Tuesday, December 10, 2013

ဆိးဂိမ်းပြီးပါက မြန်မာရေကူးနည်းပြ နှုတ်ထွက်မည်


မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်နှင့် လက်ရှိ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အတွက် မြန် မာနိုင်ငံလက်ရွှေးစဉ်ရေကူး အသင်းတွင် နည်းပြချုပ် တာဝန်ထမ်းဆောင်လျက်ရှိသော ဂျပ န်နို င်ငံ သား ခါ့ဇူရှီနာကာယာမသည် ယခုဆီးဂိမ်းကာလပြီးပါက ဂျပန်နိုင်ငံသို့ပြန်တော့ မည်ဖြစ်ေ ကြာင်း မြန် မာနိုင် ငံရေကူး အဖွဲ့ချုပ်မှ သိရသည်။

ကာယဗလ အားကစားနည်းမှ ရွှေတံဆိပ် ဆွတ်ခူးလျှင် သိန်းတစ်ရာနှင့် ကားတစ်စီး ချီးမြှင့်မည်

ကာယဗလ အားကစားနည်းမှ ရွှေတံဆိပ် ဆွတ်ခူးလျှင် သိန်းတစ်ရာနှင့် ကားတစ်စီး ချီးမြှင့်မည်
Tuesday, December 10, 2013

ရန်ကုန်မြို့ MCC ခန်းမ၌ ကျင်းပမည့် ကာယဗလ ပြိုင်ပွဲတွင် မြန်မာ ကစားသမားများ ရွှေတံဆိပ် ဆွတ်ခူးပါက စည်ပင် သာယာရေး ဝန်ကြီးဌာနမှ ရွှေတံဆိပ် တစ်ခု အတွက် ကျပ်သိန်း တစ်ရာနှင့် pro box အမျိုးအစား
ကားတစ်စီးချီး မြှင့်မည်ဟု စည်ပင်သာယာရေး ဝန်ကြီးက ပြောကြားထားကြောင်း ကစားသမား ဖြစ်သူ ထွန်းမင်းက ပြောသည်။ ပြိုင်ပွဲတွင် မြန်မာနိုင်ငံ က ၅၅၊ ၆ဝ၊ ၇ဝ၊ ၈ဝ နှင့် ၉ဝ ကီလိုတန်းများ၌ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာ ကာယဗလ အဖွဲ့အနေဖြင့် ရွှေတံဆိပ်နှစ်ခု ရရန် မျှော်မှန်းထားပြီး ၅၅ကီလိုတန်းမှ ထွန်းမင်း၊ ၆ဝ ကီလိုတန်းမှ အောင်ခိုင်ဝင်းတို့ အပေါ် မျှော်မှန်း ထားကြ သည်။ ကာယဗလ ပြိုင်ပွဲကို ဒီဇင်ဘာ ၁၄ရက်၊ ၁၅ရက်တွင် ကျင်းပမည် ဖြစ်ပြီး ရုပ်သံလိုင်းမှလည်း တိုက်ရိုက် ထုတ်လွှင့်မည်ဖြစ်သည်။

တားမြစ်ဆေးဝါးနှင့် ပတ်သက်၍လည်း မြန်မာ ကစားသမားများ အနေဖြင့် တားမြစ်ဆေးဝါး ကိစ္စ ကင်းရှင်းကြောင်း နည်းပြ ဦးအောင်နိုင်က ဆိုသည်။ မြန်မာ အလေးမ အဖွဲ့အနေဖြင့် ၇ဝ ကီလိုတန်းတွင် စိုးမိုး၊ ၈ဝ ကီလိုတန်းတွင် မင်းဇော်ဦးနှင့် ၉ဝ ကီလိုတန်းတွင် အောင်ဆွေနိုင်တို့လည်း ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ မြန်မာ ကာယဗလ သမားများ အနေဖြင့် လေ့ကျင့်ရည် ပြည့်ဝနေပြီး ပြိုင်ပွဲဝင်ရန် အသင့်ရှိနေ ရာ ရွှေတံဆိပ် ဆုများ ရယူကာ မြန်မာ့ဂုဏ်ဆောင်မည့် ကာယဗလ ပွဲစဉ်များကို ပြည်သူများ တစ်ခဲနက် အားပေးကြပါရန်လည်း နည်းပြ ဦးအောင်နိုင်က ဖိတ်ခေါ်လိုက်သည်။ 

