒ်သည် မီဒီ ယာကျင့်ဝတ် (သို့) ရုပ်သံလွှင့် ကျင့်ဝတ်နှင့် ညီ၊မညီ ဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်လာကြောင်း အယ်ဒီတာတစ်ဦးကပြောသည်။

မြန်မာ့အသံမှာ ထုတ်လွှင့်ခဲ့ သည့် သတင်းတစ်ပုဒ်တွင် နိုင်ဂျီး ရီးယားနိုင်ငံမှ ဘိုကိုဟာရမ် စစ် သွေးကြွသူပုန်များကို နိုင်ဂျီးရီး ယားစစ်သားများက ရက်ရက်စက် စက် လည်လှီးသတ်ဖြတ်နေပုံကို သတင်းအနေဖြင့် တင်ပြသွားခဲ့ သောကြောင့် မေးခွန်းထုတ်စရာ ဖြစ်ကြောင်း ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

““ရုပ်မြင်သံကြားဆိုတာ အရွယ်မျိုးစုံနဲ့မိသားစုတွေကြည့် ကြတာပါ။ အခု မြန်မာ့အသံက ပြတဲ့သတင်းမှာ နိုင်ဂျီးရီးယား စစ်သားတွေက သူပုန်တွေကို တစ်ယောက်ချင်းလှဲပြီး ကြက်တွေ ကိုလည်လှီးသလိုလှီးပြတဲ့ ပြကွက် ကို ပြသွားပါတယ်။ ကျွန်တော့် အမျိုးသမီးဆိုရင်ကြောက်လို့အော် တောင် အော်ပါတယ်။ ကလေး တွေကိုမကြည့်ဖို့ မျက်စိမှိတ်ခိုင်း ရတယ်။ နိုင်ငံခြားအက်ရှက်ဇာတ် ကားတွေတောင် အဲဒီလိုပြကွက် မျိုးမပြဘူး။ အခုဟာက တကယ် သတ်ဖြတ်နေတာဆိုတော့ ကျွန် တော်တောင်ကြည့်ပြီး ကြောက် သွားတယ်။ နှလုံးရောဂါရှိတဲ့သူ ဆိုရင် ရှော့ခ်တောင် ဖြစ်သွားနိုင် တယ်။ ကျွန်တော်သာ ရုပ်မြင်သံ ကြားက တာဝန်ရှိသူဆိုရင် ဒီလို ပြကွက်မျိုးပါတဲ့သတင်းကို မတင် ဆက်ဘူး။ ဘယ်သူ့အတွက်မှ အကျိုးမရှိလို့ပဲ””ဟု ၎င်းက ထပ် လောင်းပြောကြားခဲ့သည်။

အစိုးရအနေဖြင့် ပုဂ္ဂလိက စာနယ်ဇင်းသမားများအား ကျင့် ၀တ်နှင့်မညီ ရေးသားမှုကြောင့် ဖမ်းဆီးအရေးယူမှုများရှိနေ၍ ဝေဖန်မှုများခံနေရပြီး သမ်္မတနှင့် စာနယ်ဇင်းကောင်စီ(ယာယီ)တို့ တွေ့ဆုံဆွေးနွေးမှုများရှိပြီးနောက် သတင်းနှင့်  စာနယ်ဇင်းဌာနက ကျင့်ဝတ်နှင့်အညီရေးသားကြောင်း အသိပေး  ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။
သို့သော် ပုံနှိပ်မီဒီယာနှင့် စာလျှင် ရုပ်သံလွှင့် မီဒီယာနှင့် ပတ်သက်ပြီး အရေးယူ ဆောင် ရွက်မှုအားနည်းကြောင်း ဝေဖန် ပြောကြားမှုများရှိနေသည်။

 အောင်ထွန်း
www.hotnewsweekly.com
ပြန်ကြားရေး ၀န်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းက စာနယ်ဇင်း ကျင့်ဝတ်ပါ အချက် များကို မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီက လေးစားလိုက်နာပြီး သတင်းများရေးသားဖော်ပြလျက် ရှိကြောင်း နိုင်ငံပိုင်သတင်းစာ၌ ယခုလ ၅ ရက်တွင် ဖော်ပြထား သည်။ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းကကျင့်ဝတ်နှင့်အညီ ရေးသား ဖော်ပြနေသည်ဆိုသော်လည်း ပြန်ကြားရေးဝန်ကြီးဌာနလက် အောက် ရှိ မြန်မာ့ အသံနှင့်ရုပ်မြင် သံကြားမှ ယခုလ ၅ ရက် ည ၈နာရီတွင်ထုတ်လွှင့်ခဲ့သော နိုင်ငံ တကာ သတင်းတစ်ပုဒ်သည် မီဒီ ယာကျင့်ဝတ် (သို့) ရုပ်သံလွှင့် ကျင့်ဝတ်နှင့် ညီ၊မညီ ဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်လာကြောင်း အယ်ဒီတာတစ်ဦးကပြောသည်။

ဟင်္သာတ ခရိုင်ပညာရေးမှူးနှင့် ဆရာမ ၃ ဦးကို ကျောင်းသား မိဘများ ဆန္ဒပြ

Photo: ဟင်္သာတ ခရိုင်ပညာရေးမှူးနှင့် ဆရာမ ၃ ဦးကို ကျောင်းသား မိဘများ ဆန္ဒပြ
Wednesday, August 6, 2014

ဟင်္သာတခရိုင် ပညာရေးမှူး၊ မြို့နယ်လက်ထောက် ပညာရေးမှူးနှင့် ဟင်္သာတမြို့နယ် သုံးခွကျေးရွာ အလယ်တန်းကျောင်းမှ ဆရာ မ ၃ ဦးကို အရေးယူပေးရန် ကျောင်းသားမိဘ ၁၀၀ ကျော်က ယမန်နေ့ နံနက်ပိုင်းတွင် ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ် တံတားဦး ကျေးရွာအုပ်စု သုံးခွကျေးရွာ အလယ်တန်း ကျောင်းခွဲတွင် တာဝန်ကျနေသည့် ဆရာမ ၃ ဦးမှာ ကျောင်းသားများ အပေါ် ဂရုတစိုက် စာပေသင်ကြားမှု နည်းခြင်း၊ ကျောင်းချိန် ပျက်ကွက်ခြင်း၊ ကျောင်းချိန် နောက်ကျခြင်းနှင့် လုပ်ဖော် ကိုင်ဖက် ဆရာ၊ ဆရာမများအပေါ် တင်းမာစွာ ပြောဆိုဆက်ဆံခြင်းများ လုပ်ဆောင်နေသည့်အတွက် ၎င်းတို့ကို အရေးယူပေးရန် ကျောင်းသားမိဘများက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းပညာရေး ဌာန အဆင့်ဆင့် အထိ တိုင်ကြားသော်လည်း အရေးယူခြင်း မရှိ၍ ဆန္ဒပြခြင်း ဖြစ်သည်ဟု ကျောင်းအကျိုးဆောင် အဖွဲ့ဝင် ဦးမြ၀င်းက ဧရာဝတီကို ပြောသည်။

“ကျနော်တို့ရွာက ဆရာမ ၃ ဦးဟာ ကျောင်းသားတွေ ပညာရေးကို လုံးဝ ဂရုမစိုက်ဘူး။ စာလည်း ကောင်းကောင်း မသင်ဘူး။ ကြာလာတော့ ကလေးတွေမှာ စာကောင်းကောင်း မသင်ရ။ ကျောင်းသားမိဘတွေလည်း စိတ်ညစ်ရနဲ့ ဖြစ်ကြတယ်။ ဒီဆရာမ ၃ ဦး ကို အရေးယူ ဖယ်ရှားပေးဖို့ ၂၀၁၃ ခုနှစ်ကတည်းက ပညာရေးဌာန အဆင့်ဆင့်ကို တိုင်တာကို အရေးယူပေးခြင်း မရှိတဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်တာပါ”ဟု ၎င်းက ဆိုသည်။

ဆန္ဒပြပွဲကို တံတားဦး ကျေးရွာအုပ်စု သုံးခွကျေးရွာ အလယ်တန်းကျောင်းခွဲ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင် ဦးမြင့်စိုးနှင့် ဦးမြ၀င်းတို့က ဦးဆောင်ခြင်း ဖြစ်ပြီး ဟင်္သာတ မြို့နယ်ရဲမှူး၏ ခွင့်ပြုချက်ဖြင့် တရားဝင် ဆန္ဒပြခြင်း ဖြစ်ကြောင်း သိရသည်။

ဆန္ဒပြပွဲသို့ တံတားဦး ကျေးရွာအုပ်စု သုံးခွကျေးရွာ အလယ်တန်း ကျောင်းခွဲတွင် ပညာသင်ယူနေကြသည့် ကျောင်းသားမိဘ ၁၄၀ ကျော် ပါဝင်ဆန္ဒပြခဲ့ပြီး ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ် ပညာရေးမှူးရုံး၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် ဟင်္သာတမြို့ရှိ လူစည်ကားရာ နေရာများ၌ လှည့်လည် ဆန္ဒပြ ခဲ့ကြသည်။

