Tuesday, July 31, 2012

ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးချက်


''ပြည်ထောင်စုဝန်ကြီး ဖြေကြားသွားတာမှာ ဆွေးနွေးတင်ပြသွားတဲ့ အဆိုနဲ့ ကွဲလွဲနေတဲ့ အတွက်ကြောင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ တက္ကသိုလ်များ ဆက်သွယ်မှုကို ပြောတာ မဟုတ်ပါ။ ဘယ်လိုပဲ နိုင်ငံခြားတက္ကသိုလ်များနဲ့ ဆက်သွယ်ဆောင်ရွက်နေနေ လွတ်လပ်တဲ့ တက္ကသိုလ်တွေ ပေါ် ပေါက်လာ ဖို့အတွက် ကျွန်မအပါအဝင် ဒေါ်တင်နွယ်ဦးနဲ့ သူရဦးအောင်ကို တို့ ဆွေးနွေး တာက လွတ်လပ်တဲ့ တက္ကသိုလ် တွေပေါ်ပေါက်လာဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်'' ဟု

ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုဝန်ကြီး၏ ဆွေးနွေးချက်ကို ပြန်လည်ဆွေးနွေးခဲ့သည်။



   NLD ၊NDF အမတ်တွေ တင်သွင်တဲး အဆိုတွေ ဟာ   မီဒီယာ အားကောင်းမှု့ကြောင့်ရော၊ ပြည်သူတွေရဲ့ ပကတိ လိုအ်ပချက်တွေနဲ့ ကိုက်ညီတာတွေရယ်ကြောင့် လူစိတ်ဝင်စားမှု့များပါတယ်။ ခုလဲ လူငယ် ကျောင်းသူ ကျောင်းသားတွေ ကျောင်းသား မိဘတွေ စိတ်ဝင်စားမဲ့ အဆိုကို ဒေါ်အောင်ဆန်းစုကြည် က စပြောလာပါပြီ။ နောင်လာ နောက်သား ကျောင်းသား ကျောင်းသူတွေကတော့ အရင်လို ကျောင်းသားဆောင် အစုအဝေးနဲ့   သိက္ခာရှိရှိ ပျော်ပျော်ပါးပါး  ကျောင်းသားဘ၀ ပြန်နေရတော့မယ်ထင်ပါတယ်။ ခုတော့ နယ်က လာတက်တဲ့ ကျောင်းသာ၊ ကျောင်းသူတွေက ရပ်ကွက်ထဲက အိမ်တွေမှာ စုပြီးဌားနေတာပါ။ ပိုက်ဆံ မတတ်နိုင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေဆိုရင် အိမ့်ကျဉ်းကျဉ်းလေးမှာ စုပြုံနေရပါတယ်၊ ရပ်ကွက်ထဲမှာ နေရတော့ ကျောင်းသားဆောင်နေရသလို ( Campus Life)  အဆင်မပြေပါဘူး

နေပြည်တော် ပျဉ်းမနားရေကြီး (ဓါတ်ပုံ)

ရွာထဲက လူကြီးတွေကို  လိုအပ်ချက်တွေ မေးနေတာလားမသိဘူး

ဆေးကုတယ်  ပြည်သူတွေ စာနာ စောင့်ရှောက်ရင် ပြည်သူတွေကလဲ တပ်မတော်ကို ပြန်လည် စောင့်ရှောက် အားပေးမှာပါ။






from -- https://www.facebook.com/mwdmedia?ref=stream

သဲကုန်းမြို့ လယ်သမားဆန္ဒပြပွဲ ခေါင်းဆောင် ၅ ဦးကို ဖမ်းဆီး

ပဲခူးတိုင်း သဲကုန်းမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက လယ်သမားတွေရဲ့ ဆန္ဒပြပွဲကို ရဲက ဖြိုခွင်းပြီး ဆန္ဒပြခေါင်းဆောင် ၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ နယ်မြေခံတွေက ပြောပါတယ်။