အေးမင်း၊ အောင်သူ
မြ၀တီ
ရန်ကုန်မြို့ MCC ခန်းမ၌ ကျင်းပမည့် ကာယဗလ ပြိုင်ပွဲတွင် မြန်မာ ကစားသမားများ ရွှေတံဆိပ် ဆွတ်ခူးပါက စည်ပင် သာယာရေး ဝန်ကြီးဌာနမှ ရွှေတံဆိပ် တစ်ခု အတွက် ကျပ်သိန်း တစ်ရာနှင့် pro box အမျိုးအစား ကားတစ်စီးချီး မြှင့်မည်ဟု စည်ပင်သာယာရေး ဝန်ကြီးက ပြောကြားထားကြောင်း ကစား သမား ဖြစ်သူ ထွန်းမင်းက ပြောသည်။ ပြိုင်ပွဲတွင် မြန်မာနိုင်ငံ က ၅၅၊ ၆ဝ၊ ၇ဝ၊ ၈ဝ နှင့် ၉ဝ ကီလိုတန်းများ၌ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

တောင်ကြီးမြို့ နေအိမ်အတွင်း ဗုံးပေါက်ကွဲမှု မိသားစုဝင်များကို စစ်ဆေး

တောင်ကြီးမြို့ မြို့မရပ်ကွက် မြောက်ကျောင်းလမ်း၊ အုတ်ဖိုလမ်းဆုံရှိ နေအိမ် တစ်လုံးတွင် ဒီဇင်ဘာလ ၈ ရက် ည ၁၀ နာရီခွဲခန့်က လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာမှ အမျိုးသားတစ်ဦး ဒဏ်ရာများ ရရှိမှုနှင့် ပတ်သက်၍ အဆိုပါအိမ်တွင် နေထိုင်သူ မိသားစုဝင်များကို ရဲစခန်းတွင် ခေါ်ယူစစ်ဆေးလျက် ရှိကြောင်း တောင်ကြီး မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အကယ်ဒမီ ဗန်းကိုင် လူတွေ့စစ်ဆေးမည်

(2012)ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွက် ဆုဗန်းကိုင်ဆောင်ရမည့်စာရင်းတွင်လူတွေ့ (ပထမ)အကြိမ် စစ်ဆေးမည့်(54)ဦးစာရင်း
======================================
1။ မေမြတ်မိုးကျော်(ခ)မေဇင်စိုးထွဋ်
2။ မြတ်အင်ကြင်း
3။ လမင်းအိနြေ္ဒ(ခ)ရွှေယမင်းအေး
4။ စမ်းရည်နန္ဒာ
5။ ခင်ရတနာမိုး
6။ ခင်မိုးမခ(ခ)ဝေမိုးစံ

လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းနှင့် ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းများအား ကျပ်သိန်း ၁၀၀ ခန့်ဖြင့် အရစ်ကျ ရောင်းချသွားမည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ရွှေလင်ပန်းနှင့် ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများမှ တိုက်ခန်းများအား ကျပ်သိန်း ၁၀၀ ခန့်ဖြင့် အရစ်ကျ ငွေပေးချေသော စနစ်ဖြင့် ရောင်းချ သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သော ပထမအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောကြားသည်။

