Thursday, June 6, 2013

မြောက်ဦး ပုရိန်ရွာပစ်ခတ်မှု ၃ ဦးသေဆုံးကြောင်း အာဏာပိုင်တွေ အတည်ပြုပြောကြား

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ဒေသခံတွေနဲ့ အာဏာ ပိုင်တွေအကြား ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

မှုခင်းဖော်ထုတ်ပေးသည့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေ ချီးမြှင့်ခြင်း

Photo: မှုခင်းဖော်ထုတ်ပေးသည့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အား
ဂုဏ်ပြုဆုငွေ ချီးမြှင့်ခြင်း
Thursday, June 6, 2013

ကမာရွတ်မြို့မရဲစခန်း (ပ) ၅၃/၂၀၁၂၊ ပုဒ်မ ၃၈၀ အမှုအား
 အောင်မြင်အောင် ဖော်ထုတ်ပေးခဲ့သော ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနသို့ပစ္စည်းပိုင်ရှင် တရားလို ဦးမိုးပြည့်စိုးမှ စေတနာ  
ထက်သန်စွာဖြင့် ဂုဏ်ပြုဆုငွေ ၃ သိန်း ချီးမြှင့်ကြောင်းနှင့် အဆိုပါ ချီးမြှင့်ငွေ ၃ သိန်း ကျပ်အား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အထူးအဖွဲ့ရန်ပုံငွေအဖြစ်
 မြန်မာ့စီးပွားရေးဘဏ်တွင်ရေးဖွင့်ထားသည့် ငွေစာရင်းတွင် 
ထည့်သွင်းသွားမည်ဖြစ်ပြီး အထူးအဖွဲ့ရန်ပုံငွေသည် မှုခင်းကြိုတင် ကာကွယ်ရေးနှင့် မှုခင်းများဖော်ထုတ်ဆောင်ရွက်ရာတွင် သုံးစွဲကြောင်း သိရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အဆိုပါ ကမာရွတ်မြို့မရဲစခန်း (ပ) ၅၃/၂၀၁၂၊ ပုဒ်မ ၃၈၀ အမှုမှ တရားခံ တင်မိုးဝင်း(ခ)အညာသားအား စစ်ဆေးခဲ့ရာ ကမာရွတ်မြို့နယ်မှ ခိုးမှု (၅)မှုဖြစ်သည့်
ကမာရွတ်မြို့မရဲစခန်း (ပ) ၈၄/၂၀၁၂၊ ပုဒ်မ ၃၈၀၊
(ပ) ၃၀/၂၀၁၃၊ ပုဒ်မ ၃၈၀၊ (ပ) ၃၁/၂၀၁၃၊ ပုဒ်မ ၃၈၀၊
(ပ) ၃၃/၂၀၁၃၊ ပုဒ်မ ၃၈၀ နှင့် လှိုင်မြို့နယ်မှ ခိုးမှု (၄)မှုဖြစ်သည့် လှိုင်မြို့မရဲစခန်း (ပ) ၅၄၁/၂၀၁၂၊ ပုဒ်မ ၃၈၀၊ (ပ) ၆၃၁/၂၀၁၂၊
ပုဒ်မ ၃၈၀၊ (ပ) ၆၃၉/၂၀၁၂၊ ပုဒ်မ ၃၈၀၊
(ပ) ၂၅/၂၀၁၃၊ ပုဒ်မ ၃၈၀၊ စုစုပေါင်း ခိုးမှု (၉)မှုအား ဖော်ထုတ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်
ကမာရွတ်မြို့မရဲစခန်း (ပ) ၅၃/၂၀၁၂၊ ပုဒ်မ ၃၈၀ အမှုအား အောင်မြင်အောင် ဖော်ထုတ်ပေးခဲ့သော ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းအကူဌာနသို့ပစ္စည်းပိုင်ရှင် တရားလို ဦးမိုးပြည့်စိုးမှ စေတနာထက်သန် စွာဖြင့် ဂုဏ်ပြုဆုငွေ ၃ သိန်း ချီးမြှင့်ကြောင်းနှင့် အဆိုပါ ချီးမြှင့်ငွေ ၃ သိန်း ကျပ်အား ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှ အထူးအဖွဲ့ရန်ပုံငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင်ရေးဖွင့်ထားသည့် ငွေစာရင်းတွင် ထည့် သွင်းသွားမည်ဖြစ်ပြီး အထူးအဖွဲ့ရန်ပုံငွေသည် မှုခင်းကြိုတင် ကာကွယ်ရေးနှင့် မှုခင်းများဖော် ထုတ်ဆောင် ရွက် ရာတွင် သုံးစွဲကြောင်း သိရှိရပါသည်။

အထိုင်များသူတို့က လှုပ်ရှားမှုများသူတို့ထက် အိုမင်းမှု ပိုမြန်

Photo: အထိုင်များသူတို့က လှုပ်ရှားမှုများသူတို့ထက် အိုမင်းမှု ပိုမြန်

အမေရိကန်မှ ဆေးသိပ္ပံပညာရှင်များရဲ့  လေ့လာတွေ့ရှိချက် ဖြစ်ပါတယ်။ ယင်း တွေ့ရှိချက်အရ အားကစား ပုံမှန်လုပ်သူဟာ အခြား မလုပ်သူများထက် စိတ်ရော၊ အတွင်းအပြင် ခန္ဓာကိုယ် အိုမင်းမှုပါနှောင့်နှေးစေပါတယ်။ အရွယ် တင် စေပါတယ်။ 

အသက် ၆၅ နှစ်ရှိပြီ ဖြစ်တဲ့ ကနေဒါ အမျိုးသမီးတစ်ဦးဟာ အေရိုးဗစ် ပုံမှန် ဆော့ခိုင်းလို့ စစ်ဆေးကြည့်တဲ့ အခါမှာ အခြား ရွယ်တူ ၆၅ နှစ် အဖွာများထက် ပိုမိုလှုပ်ရှားနိုင်၊ သွားလာနိုင်အောင်ကို သန်မာပြီး ဦးနှောက်ထဲသို့ သွေးစီးဆင်းမှုကိုလည်း ကောင်းစေပါတယ်။ စက်ပစ္စည်းနဲ့ သေချာ တိုင်းတာမှု အရ သာမန် အဖွားတစ်ဦးထက်တောင် ဦးနှောက်လုပ်ဆောင်ချက်က ၁၀ ရာခိုင်နှုန်း ပိုမြန်သွားပါတယ်။ 

ဒါကြောင့် အထိုင်များတဲ့ အလုပ်လုပ်သူဟာ လှုပ်လှုပ်ရှားရှား လုပ်ကိုင်ရ သူများထက် ပို အိုမင်းစေမှုကိုလည်း လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ဘယ်လိုလူမျိုးမဆို အားကစား တစ်ခုခုကို လေ့လာ လိုက်စား သင့်ပြီး စိတ်ရော၊ ကိုယ်ပါ အရွယ်တင်စေနိုင်ကြောင်း သိရပါတယ်။ 
--
Ref: medic-facts
ရိုးရာလေး ကျန်းမာရေး 

-
www.yoyarlay.com/health/beauty/35945-stay-calm-make-you-older

-
အမေရိကန်မှ ဆေးသိပ္ပံပညာရှင်များရဲ့  လေ့လာတွေ့ရှိချက် ဖြစ်ပါတယ်။ ယင်း တွေ့ရှိချက်အရ အားကစား ပုံမှန်လုပ်သူဟာ အခြား မလုပ်သူများထက် စိတ်ရော၊ အတွင်းအပြင် ခန္ဓာကိုယ် အိုမင်းမှုပါနှောင့်နှေးစေ ပါတယ်။ အရွယ် တင် စေပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကြောင့် ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာသော ပုသိမ် အိမ်၊ ခြံ၊ မြေ ဈေးကွက်

Photo: ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကြောင့် ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာသော ပုသိမ် အိမ်၊ ခြံ၊ မြေ ဈေးကွက်
Thursday, June 6, 2013

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကြောင့် ပုသိမ်မြို့နယ်အတွင်းရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းများ ၅၀ ရာခိုင်နှုန်းအထိမြင့်တက်လာကြောင်း ‘ပုသိမ်အိမ်၊ခြံ၊မြေ အကျိုးဆောင်များ’ ထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးရေးအတွက် ၂၀၁၃ ခုနှစ်မှ စတင်ကာ ပုသိမ်ရေနက်ဆိပ်ကမ်း ဖော်ဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း တိုးမြှင့်ခြင်း၊ စက်မှုဇုန်များ တည်ဆောက်ခြင်းနှင့် လက်ယာစိုက်ပျိုးရေးကဏ္ဍတိုးမြှင့်ခြင်းဟူ၍ ဖွံ့ဖြိုးရေးစီမံကိန်းလေးခု အကောင်အထည်ဖော်ခဲ့ပြီး အဆိုပါစီမံကိန်းများ၏ သက်ရောက်မှုအနေဖြင့် မြေဈေးကွက် ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ပုသိမ် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များ၏ ပြောကြားချက်များအရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ပုသိမ်မြို့အတွင်း အဓိကလမ်းမကြီးအဖြစ် အသုံးပြုလျက်ရှိသော မဟာဗန္ဓုလလမ်းတစ်လျှောက်၌ ဈေးအမြင့်ဆုံးဖြစ်ပြီး ယခင် ငွေကျပ်သိန်းသုံးရာသာ ဈေးရရှိသောပေ ၃၀ x ၈၀ ခြံကွက် တစ်ကွက်လျှင် ယခုအခါ ငွေကျပ် သိန်းရှစ်ထောင်မှ ကိုးထောင်အထိ ရှိကြောင်း၊ ဒုတိယလမ်းမကြီးဖြစ်သည့် ကုန်သည်လမ်းတစ်လျှောက်၌မူ ပေ ၂၀ x ၈၀ ခြံကွက်တစ်ကွက်လျှင် ငွေကျပ်သိန်းငါးထောင်၊ ခြောက်ထောင်မှ ခြံအကျယ်အဝန်းအလိုက် ငွေကျပ်သိန်းရှစ်ထောင်အထိ ပေါက်ဈေးရှိကြောင်း သိရသည်။

“အရင်ကမဟာဗန္ဓုလလမ်းတစ်လျှောက် သိန်းနှစ်ရာလောက်ရှိရင် ကြိုက်တဲ့မြေကွက် ဝယ်လို့ရတယ်၊ ဒါက လွန်ခဲ့တဲ့ ခုနစ်နှစ်၊ ရှစ်နှစ်လောက်က၊ ခုတော့ အဆငါးဆယ်လောက် ခုန်တက်သွားပြီ”ဟုပုသိမ်မြို့ရှိ ဒေသခံတစ်ဦးက ပြောသည်။

ပုသိမ်မြို့ ရပ်ကွက်အတွင်းလမ်းသွယ်များရှိ ပေ ၄၀ x ၆၀ မြေကွက်တစ်ကွက်လျှင် ခြံအကျယ်အဝန်းနှင့် မြေနေရာ အနေအထားအလိုက် ငွေကျပ်သိန်း ရှစ်ဆယ်မှ သိန်းတစ်ထောင်ငါးရာအထိ ရှိပြီး မြို့အဝင် လမ်းမတန်းတစ်လျှောက်ရှိ လယ်တစ်ဧကလျှင် ငွေကျပ်သိန်းသုံးဆယ်မှ ငါးဆယ်နှင့် အတွင်းဘက်ရှိလယ်တစ်ဧကလျှင် ငွေကျပ်ငါးသိန်းမှ တစ်ဆယ့်ငါးသိန်းအထိ ပေါက်ဈေးရှိကြောင်း၊ မြို့တွင်း မြေကွက်မှာ နှစ်သုံးဆယ် ဂရန်နှင့်ဘိုးဘွားပိုင်မြေများသာဖြစ်ပြီး လယ်မြေဧကများမှာလည်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အထိ အမြင့်ဆုံးငွေကျပ် ၁၀ သိန်းအထိသာ ရှိကြောင်း ပုသိမ်မြို့ရှိ နှင်းရတနာသန့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် မှစုံစမ်းသိရှိရသည်။

လက်ရှိအချိန်တွင် အကောင်အထည်ဖော်လျက်ရှိသော ပုသိမ်မြို့ဈေးဝယ်စင်တာ စီမံကိန်း၊ အထူးကုဆေးရုံကြီးများ၊ ဘဏ်များနှင့်လူနေဆိုင်ခန်းများ ပါဝင်သော စီမံကိန်း စသည်တို့မှာ နိုင်ငံပိုင်မြေများပေါ်တွင် တည်ဆောက်နေခြင်း ဖြစ်ပြီး အဆိုပါ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကြောင့် အိမ်၊ ခြံ၊ မြေဈေးမြင့်မားလျက်ရှိသော်လည်း မြစ်ကမ်းနဘေးရှိ မြို့ဖြစ်ခြင်း၊ ပုသိမ်မြို့၏ အဓိက အချက်အချာကျသော မြေနေရာပေါ်တွင် ဌာနဆိုင်ရာ အဆောက်အအုံများ တည်ရှိနေခြင်းတို့ကြောင့် မြေနေရာရှားပါးသော ပုသိမ်မြို့မှာ တိုးချဲ့ရန် မလွယ်ကြောင်း ပုသိမ်မြို့ပြအင်ဂျင်နီယာ တစ်ဦးက သုံးသပ်ခဲ့သည်။

စီမံကိန်းများကြောင့် ပုသိမ် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများမှာ ငါးဆယ်ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သော်လည်း ကြိုက်ရောင်း၊ ကြိုက်ဝယ်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခင်က လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ လမ်းဆုံးမြို့တော်ဟု ခေါ်ဝေါ်ခဲ့သော ပုသိမ်မြို့သည် ခရီးသွားလုပ်ငန်းများရှိ ကမ်းခြေခရီးသွားလုပ်ငန်းတွင် အချက်အချာကျသောနေရာ၌ တည်ရှိလျက်ရှိပြီး တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလေးခုအနက် ရင်းနှီးမြှုပ်နှံခြင်း လုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းမှာ အလားအလာကောင်းနိုင်ကြောင်း သိရသည်။

Myanmar Property
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကြောင့် ပုသိမ်မြို့နယ် အတွင်းရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းများ ၅၀ ရာခိုင်နှုန်းအထိမြင့်တက်လာကြောင်း ‘ပုသိမ် အိမ်၊ခြံ၊မြေ အကျိုးဆောင်များ’ ထံမှ သိရသည်။

ရှေးဟောင်းအမွေအနှစ် အဆောက်အဦး (၂၀၀)ခန့်ကို ဘာသာနှစ်မျိုးဖြင့် သမိုင်းကြောင်းဖော်ပြမည်

Photo: ရှေးဟောင်းအမွေအနှစ် အဆောက်အဦး (၂၀၀)ခန့်ကို ဘာသာနှစ်မျိုးဖြင့် သမိုင်းကြောင်းဖော်ပြမည်

ဇွန်လ ၆ ရက် ၂၀၁၃

ရန်ကုန်မြို့အတွင်းရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများ၏ သမိုင်းကြောင်းကို ကမ္မည်းပြား( blue plaques)များဖြင့် မြန်မာ၊ အင်္ဂလိပ် ဘာသာနှစ်မျိုးရေးသားကာ ဖော်ပြရန်အတွက် Philips ကုမ္ပဏီက ကန်ဒေါ်လာ (၇၅၀၀၀) ကိုလှူဒါန်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust)မှ ဥက္ကဌ ဒေါက်တာသန့်မြင့်ဦးက ဆိုသည်။
 
“blue plaques တွေတပ်ဆင်ပေးမှာပါ။ အဲဒါမှ လူတွေက ဒါကအထင်ကရနေရာဖြစ်တယ်။ ဒီအဆောက်အဦးက ထိန်းသိမ်းသင့်တဲ့အဆောက်အဦးဖြစ်တယ်ဆိုတာ ကျွန်တော်တို့ပြည်သူပြည်သားတွေ သတိထားမိသွားအောင်   ထောက်ပြချင်တာပါ” ဟု (Yangon Heritage Trust)မှ ဥက္ကဌ ဒေါက်တာသန့်မြင့်ဦးက ပြောသည်။
 