သဲကုန်းမြို့နယ်တွင်း ကျေးရွာ ၁၀ ရွာခန့်က လယ်သမားတွေက သူတို့ထံကနေ အာဏာပိုင်တွေက သိမ်းဆည်းယူငင်ထားတဲ့ လယ်ဧက ၃၀၀ ကျော်ကို ပြန်လည်ရယူလိုတဲ့အတွက် ငြိမ်းချမ်းစွာဆန္ဒပြခွင့်ပြုဖို့ ဥပဒေနဲ့ အညီတင်ပြခဲ့ကြပေမယ့်လည်း ခွင့်မပြုတာကြောင့် ဒီမနက် ၉ နာရီမှာ စတင် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

သဲကုန်းမြို့ ရွာထိပ်မှာရှိတဲ့ မြသိန်းတန် ဘုရားရှေ့ကစတင်ပြီး လူအင်အား ၂၀၀ ကျော်ခန့် သဲကုန်းမြို့တွင်းကို ချီတက်လာရာမှာ မြို့တော်ခန်းမရှေ့မှာ အသင့်စောင့်ဆိုင်းနေတဲ့ ရဲ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရဲမှူးတွေအပါအ၀င် အင်အား ၅၀ ခန့်က အတင်းဝင်ရောက်ရိုက်ဖြိုခွင်းပြီး လယ်သမား ၅ ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ဦးဆောင်လှုပ်ရှားသူတဦးဖြစ်တဲ့ အင်ပင်လှရွာသား ကိုအုံးဟန်၊ ပြည်မြို့က ကိုဝင်းလှိုင်၊ ဆောက်ချုံကြီးရွာသား ကိုဝင်းစိုး၊ ကိုကြည်ဝင်းနဲ့ အောင်ကုန်းရွာသား ကိုအောင်ကြိုင်တို့ဖြစ်ပြီး သူတို့ကို သဲကုန်းရဲစခန်းတွင်းကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲ ဖြိုခွဲခံရတဲ့ လယ်သမားတွေနဲ့ မြို့ခံတွေဟာ ဖမ်းခံရသူတွေ ပြန်လွတ်လာရေးအတွက် ရဲစခန်းရှေ့ဝန်းကျင်မှာ စောင့်ဆိုင်းနေကြပါတယ်။

by ​အေး​နိုင် - ဒီဗွီဘီ

မြန်မာ အနောက်ဘက် နယ်စပ်ကို ကွပ်ကဲရန် နစက ကွပ်ကဲရေးမှူး အသစ် ရောက်ပြီ

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ကို ကွပ်ကဲရန် အတွက် နစက ကွပ်ကဲရေးမှူး အသစ် တစ်ဦး ရောက်ရှိလာပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

နစက အရာရှိများကို ဘင်္ဂလာနယ် ခြားစောင့်တပ်ဖွဲ့ အရာရှိများနှင့် ကော့စ်ဘဇားမြို့ ဆွေးနွေးပွဲ တစ်ခုတွင် တွေ့ရစဉ်။
ရောက်ရှိလာသည့် နစက ကွပ်ကဲရေးမှူး အသစ်မှာ  ဗိုလ်မှူးကြီး မောင်မောင်ဦး (ယာယီ)ဖြစ်ပြီး တောင်ကုတ်မြို့ ဇာတိ ဖြစ်ကြောင်း ဆိုသည်။

အစိုးရအဖွဲ့ ၀င်များ၏ ပိုင်ဆိုင်မှု့ စာရင်း ပြုစုတင်ပြရေးစာ အွန်လိုင်းပေါ်ရောက်

မူရင်းလင့်  https://www.facebook.com/aungmyo.tun.52

နိုင်ငံခြားရေးဝန်ကြီး တောင်ကိုရီယား သွားမည်

မြန်မာနိုင်ငံခြားရေးဝန်ကြိး ဥိးဝဏ္ဏမောင်လွင် သြဂုတ်လ ၂ ရက် ကြသပတေးနေ့ကစပြိး တောင်ကိုးရီးယားနိုင်ငံကို ၄-ရက်ကြာ သွားရောက်လည်ပတ်မဲ့ အကြောင်း Yonhap သတင်းမှာ ရေးထားပါတယ်။ သောကြာနေ့မှာ တောင်ကိုး ရီးယားနိုင်ငံခြားရေးဝန်ကြိးနဲ့ တွေ့ဆုံပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သဘာဝရင်းမြစ် ဖွံဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနဲ့ တောင်ကိုးရီးယားနိုင်ငံသားတွေအကြား ရင်းနှီးမှုဖလှယ်ရေး စတဲ့ကိစ္စတွေကို ဆွေးနွေးမည်ဖြစ်သည်။