ခုတ်မောင်းလာသော မီးရထားကို ခရီးသည်တင် ဘတ်စ်ကား ဝင်တိုက်

မန္တလေး ၊ ဒီဇင်ဘာ ၉ ။ ။ မီးရထား နှင့် ကားလမ်းဆုံရာတွင် ရထားလာချိန်၌ ကားလမ်းမောင်း တံ ပိတ်ထားခြင်း မရှိသဖြင့် မောင်း လာသည့်ရထားကို ခရီးသည် တင်ယာဉ်မှ ဝင်ရောက်တိုက်မိ သည့်ဖြစ်ရပ်တစ်ခုဒီဇင်ဘာ ၉ ရက် နံနက် ၆ နာရီခန့်က အမရ ပူရမြို့နယ် ရွှေဂဲလမ်းတွင်ဖြစ် ပွားကြောင်း သိရသည်။ မန္တလေးမြို့ ကားရပ်နား ကွင်းမှ နံနက်၅နာရီတွင် ရွှေဘို မြို့သို့ ခရီးသည်တင်ထွက်ခွာလာ သည့် ရန်နိုင်မန်းမော်တော်ယာဉ် အသင်းမှ ယာဉ်မောင်း ကိုဌေးဝင်း မောင်းနှင် လာသည့် ယာဉ်အမှတ် ၆/က ----လူ စီးသီးသန့်ယာဉ် မှာ မြို့ပတ်ကမ်းနားလမ်း ယာဉ် လမ်းကြောင်းအတိုင်း မောင်းနှင် လာရာ အမရပူရမြို့အဝင် ရွှေဂဲ ဖြတ်လမ်းအရောက်မှာ မြစ်ကြီး နား-မန္တလေးလူစီးအစုန်ရထား (၅၆)ကို ဝင်ရောက် တိုက်မိခြင်း ဖြစ်သည်။ 

ဆီးဂိမ်းကာလ မန်းတွင်မီးမပြတ်ဟု တိုင်းလျှပ်စစ်ဖြန့်ဖြူးရေး ကတိပေး

မန္တလေးမြို့တွင် ဆီးဂိမ်းကာလအတွင်း လျှပ်စစ်မီးမပြတ်စေရန် ပင်မဓာတ်အားပေးစက်ရုံ သုံးခုနှင့် ချိတ် ဆက်ထားခြင်းကြောင့် မီးပျက်မည်ကို စိတ်ပူပန်ရန်မလိုတော့ဟု မန္တလေးတိုင်း မြန်မာ့လျှပ်စစ် ဖြန့်ဖြူးရေး လုပ်ငန်းမှ တိုင်းအင်ဂျင်နီယာ ဒေါ်အေးအေးမင်းက ပြောသည်။
ပင်မဓာတ်အားပေးစက်ရုံများဖြစ်သည့် တံခွန်တိုင်ပင်မခွဲရုံ (သာစည်)၊ အောင်ပင်လယ်ခွဲရုံ (ကင်းတား)၊ ရွှေစာရံခွဲရုံ (ရွှေလီ)တို့မှ ဓာတ်အားလိုင်းသုံးခုကို မန္တလေးမြို့အတွက် ချိတ်ဆက်ထားပြီး လက်ရှိ လျှပ်စစ် မီးဖြန့်ဖြူးပေးနေသည့် ဓာတ်အားလိုင်းမှာ တံခွန်တိုင် ပင်မခွဲရုံ ဖြစ်သည်။

ရခိုင်ပဋိပက္ခ ပါဝင်သူတွေ နှစ်ရှည်ထောင်ချ

၂ဝ၁၂ ခုနှစ် အောက်တိုဘာလက ဒုတိယ အကြိမ် ရခိုင် ပဋိပက္ခအတွင်း မြောက်ဦးမြို့နယ် ယိုင်သည် မွတ်ဆလင်ရွာကို တိုက်ခိုက်ရာမှာ ပါဝင်သူ ၃ ဦးကို စစ်တွေ ခရိုင် တရားရုံးက နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ် လိုက်ပါ တယ်။
ယိုင်သည် ရွာ တိုက်ခိုက်မှုနဲ့ ဖမ်းဆီး စွဲဆို ခံခဲ့ရတဲ့ ရခိုင် အမျိုးသား ၈ ဦးရဲ့ အမှုမှာ ၅ ဦး ကို တရားသေ လွှတ်ပေးပြီး ကျန်တဲ့ သုံးဦး ကိုတော့ ထောင်ဒဏ်တွေ အသီးသီး ချမှတ် လိုက်ပါတယ်။