အဆိုပါ ကမ္မည်းပြားများကို ဇွန်လအတွင်း၌ ရှေးဟောင်းအဆောက်အဦး (၂၀၀) ခန့်တွင်  တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
 
Philips သည် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ယဉ်ကျေးမှုမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၏ ဗိသုကာ လက်ရာ အမွေအနှစ်များကို ဖော်ပြနိုင်ရန် ကမ္မည်းပြား( blue plaques)များ တပ်ဆင်ရေးလုပ်ငန်းအတွက် အဆိုပါ အလှူငွေများအား ထည့်ဝင်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
 
“ Philips အနေနဲ့ မြန်မာနိုင်ငံမှာ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေး စောင့်ရှောက်တဲ့ စနစ်တွေ တည်ထောင်ပေးဖို့၊ Philips ရဲ့ လူသုံးကုန် ပစ္စည်းတွေနဲ့ လူတွေ ပိုပြီး ကျန်းမာပျော်ရွှင်တဲ့ ဘ၀ နေထိုင်နိုင်စေဖို့ ၊ အရည်အသွေးမြင့် အလင်းပေးမှုစနစ်ဆိုင်ရာ အခြေခံ အဆောက်အအုံကို ကူညီ တည်ထောင်ပေးဖို့ ဖြစ်ပါတယ်” ဟု Philips ၏ အာဆီယံနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ် Mrs. Harjit Gill က ပြောသည်။
 
Philip ကုမ္ပဏီနှင့် ပူးပေါင်းမည့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) သည် မြို့ပြစီမံကိန်း မူဘောင်အတွင်း ရန်ကုန်မြို့၏ မြို့ပြအမွေအနှစ်များကို အများဆုံး ကာကွယ်စောင့်ရှောက်ရန်ဟူသော ဦးတည်ချက်ဖြင့် ၂၀၁၂ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Myit Makha Mediagroup
ရန်ကုန်မြို့အတွင်းရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အဦးများ၏ သမိုင်းကြောင်းကို ကမ္မည်းပြား( blue plaques)များဖြင့် မြန်မာ၊ အင်္ဂလိပ် ဘာသာနှစ်မျိုးရေးသားကာ ဖော်ပြရန်အတွက် Philips ကုမ္ပဏီက ကန်ဒေါ်လာ (၇၅၀၀၀) ကိုလှူဒါန်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (Yangon Heritage Trust)မှ ဥက္ကဌ ဒေါက်တာသန့်မြင့်ဦးက ဆိုသည်။

ပေါင်းလောင်း ဆည်ကြောင့် ကျေးရွာပြောင်းရသူများ နေရာ သစ်တွင် အခက်ကြုံ

Photo: ပေါင်းလောင်းဆည်ကြောင့် ကျေးရွာပြောင်းရသူများ နေရာသစ်တွင် အခက်ကြုံ
Thursday, June 6, 2013

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်က ပေါင်းလောင်းဆည် ရေအားလျှပ်စစ်စီမံကိန်းကြောင့် ရွာဟောင်းကနေ ရွာသစ်ကို ရွှေ့လာရတဲ့ ဒေသခံတွေ ရေမီးအခက်အခဲအပြင် အလုပ်အကိုင်အခက်အခဲ ကြုံနေရပါတယ်။

ပင်လောင်းမြို့နယ် ထိန်ပင်နဲ့ သပြေကုန်းကျေးရွာအုပ်စုထဲက ရွာပေါင်း ၂၃ ရွာဟာ သူတို့နေရင်းရွာ အနောက်ဘက် ၁ မိုင်ကျော်အကွာက တောင်ကုန်း တောင်တန်းတွေပေါ် ပြောင်းရွှေ့နေကြရပြီး အခက်အခဲအမျိုးမျိုးနဲ့ ကြုံနေရတယ်လို့ ကျေးရွာ ရပ်မိရပ်ဖတဦးက ပြောပါတယ်။

“အခု မိုးကလည်း ရွာနေပြီ။ ရွှေ့ပြောင်းဖို့က ပစ္စည်းတွေသယ်ဖို့လည်း လမ်းတွေကလည်း ပျက်နေတယ်။ ကားအခက်အခဲလည်း ရှိတယ်။ ဖျက်ထားတဲ့အိမ်တွေလည်း အကုန်မကယ်နိုင်ဘူး။ လမ်းတွေက သွားလို့မရဘူး၊ ချော်နေတယ်။ တချို့နေရာတွေ ပျက်နေတာရှိတယ်။ ဒီမှာအကုန် ရှုပ်နေတယ်။ ဖျက်တဲ့သူက ဖျက်၊ သယ်တဲ့သူက သယ်။”
အခုလက်ရှိတည်ဆောက်နေတဲ့ အထက်ပေါင်းလောင်းဆည် စီမံကိန်းကြီး ပြီးသွားရင် သူတို့ရွာဟောင်းထဲကို ရေတွေ ၀င်လာတော့မှာဖြစ်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက မနှစ် ဩဂုတ်လကစပြီး ပြောင်းရွှေ့ဖို့ ညွှန်ကြားထား တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီနေ့ထိ မရွှေ့ရသေးတဲ့ ရွာတွေလည်း ကျန်နေသေးတဲ့အတွက် စီမံကိန်းဆိုင်ရာ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့အပတ်က လာရောက်သတိပေးသွားပြီး ရွာထဲရေ၀င်လာရင် တာဝန်မယူကြောင်း၊ ပြောင်းရွှေ့ရေးမှာလည်း အကူအညီမပေးနိုင်ကြောင်း ပြောသွားတယ်လို့ ဆိုပါတယ်။

အခြားရွာသားတဦးကလည်း နေရာဟောင်းက မပြောင်းရင် ဒုက္ခရောက်မှာဖြစ်သလို နေရာသစ်မှာလည်း အခက်အခဲတွေ အများကြီးရှိတယ်လို့ ပြောပါတယ်။

“ရေမီးအစုံဖြစ်စေရမယ်ပြောပေမယ့် ရေတွေမလုံလောက်ဘူး။ မီးကတော့ ထားပါတော့၊ သုံးရေသောက်ရေတောင် လုံလုံလောက်လောက် မရဘူး။ ရေကန်ကြီးလုပ်ပေးတယ်၊ ရေကန်ကလည်း အပေါက်တွေနဲ့ လာထည့်ပေးတာလဲ ရေနောက်တွေ။ ရေနောက်တွေ ဘယ်လိုသောက်သုံးကြမလဲ။”

စီမံကိန်းကြောင့် ပြောင်းရွှေ့ရတဲ့ အိမ်ခြေ ၂ ထောင်ကျော်ရှိပြီး အိမ်ခြေတန်ဖိုးနဲ့ ညီမျှတဲ့ လျော်ကြေးကို အရစ်ကျ ထုတ်ပေးပေမယ့် အိမ်ဆောက်လိုသူ များတာကြောင့် အိမ်ဆောက်ပစ္စည်းနဲ့ လက်သမားခတွေ ဈေးတက်ကုန်ကြောင်း၊ ဒါကြောင့် ရှိတဲ့ငွေနဲ့ လောက်အောင် ဆောက်နေကြကြောင်း၊ ဆုံးရှုံးသွားတဲ့ သီးပင်စားပင်တွေအတွက် ၅ နှစ်စာ လျော်ပေးမယ်လို့ ပြောထားပေမယ့် ရှေ့ဆက် တသက်စာ လုပ်ကိုင်စားသောက်သွားဖို့ စိုက်ပျိုးမြေ အခက်အခဲတွေ ကြုံနေရတယ်လို့ သူက ဆက်ပြောပါတယ်။

အခုပြောင်းရွှေ့လာတဲ့နေရာဟာ တောင်ကုန်း၊ တောင်ကတုံးတွေဖြစ်တဲ့အတွက် မြေဆီလွှာညံ့ဖျင်းပြီး စိုက်ပျိုးရေး ခက်ခဲတာက တကြောင်း၊ အရင်က လယ်ယာဟောင်းဟာလည်း စီမံကိန်းဧရိယာထဲ ပါသွားသလို မပါတဲ့နေရာတွေလည်း အိမ်နဲ့ အင်မတန် အလှမ်းဝေးသွားတယ်လို့ ဆိုပါတယ်။

“တောင်သူလယ်သမားကတော့ လယ်ယာမရှိဘူးဆို ဘာမှမတတ်နိုင်ဘူး။ အခုက တောင်ကုန်းမှာရောက်ရင် လက်ရှိ မြေကွက်၊ ပဲကွက်တို့ ဘာမှမရှိတော့ဘူး။ တောင်ကုန်းမှာ ထင်းခုတ်စားဖို့ အလှမ်းဝေးသွားပြီ။”
ပေါင်းလောင်းစီမံကိန်းကြောင့် လူပေါင်း ၈ ထောင်ကျော် ပြောင်းရွှေ့ရမှာဖြစ်သလို လယ်မြေဧကပေါင်း ၆ ထောင်ကျော် ရေလွှမ်းဧရိယာထဲ ပါမှာဖြစ်တဲ့အတွက် ရွာသားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့က ပြီးခဲ့တဲ့နှစ်က ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲတရပ် လုပ်ခဲ့သလို နိုင်ငံတော်သမ္မတကြီးဆီ လိပ်မူပြီးတော့ စာတစောင် ပေးပို့ခဲ့ပါသေးတယ်။

နေပြည်တော်အရှေ့ဘက်မိုင် ၂၀ ကျော်မှာရှိတဲ့ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၂၀၀၄ ခုနှစ်က စတင်တည်ဆောက်နေတာဖြစ်ပြီး လာမယ့် ၂၀၁၄ – ၂၀၁၅ ခုနှစ်ထဲ အပြီးသတ်ဖို့ လျာထားကြောင်း၊ အဲဒီစီမံကိန်းကနေ ၁ နှစ်ကို လျှပ်စစ်ဓာတ်အား ပျမ်းမျှ ကီလိုဝပ် နာရီ သန်းပေါင်း ၄၅၄ သန်း ထုတ်ပေးနိုင်မယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

DVB
ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်က ပေါင်းလောင်းဆည် ရေအားလျှပ်စစ်စီမံကိန်းကြောင့် ရွာဟောင်း ကနေ ရွာသစ်ကို ရွှေ့လာရတဲ့ ဒေသခံတွေ ရေမီးအခက်အခဲအပြင် အလုပ်အကိုင်အခက်အခဲ ကြုံနေရပါ တယ်။

တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီမှ UNFC နှုတ်ထွက်

Photo: တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီမှ UNFC နှုတ်ထွက်
Thursday, June 6, 2013

ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကော်စီ UNFC က တိုင်းရင်းသား ပူးပေါင်းဆောင် ရွက်ရေး လုပ်ငန်းကော်မတီ WGEC မှ နှုတ်ထွက်လိုက်ကြောင်း သိရပါသည်။ 

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဂျွန်လ ၄ ရက်နှင့် ၅ ရက် ၂ ရက်တာ ကျင်းပခဲ့သည့် WGEC အစည်းအဝေး၌ UNFC က နှုတ်ထွက်မည်ဟု
 ပြောကြားလိုက်ခြင်းဖြစ်သည်။

ထိုအစည်းအဝေးသို့ UNFC အဖွဲ့ဝင်များဖြစ်သည့် ရခိုင်အမျိုးသားကောင်စီ(ANC)၊ ချင်း အမျိုးသား တပ်ဦး(CNF) ၊ ကချင် လွတ်လပ်ရေး အဖွဲ့ ချုပ်(KIO) ၊ ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် (SSPP/SSA)တို့အပြင် ရခိုင်လွတ်မြောက်ရေးပါတီ(ALP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် လူမှုအခြေပြု အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

“အစိုးရနဲ့ ဆွေးနွေးဖို့အဖွဲ့ ဖွဲ့တဲ့အခါမှာ အခက်အခဲ ပြဿနာ ရှိလာတယ်။ သမ္မတ ဦးသိန်းစိန် ငြိမ်းချမ်း ရေး ဆွေးနွေးဖို့ ကမ်းလှမ်းတဲ့နောက်ပိုင်း UNFC က အစည်းအဝေးခေါ်ပြီး ဖွဲ့ထားပြီးပြီ။ အသစ်ဖွဲ့ဖို့ မလိုတော့ဘူး။ အဖွဲ့သစ်တခုပါရင် UNFC + ၁ ဖြစ်မယ်။ ၂ ခုပါရင် UNFC + ၂ ဖြစ်မယ်။ ဒါပေမဲ့ WGEC က အသစ်ပြန်ဖွဲ့ဖို့ အဆိုပြုတယ်။ ဒါကြောင့် မပါဝင်ဖို့ ဆုံးဖြတ်ရတာပါ။ WGEC ကို အပြစ် တင်တာလည်း မရှိပါဘူး” ဟု UNFC ဒု- အထွေထွေ အတွင်းရေးမှူး ခွန်ဥက္ကာက ပြောပါသည်။

ဂျွန်လ ၁ ရက်မှ ၃ ရက်ထိ ကျင်းပပြုလုပ်သည့် UNFC အစည်းအဝေးတွင် WGEC မှ နှုတ်ထွက်မည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဆို၏။

တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ WGEC ကို ၂၀၁၂ စက်တင်ဘာ ၁၄ ရက်မှ ၁၆ ရက်ထိ ကျင်းပသည့် တိုင်းရင်းသား ညီလာခံကြီးမှ ဖွဲ့စည်းခဲ့သည်။

“နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲဖို့ WGEC ကို ဖွဲ့လာတယ်။ အခု မူဘောင်ရေးဆွဲတာ လည်း ပြီးသွားပြီ။ ဒါကြောင့် အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးဖို့ အဓိက အာရုံစိုက်ရတော့မယ်” ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောပါသည်။

WGEC ၏ လမ်းပြမြေပုံ Road Map ၆ ချက်မှာ
၁ - နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲရန်
၂ - အစိုးရနှင့် ဆွေးနွေးပြီး ‘နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ မူဘောင်’ ကို သဘောတူညီချက် ရယူရန်
၃ - ပြည်နယ်အလိုက် ညီလာခံ ကျင်းပရန်
၎ - ပြည်နယ်အားလုံး စုပေါင်းပြီး ညီလာခံ ကျင်းပရန်
၅ - တတိုင်းပြည်လုံး အတိုင်းအတာနှင့် ပြည်ထောင်စု ညီလာခံကြီး ကျင်းပရန်
၆ - အချိန်သတ်မှတ်၍ အထက်ပါ အချက် ၅ ချက်ကို လုပ်ဆောင်သွားရန် - တို့ဖြစ်သည်။

တဖက်၌လည်း WGEC ၏ လုပ်ငန်းတာဝန် မပြီးဆုံးသေးကြောင်း၊ အဆင့် ၅ ရောက်မှ WGEC ၏ လုပ်ငန်းများ ပြီးဆုံးမှာဖြစ်ကြောင်း WGEC အဖွဲ့ဝင်တချို့က ထောက်ပြကြသည်။

“ဒီနှစ်အတွင်း နောက်ထပ် ကျင်းပမဲ့ တိုင်းရင်းသား ညီလာခံကြီးမှာ WGEC က ဘာတွေလုပ်ခဲ့သလဲ၊ ဆက်လက်ရပ်တည်မယ်-မရပ်တည်ဘူး၊ အလားတူ အဖွဲ့တခုဖွဲ့မယ်-မဖွဲ့ဘူးဆိုတာ တင်ပြရမယ်။ ဒီအတောအတွင်းတော့ WGEC က UNFC အပါအဝင် အဖွဲ့အားလုံးကို နည်းပညာပိုင်း ကူညီပံ့ပိုးပေး မယ်” ဟု Dr. ဆလိုင်းလျံမုန်းဆာခေါင်း က ပြောပါသည်။

