Thursday, October 3, 2013

ပင်လယ်ထဲ မျောပါခဲ့သော ရေလုပ်သားများ ပြန်လည် ရောက်ရှိလာပြီဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်းရှိ ရေလုပ်သားအချို့သည် ပြီးခဲ့သည့်သြဂုတ် လ နော က် ဆုံးပတ်အတွင်းက ပင်လယ်တွင်း မုန်တိုင်းမိပြီး မျောနေခဲ့ရာ ပျောက်ဆုံး နေသည့် ရေလုပ် သား များ အနက် ကျန်ရှိသည့် ခြောက်ဦးပြန်လည် ရောက်ရှိလာပြီ ဖြစ် သည်ဟု ရေလုပ်သား များ အရေး ကူညီ ဆောင် ရွက်နေသော ဧရာဝတီတိုင်း ၊ တောင်သူလယ်သမား သမဂ္ဂ အတွင်းရေးမှုး ဦးသန့်ဇော်ဦး က မဇ္စျိမကို အောက်တိုဘာ ၃ ရက်တွင် ပြောသည်။

ဆီးဂိမ်းပြိုင်ပွဲမိုလ်ဘိုင်းသီချင်းသံစဉ်များအခမဲ့ရယူနိုင်

၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ ဆီးဂိမ်းသီချင်းသံများကို မိုဘိုင်းဖုန်းအတွင်း အခမဲ့ ရယူနိုင်တော့မည်ဖြစ်ကြောင်း Bagan Innovation Technology မှ သိရသည်။

အသက်(၁၂)နှစ်အရွယ် အိမ်အကူကို အဓမ္မပြုကျင့်

ဒဂုံဆပ်ကမ်းမြို့နယ်၊ (၈၇)ရပ်ကွက်တွင် အောက်တိုဘာလ (၁)ရက်နေ့က အသက်(၁၂)နှစ်အရွယ် အိမ် အကူ အမျိုးသမီးကို အိမ်ရှင်ဖြစ်သူက အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေ သကြီး ရဲမှတ်တမ်းများအရ သိရသည်။

တောင်သူလယ်သမား အကျိုးစီးပွားဥပဒေကို အတည်ပြု

Photo: တောင်သူလယ်သမား အကျိုးစီးပွားဥပဒေကို အတည်ပြု 
Thursday, October 3, 2013

 သမ္မတက ပေးပို့တဲ့ သဘောထား မှတ်ချက်တွေကို ပယ်ချပြီး   တောင်သူ လယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ ကို  ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။

အောက်တိုဘာလ ၃ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ယခင်ပြဋ္ဌာန်း ထားတဲ့ အတိုင်းပဲ   အတည်ပြုလိုက်တာပါ။ ဒီ ဥပဒေနဲ့ ပတ်သက်လို့ သမ္မတနဲ့ လွှတ်တော် သဘောထား ကွဲတဲ့ အချက်တချို့ကို ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ခုလို ပြောပါ တယ်။

“လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းတဲ့ လုပ်ငန်းတာဝန် သတ် မှတ် တာနဲ့ ပတ်သက်ပြီး ဦးဆောင်အဖွဲ့ ဖွဲ့မယ်။ ဖွဲ့တာနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပြည်နယ်အစိုးရ အဖွဲ့ရယ်၊ ပြည်ထောင်စု နယ်မြေက အုပ်ချုပ်မှုအဖွဲ့ အဲဒီမှ သင့်တော်တဲ့ ပုဂ္ဂိုလ်တွေနဲ့ အခြားလုပ်ငန်း ဆိုင်ရာ အတွေ့အကြုံသူတွေနဲ့ ဖွဲ့စည်းပေးပြီးတော့မှ ဒါကို အတည်ပြုရ တာပေါ့။ အခု သမ္မတဆီက လာတဲ့ ဟာကြတော့ ဦးဆောင်အဖွဲ့လိုအပ် ပါက လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းပြီး လုပ်ငန်းတန်ဖိုး သတ် မှတ်နိုင်ပြီဆိုပြီး ပြန်လာတဲ့အခါကျတော့ ကျနော်တို့ဆီက နဂို ပြည်ထောင် စု လွှတ်တော်ရဲ့ အတည်ပြုချက် အတိုင်းပဲ အတည်ပြုလိုက်တာပေါ့။”

ဒီဥပဒေအတည်ပြုလုပ်တဲ့အတွက် တောင်သူတွေ ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေနဲ့ပတ်သက်ပြီး ဦးဝင်းမြင့်က အခုလို ပြောပါတယ်။

“တောင်သူလယ်သမားတွေ စိုက်ပျိုးစရိတ်တွေရမယ်။ နောက်တခုက သီးနှံဈေးနှုန်းတွေက မှန်မှန်ကန်ကုန် မျှမျှတတ ရမယ်။ တကယ်လို့ ကုန်သည်တွေက သီးနှံဈေးနှုန်းတွေကို နှိမ့်ချပြီး ၀ယ်မယ်ဆိုရင် အဖွဲ့ကနေ ၀င်ရောက်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိုင်ငံတော်က သတ်မှတ်ဈေး နှုန်း ပေါက်ဈေး အတိုင်း ၀ယ်ပြီး ထိန်းထားတဲ့ဟာမျိုးတွေ ဖြစ်လာ မယ်ဆိုတော့ ဒါကတော့ ကောင်းတဲ့ အလားအလာပါပဲ။”

တောင်သူလယ်သမားအခွင့်အရေး ဥပဒေကို ပြီးခဲ့တဲ့ လွှတ်တော် မှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ပေမယ့် သမ္မတက သဘောထားမှတ်ချက် ၅ ခုနဲ့ လွှတ်တော်ကို ပြန်ပို့တဲ့အတွက် ခု လွှတ်တော်မှာ   ပြန်ဆွေးနွေးပြီး အခုလို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

တောင်သူ လယ်သမားအခွင့်အရေးဥပဒေကြမ်းအပြင် ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း၊ ဆက်သွယ်ရေး ဥပဒေကြမ်းတွေကိုလည်း သမ္မတက သဘောထား မှတ်ချက်တွေနဲ့  လွှတ်တော်ထံ ပြန်ပို့ထားတာ ဖြစ်ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ စပါးစိုက်ဧက ၁၃ သန်းရှိပြီး စပါးစိုက် လယ် သမားပေါင်း ၄ သန်းခွဲလောက် ရှိပါတယ်။

ရွှေအောင် (ဒီဗွီဘီ)
သမ္မတက ပေးပို့တဲ့ သဘောထား မှတ်ချက်တွေကို ပယ်ချပြီး   တောင်သူ လယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို  ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက် ပါတယ်။

အပစ်ရပ် လက်မှတ်ထိုးရန် မသေချာသေးဟု ကေအိုင်အေ ပြော

Photo: အပစ်ရပ် လက်မှတ်ထိုးရန် မသေချာသေးဟု ကေအိုင်အေ ပြော 
Thursday, October 3, 2013

 အောက်တိုဘာ ၈ ရက်ကနေ ၁၀ အထိ ကျင်းပဖို့ရှိတဲ့ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲမှာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးဖို့ မသေချာသေး ဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) က ပြောဆို လိုက်ပါတယ်။

ပြည်ထောင်စုအဆင့်အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက်  ကေအိုင်အေ  ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းအဖွဲ့နဲ့   အစိုးရ ပြည်ထောင် စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက လုပ်ငန်းအဖွဲ့တွေ  မြစ်ကြီးနားမှာ ဒီကနေ့ ဆွေးနွေးပွဲအပြီး ပြောဆို လိုက်တာပါ။

ကေအိုင်အေ လုပ်ငန်းကော်မတီအဖွဲ့ရဲ့   ပြောခွင့်ရသူ ဦးဒေါင်ခါးက “လက်မှတ်ထိုးနိုင်တဲ့အဆင့်ဆိုတာ ဒီလို ကျနော်ရှင်းရှင်းလင်း လင်းပြောချင်တယ်။ ကျနော်တို့က အစည်းအဝေးတိုင်းမှာ အမြဲတမ်း လက်မှတ်ထိုးတာတော့ရှိတယ်။ ဒါပေမယ့် အပစ်အခတ် ရပ်စဲရေး သဘာတူညီချက်ဆိုတဲ့ ပုံစံမျိုး မဟုတ်ဘူး။ ဒီတခေါက်လည်း အဲဒီအပိုင်းတော့ ဆွေးနွေးကောင်း ဆွေးနွေးမယ်။ လက်မှတ်ထိုးမယ်၊ မထိုးဘူးဆိုတဲ့ဟာက သဘောတရားက လုပ်နေကြဆိုရင် အစည်းအဝေး မှတ်တမ်းမှာ ကျနော်တို့ အမြဲလက်မှတ်ထိုးတယ်။ ဒါပေမယ့် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆိုတာမျိုးတော့ အစိုးရကလည်း ကြေညာထားပြီး သားပဲ။ ဒါက အားလုံးပါတဲ့ အခြေအနေ မှာမှ  လုပ်ကြမယ်။”

