Tuesday, October 7, 2014

စွပ်စွဲခံနေရသည့် မြန်မာနိုင်ငံသား(၂)ဦးအား ဥပဒေအရ ရသင့်ရထိုက်သည့် အခွင့်အရေးများ အပြည့်အဝ ခံစားခွင့်ရရှိရေး၊ တရားမျှတသည့် စုံစမ်းမှုဖြစ်ရေး တို့အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိ

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့တောင်ကျွန်းရှိ အပန်းဖြေ ကမ်း ခြေ စခန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး စက်တင်ဘာ(၁၅)ရက်က အသတ်ခံ ရမှုဖြင့် အခင်းဖြစ်ပွားရာ နေရာနှင့် အနီးအနားတွင် အလုပ်လုပ်ကိုင်နေ သည့် မြန်မာနိုင်ငံ သား(၃)ဦးအား အောက်တိုဘာ(၃)ရက် က ဖမ်းဆီးခဲ့ကြောင်း သိရ သည်။

နေလှန်းဆားများကို ဆားကောင်း၊ ဆားသန့်ထုတ်လုပ်နိုင်ရေး ပြည်နယ်အစိုးရ ကျပ်သိန်းသုံးရာထုတ်ချေးမည်

Photo: မန္တလေး အကျဉ်းထောင်မှ ၁၆၀ ကျော် လွှတ်မည်
Tuesday, October 7, 2014

မန္တလေး အိုးဘိုအကျဉ်းထောင်မှ အောက်တိုဘာ ၇ ရက်တွင် လေးဖွဲ့ခွဲ၍ အကျဉ်းသား ၁၆၀ ဦး လွှတ်ပေးမည်ဖြစ်ပြီး ပထမအသုတ်အဖြစ် အမျိုးသမီး ၂၇ ဦး မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် လွတ်မြောက်လာသည်။
သို့သော် နိုင်ငံရေးအကျဉ်းသား မည်မျှပါမည်၊ လယ်ယာမြေအမှုနှင့် ဖမ်းဆီးခံထားရသူ မည်မျှ ပါမည်ကိုမူ မသိရှိရသေးဘဲ ညနေ ၃နာရီခန့်တွင် စာရင်းထုတ်ပြန်ပေးမည် ဟုလည်း အကျဉ်းထောင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယနေ့ သမ္မတ၏ အမိန့်ဖြင့် အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျနေသည့် မြန်မာအကျဉ်းသား ၃၀၇၃ ဦးနှင့် နိုင်ငံခြားသား ၅၈ ဦး လွတ်ပေးမည်ဖြစ်ပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် အကျဉ်းသားများကို ၁၅ ကြိမ် လွှတ်ပေးခဲ့ပြီးဖြစ်ကာ ယနေ့အထိ လွှတ်ပေးခဲ့သည့် အကျဉ်းသား ၄၂၀၀ ကျော် ရှိပြီဖြစ်သည်။

Mizzima News
အဆင့်မြင့်စက်ကိရိယာများအသုံးပြုကာ ဆားထုတ်လုပ်နေသည့် ထိုင်းနိုင်ငံ ဆမှတ်ဆခွန်မှ ဆားထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခု (ursulasweeklywanders.com)
နေလှန်းဆားများ အဓိက ထုတ်လုပ်နေသည့် ရခိုင်ပြည်နယ်တွင် နေလှန်းဆားကြမ်းများကို ဆားကောင်း၊ ဆားသန့်များအဖြစ် အဆင့်မြှင့်ထုတ်လုပ်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့က ချေးငွေကျပ်သိန်းသုံးရာ ထုတ် ချေးပေးမည်ဟု သတင်းရရှိ သည်။

မာစတာစပေါ့ဖိနပ်စက်ရုံလုပ်သားများအား နစ်နာကြေးပေးရန် စက်ပစ္စည်းများလေလံတင်ရောင်းချ