နည်းပညာလောကထဲက မပြီးနိုင်တဲ့ အမှု

နည်းပညာလောကထဲက မပြီးနိုင်တဲ့ အမှု
Tuesday, December 10, 2013

အမေရိကန် အခြေစိုက် ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီကြီး Apple အနေနဲ့ တောင်ကိုရီးယား Samsung ဆီမှ ‘တရားစရိတ်’ အဖြစ် ဒေါ်လာ ၂၂ သန်း လိုချင်ကြောင်း သိရပါတယ်။ အားလုံး သိကြတဲ့အတိုင်း စမတ်ဖုန်းလောကမှာသာမက အခြားနည်းပညာကဏ္ဍတွေမှာပါ Samsung နဲ့ Apple တို့ဟာ သိသိသာသာ တစ်မျိုး၊ မသိမသာတစ်မျိုးနဲ့ အဓိကပြိုင်ဘက်ကြီးတွေပါ။

Samsung မှ Galaxy Series စမတ်ဖုန်းတွေကို ဆက်တိုက် ထုတ်လုပ်ခဲ့ပြီး Apple ရဲ့ iPhone တွေနဲ့ ယှဉ်ပြိုင်လာခဲ့ပါတယ်။ ယှဉ်ပြိုင်ရုံသာမက Samsung ဟာ Apple ရဲ့ နည်းပညာတွေကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြိမ်ကြိမ် လူသိရှင်ကြား ဖြစ်ခဲ့ပါသေးတယ်။

အဲဒီတော့ နှစ်ဖက်စလုံး ရှေ့နေတွေငှား၊ တရားရုံးတွေသွားရတဲ့ တရားစရိတ်အဖြစ် Apple က Samsung ကို ယခုလို တောင်းလိုက်တာပါ။

တကယ်တမ်းက ဒေါ်လာသန်း ၆၀ လောက် လိုချင်တာဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ ၂၂သန်းပဲ အရင်ပေးပါဦး ပေါ့။ ဒီလို တရားစရိတ် တောင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကုမ္ပဏီ ၂ခုဟာ လာမယ့်ဇန်န၀ါရီ ၃၀ ရက်နေ့မှာ တွေ့ဖို့ချိန်းထားပါတယ်။

နည်းပညာမူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဒီပြဿနာ ဒီမှာတင်ရပ်လား ဆိုတော့ မဟုတ်ပါဘူး။ တစ်ခါဖြစ်လိုက်၊ ထပ်ဖြစ်လိုက်၊ ငြင်းခုန်လိုက်ကြ၊ ပြောဆိုလိုက်ကြနဲ့ ဘယ်တော့မှလည်း အဆုံးသတ်မယ် မထင်ပါဘူးဗျာ။

အရင်တစ်ခေါက်တုန်းက Samsung ဟာ Apple ရဲ့ နည်းပညာတွေ ကို ထပ်မံခိုးယူတယ်လို့ အခိုင်အမာ စွပ်စွဲခံခဲ့ရတာကို မှတ်မိကြဦး မှာပါ။ အဲဒီတုန်းက တရားရုံးက လျော်ကြေးအဖြစ် Samsung ကို အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလျံ ပေးဆောင်စေခဲ့ပေမယ့် Samsung က အယူခံဝင်လိုက်တော့ ဒေါ်လာ သန်း ၄၅၀ သာ ဖြစ်သွားပါတယ်။

ပြီးခဲ့တဲ့လ ကလည်း အမှုထပ်ဖြစ်သေးကာ ဒေါ်လာ သန်း ၂၉၀ ပေးဆောင်ရမယ်လို့ သတ်မှတ်ထားပါသေးတယ်။ ဆိုတော့ကာ Samsung အနေနဲ့ Apple ကို ပေးဆောင်စရာ လျော်ကြေး ဒေါ်လာ သန်း ၇၄၀ ခန့် ရှိနေပြီဖြစ်တဲ့အတွက် လျော်ကြေးပေးရ မယ့် ငွေတွေ တော်တော်များနေပါပြီ။