အောက်တိုဘာ ၂ ရက်နဲ့ ၃ ရက်နေ့က အစိုးရနဲ့အေအိုင်အေ လုပ်ငန်း အဖွဲ့တွေရဲ့  ၂ ရက်တာ ဆွေးနွေးပွဲမှာ ပြည်တွင်းကချင် အိုင်ဒီပီ ဒုက္ခသည် ကိစ္စနဲ့ ပတ်သက်ပြီး မူတခု ကျတဲ့အထိ ဆွေးနွေးဖို့၊ တပ်ပိုင်းဆိုရာ ကိစ္စတွေဆွေးနွေး ဖို့၊ နိုင်ငံရေးဆိုင်ရာ စတာတွေ  ဆွေးနွေး ညှိနှိုင်း ခဲ့ကြတာပါ။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့ ကြိုးစားနေမှုဟာ အစိုးရရဲ့ တိုင်းရင်း သားတွေ အပေါ်ထားတဲ့  သဘောထားပေါ်မူတည်ပြီး  ဖြစ်ပေါ် လာနိုင် တယ် လို့ ဦးဒေါင်ခါးက ပြောပါတယ်။

“အလုပ်အဖွဲ့အနေနဲ့ ကျနော်ပြောမယ်ဆိုရင် အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်) ဆိုတဲ့ဟာက နိုင်ငံတော်ရဲ့ လုပ်သွားရမယ့် လုပ်ငန်းစဉ်တွေဖြစ် တယ်။ ဆိုတော့ အနှေးနဲ့ အမြန်ဆိုဟာက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုနဲ့ အစိုးရကြား ဘယ်လောက်အထိ ယုံကြည်မှု တည်ဆောက်လို့ ရလဲ။ အကောင်အထည် ဖော်သွားမယ့် နိုင်ငံရေးလုပ်ငန်းစဉ်၊ ဖြေရှင်း သွားမယ့် လုပ်ငန်းစဉ်တွေ ဘယ်လောက်အထိ ပွင့်လင်းမြင်သာပြီးတော့ ရိုးသားမှုရှိလဲ။ နှစ်ဘက်ယုံကြည်မှု ဘယ်လောက်အတိုင်းအတာအထိ တည်ဆောက်လို့ရတယ်ဆိုတဲ့အပေါ်မှာ အခြေခံသွားမှာပါ။ အဓိကတော့ ကျနော်တို့ ဦးတည်ချက်ချင်းတူတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေအားလုံးကလည်း ငြိမ်းချမ်းရေးဦးတည်ချင်တယ်။ နိုင်ငံရေးအရ ဖြေရှင်းချင်တဲ့ သဘောထားတွေ အမြဲတမ်း ဖော်ပြလျက်ရှိ တယ်။ အစိုးရကော ဒီဘက်ကော ဖော်ပြနေတဲ့ အပိုင်းတွေ အများကြီးတွေ့ရပါတယ်။ အနှေးနဲ့ အမြန်တော့ ဖြစ်သွားမှာပါ။”

ဦးအောင်မင်းခေါင်းဆောင်တဲ့  အစိုးရကိုယ်စားလှယ်တွေနဲ့ ကေအိုင် အို ခေါင်းဆောင်တွေ တက်ရောက်မယ့်   ပြည်ထောင်စုအဆင့် ငြိမ်း ချမ်းရေးဆွေးနွေး ပွဲတွေကို  အောက်တိုဘာလ ၈ ရက်ကနေ ၁၀ အထိ မြစ်ကြီးနားမှာ ကျင်းပဖို့လည်း အခုအစည်းအဝေးမှာ အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။

ကေအိုင်အေဟာ  ၁၉၉၄ ခုနှစ်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခဲ့ပြီးနောက် အစိုးရက  ကေအိုင်အေကို နယ်ခြားစောင့်တပ် အသွင်ပြောင်း ဖို့ ဖိအားအပေးခဲ့တဲ့အတွက်  ၂၀၁၁ ခုနှစ် ဇွန်လမှာ တိုက် ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာပါ။

၂၀၁၃ မေလမှာတော့  ကေအိုင်အိုနဲ့ အစိုးရအကြား  ငြိမ်းချမ်းရေး ဆွေးေ နွး ပွဲပြုလုပ်ခဲ့ပြီး  နိုင်ငံရေးဆွေးနွေးမှုတွေ ဆက်လုပ်ဖို့၊  နှစ်ဖက်တပ်တွေ ပစ်ခတ်မှုတွေ လျှော့ချဖို့၊ တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းဖို့၊ နှစ်ဖက်ကိုယ်စားလှယ်တွေပါဝင်တဲ့ စောင်ကြပ်ကြည့်ရှု ရေးအဖွဲ့ဖွဲ့ဖို့၊  နေရပ်စွန့်ခွာ ရွှေ့ပြောင်းသူတွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ဖို့ စတဲ့ အချက် ၇ နှစ်ချက်ကို သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။

နော်နိုရင်း  (ဒီဗွီဘီ)
အောက်တိုဘာ ၈ ရက်ကနေ ၁၀ အထိ ကျင်းပဖို့ရှိတဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ အပစ်ခတ် ရပ်စဲရေးလက်မှတ်ထိုးဖို့ မသေချာသေး ဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)က ပြောဆို လိုက်ပါတယ်။

ကေအိုင်အိုနဲ့ အစိုးရ ငြိမ်းချမ်ရေးဆွေးနွေးပွဲ လူမျိုးစုတွေကိုပါ ဖိတ်မည်

Photo: ကေအိုင်အိုနဲ့ အစိုးရ ငြိမ်းချမ်ရေးဆွေးနွေးပွဲ လူမျိုးစုတွေကိုပါ ဖိတ်မည်
Thursday, October 3, 2013

လာမယ့် အောက်တိုဘာလ ၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရတို့ရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကချင်ပြည်နယ်က နိုင်ငံရေးပါတီတွေအပြင် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားဖို့ သဘောတူ လိုက်ကြပါတယ်။

ကချင်ပြည်နယ်က နိုင်ငံရေးပါတီ ၉ ပါတီက ကိုယ်စားလှယ်တွေနဲ့ ရဝမ်၊ လီဆူးစတဲ့ ကချင်မျိုးနွယ်စုတွေ အပါအဝင် ရှမ်းတိုင်းရင်းသား ကိုယ်စား လှယ်တွေ ကိုလည်း လေ့လာသူတွေအဖြစ် ဖိတ်ကြားမှာဖြစ်ကြောင်း ကေ အိုင်အို နည်းပညာအကြံပေးအလုပ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး ကပြောပါတယ်။

"ဒီလေ့လာသူတွေကိုဖိတ်ဖို့ ကျနော်တို့နှစ်ဖက် သဘောတူထားတယ်၊ လွန်ခဲ့တဲ့အချိန်မှာက ကျနော်တို့ပြည်သူတွေမပါဘူး၊ အရပ်ဖက် အဖွဲ့အစည်းတွေ မပါဘူး၊ နှစ်ဦးနှစ်ဖက်ပဲတွေ့ခဲ့တယ်၊ ပြဿနာက မရှင်းဘူး၊ ပြန်ဖြစ်တယ်၊ ပြီးရင်လူထုက ပြန်နစ်နာတယ်၊ နိုင်ငံတော် တစ်ခုလုံး နစ်နာတယ်၊ ကချင်ပြည်နယ်အတွင်းရှိ တရားဝင်နိုင်ငံရေးပါတီ ၉ ဖွဲ့ရှိတယ်၊ သူတို့ကိုဖိတ်မယ်၊ ကျနော်တို့လက်နက်ကိုင် မဟာမိတ် အဖွဲ့အစည်းတွေကို ဖိတ်မယ်"

အခုလ ၈ ရက်ကနေ ၁၀ ရက်နေ့အထိ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲမှာ နှစ်ဖက်တပ်ပိုင်းဆိုင်ရာကိစ္စတွေ၊ စစ်ဘေးဒုက္ခသည်ကိစ္စတွေကို အဓိက ထားဆွေးနွေးမယ်လို့ သိရပါတယ်။

RFA Burmese
လာမယ့် အောက်တိုဘာလ ၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရတို့ရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကချင်ပြည်နယ်က နိုင်ငံရေးပါတီတွေအပြင် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားဖို့ သဘောတူ လိုက်ကြပါတယ်။

ဆရာသင်ကြားမှု မကောင်းပါက လဲလှယ်ပေးရန် မိဘများ တောင်းဆိုခွင့် ရှိဟုဆို

Photo: ဆရာသင်ကြားမှု မကောင်းပါက လဲလှယ်ပေးရန် မိဘများ တောင်းဆိုခွင့် ရှိဟုဆို 
Thursday, October 3, 2013

အခြေခံပညာသင် ကျောင်းများတွင် ဆရာများ ကျောင်းသားများအပေါ် သင်ကြားမှု မကောင်းပါက ဆရာလဲလှယ်ပေးရန် ကျောင်းသား မိဘ များက တောင်းဆိုခွင့် ရှိကြာင်း ကျိုင်းတုံမြို့ ဝမ်လင်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင့်က The Voice သို့ ပြောကြားသည်။ “ဘယ် ဆရာကို မကြိုက်ဘူး။ အသင်အပြ မကောင်း လို့ လဲပေးပါလို့ ကျောင်းသားမိဘတွေ ပြန်ပြောပိုင်ခွင့် ရှိပြီ” ဟု ၎င်းက ဆိုသည်။

အဆိုပါ အကြောင်းအရာကို အောက်တိုဘာလ ၂ ရက်နေ့က ပြုလုပ်သော ပညာရေးဝန်ကြီးဌာနနှင့် UNICEF တို့ ပူးပေါင်း၍ အရည်အသွေးရှိ အခြေခံ ပညာ စီမံချက်အဖြစ် ကလေးပျော်ကျောင်းများ ဖြစ်လာစေရန် မိဘဆရာ အသင်းများ စွမ်းဆောင်ရည် မြင့်မားရေး လုပ်ငန်းဆွေး နွေးပွဲတွင် ယင်းကျောင်း အုပ်ကြီး က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကလေးတွေ ကို ဆရာကရိုက်နှက်နေရင် အဲဒီဆရာကို ကြောက်ပြီး ကလေးပျော်ကျောင်း ဖြစ်လာမှာ မဟုတ်တော့ဘူး” ဟုလည်း ၎င်းကထပ်လောင်းဆိုသည်။