သို့သော် UNFC က WGEC မှ နှုတ်ထွက်လိုက်ခြင်းသည် အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးသည့်အခါ မည်သို့အကျိုးသက်ရောက်နိုင်သည်ကို ထောက်ပြသွားခြင်း မရှိပေ။

၂၀၁၂ အတွင်း ကျင်းပခဲ့သည့် တိုင်းရင်းသား ညီလာခံ (Photo : Shan Representative)

သျှမ်းသံတော်ဆင့်
၂၀၁၂ အတွင်း ကျင်းပခဲ့သည့် တိုင်းရင်းသား ညီလာခံ (Photo : Shan Representative)
ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကော်စီ UNFC က တိုင်းရင်းသား ပူးပေါင်းဆောင် ရွက်ရေး လုပ်ငန်းကော်မတီ WGEC မှ နှုတ်ထွက်လိုက်ကြောင်း သိရပါသည်။

Microsoft မှ Development Partner အဖြစ်MIT ကုမ္ပဏီအား ရွေးချယ်

Photo: Microsoft မှ Development Partner အဖြစ်MIT ကုမ္ပဏီအား ရွေးချယ်
Thursday, June 6, 2013

Microsoft မှမြန်မာနိုင်ငံတွင်း ပထမဦးဆုံး ၄င်းတို့၏ Development Partner အဖြစ်MIT( Myanmar Information Techology Pte) ကုမ္ပဏီအား ရွေးချယ်လိုက်ကြောင်း ယနေ့ကျင်းပသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ပြောကြားခဲ့သည်။

Microsoft အနေဖြင့် မြန်မာနိုင်ငံတွင်း ဒေသခံစီးပွားရေးလုပ်ငန်းများ အပါအ၀င် အိုင်စီတီဆိုင်ရာ လုပ်ငန်း များ ပူးတွဲလုပ်ဆောင်နိုင်ရန်အတွက် အဓိက ရည်ရွယ်၍ ရွေးချယ်ခြင်းဖြစ်ကြောင်း Microsoft အရှေ့တောင်အာရှ၏ General Manger Mr.Jamie Harper က ပြောသည်။

MITမှာ မြန်မာနိုင်ငံတွင်း အကြီးဆုံး ဆော့ဖ်ဝဲကုမ္ပဏီတစ်ခုဖြစ်ပြီး MICT Park အား Myanmar ICT Development Corporation(MICTDC) နှင့်အတူ တွဲဖက်ထူထောင်ခဲ့သည်။

Popular Myanmar News Journal
Microsoft မှမြန်မာနိုင်ငံတွင်း ပထမဦးဆုံး ၄င်းတို့၏ Development Partner အဖြစ်MIT( Myanmar Information Techology Pte) ကုမ္ပဏီအား ရွေးချယ်လိုက်ကြောင်း ယနေ့ကျင်းပသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ပြောကြားခဲ့သည်။

အသက်များ အပိုပါကြလား......

Photo: အသက်များ အပိုပါကြလား......
Thursday, June 6, 2013

ယနေ့ မွန်းလွဲ ၂ နာရီခန့် နေပြည်တော် ရန်ကုန် မိုင်တိုင် ၁၈၀/၅ ပါရာဒို နှင့် AD Van ယှဉ်မောင်း တိုက်မှုဖြစ် ပါရာဒို ချောက်ထဲကျ နိုင်ငံခြားသား ၁ ဦးသေဆုံး AD Van လမ်းဘေးထိုးကျ အမျိုးသမီး ၂ ဦးသေဆုံး မီဒီယာသမားများနှင့် စပ်စုသူများဖြင့် များပြားလျှက်ရှိ။

FB ကားပွဲစားတန်း
ယနေ့ မွန်းလွဲ ၂ နာရီခန့် နေပြည်တော် ရန်ကုန် မိုင်တိုင် ၁၈၀/၅ ပါရာဒို နှင့် AD Van ယှဉ်မောင်း တိုက်မှု ဖြစ် ပါရာဒို ချောက်ထဲကျ နိုင်ငံခြားသား ၁ ဦးသေဆုံး AD Van လမ်းဘေးထိုးကျ အမျိုးသမီး ၂ ဦးသေဆုံး မီဒီယာသမားများနှင့် စပ်စုသူများဖြင့် များပြားလျှက်ရှိ။
FB ကားပွဲစားတန်း

လေးကြိမ်မြောက် အရှေ့တောင် အာရှပန်ကြပ်ဆီလတ် (လက်သိုင်း) ချန်ပီယံ ရှစ်ပြိုင်ပွဲမြန်မာ အိမ်ရှင်အဖြစ် ကျင်းပမည်

Photo: လေးကြိမ်မြောက် အရှေ့တောင် အာရှပန်ကြပ်ဆီလတ် (လက်သိုင်း)
ချန်ပီယံ ရှစ်ပြိုင်ပွဲမြန်မာ အိမ်ရှင်အဖြစ် ကျင်းပမည်
Thursday, June 6, 2013

လေးကြိမ်မြောက် အရှေ့တောင် အာရှပန်ကြပ်ဆီလတ် (လက်သိုင်း)ပြိုင်ပွဲ အားမြန်မာနိုင်ငံ ကအိမ်ရှင် အဖြစ် လက်ခံ၍နေပြည်တော်၌ ဇွန်လ (၂၂)ရက်နေ.မှ (၂၈)ရက်နေ.အထိ ကျင်းပသွား မည်ဖြစ်ကြောင်းမြန်မာနိုင်ငံ သိုင်းအဖွဲ.ချုပ် မှသိရသည်။

ထိုပြိုင်ပွဲကို ဆီးဂိမ်းစ်အကြို အဖြစ်ကျင်းပခြင်း ဖြစ်ပြီးဘရူနိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့်မလေးရှားနိုင်ငံ တို.မှနည်းပြနှင့် အားကစားသမားများ အပါ
အ၀င် လူဦးရေ(၁၀၀)ခန့် ၀င်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ထပ်မံ သိရသည်။

Popular Myanmar News Journal
လေးကြိမ်မြောက် အရှေ့တောင်အာရှပန်ကြပ်ဆီလတ်(လက်သိုင်း)ပြိုင်ပွဲ အားမြန်မာနိုင်ငံ ကအိမ်ရှင်အဖြစ် လက်ခံ ၍နေပြည်တော်၌ ဇွန်လ(၂၂)ရက်နေ.မှ(၂၈)ရက်နေ.အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြန် မာနိုင်ငံ သိုင်းအဖွဲ.ချုပ် မှသိရသည်။

ကောင်းသော သန့်ရှင်းသော ဆီးဂိမ်းဖြစ်စေချင်

Photo: ကောင်းသော သန့်ရှင်းသော ဆီးဂိမ်းဖြစ်စေချင်
Thursday, June 6, 2013

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်မှ ၂၂ ရက်အထိကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အားကစား နည်းများအလိုက် ပြုလုပ်မည့်နေ့ရက်များ တရားဝင် ထွက်ပေါ်လာပြီ ဖြစ်သည်။

အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်တွင် တရားဝင် ဖွင့်လှစ်မည်ဖြစ်သော်လည်း အားကစားနည်း နှစ်မျိုးဖြစ်သည့် ခြင်းလုံးနှင့် ၀ါတာပိုလိုတို့မှာ ဒီဇင်ဘာလ ၄ ရက်မှစကာ ကျင်းပမည်ဖြစ်သည်။ ဒီဇင်ဘာလ ၅ ရက် ၀ူရှူးနှင့် ကြက်တောင်၊ ဒီဇင်ဘာလ ၆ ရက်တွင် ဘောလုံး၊ အမျိုးသားလက်ဝှေ့နှင့် ကနူး/ ကယက်ပြိုင်ပွဲ၊ ဒီဇင်ဘာလ ၇ ရက်တွင် ဘောလုံး (အမျိုးသမီး)၊ ဘတ်စကက်ဘောနှင့် နပန်း၊ ဒီဇင်ဘာလ ၉ ရက်တွင် သေနတ်ပစ်၊ ပန်ကတ်ဆီလက်၊ ဒီဇင်ဘာလ ၁၀ ရက်တွင် ပိုက်ကျော်ခြင်း၊ စက်ဘီးနှင့် ရေကူး အားကစားနည်းများကို စတင်ကျင်းပသွားမည်ဟု ဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက်တွင်လည်း ဖွင့်ပွဲမတိုင်မီ အားကစားနည်း ၃ မျိုး ကျင်းပဦးမည်ဖြစ်သည်။ ဖူဆယ် (အမျိုးသား)၊ ဖူဆယ် (အမျိုးသမီး) နှင့် ကာရာတေးဒိုတို့ ဖြစ်သည်။

ပြိုင်ပွဲဝင် စာရင်းများ အတိအကျ မပေးကြရသေးသဖြင့် ပွဲစဉ်များအလိုက် အသေးစိတ်များကိုမူ မသိကြရသေးပါ။

ဖွင့်ပွဲပြီးသည့်နောက် ဒီဇင်ဘာလ ၁၂ ရက်တွင် စတင်ကျင်းပမည့် ပြိုင်ပွဲများမှာ မြားပစ်၊ အနောက်တိုင်းမြင်းစီး၊ ဟော်ကီ၊ ဘော်လီဘော (ဘော်လီဘောတွင် အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲ နှစ်ပွဲစလုံး တပြိုင်နက် ကျင်းပမည်ထင်သည်)၊ ကာယဗလ၊ စစ်တုရင်၊ ဘိလိယက်/ စနူကာ၊ ဂေါက်သီး၊ အနောက်တိုင်းလှေနှင့် ရွက်လှေ (ငွေဆောင်တွင် ကျင်းပမည်) စသည့်စသည့် အားကစားပြိုင်ပွဲများတို့ ဖြစ်သည်။

ဒီဇင်ဘာလ ၁၃ ရက်တွင်မူ ပြေးခုန်ပစ် တမျိုးတည်းသာရှိသည်။ ၁၄ ရက်နေ့ ၌ ရှိုရင်ဂျီကမ်ပို တမျိုးတည်း စတင်ကျင်းပမည် ဖြစ်သည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်မူ မွေထိုင်း စတင်မည်ဖြစ်ပြီး ၁၆ ရက်တွင် တိုက်ကွမ်ဒို၊ စားပွဲတင် တင်းနစ်တို့ စပြိုင်ကြရမည်၊ ၁၇ ရက်တွင် ဒိုက်ဗင်၊ ဗိုဗီနမ် နှင့် ရိုးရာလှေ၊ ၁၈ ရက်တွင် စက်ဘီး (Cross Country)၊ ဒီဇင်ဘာလ ၁၉ တွင် စက်ဘီး (တောင်ဆင်း တောင်တက်)၊ ၂၀ ရက်တွင် စက်ဘီး (BMX) စတင်မည် ဖြစ်သည်။ သို့ဖြစ်ရာ ခြင်းလုံး (ရိုးရာ)၊ ၀ါတာပိုလို အားကစားနည်းများဖြင့် စတင်ပြီး စက်ဘီး ပြိုင်ပွဲများနှင့် အဆုံးသတ်သည်။

ရိုးရာခြင်းလုံး ပြိုင်ပွဲများဖြင့် စတင်ရာတွင် ပွဲဦးထွက် ဒီဇင်ဘာလ ၄ ရက်မှာပင် မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ် ၈ ဆု ဆွတ်ခူးကြရန် အလားအလာကောင်းနေသည်။ သို့သော် ရိုးရာခြင်းလုံးပြိုင်ပွဲမှာ ဒီဇင်ဘာလ ၉ ရက်နေ့မှ နောက်ဆုံး ဗိုလ်လုပွဲ ကျင်းပမည်ဟု ပြိုင်ပွဲဇယားတွင် ဖော်ပြထားသည်။

နေပြည်တော် ဆီးဂိမ်းတွင် ထည့်သွင်းကျင်းပရန် လျာထားသည့် အားကစားနည်း ၃၃ မျိုး အနက် ဆုတံဆိပ်အများဆုံး ချီးမြှင့်မည့် အားကစားနည်းမှာ ပြေးခုန်ပစ် အားကစားနည်းဖြစ်သည်။ အမျိုးသား၊ အမျိုးသမီး အားလုံးပေါင်း ရွှေတံဆိပ် ၄၆ ဆု ချီးမြှင့်မည်ဖြစ်သည်။ ဒုတိယ အများဆုံးအားကစားမှာ ရေကူးဖြစ်သည်။ အမျိုးသား၊ အမျိုးသမီး အားလုံးပေါင်း ရွှေတံဆိပ် ၃၆ ဆု ချီးမြှင့်မည် ဖြစ်သည်။ တတိယ ဆုတံဆိပ် အများဆုံး ချီးမြှင့်ရန် ပြိုင်ပွဲငယ်များ ထည့်သွင်းထားသည့် အားကစား နည်းမှာ ၀ူရှူးအားကစားနည်း ဖြစ်သည်။ ပြိုင်ပွဲငယ် အမျိုးအစားပေါင်း ၂၃ မျိုးထည့်သွင်း၍ ရွှေတံဆိပ် ၂၃ ဆု ချီးမြှင့်မည် ဖြစ်သည်။

ကျန်အားကစား နည်းများနှင့် ရွှေတံဆိပ်များမှာ တိုက်ကွမ်ဒို ၂၁ ဆု၊ အနောက်တိုင်းနပန်း ၂၁ ဆု၊ ရှိုရင်ဂျီကမ်ပို၊ စစ်တုရင်နှင့် ဗိုဗီနမ် ၁၈ ဆုစီ၊ ရိုးရာလှေနှင့် ကာရာတေးဒို ၁၇ ဆုစီ၊ ကနူး/ ကယက် ၁၆ ဆု၊ ပန်ကြပ်ဆီလက် ၁၅ ဆု၊ အနောက်တိုင်း လက်ဝှေ့နှင့် မွေထိုင်း ၁၄ ဆုစီနှင့် ရွက်လှေ ၁၃ ဆု စသည်ဖြင့်ရှိသည်။ ပြေးခုန်ပစ်နှင့် ရေကူးတို့တွင် ထည့်သွင်းကျင်းပမည့် ပြိုင်ပွဲငယ်များကို သိနိုင်ကြသော်လည်း ဤအားကစားနည်းများ အတွက် ပြိုင်ပွဲငယ် “EVENT” များ မည်ကဲ့သို့ သတ်မှတ် ထားခြင်းကိုမူ မသိရသေးပေ။ ဥပမာအားဖြင့် စစ်တုရင်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၈ ဆု ပေးမည်ဟု လျာထားရာ ရိုးရာ စစ်တုရင်က ရွှေတံဆိပ်မည်မျှ၊ နိုင်ငံတကာ စစ်တုရင်က ရွှေတံဆိပ်မည်မျှ ပေးမည်ဆိုသည်ကို တရားဝင် ခွဲခြားထားခြင်း မရှိပါ။

ထို့နည်းတူစွာပင် အားကစားပြိုင်ပွဲများ ကျင်းပမည့် အားကစားကွင်းများ ယနေ့ (ဇွန်လ ၄ ရက်နေ့) ထိတိုင် ဆောက်လုပ် ပြီးစီးခြင်း မရှိသေးဟု သိရသည်။