ဦးရွှေမန်း လွှတ်တော် ကိုယ်စားလှယ်များကို လုံခြုံရေး သတိပေး


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ၎င်းတို့၏ လုံခြုံရေးနှင့်ပတ်သက်၍
သတိထားရန်           လိုကြောင်း ယနေ့ကျင်းပပြုလုပ်သော     လွှတ်တော်အစည်းအဝေး
အပိတ်   မိန့်ခွန်းတွင်ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ထည့်သွင်းပြော
ကြားခဲ့သည်။ပြည်သူ့လွှတ်တော်ဥက္ကဌ၏ သတိပေးမှုနှင့်ပတ်သက်၍
အကြမ်းဖက်အဖွဲ့အစည်းများကလွှတ်တော်ကိုပစ်မှတ်ထားလာနိုင်သည့်
အတွက်ယခုကဲ့သိုသတိပေးသည်ဟုထင်မြင်ကြောင်းလွှတ်တော်
ကိုယ်စားလှယ်များကပြောသည်။မကြာသေးမီရက်ပိုင်းအတွင်းကလည်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွှန့်သည်
ရိုဟင်ဂျာများအကြောင်းကိုလွှတ်တော်တွင် ဝင်ရောက်ဆွေးနွေးခဲ့ရာ ၎င်း၏ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ ပါတီသစ်ကို တယ်လီဖုန်းဆက်၍ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။

ဒု-သမ္မတနေရာအတွက် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ရေပန်းစား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။        ။ လစ်ဟာနေသော ဒုတိယ သမ္မတနေရာသို့ အစားထိုး ခန့်ထားနိုင်မည့်သူနှင့် ပတ်သက်၍ ခန့်မှန်းချက် အမျိုးမျိုး ပေါ်ထွက်နေချိန်တွင် ယခုနောက်ဆုံး ရေပန်းစားလာသူမှာ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဖြစ်သည်။

The Voice ဂျာနယ် ပိတ်ခံရ

 The Voice ကို အားပေးလျှက်ပါ၊ အပြစ်မြင်ပြီး ပိတ်တယ် ဆို့တယ် ဆိုတာ လုပ်ရတာ လွယ်ပါတယ်။ The Voice ဂျာနယ်က ဆောင်းပါးတွေ၊ အာဘော်တွေဟာ  တပ်မတော် အစိုးရ လက်ထက်ကနေ အရပ်သား အစိုးရကို ညင်သာစွာ အသွင်းကူးပြောင်းခဲ့တဲ့ ဖြစ်စဉ်မှာ အထောက်အကူပြု စွမ်းဆောင်နိုင်ခဲ့သည့် အပြင် ယနေ့ သမ္မတကြီးဦးသိန်းစိန်ရဲ့  ဒီမိုကေရစီ နိုင်ငံ တည်ဆောက်တဲ့ လုပ်ငန်းတွေမှာလည်းအထောက်အကူ ပြုတယ်လို့ လူပြောများပါတယ်။

နေက်ဆုံးထွက်ရှိခဲ့သည့် The Voice ဂျာနယ် မျက်နှာဖုံး



ပြည်ပမီဒီယာများနှင့်INGO များ လက်ဝါးချင်းရိုက်ပြီး ရခိုင်ပဋိပက္ခကိုပွဲဆူအောင်ပြုလုပ်ခဲ့