သုံးခွကျေးရွာ ဒေသခံ ကိုသိန်းဇော်မြင့်က “ကျနော်တို့ရွာက ကျောင်းမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဒေသခံ ရပ်မိရပ်ဖ တွေ၊ ကျောင်းသား မိဘတွေနဲ့ ကျောင်း အကျိုးဆောင် အဖွဲ့က ဟင်္သာတခရိုင် ပညာရေးမှူးကို သွားရောက် တွေ့ဆုံတင်ပြတဲ့ အခါမှာ သူ့အခန်းထဲမှာ တရားဝင် တွေ့ဆုံခွင့် မပေးဘူး။ အပြင်မှာ ထိုင်တယ်။ တင်ပြချက်တွေကို မှတ်တမ်းမှတ်ရာယူခြင်း မရှိဘဲနဲ့ သူနဲ့မဆိုင်ဘူးဆိုပြီး ပြောလိုက်တဲ့အတွက် ခရိုင်ပညာရေးမှူးကို နိုင်ငံတော်က လိုအပ်သလို အရေးယူပေးဖို့ ထည့်သွင်း တောင်းဆိုရတာ ပါ”ဟု ပြောသည်။

တိုင်ကြားခြင်း ခံရသော သုံးခွကျေးရွာ ကျောင်းဆရာမများကို ဟင်္သာတ မြို့နယ်ပညာရေးမှူး ဦးဆောင်ပြီး ရွာသို့ကွင်းဆင်း စစ်ဆေး ခဲ့ရာတွင် မြို့နယ် လက်ထောက်ပညာရေးမှူးက ငွေကျပ် ၈ သောင်း တောင်းခံခဲ့သည့်အတွက် ၎င်းကိုလည်း အရေးယူပေးရန် ထည့် သွင်း ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆန္ဒပြသည့် ကျောင်းသား မိဘများက ပြောသည်။

ယင်းသို့ ဖြစ်ပွားနေသော ပညာရေး ၀န်ထမ်း ပြဿနာများနှင့်ပတ်သက်၍ အမှတ်(၁) အခြေခံပညာ ဦးစီးဌာနမှ တာဝန်ခံ ညွှန်ကြား ရေးမှူးချုပ်သည် သြဂုတ် ၃ ရက်က ဟင်္သာတမြို့နယ် ပညာရေးမှူးရုံးတွင် ဒေသခံ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် စစ်ဆေးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း အမှတ်(၁)အခြေခံပညာ ဦးစီးဌာနတာဝန်ခံ ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ဖြင့် ဆိုပြီး သက်ဆိုင်ရာက ယမန်နေ့က ဧရာဝတီသို့ သတင်းပေးပို့ အကြောင်းကြားခဲ့သည်။

ယခုနှစ် မေလအတွင်းကလည်း ပုသိမ်မြို့အခြေစိုက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို လူ့အခွင့်အရေး လှုပ်ရှားသူများ နှင့် လူ ကုန်ကူးခံရသည်ဟု ယူဆရသူများက ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၁၃ ရက်ကလည်း လူနာတဦး မိမိကိုယ်ကို အဆုံးစီရင်ခဲ့ မှုနှင့် ပတ်သက်၍ မြောင်းမြဆေးရုံမှတာဝန်ကျ ဆရာဝန်၊ ဆရာဝန်မများ၊ သူနာပြုများနှင့် ဆေးရုံဝန်ထမ်းများအား မြောင်းမြမြို့ခံများက ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။
burma.irrawaddy.org
ဟင်္သာတခရိုင် ပညာရေးမှူး၊ မြို့နယ်လက်ထောက် ပညာရေးမှူးနှင့် ဟင်္သာတမြို့နယ် သုံးခွကျေးရွာ အလယ်တန်းကျောင်းမှ ဆရာ မ ၃ ဦးကို အရေးယူပေးရန် ကျောင်းသားမိဘ ၁၀၀ ကျော်က ယမန်နေ့ နံနက်ပိုင်းတွင် ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဟင်္သာတမြို့နယ် တံတားဦး ကျေးရွာအုပ်စု သုံးခွကျေးရွာ အလယ်တန်း ကျောင်းခွဲတွင် တာဝန်ကျနေသည့် ဆရာမ ၃ ဦးမှာ ကျောင်းသားများ အပေါ် ဂရုတစိုက် စာပေသင်ကြားမှု နည်းခြင်း၊ ကျောင်းချိန် ပျက်ကွက်ခြင်း၊ ကျောင်းချိန် နောက်ကျခြင်းနှင့် လုပ်ဖော် ကိုင်ဖက် ဆရာ၊ ဆရာမများအပေါ် တင်းမာစွာ ပြောဆိုဆက်ဆံခြင်းများ လုပ်ဆောင်နေသည့်အတွက် ၎င်းတို့ကို အရေးယူပေးရန် ကျောင်းသားမိဘများက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းပညာရေး ဌာန အဆင့်ဆင့် အထိ တိုင်ကြားသော်လည်း အရေးယူခြင်း မရှိ၍ ဆန္ဒပြခြင်း ဖြစ်သည်ဟု ကျောင်းအကျိုးဆောင် အဖွဲ့ဝင် ဦးမြ၀င်းက ဧရာဝတီကို ပြောသည်။

ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူပြီးပါက လက်ဝယ်ထားရှိသူမှာ ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေနှင့်ငြိစွန်းဟုဆို

Photo: ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူပြီးပါက လက်ဝယ်ထားရှိသူမှာ 
ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေနှင့်ငြိစွန်းဟုဆို
Wednesday, August 6, 2014

သူသူထက်လွင် - ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၀)။
ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူပြီးပါက လက်ဝယ်ထားရှိသူမှာ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေနှင့် ငြိစွန်းနိုင်သည့်အတွက် ခေါင်းလောင်း ဆယ်ယူရေးတွင် ယဉ်ကျေးမှုဝန်ကြီးဌာန အနေနှင့် ပူးပေါင်းပါဝင်သင့်ကြောင်း သမိုင်းပညာရှင်တချို့က သုံးသပ်ပြော ကြားလိုက်သည်။
အဆိုပါဥပဒေအရ နှစ်၁ဝဝကျော် သက်တမ်းရှိပါက ရှေးဟောင်းအမွေအ နှစ်ဟု သတ်မှတ်ထားသည့်အတွက် ခေါင်း လောင်းကြီးတွေ့ရှိသည်နှင့် ဥပဒေအရ ရှေးဟောင်းပစ္စည်းလက်ဝယ်ထားရှိမှု နှင့်ငြိစွန်းနိုင်ခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေသနပညာရှင်တစ်ဦးက ပြော သည်။
''ခေါင်းလောင်းမတွေ့ရင်တော့ ဘာမှမဖြစ်ဘူး။ ခေါင်းလောင်းတွေ့တာ နဲ့ ဥပဒေအရ ရှေးဟောင်းအမွေအနှစ် ကိုလက်ဝယ်ထားရှိမှုနဲ့ငြိစွန်းမှာဖြစ်ပါ တယ်။ ဒါကြောင့်မို့ တွေ့တွေ့ချင်း ယဉ် ကျေးမှုဝန်ကြီးဌာနကိုအကြောင်းကြား ပြီး အပ်နှံရမယ်။ မူလနေရာမှာထားပေး ရမယ်။ ဒါကြောင့် ဝန်ကြီးဌာနက ပူး ပေါင်းပါဝင်သင့်ပါတယ်''ဟု ရှေးဟောင်း သုတေသနပညာရှင် တစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ခေါင်းလောင်း ဆယ်ယူရန်အတွက် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ခွင့်ပြုထားသော်လည်း ယဉ်ကျေးမှုဝန်ကြီးဌာနအနေနှင့် လတ် တလောဆောင်ရွက်မှုတစ်စုံတစ်ရာမရှိ သေးသော်လည်း သမိုင်းသုတေသနဦး စီးဌာနက လုပ်ဆောင်ပေးနေကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ယဉ်ကျေး မှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်ဦး လွင်က ''ဓမ္မစေတီခေါင်းလောင်းတွေ့ တယ်ဆိုတာ ယဉ်ကျေးမှုဝန်ကြီးဌာန က မသိပါဘူး။ ယဉ်ကျေးမှုဝန်ကြီးဌာန ကအဲဒီကိစ္စ မလုပ်ပါဘူး။ တိုင်းဒေသ ကြီးအစိုးရအဖွဲ့က လုပ်ဆောင်နေတာ ပါ။ ကျွန်တော်တို့မှာ လုပ်စရာတွေအ များကြီးရှိနေလို့ ခေါင်းလောင်းကိစ္စကို သမိုင်းသုတေသနဦးစီးဌာနက လုပ် ဆောင်ပေးနေပါတယ်'' ဟု ပြောသည်။
ခေါင်းလောင်းဆယ်ယူရန် တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေနှင့် ခွင့်ပြု ပေးသည်မှာ စောနေပြီး ဝန်ကြီးဌာနအနေနှင့်လည်း ပူးပေါင်းပါဝင်ခွင့်ပြုပေး သင့်ကြောင်း သမိုင်းသုတေသနပညာ ရှင် ဦးချစ်စံဝင်းက ပြောသည်။
''ခေါင်းလောင်းဆယ်ယူရေးမှာ ယဉ်ကျေးမှုဝန်ကြီးဌာနပါသင့်ပါတယ်။ မပါဘဲရှာလို့မရဘူး။ ဥပဒေအရလဲ ခွင့် ပြုချက်ယူရမယ်။ သူတို့ဝန်ကြီးဌာနရဲ့ ထောက်ခံချက်လိုအပ်တယ်။ ဒီအကြောင်း ကိုနားလည်တဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန က တာဝန်ရှိသူတွေ ပညာရှင်တွေ ပါသင့်တယ်။ ရှေးဟောင်း ကျွမ်းကျင်သူ ပါတဲ့ရှာဖွေရေး အဖွဲ့ကို ဖွဲ့သင့်တယ်။ ရှေးသုပါရမယ်။ အုပ်ချုပ်ရေးက ပါရမယ်။ ထောက်လှမ်းရေး ပါရမယ်။ ဆယ် ယူနေစဉ်မှာ နေ့စဉ် Report ရေးရမယ်။ အဲဒီလိုမှမဟုတ်ရင် တူးလို့ရတဲ့ရွှေ၊ ငွေ ပစ္စည်းတွေကို ယူသွားနိုင်တယ်။
အခု ခေါင်းလောင်းဆယ်ယူဖို့အတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ခွင့် ပြုပေးတာ စောတယ်လို့ဆိုရမယ်''ဟု ပြောသည်။
ဓမ္မစေတီခေါင်းလောင်းကြီးကို ခရစ်နှစ် ၁၄၇၆ခုနှစ်တွင် သွန်းလုပ်ခဲ့ ခြင်းဖြစ်ပြီး နှစ်ပေါင်း ၅၃၈နှစ် ကြာမြင့် နေပြီဖြစ်၍ ရှေးဟောင်း အမွေအနှစ် ပစ္စည်းဖြစ်သည်။
ယင်းခေါင်းလောင်းတော်ကြီး ပြန်လည်ဆယ်ယူပြီးပါက မူလနေရာဖြစ်သော ရွှေတိဂုံကုန်းတော်ပေါ်တွင် ပြန် ထားပေးမည်ဟု ရှာဖွေခွင့်ရရှိထားသော ဦးစံလင်း ဦးဆောင်သောအဖွဲ့က ကတိ ပြုထားကြောင်း သိရသည်။