၂၀၁၂ ခုနှစ်ကုန်ပိုင်းကမူ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလထဲတွင် အားကစားကွင်း၊ အားကစားရုံများ အားလုံး ပြီးစီးရမည်ဟု လမ်းညွှန်မှု ပေးထားသည်ကို ကြားသိ သတိမူမိလိုက်သည်။ ၂၀၁၂ ကုန်သွားသော အခါတွင်မူ မေလကို ပြောင်းလဲ သတ်မှတ်ခဲ့ကြသည်။ မေလ ကုန်သောအခါ ဇွန်လကို ပြောင်းလဲ သတ်မှတ်ကြပြန်သည်။ ရန်ကုန်မှာပင် လိုအပ်သည့် အားကစားကွင်း၊ အားကစားရုံများ တည်ဆောက်ဦးတော့ မလိုလို အားကစား ဂျာနယ်တစောင်တွင် ဖတ်လိုက်ရသည်။ အမှန်ကတော့ ရန်ကုန်တွင် အားကစားရုံ၊ အားကစားကွင်းများ အသစ်တည်ဆောက်ရန် မလိုပါ။ အားလုံးအဆင်သင့် ရှိနေသည်။ မည်သို့ဆိုစေကာမူ မြန်မာနိုင်ငံတွင် မိုးဖြိုင်ဖြိုင်ရွာနေပြီဖြစ်သဖြင့် ရန်ကုန်နှင့် နေပြည်တော်တွင် ဆောက် လုပ်ရေးလုပ်ငန်းများ ကြန့်ကြာနိုင်ဖွယ်ရှိသည်။

ဝဏ္ဏသိဒ္ဓိ အားကစားနယ်မြေအတွင်း အားကစားရုံနှင့် တွဲထားသည့် ရေကူးကန်မှာ ယခုအထိ ဆောက်လုပ်နေဆဲ ဖြစ်သည်။

နေပြည်တော်တွင် ကျင်းပမည့် အားကစားနည်းများအတွက် အားကစားရုံ၊ အားကစားကွင်းများမှာ ပြိုင်ပွဲမကျင်းပမီ အဆင်သင့်လောက် ပြီးစီးနေသင့်သည်။ အောက်တိုဘာ လကုန်တွင် အားလုံးအဆင်သင့် ဖြစ်နေရပေမည်။ နိုင်ငံတကာ အဆင့်မီ ဆောက်လုပ်ထားသည့် အားကစားကွင်း၊ အားကစားရုံများနှင့် ထိတွေ့မှုရှိအောင် မြန်မာအားကစားအဖွဲ့များ အတွက်လည်း လိုအပ်သည်။ နေပြည်တော် ဆီးဂိမ်းအတွက် အသစ် ဆောက်လုပ်ထားသည့် အားကစားကွင်း၊ အားကစား ရုံများမှာ မြန်မာအားကစား သမားများအတွက် အသစ်အဆန်း ဖြစ်မနေသင့်ပါ။

နေပြည်တော်တွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ အကြောင်း တခုကို ဖိလစ်ပိုင်နိုင်ငံမှ အားကစားခေါင်းဆောင်များက ဖန်တီးလာသည်။

ဖိလစ်ပိုင် အားကစားကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ရစ်ချီဂါစီယာက မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပွဲတွင် ရိုးရာအားကစားနည်းများ ထည့်သွင်းကျင်းပ၍ နေပြည်တော် ဆီးဂိမ်းကို သပိတ်မှောက် မည်ဟု ကြေညာခဲ့ကြောင်း မြန်မာနိုင်ငံဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းက ဖိလစ်ပိုင် အားကစား ကော်မရှင်ဥက္ကဋ္ဌ၏ ကြေညာချက်နှင့် အနည်းငယ် ကွဲလွဲနေသည်။ ဖိလစ်ပိုင် အားကစားကော်မရှင် ဥက္ကဋ္ဌ၏ ကြေညာချက်တွင်မူ ၂၀၁၁ ဂျကာတာ ဆီးဂိမ်းတွင် ဖိလစ်ပိုင် အားကစားသမားများ ရွှေတံဆိပ် ၁၃ ခု ရရှိခဲ့သည့် အားကစားနည်းများကို နေပြည်တော် ဆီးဂိမ်းတွင် ထည့်သွင်း ကျင်းပပေးခြင်းမရှိဘဲ ရိုးရာ အားကစားနည်းအမည်ခံ အားကစားနည်းများ ထည့်သွင်း ကျင်းပရန် ရှိသည်ကို ထောက်ပြ ပြောဆိုခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံက တင်းနစ်၊ ကျွမ်းဘား အပါအ၀င် ဘေ့စ်ဘော၊ သဲသောင်ပြင် ဘော်လီဘောနှင့် အတူ အက “Dance Sport” စသည့် အားကစားနည်းတို့ကို ထုတ်ပယ်ခဲ့ခြင်းအားလည်း ထောက်ပြ ခဲ့သေးသည်။

ဖိလစ်ပိုင် အားကစားကော်မရှင် ဥက္ကဋ္ဌက သို့ဖြစ်၍ နေပြည်တော် ဆီးဂိမ်းကို ဆန္ဒပြသောအားဖြင့် အားကစားသမား ၅၀ ခန့်ဖြင့်သာ ၀င်ရောက်ယှဉ်ပြိုင်ရန် ဖိလစ်ပိုင် အိုလံပစ် ကော်မတီကို တိုက်တွန်းသည်၊ ဖိလစ်ပိုင် အစိုးရထံ တင်ပြမည်ဟု သူ၏ ကြေညာချက်ထဲတွင် အတိအလင်းဖော်ပြထားသည်။

ဖိလစ်ပိုင် အားကစားကော်မရှင် ဥက္ကဋ္ဌ၏ ပြောဆိုချက်များမှာ ဖိလစ်ပိုင် အိုလံပစ် ကော်မတီ၏ သဘောထားမဟုတ်ကြောင်း ဖိလစ်ပိုင် အားကစား ကော်မရှင်ဥက္ကဋ္ဌ၏ တဦးတည်း သဘောထားသာဖြစ်ကြောင်း ဖိလစ်ပိုင် အိုလံပစ်ကော်မတီက မြန်မာနိုင်ငံ အရှေ့တောင်အာရှ အားကစားပွဲကျင်းပရေး ကော်မတီသို့ အကြောင်းကြား ထားကြောင်း မြန်မာနိုင်ငံဘက်မှ သတင်းထုတ်ပြန်ထားသည်ဟု အားကစားဂျာနယ် တစောင်ထဲတွင် ပါလာသည်။ အမှန်ကတော့ ဖိလစ်ပိုင်အားကစား ကော်မရှင် ဥက္ကဋ္ဌ၏ စွပ်စွဲချက်များမှာ မှန်သင့်သလောက် မှန်သည်။ တင်းနစ်အားကစားနည်းမှာ ကျွန်းဆွယ်အားကစား ပြိုင်ပွဲခေတ် ကတည်းက စဉ်ဆက်မပြတ် ပြိုင်ပွဲကျင်းပသည့် အကြိမ်တိုင်းတွင် ထည့်သွင်း ကျင်းပနေသည့် အားကစားနည်း ဖြစ်သည်။ ထို့အပြင် တင်းနစ် အားကစားနည်းသည် အာဆီယံနိုင်ငံတိုင်းတွင် ရှေးမဆွကတည်းက လိုက်စား ကစားလာ ကြသည့် အားကစားနည်း ဖြစ်သည်။

ကျွမ်းဘား အားကစားနည်း ကတော့ ၁၉၆၉ ခုနှစ် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပသည့် ၅ ကြိမ်မြောက် အရှေ့တောင် အာရှ ကျွန်းဆွယ်ပြိုင်ပွဲတွင် စတင်ထည့်သွင်းသည့် အားကစားနည်း ဖြစ်သည်။ မြန်မာ ကျွမ်းဘားမောင်မယ် များမှာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံသို့ သွားရောက်ကာ နှစ်လကြာမြင့်စွာပင် လေ့ကျင့်ခဲ့ကြသေးသည်။

ယင်း အားကစားနည်း ၂ မျိုးတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် မရနိုင်သောကြောင့်သာ ထည့်သွင်း ကျင်းပပေးနိုင်ခြင်းမရှိ ဟုလည်း ကောလာဟလ သတင်းများ ထွက်ပေါ်နေသည်။

ရွှေတံဆိပ် မရ၍ မကျင်းပကြေးဆိုလျှင် ယခု နေပြည်တော်ဗဟိုပြု အရှေ့တောင်အာရှ အားကစားပွဲတွင် ထည့်သွင်း ထားသည့် အားကစားနည်း ၃၃ မျိုးတွင် မြန်မာနိုင်ငံက ရွှေတံဆိပ်အားလုံး ရနိုင်သည်ဟု မည်သူက အာမခံကြပါမည်လဲ။ သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်များက အာမခံကြ ပါမည်လား။ စာရေးသူကတော့ လာမည့် ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ အားကစားသမားများ ရွှေတံဆိပ် လုံးဝမရနိုင်သည့် အားကစားနည်းများ၊ ပြိုင်ဘက်နိုင်ငံများက ရွှေတံဆိပ် ၉ ခု၊ ၁၀ ခု ရသွားကြပြီး မြန်မာအားကစားသမားများက ရွှေတံဆိပ် တခု၊ နှစ်ခုသာ ရနိုင်သည့် အာကစားနည်းများကို သတိပြုမိသည်။ စာရေးသူသာ မဟုတ် မြန်မာအားကစားကို အစဉ်တစိုက် လေ့လာနေကြသူများလည်း သိနေကြသည်။

တခုကို သတိပြုကြရမည်မှာ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ် ရသည်ဆိုရာ၌ ရွှေတံဆိပ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ အစကို ပြန်ကောက်ရလျှင် ဖိလစ်ပိုင် အားကစားကော်မရှင် ဥက္ကဋ္ဌလည်း မှားသည်၊ ဆီးဂိမ်းရွှေတံဆိပ်ကြောင့် ဖိလစ်ပိုင်နှင့် မြန်မာတို့ အကြား တည်ရှိနေသည့် ချစ်ခင်ရင်းနှီးမှုကို မပျက်ပြားသင့်ပါ။ ထိုနည်းတူစွာ မြန်မာနိုင်ငံဘက်ကလည်း အရှေ့တောင်အာရှ အားကစားပွဲ ရွှေတံဆိပ် များများ ရလိုမှုကြောင့် လုပ်ဆောင်ချက်များသည် ကျန်ပြိုင်ပွဲဝင် ၁၀ နိုင်ငံနှင့် မျက်နှာ မပျက်စေသင့်ပါ။ ကောင်းသော၊ သန့်ရှင်းသော အရှေ့တောင်အာရှ အားကစားပွဲတော် ကျင်းပခြင်းဖြင့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို မြှင့်တင်ကြစေလိုပါသည်။

ှုIrrawaddy
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်မှ ၂၂ ရက်အထိကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အားကစား နည်းများအလိုက် ပြုလုပ်မည့်နေ့ရက်များ တရားဝင် ထွက်ပေါ်လာပြီ ဖြစ်သည်။

ရန်ကုန်ရှေးဟောင်း အဆောက်အအုံများအတွက် Philips ဒေါ်လာ ၇၅,၀၀၀ လှူမည်

နယ်သာလန်အခြေစိုက် အီလက်ထရွန်နစ်ကုမ္ပဏီ Philips က ရန်ကုန် မြို့တော်ရှိ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများ ကမ္ဗည်းပြား တပ်ဆင်ရန်နှင့် မီးအလှဆင်ရန်အတွက် အမေရိကန်ဒေါ်လာ ၇၅,၀၀၀ လှူဒါန်းမည်ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) အဖွဲ့မှ ဒေါက်တာသန့်မြင့်ဦးက ပြောကြားသည်။

၂၀၁၅ သမ္မတရာထူး ယှဉ်ပြိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

Photo: ၂၀၁၅ သမ္မတရာထူး ယှဉ်ပြိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော
Thursday, June 6, 2013

နေပြည်တော်တွင် ယနေ့စတင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်၏ စကားဝိုင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း
စုကြည်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အတည်ပြုပြောကြားလိုက်သည်။

တိုင်းပြည်ပွင့်လင်းလာမှုကို မျက်နှာချင်းဆိုင်ရမည်ဖြစ်ပြီး ကြောက်ရွံ့နေ
စရာ မလိုဟုလည်း ပြောသည်။

တပ်မတော်ကို စည်းကမ်းစနစ်တကျဖြင့် ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း၊ ဒီမိုကရေစီစနစ်နှင့် သဟဇာတဖြစ်မည့် လက်နက်ကိုင်တပ်အဖြစ် မြင်
လိုကြောင်း ပြောသည်။

သမ္မတရာထူး ရယူရုံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းလဲလိုသည်
မဟုတ် ဒီမိုကရေစီနည်းမကျသော ဥပဒေများကို ပြောင်းလဲရေး လုပ်ဆောင်မည်ဟုလည်း ဆိုသည်။

အတိတ်ကို အသိအမှတ်ပြုရန် ဆိုသော်လည်း "လက်စားချေရန်"
"တရားစွဲ ခုံရုံးတင်ရန်" လုံးဝ အစီအစဉ်မရှိဟု ပြောဆိုသွားသည်။

ရခိုင်ပြည်ရှိ ပဋိပက္ခများအရေးပြောဆိုရာတွင်လည်း နှစ်ဘက် အသိုင်း
အဝိုင်းမှ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာ ရင်ကြားစေ့ရေး၊
တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံသားဥပဒေကို နိုင်ငံတကာ စံနှုန်းများ
နှင့် ကိုက်ညီစေရေးတို့ကို မီးမောင်းထိုး ပြောဆိုသည်။

ဧရာဝတီblog
နေပြည်တော်တွင် ယနေ့စတင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်၏ စကားဝိုင်းတွင် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတရာထူး အတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အတည်ပြုပြောကြားလိုက်သည်။

မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ပယ်ဖျက်ပေးရေး တောင်းဆိုမည်

Photo: မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ပယ်ဖျက်ပေးရေး တောင်းဆိုမည်
Thursday, June 6, 2013

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးပြီး မတရားအသင်း အဖွဲ့ ဆက်သွယ်မှု (ပုဒ်မ ၁၇/ ၁) ဖြင့် ဖမ်းဆီးခံထားရ သူများကို ပြန်လွှတ်ပေးရန် တိုင်းရင်းသား ပါတီနှင့် နိုင်ငံရေးသမားများ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/ ၁ ကို လွှတ်တော်သို့ တင်ပြသွားရမည် ဖြစ်ကြောင်း၊ လွှတ်တော်မှ ပယ်ဖျက် ပေးရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား အများစုသည် ၁၇/ ၁ ဖြင့် ဖမ်းဆီးခံနေရသဖြင့် အမြန်ဆုံး ပြန်လွှတ်ရန်လည်း တောင်းဆိုသွားမည် ဖြစ်ကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ဧရာဝတီသို့ ပြောသည်။

“ဇူလိုင်လမှာ သမ္မတနဲ့ တပြည်လုံး စစ်ရပ်ဆိုင်းရေး စာချုပ် လက်မှတ်ရေးထိုးမယ်။ ပြီးတော့ သမ္မတက မတရားအသင်း ကြေညာထားတဲ့ အဖွဲ့တွေကို ပယ်ဖျက်ပေးသွား ရမယ်။ ဒါဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲ ပွင့်လင်းလာမယ်” ဟု သူက ဆိုသည်။

၁၇/ ၁ နှင့် ဖမ်းဆီးခံထားရသူများ စာရင်းကို ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများထံ လိုက်လံ ကောက်ခံ နေရကြောင်း၊ ယခုအချိန်အထိ မည်မျှရှိသည်ကို မသိရှိရသေးကြောင်း၊ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များကိုလည်း လာရောက် အကြောင်းကြား ကြရန် ပြောဆိုထားကြောင်း၊ မကြာမီ ၁၇/ ၁ ပုဒ်မဖြင့် အဖမ်းဆီး ခံထားရသူများ အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးပြန်လွှတ်ရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ဦးစိုင်းညွန့်လွင်က ဆက်ပြောသည်။