ကျိုင်းတုံမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၆၀ မှ ကျောင်း အုပ်ကြီးများကို ကလေးပျော် ကျောင်းများ ဖြစ်လာစေရန် စွမ်းဆောင် ရည် မြင့်မားရေးအတွက် သင်တန်း ငါးရက်ကြာ ပို့ချထားပြီး ယင်းကျောင်း ၆၀ ကို နယ်မြေ ရှစ်အုပ်စုခွဲကာ မိဘဆရာ စွမ်းဆောင် ရည် မြင့်မားရေး လုပ်ငန်း ဆွေးနွေးပွဲများ ကျင်းပခြင်း ဖြစ်ကြောင်း ယင်းမြို့နယ် ပညာရေး မှူးရုံးမှ သိရသည်။

The Voice Weekly
အခြေခံပညာသင် ကျောင်းများတွင် ဆရာများ ကျောင်းသားများအပေါ် သင်ကြားမှု မကောင်းပါက ဆရာ လဲလှယ်ပေးရန် ကျောင်းသားမိဘများက တောင်းဆိုခွင့်ရှိကြာင်း ကျိုင်းတုံမြို့ ဝမ်လင်ကျေးရွာ အခြေခံ ပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင့်က The Voice သို့ ပြောကြားသည်။ “ဘယ် ဆရာကို မကြိုက်ဘူး။ အသင်အပြ မကောင်းလို့လဲပေးပါလို့ ကျောင်းသား မိဘတွေ ပြန်ပြောပိုင်ခွင့် ရှိပြီ” ဟု ၎င်းက ဆိုသည်။

စက်မှုကုန်ထုတ်သမဝါယမအသင်းလီမိတက်နှင့်ဂျီအီးစီပညာရေးသမဝါယမအသင်းစုချုပ်တို့မှ ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်လျက်ရှိ


သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် မရမ်းကုန်း မြို့နယ်ရှိ စိန်နဂါး ကြွေမြေဖန်ထည် စက်မှုကုန်ထုတ် သမဝါယမအသင်း လီမိတက်ရုံးခန်း၌ ရန်ကုန်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့တွင် မန္တလေး၌ သုံးလောင်းပြိုင် လူသတ်မှုဖြစ်

Photo: မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့တွင် မန္တလေး၌ သုံးလောင်းပြိုင် လူသတ်မှုဖြစ်
Thursday, October 3, 2013

(၄၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ဖြစ်သည့် အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်းခန့်က မန္တလေးမြို့ ချမ်းမြသာစည်မြိုနယ်၊ ၆၉ လမ်း၊ ရွှေနှင်းဆီလမ်းထောင့်ရှိ Rainbow Bridge Distrubution Co., Ltd. (Panasonic Battery) မန္တလေးရုံးခွဲတွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါကုမ္ပဏီ အရောင်း မန်နေ ဂျာ ဦးသက်နိုင်ထွန်းက ပြောကြားသည်။

သေဆုံးသူများမှာ အဆိုပါ ကုမ္ပဏီ၏ ညစောင့် ဝန်ထမ်းနှစ်ဦးနှင့် ယင်း ညစောင့် ဝန်ထမ်းတစ်ဦး၏ ဇနီး တို့ဖြစ်ပြီး လူသတ် တရားခံများသည် ကုမ္ပဏီ အပေါ်ထပ်ရှိကာ မီးခံသေတ္တာမှာ ဖွင့်မရသဖြင့် ငွေများမှာ မူ ပျောက်ဆုံးမှု မရှိခဲ့ကြောင်း ဦးသက်နိုင်ထွန်းက ထပ်မံပြောကြားသည်။

“သေသွားသူ နှစ်ယောက်က ညစောင့် အလုပ်သမားတွေပါ။ အမျိုးသမီးတစ်ယောက်က ညစောင့် တစ်ယောက်ရဲ့မိန်းမ၊ အလောင်းကိုတော့ မနက် ၆ နာရီ ၃၀ မိနစ်မှာ တွေ့တယ်။ သူတို့က ငွေထားတဲ့ အခန်း ကို ဦးတည်တာပါ။ ကုမ္ပဏီရဲ့အားနည်းချက်က CCTV တွေတပ်ထားတာ မရှိဘူး၊ ရုံးအပေါ်ထပ်ကို တက်တာ ဖိနပ်ခြေရာတွေတော့ တွေ့တယ်။ တွေ့ထားတဲ့ ဖိနပ်တစ်ရန်ကို ရဲတွေက စစ်ဆေးနေပါ တယ်။ သေဆုံးသူရဲ့ ဖိနပ်လား၊ ဒါမှမဟုတ် တရားခံရဲ့ ဖိနပ်လားဆိုတာ စစ်ဆေး နေတယ်” ဟု ၎င်းက ရှင်းပြ သည်။

သေဆုံးသူများထဲမှ ဦးဟန်သောင်း ၅၇ နှစ် အမရပူရမြို့နယ် နေသူသည် ဦးခေါင်းနောက်စေ့ ပေါက်ပြဲ ဒဏ်ရာ၊ ညာဘက်မျက်ခုံးထက် ပေါက်ပြဲ၊ ဦးတင်လှိုင် ၅၄ နှစ် အမရပူရမြို့နယ် နေသူသည် ဘယ်ဘက်မျက်ခုံးထက် ပြတ်ရှဒဏ်ရာ၊ မျက်လုံးဖူးရောင်နှင့် ဦးတင်လှိုင်၏ဇနီး ဒေါ်ကြည်ဟန် (ခ) ဒေါ်ခင်ခင်ဝေ (၄၂) နှစ်သည် မျက်နှာ ဘယ်ဘက်ဖူးရောင် ဒဏ်ရာ၊ ဘယ်ဘက် မျက်ခွံ ပြတ် ရှ ပေါက်ပြဲဒဏ်ရာ၊ ပါးစပ်နှင့် နှာခေါင်းသွေးထွက် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ချမ်းမြသာစည် မြို့နယ် အမှတ် (၁၁) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အောက်တိုဘာ ၁ ရက်နေ့က ဘဏ်ပိတ်ရက်ဆိုတော့ ရောင်းရငွေ ဘဏ်မအပ်ဘဲ ရုံးမှာ ထားရတာကို သိပြီး လာဖောက်တာ နေမှာပေါ့” ဟု မန္တလေးမြို့တော် အခြေစိုက် သကြားလုပ်ငန်းရှင်တစ်ဦးက ၎င်း၏ အမြင် ကို သုံးသပ်ပြောကြားသည်။

အဆိုပါကုမ္ပဏီမှာ နေ့စဉ် နံနက်တိုင်းတွင် နယ်မြို့များသို့ ခရီးသွားမည့် ဝန်ထမ်းများသည် နံနက် ၇ နာရီတွင် ကုမ္ပဏီသို့ အရောက်လာရကြောင်း၊ ပခုက္ကူသို့ အလုပ်ကိစ္စနှင့် ခရီးသွားရန် ကုမ္ပဏီသို့ ရောက်ရှိလာသည့် ဝန်ထမ်းတစ်ဦးက အဆိုပါ လူသုံးဦး သေဆုံးနေသည်ကို အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၆ နာရီခန့်က တွေ့ရခြင်း ဖြစ်ကြောင်း၊ ယင်းနေ့နံနက်တွင် ကုမ္ပဏီ ခြံဝင်းတံခါးမှာ ပွင့်နေပြီး ဂိတ်တံခါးဝတွင် လုံခြုံရေးတစ်ဦးနှင့် ကုမ္ပဏီရုံးခန်းရှေ့ ကားနှစ်စီးကြားတွင် အမျိုးသမီးတစ်ဦး တို့မှာ မှောက်လျက် သေဆုံးနေပြီး၊ ကျန်လုံခြုံရေး တစ်ဦးမှာ ကုမ္ပဏီခြံဝင်းအတွင်း သေ ဆုံးနေကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


“အခုချိန်မှာ ဘာလက်နက်နဲ့ သတ်တယ်ဆိုတာ မသိရသေးပါဘူး။ ဘေးပတ်ဝန်းကျင်မှာတော့ သွေး စွန်းနေ တဲ့ အုတ်ခဲကျိုးတွေတော့ တွေ့တယ်။ စစ်ဆေးနေတုန်းပဲ ရှိသေးပါတယ်” ဟု မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်၍ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) ရဲစခန်းမှ (ပ) ၄၉၈/ ၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း အမှတ် (၁၁) ရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးခရိုင်အတွင်းရှိ ပြည်ကြီး တံခွန်မြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ် အတွင်းတွင် လွန်ခဲ့သည့် တစ်လ ခွဲ ခန့်က ဖြစ်ပွားခဲ့သော နေ့ခင်းဘက် ပစ္စည်းယူ လူသတ်မှုများလည်း ယနေ့အချိန်အထိဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း အဆိုပါမြို့နယ်ရှိ သက်ဆိုင်ရာ ရဲစခန်း တာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မတ်လ ၃ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်း အမှတ် ၁၂၆ တွင် မိုးကုတ်မြို့ ကျောက်သူဌေး၏ သမီးအပါအဝင် မိသားစုဝင် လေး ဦးနှင့် အိမ်အကူတစ်ဦးကို နေ့ခင်းကြောင်တောင် ပြောင်ပြောင်တင်းတင်း သေနတ်များဖြင့် ပစ်သတ်ခဲ့မှု များ ဖြစ်ပွားခဲ့ပြီး ယင်းငါးလောင်းပြိုင် လူသတ်မှုမှာ ယနေ့ အချိန်ထိ တရားခံ မဖော်ထုတ်နိုင်သေးပေ။