Yangon Media Group
သူသူထက်လွင် - ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၀)။
ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူပြီးပါက လက်ဝယ်ထားရှိသူမှာ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေနှင့် ငြိစွန်းနိုင်သည့်အတွက် ခေါင်းလောင်း ဆယ်ယူရေးတွင် ယဉ်ကျေးမှုဝန်ကြီးဌာန အနေနှင့် ပူးပေါင်းပါဝင်သင့်ကြောင်း သမိုင်းပညာရှင်တချို့က သုံးသပ်ပြော ကြားလိုက်သည်။

အီဘိုလာ ရောဂါပိုးကို သတ်နိုင်မည့် ဆေးတွေ့ ပြီ
Wednesday, August 6, 2014

အမေရိကန် နိုင်ငံကို ရောက်ရှိနေသည့် အီလိုလာပိုး ကူးဆက်ခံနေရသူ
ဒေါက်တာ ဘရက်ဒလီ ကိုZMapp ဟုခေါ်သည့် ဆေးရွက်ကြီး ပင်တမျိုးကဖေါ်စပ်ထားတဲ့ဆေးနဲ့ ကုသလိုက်တဲ့အခါ. အီဘိုလာ ကူးစက်ခံလာရတဲ့ဒေါက်တာ ဘရက်ဒလီ တယောက်ချက်ချင်းသက်သာလာတယ် ဆိုပါတယ်။ အမေရိက က အတ်လန်တာ ဆေးရုံ မှာ ကုသ နေပါတယ်။ရောဂါရှိတဲ့မျောက်တွေကို စမ်းသတ်ကုသတဲ့အခါ သုံးပုံ. နှစ်ပုံ. အသက်.ရှင်တယ် ဆိုပါတယ်။

မြေပြိုမှုများကြောင့် ကျိုက်ထီးရိုး တောင်တက်လမ်း အရေးပေါ် ပိတ်

Photo: မြေပြိုမှုများကြောင့် ကျိုက်ထီးရိုး တောင်တက်လမ်း အရေးပေါ် ပိတ်
Wednesday, August 6, 2014

ဆံတော်ရှင်ကျိုက်ထီး ရိုးစေတီတော် တောင်တက်လမ်း တစ်လျှောက် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး လူနေတဲတစ်လုံးရှိ အမျိုးသမီးတစ်ဦး  မြေပိသေဆုံးမှုဖြစ်ပွားခဲ့သည့်အတွက် တောင်တက်လမ်းကို အရေးပေါ်ပိတ်လိုက်ရကြောင်း သတင်းရရှိသည်။

သီတင်းတစ်ပတ်ကျော်ကြာ မိုးရွာသွန်းမှုကြောင့် သြဂုတ်  ၅ ရက်၊ နံနက်က တောင်တက်ကားလမ်း နှင့် ခြေလျှင်တက်သည့် လမ်းများတွင် မြေပြိုကျမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

‘‘ကားလမ်းမှာ မြေပြိုသလို လူသွားလမ်းမှာတော့ တဲသုံးလုံး ပါ မြေပိသွားတယ်။ တဲတစ်လုံး မှာရှိတဲ့ အမျိုးသမီးတစ်ဦး မြေပိ ပြီး သေသွားတယ်။ ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့ ဆယ် နှစ်အတွင်းမှာ ဒါပထမဆုံး မြေပြို မှုတစ်ခုပါ။ လမ်းတွေကို အား ချင်းပြင်နေပါတယ်။ တောင်တက်ကားလမ်းကို အရေးပေါ် ပိတ်ထားလိုက်တယ်’’ ဟု ကျိုက်ထို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောသည်။

 ဇူလိုင်လမှ နိုဝင်ဘာလအ တွင်း ဘုရားဖူးလျော့နည်းနေချိန် ဖြစ်သည့်အတွက် ယာဉ်အစီးရေလျှော့ချပြေးဆွဲနေသော်လည်း ခရီးသည်  ပုံမှန်ရှိနေသည်။

မိုးဆက်တိုက် ရွာသွန်းမှု များကြောင့် တောင်တက်မော်တော်ယာဉ်များ ရာသီဥတုအခြေအနေကိုကြည့်၍   မောင်းနှင်ကြရန်ဂေါပကအဖွဲ့က သတိပေးထားပြီး ယခင်နှစ်များထက် မိုးများနေ၍တောင်တက်လမ်းများ တစ်လခန့်ပိတ်ထားရန်  ဆွေးနွေးခဲ့ကြကြောင်း ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ ဦးစံမြင့်က ပြောသည်။

 ကျိုက်ထီးရိုးတောင်တက် ကားလမ်းရှိ စခန်းများဖြစ်သော ဒူးရင်းမြောင်၊ ပိန္နဲပင်ကွေ့၊ ၁၀ မိနစ်စခန်းအပေါ်အောက်၊ ရှမ်းအိပ် တောင်၊ စခန်းလေးနှင့် ရသေ့ တောင် လူသွားလမ်းများပေါ်သို့ တောင်ကမ်းပါးယံများ ပြိုကျမှု ဖြစ်ပွားခဲ့သည်။

‘‘အခုရက်ပိုင်း တောင်တက် ကားတွေ တော်တော်အန္တရာယ် များပါတယ်။ မိုးတွေက ဆက် တိုက်ရွာနေတဲ့အတွက် မြေသား တွေက တဖြည်းဖြည်း အိလာပြီး အခုလို ဖြစ်ရတာပါ။  လက်ရှိ လမ်းတွေကို ရှင်းနေပါပြီ။ ရသေ့တောင်အထိကိုတက်လို့ ရနေပါပြီလို့ ပြောတယ်။ လမ်းကြံ့ခိုင်မှု ရှိ၊ မရှိတော့ မသိရပါဘူး။ လက်ရှိကားတွေ တောင်ပေါ်ကို မတက်ရဲကြသေးပါဘူး’’ဟု ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းမှ ဦးဝိတင်က ပြောသည်။

မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အမှတ် ၄၄ ခြေမြန်တပ်မနှင့် ခြေ လျင်တပ်ရင်းမှ  တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊  ကျိုက်ထီးရိုး စေတီတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ရင်ပြင်တော် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကားလမ်းတစ်လျှောက် ပိတ်ဆို့နေသော ကျောက်တုံး၊ ကျောက်ခဲများနှင့် မြေသားများကို ရှင်းလင်းပေးလျက်ရှိကြောင်း သိရှိရသည်။