အခုတစ်ခါ Apple က Samsung ကို တရားစရိတ် တောင်းတယ်ဆိုတာကလည်း ဒါပြီးရင် ဒီပြဿနာငြိမ်းသွားမယ် မထင်ပါဘူး။ တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်နေဦးမယ် ထင်ပါရဲ့။ Samsung ရဲ့ နောင်လာမယ့် မော်ဒယ်အသစ် စမတ်ဖုန်းတွေမှာလည်း Apple ရဲ့ မူပိုင်ခွင့်အချို့ကို ယူသုံးထားပြီးသား ဖြစ်နေပါတယ်။

ဒီနည်းပညာကုမ္ပဏီကြီး နှစ်ခုရဲ့ ပြဿနာကို အစတည်းကနေ ယခုအထိ ကိုင်တွယ်နေတဲ့ တရားသူကြီးကတော့ အမျိုးသမီး တရားသူကြီး ‘Lucy Koh’ ဖြစ်ပါတယ်။

Myanmar Consumer Guide

အမေရိကန် အခြေစိုက် ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီကြီး Apple အနေနဲ့ တောင်ကိုရီးယား Samsung ဆီမှ ‘တရားစရိတ်’ အဖြစ် ဒေါ်လာ ၂၂ သန်း လိုချင်ကြောင်း သိရပါတယ်။ အားလုံး သိကြတဲ့အတိုင်း စမတ်ဖုန်းလောကမှာ သာမက အခြားနည်းပညာကဏ္ဍတွေမှာပါ Samsung နဲ့ Apple တို့ဟာ သိသိသာသာ တစ်မျိုး၊ မသိမသာတစ်မျိုးနဲ့ အဓိကပြိုင်ဘက်ကြီးတွေပါ။

ထိုင်းနိုင်ငံရေးပဋိပက္ခ မြန်မာ သင်ခန်းစာယူရန် ဒေါ်စုအပါအ၀င် နိုင်ငံရေးလေ့လာသူများ တိုက်တွန်း

ထိုင်းနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေးပဋိပက္ခများကို အိမ်နီးချင်းနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ သည် သင်ခန်းစာရယူကာ နိုင်ငံတွင်း ညှိနှိုင်းတိုင်ပင်မှုများဖြင့် အကောင်းဆုံးလမ်းကိုသာ ရွေးချယ်သင့် သည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးလေ့လာသူများက သုံး သပ် ပြောကြားလိုက်သည်။

သိမ်ဖြူအားကစားကွင်း ပြန်ရရေး ဆန္ဒပြသူများ အစိုးရနှင့် တိုင်းလွှတ်တော်အထိ တောင်းဆိုထား

ပြည်သူပိုင်အားကစားကွင်းများ ပြန်လည်ပေးအပ်ရန် လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းထားပြီး အဖြေပြန်လည်ရရှိရန် စောင့်ဆိုင်းနေသည်ဟု ဒီဇင်ဘာလ ၉ ရက်က ရန်ကုန်တိုင်း၊ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောသည်။
“ဒီမေးခွန်းကို အစိုးရက ဘယ်လိုဖြေမလဲဆိုတာ ပြည်သူတွေရဲ့အသံကို အစိုးရက နားထောင်၊ နားမထောင်ပေါ်မှာ မူတည်ပါတယ်”ဟု ဒေါ်ညိုညိုသင်းက ပြောသည်။