The Voice Weekly
(၄၉) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ဖြစ်သည့် အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်းခန့်က မန္တလေးမြို့ ချမ်းမြသာစည်မြိုနယ်၊ ၆၉ လမ်း၊ ရွှေနှင်းဆီလမ်းထောင့်ရှိ Rainbow Bridge Distrubution Co., Ltd. (Panasonic Battery) မန္တလေးရုံးခွဲတွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါကုမ္ပဏီ အရောင်း မန်နေ ဂျာ ဦးသက်နိုင်ထွန်းက ပြောကြားသည်။

ဂျပန်ချေးငွေဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို မကြာမီ အဆင့်မြှင့်မည်

ဂျပန်ချေးငွေဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို မကြာမီ ပြင်ဆင်သွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ပြောကြားသည်။
ဂျပန်မှ အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် အမေရိကန်ဒေါ်လာ ငါးဘီလျံကို မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ငြိမ်းချမ်းရေး ကိစ္စများအတွက် စက်တင်ဘာလ အတွင်းက ပေးခဲ့ရာတွင်မူ ရထား ပို့ဆောင်ရေးကဏ္ဍမှ ရရှိမည်ဖြစ်သော ငွေများဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို ပြင် ဆင်ခြင်း ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

ကြာသပတေးနေ့ည ပွဲစဉ်များအတွက် အာရှပေါက်ဈေးများ


ကြာသပတေးနေ့ည ပွဲစဉ်များအတွက် အာရှပေါက်ဈေးများ
*************************************
ယူရိုပါလိဂ်
*******
အန်ဇီ - စပါး (၁ -၅၀)
ဘွတ်ကီအကြိုက် စပါး
ဂိုးပေါင်း ၂ -၁၀၀

ဆွမ်ဆီး (၁ -၅၀) - စိန့် ဂါလင်
ဘွတ်ကီအကြိုက် ဆွမ်ဆီး
ဂိုးပေါင်း ၃ +၅၀

ဝီဂန် (၁=) - မာရီဘော
ဘွတ်ကီအကြိုက် မာရီဘော
ဂိုးပေါင်း ၂ -၁၀၀

ကရက်စ်နိုဒေါ = ဗလင်စီယာ
ဘွတ်ကီအကြိုက် ကရက်စ်နိုဒေါ
ဂိုးပေါင်း ၂ -၁၀၀

လိုင်ယွန် (၁=) - ဗစ်တိုးရီးယား ဂိုင်မာရက်စ်
ဘွတ်ကီအကြိုက် ဗစ်တိုးရီးယား
ဂိုးပေါင်း ၂ -၁၀၀

ဆီဗီလာ (၁ -၁၀၀) - ဖရိုင်းဘတ်
ဘွတ်ကီအကြိုက ဖရိုင်းဘတ်
ဂိုးပေါင်း ၃ လုံးဒဲ့

ထရက်ဇွန်စပေါ = လာဇီယို
ဘွတ်ကီအကြိုက် ထရက်ဇွန်စပေါ
ဂိုးပေါင်း ၂ -၅၀

အေပိုးလ် - ဖရန့်ဖွတ် (= -၁၀၀)
ဘွတ်ကီအကြိုက် အေပိုးလ်
ဂိုးပေါင်း ၂ -၅၀

ဒနီပရို (= -၁၀၀) - ဖီအိုရင်တီးနား
ဘွတ်ကီအကြိုက် ဖီအိုရင်တီးနား
ဂိုးပေါင်း ၂ -၁၀၀

www.football-cafe.com
ယူရိုပါလိဂ်
*******
အန်ဇီ - စပါး (၁ -၅၀)
ဘွတ်ကီအကြိုက် စပါး
ဂိုးပေါင်း ၂ -၁၀၀

ကျားနှင့် အတူနေထိုင်သော ဘရာဇီးက မိသားစု

ဘရာဇီးနိုင်ငံမှ မိသားစု တစ်ခုဟာ ကျားကို အိမ်မွေးတိရစ္ဆာန် အဖြစ် ပြု စုစောင့်ရှောက်ထားပြီး ကမ္ဘာကို အံ့သြ စေခဲ့ပါတယ်။
အများအားဖြင့် ဆက်ကပ် နဲ့ မျက်လှည့်ပညာရှင်များက ကျား၊ ခြင်္သေ့တို့လို သတ္တဝါရိုင်းတို့နဲ့ အတူနေ ထိုင်တာ မဆန်းပေမယ့် သာမန် မိသားစု တစ်ခုရဲ့  နေထိုင်မှုကတော့ ဆန်းပြား ပါတယ်။ ၎င်းတို့ရဲ့  ပြောဆိုချက်အရ ယင်း ကားငယ်ကို ငယ်ငယ်လေးကတည်းက ဝယ်ယူမွေးမျြူထားပြီး အရွယ်ကြီးလာချိန် အထိ ထိန်းသိမ်းထားခြင်း ဖြစ်ပါတယ်။ လူနဲ့ အနေများလို့ ယဉ်ပါးနေပေ မယ့် ဒေသခံ ပြည်သူ များကတော့ ကြောက်လှန့်လျက် ရှိပါတယ်။ သူတို့ကတော့ ကျားသစ်နဲ့ ပျော်ပါးပြီး သားပေါက်စလေး အတွက် ကစားစရာ အဖော်တစ်ဦး တောင် ဖြစ်လို့နေပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခတွေ အဆုံးသတ်ရေး ပူးပေါင်းကြိုးပမ်းဖို့ သမ္မတတိုက်တွန်း

ရခိုင်ပြည်နယ်က ပဋိပက္ခတွေ အဆုံးသတ်ရေး ပူးပေါင်းကြိုးပမ်းဖို့ သမ္မတတိုက်တွန်း

ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ပဋိပက္ခတွေ ဆက်လက်မဖြစ်ပွားရအောင် ပြည်နယ်အစိုးရအနေနဲ့ ပြည်သူတွေနဲ့ ပူးတွဲပြီး ကြိုးပမ်းသွားဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ဒီနေ့မနက်ပိုင်းက အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန်က အခုလိုတိုက်တွန်း ပြောဆိုခဲ့တာပါ။

"လက်ရှိဖြစ်ပျက်သွားတဲ့ ပျက်စီးဆုံးရှုံးမှုတွေဟာ ပြန်ပြီးတော့ကောင်းမွန်လာအောင် ကျနော်တို့လုပ်နေရတဲ့အချိန်မှာ နောက်ထပ်မဖြစ်ဖို့ အရေးကြီးပါတယ်၊ ပြီးခဲ့တဲ့ ပဋိပက္ခတွေရဲ့  အဆုံးရှုံးတွေကိုသိပြီးသလို နောက်ထပ်အဆုံးအရှုံးတွေ ထပ်ပြီးတော့မဖြစ်အောင် ပဋိပက္ခတွေ ထပ်ပြီးတော့မဖြစ်အောင် ပြည်သူတွေနဲ့ပေါင်းပြီးတော့မှ အားသွန်ခွန်စိုက် ကျနော်တို့ဆောင်ရွက်ပေးသွားမှာပါ"

ဒီတွေ့ဆုံပွဲမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ပြန်လည်သင့်မြတ်အောင် ကြိုးပမ်းဖို့ ကြားခံအဖွဲ့အစည်းတစ်ခု ဖွဲ့ပေးဖို့လိုအပ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်  ဦးလှမောင်တင်က သမ္မတ ဦးသိန်းစိန်ထံ တင်ပြခဲ့တယ်လို့ သိရပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ဒီနေ့မနက် စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင် ခေါင်းဆောင်တွေနဲ့တွေ့ဆုံရာမှာ နှစ်ဖက်သင့်သင့်မြတ်မြတ်နေဖို့ တိုက်တွန်းခဲ့သလို မြောက်ဦး၊ ကျောက်တော်၊ မောင်တောမြို့တွေက ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင် နှစ်ဘက်ခေါင်းဆောင်တွေနဲ့ မနေ့က တွေ့ဆုံရာမှာလည်း  ငြိမ်းချမ်းစွာအတူ လက်တွဲနေထိုင်ကြဖို့ ပြောကြားခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ဒီနေ့နေ့လည်ပိုင်းမှာ ကျောက်ဖြူနဲ့ သံတွဲမြို့ကိုသွားရောက်ကာ နှစ်ဖက်ခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး သံတွဲမြို့မှာ ညအိပ်မယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ ဦးဝင်းမြိုင်က RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား ပဋိပက္ခတွေ ဆက်လက်မဖြစ် ပွားရအောင် ပြည်နယ်အစိုးရအနေနဲ့ ပြည်သူတွေနဲ့ ပူးတွဲပြီး ကြိုးပမ်းသွားဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ဒီနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ဒီနေ့မနက်ပိုင်းက အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိ သူတွေ၊ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန်က အခုလိုတိုက်တွန်း ပြောဆိုခဲ့တာပါ။

လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ

လုယက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ

ရန်ကုန်၊ အောက်တိုဘာ ၃

၃.၁၀.၂၀၁၃ရက်နေ့ ၀၁၃၀အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်နေ ဦးအောင်ဇော်ဦး သည် AA/----၊ အငှားယာဉ်အားမောင်းနှင်လာစဉ် သင်္ဃန်းကျွန်းမြို့နယ်၊
ဘီအိုစီမှတ်တိုင်း အနီးအရောက်၌ အမည်မသိအမျိုးသား (၄)ဦးမှ ယာဉ်အားတား၍ ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းသို့ ငွေကျပ်(၂၀၀၀)ဖြင့် ငှားရမ်း၍ ပို့ဆောင်ပေးခဲ့ရာ ဖိုးစိန်လမ်းသို့ရောက်ရှိစဉ် နတ်မောက်လမ်းသွယ် (၁)သို့ ထပ်မံပို့ပေးရန်ပြောသဖြင့် 
ပို့ပေးခဲ့ရာ နတ်မောက်လမ်းသွယ်(၁)သို့ ရောက်ရှိစဉ်
နောက်ခန်းတွင်ထိုင်နေသောအမျိုးသား (၁)ဦးမှ ချွန်ထက်သော
အရာဖြင့် လည်ပင်းအားထောက်၍ ကျန်တစ်ဦးမှ လက်သီးဖြင့်ထိုးပြီး
“ မအော်နဲ့သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ မီးပိတ်၍စက်ရပ်ခိုင်းခဲ့ကြောင်း” ကျန်အခြားတစ်ဦးမှ ကိုအောင်ဇော်ဦး၏အင်္ကျီအိတ်အတွင်းရှိ ငွေကျပ်(၂၀၀၀၀)ခန့်အား 
လုယူ၍ ယာဉ်ပေါ်မှဆင်းကာ ထွက်ပြေးသွားသဖြင့် အရေးယူပေးရန်
ဗဟန်းမြို့မရဲစခန်းသို့ ဦးအောင်ဇော်ဦးမှ လာရောက် တိုင်တန်းသဖြင့် (ပ)၃၈၆/၂၀၁၃၊ ပုဒ်မ ၃၉၂/၁၁၄ဖြင့် အမှုဖွင့်စုံစမ်း
ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဗဟန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးပြီး ပတ်ဝန်းကျင်အား
လိုက်လံစုံစမ်းခဲ့ရာ ၀၂၀၅အချိန်ခန့်တွင် ချက်ထရီယန်ဟိုတယ်ရှေ့
လမ်းမပေါ်၌ အငှားယာဉ်(၁)စီးအားတားနေသော မင်းသက်ငြိမ်း၊ (ဘ)ဦးလှဌေး၊ ကျောက်မြောင်း ရပ်ကွက်၊ တာမွေမြို့နယ်၊ မိုးထက်ဟိန်း၊ (ဘ)ဦးဇော်ဇော်၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ တာမွေမြို့နယ်၊ ဟိန်းထက်အောင်၊ (ဘ)ဦးစိန်ထွန်း၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ တာမွေမြို့နယ်နှင့် ကျော်ရဲအောင်၊ (ဘ)ဦးဖိုးသီး၊ ၀ါးခယ်မမြို့နယ် ၊ ဧရာဝတီတိုင်းဒေသကြီးနေသူတို့ (၄)ဦးအား မသင်္ကာတွေ့ရှိသဖြင့်  ဗဟန်းမြို့မရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ပါသည်။

၎င်းတို့အားစစ်ဆေးရာ ၎င်းတို့(၄)ဦးသည်
၎င်းနေ့နံနက်(၁)ကျော်အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဘီအိုစီမှတ်တိုင်အနီးမှ AA/----၊ အငှားယာဉ်အား ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းသို့ ငွေကျပ်(၂၀၀၀)ဖြင့်ငှားရမ်းခဲ့ပြီး ဖိုးစိန်လမ်းသို့
ရောက်ရှိစဉ် နတ်မောက်ရိပ်သာလမ်းဘက်သို့ ဆက်လက်ပို့ခိုင်းကာ နတ်မောက်ရိပ်သာလမ်းအရောက်တွင် ယာဉ်မောင်းနောက်၌
ထိုင်နေသော ကျော်ရဲအောင်မှ ယာဉ်မောင်းအား ပါးစပ်ပိတ်ကာ အော်ရင်သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီး ကားရပ်ခိုင်းခဲ့ကြောင်း၊ နောက်ခန်းတွင်ထိုင်နေသော မင်းသက်ငြိမ်းမှ ယာဉ်ပေါ်မှဆင်းသွားပြီး ယာဉ်မောင်းအား စကေဘာဖြင့်ထောက်ကာ လက်သီးဖြင့်ထိုးခဲ့ကြောင်း၊ ဟိန်းထက်အောင်မှ ယာဉ်မောင်းဘေးတွင်ချထားသော ပိုက်ဆံအိတ်အား ဖွင့်ကြည့်ရာ ပိုက်ဆံမပါ၍ပြန်ထားခဲ့ကြောင်း၊ ယာဉ်၏ရှေ့ခန်းတွင်ပါလာသည့် မိုးထက်ဟိန်းမှ ယာဉ်မောင်း၏အိတ်ကပ်အတွင်းရှိ ငွေကျပ် (၂၀၀၀၀)အားလုယူ၍ ယာဉ်ပေါ်မှဆင်းပြေးကြာင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူများထံမှ ပြစ်မှုကျူးလွန်ရာတွင် 
အသုံးပြုသည့် အရိုးအသွား (၉)လက်မခန့်ရှိ စကောဘာ(၁)ချောင်း၊ သံရိုးကိုင်းပါသံဖြတ်လွှ (၁)ချောင်း၊ သန့်ဇင်၊ စိုးမိုး၊ ဇေယျာထွန်း
အမည်များပါ ယာဉ်မောင်းလိုင်စင် (၃)ခု၊ ၀၉ ၄၂------၊ နံပါတ်ပါလက်ကိုင်ဖုန်း (၁)လုံး၊ သော့ (၃)ချောင်း၊
ရွှေရောင်နားကပ် (၁)ရံ၊ CITIZEN တံဆိပ်ပါရွှေအိုရောင်နာရီ (၁)လုံး၊ ငါးမျှားချိတ် (၁)ခု၊ အစိမ်းရောင်ကျောပိုးအိတ် (၁)လုံး၊ လုယူရရှိငွေကျပ် (၂၀၀၀၀)နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိသဖြင့် အဆိုပါပြစ်မှုကျူးလွန်သူများအား အခြားအမှုများနှင့် 
ဆက်လက်စစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။
၃.၁၀.၂၀၁၃ရက်နေ့ ၀၁၃၀အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၇)ရပ်ကွက်နေ ဦးအောင်ဇော်ဦး သည် AA/----၊ အငှားယာဉ်အားမောင်းနှင်လာစဉ် သင်္ဃန်းကျွန်းမြို့နယ်၊ ဘီအိုစီမှတ်တိုင်း အနီးအရောက်၌ အမည်မသိအမျိုးသား (၄)ဦးမှ ယာဉ်အားတား၍ ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းသို့ ငွေကျပ်(၂၀၀၀)ဖြင့် ငှားရမ်း၍ ပို့ဆောင်ပေးခဲ့ရာ ဖိုးစိန်လမ်းသို့ရောက်ရှိစဉ် နတ်မောက်လမ်းသွယ် (၁)သို့ ထပ်မံပို့ပေးရန်ပြောသဖြင့် ပို့ပေးခဲ့ရာ နတ်မောက်လမ်းသွယ် (၁)သို့ ရောက်ရှိစဉ် နောက်ခန်းတွင် ထိုင်နေသောအမျိုးသား (၁)ဦးမှ ချွန်ထက်သောအရာဖြင့် လည်ပင်းအားထောက်၍ ကျန်တစ်ဦးမှ လက်သီးဖြင့်ထိုးပြီး“ မအော်နဲ့သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ မီးပိတ်၍စက်ရပ်ခိုင်းခဲ့ကြောင်း” ကျန်အခြားတစ်ဦးမှ ကိုအောင်ဇော်ဦး၏အင်္ကျီအိတ်အတွင်းရှိ ငွေကျပ်(၂၀၀၀၀)ခန့်အား လုယူ၍ ယာဉ်ပေါ်မှဆင်းကာ ထွက်ပြေးသွားသဖြင့် အရေးယူပေးရန်ဗဟန်းမြို့မရဲစခန်းသို့ ဦးအောင်ဇော်ဦးမှ လာရောက် တိုင်တန်းသဖြင့် (ပ)၃၈၆/၂၀၁၃၊ ပုဒ်မ ၃၉၂/၁၁၄ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်လျက် ရှိပါသည်။

ဟန်းဆက်များကို ဝန်ထမ်းများအား လက်ငင်းဈေးအတိုင်း အရစ်ကျ (၄) ရစ်စနစ်ဖြင့် ရောင်းချမည်