 သြဂုတ် ၃ ရက်မှစ၍ ကင် ပွန်းစခန်း အနီးတစ်ဝိုက်တွင် ရေကြီး ရေလျှံမှုများဖြစ်ပွားနေပြီး အဆိုပါ စခန်းအတွင်းရှိ ပရဟိတအဖွဲ့အစည်းတစ်ခုက အကူအညီပေး နေလျက်ရှိသည်။ သြဂုတ်  ၆ ရက်တွင် ရေအနည်းငယ်ပြန်ကျနေသော်လည်း မရပ်သည့်အတွက်ယခင်တက်ခဲ့သော ရေပမာဏထက်ပိုတက်လာမည်ကို စိုးရိမ်နေရကြောင်း သာသနာ့ရက္ခိတပရဟိတအဖွဲ့မှ သတင်းရရှိသည်။

7Day News Journal ဆံတော်ရှင်ကျိုက်ထီး ရိုးစေတီတော် တောင်တက်လမ်း တစ်လျှောက် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး လူနေတဲတစ်လုံးရှိ အမျိုးသမီးတစ်ဦး မြေပိသေဆုံးမှုဖြစ်ပွားခဲ့သည့်အတွက် တောင်တက်လမ်းကို အရေးပေါ်ပိတ်လိုက်ရကြောင်း သတင်းရရှိသည်။
သီတင်းတစ်ပတ်ကျော်ကြာ မိုးရွာသွန်းမှုကြောင့် သြဂုတ် ၅ ရက်၊ နံနက်က တောင်တက်ကားလမ်း နှင့် ခြေလျှင်တက်သည့် လမ်းများတွင် မြေပြိုကျမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
‘‘ကားလမ်းမှာ မြေပြိုသလို လူသွားလမ်းမှာတော့ တဲသုံးလုံး ပါ မြေပိသွားတယ်။ တဲတစ်လုံး မှာရှိတဲ့ အမျိုးသမီးတစ်ဦး မြေပိ ပြီး သေသွားတယ်။ ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့ ဆယ် နှစ်အတွင်းမှာ ဒါပထမဆုံး မြေပြို မှုတစ်ခုပါ။ လမ်းတွေကို အား ချင်းပြင်နေပါတယ်။ တောင်တက်ကားလမ်းကို အရေးပေါ် ပိတ်ထားလိုက်တယ်’’ ဟု ကျိုက်ထို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က ပြောသည်။

အသင့်စားခေါက်ဆွဲခြောက်များနှင့် ကျန်းမာရေး အန္တရာယ်


Photo: အသင့်စားခေါက်ဆွဲခြောက်များနှင့် ကျန်းမာရေး အန္တရာယ်
Wednesday, August 6, 2014

အသင့်စားခေါက်ဆွဲခြောက်ထုပ်ကလေးများဟာ အချိန်မကုန် အလုပ် မရှုပ် လွယ်ကူမြန်ဆန်ရုံသာမက ဆာလောင်မွတ်သိပ်မှုကို အာသာပြေစေလို့ မရှိမဖြစ်ဖြည့်စွက်စာအဖြစ် အရွယ်သုံးပါးမရွေးစားသုံးနေကြပါတယ်။ နှစ် သက်ရာအသားအမျိုးမျိုး-ပင်လယ်စာများအပြင် သက်သတ်လွတ် တစ်ခါစား အထုပ်လေးများက ဈေးနှုန်းချိုသာသလောက် အရသာလည်းကောင်းတာ ကြောင့် အကြိုက်တွေ့လို့နေကြပါတယ်။ ရံဖန်ရံခါစားသောက်ခြင်းက ပြသနာ မဟုတ်သော်လည်း ရက်လကြာရှည်စားသုံးခြင်းဖြင့် အောက်ပါကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။
၁။ အသက်ငါးနှစ်အောက်ကလေးငယ်များကို ဖြည့်စွက်စာအဖြစ် လုံးဝမကျွေး ပါနှင့်၊ အာဟာရချို့တဲ့စေပါတယ်။
၂။ ခေါက်ဆွဲခြောက်ထဲရှိ “Styrofoam” (ခေါ်) ဓာတုပစ္စည်းတစ်မျိုးက ကင် ဆာရောဂါဖြစ်စေနိုင်ပါတယ်။
၃။ ကိုယ်ဝန်ဆောင်မိခင်လောင်းများစားသုံးခြင်းက သန္ဓေသားဖွံ့ ဖြိုးမှုကိုထိ ခိုက်စေပြီး အခန့်မသင့်လျှင် ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်။
၎။ ခေါက်ဆွဲခြောက်ထဲမှာ ဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့ ကစီဓာတ်လွန်ကဲစွာ ပါရှိပြီး ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ ဗီတာမင်၊ အမျှင်နှင့်သတ္တု ဓာတ်တို့ လုံးဝမပါရှိပါဘူး။ ဒါကြောင့် ''အာဟာရမမြောက်တဲ့အစားအစာ'' အ ဖြစ်မှတ်သားထားပါ။
၅။ ခေါက်ဆွဲခြောက်ဖြစ်လာစေဖို့ ဆိုဒီယမ်ဓာတ်များစွာသုံး၍ပြုပြင်ထားလေ့ ရှိပါတယ်။ ဆိုဒီယမ်ဓာတ်ကို လိုအပ်သည်ထက်ပိုစားပါက နှလုံး၊ လေဖြတ်၊ သွေးတိုးရောဂါတို့အပြင် ကျောက်ကပ် ပျက်စီးစေပါတယ်။
၆။ ဆွဲဆောင်မှုကောင်းစေဖို့ ခေါက်ဆွဲခြောက် များကို Monosodium Glutamate ဓာတ် ပေါင်းစုရနံ့သုံးထားပါတယ်။ အချို့စား သုံးသူများတွင် ထိုဓာတ်ပေါင်းစုဖြင့် မွေး ရာပါဓာတ်မတဲ့တတ်လို့ ခေါင်းမူး၊ ခေါင်း ကိုက်နှင့် အာရုံကြောရောဂါတို့ဖြစ်စေနိုင်ပါတယ်။
၇။ စွဲစွဲမြဲမြဲစားသောက်ခြင်းက အဝလွန်ခြင်းနှင့် ရေ ဓာတ်ခန်းခြောက်ခြင်းရောဂါ တို့စွဲကပ်လာစေပါတယ်။
၈။ ခေါက်ဆွဲခြောက် နေ့စဉ်စားသုံးသူများတွင် မကြာ ခဏ အစာမကြေ လေပွလေ့ ရှိပြီး အချိန်ကြာလာသည် နှင့်အမျှ အစာချေစနစ်ကို ဘေးဥပဒ်ဖြစ်စေပါတော့တယ်။
၉။ ခေါက်ဆွဲကြာကြာခံစေရန်နှင့် အရောင်လှပစေရန် တို့အတွက် “Propylene Glycol” (ခေါ်) ချွတ်ဆေး၊ ဆိုးဆေးတစ်မျိုး ထည့်သုံး လေ့ရှိပြီး ထိုဓာတ်များကို ကျောက်ကပ်-နှလုံး-အသည်း စသည့်ကလီစာများ က အလွယ်တကူ စုပ်ယူသုံးစွဲကြ၍ ကိုယ်ခံစွမ်းအားဆုတ်ယုတ်လာစေပါတယ်။
၁ဝ။ ကိုယ်တွင်းဓာတ်များကို ဖောက် ပြန်ပြောင်းလဲကာ ဖောရောင်ခြင်းဖြစ်တတ် ပါတယ်။
ပေါက်ပေါက် - ရန်ကုန်တိုင်းမ် ဂျာနယ်
အသင့်စားခေါက်ဆွဲခြောက်ထုပ်ကလေးများဟာ အချိန်မကုန် အလုပ် မရှုပ် လွယ်ကူမြန်ဆန်ရုံသာမက ဆာလောင်မွတ်သိပ်မှုကို အာသာပြေစေလို့ မရှိမဖြစ်ဖြည့်စွက်စာအဖြစ် အရွယ်သုံးပါးမရွေးစားသုံးနေကြပါတယ်။ နှစ် သက်ရာအသားအမျိုးမျိုး-ပင်လယ်စာများအပြင် သက်သတ်လွတ် တစ်ခါစား အထုပ်လေးများက ဈေးနှုန်းချိုသာသလောက် အရသာလည်းကောင်းတာ ကြောင့် အကြိုက်တွေ့လို့နေကြပါတယ်။ ရံဖန်ရံခါစားသောက်ခြင်းက ပြသနာ မဟုတ်သော်လည်း ရက်လကြာရှည်စားသုံးခြင်းဖြင့် အောက်ပါကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။
၁။ အသက်ငါးနှစ်အောက်ကလေးငယ်များကို ဖြည့်စွက်စာအဖြစ် လုံးဝမကျွေး ပါနှင့်၊ အာဟာရချို့တဲ့စေပါတယ်။
၂။ ခေါက်ဆွဲခြောက်ထဲရှိ “Styrofoam” (ခေါ်) ဓာတုပစ္စည်းတစ်မျိုးက ကင် ဆာရောဂါဖြစ်စေနိုင်ပါတယ်။

၈၈ ကျောင်းသားအမည်ခံ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်နှင့် မြအေး