ခိုလုံခွင့်တောင်းခံသူ ၃ဦး လှေမှောက်သေဆုံး

ခိုလုံခွင့်တောင်းခံသူ ၃ဦး လှေမှောက်သေဆုံး
Tuesday, December 10, 2013

ရိုဟင်ဂျာအပါအဝင် တခြားနိုင်ငံသားတွေပါ တင်ဆောင်လာတဲ့ လှေတစ်စီး သြစတြေးလျနိုင်ငံ ခရစ္စမတ်ကျွန်းကို ခိုးဝင်ဖို့ ကြိုးစားတုန်း အင်ဒိုနီးရှား ရေပိုင်နက်ထဲ တိမ်းမှောက်သွားတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အီရန်နိုင်ငံနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ စုစုပေါင်း အယောက် ၃၀ လိုက်ပါလာတဲ့ လှေမှာ စက်ချို့ယွင်းမှု ဖြစ်ခဲ့ပြီး ပင်လယ်ထဲ သုံးနာရီကြာ မျောနေခဲ့ပါတယ်။

အဲဒီလို မျောနေချိန်မှာပဲ လှိုင်းလုံးကြီးဒဏ်ကြောင့် တိမ်းမှောက်ခဲ့ပြီး လူသုံးဦးသေဆုံးခဲ့ရပါတယ်။

သေဆုံးသူ သုံးဦးထဲက တစ်ဦးကတော့ အသက် နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးဖြစ်ပြီး လူပေါင်း ၂၇ ယောက်ကို အင်ဒိုနီးရှား ရေတပ်နဲ့ အနီးနားက တံငါသည်တွေက ကယ်တင်နိုင်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံကို လှေတွေနဲ့ တရားမဝင် ဝင်ရောက်မှုတွေ မရှိအောင် သြစတြေးလျ အစိုးရက ကြိုးစားနေပေမယ့် နိုဝင်ဘာလကစပြီး လှေတွေနဲ့ ခိုးဝင်လာသူတွေ သိသိသာသာ ပိုများလာတယ်လို့ သြစတြေးလျ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း လူပေါင်း ၁၆၀ ကျော် တင်ဆောင်လာတဲ့ လှေခြောက်စီးကို သြစတြေးလျ ရေတပ်က ဖမ်းဆီးရမိကြောင်းလည်း သိရပါတယ်။

ABC Radio Australia

တိမ်းမှောက်သွားတဲ့ ခိုလုံခွင့်တောင်းခံသူတွေစီးလာတဲ့လှေကို ကူညီကယ်ဆယ်သူတွေက ကူတွန်းနေကြစဉ် (Credit: Reuters)
ရိုဟင်ဂျာအပါအဝင် တခြားနိုင်ငံသားတွေပါ တင်ဆောင်လာတဲ့ လှေတစ်စီး သြစတြေးလျနိုင်ငံ ခရစ္စမတ် ကျွန်းကို ခိုးဝင်ဖို့ ကြိုးစားတုန်း အင်ဒိုနီးရှား ရေပိုင်နက်ထဲ တိမ်းမှောက်သွားတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အီရန်နိုင်ငံနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ စုစုပေါင်း အယောက် ၃၀ လိုက်ပါ  လာတဲ့ လှေမှာ စက်ချို့ယွင်းမှု ဖြစ်ခဲ့ပြီး ပင်လယ်ထဲ သုံးနာရီကြာ မျောနေခဲ့ပါတယ်။

သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီဟုဆိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အသုံးပြုခွင့် ရရှိသော ဒေသဖွံ့ ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ အား ပြည်သူလူထု၏ အခြေခံ လိုအပ်ချက်များအတွက် လာမည့် သုံးလအတွင်း ဆက်လက်သုံးစွဲမည်

သမ္မတက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီဟုဆိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အသုံးပြုခွင့် ရရှိသော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကို ပြည်သူလူထု၏ အခြေခံ လိုအပ်ချက်များအတွက် လာမည့် သုံးလအတွင်း ဆက်လက်သုံးစွဲမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းထံ သ၀ဏ်လွှာ တစ်စောင် ပေးပို့ခဲ့ပြီး အဆိုပါ သ၀ဏ်လွှာတွင် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ကျပ်သိန်း ၁၀၀၀ သုံးစွဲခွင့် ရရှိခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေ သဖြင့် ပြန်လည်ဆန်းစစ်ရန် လိုအပ်သည်ဟု ပါရှိကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မဒီမုန်တိုင်း မြန်မာနိုင်ငံအတွင်းသို့ မ၀င်ရောက်နိုင်