နေပြည်တော် သပြေကုန်း ဈေးပွဲရုံတန်းအတွင်း ဖွင့်လှစ်ထားသည့် ရွှေမိုး Mobile နှင့် ALCATEL တို့ပူးပေါင်းပြီး ပြင်သစ်နိုင်ငံထုတ် အဆင့်မြင့် ဟန်းဆက်များကို နေပြည်တော်ဒေသရှိ ဝန်ထမ်းများအား လက်ငင်းဈေး အတိုင်း အရစ်ကျ (၄) ရစ်စနစ်ဖြင့် စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ရောင်းချမည့် ဟန်းဆက်အ မျိုးအစားများမှာ ALCATEL OneTouch အမှတ်တံဆိပ် စမတ်ဖုန်းမော်ဒယ်သုံးမျိုး ဖြစ်သည့် OT-918, OT-990 နှင့် OT-995 တို့ဖြစ်သည်။
အဆိုပါ ဟန်းဆက်များကို ၄ ရစ်ဖြင့် အရစ်ကျရောင်းချပေးမည်ဖြစ်ပြီး ဝန်ကြီး ဌာန အသီးသီးမှ နိုင်ငံ့ဝန်ထမ်းများ၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများမှ ဝန်ထမ်း များကို ပံ့ပိုးကူညီသည့်အနေဖြင့် ပုံမှန်ရောင်းဈေးအောက် (18 % to 27%) အထိဖြစ်သော လက်ငင်းဈေး အတိုင်း (၄) ကြိမ်သွင်း အရစ်ကျ စနစ်ဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေသော ကမ္ဘာငယ် (သို့မဟုတ်) ဆိုကိုထရာကျွန်း


အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ကျွန်းငယ်လေးပေါ်တွင် ကမ္ဘာပေါ်၌ ရှေးနှစ် သန်းပေါင်း များစွာက ရှင်သန်ပေါက်ရောက်ခဲ့သည့် အပင်မျိုးစိတ်များ တည်ရှိနေဆဲ ဖြစ်သည်။ အချို့သော အပင်များကို ကမ္ဘာပေါ်ရှိ အခြားမည်သည့် နေရာတွင်မျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ချေ။
ပျောက်ဆုံးနေသော ကမ္ဘာငယ် (သို့မဟုတ်) ဆိုကိုထရာကျွန်းမြင်ကွင်းက အချိန်ကာလ ယန္တရားဖြင့် အတိတ်ဆီသို့ နောက်ပြန်သွားသည့် စိတ်ကူးယဉ် သိပ္ပံဇာတ်ကား တစ်ခု၏ နောက်ခံမျိုးဖြစ်သည်။ သို့သော်လည်း ပျောက်ဆုံးနေသော ကမ္ဘာဟု တင်စားခံရမည့် ဆိုကိုထရာကျွန်းလေးသည် ကမ္ဘာပေါ်တွင် အမှန်တကယ် တည်ရှိနေဆဲ ဖြစ်သည်။ အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ကျွန်းငယ်လေးပေါ်တွင် ကမ္ဘာပေါ်၌ ရှေးနှစ်သန်းပေါင်း များစွာက ရှင်သန်ပေါက်ရောက်ခဲ့သည့် အပင်မျိုးစိတ်များ တည်ရှိနေဆဲ ဖြစ်သည်။ အချို့သော အပင်များကို ကမ္ဘာပေါ်ရှိ အခြားမည်သည့် နေရာတွင်မျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ချေ။ လူသူအရောက်အပေါက် အလွန်နည်းပြီး ဝေးလံသီခေါင်လှသည့် ဆိုကိုထရာ ကျွန်းငယ်လေးပေါ်တွင် ကမ္ဘာ့အရှားပါးဆုံး အပင်မျိုးစိတ် (၈၀၀)ကျော် သဘာဝအတိုင်း ပေါက်ရောက် ရှင်သန်လျှက်ရှိသည်။

မြစ်ဝကျွန်းပေါ်ဒေသများမှ အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားပါပြီ

မြစ်ဝကျွန်းပေါ်ဒေသများမှ အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားပါပြီ။
ပြန်ပြောဖို့တော့ တော်တော်ခက်တယ်။
Weather News Update
3-10-2013
11:15 am

3.10.2013 to 9.10.2013 ထိ၇ရက်ဟောစာတမ်း

တနင်္ဂနွေ

ပျော်ရွှင်စရာ သတင်းစကားကြားရမည်။ အဝေးမိတ်ဆွေထံမှ လက်ဆောင်ရမည်။ လက်ထပ်ခါနီး အချစ်ဟောင်းပြန်ဆုံမည်။ ချစ်သူ၏ အထင်လွဲ စွပ်စွဲခြင်းခံရမည်။ အလုပ်ရမည်။ ပြောင်းရွှေ့နေထိုင်ရမည်။ အစ်မ နှင့်ကြီးဒေါ် ကျန်းမာရေး ချူချာမည်။ ခြေချော်လက်ချော် ခိုက်မိတတ်၏။ ပစ္စည်း ၊ ငွေ ကြေးပျောက်မည်။ စက်ရွှေတို့ ၀င်မည်။ ခရီးဝေးယာယီတစ်ခု သွားရမည်။

အကျိုးပေးဂဏန်းမှာ - ၄၊ ၅၊ ၃။

ကမ္ဘာ့အကြီးဆုံး ထရပ်ကားကြီး 75710


ကုဒ်နံပါတ် 75710 အမည်နဲ့ ကမ္ဘာ့အကြီးဆုံး ထရပ်ကားကို ဥရောပ ဘီလာရုဇ်နိုင်ငံ အခြေဆိုက် Belaz ကုမ္မဏီက ထုတ်ဖောက်ပြသလိုက်ပြီ ဖြစ် ပါတယ်။

ပုံမှာ မြင်တွေ့နေရတဲ့ကားပါပဲ။ ၁၆ လုံး ပစ်စတင် ပူး ဆလင်ဒါ အင်ဂျင် ၂ စုံတပ်ဆင်ထားပြီး တာဘိုချာဂျာလည်း ၂ စုံပါရှိ ပါတယ်။ အင်ဂျင် တစ်လုံးစီက ထုတ်ပေးနိုင်တဲ့ မြင်းကောင်ရေ အား ကတော့ ၂၃၀၀ ကိုယ်စီ ဖြစ်ပြီး စုစုပေါင်း မြင်းကောင်ရေအား ထုတ်လုပ်နိုင်စွမ်းက ၄၆၀၀ hp ရှိသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Electromechanical Transmission စနစ် အသုံးပြုထားပြီး လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုလည်း ပါဝင် အုံးမှာပါ။ ထရပ်ကားရဲ့  သယ်ယူနိုင်တဲ့ တန်ချိန်ပေါင်းကတော့ Payload - ၄၉၆ တန် ဖြစ်ပါတယ်။

အစိုးရအဖွဲ့ အားနည်းချက် ထောက်ပြရန် တရားဥပဒေစိုးမိုးရေး ကော်မတီ ထံ သမ္မတ သဝဏ်လွှာပို့

အစိုးရတစ်ဖွဲ့လုံး၏ အားနည်းချက်များကို ကဏ္ဍစုံလင်စွာ ပိုမိုထိရောက်ပြည့် စုံအောင် ထောက်ပြ ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင် ရွက်နေသော ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို သဝဏ်လွှာပေးပို့ ထားကြောင်း အဆိုပါ ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

လူငယ်များ၏ အခက်အခဲများနှင့် ပတ်သက်ပြီး လူငယ်ဗဟိုပြု စစ်တမ်းကောက်ရန် စီစဉ်

တစ်နိုင်ငံလုံးရှိ လူငယ်များကြားတွင် ဖြစ်ပေါ်နေသော အခက်အခဲများကို သိရှိနိုင်စေရန်နှင့် ညှိနှိုင်း မှုများ ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးက လူငယ် ဗဟိုပြု စစ်တမ်းများ ကောက်ယူရန် စီစဉ်နေပြီး လာမည့် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင်ကောက်ယူ သွားမည်ဖြစ်သည်ဟု လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ပြောသည်။
အဆိုပါစစ်တမ်းကို ငြိမ်းချမ်းရေးရရှိပြီးသော နယ်စပ်ဒေသများတွင် အဓိကထား ကောက်ယူ သွားမည်ဖြစ်သည်ဟု လည်း လူငယ်များ အစည်းအရုံးမှ သိရသည်။

သံတွဲမြို့ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်(၁၆/၂ဝ၁၃)
၂ဝ၁၃ ခုနှစ် အောက်တိုဘာလ  ၂ ရက်
၁၃၇၅ ခု တော်သလင်းလပြည့်ကျော် ၁၃ ရက်
သံတွဲမြို့ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

ဆန္ဒပြရာတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ သုံးပါက အရေးယူမည့်ပုဒ်မ ဥပဒေကြမ်းတွင် ထည့်သွင်း


၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် အမျိုးသားခေါင်းဆောင် (ဗိုလ်ချုပ်အောင်ဆန်း) ပုံကို ဆန္ဒပြရာတွင် သုံးပါက အရေးယူမည့်ပုဒ်မ အပါအဝင် ပုဒ်မ ၁၀ ခုပါ ဥပဒေကြမ်းကို အောက်တိုဘာလ ၂ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်သည်။
ပြီးခဲ့သည့်သတ္တမအကြိမ် လွှတ်တော် အစည်းအဝေးတွင် ရွှေပြည်သာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

သံတွဲ ပဋိပက္ခဖြစ်စဉ်ကြောင့် ခြောက်ဦးသေဆုံးကာ ဒဏ်ရာရရှိသူလေးဦး ဆေးရုံတွင် ကုသနေ

w1-2-5

ဖြစ်စဉ်အတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မြင်ကွင်း
စက်တင်ဘာ စတုတ္ထပတ်မှ စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် သံတွဲမြို့ ပဋိပက္ခ ဖြစ်စဉ်အတွင်း အောက်တိုဘာ ၂ ရက် ညနေပိုင်းအထိ သေဆုံးသူ ခြောက်ဦးအထိရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂ ရက် ညနေပိုင်းက ပြောကြားသည်။
ထို့ပြင် ပဋိပက္ခဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ လေးဦးအထိ ရှိနေပြီး ဆေးရုံတွင် တက်ရောက်ကုသနေရကြောင်း သိရသည်။