Photo: ၈၈ ကျောင်းသားအမည်ခံ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်နှင့် မြအေး
Thursday, August 7, 2014

၁၉၈၈ ခုနှစ်၊ အရေးအခင်းကာလတွင် မြေစာပင်များသဖွယ် ကြားညပ်ခံရသူများရဲ့ ဖြစ်ရပ်များ၊ မလိုလားအပ် သော ကောလာဟလ မမှန်သတင်းများ၊ သွေးဆာနေသောစရိုက်၊ ကြမ်းတမ်းသောအမူအရာများနဲ့ မင်းမဲ့စရိုက် ဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့သော ဖြစ်ရပ်မှန်ကို ဖတ်ရှုရသော ပြည်သူများအဖို့ စိတ်မချမ်းသာဖွယ်၊ ရင်နင့်ဖွယ် ခံစားခဲ့ကြရပါတယ်။ ဒီဖြစ်ရပ်မှန်မှာ လူသားချင်းထားရှိကြရမယ့် သနားကြင်နာစိတ်များ ကင်းမဲ့ကာ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ကြရပါသည်။ ခုလက်ရှိအချိန်မှာလဲ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်လို့ အမည်ခံထားတဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်နှင့် မြအေးတို့ဆိုတာ အဲဒီခေတ်ကတုန်းက ဘာခေါင်းဆောင်မှ မဟုတ်ခဲ့တဲ့သူတွေပါ။ 

ကျောင်းသားခေါင်းဆောင်လို့ အမည်သွင်းရတာကလည်း ၈၈ အရေး အခင်းတုန်းက မင်းမဲ့စရိုက်ဆန်ဆန် အေးချမ်းစွာဆန္ဒပြ တောင်းဆိုကြတဲ့ ကျောင်းသားများကို အကြောင်းပြပြီး နိုင်ငံတော်ကို ဆန့်ကျင်နေကြလို့ ထောင်ထဲထည့်လိုက်ခါမှ နာမည်ပိုကြီးလာတဲ့ ထောင်ထွက်များသာ ဖြစ်ပါ တယ်။ ဌေးကြွယ်ကတော့ ရှစ်လေးလုံးအရေးခင်းအတွက် တိုင်းပြည်အဝှမ်းမှာ လှုံဆော်စည်းရုံးခဲ့ပါတယ်။ အဲဒီ နေ့မှာပဲ ဘီဘီစီသတင်းထောက် ခရစ်စတိုဗာဂါးနက်(စ်)ရဲ့ သမိုင်းမှာ တွင်ကျန်ရစ်တယ်လို့သာ လူသိများခဲ့ တာ ပါ။ ၈၈ မျိုးဆက်လို့အမည်ခံထားကြတဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ် နှင့် မြအေးတို့ရဲ့ မင်းမဲ့စရိုက် လုပ်ရပ် များကြောင့် တိုင်းပြည်အတွက် လူတွေ၊ ပစ္စည်းအဆောက်အဦးတွေများစွာ ဆုံးရှုံးနစ်နာမှု ဖြစ်ခဲ့ရပါတယ်။

အခုလည်း မြန်မာနိုင်ငံနှင့်ပတ်သက်တဲ့ လူ့အခွင့်အရေးရရှိဖို့အတွက်ဆိုပြီး ခေါင်းစဉ်တွေတပ် နိုင်ငံတကာ အလေလိုက်ပြီး လျှောက်သွားပြီးရင် မြန်မာပြည်ကြီး မတိုးတက်ရတဲ့အကြောင်းရင်းတွေ လျှောက်ပြောနေကြ သေးတယ်။ ရှက်တတ်ရင် ရှက်ပြီးသေဖို့တောင် ကောင်းပါတယ်။ ကိုယ်တိုင်ကိုယ်ကျ အခြေခံစိတ်ဓာတ် ကောင်းအောင် ကြိုးစားနိုင်ကြပြီလား ဆိုတာမေးလိုက်ချင်ပါတယ်။ ခုလည်းပဲ ၈၈ ငြိမ်း/ပွင့်နာမည်ခံ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ် နှင့် မြအေးတို့ဟာ သူတို့တစ်ခုတည်း ရပ်တည်လို့မဖြစ်နိုင်မှန်း သိလာတဲ့အချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD နဲ့ ပူးပေါင်းပြီး ၄၃၆ ကိုပြင်ဆင်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။ ၄၃၆ ပြင်ဆင်ဖို့ နယ်အားလုံးနီးပါး ဟောပြောပွဲတွေကို NLD စတင်တည်ထောင်ခဲ့တဲ့ လက်ရှိနာယက ဦးတင်ဦး ဦးဆောင်ပြီး လိုက်ပြီး ဟောပြောခဲ့ပါတယ်။ ဒီလိုဟောပြောပွဲတွေ လုပ်တိုင်းကုန်ကျစရိတ်တွေကို ဘယ်ကနေ များ ရသလဲဆိုတာလည်း စဉ်းစားစရာပါ။ 

၄၃၆ ကိုပြင်ဆင်ဖို့ မဖြစ်နိုင်တော့တဲ့အချိန်မှာ PR စနစ်ကို ကန့်ကွက်ဖို့ NLD ပါတီနဲ့ ပူးပေါင်းပြီး PR ပြင်ဆင်ဖို့ ကော်မတီတွေဖွဲ့လာပြန်တယ်။ PR ကို အသုံးချပြီး ပြည်သူကိုလမ်းပေါ်ရောက်အောင် ဆွဲတင်နေကြပြန်ပါတယ်။ PR အတွက်ဆန္ဒပြတယ်ဆိုတာ NLD နဲ့ ၈၈ တွေကို ယုံကြည်အားကိုးလို့မဟုတ်ပါဘူး။ ပြည်သူတွေအမှန် တကယ် အကျပ်အတည်းဖြစ်နေတာ လေးတွေကို သိစေချင်လို့ပါပဲ။ ၈၈ လို့ပြောလိုက်ရင် ပြည်သူတစ်ရပ်လုံး ကြောက်နေကြပါပြီ။ ဒီ ၈၈ ခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ် နှင့် မြအေးတို့ကြောင့် ကျန်ရစ်သူ မိသားစုထဲက သေးဆုံးသွားတဲ့ အပြစ်မဲ့ ကျောင်းသားများအတွက် စိတ်နားလွန်းလို့ပါပဲ။ ဒါအကြောင်းတွေကို နားလည်တဲ့ ပြည်သူများကတော့ ခုချိန်မှာ NLD နဲ့ ၈၈ ငြိမ်း/ပွင့် အဖွဲ့တွေကို ယုံကြည်မှု ပိုပိုလျော့နည်းလာ တာကို တွေ့နေရပါပြီ။

ဖိုးတုတ်
We Love True

၁၉၈၈ ခုနှစ်၊ အရေးအခင်းကာလတွင် မြေစာပင်များသဖွယ် ကြားညပ်ခံရသူများရဲ့ ဖြစ်ရပ်များ၊ မလိုလားအပ် သော ကောလာဟလ မမှန်သတင်းများ၊ သွေးဆာနေသောစရိုက်၊ ကြမ်းတမ်းသောအမူအရာများနဲ့ မင်းမဲ့စရိုက် ဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့သော ဖြစ်ရပ်မှန်ကို ဖတ်ရှုရသော ပြည်သူများအဖို့ စိတ်မချမ်းသာဖွယ်၊ ရင်နင့်ဖွယ် ခံစားခဲ့ကြရပါတယ်။ ဒီဖြစ်ရပ်မှန်မှာ လူသားချင်းထားရှိကြရမယ့် သနားကြင်နာစိတ်များ ကင်းမဲ့ကာ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ကြရပါသည်။ ခုလက်ရှိအချိန်မှာလဲ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်လို့ အမည်ခံထားတဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်နှင့် မြအေးတို့ဆိုတာ အဲဒီခေတ်ကတုန်းက ဘာခေါင်းဆောင်မှ မဟုတ်ခဲ့တဲ့သူတွေပါ။

NLD မှ ဦးဆောင်တင်ပြသည့် မဲဆွယ် စည်းရုံးခွင့်အချက်များကို ကော်မရှင် သဘောတူ

ယမန်နေ့က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးခန်းတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၊ မွန် ဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င် ပါတီ ခုနှစ်ပါတီတို့ တွေ့ဆုံခဲ့ပြီး နောက်ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရ သည်။အားလုံး အဆင်ပြေပါတယ်။ ကျွန်တော်တို့က သူတို့ တင်ပြတဲ့အချက် တချို့ကို ပြင်ဆင် ပေးသွားမှာပါဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က The Messenger Media သို့ ပြောသည်။ ယင်းသို့ပြင်ဆင်ပေးရာတွင် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက် ၁/၂၀၁၄ ထုတ်ပြန်ချက်တွင် ပါဝင်သည့် မဲဆွယ်စည်းရုံးခွင့် ပြုလုပ်ရာတွင် ရက်ပေါင်း (၃၀) သတ်မှတ်ထားခြင်းအား ရက်ပြန်လည်တိုးမြှင့် သတ်မှတ်ပေး သွားမည်ဖြစ်ပြီး၊ NLD မှဦးဆောင်တင်ပြသည့် အချို့သောအချက်များကို လုပ်ထုံးလုပ်နည်း ဥပဒေများတွင် ထည့်သွင်းပေးရန် စီစဉ်သွားမည်ဟုကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုခဲ့ကြောင်း NLDပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။ သူတို့ ကတော့ ရက်ပေါင်း သုံးဆယ် ကိစ္စကို ပြင်ဆင်ပေးမယ်လို့ ပြောတယ်။ ဘယ်လောက် သက်မှတ်ပေးမယ်လို့တော့ မပြောဘူး။သူတို့ ကော်မရှင်အစည်းအဝေးထိုင်ပြီး၊ ဆုံးဖြတ် မလားတော့မသိဘူးလေ ဟု ၄င်း ကဆိုသည်။

ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်း အဆောက်အအုံများတွင် နေထိုင်ကြသူများ စာရင်း ကောက်မည်

Photo: ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်း အဆောက်အအုံများတွင် နေထိုင်ကြသူများ စာရင်း ကောက်မည်
Thursday, August 7, 2014

မြို့ပြအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ပြီး ရန်ကုန်မြို့လယ် ၃ နေရာအတွင်းရှိ ရှေးဟောင်း အဆောက်အအုံများတွင် နေထိုင်ကြသူများထံမှ အသေးစိတ်စာရင်း ကောက်ယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက် ရေးအဖွဲ့ (YHT)က ပြောသည်။

အဆိုပါ ၃ နေရာမှာ ကုန်သည်လမ်းနှင့် မဟာဗန္ဓလမ်း အကြားတွင် ပါဝင်သော ဘိုကလေးဈေးလမ်း အတွင်းရှိ နေအိမ်များ၊ ၂၆ လမ်း အတွင်းရှိ နေအိမ်များ၊ ကမ်းနားလမ်းနှင့် မဟာဗန္ဓုလလမ်း အကြားတွင်ပါဝင်သော လသာလမ်း တလျှောက်ရှိ ရှေးဟောင်း နေအိမ်များကို ကောက်ယူမည် ဖြစ်သည်ဟု YHT ၏ စီမံကိန်းမန်နေဂျာ ဦးကြံတိုင်းအောင် က ပြောပြသည်။

ထိုနေအိမ်များတွင် နေထိုင်ကြသူများ အဓိက လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း၊ လက်ရှိ လုပ်ကိုင်နေသော လုပ်ငန်းနှင့် ရှေးဟောင်း အဆောက်အအုံများတွင် ဆက်စပ်နေထိုင်ပုံ၊ နေထိုင်လျက်ရှိသော နေအိမ်များနှင့် ပတ်သက်ပြီး ဖြစ်စေချင်သည့် ဆန္ဒများကို အသေးစိတ် စစ်တမ်း ကောက်ယူသွားမည်ဖြစ်ကြောင်း ယမန်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောဆို သည်။

“ဒီနေရာတွေကို အဓိက ရွေးချယ်ရတာက ရှေးဟောင်း အဆောက်အအုံတွေက ပုံမပျက်သေးဘဲ ရှိနေတဲ့အပြင် အစိုးရ အဆောက် အအုံတွေလည်း မဟုတ်တဲ့ အတွက်ကြောင့်ပါ။ အဲဒီမှာ နေကြတဲ့ သူတွေကိုလည်း စတင် မမေးခင် ကျနော်တို့ လုပ်ထားတဲ့ အကြိုမေးခွန်း ပုံစံတွေနဲ့ ပတ်သက်ပြီး နားလည်မှု မလွဲအောင် ရှင်းပြမယ်။ ကိုယ့်အလုပ်ကို လာမေးလို့ တမျိုးမြင်မှာလည်း စိတ်ပူတယ်။ ဒီအချက်အလက်တွေသိမှ မြို့ပြ အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ စဉ်းစားတဲ့ နေရာမှာ ဘယ်လို လုပ်ရလဲဆိုတာသိမှာ”ဟု ၎င်းက ဦးကြံတိုင်းအောင် က ဆက်ပြောသည်။

ယခုအစီအစဉ်သည် ဥရောပ သမဂ္ဂ ၏ စီမံကိန်းထဲမှ YHT အဖွဲ့က လုပ်ဆောင်ရမည့် စီမံကိန်း လုပ်ငန်း တခု ဖြစ်ကြောင်း၊ လာမည့် ၂ လ အတွင်း စတင် လုပ်ဆောင်မည် ဖြစ်ကြောင်းလည်း သိရသည်။

YHT အဖွဲ့ တည်ထောင်သူ ဒေါက်တာ သန်းမြင့်ဦးက“မြို့ပြအမွေအနှစ်က ယဉ်ကျေးမှု အမွေအနှစ်နဲ့ မတူဘူး။ မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးက ဦးစားပေးဘက်ကို ရောက်မလာဘူး။ ဒီဟာ ထိန်းသိမ်းဖို့ နည်းပညာတွေက အဆင်သင့် ရှိနေပြီးသား။ အကူအညီ ပေးကြမယ့် အဖွဲ့အစည်းတွေ၊ နိုင်ငံတွေလည်း ရှိနေပြီးသား။ ဘဏ္ဍာရေးကလည်း အဓိက ပြဿနာ မဟုတ်ဘူး။ အဓိကပြဿနာက ဒီအဆောက်အအုံတွေကို ဘယ်သူပိုင်သလဲ ဆိုတဲ့ဟာတွေပဲ။ လူတော့ နေထိုင်တယ်။ တကယ် ဘယ်သူပိုင်သလဲ ဆိုတာ မရှိဘူး။ တချို့ နေရာတွေမှာ အစိုးရ ပိုင်တယ်ဆိုတဲ့ အဆောက်အအုံတွေကို အရင်တုန်းက ပိုင်တဲ့သူတွေက တရားပြန်စွဲထားတာမျိုးတွေ ရှိနေတယ်။ ကျနော်တို့ အစိုးရဘက်ကို တိုက်တွန်းထားလို့ အခု ရန်ကုန်မြို့လယ် နေရာမှာ အထပ်မြင့်ဆောက်ဖို့ အစိုးရက တားမြစ် လာတာမျိုး ရှိတယ်”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် ဥပဒေတခု ရေးဆွဲထားပြီး အစိုးရရုံး၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရနှင့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥပဒေ ကော်မတီများထံ လွန်ခဲ့သော ၆ လခန့် ကတည်းက တင်ပြထားပြီးဖြစ်ကြောင်း YHT အဖွဲ့ဝင် ဒါရိုက်တာ ဒေါ်မိုးမိုးလွင်ကလည်း ပြောသည်။

“ရှေးဟောင်း အဆောက်အအုံကို ပြင်မယ်ဆိုရင် ဘယ်လို ပြင်ရမယ်၊ တချို့က သမိုင်းဝင်တဲ့ ရှေးဟောင်း အဆောက်အအုံနားမှာ အဆောက်အအုံ အသစ်တွေ ဆောက်လုပ်တဲ့အခါ တဖက်ဟာတွေ ပြိုတာလည်း ဖြစ်နိုင်တယ်၊ မြင်ကွင်း ပိတ်သွားတာလည်း ဖြစ်နိုင်တယ်။ အဲဒီတော့ ရှေးဟောင်း အဆောက်အအုံက အလှပျက်သွားရော။ ဒါ့ကြောင့် ဥပဒေ ဖြစ်ပေါ်လာအောင် တိုက်တွန်းမှုတွေ လုပ်နေတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့ဟောင်း တည်ရှိစဉ်ကတည်းက ရှိခဲ့သော မြို့နယ်များဖြစ်သည့် လသာ ၊ လမ်းမတော် မှ ဗိုလ်တထောင် မြို့နယ် အတွင်း ရှိ နေရာများကို ယဉ်ကျေးမှုအမွေအနှစ် နေရာတခုအဖြစ် စောင့်ကြည့် ထိန်းသိမ်းခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Yangon Heritage Test(YHT) က ပြီးခဲ့သည့်နှစ် ကတည်းက ထုတ်ဖော် ပြောဆိုထားသည်။

ဧရာဝတီ
မြို့ပြအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ပြီး ရန်ကုန်မြို့လယ် ၃ နေရာအတွင်းရှိ ရှေးဟောင်း အဆောက်အအုံများတွင် နေထိုင်ကြသူများထံမှ အသေးစိတ်စာရင်း ကောက်ယူမည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက် ရေးအဖွဲ့ (YHT)က ပြောသည်။

နျူကလီးယား လက်နက်မဲ့ ကမ္ဘာဖြစ်ရေး ဂျပန်ဆော်သြမည်

Photo: နျူကလီးယား လက်နက်မဲ့ ကမ္ဘာဖြစ်ရေး ဂျပန်ဆော်သြမည်
Thursday, August 7, 2014

ဂျပန်ဝန်ကြီးချုပ် Shinzo Abe က နျူကလီးယား လက်နက်ကင်းတဲ့ ကမ္ဘာကြီးဖြစ်ဖို့ သူ့အနေနဲ့ ကြိုးပမ်းသွားမယ့်အကြောင်း ကတိပြုလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ငြိမ်းချမ်းရေးပန်းခြံမှာ ကျင်းပခဲ့တဲ့ Hiroshima မြို့ အနုမြူဗုံးသင့်ခဲ့တဲ့ ၆၉ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ အခုလို ပြောဆိုလိုက်တာပါ။ ဂျပန်ဟာ အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ တခုတည်းသော နိုင်ငံဖြစ်ကြောင်းကိုလည်း ၀န်ကြီးချုပ် Abe က ထောက်ပြခဲ့ပါတယ်။