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မဒီမုန်တိုင်းသည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်မှ အားလျော့ကာ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး မြန်မာနိုင်ငံအတွင်းသို့ မ၀င်ရောက်နိုင်ကြောင်းကို မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဆိုသည်။

"မုန်တိုင်းမဒီက အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကနေ အားလျော့ပြီးတော့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားပြန်လျော့သွားပြီးတော့ မြောက်ဘက်ကို ဆက်ရွေ့လျားနေတယ်။ လမ်းကြောင်းပြောင်း ပြီးတော့ မြန်မာနိုင်ငံကို ၀င်ရောက်ဖို့ မရှိတော့ဘူး။ မိုးတိုင်းရဲ့အကျိုးဆက်ကြောင့် မိုးရွာ သွန်းမှုတွေ ဖြစ် ပွားနိုင် တယ်။ အဲဒီအတွက်ကြောင့် တောင်သူတွေအနေနဲ့ သတိရှိဖို့လိုတယ်" ဟု ဦးချစ်ကျော်က ဆိုသည်။

မိကျောင်းကန် သပိတ်စခန်းအား အကြမ်းဖက်ဖြေရှင်းခြင်း မပြုလုပ်ရန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက နယ်/လုံဝန်ကြီးအား တွေ့ဆုံ မေတ္တာရပ်ခံ

မိကျောင်းကန် သပိတ်စခန်းအား အကြမ်းဖက်ဖြေရှင်းခြင်း မပြုလုပ်ရန် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက နယ်/လုံဝန်ကြီးအား တွေ့ဆုံ မေတ္တာရပ်ခံ
Tuesday, December 10, 2013

နိုင်ငံရေး တက်ကြွလှုပ်ရှားသူအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး နယ်/လုံဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မိကျောင်းကန် သပိတ်စခန်းအား အကြမ်းဖက်နှိမ်နင်းခြင်း မပြုလုပ်ရန် ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးမှုတွင် မိကျောင်းကန်သပိတ်စခန်း ကိုယ်စားလှယ်များမပါရှိဘဲ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ကိုရဲနောင်ဝင်းနှင့် အခြားတက်ကြွလှုပ်ရှားသူ သုံးဦးတို့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး နယ်/လုံဝန်ကြီးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုရဲနောင်ဝင်းက "နှစ်ဖက်လုံး ရုပ်ဆိုးစေတဲ့ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်တာမျိုး မဖြစ်စေဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်။ သူတို့ကလည်း အေးအေးချမ်းချမ်းနဲ့ ဖြစ်နိုင်အောင် အတတ်နိုင်ဆုံး သူတို့ဘက်က လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်" ဟု ဒီဇင်ဘာ ၉ ရက် ညပိုင်းက မီဒီယာများအား ပြောကြားခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးမှုတွင် နယ်/လုံ ၀န်ကြီးက အငြင်းပွားနေသည့် မြေနေရာအား ကုမ္ပဏီများသို့ ရောင်းချထားခြင်းမရှိဟု အခိုင်အမာ ကတိပေးခဲ့ကြောင်း၊ အဆိုပါမြေကိစ္စနှင့် ပတ်သက်ပြီး အဆုံးအဖြတ်ပေးရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ ပြည်ထောင်စုအစိုးရက ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် မိကျောင်းကန် သပိတ်စခန်းအား ဆီးဂိမ်းစ်ကာလဖြစ်နေသဖြင့် ပြည်သူနှင့် အစိုးရပုံရိပ်အား မပျက်ယွင်းစေလိုသဖြင့် ရုပ်သိမ်းစေလိုကြောင်း၊ အကယ်၍ လိုလားချက်များ မရရှိပါက ဥပဒေအရ ဆန္ဒပြမည်ဆိုပါက အလွယ်တကူ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ကိုရဲနောင်ဝင်းက မီဒီယာများသို့ ပြောကြားခဲ့သည်။