    အခုတလော ရခိုင်ပြည်နယ်ဖြစ်စဉ်နဲ့ပတ်သက်လို့ ပွက်လောရိုက်အောင် ပွဲဆူခဲ့ကြတယ်။  ပါကစ္စတန် အခြေစိုက်တာလီဘန်အကြမ်းဖက်အဖွဲ့  Tehreek-e-Taliban Pakistan(TTP)က မြန်မာနိုင်ငံကို အကြမ်းဖက် တိုက်သွားမယ်လို့ AFP သတင်းဌာနကတစ်ဆင့်ကြေညာခဲ့တယ်။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့လက်လှမ်း မီသလောက် ဒီလိုခြိမ်းခြောက်မှုမျိုးမရှိခဲ့ဖူးဘူး။ ဒါ့ကြောင့် ကျွန်တော်လည်း ဘာကိုအခြေခံပြီး ဘယ်သူတွေ ဘေးတီးပေးလို့ဒီလိုခြိမ်းခြောက်မှုဖြစ်လာလဲလို့စိတ်ဝင်စားမိပါတယ်။ ရခိုင်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဂျာနယ်တွေမှာ၊ Facebook တွေမှာတော်တော် များများရေး ထားကြတယ်။ ပြည်တွင်းမှာတော့ အခြေအနေမှန်၊ ဖြစ်စဉ်ဖြစ်ရပ် အမှန်များကို သိရှိနားလည် ပြီးဖြစ်မယ်လို့ယူဆပါတယ်။ သမ္မတကြီး ကိုယ်တိုင်လည်း ဖြစ်စဉ်ဖြစ်ရပ်အပေါ် အချိန်မီ ကိုင်တွယ်ခဲ့တယ်လို့ ပြည်တွင်းပြည်ပကအဖွဲ့အစည်းတွေ၊ လူပုဂ်္ဂိုလ်တွေကိုယ်တိုင်က အားပေးထောက်ခံခဲ့ကြ ပါတယ်။ ရခိုင်နဲ့ဆက်စပ်ဖြစ်စဉ်များကို အစိုးရပိုင်း အနေနဲ့လည်း ကိုင်တွယ်ဆောင်ရွက်ရာမှာ တရားဥပဒေအတိုင်း ဖြစ်စေရန် လူသိရှင်ကြား သတင်းထုတ်ပြန်ပြီး အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်ခဲ့တာကိုတွေ့နိုင်ပါတယ်။

ရွေ့ပြောင်း လုပ်သားများအတွက် ဘ၀အာမခံချက်လုံခြုံမှုရရှိရေး ဦးဌေးဦး အဆိုတင်သွင်းမည်

ကျင်းပ ပြုလုပ်လျက်ရှိသော ပြည်သူ့လွှတ်တော်တွင် ဟင်္သတ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက နိုင်ငံရပ်ခြားတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသော

ဒေါ်အောင်ဆန်းစုကြည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အမတ်များနှင့်တွေ့ဆုံ


ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံ နှုတ်ဆက်ကာ မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့


ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဟာ လောလောဆယ်တွင်   ဒေါက်တာနေ၀င်းမောင် တည်ထောင်ခဲ့သော မြန်မာ အီးဂရက် အဖွဲ့ အကူအညီဖြင့်  ပါတီဝင်များကိုသင်တန်းများေ ပးနေကြောင်းသိရသည်။




Mr. Thein Sein & CNA Interview


ပြင်ပသွေးထိုးမှု့များ ရှိနေကြောင်း ၀န်ကြီးပြော


ရခိုင်ပြည်နယ်အခြေအနေနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ ရှင်းလင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များက အခြားပြင်ပမှ သွေးထိုးလှုံ့ဆော်မှုနှင့် အားထုတ်မှုရှိသည်ကို သက်သေပြနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Monday, 30 July 2012 19:54


w743pic1
တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီးများနှင့် သံရုံးအသီးသီးမှာ တာဝန်ရှိသူများ

ရခိုင်ပြည်နယ် အခြေအနေနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အိုင်အင်န်ဂျီအိုများအား ပြည်ထောင်စုအစိုးရက ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးဟောင်းတွင် ဇူလိုင်လ ၃၀ ရက်နေ့က ရှင်းလင်းခဲ့သည်။
အဆိုပါရှင်းလင်းပွဲတွင် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဦးစွာ နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။