နျူကလီးယား လက်နက်ပပျောက်ရေး ရည်ရွယ်ချက်တွေကို လိုက်နာဆောင်ရွက်နေစဉ်မှာပဲ ဒီလို နျူကလီးယား လက်နက်ကြောင့် အစုလိုက်အပြုံလိုက် သေကျေမှုတွေ ထပ်မဖြစ်အောင် နျူကလီးယား လက်နက်တွေ ဖျက်သိမ်းဖို့၊ ထာဝရ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဖြစ်ဖို့၊ သူ့အနေနဲ့ အပြင်းအထန် ကြိုးပမ်းသွားမယ့်အကြောင်း ၀န်ကြီးချုပ် Abe က ကတိပြု ပြောဆိုခဲ့ပါတယ်။

ဗုံးဒဏ်ကနေ အသက်ရှင် ကျန်ရစ်သူတွေ အပါအ၀င် လူပေါင်း ၄ သောင်းခွဲလောက် ဒီအခမ်းအနားကို တက်ရောက်ပြီး အမေရိကန် B-29 ဗုံးကျဲလေယာဉ်ကနေ Hiroshima အပေါ် ဗုံးကျဲချတဲ့အချိန် မနက် ၈ နာရီ ၁၅ မိနစ်မှာ တမိနစ် ငြိမ်သက်ပြီး ဂါရ၀ပြုခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် နှစ်ကုန်အထိ ဗုံးဒဏ်ကြောင့် ခန့်မှန်းချေ သေဆုံးသူ ၁ သိန်း ၄ သောင်း ရှိခဲ့ပြီး နောက်ထပ် ၇ သောင်းလောက်ဟာလည်း Hiroshima အပြီး ၃ ရက်အကြာ Nagasaki မြို့အပေါ် ဗုံးကျဲချစဉ်မှာ သေဆုံးခဲ့ပါတယ်။

VOA Burmese
ဂျပန်ဝန်ကြီးချုပ် Shinzo Abe က နျူကလီးယား လက်နက်ကင်းတဲ့ ကမ္ဘာကြီးဖြစ်ဖို့ သူ့အနေနဲ့ ကြိုးပမ်းသွားမယ့်အကြောင်း ကတိပြုလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ငြိမ်းချမ်းရေးပန်းခြံမှာ ကျင်းပခဲ့တဲ့ Hiroshima မြို့ အနုမြူဗုံးသင့်ခဲ့တဲ့ ၆၉ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ အခုလို ပြောဆိုလိုက်တာပါ။ ဂျပန်ဟာ အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ တခုတည်းသော နိုင်ငံဖြစ်ကြောင်းကိုလည်း ၀န်ကြီးချုပ် Abe က ထောက်ပြခဲ့ပါတယ်။

နှစ်ရက်အတွင်း နိုင်ငံသားလျှောက်ထားသည့် ဘင်္ဂါလီ ၃၀ ခန့်ကို စစ်ဆေးပြီးဟုဆို

Photo: နှစ်ရက်အတွင်း နိုင်ငံသားလျှောက်ထားသည့် ဘင်္ဂါလီ ၃၀ ခန့်ကို စစ်ဆေးပြီးဟုဆို
Thursday, August 7, 2014

မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီတစ် ထောင်ကျော်ကို မြို့နယ်အဆင့် လူတွေ့စစ်ဆေးရာ နှစ်ရက်အတွင်း လူပေါင်းသုံးဆယ်ခန့် စစ် ဆေးနိုင်ခဲ့ပြီး ဥပဒေနှင့်မညီသော သူများကို ထုတ်ပယ်သွားမည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သ တင်းရရှိသည်။

‘‘လူပေါင်းသုံးဆယ်ကိုတော့ စစ်ဆေးပြီးသွားပါပြီ။ ဥပဒေနဲ့ မ ညီရင်ထုတ်ပယ်သွားမှာပါ။ဘယ် လောက် ထုတ်ပယ်မလဲဆိုတာ တော့ ပြောလို့မရသေးပါဘူး။ စိ စစ်နေတုန်းဆိုတော့’’ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အကြီးတန်းအရာရှိ ကြီးတစ်ဦးကပြောသည်။

မြန်မာနိုင်ငံသား ဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီ တစ် ထောင်ကျော်ကို လူတွေ့စစ်ဆေးမေးမြန်းခြင်းကို သြဂုတ် ၅ရက်၌ မြို့နယ်အဆင့် ဆောင်ရွက်ခဲ့သည်။

ယင်းသို့ မြို့နယ်အဆင့်ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးကဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဆိုပါအ အဖွဲ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ဥ ပဒေပညာရှင်များ၊ မြို့နယ်လ၀ က၊ ရခိုင်တိုင်းရင်းသားကိုယ်စား လှယ်နှစ်ဦး၊ ဘင်္ဂါလီကိုယ်စားလှယ်တစ်ဦးပါဝင်ကာ အချက်အလက်များကို လူတွေ့စစ်ဆေးခဲ့သည်။

စစ်ဆေးခြင်းကို မြို့နယ်အ ဆင့်ဆောင်ရွက်နေသော်လည်း စိစစ်မှုကို စနစ်တကျလုပ်ဆောင် မည်ဖြစ်သောကြောင့်နိုင်ငံသား အဖြစ်လျှောက်ထားသူဘင်္ဂါလီ တစ်ထောင်ကျော်ကို မည်သည့် ရက်အတွင်း အပြီးသတ်စိစစ်သွား မည်ကို ပြော၍မရကြောင်း အထက်ပါ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

လျှောက်ထားသူများ နိုင်ငံ သားဖြစ်ခွင့်ကို မြို့နယ်အဆင့်စိ စစ်ပြီးပါက ခရိုင်အဆင့်၊ ပြည်နယ် အဆင့်နှင့်လ၀ကရုံးချုပ်က ပြန် လည်စစ်ဆေးပြီး အစိုးရအဖွဲ့များ ပါဝင်သည့်ဗဟိုအဆင့်အဖွဲ့က စိ စစ်ခွင့်ပြုသွားမည်ဖြစ်သည်။

၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပ ဒေအရ မြေပုံမြို့နယ်တွင် ဇွန်လ ၁၅ရက်မှစ၍ ပိုင်းလော့(Pilot)ဧရိ ယာအဖြစ်သတ်မှတ်ပြီး ဘင်္ဂါလီ လူမျိုးများကို နိုင်ငံသားစိစစ်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဗဟိုအဆင့်တွင်လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနမှ ၀န်ကြီး၊ ဒုတိယ၀န်ကြီး တို့က ဦးဆောင်ပြီးအခြားပြည်ထဲ ရေး ၀န်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က အကဲဖြတ်မည်ဟု သတင်းရရှိသည်။

7Day Daily

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင်တွေ့ရသည့် ဘင်္ဂါလီများ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင်တွေ့ရသည့် ဘင်္ဂါလီများ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီတစ် ထောင်ကျော်ကို မြို့နယ်အဆင့် လူတွေ့စစ်ဆေးရာ နှစ်ရက်အတွင်း လူပေါင်းသုံးဆယ်ခန့် စစ် ဆေးနိုင်ခဲ့ပြီး ဥပဒေနှင့်မညီသော သူများကို ထုတ်ပယ်သွားမည်ဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သ တင်းရရှိသည်။

တစ်နှစ်ကျော်ကြာမဖြေရှင်းနိုင်သေးသည့် UMFCCI ၏ ကျပ်သိန်းငါးသောင်းခန့် ဘဏ္ဍာရေးပြဿနာအတွက် သတင်းစာရှင်းလင်းပွဲ ထပ်မံပြုလုပ်မည်

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ဘဏ္ဍာရေးဆိုင်ရာပြဿနာများအတွက် တစ်နှစ်ကျော်လာသည့်အထိ ငွေစာရင်း ရှင်း တမ်း ထုတ်ပြန်နိုင်မှုမရှိသည့်ပြဿနာများကို နိုင်ငံတော် သမ္မတအပါအ၀င် တာဝန်ရှိသူများထံတင်ပြခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ဆက်လက်ပြုလုပ် မည်ဟု ဇောတိက အပြည်ပြည်ဆိုင်ရာကုမ္ပဏီလီမိတက်မှ ဦးခင်လှိုင်က ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် လယ်ဧကငါးသောင်းကျော် နှင့် မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်ပြီး ပဲခူးခရိုင်နှင့် ပြည်ခရိုင်တွင် အဆိုးရွား ဆုံးဖြစ်