မာစတာစပေါ့ဖိနပ်စက် ရုံမှ စက်ပစ္စည်းများဝယ်ယူရန် ပြည်ထောင်စုဝန်ကြီးက ဖိနပ်လုပ် ငန်းရှင်များနှင့်တွေ့ဆုံကာ မေတ္တာရပ်ခံတောင်းဆိုမှုပြုလုပ်ခဲ့ကြောင်းအလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ကိုရီးယားအလုပ်ရှင်က အ လုပ်သမားများကို နစ်နာကြေးမ ပေးဘဲကိုရီးယားနိုင်ငံသို့ ထွက် ပြေးတိမ်းရှောင်ခဲ့၍ အလုပ်သမား များ စားဝတ်နေရေးအခက်အခဲ များဖြစ်ပေါ်နေသောကြောင့်ယင်း စက်ရုံမှစက်ပစ္စည်းများကို လေလံ တင်ရောင်းချပြီး နစ်နာကြေးပေး လျော်ရန်အစိုးရက စီစဉ်ဆောင် ရွက်လျက်ရှိသည်။
လေလံတင်ရောင်းချရန် ကြေညာခဲ့ပြီးနောက် စက်ရုံရှစ်ခု မှ လေလံဆွဲရန်စပေါ်ငွေကျပ်သိန်းတစ်ရာစီ ပေးသွင်းထားကြောင်း သတင်းရရှိသည်။ လေလံဝယ်ယူ မည့်သူများတွက် ယင်းရောင်းချ မည့်စက်ပစ္စည်းများနှင့်အသုံးမ တည့်နိုင်သော လုပ်ငန်းအချို့ပါ ၀င်သဖြင့် အောက်တိုဘာ ၆ရက် က ဖိနပ်လုပ်ငန်းရှင်များအား အလုပ်သမားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးက ဖိတ်ကြားပြီးဝယ်ယူ ရန်မေတ္တာရပ်ခံတောင်းဆိုသည့် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

လျှပ်စစ်ရထား အိပ်မက် တကယ်ဖြစ်လာမှာလား


ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ခရီးသွား ပြည်သူတွေအတွက် မျှော်လင့်ချက် အိပ်မက်တခု ပေးလိုက်ပါတယ်။ အဲဒီ အိပ်မက် ကတော့ လျှပ်စစ်ဓာတ်ရထား အိပ်မက်ပဲ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ မြို့ပတ်ရထားတွေနေရာမှာ လျှပ်စစ်ရထားတွေကို အစားထိုး တွေ့မြင်ရဖို့အတွက် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန အနေနဲ့ နှစ် ၃၀ စီမံကိန်းအဖြစ် ၂၀၁၅ ခုနှစ်ကနေ ၂၀၄၅ ခုနှစ်အထိ စီစဉ်ရေးဆွဲထားတယ်လို့ ဆိုပါတယ်။အဲဒီ နှစ်ရှည် စီမံကိန်းအတွင်း ရထားပြေးဆွဲနှုန်းကိုလည်း ပုံမှန် အမြန်နှုန်း ပျမ်းမျှ မိုင် ၃၀ နှုန်းကနေ အမြန်ဆုံး မိုင် ၈၀ အထိ ဖြစ် လာ အောင် စီစဉ်သွားမယ်လို့လည်း သိရပါတယ်။
အဲဒီအပြင် စီမံကိန်းမှာ ကုန်ကျနိုင်မယ့် ငွေကြေးပမာဏဟာ ရန်ကုန်တမြို့လုံးအတွက် အသေးစိတ် မတွတ်ချက်ရသေးပေမယ့် ဒညင်းကုန်း-ရန်ကုန်-မလွှကုန်း ရထားလမ်းပိုင်းအထိ အားလုံး အဆင့်မြှင့်တင်မယ်ဆိုရင် အမေရိကန် ဒေါ်လာ သန်း ၇၀၀ ခန့် ကုန် ကျနိုင်တယ်လို့တော့ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက အကြမ်းဖျင်း တွက်ချက်ပြီး သတင်း မီဒီယာတွေကို အသိပေးပြောကြား ထားပါသေးတယ်။

စားသုံးသူများအတွက် ဖြန့်ဖြူးေ ရာင်းချပေးနိုင်သော လယ်ယာထုတ်ကုန် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် လက်ကား ဆိုင်ကြီးများ ဖွင့်လှစ် အကောင်အထည် ဖော်နိုင်ရေး ဆွေးနွေး


လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်သည် စက်တင်ဘာ ၂၉ရက်က အီတလီနိုင်ငံ ရောမမြို့၌ ကျင်းပသော (၂၄)ကြိမ် မြောက် နိုင်ငံတကာ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ ကော်မတီ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးကမ္ဘာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ရုံးချုပ်၌ အဖွဲ့ညွှန်ကြားရေး မှူးချုပ် Dr. Jose Graziano Da Silva အား တွေ့ဆုံ၍ ကုလသမဂ္ဂ အဖွဲ့ကြီး၏ ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေး ရည်မှန်းချက် (Zero Hunger Target)ဆိုင်ရာ ကိစ္စရပ်များ၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် အာဟာရ ပြည့်ဝရေး (Food Security and Nutrition)ဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်း နိုင်ငံများနှင့် ဟန်ချက်ညီစွာ ပူးပေါင်း ဆောင်ရွက်နေမှု လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခဲ့ပြီး ကမ္ဘာ့စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီးနှင့် မြန်မာနိုင်ငံ အကြား ပိုမို၍ နီးကပ်စွာ လက်တွေ့ ပူးပေါင်း ဆောင်ရွက်နိုင်မည့် လုပ်ငန်း၊ လက်တွေ့နည်းလမ်းများကို အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ သည်။

ရိုက်နှက်စစ်ဆေးခံရခြင်းကြောင့် မြန်မာလုပ်သားနှစ်ဦးပြစ်မှု မကျူးလွန်ဘဲ ကျူးလွန်ဟု ထွက်ဆိုခဲ့ကြောင်း ပြောကြား

ဗြိတိန်စုံတွဲအသတ်ခံရ မှုဖြင့် ဖမ်းဆီးခံရသော မြန်မာ လုပ်သားနှစ်ဦးက ထိုင်းရဲတပ် ဖွဲ့နှင့် စကားပြန်တို့၏ ရိုက်နှက် စစ်ဆေးမှုကြောင့် ပြစ်မှုမကျူး လွန်ဘဲ ကျူးလွန်သည်ဟု ထွက် ဆိုရခြင်းဖြစ်ကြောင်း မြန်မာ သံရုံးအထူးအဖွဲ့ကို ပြောဆိုလိုက် ပြီး အမှုမှန်ပေါ်ပေါက်ရေး ကူညီ ပေးရန် မြန်မာအစိုးရအား ကာယ ကံရှင်နှစ်ဦးက တောင်းဆိုလိုက် ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၆ ရက်တွင် မြန်မာသံရုံးအထူးအဖွဲ့သည် ဖမ်း ဆီးခံမြန်မာလုပ်သားနှစ်ဦး ထား ရှိရာ ကော့စမွီထောင်သို့ သွား ရောက်၍ တွေ့ဆုံမေးမြန်းရာ ၎င်းတို့နှစ်ဦးက မြန်မာသံရုံးအ ထူးအဖွဲ့အား ထိုကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။‘‘သူတို့ အဲဒီညမှာ ဂစ်တာ တီးပြီး ဘီယာသောက်နေတယ်ဆို တာ ၀န်ခံပါတယ်။ အဲဒီအသတ်ခံ ရတဲ့ သူတွေနဲ့ ၂၅ ကိုက်လောက် မှာ ရှိနေတယ်လို့ ပြောတယ်။ သူ တို့ လုပ်ပါတယ်လို့ မပြောဘူး။ ထိုင်းရဲဘက်က မြန်မာစကားပြန် တစ်ယောက်က ရိုက်နှက်လို့၊ ရဲ တွေက ရိုက်နှက်လို့ ပြောလိုက် တာပါလို့ ပြောတယ်။ နောက် ပြီး နည်းပညာနဲ့ အမှုမှန်ကို ပေါ် ပေါက်အောင် လုပ်ပေးပါလို့ အ စိုးရကို အကူအညီတောင်းတယ်။ သူတို့ကြည့်ရတာ သနားစရာပါ ပဲ။ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာ တွေတွေ့တယ်။ ဒီနေ့တွေ့ရှိချက် တွေအားလုံးကို မြန်မာအစိုးရဆီကို ချက်ချင်းအကြောင်းကြား ထားပါတယ်’’ ဟု ဖမ်းဆီးခံ မြန် မာလုပ်သားနှစ်ဦးအား စစ်ဆေး မေးမြန်းရန် စေလွှတ်လိုက်သော မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က 7Day Daily အား ပြောကြားသည်။

လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် ပေါ်ထွက်လာရေးသည် အရေးကြီးဆုံး

လယ်သမားများ အဖမ်းခံနေကြရသည့် ကိစ္စ၊ တက်ြွကလှုပ်ရှားသူများ ဆန္ဒပြ၍ ဖမ်းဆီးထောင်ချခံနေရသည့် ကိစ္စ၊ သတင်းမီဒီယာသများ ဖမ်းဆီးထောင်ချခံရသည့် ကိစ္စများသည် လွတ်လပ်၍ မျှတသည့် တရားစီရင်ရေးစနစ် မရှိခြင်းကြောင့်ဟုဆိုလျှင်မှား မည်မထင်ပေ။ လွတ်လပ်၍ တရားမျှတသော တရားစီရင်မှုစနစ်ရှိရေးသည် ယနေ့ မြန်မာနိုင်ငံတွင် ကြုံတွေ့နရသည့် ပြဿနာအတော်များများအတွက် အဖြေဖြစ်နေခြင်းကြောင့် ဖြစ်ပေသည်။ဆိုလိုသည်မှာ လွတ်လပ်ပြီး တရားမျှတမှုရှိကာ အရည်အချင်းလည်း ပြည့်ဝသည့် တရားစီရင်ရေးစနစ်သာရှိပါလျှင် အခြားသော နယ်ပယ်များ၌ ဖြစ်ပွားသည့် ပဋိပက္ခများကို မှန်ကန်စွာစီရင်ဆုံးဖြတ်ပေးနိုင်မည်ဖြစ်ပြီး နယ်ပယ် အသီးသီးမှ သက်ဆိုင်သူများက ကျေနပ်စွာခံယူနိုင်မည့် သဘောကို ဆိုလိုခြင်းဖြစ်သည်။တရားစီရင်ရေးစနစ်သည် နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးကြီးသည့် အရာဖြစ်ကြောင်း ယခုဖော်ပြသည့် အကြောင်းအကျိုးယုတ္တိဖြင့် အထိုက်အလျောက် နားလည်လိမ့်မည်ဟု ထင်ပါသည်။

ထိုင်း လူသတ်မှုကိစ္စ၊ သမ္မတကြီး ပြည်သူ့အသံ နားထောင်ပါ

ခုရက်ပိုင်း ပြည်သူတွေ စိတ်အဝင်စားဆုံး သတင်းကတော့ ထိုင်းနိုင်ငံတောင်ပိုင်း ဆူလတ်ဌာနီခရိုင် ခိုတောင်ကျွန်းပေါ်မှာ ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံလိုက်ရမှုနဲ့ ပတ်သက်ပြီး ရွှေ့ပြောင်း မြန်မာအလုပ်သမား လူငယ်လေးနှစ်ယောက်ကို ထိုင်းအာဏာပိုင်တွေ စွပ်စွဲဖမ်းဆီးလိုက်တဲ့ ကိစ္စပါ။ ဖမ်းဆီးထိန်းသိမ်းထားရုံမက လူသတ်ခဲ့တယ်လို့ ဝန်ခံတယ်ဆိုပြီး အခင်းဖြစ်ပွားရာနေရာမှာ ပြန်ပြီး သရုပ်ပြခိုင်းတာကိုလည်း လုပ်ခဲ့ပါတယ်။လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒီလူသတ်မှုကို အဲဒီ မြန်မာလူငယ်နှစ်ယောက် ကျူးလွန်ခဲ့တယ်ဆိုတာ မြန်မာနိုင်ငံသား အများစုကြီးက မယုံကြည်ကြပါဘူး။ အလားတူ ထိုင်းနိုင်ငံသားတွေကရော၊ ထိုင်း သတင်းစာတွေကပါ ယုံကြည်မှုမရှိပါဘူး။ ဘာကြောင့် အဲလိုယုံကြည်မှုမရှိတာလဲ၊ မြန်မာနိုင်ငံသားတွေကရော ဘာကြောင့် ယုံကြည်မှုမရှိတာလဲ၊ ဒီပြဿနာနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေ အထူးသဖြင့် သမ္မတကိုယ်တိုင် ဘယ်လို သဘောထားးသင့်လဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်မှာ ထိုင်းနိုင်ငံထဲက ကမ္ဘာလှည့်ခရီးသည်တွေအသွားများတဲ့ တောင်ပိုင်း ဆူလတ်ဌာနီခရိုင်၊ ခိုတောင်ကျွန်းပေါ်မှာ ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံခဲ့ရပါတယ်။ ဗြိတိန်သူဟာ အသတ်မခံရခင် မတရားပြုကျင့်ခံရတယ်လို့လည်း ရဲမှတ်တမ်းတွေက ဆိုပါတယ်။ နောက်ပိုင်း ထိုင်းရဲတပ်ဖွဲ့ဟာ တရားခံရှာဖို့ အပူတပြင်း ကြိုးစားပါတော့တယ်။