ပြည်ပ စွက်ဖက်မှုများကြောင့် အခက်ကြုံဟု မြန်မာမွတ်စလင်များအဖွဲ့ ထုတ်ပြန်


ရန်ကုန် ဇူလိုင် ၃၀

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပြဿနာများ အတွင်း ဝင်ရောက် စွက်ဖက်မှုများ ရှိလာသည့်အခါ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များ အတွက် ပိုမို ခက်ခဲသော အခြေအနေများကိုသာ ဖြစ်ပေါ်စေကြောင်း မြန်မာ မွတ်စလင်များအဖွဲ့က ဇူလိုင်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။

နိုင်ငံခြားရေး ၀န်ကြီးဌာန မှ ရခိုင်ပြည်နယ် အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ
နိုင်ငံခြားရေး ၀န်ကြီးဌာန

ရခိုင်ပြည်နယ် အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး တို့ကို အဓိကထားကာ ငြိမ်းချမ်း၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်လျက်ရှိပါသည်။
ထိုကဲ့သို့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို တစ်တိုင်းပြည်လုံးအတွက် အချိန်ပြည့် လုပ်ဆောင်လျက်ရှိရာတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိပါးသော ဖြစ်ရပ်နှစ်ခု ရခိုင်ဒေသတွင် ပေါ်ပေါက်ခဲ့ပါသည်။

ရခိုင်ပြည်နယ် ပုံမှန်ဖြစ်နေပြီဟု နိုင်ငံခြားရေး ၀န်ကြီးပြော

အင်ဒိုနီးရှားသံအမတ်ကြီး၏မေးခွန်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနပြည်ထောင်စုဝန်ကြီးဦးခင်ရီ၏အဖြေ

စကားဝါလမ်း၊နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင်ယနေ့ပြုလုပ်သောရခိုင်အရေးနှင့်ပတ်သက်သည့်သတင်းစာရှင်း
လင်းပွဲတွင်မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံအမတ်ကြီး၏မေးခွန်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနပြည်ထောင်စုဝန်ကြီးဦးခင်ရီ၏အဖြေကိုဖေါ်ပြလိုက်ပါသည်

Asean NGOs want to aid Rohingya

 

BUTTERWORTH: The Malaysian Islamic Organisations Consultative Council (Mapim) will urge the Myanmar government to allow humanitarian missions, especially from Asean, to help Rohingya.

Mapim secretary-general Mohd Azmi Abdul Hamid said it would meet Myanmar President Thein Sein and opposition leader leader Aung San Suu Kyi to discuss the matter on Aug 1.
"Non-governmental organisations from Thailand, the Philippines, Malaysia, Indonesia and Cambodia will go to Yangon to meet the Myanmar president and Aung San (Suu Kyi) next Wednesday," he said here yesterday. Bernama

ဘင်္ဂါလီအရေးကို မီဒီယာတွေနဲ့ ဘယ်လိုတုံ့ပြန်ကြမလဲ





ဘင်္ဂါလီအရေးကို မီဒီယာတွေနဲ့ ဘယ်လိုတုံ့ပြန်ကြမလဲ
အခုစာရေးသူ ပြောချင်တဲ့ အကြောင်းကတော့ မြန်မာတိုင်းရင်းသား ရခိုင်လူမျိုးတွေနဲ့ ကျူးကျော်သူ ဘင်္ဂါလီတွေနဲ့ ဖြစ်ခဲ့တဲ့၊ ဖြစ်နေဆဲဖြစ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပ၊ အင်တာနက် မီဒီယာတွေရဲ့ အာဘော်နဲ့ ရပ်တည်ချက်တွေပါ။ စာရေးသူက နိုင်ငံရေးသမား တစ်ယောက် မဟုတ်ပါဘူး။ အစိုးရ ဘက်တော်သား မဟုတ်သလို အတိုက်အခံလည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံသား တစ်ယောက်အမြင်နဲ့ ရင်ဖွင့် လိုက်တာပါ။  ဒီအရေးအခင်းဟာ အစတုန်း ကတော့ သာမန်အရေးအခင်း တစ်ခုလို့ ထင်ရပေမယ့် နောက်ပိုင်း မှာတော့ ဘာသာရေး စစ်ပွဲအသွင် ဖြစ်အောင် သေချာစနစ်တကျ စီစဉ်ထားတယ်လို့ထင်လာရတယ်။

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နှင့် CNA ရုပ်သံတွေ့ဆုံမေးမြန်းခြင်း။