“၁၇/ ၁ နဲ့ ဖမ်းဆီးခံရသူ အမျိုးမျိုးရှိတယ်။ ရွာသားတွေဆိုရင် ဘာမှမဟုတ်ဘဲ သစ်ခုတ်တာ၊ တောင်ပေါ်သွားတာကို လက်နက်နဲ့ တွေ့တဲ့အချိန်မှာ ၁၇/ ၁ နဲ့ ဖမ်းသွားတယ်။ နောက်ပြီး လက်နက်ကိုင် အဖွဲ့က ရွာဘုန်းကြီးကျောင်း၊ ပြည်သူတွေကို လာတွေ့ရင်တောင် ပြည်သူတွေကို ၁၇/၁ ပုဒ်မနဲ့ဖမ်းတယ်။ ဒါဟာ ဘာမှမဆိုင်ဘူး။ အဲဒီ ပုဒ်မကြောင့် နိုင်ငံရေး ကိစ္စ ဆွေးနွေးဖို့ အရမ်းခက်ခဲတယ်၊ နှောင့်နှေးနေတယ်။ အဲဒါကြောင့် ပယ်ဖျက်ပေးဖို့ တောင်းဆိုထားပါတယ်” ဟု ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ဧရာဝတီသို့ ပြောသည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုသည့်နေရာတွင် အဓိက အားဖြင့် တိုင်းရင်းသား အချင်းချင်း သွေးချင်းညီညွတ်ရန် အခြေခံ တည်ဆောက်ဖို့လိုကြောင်း၊ တိုင်းရင်းသား သွေးစည်း ညီညွတ်ရေး တည်ဆောက်မည်ဆိုပါက နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ နယ်စပ်ဒေသနှင့် တခြားနိုင်ငံတွင် ရှိနေသည့် လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် တိုင်းရင်းသား အရေး၊ ပြည်ထောင်စုအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အပါအ၀င် တိုင်းရင်းသား သဘောထားကို ထုတ်ဖော်ရန်ပြောရန် အဖွဲ့အစည်းများ တရားဝင် တွေ့ဆုံပြီး ညှိနှိုင်းကာ ၁၇/ ၁ ကို အမြန်ဆုံး ပယ်ဖျက်ပေးရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ဥက္ကဋ္ဌ ဦးအေးသာအောင်က ဆိုသည်။

“တိုင်းရင်းသားတိုင်းမှာ ဒီပုဒ်မနဲ့ စွဲခံခဲ့ရသူတွေ ရှိတော့ လွှတ်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒီကိစ္စက အကောင်အထည် ပေါ်လာမယ် ထင်ပါတယ်။ ဘယ်လောက် မြန်မြန်ဖြစ်မလဲ ဆိုတာကတော့ လုပ်ဆောင်မယ့် အစိုးရအပေါ် မူတည်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဧရာဝတီသို့ ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ကချင်ပြည်နယ်ရှိ ဂျာမိုင်ကောင်း နှစ်ခြင်း ဒုက္ခသည်စခန်းသို့ အရောက်တွင် မတရားသင်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခုံရုံးတင် ခံရသော ကချင်စစ်ပြေး ဒုက္ခသည်တဦး ဖြစ်သည့် ဦးဘရန်ရှောင်ကို ပြန်လွှတ်ပေးရေး အတွက် စခန်းတာဝန်ခံက တင်ပြရာ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက ဦးဘရန်ရှောင်ကို နောက်ဆုံး အမိန့်ချပြီး တပတ်အတွင်း ပြန်လွှတ်ပေးမည်ဟု ကချင်လူထုရှေ့တွင် အာမခံ ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များအား မတရားအသင်းအဖြစ်
ကြေညာထားသည်ကို ပယ်ဖျက်ပြီးမှ ပုဒ်မ ၁၇/ ၁ ဖြင့် ဖမ်းဆီးထား သူများကို အမိန့်ချပြီး တပတ်အတွင်း ပြန်လည်လွှတ်ပေးမည်ဟု ဦးအောင်မင်းက ပြောထားကြောင်း၊ လက်ရှိ အခြေအနေအထိ မတရားအသင်းကိုပင် မပယ်ဖျက်ရသေးကြောင်း ဒေါ်ဒွဲဘူက ဧရာဝတီသို့ ပြောသည်။

“ဦးဘရန်ရှောင်ကို အမိန့်ချပြီး တပတ်အတွင်း ပြန်လွှတ်ပေးမယ် လို့လည်း ပြောတယ်။ အမိန့်ချတယ် ဆိုတာက တရားရုံးက ဘယ်လိုချမယ် ဆိုတာ ပြောလို့မရသေးဘူး။ ဒါက ဦးအောင်မင်း ပြောထားတဲ့ ကိစ္စပဲ၊ အဲဒါကျတော့ ကျမတို့ အာမခံလို့မရဘူး။အမိန့်ချတယ် ဆိုတာ ထောင်ကျချင်လည်း ကျမယ်၊ လွှတ်ရင်လည်း လွှတ်မယ်။ ဒါပေမယ့် ဦးဘရန်ရှောင်ကို ထောင်ချမယ် ဆိုရင်တော့ သူတို့က မတရားအသင်း ပယ်ဖျက်ပြီးရင် ပြန်လွှတ်ပေးမယ်လို့ ပြောထားတယ်၊ ၁၇/ ၁ ကလည်း သမ္မတကြီး ပယ်ဖျက်ပေးမှ ရမှာ” ဟု ဒေါ်ဒွဲဘူက ဆိုသည်။

၁၇/ ၁ ဖျက်သိမ်းရေးကို လွှတ်တော်တွင် တင်ပြထားပြီး လွှတ်တော် ပြင်ပမှလည်း တိုက်တွန်းနေကြောင်း၊ လက်ကျန် နိုင်/ ကျဉ်း ကော်မတီမှ တင်ပြထားကာ နိုင်ငံတကာ အသိုင်းအ၀န်းမှ တဆင့် တိုက်တွန်း လှုံ့ဆော်မှုများ လုပ်နေကြကြောင်း သိရသည်။

ရှမ်းပြည် ပြန်ထူထောင်ရေး ကော်မတီ RCSS/ SSA မှ ဗိုလ်မှူးကြီး စိုင်းဦးက “၁၇/ ၁ နဲ့ ပတ်သတ်ပြီး ကျနော်တို့ ဘက်မှာ စစ်သားတွေလည်း တော်တော်များများ ဖမ်းဆီးထားပါတယ်။ ဒါကို အခု ဇွန်လ ဆန်းမှာ သမ္မတနဲ့ ရွက်ဆစ် တွေ့ဆုံချိန်မှာ ပြောသွားမယ်။ လွှတ်ပေးဖို့ တောင်းဆိုမယ်။ အခုလောလောဆယ်တော့ ဘယ်လောက်အထိ ရှိလဲဆိုတာ ကျနော်တို့ မသိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ပုဒ်မ ၁၇/ ၁ မဖျက်သိမ်း နိုင်သေးသည့် အကြောင်းနှင့် ပတ်သတ်၍ လက်ရှိအစိုးရ၏ စေတနာနှင့် အသင်းအဖွဲ့များ အပေါ် ထားသည့် သဘောထားနှင့် တိုက်ရိုက် သက်ဆိုင်ကြောင်း၊ ငြိမ်းချမ်းရေး တည်ဆောက်နေသည့် ကာလတွင် အတိုက်အခံ အဖွဲ့အစည်းများ၊ လက်နက်ကိုင် အဖွဲ့အစည်းများကို မတရားအသင်းအဖြစ် မသတ်မှတ်သင့်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်က ဧရာဝတီသို့ ပြောသည်။

“ကျန်ရှိနေတဲ့ ၁၇/ ၁ နဲ့ ဖမ်းဆီးခံရတဲ့ တိုင်းရင်းသားတွေကို လွှတ်ပေးဖို့ လက်ကျန် နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီက တင်ပြထားဆဲပါ။ တချို့ကို ထောင်ထဲမှာ သွားပြီး စိစစ်ရမှာ ရှိသလို၊ သူတို့ရဲ့ မိသားစု အဖွဲ့အစည်းတွေနဲ့ မေးမြန်းပြီး အတည်ပြုရမယ့် ကိစ္စရှိနေပါတယ်” ဟု ဦးတိတ်နိုင်က ဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ နောက်ဆုံး ပြုစုထားသည့် နိုင်ငံရေး အကျဉ်းသား အရေအတွက်မှာ ၁၄၁ ဦး ရှိပြီး ပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးခံရသူ ၆၀ ကျော်ခန့်ရှိကြောင်း၊ ၂၀၁၂ ခုနစ် နောက်ပိုင်း ကချင်ပြည်နယ်တွင် ၁၇/၁ ဖြင့် ဖမ်းဆီးခံရသူ ၂၃ ဦး ရှိနေကြောင်း သိရသည်။

Irrawaddy
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးပြီး မတရားအသင်း အဖွဲ့ ဆက်သွယ်မှု (ပုဒ်မ ၁၇/ ၁) ဖြင့် ဖမ်းဆီးခံထားရ သူများကို ပြန်လွှတ်ပေးရန် တိုင်းရင်းသား ပါတီနှင့် နိုင်ငံရေးသမားများ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန် ဒေါ်လာ တစ်သန်း အကုန်အကျခံကာ ကျင်းပမည့် ဗြိတိန် လက်ဝှေ့ကျော်ကြီး၏ လက်ထပ်ပွဲ

Photo: အမေရိကန် ဒေါ်လာ တစ်သန်း အကုန်အကျခံကာ ကျင်းပမည့် ဗြိတိန် လက်ဝှေ့ကျော်ကြီး၏ လက်ထပ်ပွဲ
Thursday, June 6, 2013

ပါကစ္စတန် နွယ်ဖွား ၊ ဗြိတိန် လက်ဝှေ့ကျော်  Amir Khan သည် ယနေ့တွင် အမေရိကန်နိုင်ငံနယူးယောက်ရှိ Waldorf-Astoria ဟိုတယ်တွင်အမေရိကန်
 ကျောင်းသူ Faryal Makhdoom နှင့် လက်ထပ်ပွဲကို စည်ကားစွာ ကျင်းပ
ခဲ့သည်။ 

သူတို့နှစ်ဦးသည် မင်္ဂလာ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည် ၄၀၀ ရှေ့မှောက်တွင် ရိုးရာဝတ်စုံများ ၀တ်ဆင်ကာ ဓလေ့ထုံးစံများ အတိုင်း လက်ထပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လက်ထပ်ပွဲသို့ ဘူလ်တန်နှင့် အင်္ဂလန်မှ မိတ်ဆွေများ တက်ရောက်ပြီး လက်ဝှေ့ကျော်မှ ပရိသတ်များ ရှေ့တွင်
 ဘောလီးဝုဒ် မင်းသားများ ကဲ့သို့ ကပြခဲ့သေးကြောင်း သိရသည်။ 

အသက် ၂၆ နှစ် အရွယ်ရှိ ဗြိတိန် လက်ဝှေ့ကျော်  Amir Khan နှင့် အသက် ၂၁ နှစ် အရွယ် အမေရိကန် နိုင်ငံသူ နိုင်ငံရေး သိပ္ပံကျောင်းသူ Faryal Makhdoom တို့၏ မင်္ဂလာပွဲသည် အမေရိကန်ဒေါ်လာ သန်းတစ်ရာ ကုန်ကျခံကာ သီတင်းတစ်ပတ်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
 ဖြစ်သည်။

Mrtv-4
ပါကစ္စတန် နွယ်ဖွား ၊ ဗြိတိန် လက်ဝှေ့ကျော် Amir Khan သည် ယနေ့တွင် အမေရိကန်နိုင်ငံနယူးယောက်ရှိ Waldorf-Astoria ဟိုတယ်တွင်အမေရိကန် ကျောင်းသူ Faryal Makhdoom နှင့် လက်ထပ်ပွဲကို စည်ကားစွာ ကျင်းပခဲ့သည်။

အာဆီယံ အဖွဲ့ကြီး၏ တင်းပြည့် အဖွဲ့ဝင်သစ် ဖြစ်လာစေရေး အတွက် စိတ်အားထက်သန်နေသည့် Timor-Leste နိုင်ငံ

Photo: အာဆီယံ အဖွဲ့ကြီး၏ တင်းပြည့် အဖွဲ့ဝင်သစ် ဖြစ်လာစေရေး အတွက် စိတ်အားထက်သန်နေသည့် Timor-Leste နိုင်ငံ
Thursday, June 6, 2013

အာဆီယံ အဖွဲ့ကြီး၏ လုပ်ငန်းဆောင်တာများတွင် အပြည့်အ၀ ပါဝင် လုပ်ဆောင်နိုင်ရန်အတွက် တင်းပြည့် အဖွဲ့ဝင်သစ်အဖြစ်ပါဝင် လှုပ်ရှားနိုင်
ရန်များစွာ စိတ်အားထက်သန်လျက် ရှိကြောင်း၊ Timor-Leste အနေဖြင့် ၂၀၀၈ ခုနှစ်မှ စတင်ကာ နိုင်ငံ၏ ပျမ်းမျှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
နှုန်းထားသည် နှစ်စဉ် (၁၀) ရာခိုင်နှုန်း အထက်ရှိကြောင်း ၊ အခွန်စည်း
ကြပ်မှု စည်းမျဉ်းများ ၊ လူ့စွမ်းအား အရင်းအမြစ်များ ၊ နိုင်ငံတွင်း အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်မှု ၊ ဆင်းရဲ မွဲတေမှုများ လျှော့ချနိုင်ရေး အစရှိသည်တို့နှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များ ဆက်လက် လုပ်ဆောင်သွားရန် လိုအပ်ချက်များရှိနေသည်။

အာဆီယံကဲ့သို့ ဒေသတွင်း အသင်း အဖွဲ့ကြီးနှင့် ပူးပေါင်း ချိတ်ဆက်ကာ လက်တွဲသွားမည်ဆိုလျှင် မိမိတို့နိုင်ငံအတွက်သာမက ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှု ၊ တည်ငြိမ် အေးချမ်းမှုတို့အတွက် များစွာအထောက်အကူ
ပြုနိုင်ပြီး လက်ရှိ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု အခက်အခဲများကို ဖြေရှင်း
ကျော်လွှားနိုင်မည်ဟုလည်း ယုံကြည်ကြောင်း အာရှပစိဖိတ် ဒေသအတွင်း အသေးငယ်ဆုံး နိုင်ငံဖြစ်သည့် Timor-Leste နိုင်ငံ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီး၊ ၀န်ကြီးချုပ် Mr. Gusmao ကအလေးအနက်ထား ပြော
ကြားသွားခဲ့သည်။

Source: CNA
Mrtv-4
အာဆီယံ အဖွဲ့ကြီး၏ လုပ်ငန်းဆောင်တာများတွင် အပြည့်အ၀ ပါဝင် လုပ်ဆောင်နိုင်ရန်အတွက် တင်းပြည့် အဖွဲ့ဝင်သစ်အဖြစ်ပါဝင် လှုပ်ရှားနိုင်ရန်များစွာ စိတ်အားထက်သန်လျက် ရှိကြောင်း၊ Timor-Leste အနေဖြင့် ၂၀၀၈ ခုနှစ်မှ စတင်ကာ နိုင်ငံ၏ ပျမ်းမျှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှုန်းထားသည် နှစ်စဉ် (၁၀) ရာခိုင်နှုန်း အထက်ရှိကြောင်း ၊ အခွန်စည်းကြပ်မှု စည်းမျဉ်းများ ၊ လူ့စွမ်းအား အရင်းအမြစ်များ ၊ နိုင်ငံတွင်း အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်မှု ၊ ဆင်းရဲ မွဲတေမှုများ လျှော့ချနိုင်ရေး အစရှိသည်တို့နှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များ ဆက်လက် လုပ်ဆောင်သွားရန် လိုအပ်ချက်များရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေအရ အားလုံးတန်းတူဖြစ်ရမယ်လို့ ပြောကြား

Photo: ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေအရ အားလုံးတန်းတူဖြစ်ရမယ်လို့
ပြောကြား
Thursday, June 6, 2013