စောနိုင် အားလုံး သိတယ် အပိုင်း ( ၁ ) (ကရင်လက်နက်ကိုင်အဖွဲ့၏ အတွင်ရေးများ)

Photo
စောနိုင် စိတ်ပျက် ခဲ့ ပါပြီ။ ဘာလို့လဲ ဆိုတော့ တစ်နေ့ က ဖေ့ဘွတ် စာမျက်နှာ တွင် KNU ဗဟို ကော်မတီ ပြောင်းလဲ ဖွဲ့စည်းရန် အတွက် ကရင် တစ် ယောက် မှ အကြံပြု ထားသည် ဆိုသည့် သတင်း တစ်ပုဒ် ကို တွေ့ခဲ့ ရသည်။ ဥက္ကဌ ရာထူး ကို ဒေးဗစ် သာကပေါ ၊အထွေထွေ အတွင်း ရေးမှူး ရာထူး ကို စီဖိုးရာစိန် နှင့် စစ်ဦးစီး ချုပ် ရာထူး အား ဘောကျော်ဟဲ တို့ကို တာဝန် ပေး သင့် ကြောင်း နှင့် လက်ရှိ ဗဟို ကော်မတီ တွင် အသက် ၆၅ နှစ်ကျော် သူများ အား ထုတ်ပယ် သင့်ကြောင်း ဖော်ပြ ထား သည်။ ဘယ်သူ က ခိုင်းလို့ ဘယ်သူ က ရေးသလဲ ဆိုတာ ကို ကျူပ်ကောင်း ကောင်းသိ သည်။ သတင်း ကို ကြည့်၍ အကြီး အကျယ် စိတ်ပျက် မိသည်။ ဒါကြောင့် ကျုပ် အနေ ဖြင့် ဆုံးဖြတ် ချက် တစ်ခု ချလိုက် ရသည်။ ဤ ဆုံးဖြတ် ချက် သည် KNU နှင့် ကရင် အမျိုးသား များ ကို သစ္စာ ဖောက် လို၍ မဟုတ် ဘဲ ကရင် တစ်မျိုးသား လုံး ၏ ကောင်းကျိုး ကိုသာ ရှေ့ရှု ခဲ့ခြင်း ဖြစ်ပေ သည်။ ထို့ကြောင့် ကျွန်ုပ် အနေဖြင့် KNU ၏ လက်ရှိ ဖြစ်ပေါ် နေသော လျှို့ဝှက် အတွင်း သတင်း အားလုံး ကို ထုတ်ဖော် ရေးသား လိုက်ရ ပါတော့ သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဟိုတယ်သင်တန်းကျောင်း သင်တန်းသား တစ်ရာကျော်ဖြင့် ယခုလကုန်သင်တန်းစမည်

Photo: ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဟိုတယ်သင်တန်းကျောင်း သင်တန်းသား တစ်ရာကျော်ဖြင့် ယခုလကုန်သင်တန်းစမည်
Tuesday, October 7, 2014

ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းမှ ကော့မှူးတွင် ဖွင့်လှစ်ထား သော ဟိုတယ်ဆိုင်ရာ သင်တန်း ကျောင်းသို့ လာရောက်လျှောက် ထားသူ ၂၀၀ ကျော်မှ ၁၀၀ ကျော် ကို ရွေး ချယ် ကာ အောက်တိုဘာ လကုန်၌ သင်တန်းစတင်နိုင်မည်ဟု သတင်းရရှိသည်။