ရန်ကုန်မီဒီယာဂရု(ပ်) သတင်းအဖွဲ့ ရိုက်ကွင်းတွင်မှတ်တမ်းတင်သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ခင်ဗျားတို့ CNA အနေနဲ့ကတော့ နာမည်ကြီးတဲ့ သတင်းဌာန တစ်ခုလဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလဲ CNA သတင်းဌာနကို လူကြည့်တော်တော်လဲများပါတယ်။ များသောအားဖြင့်ကြည့်ကြတာများပါတယ်။ ဒီလိုအင်တာဗျူးလာရောက်လုပ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကျွန်တော်အနေနဲ့ ကြိုဆိုပါတယ်။ ကျေးဇူးလဲတင်ပါတယ်။

သမ္မတကြီးဆီရောက်လာတဲ့ ငွေထုပ်ကြီး

from -http://blog.irrawaddy.org/2012/07/blog-post_9529.html

ကမ္ဘာ့ဘဏ်က အဖွဲ့နဲ့ သမ္မတကြီးတွေ့တဲ့ သတင်းတပုဒ်ပါ။

ကြည့်ရတာ ပိုက်ဆံတွေ ချေးလို့ ရတော့မယ်ထင်ပါတယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲမှုတွေအများကြီး လုပ်ရအုံးမှာပါ။ အခုထက်ထိ သူများဆီက ငွေချေးတာနဲ့ စီးပွားရေး ပိတ်ဆို့တာကို ပြန်ရုတ်သိမ်း သွားအောင် ပြောနေတာတွေကိုပဲ ခေါင်းဆောင် အလုပ်လို ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေပါ။

သမ္မတကြီးက တကယ့် စိတ်ရင်းစေတနာရင်းခံတွေနဲ့ ကမ္ဘာ့ဘဏ်က ကိုယ်စားလှယ်တွေကို ကြိုဆိုဧည့်ခံ ခဲ့ပါတယ်။ သမ္မတကြီး လုပ်သမျှတွေ အရာထင်ဖို့တော့ လုပ်စရာတွေ အများကြီးကျန်နေ ပါသေးတယ်။

လောကကြီးကို၊ သို့မဟုတ် မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲချင်တဲ့ သမ္မတကြီး ပထမဆုံး လုပ်ရမယ့် အလုပ် ကတော့ မိမိရဲ့ အစိုးရ အဖွဲ့ကို ပြုပြင်ပြောင်းလဲရမှာပါ။

မိမိရဲ့ ပြင်ပတွေကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာနိုင်ပေမယ့် မိမိကိုယ်တွင်း ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်သေး တဲ့ အတွက် အားလုံးက အားမလို အားမရဖြစ်နေရတာပါ။

ဒါဆိုရင်တော့ တိုင်းပြည်အကျိုးအတွက် ငွေထုပ်ကြီးက သမ္မတကြီး ရှေ့ကို ရောက်လာမှာ သေချာပါတယ်။

လင်းသန့်။

အသားထဲကလောက်ကို သိနိုင်ပါစေ

 from - www. kachindailynews.blogspot.com/

ကျွန်တော်တို့ ၀န်ပေါင်အမျိုးသားတွေရဲ့ ရှေ့ဆောင်လမ်းပြဖြစ်တဲ့ KIA/KIO အဖွဲ့အတွင်းမှာ ဖြစ်နေတဲ့ အခြေအနေကို တဆိတ်လောက်ရှင်းပြ ချင်ပါတယ်ဗျာ။ ဒါကလည်း လူငယ်စကားနဲ့ပြောရရင်   ဘောလုံးပွဲတစ်ပွဲ ကို ကြည့်နေရသလိုပါဘဲ။ ပွဲကြည့်စင်ကနေ အားလုံးကိုခြုံငုံပြီးမြင်နေရတဲ့ ဘောလုံးပွဲ ၁ ပွဲရဲ့ အခြေအနေကို ကွက်ကွက်ကွင်းကွင်း မြင်သာတာပေါ့။ အဲဒီလိုပဲ KIA/KIO ၂ ဖွဲ့အတွင်းက ကစားပွဲကိုလည်း ဘေးကပွဲကြည့် ပရိတ်သတ်ဖြစ်တဲ့ ကျွန်တော်တို့ ကချင်လူငယ်တွေက အများကြီး   မြင်နေရတယ်ဗျ။ ဒါတွေကတော ...........