ရခိုင်ပြည်နယ်အစိုးရက မြို့နယ် ၂ ခုမှာရှိတဲ့ မွှတ်စလင်တွေကို မိသားစု
တစ်ခုမှာ သားသမီး ၂ ဦးပဲ မွေးဖွားရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာဟာ ခွဲခြားမှုတစ်ခုဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က
ပြောဆိုခဲ့တဲ့အတွက် မကျေနပ်ကြောင်း ပြောဆိုသံတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းခဲ့ရာမှာ အခုလို မကျေနပ်မှုတွေပေါ်ပေါက်
မှာကို ကြိုတင်တွက်ဆပြီး ဖြစ်ပါတယ်။

ဒါပေမယ့် တရားဥပဒေအောက်မှာ နိုင်ငံသားအားလုံး တန်းတူရည်တူ အခွင့်အရေးရှိရမှာ ဖြစ်တဲ့အတွက် မိမိအနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောစရာရှိတာကို အမှန်အတိုင်း ပြောရမှာပါပဲလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

"ဥပဒေတစ်ခုအောက်မှာ အားလုံးကတန်းတူရည်တူဖြစ်ရမယ်၊ အဖွဲ့
အစည်းတစ်ခုပဲဖြစ်ဖြစ်၊ အသိုင်းအဝိုင်းတစ်ခုပဲဖြစ်ဖြစ် သက်သက်ဥပဒေ
တစ်ခုနဲ့ လုပ်တယ်ဆိုတာဟာ ဒါဟာ သာမာန် လူ့အခွင့်အရေးရှုထောင့်
ကကြည့်လို့ရှိရင် မကိုက်ညီဘူး၊ တရားဥပဒေစိုးမိုးရေးနဲ့လည်း မကိုက်ညီဘူး"

RFA က ပုံမှန်ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်း
စုကြည် အစီအစဉ်အတွက် ဗုဒ္ဓဟူးနေ့က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ အမျိုးသမီးများ သားဆက်ခြားမှုအပေါ်သဘောထားကို
မေးမြန်းရာမှာတော့ ဒါဟာအမိန့်တစ်ခုအဖြစ် ထုတ်ပြန်ပြဌာန်းရမယ့် ကိစ္စမဟုတ်ပဲ မိမိတို့အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဖြစ်တယ်လို့
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

"ဒီဟာက ရွေးချယ်မှုတစ်ခုဖြစ်ရမယ်၊ အစိုးရအနေနဲ့ ပညာပေးရမယ်၊ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုဖြစ်လို့ ဒီလိုလုပ်
သင့်တယ်၊ ဘယ်လိုပုံစံနဲ့ ကိုယ်လုပ်ချင်ရင် လုပ်နိုင်တယ်ဆိုတာ၊ အဲ့လိုပုံစံနဲ့ ပညာပေးသွားပြီးတော့ မိသားစုမှာ သားသမီးဘယ်လောက်ရှိဖို့ ဆုံးဖြတ်
တာက နောက်ဆုံးတော့ မိဘတွေရဲ့ဆုံးဖြတ်မှု ဖြစ်ရမှာပေါ့"

RFA Burmese
ရခိုင်ပြည်နယ်အစိုးရက မြို့နယ် ၂ ခုမှာရှိတဲ့ မွှတ်စလင်တွေကို မိသားစုတစ်ခုမှာ သားသမီး ၂ ဦးပဲ မွေးဖွား ရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာဟာ ခွဲခြားမှုတစ်ခုဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း ဒေါ်အောင်ဆန်း စုကြည် က ပြောဆိုခဲ့တဲ့အတွက် မကျေနပ်ကြောင်း ပြောဆိုသံတွေ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းခဲ့ရာမှာ အခုလို မကျေနပ်မှုတွေပေါ်ပေါက်မှာကို ကြိုတင်တွက်ဆပြီး ဖြစ်ပါတယ်။

စစ်မှုထမ်းဟောင်းတစ်ဦးမှ UNITY သို့ပေးစာ (အပိုင်း-၁)

   ၂၀၁၃ ခုနှစ် မေလ ၂၅ ရက်နေ့ထုတ် UNITY ဂျာနယ် အတွဲ(၂)၊ အမှတ်(၂၀)၊ အယ်ဒီတာထံပေးစာတွင်  ပါရှိသည့်ဧရာဝတီတပ်သားများဟုပါရှိလာတဲ့အတွက်ကျွန်တော့်အနေနဲ့စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ် သည့် အားလျော်စွာ ဒီစာကို ဖတ်လိုက်မိပါတယ်။
   ကျွန်တော်ဟာ သထုံမြို့၊ သုဓမ္မ၀တီမြို့သစ်၊ စစ်မှုထမ်းဟောင်းအိမ်ရာတွင်နေထိုင်သည့် တပ်မတော် သားအငြိမ်းစားတစ်ဦးဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ တပ်က အငြိမ်းစားယူခဲ့တာပါ။ အယ်ဒီတာထံပေးစာကို ဖတ်ရှုပြီး စိတ်ထဲမှာမထားနိုင်လို့ အခုလိုရင်ဖွင့်ပြီးအကြောင်း ပြန်လိုက်ရခြင်းဖြစ်ပါတယ်။ ပေးစာတွင်ပါဝင် သည့်အကြောင်းအရာမှာ  တပ်မတော်သားတွေမှာသတင်းပို့စနစ်  ပျက်ပြားပြီး မိသားစုစနစ်မရှိတဲ့ တပ်မတော်လိုဖြစ်နေပါတယ်။ ကျွန်တော်ဟာ ၁၉၇၁ ခုနှစ်မှာ တပ်မတော်ထဲကို ၀င်ရောက်လာသူ တစ်ဦးဖြစ်ပါတယ်။

ဒုတိယအကြိမ်မြောက်ဟိုချီမင်း စီးတီးExpo ပြပွဲ ကျင်းပလျက်ရှိ

Photo: ဒုတိယအကြိမ်မြောက်ဟိုချီမင်း စီးတီးExpo ပြပွဲ ကျင်းပလျက်ရှိ
Thursday, June 6, 2013

ဗီယက်နမ်နိုင်ငံ Investment and Trade Promotion Centre (ITPC) မှ ကြီးမှူးကျင်းပသည့် ဟိုချီမင်း စီးတီး Expo ၂၀၁၃ ပြပွဲကို ဗီယက်နမ်နိုင်ငံ
မှ ကုမ္မဏီပေါင်း တစ်ရာကျော်ပါဝင်ပြီး ယနေ့မှစတင်၍ ၁၀ရက်နေ့ အထိ နံနက် (၉)နာရီမှ ညနေ(၆)နာရီ အတွင်း ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်မည်ဟု သိရသည်။

ဗီယက်နိုင်ငံ၏ ထိပ်တန်းကုမ္မဏီများနှင့် တွဲဖက်လုပ်ကိုင်နိုင်မည့် အခွင့်
အရေးများ ရရှိစေရန် ရည်ရွယ်၍ ဒုတိယအကြိမ် ဟိုချီမင်းစီးတီး Expo ၂၀၁၃ ကို ကျင်းပခြင်းဖြစ်ကြောင်း ယင်းပြပွဲတွင် ပါဝင်ပြသလျက်ရှိသည့်တာဝန်ရှိသူ
တစ်ဦးက ပြောကြားသည်။

အဆိုပါ ပြပွဲတွင် မြန်မာကုန်သွယ်ရေးဇုန်နှင့် ဗီယက်နမ် ကုန်သွယ်ရေးဇုန်
နှစ်ခုပါရှိပြီး မြန်မာ ကုန်သွယ်ရေးဇုန်တွင် မြန်မာ့ပရိဘောဂ ပစ္စည်းများ၊ တိုင်းရင်းဆေးဝါးများ၊ စိုက်ပျိုးမွေးမြူရေး ပစ္စည်းများ၊ ကွန်ပျူတာနှင့် မိုလ်ဘိုင်း ဆက်စပ်ပစ္စည်းများ၊ စက်မှုထုတ်ကုန်နှင့် အခြားလူသုံးကုန် ပစ္စည်းများကို ပြသထားပြီး ဗီယက်နမ်ကုန်သွယ်ရေးဇုန်တွင် ဆောက်လုပ်
ရေးလုပ်ငန်းသုံးပစ္စည်းများ၊ အိမ်အလှဆင် ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ အီလက်ထရွန်းနစ် ပစ္စည်းများ၊ Machinery ပစ္စည်းများနှင့် ပလတ်စတစ် ပစ္စည်းများကို ပြသထားကြောင်း သိရသည်။

The Myanma Age
ဗီယက်နမ်နိုင်ငံ Investment and Trade Promotion Centre (ITPC) မှ ကြီးမှူးကျင်းပသည့် ဟိုချီမင်း စီးတီး Expo ၂၀၁၃ ပြပွဲကို ဗီယက်နမ်နိုင်ငံ မှ ကုမ္မဏီပေါင်း တစ်ရာကျော် ပါဝင်ပြီး ယနေ့မှစတင်၍ ၁၀ ရက်နေ့အထိ နံနက် (၉)နာရီမှ ညနေ(၆)နာရီ အတွင်း ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ် မည်ဟု သိရသည်။

ပြုပြင်ပြောင်းလဲရေး ကြိုးစားလုပ်နေ ဟု ဦးသိန်းစိန် ပြော

Photo: ပြုပြင်ပြောင်းလဲရေး ကြိုးစားလုပ်နေ ဟု ဦးသိန်းစိန် ပြော
Thursday, June 6, 2013

နေပြည်တော် ကမ္ဘာ့စီးပွားရေးဖိုရမ် ဖွင့်ပွဲတွင် သမ္မတ ဦးသိန်းစိန်က စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ်ကို ပြောင်းလဲရန်၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံမှာဖြစ်ပွားခဲ့သည့် လူမျိုးစု လက်နက်ကိုင်တိုက်ပွဲများ အဆုံးသတ်စေရန်၊ ဗဟိုထိန်းချုပ်
ဈေးကွက်စီးပွားရေးစနစ်မှ လွတ်လပ်သော ဈေးကွက်စီးပွားရေး
စနစ်ဖြစ်ပေါ်စေရန် ကြိုးစားအလုပ်လုပ်နေကြောင်း ပြောဆိုသည်။ အပြောင်းအလဲများမှ သွေဖယ်မည်မဟုတ်ဘဲ နိုင်ငံတွင်း ၀င်လာမယ့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ထောက်ခံကြောင်း၊ ဒေသတွင်း ချမ်းသာကြွယ်ဝမှုနှင့် ငြိမ်းချမ်းမှုများကိုလည်း မြန်မာလူငယ်များ မျှဝေခံစားစေလိုကြောင်း သမ္မတဦးသိန်းစိန်က မိန့်ခွန်း ဖတ်ကြားရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။ ယနေ့ ဖွင့်ပွဲအခမ်းအနား အစီအစဉ်ကို ကမ္ဘာ့စီးပွားရေးဖိုရမ် တည်ထောင်သူ ကလော့စ်ရွှဘ်က ကြီးမှူးပြီး လာအို၊ ဗီယက်နမ် ဝန်ကြီးချုပ်များလည်း တက်ရောက် စကားပြောကြသည်။

ဧရာဝတီ
နေပြည်တော် ကမ္ဘာ့စီးပွားရေးဖိုရမ် ဖွင့်ပွဲတွင် သမ္မတ ဦးသိန်းစိန်က စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲရန်၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံမှာဖြစ်ပွားခဲ့သည့် လူမျိုးစု

“ဒီနယ်မြေ ရချင်တယ်ဆိုရင်တော့ ကျနော်တို့နဲ့ တိုက်ပါ”

Photo: “ဒီနယ်မြေ ရချင်တယ်ဆိုရင်တော့ ကျနော်တို့နဲ့ တိုက်ပါ”
Thursday, June 6, 2013

ဝတိုင်းရင်းသားများနေထိုင်သည့်နေရာကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဆင့် တရားဝင် သတ်မှတ်ပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ ဗဟိုအစိုးရအုပ်ချုပ်မှုအောက်မှ ခွဲထွက်ရန် ရည်ရွယ်ခြင်း မရှိကြောင်း
UWSA ဝ လက်နက်ကိုင်အဖွဲ့က ပြောသည်။

" ဝဒေသကို ပြည်ထောင်စုကနေ ခွဲထွက်ဖို့ မရည်ရွယ်ပါဘူး " ဟု UWSA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော UWSP ပါတီ ပြောခွင့်ရ အရာရှိ ဦးဆမ်ခွန်က ဧရာဝတီကို ပြောသည်။

"ဒေသ " ဟူသည်မှာ "ပြည်နယ်"ထက် သေးငယ်သောကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုသည်ကို လက်ခံနိုင်ခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

ဝဒေသ တောင်ပိုင်းနှင့် ပတ်သက်ပြီး အစိုးရနှင့် ဝ ခေါင်းဆောင်တို့ သဘောထားခြင်း မတိုက်ဆိုင်ကြဟု ဆိုသည်။

“အဲဒီနေရာကနေ ဖယ်မပေးနိုင်ဘူး။ အဲဒီနေရာကို စစ်ပွဲတွေနဲ့ ရင်းပြီး ရထားတာပါ။
ဒီနယ်မြေ ရချင်တယ်ဆိုရင်တော့ ကျနော်တို့နဲ့ တိုက်ပါ။ ဒီအတိုင်းတော့ ကျနော်တို့ ထွက်မသွားနိုင်ပါဘူး” ဟု ဝ အရာရှိက ပြောသည်။

(ငြိမ်းငြိမ်း ရေးသားတဲ့ UWSA Wants Autonomous State, Not Independence www.irrawaddy.org/archives/36522 ကနေ ကောက်နုတ်ဖော်ပြပါတယ်။)

ဧရာဝတီblog
ဝတိုင်းရင်းသားများနေထိုင်သည့်နေရာကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ပြည်နယ် အဆင့် တရားဝင် သတ်မှတ်ပေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း၊ ဗဟိုအစိုးရ အုပ်ချုပ် မှုအောက် မှ ခွဲထွက်ရန် ရည်ရွယ်ခြင်း မရှိကြောင်း UWSA ဝ လက်နက်ကိုင်အဖွဲ့က ပြောသည်။

ကြွက် အစုလိုက် အပြုံလိုက် နှိမ်နင်းနည်း

Photo: ကြွက် အစုလိုက် အပြုံလိုက် နှိမ်နင်းနည်း
Thursday, June 06, 2013

ဆိုင်မှာ ကုန်တိုက်မှာ ကြွက်ကပ်ကော် တဗူးဝယ်။ သံဗူးနဲ့ ထည့်ထားတယ်။
အိမ်မှာ ကြွက် အကောင် ၅၀ လောက် ရှိတယ် ဆိုရင်   ဗူးကြီးဝယ်။
၅ ကောင်လောက်ပဲ ရှိတယ် ဆိုရင် ဗူးသေးနဲ့ လုံလောက်မှာပါ။ 

၁။ ကတ်ထူစက္ကူပေါ်မှာ ကော်ဖြန့်လိုက်။ ကတ်ထူစက္ကူမဟုတ်လည်း ပျဉ်ပြား၊ သုံးထပ်သား၊ ကော်ပြားတို့ကိုလည်း သုံးနိုင်ပါတယ်။ ကြွက်နှိမ်နင်းရေးစီမံချက်ပြီးတဲ့အခါ ပစ်လိုက်ရမယ် ဆိုတော့ တန်ဘိုးအနည်းဆုံး ဖြစ်မယ့် ကတ်ထူစက္ကူကို ရွေးသင့်ပါတယ်။ 
ကော်ကို လက်နဲ့ မကိုင်နဲ့။ ကိုင်မိရင် လက်ပြောင်အောင်ဆေးဖို့ ခက်ခဲလိမ့်မယ်။ 
၂။ ကော် ဖြန့်ပြီးပြီ ဆိုရင် အလယ်မှာ ကြက်ရိုး ၀က်ရိုး ဘီစကွတ်မုန့် တခုခုထား။ 

