Friday, August 2, 2013

နျူဓာတ်ပေါင်းဖိုတည်ဆောက်ရေး ထိုင်ဝမ်လွှတ်တော်တွင် နပမ်းလုံး ဆွေးနွေး

Photo: နျူဓာတ်ပေါင်းဖိုတည်ဆောက်ရေး ထိုင်ဝမ်လွှတ်တော်တွင် နပမ်းလုံး ဆွေးနွေး
Friday, Augest 02, 2013

သောကြာနေ့က ဖြစ်စဉ်တွင် လွှတ်တော် အမတ်များသည် တစ်ဦးနှင့်တစ်ဦး ဖက်လှဲ၍ နပမ်းလုံးကြသလို ရေများနှင့်ပက်ကြ၊ ရေဘူးများနှင့် ကောက်ပေါက်ကြဖြင့် စည်စည်ကားကား ဖြစ်သွားခဲ့သည်။ 

ထိုင်ဝမ်နိုင်ငံတွင် နျူကလီးယား ဓာတ်ပေါင်းဖိုသစ် တည်ဆောက်ရေး ဆွေးနွေးမှုနှင့် ပတ်သက်ပြီး အဆိုပြုသူနှင့် အတိုက်အခံ အမတ်များ အုတ်အော်သောင်းနင်း ရန်ပွဲဆင်နွှဲခဲ့ကြောင်း သိရှိရသည်။ သောကြာနေ့က ဖြစ်စဉ်တွင် လွှတ်တော် အမတ်များသည် တစ်ဦးနှင့်တစ်ဦး ဖက်လှဲ၍ နပမ်းလုံးကြသလို ရေများနှင့်ပက်ကြ၊ ရေဘူးများနှင့် ကောက်ပေါက်ကြဖြင့် စည်စည်ကားကား ဖြစ်သွားခဲ့သည်။ လူဦးရေ သိပ်သည်းဆ မြင့်မားလွန်းသော ကျွန်းနိုင်ငံလေးတွင် စွမ်းအင်ပြဿနာအတွက် နျူကလီးယား ဓာတ်ပေါင်းဖို ကိစ္စသည် ယခင်ကတည်းက အငြင်းပွားစရာ ဖြစ်နေခဲ့သည်။

လူဦးရေ (၂၃)သန်းကျော် နေထိုင်သော ထိုင်ဝမ်တွင် (၄)ခုမြောက် ဓာတ်ပေါင်းဖိုကို တည်ဆောက်ရန် သမ္မတ မာယင်ဂျူ၏ အာဏာရ အမျိုးသားရေးပါတီက ဆန္ဒရှိနေသည်။ သို့သော်လည်း ဂျပန်နိုင်ငံတွင် (၂၀၁၁)ခုနှစ်က ဖြစ်ပွားသော ငလျင်ကြီးကြောင့် ဖူကူရှီးမားမှ ဓာတ်ပေါင်းဖို ယိုစိမ့်မှု ပြဿနာနောက်ပိုင်း နျူကလီးယား စွမ်းအင်အပေါ် စိုးရိမ်မှု မြင့်မားလာသည့် အတိုက်အခံ ဒီမိုကရက်တစ် ဖြစ်ထွန်းရေး ပါတီကလည်း ယင်းကို ကန့်ကွက်သည်။

သောကြာနေ့က ဥပဒေပြု ဆွေးနွေးခန်းမတွင် တရုတ်အမျိုးသား ခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်၏ ပုံတူ ပန်းချီကားချပ်ရှေ့ မတ်တပ်ရပ်နေသော ဒီမိုကရက်တစ် ဖြစ်ထွန်းရေး ပါတီဝင်များက စာတန်းများ ကိုင်ဆောင်ကာ နျူကလီးယား ဓာတ်ပေါင်းဖို ကိစ္စကို ဆန့်ကျင်ကြသည်။ အမျိုးသားရေး ပါတီ၏ ကိုယ်စားလှယ်များကလည်း ယင်းကို တုံ့ပြန် ဝေဖန်ကြရာမှ ရန်ပွဲပေါ်ပေါက်လာခြင်းဟု သိရသည်။ ပြည်တွင်း ရုပ်မြင်သံကြား ဌာနအချို့က ထိုးကြကြိတ်ကြ ပြေးကြလွှားကြနှင့် ဆူဆူညံညံ ဖြစ်နေသော ဥပဒေပြု ဆွေးနွေးခန်းမ မြင်ကွင်းကို ပြသခဲ့သည်။