မွတ်စလင်ကုလားတွေ ဒေါ်အောင်ဆန်းစုကြည်ပုံကို ဖိနပ်နဲ့နင်း

Save the Rohingyas demonstration staged in Surabaya
ရခိုင်အရေးမှာ ဒေါ်စုက ကုလားတွေကို ဘာမှ မပြောပေမဲ့ ကုလားတွေကတော့ ဒေါ်စုကို ခြေထောက်နဲက စနင်းပါပြီ။မူရင်းလင့် - http://www.demotix.com/news/1362837/save-rohingyas-demonstration-staged-surabaya#slide-15




"မြစ်ဆုံစီမံကိန်းသို့ လာရောက်လေ့လာရန် CPI ၏ ဖိတ်ခေါ်ချက် အား ဒေါ်အောင်ဆန်းစုကြည် ငြင်းပယ်" (ခွန် ဒီးယမ်)

မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းသို့ လာရောက်လေ့လာ ရန် CPI ကုမ္ပဏီ၏ ဖိတ်ခေါ် ချက်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ငြင်းပယ်လိုက် ကြောင်း CPI ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ် ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ၏ အကျိုးရလဒ်များအား မြန်မာနိုင်ငံရှိ ပြည်သူများ သဘောကျ နှစ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား၍ ရှင်းလင်း တင်ပြသွားရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဆက်သွယ် အကြောင်းကြားခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ယခု နှစ်အတွင်း ပြည်ပခရီးစဉ်များနှင့် လွှတ်တော်တက်ရန် အစီအစဉ်များ ရှိနေသည့်အတွက် လာရောက်လေ့ လာခြင်း မပြုနိုင်ဟု အကြောင်းပြန် ခဲ့ကြောင်း CPI ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Mr. Wang Quiye ကပြောသည်။
''ကျွန်တော်တို့ အနေနဲ့ ဒေါ် အောင်ဆန်းစုကြည်ကို မြစ်ဆုံစီမံ ကိန်း အကြောင်း လာရောက်လေ့ လာဖို့အတွက် ဖိတ်ခေါ်ခဲ့ပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြန် ကြားရေးမှူး ဦးဥာဏ်ဝင်းက တစ်ဆင့် ဒေါ်စုက ဒီနှစ်အတွင်းမှာ ပြည်ပခရီးစဉ်တွေနဲ့ လွှတ်တော် အစီအစဉ်တွေရှိတဲ့အတွက် မလာ နိုင်ဘူးလို့ ပြောတယ်'' ဟု ၄င်းက ဆိုသည်။

အလွဲသုံးစားမှုဖြင့် မီးရထားဝန်ထမ်း ၄၄ ဦးကို တာဝန်မှ ရပ်စဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ)။       ။ လောင်စာဆီ အလွဲသုံးစားမှုဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှ မီးရထားဝန်ထမ်း ၄၄ ဦးကို တာဝန်မှ ရပ်စဲလိုက်သည်ဟု မိုးညှင်းမြို့နယ်မှ အမည်မဖေါ်လိုသူ မီးရထားဝန်ထမ်းများက မဇ္ဈိမကို ပြောသည်။