အဲဒီကြွက် အနံ့ရပြီး သွားစားမယ်။ အစာနဲ့ မထိခင် ကော်တွေနဲ့အရင်ထိမယ်။ တကြိမ်တည်းနဲ့ ကြွက်တကောင်မက မိနိုင်တဲ့ နည်းလမ်းပဲ။

၃။ ကြွက်မိရင် လုံးထွေးပြီး ပစ်လိုက်ပေတော့။ 

ကြွက်က သေတော့ မသေဘူး။ နောက်မှ ဖြည်းဖြည်းချင်း သေမယ်။

သတိပြုရမှာက ...
(က)  ကော်သုတ်ထားတဲ့ ကတ်ထူ ကတ်ပြားကို ကြွက်သွားလာတတ်တဲ့ချောင်ကြိုချောင်ကြားမှာ ထားပါ။ အဲဒါဆို ကလေးတွေလည်း လက်နဲ့ သွားမကိုင်မိတော့ဘူး။
(ခ)  အိမ်မှာ ကြောင်၊ ခွေးတွေ ရှိတယ် ဆိုရင်တော့ ဒီနည်း မသုံးသင့်ဘူး။ ကြောင်၊ ခွေးတွေကလည်း အဲဒီထောင်ချောက်ထဲ ၀င်တတ်တယ်။ (၀င်မိလို့ ကော်တွေ ပေသွားရင် တကိုယ်လုံး အမွေးရိတ်ရလိမ့်မယ်။
မျက်နှာကြက် ကြွက်လျှောက်တန်းမှာ ထားမယ် ဆိုရင်တော့ ရပါတယ်။ အရေးကြီးတာက ကိုယ့်ရဲ့ကြောင် အဲဒီနေရာ မသွားဖို့ပဲ။)
(ဂ)  ကြွက် မိ မမိ ဆိုတာ တရက်ကို ၂ ကြိမ်လောက် သွားကြည့်ပါ။ ကြွက်မိပြီး ရက်နဲ့ချီကြာမှ သွားကြည့်ရင် ကြွက်သေပြီး အနံ့ထွက်နိုင်တယ်။
(မိပြီ ဆိုရင်တော့ သူတို့က ရုန်းကန်ရင်း အော်ဟစ်နေတာကြောင့် အသံထွက်ပါတယ်။ ကြွိကြွိကြွိ ဆိုရင် ကြွက်မိလို့ပဲ)

အားသာချက်က .... တကြိမ်တည်းနဲ့ တကောင်မက မိတတ်ခြင်းပါပဲ။

ဒီနည်းလမ်းရဲ့ အားနည်းချက်က အထက်က ၃ နဲ့ ကခဂ တို့မှာ ဖော်ပြထားတဲ့အတိုင်းပါပဲ၊ အိမ်က ကလေး၊ ကြောင်ခွေးတွေက ထောင်ချောက်နဲ့ လုံးထွေးသွားနိုင်တယ်။ ကြွက် မိပြီဆိုရင် ရုန်းကန်နေတဲ့ကြွက်(တွေ)ကို တွေ့ရတာကတော့ တချို့လူတွေအတွက် စိတ်မသက်မသာ ဖြစ်နိုင်တယ်။

 ဒီအားနည်းချက်တွေ ရှိတတ်ကြောင်း ကိုယ့်အိမ်မှာ အတူနေသူတွေကို ပြောပြသင့်တယ်။ သူတို့ သဘောတူပြီဆိုရင် ဒီနည်း သုံးပေါ့။

သူတို့ သဘောမတူဘူး ဆိုရင် ...
အဆိပ်ကို သုံးနိုင်တယ်။ ကြွက်သတ်ဆေး။

အဆိပ်
အဆိပ် သို့မဟုတ် ကြွက်သတ်ဆေးကို စားစရာတခုခုမှာ ထည့်ပြီး ကြွက်လာတဲ့လမ်းမှာ ချထားနိုင်တယ်။
စားပြီးသေနေတဲ့ကြွက်ကို လိုက်ရှာပြီး ပစ်လိုက်ရုံပါပဲ။

ဒီ အဆိပ်သုံးတဲ့နည်းမှာလည်း အားနည်းချက်တွေ အများအပြား ရှိပါတယ်။
၁။ အိမ်က ကလေး၊ သို့မဟုတ် အိမ်မွေးတိရိစ္ဆာန်တွေ စားမိရင် သူတို့ရဲ့ အသက်အန္တရာယ်ကို ထိခိုက်နိုင်တယ်။ ကလေး သို့မဟုတ် လူ တယောက်ယောက် စားမိရင် အနည်းဆုံး ဆေးရုံကို ပြေးရမယ်။ ကံဆိုးရင် စားမိသူ အသက်ဆုံးရှုံးတာ၊ တရားစွဲခံရ ထောင်ကျတာမျိုးအထိ ဖြစ်နိုင်တယ်။  
၂။ အဆိပ် ဆိုကတည်းက လူကို တနည်းမဟုတ်တနည်း အန္တရာယ်ပြုမယ်။ ဥပမာ  အကိုင်အတွယ်မတတ်လို့ လက်မှာ အဆိပ်ပေကျံတာမျိုး၊ အဲဒီလက်နဲ့ မီးဖိုဆောင်ဝင် ထမင်းစားပွဲဝင်မိတာ၊ ကလေးအစာကျွေးမိတာမျိုးပေါ့။
၃။ စားပြီးသေနေတဲ့ကြွက်က လူဝင်လို့မရတဲ့နေရာမှာ ရှိနေတာမျိုး၊ ချောင်ထဲ ရောက်နေတာမျိုးလည်း ဖြစ်တတ်တယ်။ 
၎။ သေပြီး အနံ့ထွက်နေတဲ့ကြွက်  ဘယ်နားမှာရှိမှန်းမသိ ဖြစ်တတ်တယ်။ အနံ့က ကောင်းကောင်း ဒုက္ခပေးမယ်။ 

ဆန်စေ့ကြွက်သတ်ဆေးလည်း ရှိတယ်။ ဆန်စေ့မှာ အဆိပ်သုပ်ထားတဲ့ ရယ်ဒီမိတ် ကြွက်သတ်ဆေး။ 

ဆန်စေ့နဲ့မလှမ်းမကမ်းမှာ ရေခွက်ချပေးရတယ် တဲ့။
အဆိပ်မိတဲ့ကြွက် ရေငတ်မယ်၊ ရေရှိရာ သွားသေတော့ ကြွက်သေ ရှာရလွယ်တယ်လို့ ဆိုတယ်။ မစမ်းသပ်ဖူးပါ။

အသေဖမ်းထောင်ချောက်
ကော် နဲ့ အဆိပ် မသုံးချင်ရင်လည်း နည်းလမ်းတခု ရှိပါသေးတယ်။
ထောင်ချောက်နဲ့ ဖမ်းဖို့ပါ။
အသေဖမ်းထောင်ချောက်ကို ရပ်ကွက်ထဲက ကုန်စုံဆိုင်တွေမှာ၊ ဈေးတွေမှာ ၀ယ်နိုင်တယ်။  
အစာကို ထောင်ချောက်မှာ တပ်ထား၊ လာစားတဲ့ကြွက်က ထောင်ချောက်ကို နင်းမိရင် သေပြီပဲ။
ထောင်ချောက်ကို ကြိုးရှည်ရှည်နဲ့ တိုင်တခုခုမှာ တွဲချည်ထားသင့်တယ်။ တချို့ကြွက်တွေက ကြီးတယ်။ ချက်ကောင်းမမိတာမျိုး သို့မဟုတ် ချက်ချင်းမသေတာမျိုးဖြစ်ပြီး ထောင်ချောက်တန်းလန်းနဲ့ လျှောက်ပြေးတာမျိုး ဖြစ်တတ်တယ်။

အားနည်းချက်
၁။ အကိုင်အတွယ်မတတ်ရင် ထောင်ချောက်ကိုင်သူရဲ့လက် ထိမိခိုက်မိဖြစ်မယ်။
၂။ ကလေး၊ သို့မဟုတ် အိမ်မွေးတိရိစ္ဆာန်တွေ ထောင်ချောက်သွားထိတာမျိုးလည်း ဖြစ်တတ်တယ်။ (သူတို့ လက်လှမ်းမမီတဲ့နေရာမှာ ထားသင့်တယ်)

အရှင်ဖမ်းထောင်ချောက်
ဘယ်ထောင်ချောက်ဖြစ်ဖြစ် ကြွက်လာအောင် ဖြားယောင်းဖို့ လိုတယ်။ စားစရာ တခုခုနဲ့ မျှားခေါ်ရတယ်။
စားစရာ မရှိဘူး၊ သို့မဟုတ် ကြွက်ကိုစိတ်နာလို့ ဘာမှ မကျွေးချင်ဘူး ဆိုရင် .... စက္ကူကို လုံးထွေးပြီး အသားကြော်ထားတဲ့ဆီ နည်းနည်း ဆမ်းလည်း ရပါတယ်။ အဓိကကျတာက အနံ့ပါ။ ကြွက်က အနံ့ရရင် ပြေးခဲမှာပဲ။

အရှင်ဖမ်းထောင်ချောက်တွေထဲမှာ တကောင်ချင်းဖမ်းတဲ့ထောင်ချောက်က ၀ယ်ရလွယ်ပါလိမ့်မယ်။
တပြိုင်တည်းမှာ ကြွက်အကောင်ရေများများ ဖမ်းနိုင်တဲ့ထောင်ချောက် ဆိုတာကို ကြားဖူးပေမယ့် မတွေ့ဖူးပါဘူး။

အရှင်ဖမ်းတဲ့နည်းရဲ့ အားနည်းချက်က ကြွက်မိရင် သွားလွှတ်တဲ့အခါ ခက်ခဲတတ်တာပဲ။ သူများအိမ်ရှေ့သွားလွှတ်ရင်လည်း လူချေတိတ်ချိန်အထိ စောင့်ရမယ်။
 အမှိုက်ပုံတို့၊ ဘောလုံးကွင်းတို့မှာ သွားလွှတ်ကြတာ တွေ့ဖူးတယ်။ ဒီကြွက်က ကိုယ့်အိမ် ပြန်မလာနိုင်ဘူးလို့ ယူဆရပေမယ့် ကိုယ့်ရပ်ကွက်ထဲက အိမ်တအိမ်ကို ရောက်လာမှာပဲ။
ထောင်ချောက်တံခါးဖွင့်ပြီး အထပ်မြင့်တိုက်ပေါ်က ခါကျတာမျိုး တခါ တွေ့ဖူးတယ်။ မြေပြင်ပေါ်ရောက်တာနဲ့ ကြွက်က ထွက်ပြေးသွားတယ်။ မသေဘူး။ ကျိုးပဲ့တာမျိုးတော့ ဖြစ်မယ် ထင်တယ်။

ကြွက်ရောင်းရန်ရှိသည်
တချို့အိမ်နံရံမှာ ကြွက်ရောင်းရန်ရှိသည် လို့ စာရေးထားတာ တွေ့ဖူးတယ်။
ကြွက်ထွက်ပြေးအောင်၊ ကြွက်မလာအောင် ရေးထားတာ ဆိုပဲ။
သြော် .... လို့ပဲ ပြောရတော့မယ် ထင်တယ်။
ကြောင်နဲ့ခွေးအိမ်မှာ ကြောင်နဲ့ခွေး မွေးတာကလည်း နှိမ်နင်းရေးနည်းလမ်းတခုပဲ။ ပုံမှန်အားဖြင့်ဆိုရင် ဒီကောင်တွေက ကြွက်ကို ချမ်းသာပေးမယ် မဟုတ်။  

ကဲ .... ကြွက်နှိမ်နင်းရေးနည်းလမ်းတချို့ကို ရေးလိုက်ပါတယ်။
ကြိုက်ရာနည်းလမ်းကို သုံးနိုင်ပါပြီ။
နံရံပေါ်မှာ ကြွက်လန့်သွားအောင် ခြိမ်းခြောက်တဲ့နည်းကို မသုံးဘူးလို့ ယူဆပါတယ်။

ဧရာဝတီblog
ဆိုင်မှာ ကုန်တိုက်မှာ ကြွက်ကပ်ကော် တဗူးဝယ်။ သံဗူးနဲ့ ထည့်ထားတယ်။ အိမ်မှာ ကြွက်အကောင် ၅၀ လောက် ရှိ တယ် ဆိုရင် ဗူးကြီးဝယ်။ ၅ ကောင်လောက်ပဲ ရှိတယ် ဆိုရင် ဗူးသေးနဲ့ လုံလောက်မှာပါ

နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် သတ်မှတ်ရေး UNFC ပြင်ဆင်

Photo: နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် သတ်မှတ်ရေး UNFC ပြင်ဆင်
Thursday, June 6, 2013

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ကိုယ်စားလှယ်များနှင့် ဒုတိယ အကြိမ် အလွတ် သဘောတူ တွေ့ဆုံ ဆွေးနွေးသည့် အခါ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး မူဘောင် တစ်ရပ် ချမှတ် နိုင်ရေးအတွက် ဦးတည် ဆွေးနွေးသွားမည် ဖြစ်ကြောင်း UNFC အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေးဗစ်တာကပေါက ပြောသည်။

“ အစိုးရနဲ့ ကျနော်တို့ အလွတ် သဘောဘဲ တွေ့တာ ရှိခဲ့ ကြတယ်။ တွေ့တိုင်းမှာလည်း ဆွေးနွေး ရမယ့် မူဘောင်တွေ သတ်မှတ်တာမျိုး မရှိဘူး။ ဒီတစ်ကြိမ် အလွတ် သဘော ပြန်တွေ့ရင် တရားဝင် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ လုပ်တဲ့ အခါ ဘယ်မူဘောင်ပေါ်မှာ ဆွေးနွေး ကြမှာလဲ ဒါနဲ့ စပြီး ဆွေးနွေး ကြရပါမယ်။ ” ဟု ဆိုပါသည်။

UNFC သည် ဤဇွန်လ အတောအတွင်းမှာပင် အစိုးရ ကိုယ်စားလှယ် များနှင့် တွေ့ဆုံ ဆွေးနွေးရန် ရှိပါသည်။ ဤသို့ ကြောင့် UNFC သည် ပြီးခဲ့သည့် ဇွန်လ (၁) ရက် နေ့မှ (၃) ရက် နေ့အထိ အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပ ခဲ့ခြင်း ဖြစ်ပါသည်။

ယင်းအရေးပေါ် အစည်းအဝေးတွင် UNFC သည် ပြီးခဲ့သည့် ကချင် လွတ်လပ်ရေး အဖွဲ့နှင့် အစိုးရ ကိုယ်စားလှယ် တို့၏ မြစ်ကြီးနား တွေ့ဆုံ ဆွေးနွေးပွဲ ရလာဒ်ကို ပြန်လည် သုံးသပ် ခဲ့ပါသည်။ ထို့အပြင် အစိုးရ ကိုယ်စားလှယ်များနှင့် အလွတ်သဘော တွေ့ဆုံ ကြသည့်အခါ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ချမှတ် နိုင်ရေးကိုလည်း ကျယ်ကျယ် ပြန့် ပြန့် ဆွေးနွေး ခဲ့ကြပါသည်။

KIO နှင့် အစိုးရတို့၏ မြစ်ကြီးနား ဆွေးနွေးပွဲ ရလာဒ်ကို သုံးသပ်ရာ၌ UNFC သည် ပထမ ဦးစားပေး အဆင့် အနေဖြင့် ကချင် စစ်ပြေး ဒုက္ခသည်များ အရေးကို အလျှင် ကိုင်တွယ် သင့်ကြောင်း သဘောထားကြပြီး သက်ဆိုင်ရာ များအား အကြံပေးခဲ့ကြပါသည်။ http://phophtawnews.org/burmese/index.php/news/internal-news/item/346-unfc.html