ထိုင်ဝမ်တွင် စတုတ္ထမြောက် ဓာတ်ပေါင်းဖိုကို (၁၉၉၇)ခုနှစ်က စတင် တည်ဆောက်ခဲ့သော်လည်း ဒီမိုကရက်တစ် ဖြစ်ထွန်းရေးပါတီ အာဏာရလာသည့်နောက် (၂၀၀၀)ပြည့်နှစ်မှ (၂၀၀၈)ခုနှစ်အတွင်း လုပ်ငန်းခွင် ရပ်ဆိုင်းထားစေခဲ့သည်။ ယခုအခါ ယင်းတားမြစ်ချက်ကို ပြန်လည် ပယ်ဖျက်ရန် အာဏာရ ပါတီက ကြိုးပမ်းလာပြီး အဆိုပါ အားထုတ်မှု အောင်မြင်ပါက (၂၀၁၆)ခုနှစ်တွင် ဓာတ်ပေါင်းဖို စွမ်းအင်ပြည့် စတင်လည်ပတ်နိုင်မည် ဖြစ်သည်။

အခြေအတင် ဆွေးနွေးမှု ကာလရှည်ကြာ ဖြစ်နေခဲ့ပြီးနောက် သောကြာနေ့ကမူ ကိုယ်ထိလက်ရောက်ပါ တိုက်ခိုက်လာကြခြင်း ဖြစ်သည်။ ရုပ်မြင်သံကြား ဌာနများက စုပြုံတွန်းထိုးနေသည့် လူအုပ်ကြီး တစ်စု၏ ပုံများနှင့် ကြမ်းပြင်ပေါ်တွင် အကြိတ်အနယ် နပမ်းသတ်နေသူ နှစ်ဦးတို့၏ ပုံများအပါအဝင် အဆိုပါ ရန်ပွဲကို ပြည်သူများ တွေ့ရှိခွင့်ရရန် ဝေဝေဆာဆာ တင်ဆက်ခဲ့သည်။ ထိုင်ဝမ်သည် တစ်ပါတီ စစ်အုပ်ချုပ်ရေး စနစ်ကို (၁၉၈၇)ခုနှစ်တွင် စတင်ပြောင်းလဲခဲ့ပြီး ယနေ့ အာရှတိုက်တွင် ဒီမိုကရေစီစနစ် အပီပြင်ဆုံး နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

Planet.com.mm
သောကြာနေ့က ဖြစ်စဉ်တွင် လွှတ်တော် အမတ်များသည် တစ်ဦးနှင့်တစ်ဦး ဖက်လှဲ၍ နပမ်း လုံးကြ သလို ရေများနှင့်ပက်ကြ၊ ရေဘူးများနှင့် ကောက်ပေါက်ကြဖြင့် စည်စည်ကားကား ဖြစ် သွားခဲ့သည်။

အင်တာနက်လိုင်းများ ယနေ့ ပြန်ကောင်းမည်ဟု ဆက်သွယ်ရေးပြော

Photo: အင်တာနက်လိုင်းများ ယနေ့ ပြန်ကောင်းမည်ဟု ဆက်သွယ်ရေးပြော
Friday, Augest 02, 2013

SEA ME WE 3 ရေအောက်ဖိုင်ဘာ ဆက် ကြောင်းပြတ်တောက်မှုကြောင့် အင်တာနက်ဆက်လိုင်းများနှေး ကွေးနေမှုသည် ဩဂုတ် ၂ရက်တွင် ယခင်အတိုင်း ပြန်လည်ကောင်း မွန်တော့မည်ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက ပြော သည်။
ပြည်ပရေအောက်ဖိုက်ဘာ ဆက်ကြောင်းလိုင်းများနှင့် အ ဓိက ချိတ်ဆက်ထားပြီး မြန်မာ နိုင်ငံတွင် အင်တာနက်အဓိကအ သုံးပြုနေသည့် ပင်မဆက်ကြောင်း လိုင်း SEA ME WE 3 ကုန်းတွင်း ပိုင်းဆက်ကြောင်းပြတ်တောက်မှု ကို ဇူလိုင် ၃ဝရက်ကပြင်ဆင်ပြီး စီးခဲ့ပြီး အင်တာနက်လိုင်းများ ပုံ မှန်အတိုင်း ပြန်လည်သုံးစွဲနိုင်ရန် အတွက် လိုင်းသစ်များထပ်မံတိုး ချဲ့မှုများပြုလုပ်ခဲ့သဖြင့် နှောင့် နှေးမှုများဆက်လက်ရှိနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ဒီနေ့ ၁ရက်မှာ လိုင်းက နည်းနည်းပြန်ကျသွားတယ်။ အ ရင်နေ့ကလောက် မမြန်တော့ဘဲ နဲ့ ပြန်ကျသွားတယ်။ အဲဒါကလဲ ဒီ SEA ME WE 3 ကို လိုင်းသစ် တွေ ပြန်ချိတ်နေတာပါ။ ဒီလိုင်း သစ်တွေ ထပ်တိုးချဲ့တာက ဒီနေ့ အပြီးသတ်ဆောင်ရွက်မှာ ဖြစ်တဲ့ အတွက် ဩဂုတ် ၂ရက်မှာ လုံးဝ ပြန်ကောင်းမှာဖြစ်ပါတယ်''ဟု အင်ဂျင်နီယာချုပ် ဦးစိုင်းစော လင်းထွန်းက ပြောသည်။