သပိတ်စခန်း ဦးဆောင်သူတစ်ဦးဖြစ်သည့် မနေနွယ်သန်းက "အစိုးရဘက်က ကျွန်မတို့ကို အဖြူ၊ အမည်း သဲကွဲတဲ့၊ တိကျသေချာတဲ့ အဖြေတစ်ခုကို ချပြပါ။ ဒီမြေနဲ့ ပတ်သက်ပြီး ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်အခါမှာ၊ ဘယ်သူက တာဝန်ယူနိုင်မလဲဆိုတာ မီဒီယာတွေရှေ့၊ နိုင်ငံရေးအင်အားစုတွေရှေ့မှာ ချပြပါ။ ဒီလိုချပြတဲ့အခါကျရင် ပြည်သူတွေက အားလုံးလက်ခံရင် ကျွန်မတို့ ဒီသပိတ်ကို ရပ်တန့်ပေးမှာပါ" ဟု ပြောကြားသည်။

မိကျောင်းကန် သပိတ်စခန်းအား သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်မှ ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ရုပ်သိမ်းရန် သတိပေးချက်ကို ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီခွဲခန့်က ထုတ်ပြန်ခဲ့ပြီးနောက် သပိတ်စခန်းအား သက်ဆိုင်ရာက အကြမ်းဖက် ဖြိုခွင်းခြင်းရှိ၊ မရှိကို ပြည်သူများ စိတ်ဝင်စားခဲ့ကြပြီး နောက်ဆုံးသတ်မှတ်ထားသည့်နေ့ ညနေ ၅ နာရီခွဲခန့်မှစ၍ ပြည်သူ ၃၀၀ ကျော်ခန့် လာရောက်ကြည့်ရှုခဲ့ကြသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က "ဖြိုခွင်းတယ်ဆိုတာဟာ အဖြေမဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုဖြိုခွင်းခဲ့ရင် အင်အားဘယ်လောက်သုံးလဲ၊ ဘယ်လိုထိခိုက်မှုတွေ ရှိလဲဆိုတာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ သိချင်လို့လာကြည့်တာပါ" ဟု The Daily Eleven သတင်းစာသို့ ဒီဇင်ဘာ ၉ ရက် ည ၈ နာရီခန့်က ဆိုသည်။ 

သပိတ်စခန်းကို နိုဝင်ဘာ ၂၆ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၉ ရက်တွင် ၁၄ ရက်မြောက်ခဲ့ပြီဖြစ်ကာ ယင်းနေ့တွင် သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းအား ကျောက်တံတားမြို့နယ်တရားရုံးမှ ပုဒ်မ-၁၈ ဖြင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့သည်။

Eleven Media Group နိုင်ငံရေး တက်ကြွလှုပ်ရှားသူအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး နယ်/လုံဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မိကျောင်းကန် သပိတ်စခန်းအား အကြမ်းဖက်နှိမ်နင်းခြင်း မပြုလုပ်ရန် ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့ မွတ်စလင်ခေါင်းဆောင်နေအိမ် ပေါက်ကွဲမှုဖြစ်


ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်က မွတ်စလင်ဘာသာဝင် ဗလီအုပ်ချုပ်မှုကော်မီတီ ဥက္ကဋ္ဌတစ်ဦး ရဲ့ နေအိမ်မှာ မနေ့ ည ၁၁ နာရီလောက်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဗလီအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ဒဏ်ရာရသွားတဲ့ အိမ်ရှင်ဖြစ်သူကို စဝ်စံထွန်းဆေးရုံမှာ အတွင်းလူနာအဖြစ် တင်ပို့ကုသထားတယ်လို့ သိရပါတယ်။မိုင်းကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရ ဒေသလုပ်မိုင်းလို့ ယူဆရကြောင်း တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမောင်မောင်ဝင်းက ပြောပါတယ်။