UNFC အဖွဲ့သည် နိုင်ငံရေးအရ အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးသည့် အခါ အခြေခံရမည့် လမ်းညွှန် မူ ၆ ချက် နှင့် မူဘောင် ချမှတ် ထားပြီးဖြစ်ပါသည်။ အလားတူ အစိုးရ ဘက်မှလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးသည့် အခါ ပြည်နယ် အဆင့် လမ်းညွန်မူ ၅ ချက်နှင့် ပြည်ထောင်စု အဆင့် လမ်းညွန်မူ ၈ ချက် မူဘောင်ဖြင့်၂၀၁၂ ခုနှစ် မေလ ကတည်းက နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန် ထားပြီး ဖြစ်ပါသည်။

“ ကျနော် သိရသလောက်တော့ တွေ့ဆုံ ဆွေးနွေးရေး မူတွေက ပြဌာန်း ထားတဲ့ ဥပဒေတွေ မဟုတ်ပါဘူး။ လမ်းညွန်ချက် တွေသာ ဖြစ်တယ်။ လိုအပ် သလို ပြင်ဆင်ပေးလို့ ရပါတယ်။ ဦးအောင်မင်းက ငြိမ်းချမ်းရေး ရဖို့ ဆိုရင် ဘယ်ဟာမှ ပိတ်မထားဘူး။ ပြောင်းလဲ ပေးဖို့ အဆင်သင့် ရှိနေတယ် ဆိုတာ မြစ်ကြီးနား တွေ့ဆုံပွဲမှာ သူက ကျနော် တို့ကို ရှင်းပြ ထားခဲ့တယ်” ဟု ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာမှ ပြောခွင့်ရ ဦးလှမောင်ရွှေက ဆိုပါသည်။

သို့သော်လည်း အစိုးရ ကိုယ်စားလှယ်များသည် ချမှတ်ထားသော မူဘောင်ကို ပြုပြင်ခြင်းထက် ထိုသတ်မှတ်ချက် အတိုင်း မဖြစ် ဖြစ်လာရန် အားသွန် ခွန်စိုက် လုပ်ဆောင်ပေးရမည့် သဘောများသာ ဖြစ်သွားကြသည်ဟု ဝေဖန်ကြပါသည်။

ဤသို့ကြောင့် လမည့် UNFC နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် တို့၏ တွေ့ဆုံပွဲတွင် ယင်းမူဘောင် နှစ်ခုကို အလျော့ အတင်း ပြု၍ နှစ်ဖက် လက်ခံ နိုင်ဖွယ်ရာ မူဘောင် တစ်ခု ဖြစ်လာရေး အဓိကညှိနှိုင်း ဆွေးနွေး သွားရမည်ဖြစ်ကြောင်း ဒေးဗစ်တာကပေါက ဆိုသည်။

ဝန်ကြီး ဦးအောင်မင်းသည် မကြာမီ UNFC အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေး သွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် မေလကုန် ပိုင်းတွင် KIO ကိုယ်စားလှယ် များနှင့် မြစ်ကြီးနားမြို့၌တွေ့ဆုံ ခဲ့စဉ် ၄င်းကထုတ်ဖော် ပြောကြား ထားပါသည်။

UNFC သည် အစိုးရ အဖွဲ့နှင့် ဆွေးနွေးသည့် အခါ မိမိတို့ အဖွဲ့ဝင် မဟုတ်သော အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အမြင် သဘော ထားများ ပါဝင် နိုင်ရန်ကိုလည်း လိုလား ပါသည်။ ဤသို့ကြောင့်၎င်းအမြင်များ ပါဝင်နိုင်ရန် ယနေ့ ဇွန်လ (၅) ရက် နေ့တွင် တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ WGEC အစည်းအဝေး တစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေပါသည်။

ရွှေဟင်္သာသတင်းဌာန
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ကိုယ်စားလှယ်များနှင့် ဒုတိယ အကြိမ် အလွတ် သဘော တူ တွေ့ ဆုံ ဆွေးနွေးသည့် အခါ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး မူဘောင် တစ်ရပ် ချမှတ် နိုင်ရေးအတွက် ဦးတည် ဆွေးနွေးသွားမည် ဖြစ်ကြောင်း UNFC အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေးဗစ်တာကပေါက ပြောသည်။

“ယနေ့ နံနက်၁၁ နာရီဒေါ်အောင်ဆန်းစုကြည်နှင့်ပြည်ထောင်စု ၀န်ကြီးဦးစိုးသိန်း တို့ စကားဝိုင်းတိုက်ရိုက်ထုတ်လွှင့်မှု”

Photo: “ယနေ့ နံနက်၁၁ နာရီဒေါ်အောင်ဆန်းစုကြည်နှင့်ပြည်ထောင်စု
ဝန်ကြီးဦးစိုးသိန်းတို့ စကားဝိုင်းတိုက်ရိုက်ထုတ်လွှင့်မှု”
Thursday, June 6, 2013

နေပြည်တော်(MICC)တွင်ကျင်းပနေသော
World Economic Forum on East Asia 2013တွင်ဒေါ်အောင်ဆန်းစုကြည်၊ပြည်ထောင်စု
ဝန်ကြီးဦးစိုးသိန်း၊ဒေါ်ဇင်မာအောင်၊
ဦးသန့် မြင့်ဦးနှင့်BBC World News တင်ဆက်သူတို့ ၏
Myanmar: What Future?ဆွေနွေးပွဲတိုက်ရိုက်ထုတ်လွှင့်မှု
အစီအစဉ်ကိုယနေ့ ဇွန်၆ရက်နေ့ နံနက်၁၁ နာရီမှမွန်းလွဲ၁၂နာရီ ၁၄မိနစ် အတွင်း

http://www.weforum.org/sessions/summary/myanmar-what-futureမှာဝင်ရောက်ကြည့်ရူနိုင်ကြမှာဖြစ်ပါတယ်။

နေပြည်တော်(MICC)တွင်ကျင်းပနေသော World Economic Forum on East Asia 2013 တွင်ဒေါ်အောင်ဆန်း စုကြည်၊ ပြည်ထောင်စု ၀န်ကြီးဦးစိုးသိန်း၊ ဒေါ်ဇင်မာအောင်၊ ဦးသန့် မြင့်ဦးနှင့်BBC

ဇူလိုင်လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် အစိုးရနှင့် ကချင်၊ ကရင်၊ ရှမ်းလက်နက်ကိုင် အဖွဲ့များ ယခုလအတွင်း နေပြည်တော်နှင့် ရန်ကုန်မြို့များ ၌ တွေ့ဆုံဆွေးနွေးမည်

peace-june6

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ မြစ်ကြီးနားမြို့၌ မေ ၃၀ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ဇူလိုင်လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် အစိုးရနှင့် ကချင်၊ ကရင်၊ ရှမ်းလက်နက်ကိုင်အဖွဲ့များ ယခုလအတွင်း နေပြည်တော်နှင့် ရန်ကုန်မြို့များ၌ တွေ့ ဆုံဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်း ဇွန်လကုန်တွင် ထုတ်ပြန်မည်

မြန်မာနိုင်ငံ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ထိပ်ဆုံးအခွန်ထမ်း ၁၀၀ ဦးစာရင်းကို ၂၀၁၃ ခုနှစ် ဇွန်လကုန်တွင် ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။

စီအင်န်ဂျီ ကုဗပေတစ်သန်းဖြင့် ယာဉ်လိုင်း ၂၀ မှ ယာဉ်အစီးရေ ၁၂၈ စီး တိုးချဲ့ ပြေးဆွဲမည်

ရန်ကုန်မြို့အတွင်း သယ်ယူပို့ဆောင်ရေးအတွက် စီအင်န်ဂျီ ကုဗပေတစ်သန်းဖြင့် ယာဉ်လိုင်း ၂၀ မှ ယာဉ်အစီးရေ ၁၂၈ စီး တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေး ဗဟိုကော်မတီမှ သိရသည်။

ယာဉ်မှတ်ပုံတင်ကြေးအား ကျပ်ငွေဖြင့် ပေးသွင်းမှု ကညနမှ ရက်ပိုင်းအတွင်း လက်ခံမည်

kanyana-june6
ရန်ကုန်တိုင်း ဒေသကြီး ကညန ရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
ယာဉ်မှတ်ပုံတင် ကြေးများအား ပေးသွင်းရာတွင် ကျပ်ငွေဖြင့် ပေးသွင်းခြင်းကို ရက်ပိုင်းအတွင်း လက်ခံ သွားမည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) တာဝန်ရှိသူ များက ပြောကြားခဲ့သည်။

မူဆယ်လမ်းကြောင်းမှ တရုတ်သို့ ကျောက်စိမ်းနှင့် သစ်မှောင်ခို သယ်ဆောင်မှု ပိုများလာ

Photo: မူဆယ်လမ်းကြောင်းမှ တရုတ်သို့ ကျောက်စိမ်းနှင့် သစ်မှောင်ခို သယ်ဆောင်မှု ပိုများလာ
Thursday, June 6, 2013

မူဆယ်-ရွှေလီ လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ကျောက်စိမ်းနှင့်သစ်များ အကောက်ခွန်မဲ့ မှောင်ခိုသယ်ဆောင်မှုများ ပိုမိုများပြားလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနန္ဒက ပြောကြားခဲ့သည်။

မူဆယ်-ရွှေလီ နယ်စပ်တစ်လျှောက်တွင် နယ်စပ်ကုန်သွယ်ရေး စခန်းများ ဖွင့်လှစ်ကာ တရားဝင် ကုန်သွယ်မှုဖြင့် နိုင်ငံတော် အခွန်ဝင်ငွေ ရရှိစေရန် ဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံမှ ထွက်ရှိသည့် သယံဇာတများဖြစ်သည့် ကျောက်စိမ်းနှင့် သစ်များသည် တရုတ်နိုင်ငံသို့ နေ့စဉ် ကုန်တင်ယာဉ် အစီးပေါင်းများစွာ မှောင်ခိုထွက်ရှိနေကြောင်း ဦးနန္ဒက ပြောကြားခဲ့သည်။

"ကျောက်စိမ်းကို မြန်မာပြည်ကနေ တရုတ်ကို မှောင်ခိုသယ်ကြတယ်။ ကုန်တင်ယာဉ်တွေမှာ အံဝှက်တွေလုပ်ပြီး လျှို့ဝှက်သယ်တယ်။ ကျွန်တော်တို့က မသင်္ကာတော့ တားဆီးစစ်ဆေးတယ်။ မိတော့ ထွက်ပြေးတယ်။ လိုက်လို့ ချောင်ပိတ်မိရင် လူကကားပေါ်ကဆင်းပြီး ထွက်ပြေးတယ်။ မကြာခင်က ဖမ်းမိတဲ့ ကားတစ်စီးဆိုရင် ကားတစ်စီးတည်းနဲ့ ကျောက်စိမ်း သိန်းနှစ်ထောင်ဖိုးလောက် ခိုးသယ်လာတယ်" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနန္ဒက ပြောကြားခဲ့သည်။
ယခု ဧပြီ ၁ ရက်မှ မေဒုတိယပတ်အထိ အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးမှု အမှုတွဲ ၁၀၅ ခု တန်ဖိုးအားဖြင့် ကျပ် ၅၆၈ သန်းကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း . . . . .

မြန်မာနိုင်ငံမှ ထွက်ရှိသည့် သယံဇာတ ပစ္စည်းများကို တရုတ်နိုင်ငံသို့ မှောင်ခိုတင်ပို့မှုများ ရှိသကဲ့သို့ တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများကိုလည်း အခွန်မပေးဆောင် ချင်သောကြောင့် အခွန်တိမ်းရှောင်မှုများလည်း ရှိကြောင်း သိရသည်။

"အစိုးရသစ် လက်ထက်မှာ ကုန်စည်စီးဆင်းမှု လျင်မြန်ရေးကို ဦးစားပေးတယ်။ မလိုအပ်တဲ့ စစ်ဆေးမှုတွေကြောင့် ကုန်စည်စီးဆင်းမှုကို ကြန့်ကြာစေနိုင်တယ်ဆိုပြီး ရေပူကုန်စစ်ဆေးရေး စခန်းကို ဖြုတ်လိုက်တယ်။ ကုန်သွယ်ခွန်တွေ ဖြေလျှော့ပေးတယ်။ တကယ်တော့ ကျွန်တော်တို့က တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ်ကို ရောက်စေချင်လို့ ဒီလိုဆောင်ရွက်ကြတာပါ။ တစ်ကယ်တော့ လူတွေက ဒီလိုမသွားဘူး။ စစ်ဆေးတာတွေ ဖြေလျှော့ပေးတဲ့နောက် အခွန်မဆောင်ဘဲ သွားကြတယ်။ အဲဒီနောက် ကုန်သွယ်မှုက ထိုးကျသွားတယ်။ ဒီလို ကုန်သွယ်မှု ထိုးကျရတဲ့ အကြောင်းရင်းက စစ်ဆေးမှုတွေ၊ အတားအဆီးတွေ မရှိတဲ့အတွက် ရှောင်ကွင်းသွားလာကြပြီး မှောင်ခိုကုန်သွယ် ကြတာတွေကြောင့် ဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

ယခု ဧပြီ ၁ ရက်မှ မေဒုတိယပတ်အထိ အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးမှု အမှုတွဲ ၁၀၅ ခု တန်ဖိုးအားဖြင့် ကျပ် ၅၆၈ သန်းကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တရားဝင် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းတွင် ရပ်နားထားသည့် ကုန်တင်ကုန်ချ ယာဉ်များကို မေ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)
ELEVEN
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းတွင် ရပ်နားထားသည့် ကုန်တင်ကုန်ချ ယာဉ်များကို မေ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)
မူဆယ်-ရွှေလီ လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ကျောက်စိမ်းနှင့်သစ်များ အကောက် ခွန်မဲ့ မှောင်ခို သယ်ဆောင်မှုများ ပိုမိုများပြားလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနန္ဒက ပြောကြားခဲ့သည်။

ကော့သောင်းတွင် ယခုဘဏ္ဍာနှစ်အတွင်း ငါးလုပ်ငန်း ဦးစီးဌာနမှ အခွန်ကောက်ခံ ရရှိငွေ ၅၈,၇၀၈,၅၈၁ ဒသမ ၈၁ ကျပ် ရရှိ၍ ၂၈ နှစ်တာ ကာလအတွင်း အမြင့်ဆုံးဖြစ်

fishing-june6
 ကော့သောင်းဆိပ်ကမ်းတွင် ငါးဖမ်းလှေများ ဆိုက်ကပ်ထားသည်ကို တွေ့ရစဉ်
ကော့သောင်းနယ်စပ် ငါးလုပ်ငန်း ဦးစီးဌာနမှ ယခုဘဏ္ဍာနှစ်အတွင်း အခွန်အရပ်ရပ် ကောက်ခံရရှိငွေ သည် ၅၈,၇၀၈,၅၈၁ ဒသမ ၈၁ ကျပ် ရှိသဖြင့် စတင်ဖွင့်လှစ်သည့် ၁၉၈၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ၂၈ နှစ်တာ ကာလအတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီ ကမ်းလွန်ဒေသ ရေနက်ပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်နှစ်ခု ထိုင်းကုမ္ပဏီ PTTEP South Asia Limited လုပ်ကိုင်ခွင့် ရရှိ

offshore-june6
ကန်ပေါက်မြို့နယ်ရှိ သဘာဝဓာတ်ငွေ့ ထိန်းချုပ်ဖြန့်ဖြူးရေး စခန်းကို တွေ့ရစဉ်

တနင်္သာရီတိုင်း ဒေသကြီးရှိ တနင်္သာရီ ကမ်းလွန်ဒေသ ရေနက်ပိုင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်နှစ်ခုကို ထိုင်းကုမ္ပဏီ PTTEP South Asia Limited မှ လုပ်ကိုင်ခွင့်ရ ရှိခဲ့ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။