ပြတ်တော်မှုဖြစ်ပေါ်ခဲ့သော ဖိုက်ဘာဆက်ကြောင်းလိုင်းမှာ ဖျာပုံမြို့မှ နှစ်မိုင်တစ်ဖာလုံနှင့် နှစ်မိုင်ခြောက်ဖာလုံကြား ကုန်း တွင်းပိုင်း မြေအောက်တွင် မြှုပ် ထားသော ပါဝါကေဘယ်လ်ကြိုး ပေါက်ခြင်းဖြစ်ပြီး စတင်ပြတ် တောက်သည့်အချိန်တွင် ပင်လယ် တွင်းပိုင်းရှိ ဆက်ကြောင်းပြတ် တောက်ခြင်းဖြစ်သည်ဟု ခန့်မှန်း ၍ ဇူလိုင် ၂၂ရက် ညနေ ၅နာရီခန့် က အင်တာနက်တစ်လခန့်နှောင့် နှေးမည်ဟု သတ်မှတ်ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ကြောင်း မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိ ရသည်။

''အကြမ်းဖျင်းတွက်ချက်မှု အရကတော့ မြန်နှုန်းမြင့်ပိုင်းက ရာခိုင်နှုန်း ၅ဝလောက်ကျဆင်း သွားခဲ့တယ်။ လာမယ့် ဩဂုတ် ၂ ရက်မှာ ၁ဝဝရာခိုင်နှုန်းပြည့်ပြန် သုံးနိုင်ပြီလို့ ပြောလို့ရပါတယ်''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အဝေးဆက်သွယ်ရေးဌာနအင် ဂျင်နီယာချုပ်ဦးသန်းထွန်းက ပြောသည်။

ယင်းသို့ ရှစ်ရက်ကြာ ဆက် သွယ်ရေး ပြတ်တောက်သွားခဲ့သည့် SEA ME WE 3 အင်တာနက် ဆက်ကြောင်းလိုင်းအား မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင် နီယာများနှင့် စင်ကာပူနိုင်ငံမှ ပြု ပြင်ထိန်းသိမ်းရေးဌာန၏ ပံ့ပိုးကူ ညီမှုများဖြင့်ပြန်လည်ပြင်ဆင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရေအောက်ဖိုက် ဘာ ဆက်ကြောင်းလိုင်းသစ်တစ်ခု ဖြစ်သည့် SEA ME WE 3 လိုင်း သစ်အား ၂၀၁၄ ခုနှစ်အပြီးတည် ဆောက်နိုင်ရန်အတွက် တရုတ် အစိုးရပိုင် China Union ကုမ္ပ ဏီနှင့် စာချုပ် ချုပ်ဆိုထားပြီး မကြာမီကာလတွင် အကောင်အ ထည်ဖော်ဆောင် ရွက်မည်ဖြစ် ကြောင်း သိရသည်။

Yangon Media Group
SEA ME WE 3 ရေအောက်ဖိုင်ဘာ ဆက် ကြောင်းပြတ်တောက်မှုကြောင့် အင်တာနက် ဆက်လိုင်း များနှေး ကွေးနေမှုသည် ဩဂုတ် ၂ရက်တွင် ယခင်အတိုင်း ပြန်လည်ကောင်း မွန်တော့ မည်ဟု မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက ပြော သည်။