မန္တလေးမြို့ ၊ ဗိုလ်ချုပ်ရွာ (၆၉) လမ်းနှင့် ရွှေနှင်းဆီလမ်းထောင့်ရှိ ဂိုဒေါင်တွင် လုံခြုံရေးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သတ်ပြီး ဖောက်ထွင်းမှုဖြစ်ပွား

Photo: မန္တလေးမြို့ ၊ ဗိုလ်ချုပ်ရွာ (၆၉) လမ်းနှင့် ရွှေနှင်းဆီလမ်းထောင့်ရှိ ဂိုဒေါင်တွင် လုံခြုံရေးနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သတ်ပြီး ဖောက်ထွင်းမှုဖြစ်ပွား
Thursday, October 3, 2013

အောက်တိုဘာ ၁ ရက်ညပိုင်းက မန္တလေးမြို့၊ ဗိုလ်ချုပ်ရွာ (၆၉) လမ်းနှင့် ရွှေနှင်းဆီ လမ်းထောင့်ရှိ Panasonic ဘက်ထရီဂိုဒေါင်တွင် လုံခြုံရေးအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သတ်ပြီး ရုံးခန်းတွင်းရှိ မီးခံသေတ္တာကို ဖောက်ထွင်းခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၁ ရက် ညဥ့်နက်ပိုင်းက အဆိုပါဂိုဒေါင်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော PSS လုံခြုံရေးကုမ္ပဏီမှ အသက် (၆၀)နှစ်အရွယ် အမျိုးသားနှစ်ဦးဖြစ်သော ဦးတင်လှိုင်၊ ဦးဟန်သောင်းနှင့် ဦးတင်လှိုင်၏ ဇနီးဖြစ်သော အသက်(၃၀)နှစ်ဝန်းကျင် ဒေါ်ကြည်ကြည်ဟန်တို့ကို အုတ်ခဲဖြင့် ထုရိုက်ခြင်း၊ ပါးစပ်ကို အ၀တ်ဖြင့် ပိတ်ခြင်းတို့ကို ပြုလုပ်ခံခဲ့ရပြီး ဦးခေါင်း၊ နောက်စေ့ပေါက်ပြဲဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာ၊ ပါးစပ်နှင့် နှာခေါင်းတွင် သွေးထွက်ဒဏ်ရာ၊ မျက်ခုံးပြတ်ရှဒဏ်ရာ၊ မျက်လုံးဖူးရောင် ဒဏ်ရာများဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် ဂိုဒေါင်နံဘေးရှိ ကုမ္ပဏီ ရုံးခန်း အပေါ်ထပ်၊ ငွေခန်းတွင်ရှိသော မီးခံသေတ္တာကိုလည်း ဖောက်ထွင်းရန် ကြိုးစားခဲ့ကြောင်း ရဲမှတ်တမ်းများနှင့် ကုမ္ပဏီတာဝန်ရှိသူတို့၏ ပြောကြားချက် များ အရ သိရသည်။

''ရုံးဝန်ထမ်းတွေက ညနေ ၅ နာရီ ခွဲလောက်ဆို ပြန်ကြတယ်လေ။ မနက်ဆို ၉ နာရီ ရုံးတက်ရတယ်။ ဒီနေ့မနက်ကတော့ ခရီးသွားစရာရှိတဲ့ ၀န်ထမ်းတွေက မနက် ၇ နာရီလောက် ရောက်လာတယ်။ ရောက်ရောက်ချင်း ခြံတံခါးက ပွင့်နေတာ တွေ့ရတယ်။ ပြီးတော့ ထုရိုက်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဦးတင်လှိုင်ကို ရုံးခန်းရှေ့ ကားကြားထဲမှာ မှောက်ခုံကြီးတွေ့ရတယ်။ သူ့မိန်းမ မကြည်ကြည်ဟန်ကိုလည်း မနီးမဝေးမှာ ထုရိုက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရတယ်။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူကြီးတွေကို အသိပေး အကြောင်းကြားအပြီး ဂိုဒေါင်ရှေ့မှာ ခြင်ထောင်နဲ့ အိပ်နေတဲ့ ဦးဟန်သောင်းကို ပါးစပ်မှာ အ၀တ်တွေ ပိတ်လျက်သားနဲ့ ထုရိုက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာ ကိုထပ်တွေ့တယ်။ နောက်ပြီး ရုံးခန်းအပေါ်ထပ် ငွေခန်းထဲက မီးခံသေတ္တာကို နံပါတ်တွေလှည့်ပြီး ဖွင့်ဖို့ကြိုးစားထားတာလည်း တွေ့ရတယ်။ ဒါပေမဲ့ လောလောဆယ် စစ်ဆေးချက်တွေအရတော့ ငွေကြေး၊ ပစ္စည်းဆုံးရှုံးမှု မတွေ့ရဘူး။ ရဲတပ်ဖွဲ့ဝင်တွေကတော့ ဖြစ်စဉ်ဖြစ်တဲ့ အချိန်ကို ည ၁ နာရီလောက်လို့ ခန့်မှန်းကြတယ်။ ဒါပေမဲ့ အနီးပတ်ဝန်းကျင်က လုံခြုံရေးတွေ အပြောအရတော့ ည ၁၁ နာရီကျော်လောက်မှာ လူအော်သံတွေ၊ ခွေးဟောင်သံတွေ ကြားရတယ်လို့ ပြောတယ်။ ဒါလောက်ပဲ ပြောလို့ရမယ်။ ဂိုဒေါင် အနီးတစ်ဝိုက်ကလည်း လူနေအိမ်ခြေနည်းတာရယ်၊ လုံခြုံရေးကင်မရာ တပ်မထားရသေးတာရယ်ကြောင့် ကျွန်တော်တို့လည်း ဒီလောက်ပဲသိတယ်''ဟု အဆိုပါကုမ္ပဏီမှ မန်နေဂျာ ဦးသက်နိုင်ထွန်းက အောက်တိုဘာ ၂ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က The Daily Eleven သို့ ပြောကြားသည်။

အဆိုပါသုံးလောင်းပြိုင်လူသတ်မှုနှင့် ဖောက်ထွင်းမှုကို အမှတ် ၁၁ ရဲစခန်းမှ ဒုရဲအုပ် ဆန်းညွန့်လှိုင်က တရားလိုအဖြစ်(ပ) ၄၉၈/၂၀၁၃/ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။''ဒီအမှုကို ချမ်းမြသာစည် မြို့နယ်အပိုင် နယ်မြေခံရဲစခန်းအပြင် စီအိုင်ဒီကလည်း လာရောက် စစ်ဆေးသွားပါပြီ။ ပူးပေါင်းကိုင်တွယ်ပြီး ကျူးလွန်သူတွေကို ဖမ်းမိအောင် ကြိုးစားသွားမှာပါ။ လူသုံးဦးကို ထုရိုက်ဒဏ်ရာတွေနဲ့ သေဆုံးအောင် သတ်တာဟာ အဖွဲ့လိုက် လုပ်ဆောင်တာဖြစ်တယ်လို့ ယူဆရပါတယ်''ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက မှုခင်းဖြစ်စဉ်အပေါ် သုံးသပ်ပြောကြားခဲ့သည်။

Eleven Media Group
အခင်းဖြစ်ပွားခဲ့သော Panasonic ဂိုထောင်အား တွေ့ရစဉ်
အခင်းဖြစ်ပွားခဲ့သော Panasonic ဂိုထောင်အား တွေ့ရစဉ်




အောက်တိုဘာ ၁ ရက်ညပိုင်းက မန္တလေးမြို့၊ ဗိုလ်ချုပ်ရွာ (၆၉) လမ်းနှင့် ရွှေနှင်းဆီ လမ်းထောင့်ရှိ Panasonic ဘက်ထရီဂိုဒေါင်တွင် လုံခြုံရေးအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို သတ်ပြီး ရုံးခန်းတွင်းရှိ မီးခံသေတ္တာကို ဖောက်ထွင်းခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

အင်တာနက်အသုံးပြုသူ မိဘပြည်သူများသို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အသိပေးတင်ပြ


ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် အင်တာနက် အသုံး ပြုသူ မိဘပြည်သူ များ၏ အင်တာနက်ချိတ်ဆက်အသုံးပြုမှု မြန်ဆန်တည်ငြိမ်မှု ရရှိစေရေး အတွက် ဆက်သွယ်မှုကွန်ရက် တိုးတက်ရေးစီမံကိန်းကို ဆောင်ရွက်လျက် ရှိသည်။
အဆိုပါ စီမံကိန်းအရ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ISP နှင့် National Gateway များ အဆင့်မြှင့် တင်ခြင်းနှင့် အသစ်တပ် ဆင်ခြင်း လုပ်ငန်းများကို သတင်းအချက်အလက်နှင့်နည်းပညာဌာနနှင့် NTT Communications တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့တွင် လက်ရှိ ISP Network နှင့်ချိတ်ဆက်ထား သော POP များအား အသစ် တပ်ဆင်ပြီးဖြစ်သော ISP Network အသစ်ပေါ်သို့ အောက်ဖော်ပြပါ အချိန်များတွင် ပြောင်းရွှေ့ချိတ်ဆက်ခြင်းလုပ်ငန်းများအား ဆောင်ရွက် သွား မည်ဖြစ်ပါကြောင်း နှင့် အဆိုပါအချိန်များတွင် ပြောင်းရွှေ့ ချိတ်ဆက်မည့် POP ဧရိယာအတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာနက် အသုံး ပြုနိုင်မှုများ ခေတ္တ ပြတ်တောက် မည်ဖြစ်ပါကြောင်း အသိပေးတင်ပြ အပ်ပါ သည်။