‘‘သင်တန်းကို အောက်တို ဘာကုန်မှစမယ်။ လာလျှောက်တဲ့ အထဲမှာ ကော့မှူးက များတယ်။ ရန်ကုန်က အယောက် (၄၀) လောက်ရှိတယ်။ ပုဂံ၊ သာစည်၊ ပဲခူး၊ နေပြည်တော်ကလာလျှောက်တဲ့ ကျောင်းသားတွေကိုလည်း ရွေးချယ်ထားတယ်’’ဟု ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးဇွဲ နန္ဒက ပြောသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မှ ကော့မှူးတွင် Hospitality and Catering Training Academy အမည်ရှိ ဟိုတယ်ဆိုင်ရာသင် တန်းကျောင်းဖွင့်လှစ်ကာ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု Hotels Ope-ration သင်တန်းနှင့် အချက် အ ပြုတ်နှင့် စားသောက်ခန်းကျွမ်း ကျင် Culinary Art စသည့် သင် တန်းနှစ်မျိုး ကို အသိအမှတ်ပြု လက်မှတ်ရသည်အထိ အခမဲ့သင်ကြားရေးအစီအစဉ် အတွက် ကျောင်းသားများကို သြဂုတ်လက လျှောက်လွှာခေါ်ယူခဲ့သည်။

အပတ်စဉ်တစ်ခုလျှင် စာ တွေ့ ၆ လနှင့် လက်တွေ့ ၂ လ စုစုပေါင်း ၈ လအကြာ သင်ကြားပေးသွားမည်ဖြစ်ပြီး လက်တွေ့ ၂ လအတွက် ရန်ကုန်ရှိ အဆင့်မြင့် ဟိုတယ်ကြီးများ၌ On Job Train-ning လုပ်ရမည်ဖြစ်ကြောင်းဦးဇွဲနန္ဒက ဆိုသည်။

သင်တန်းကျောင်းတွင် သင် ကြားမည့် သင်ရိုးညွှန်းတမ်းကို အာဆီယံအသိုက် အ၀န်းမှ ဟို တယ်နှင့် ခရီးသွားလုပ်ငန်းအ တွက် သတ်မှတ်ချက်များကို အ ခြေခံပြီး ရေးဆွဲထားကြောင်း သင်တန်းကျောင်း ကျောင်းအုပ် ဦး အုန်းကျော်က ပြောသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်း စုကြည် ဦး ဆောင်၍ ၂၀၁၀ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး ရွေ့လျားစာ ကြည့်တိုက်များ၊ အခမဲ့အင်္ဂလိပ် စကားပြောသင်တန်းများစသော လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

7Day Daily 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် ကော့မှူးမြို့နယ်တွင် ဗဟိုစာကြည့်တိုက် ဖွင့်ပွဲကျင်းပစဉ် (ဓာတ်ပုံ - နစ်ကီ)
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ အစီအစဉ်ဖြင့် ကော့မှူးမြို့နယ်တွင် ဗဟိုစာကြည့်တိုက် ဖွင့်ပွဲကျင်းပစဉ် (ဓာတ်ပုံ - နစ်ကီ)
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကော့မှူးတွင် ဖွင့်လှစ်ထား သော ဟိုတယ်ဆိုင်ရာ သင်တန်း ကျောင်းသို့ လာရောက်လျှောက်ထားသူ ၂၀၀ ကျော်မှ ၁၀၀ ကျော်ကို ရွေးချယ်ကာ အောက်တိုဘာလကုန်၌ သင်တန်းစတင်နိုင်မည်ဟု သတင်းရရှိသည်။

မြန်မာ့ပင်လယ်ပြင်တွင် မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ပြီး ဒေသအချို့ မိုးသက်လေပြင်း ကျနိုင်

