Sunday, December 2, 2012

ဦးအောင်မင်း အား ၈၈ မျိုးဆက် ကျောင်းသားများ လာရောက်တွေ့ဆုံ

လက်ပံတောင်းတောင် ကိစ္စရပ်များဆိုင်ရာအတွက် မုံရွာမြို့သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများထဲမှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ် နှင့် မြအေးတို့သည် ယနေ့ ဒီဇင်ဘာလ ၂ ရက် မွန်းလွဲပိုင်းတွင် မုံရွာမြို့မှ နေပြည်တော်သို့ရောက်ရှိခဲ့ကြပြီး ညနေ ၃း၀၀ နာရီတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ လက်ပံတောင်းတောင် အရေးကိစ္စများနှင့် လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် ကိစ္စရပ်များကို ဆွေးနွေးကြရာတွင်

လက်ပတောင်းတောင် ကြေးနီစီမံကိန်း အရေး ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ ကျောင်းသားများတွေ့ဆုံ

၂-၁၂-၂၀၁၂ နေ့ ညနေ ၅း၀၀ မှ ၆း၀၀ နာရီအထိ တစ်နာရီကြာ ၈၈ မျိုးဆက်ကျောင်းသားများ (ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် နှင့် ကိုမြအေး ) တို့သည် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်နေအိမ်တွင် လာရောက်တွေ့ဆုံခဲ့ကြပါတယ်.

နွေဦးကာလ ဖုန်ထသောအခါ


မြန်မာနိုင်ငံ၏ အပြောင်းအလဲကို အနောက် နိုင်ငံများတွင် အေးခဲသော ဆောင်းတွင်း ကုန်လွန်ပြီး သာတောင့်သာယာ ကာလအစ နွေဦးနှင့် တင်စားပြီး မြန်မာ့နွေဦးဟု ခေါ်ဝေါ်ကြသည်။ ထိုနာမည် စီးသောကြောင့်ပေလား မသိ၊ နွေဦးကာလ လေပွေ အမွှေ့ တွင် ဖုန်လုံးတို့ ထောင်းခနဲ ထောင်းခနဲ ထသည့် အတိုင်း ယနေ့ မြန်မာနိုင်ငံသည် ဖုန်ထသော ကာလ၊ ရှုပ်ထွေးသော ကာလကို ဖြတ်သန်း နေရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသစ်ဖြစ်လာနိုင်သော ကုလသံအမတ်ကြီး ဆူဆန်ရိုက်စ် ရီပတ်ဘလီကန်အမတ်များနှင့် မကျေလည်

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဆန်ရိုက်စ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
 ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဆန်ရိုက်စ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ဝါရှင်တန် - ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဆူဆန်ရိုက်စ် သည် လာမည့် နိုင်ငံခြားရေးဝန်ကြီးသစ် ဖြစ်လာရေးအတွက် သူ၏မျှော်လင့်ချက် ကို ပျက်စီးကောင်းပျက်စီးသွားစေမည့် လစ်ဗျားနိုင်ငံရှိ အမေရိကန်သံရုံး တိုက်ခိုက်ခံရမှုကိစ္စနှင့် စပ်လျဉ်း၍
ရီပတ်ဘလီကန်အမတ်များနှင့် မကျေ လည်မှုများကို နိုဝင်ဘာလ ၂၇ ရက်နေ့က ဖြေရှင်း

အာရာဖတ် ရုပ်အလောင်းကို ပြန်လည်တူးဖော်စစ်ဆေး


 ပါလက်စတိုင်းခေါင်းဆောင် အာရာဖတ်၏ပုံတူနံရံဆေးရေးပန်းချီ။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ရာမာလာ - ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်၏ ရုပ်အလောင်းကို နိုဝင်ဘာလ
၂၇ ရက်နေ့က ပြန်လည် ဖော်ယူခဲ့ပြီး အဆိပ်မိခဲ့ခြင်းရှိ မရှိ စမ်းသပ်ရန် ကျွမ်းကျင်သူများက နမူနာ များစတင်ရယူနေပြီဟု ပါလက်စတိုင်း သတင်းရင်းမြစ်များက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ကုလားဟူသောဝေါဟာရသည်ချိုးနှိမ်ခေါ်သည့်အသုံးလော






isaland-Mya Aye2ယခုတလော ကုလားဟူသောဝေါဟာရသည် ချိုးနှိမ်ခေါ်သည့် အသုံးဟုတ်မဟုတ်ဆွေးနွေး ငြင်းခုံနေကြသည်ကို ဖတ်ရပါသည်။ ၎င်းတို့ဖာသာ၎င်းတို့ "ရိုဟင်ညာ"ဟု သမုတ်ထားသူများ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဝါကာ အူဒင်က ကုလားဟူသောဝေါဟာရသည် ချိုးနှိမ်ခေါ်သည့်

'ထန်းတပင် တူးချောင်းကျေးရွာအုပ်စုမှ NLD ပါတီဝင် ၁၂၀ နှုတ်ထွက်


ရန်ကုန်- ဒီဇင်ဘာ ၂ ရက် ယနေ့ ဒီဇင်ဘာ ၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာအုပ်စုမှ NLD ပါတီဝင် ၁၂၀ နှုတ်ထွက်ကြောင်းသိရသည်။ တူးချောင်းကျေးရွာ၊ ကလီကျေးရွာ၊ ကျောက်ကြီးကျေးရွာ တို့မှ ရပ်ကျေးပါတီတွင်းလုပ်ပိုင်ခွင့်နေရာမရရှိခြင်းကြောင့် ပါတီဆိုင်းဘုတ်များဖြုတ်ကာ စုပေါင်းနှုတ်ထွက်ကြခြင်းဖြစ်ပြီး၊ ပါတီဝင်ဟောင်းများက ဦးဆောင်ခဲ့ကြကြောင်းသိရသည်

နှင်းဆီကုန်းဘိုးဘွားရိပ်သာ ပျော်ပွဲရွှင်ပွဲနှင့်နိဗ္ဗာန်ဈေးပွဲတော်ကျင်းပ


လက်ပံတောင်း ကော်မရှင်တွင် ၈၈ ပါဝင်ရန် ဆန္ဒမရှိ

ယနေ့ ညနေပိုင်းက သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူရမည့် လက်ပံတောင်းအရေး စုံစမ်းရေး ကော်မရှင်တရပ်ဖွဲ့စည်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် 

သံဃာတော်တွေကို အကြမ်းဖက်ခဲ့တဲ့ အစိုးရလုပ်ရပ် DKBA ရှုံ့ချ

နိုဝင်ဘာလ ၂၉ရက်နေ့ မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေကို အစိုးရတာဝန်ရှိသူတွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က မနေ့က ကန့်ကွက်လိုက်ပါတယ်။