နတ်မော်ကယ် ကျောက်မီးသွေးစက်ရုံကို ကန့် ကွက်သည့် ပန်ကြားလွှာ အောက်တိုဘာလဆန်းတွင် သမ္မတထံ ပို့ မည်

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဝမြို့ နတ်မော်ကယ်ကျေးရွာအနီးတွင် ကျောက်မီးသွေးဓါတ်အားပေး စက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ဒေသခံများက ကန့်ကွက်သည့် ပြည်သူ့ပန့်ကြားလွှာ ကို အောက်တိုဘာလဆန်းတွင် သမ္မတထံ ပေးပို့မည်ဖြစ်သည်ဟု ကလေးဒေသခံ ကျူရှင်ဆရာ တစ်ဦးဖြစ်သူ ဦးမြင့်သိန်းက အောက်တိုဘာ ၁ ရက်တွင် မဇ်္ဈိမသို့ ပြောသည်။
ယင်းသို့ ကန့်ကွက်သည့် ပန်ကြားလွှာ ပေးပို့နိုင်ရန် စက်တင်ဘာ ၂၉ ရက်က ကလေးဝမြို့၊ မထုကျေးရွာ ဘုန်းကြီးကျောင်းတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီး ယင်းအစည်းအဝေးသို့ အထက်ချင်းတွင်း လူငယ်ကွန်ရက်များ၊ သံဃာတော်များ ဦးဆောင်က လူ ၄၀၀ ခန့် တက်ရောက်ခဲ့ သည်ဟုလည်း ဦးမြင့်သိန်းကပြောသည်။

လက်ပံတောင်း သိမ်းဆည်းမြေ လျော်ကြေးထုတ်ဖို့ သတ်မှတ်ရက်တိုးပြီ


လက်ပံတောင်းတောင် ဒေသက သိမ်းဆည်းထားတဲ့ မြေယာလျော်ကြေးတွေ ကို စက်တင်ဘာလ ၃၀ နောက်ဆုံးထား ထုတ်ယူဖို့ သက်ဆိုင်ရာက ကြေညာ ခဲ့ပေမယ့် သတ်မှတ် ရက်ထက် နောက်ဆုတ်ပေးမှာဖြစ်ပြီး စီမံကိန်းနဲ့ လွတ်ကင်းတဲ့ နေရာတွေမှာ တစ်နှစ်တစ်ရာသီစာ စိုက်ပျိုးခွင့် ပေးမယ်လို့ လက်ပံတောင်းတောင် ဒေသခံတွေက ပြောပါတယ်။
အစပိုင်းမှာတော့ လျော်ကြေးငွေကို သတ်မှတ်ချိန်အထိ မထုတ်ယူရင် အဲဒီငွေတွေကို ဒေသဖွံ့ဖြိုးရေး အတွက် အသုံးပြုမယ်လို့ ပြောခဲ့ပြီးနောက် ခုအခါမှာ သတ် မှတ် ရက် ကို နောက် ဆုတ် ပေး လိုက်တယ်လို့ သိရပေမယ့် ဘယ်အချိန်ထိ နောက်ဆုံး ပေးတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

မြန်မာ့တပ်မတော်ကို ဗြိတိန်က သင်တန်းပေးမယ်


မြန်မာ့တပ်မတော်ကို ဗြိတိန်က နိုင်ငံက သင်တန်းတွေ ပေးတော့မှာဖြစ်ပါတယ်။ မြန်မာစစ်တပ်အရာရှိကြီး ၃၀ ကို တရားဥပဒေ စိုးမိုးမှုမှာ တပ်မတော်က ဘယ်လို နေရာက ရှိရမယ်ဆိုတဲ့ သင်တန်းဖြစ်တယ်လို့ ဗြိတိန်ရဲ့ သင်တန်းကျောင်း အကြီးအကဲက ပြောပါတယ်။

တစ်ထောင့်ငါးရာတန် ဖုန်းတွေအတွက် အင်တာနက်Setting ထည့်သွင်းနည်း လေးပါ


အရင်ဆုံး မိမိဖုန်းရဲ့ Setting >More>Mobile Network>Access Point Names နေရာ မှာဖြည့်သွင်းပေး ရမှာပါ

Menu Key ( မျဉ်းကြေင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ

ပြီးလျှင်အောက်ပါအတိုင်း ဖြည့်သွင်းပေးကြရအောင်ဗျာ

အထပ်မြင့် ယာဉ်ရပ်နားစခန်း တည်ဆောက်ရန် နေရာ ပဏာမ ရွေးချယ် ပြီးစီး



ရန်ကုန်တိုင်း ဒေသကြီး ၊ ရန်ကုန်မြို့ အတွင်း အထပ်မြင့် ယာဉ်ရပ်နား စခန်း တည်ဆောက်မှု နှင့် ပတ်သက်၍ ဗိုလ်ချုပ်လမ်း နှင့် ကမ်းနားလမ်း တို့အား ပဏာမ ရွေးချယ် ထားသော်လည်း ဘတ်ဂျက် နှင့် မြေနေရာ အနေအထား ပေါ်မူတည်၍ ရွေးချယ်မည် ဖြစ်သည်ဟု ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။

နိုင်ငံတော် သမ္မတ သံတွဲသို့ ရောက်ရှိ၊ ဗိုလ်ချုပ်ကြီးလှမင်း မီးရှို့ခံ ကျေးရွာများကို သွားရောက် ကြည့်ရှု့


အောက်တိုဘာလ ၁ ရက်နေ့က ရခိုင်သို့ ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ကျောက်ဖြူမြို့မှ တဆင့် ပဋိပက္ခများ ဖြစ်ပွားနေရာ သံတွဲမြို့သို့ ရောက်ရှိလာ သည်ဟု သတင်း ရရှိသည်။
သံတွဲမြို့တွင် သမ္မတ ဦးသိန်းစိန်နှင့် အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးဌေးအောင်၊ ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည့်၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီင်္း လှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းတို့ လိုက်ပါလာပြီး သံတွဲတွင် ညအိပ်ရပ်နားမည်ဟု သိရသည်။

နေ့စဉ်မိုးလေ၀သသတင်း

(၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ(၃)ရက်နေ့ နံနက် (၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အခြအနေ။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်တိမ်အသင့်

ပရီးမီးယားလိဂ် ရာသီအစ ရှုံးပွဲ မရှိစံချိန် အဲဗာတန် ဆက်လက်ထိန်းသိမ်း

အဲဗာတန် အသင်းသည် စက်တင်ဘာ ၃၀ ရက်က ကစားခဲ့သည့် အိမ်ကွင်း ပွဲစဉ်တွင် နယူး ကာဆယ် အသင်းကို ၃ဂိုး-၂ဂိုးဖြင့် အနိုင် ရရှိကာ ပရီးမီးယားလိဂ် ရာသီအစ ရှုံးပွဲမရှိ စံချိန် ကို ဆက်လက် ထိန်းသိမ်း ထားနိုင်ခဲ့ကြောင်း သိရသည်။
၎င်းပွဲစဉ်အပြီးတွင် အဲဗာတန် အသင်းသည် အမှတ်ပေးဇယား စတုတ္ထ နေရာသို့ တက်လှမ်း နိုင်ခဲ့သည်။

စက်တင်ဘာအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၁၀) ကြိမ်ပြုလုပ်ခဲ့ကာ သဘောတူညီချက် တစ်ခုမျှမရရှိဘဲ တိုင်းရင်းသားဒေသများ၌ တိုက်ပွဲဖြစ်ပွားမှု (၁၅) ကြိမ်ရှိခဲ့

၂၀၁၃ ခုနှစ် စက်တင်ဘာအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (၁၀) ကြိမ် ပြုလုပ်ခဲ့ကာ သဘောတူညီချက် တစ်ခုမျှမရရှိခဲ့ဘဲ တိုင်းရင်း သားဒေသများ၌ တိုက်ပွဲဖြစ်ပွားမှု (၁၅)ကြိမ်ရှိခဲ့ကြောင်း မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်နေသော Myanmar Peace Monitor ၏ ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲဖြစ်ပွားမှုများမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TN LA) ဒေသ၌ အကြိမ်ရေ အများဆုံးဖြစ်ခဲ့ပြီး ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) အစရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မလေးရှားရောက် မြန်မာနိုင်ငံသားများအား လူမျိုးဘာသာမခွဲခြားဘဲ ကာကွယ်စောင့်ရှောက်ပေးရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြော ကြား

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို လူမျိုးဘာသာမခွဲခြားဘဲ အကာအကွယ်ပေးရန် စောင့်ရှော က်ရန်လိုအပ်ကြောင်းနှင့် နိုင်ငံသားများ၏လိုအပ်ချက်ကို ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မလေးရှားနိုင်ငံသို့ ရောက်ရှိစဉ် ပြော ကြားခဲ့ကြောင်း အောက်တိုဘာ ၂ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြားသတင်း ဖော်ပြချက်အရ သိရ သည်။