၃၁.၇.၂၀၁၂ ရက်နေ့သတင်းများ


 -ဦးအောင်သိန်းလင်းကို အမတ်အဖြစ်မှ ရုတ်သိမ်းရေး နှိုးဆော်မှုများ ရှိနေ click
- အလွဲသုံးစားမှုဖြင့် မီးရထားဝန်ထမ်း ၄၄ ဦးကို တာဝန်မှ ရပ်စဲ  click
 -ပအို့ အဖွဲ့ချုပ်နှင့် ဦးအောင်မင်းတို့ အပစ်ရပ်ရေး ဆွေးနွေး click
-ငွေလဲနှုန်းဒဏ် အောက်ခြေဆင်းရဲသားများ အဆိုးဆုံး ခံစားနေရ click
-ရခိုင်ပြသနာမှာ လူ ၇၇  ဦးသေးဆုံးဟု အစိုးရပြော  click
 -စစ်ကိုင်းမှာ လယ်သမားတွေ ဆန္ဒပြ click
-ရခိုင်ပြည်နယ်အရေး သေချာစွာလေ့လာဖို့ ကင်တားနားကို တောင်းဆို click
-မစ္စတာ ကင်တားနား လူ့အခွင့်အရေး အခြေအနေလေ့လာ click
 -မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိလို့ ဝန်ကြီး ဦးခင်ရီပြောကြား click
 -လယ်သိမ်းခံရပြီး နစ်နာကြေားမရတဲ့ လယ်သမားတွေ ဆန္ဒဖော်ထုတ် (click)
-ကင်တားနား အဖွဲ့များစွာနဲ့ တွေ့ဆုံ click
 -ရခိုင်ပြည်နယ်ငြိမ်းချမ်းနေပြီဖြစ်ကြောင်း ၀န်ကြီးတွေရှင်းပြ click
 -မြန်မာသံအမတ်သစ်ခန့်အပ်လွှာ အိုဘားမား လက်ခံ  click
 -ဒုသမ္မတသစ်အရေး လွှတ်တော်မှာ ဆွေးနွေးနိုင်ဖွယ်ရှိ click
-ဘာသာရေးဖိနှိပ်မှု စိုးရိမ်စာရင်းထဲ မြန်မာ ရှိနေဆဲ  click
 - စိုင်းနော်ခမ်း လက်ထောက် လွှဲပေးဖို့ တရုတ် တောင်းဆို click
- မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရေး၏ နိုင်ငံရေးအကြောင်း အစီရင်ခံစာ click
- စိုက်ပျိုးစရိတ်ချေးငွေ မမျှတမှု သမ္မတကြီးထံ တိုင်ကြား click
- မစ္စတာ ကင်တားနား လူ့အခွင့်အရေးအခြေအနေ လေ့လာ click
- ကင်တားနား နိုင်ငံရေးအကျဉ်းသားတွေနဲ့ တွေ့ click
- ရခိုင်ပြည်နယ်အရေး သေချာစွာ လေ့လာဖို့ ကင်တားနားကို တောင်းဆို click
- ဦးအောင်သိန်းလင်းကို အမတ်အဖြစ်မှ ရုတ်သိမ်းရေး နှိုးဆော်မှုများ ရှိနေ click
- သမ္မတနှင့် တိုင်းရင်းသားပါတီများ တွေ့ဆုံမည့် အစီအစဉ် ရွှေ့ဆိုင်း click
- စက်သုံးဆီဆိုင် ဖယ်ရှားဖို့ သာစည်မှာ ဆန္ဒပြ click
- ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ် အနောက်ခြမ်း မြို့တော်များပါဝင်ဟု ဆို click
- ရွေးကောက်တင်မြှောက်ပုံစနစ် ပြောင်းဖို့လိုသလား (လွတ်လပ်အတွေး ဆွေးနွေးဖလှယ်) click
- ပိုင်ဆိုင်မှုတွေ ကြေညာရရင် …(ကာတွန်း) click
- မြစ်ဆုံဆည်ကို ဂွမတိုက်နဲ့ … (ကာတွန်း) click
- ခရောင်းလမ်းပေါ်က နိုင်ငံတကာ ဖျော်ဖြေပွဲများ click
- ရန်ကုန်မြို့မှာ ကျင်းပမယ့် ဘားကမ့်အကြောင်း (အသံ) click
- အိုလံပစ် တတိယနေ့နဲ့ မြန်မာအဖွဲ့ အခြေအနေ click
- မြန်မာလေးသမားနဲ့ လန်ဒန်အိုလံပစ် (ဓာတ်ပုံ) click
- ထိန်းသိမ်းဖို့ လိုအပ်နေတဲ့ သမိုင်းဝင် ဖိုးဝင်းတောင် (ရုပ်သံ) click
- ဘ၀တွေ ဘာလဲ ဘယ်လဲ (ဆောင်းပါး) click