Photo: ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် လယ်ဧကငါးသောင်းကျော် နှင့် မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်ပြီး ပဲခူးခရိုင်နှင့် ပြည်ခရိုင်တွင် အဆိုးရွား ဆုံးဖြစ်
Thursday, August 7, 2014 

ပဲခူးတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့်ဇူလိုင်လနှောင်းပိုင်းမှစတင်၍ မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ လယ်ဧက ၅၀၀၀၀ ကျော်ခန့်နှင့် မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်ခဲ့ပြီး ပဲခူးရိုင်နှင့် ပြည်ခရိုင်တို့တွင် အဆိုးရွားဆုံးဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါရေနစ်မြုပ်မှုမှာ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ က၀၊ သနပ္ပင်၊ ဝေါ၊ ညောင်လေးပင်၊ ပိန်းဇလုပ်နှင့် ပြည်ခရိုင်ခြောက်မြို့နယ်အနက် ပြည်မြို့နယ်၊ သဲကုန်းမြို့နယ်၊ ပေါင်းတည်မြို့နယ်တို့တွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ပဲခူးမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ကျွန်းသာယာ၊ မဇင်း၊ ကျောက်ကြီးစု၊ ရွာသစ်၊ ရွာသစ်တိုးချဲ့၊ ရှမ်းတန်းရပ်ကွက်၊ ကလျာဏီရပ်ကွက်၊ ဖောင်တော်ဦးရပ်ကွက်တို့တွင် ရေအမြင့်လေးပေကျော်သို့ ရောက်ရှိနေကြောင်း ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မိမ္မရဲကျေးရွာ ပေါင်းတည်မြို့နယ်၊ မဲကောင်းအုပ်စု၊ ဟင်္သာကန်ရပ်ကွက်၊ နွယ်ချို(၂)၊ နတ္တလင်းမြို့ အုတ်တွင်းကုန်းအုပ်စုတို့ဖြစ်ကြောင်း သိရသည်။

"မနေ့ကစပြီး မြို့အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေပိုတက်လာတယ်။ ကျွန်းသာယာရပ်ကွက်နဲ့ မဇင်းရပ်ကွက်မှာ ရေအမြင့်ငါးပေလောက်ထိ တက်လာပြီ။ လေးငါးရက်လောက်မိုးဆက်ရွာနေရင် အခြေအနေက ပိုစိုးရိမ်လာစရာရှိတယ်။ ဆိုးရွားတဲ့ရပ်ကွက်တွေကိုတော့ လူမှုရေးအဖွဲ့စည်းတွေစုပြီး ထမင်းထုပ်တွေ စဝေနေပြီ။ ပဲခူးခရိုင်တွင်းမှာ စပါးစိုက်ပြီးသားလယ်တွေ ရေနစ်နေတာ ဧကတစ်သိန်းလောက်ရှိမယ်။ စပါးပင်က ငါးရက်လောက်ရေနစ်သွားရင် သေတာပဲ။ နောက်တစ်ခုက ပဲခူးချောင်းဖျားမိုင် ၃၀ လောက်မှာရှိတဲ့ ဒေါင်းတုဆည်က ရေလွှတ်ချမယ်ကြားတယ်။ အဲလိုလုပ်ရင် အောက်မှာရွာတွေရှိတယ်။ ပြည်သူကိုကြိုအသိပေးသင့်တယ်။ စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်" ဟု ပဲခူးမြို့မှ ဒေါက်တာစိုးမြင့်သန်းက ပြောကြားသည်။

ယင်းဖြစ်ရပ်များကြောင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က သြဂုတ် ၄ ရက်တွင် အရေးပေါ်အစည်းဝေးတစ်ရပ်ခေါ်ယူကာ ပဲခူးတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးကော်မတီ ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ အလားတူ ပြည်ခရိုင်၊ ပြည်မြို့နယ် မိမ္မရဲကျေးရွာတွင် သြဂုတ် ၃ ရက်နှင့် ၄ ရက်တို့တွင် သစ်ချီတင်ချောင်းရေလျှံမှုကြောင့် လယ်ဧက ၁၀၀ နီးပါးနှင့် လူနေအိမ်ခြေ ၂၀ ခန့် ရေနစ်မြုပ်ခဲ့ပြီး ကလေးငယ်များ နာဖျားမှုများကြောင့် ကျောင်းခွင့်ယူထားမှုများရှိကြောင်း ရွာခံများကဆိုသည်။
"ရွာထဲမှာရေလွှမ်းနေတော့ တော်ရုံဈေးလာမ၀ယ်တော့ နေ့စဉ်ရောင်းဝယ်ရေးထိခိုက်တာပေါ့။ အခုနှစ် မိုးရာသီမှာရေကြီးတာဆိုရင် ငါးကြိမ်လောက်ရှိမယ်ထင်တယ်။ အိမ်ထဲရေမ၀င်အောင်ဖို့ထားပေမယ့်လည်း မရဘူးလေ။ ရွာလမ်းကိုကျော်ဖို့လည်းမရဘူး။ ရေကျသွားရင်လည်း ရွှံဗွက်တွေတင်ကျန်ခဲ့တယ်။ အဆိုးဆုံးက အခုရွာထဲမှာ ကလေးတွေဖျားနာနေတယ်။ တချို့ကျောင်းမတက်နိုင်ကျဘူး။ ဘယ်တာဝန်ရှိသူမှလည်းလာမကြည့်ဘူး။ ရေကျသွားမဲ့အချိန်ကိုပဲစောင့်ရတာပဲ" ဟု မိမ္မရဲကျေးရွာရှိ ဈေးဆိုင်ပိုင်ရှင် ဒေါ်ခင်အုန်းမြင့်ကဆိုသည်။

သြဂုတ် ၁ ရက်မှစ၍ ပေါင်းတည်မြို့နယ်တွင်း မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းနေမှုကြောင့် ချောင်းရေလျှံခဲ့ကာ လူနေရပ်ကွက်များနှင့် လယ်ဧက ၂၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း၊ ပေါင်းတည်မြို့နယ်၊ ဟင်္သာကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေအောင်က ပြောကြားခဲ့ပြီး သဲကုန်းမြို့နယ်တွင်လည်း အင်းမအင်း ရေထိန်းတမံနှင့် ပုဂ္ဂိလငါးကန်များကြောင့် လယ်မြေဧက ၁၀၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း၊ ထို့အတူ ဇူလိုင် ၂၇ ရက်က သဲကုန်းကြီးချောင်းရေလျှံမှုကြောင့် သဲကုန်း-ပြည် ကားလမ်းမရှိတံတားနှစ်စီးချိုးပြီး လူတစ်ဦးသေဆုံးခဲ့ကာ ရေလမ်းကြောင်းပြောင်းပြီး လယ်ဧက ၆၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

"ရေတွေပြန်ကျသွားပေမယ့် စိုက်ပျိုးလို့မရသေးဘူး။ ကျိုးသွားတဲ့တံတားတွေနဲ့ တာတွေကိုတော့ ပြန်လုပ်နေတာတွေ့တယ်။ ရွာသာကြီးရွာဘက်မှာလည်း လယ်ဧက ၆၀ လောက် ရေလွှမ်းနေတယ်လို့သိရတယ်" ဟု သဲကုန်းမြို့နယ်မှ ကိုအုန်းကဆိုသည်။

ရေကြီးရေလျှံမှုများတွင် မြစ်ရေလျှံမှုကြောင့် အရေးပေါ်ကူညီရွှေ့ပြောင်းကယ်ဆယ်ရေးများကိုသာ မီးသတ်ဦးစီးဌာနက ကူညီကယ်ဆယ်ရပြီး ရေလွှမ်းသည့်လယ်မြေများမှာ စိုက်ပျိုးရေး၊ မြေစာရင်းထွေအုပ်များဖြင့်သာ သက်ဆိုင်ကြောင်း၊ ပြည်ခရိုင်တွင်းဖြစ်စဉ် အရေးပေါ် ရေဘေးကယ်ဆယ်မှုမရှိသေးကြောင်း၊ ဖြစ်ပေါ်လာပါကလည်း အရေးပေါ်ကူညီကယ်ဆယ်ရေး မီးသတ်ရဲဘော် ၁၀၀ ဦး အသင့်ထားရှိကြောင်း မိုးလေ၀သ၏ကြေညာချက်နှင့် ဧရာဝတီမြစ်ရေလျှံချိန်မျိုးမှာ စက်တင်ဘာလဆန်းတွင်ဖြစ်ခြင်းကြောင့် စောင့်ကြည့်အနေအထားတွင်ရှိကြောင်း ပြည်ခရိုင် မီးသတ်ဦးစီးမှူး ဦးဝင်းညွန့်ကဆိုသည်။

Eleven Media Group
ပဲခူးတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့်ဇူလိုင်လနှောင်းပိုင်းမှစတင်၍ မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ လယ် ဧက ၅၀၀၀၀ ကျော်ခန့်နှင့် မြို့ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်ခဲ့ပြီး ပဲခူးရိုင် နှင့် ပြည်ခရိုင်တို့တွင် အဆိုးရွားဆုံးဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။