မြန်မာ့ပင်လယ်ပြင်တွင် ၂၄ နာရီအတွင်း ၂၀၁၄ ခုနှစ် အတွက် တတိယမြောက် မုန်တိုင်း ငယ် ဖြစ်ပေါ်မည်ဖြစ်ကြောင်း မိုး လေဝသ ပညာရှင် ဒေါက်တာထွန်း လွင်က သတိပေးထားသည်။

လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းခံရသည့် မြန်မာများအရေး ဘန်ကောက်မြို့ မြန်မာစစ်သံရုံးမှ ကူညီဆောင်ရွက်နေ

Photo: လိပ်ကျွန်းလူသတ်မှုတွင် ဖမ်းခံရသည့် မြန်မာများအရေး ဘန်ကောက်မြို့ မြန်မာစစ်သံရုံးမှ ကူညီဆောင်ရွက်နေ

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်

ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲကို စက်တင်ဘာ ၁၄ ရက်နေ့က သတ်သည်ဟူသောစွဲချက်ဖြင့် မြန်မာ လုပ်သား ၃ ဦးအား ဖမ်းဆီးထားမှုကို တပ်မတ်ာကာကွယ်ရေးဦးစီးချုပ် ညွှန်ကြားချက်အရ မြန်မာစစ်သံရုံးမှ လိုက်ပါ ကူညီဆောင်ရွက်ပေး နေကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ညွန်ကြားချက်အရ ဘန်ကောက်မြို့ရှိ မြန်မာစစ်သံရုံးအနေဖြင့် မြန်မာသံရုံး ကောင်စစ်အရာရှိ ဦးထွန်းအေး၊ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကို ကူညီဆောင် ရွက်ပေးနေသော MAT ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းက ဦးကျော်သောင်း၊ မြန်မာအလုပ်သမားများ ကူညီ စောင့်ရှောက်ရေးရှေ့နေ ဦးအောင်မျိုးသန့်၊ ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် FED ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း မှ ဦးမင်းဦး၊ ဦးမိုးဝေတို့နှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိကြောင်း စစ်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့သည် ဖမ်းဆီးခံမြန်မာလုပ်သားများ လွတ်မြောက်ရေးအတွက် လိပ်ကျွန်းသို့ သွားရောက်စစ်ဆေးခဲ့ရာ ထိုကျွန်းတွင် နေထိုင်လုပ်ကိုင်သော လူအများစုက ဖမ်းဆီးခံ မြန်မာလုပ်သား ၃ ဦး သတ်ဖြတ်ခဲ့ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု သွားရောက်စစ်ဆေးရာတွင်ပါဝင်သော ရှေ့နေတစ်ဦးက ပြောသည်။

``ကိုယ့်နိုင်ငံသားတွေ အဖမ်းခံရတာဆိုတော့ ကျွန်တော်တို့ အနေနဲ့လည်း ကူညီဆောင်ရွက်ပေးရမှာပါ၊ အခုဆိုရင် မြန်မာ သံရုံးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်၊ အဲဒီအမှုကိုလိုက်ဖို့ ရှေ့နေတွေ ငှားဖို့လည်း လုပ်နေပါတယ်၊ အမှုမှန် ပေါ်ပေါက်ဖို့ ဆောင်ရွက်သွားမှာပါ´´ ဟု ထိုင်းနိုင်ငံ မြန်မာစစ်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ အမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအစိုးရကို တင်ပြရမည်ဖြစ်သလို မြန်မာအလုပ်သမားများ မကျူးလွန်ကြောင်း ယုံကြည် သည့်အတွက် အမှုတွဲတောင်းပြီး ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း၊ အောက်တိုဘာ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံမှ ရှေ့နေများနှင့် အစည်းအဝေးလုပ်ရန် ချိန်းထားကြောင်း သိရှိရသည်။

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်ပြီး  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နေမျိုး

ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲကို စက်တင်ဘာ ၁၄ ရက်နေ့က သတ်သည်ဟူသောစွဲချက်ဖြင့် မြန်မာ လုပ်သား ၃ ဦးအား ဖမ်းဆီးထားမှုကို တပ်မတ်ာကာကွယ်ရေးဦးစီးချုပ် ညွှန်ကြားချက်အရ မြန်မာစစ်သံရုံးမှ လိုက်ပါ ကူညီဆောင်ရွက်ပေး နေကြောင်း သတင်းရရှိသည်။