မိခင်ကို သေသည်အထိ အစာငတ်ခံ ပစ်ထားခဲ့သူ ထောင် ၁၂နှစ်ကျ

မိခင်ကို သေသည်အထိ အစာငတ်ခံ ပစ်ထားခဲ့သူ ထောင် ၁၂နှစ်ကျ
Friday, Augest 02, 2013

ထိုင်ဝမ်တွင် နာမကျန်းဖြစ်နေသော မိခင်အား အစာငတ်ခံထားခဲ့ပြီး သေသွားသည့် အလောင်းကို လောက်များ တက်သည်အထိ ပစ်ထားခဲ့သည့်အတွက် ဇူလိုင်လ ၃၁ရက်နေ့က ထောင်ဒဏ် ၁၂နှစ် အပြစ်ပေးခဲ့ကြောင်း သိရသည်။ ချန်ချီချန်း (၃၆နှစ်)ဆိုသူသည် မိခင်အား စွန့်ပစ်ထားခဲ့ပြီး သေဆုံးစေခဲ့မှုအတွက် အထက် တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ပြီး အာဏာပိုင်များထံ အယူခံဝင်နိုင်သေးသည်ဟု ဆိုသည်။

လွန်ခဲ့သည့်နှစ် သြဂုတ်လအတွင်းက ချန်၏ ဇနီးဖြစ်သူက ထိုင်ဝမ်မြောက်ပိုင်းရှိ နေအိမ်တွင် ဆီးချိုရောဂါဖြင့် အိပ်ရာထဲ လဲနေခဲ့သည့် ယောက္ခမဖြစ်သူ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီးနောက် ရဲတပ်ဖွဲ့ထံ ဆက်သွယ် အကြောင်းကြားခဲ့ရာမှ အမှုပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ရဲများရောက်ရှိသွားသည့် အချိန်တွင် အမှိုက်များ ပြန့်ကျဲနေသည့် အခန်းအတွင်း ၆၆ပေါင်ပင် မပြည့်သော အလောင်း၌ လောက်များ တက်နေသည်ကိုပင် တွေ့ရှိခဲ့ရသည်။

အသက် ၅၃နှစ်ခန့်ရှိ အမျိုးသမီးသည် သေဆုံးနေခဲ့သည်မှာ တစ်ပတ်ခန့်ပင် ရှိပြီဖြစ်ပြီး မသေခင် အနည်းဆုံး
ငါးရက်ခန့် မည်သည့် အစာမျှ စားခဲ့ရပုံမရဟု ဆိုသည်။ ဒေသခံ မီဒီယာများ၏ ဖော်ပြချက်အရ ချန်သည် အင်တာနက် ကဖေးများ၌ ကွန်ပျူတာ ဂိမ်းကစားခြင်းဖြင့်သာ အချိန်ကုန်နေပြီး နာမကျန်းဖြစ်နေသည့် မိခင်အား ပစ်ထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယခင်ပြီးခဲ့သည့် နှစ်များအတွင်း ထိုင်ဝမ်တွင် သက်ကြီးရွယ်အိုများအား စွန့်ပစ်ထားမှုနှင့် မလျော်မကန် ဆက်ဆံမှုများ မြင့်မားလာခဲ့ရာ သက်ကြီးရွယ်အို မိဘများကို ကြည့်ရှုစောင့်ရှောက်ရန် ပျက်ကွက်သည့် အရွယ်ရောက်ပြီးသူများအား ထောင်ဒဏ်ချမှတ်မည့် ဥပဒေကြမ်းတစ်ရပ်ကို ဥပဒေပြု အမတ်များက တင်သွင်းခဲ့သည်ဟု သိရသည်။

Myanmar ICT
ထိုင်ဝမ်တွင် နာမကျန်းဖြစ်နေသော မိခင်အား အစာငတ်ခံထားခဲ့ပြီး သေသွားသည့် အလောင်း ကို လောက်များ တက်သည်အထိ ပစ်ထားခဲ့သည့်အတွက် ဇူလိုင်လ ၃၁ရက်နေ့က ထောင်ဒဏ် ၁၂နှစ် အပြစ်ပေးခဲ့ကြောင်း သိရသည်။ ချန်ချီချန်း (၃၆နှစ်)ဆိုသူသည် မိခင်အား စွန့်ပစ်ထား ခဲ့ပြီး သေဆုံးစေ ခဲ့မှု အတွက် အထက် တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ပြီး အာဏာပိုင်များထံ အယူခံဝင်နိုင်သေးသည်ဟု ဆိုသည်။

ကမ္ဘာ့အဆင်းရဲဆုံး သမ္မတက ပိုင်ဆိုင်မှုရဲ့  ၉၀ ရာခိုင်နှန်းကို လစဉ်လှူဒါန်း

pre 
 ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ စာရင်းထဲမှာ ဥရုဂွေး သမ္မတ José Mujica လည်း လည်း ပါဝင်ပါတယ်။ သူ့ရဲ့ လ စာက တစ်လကို အမေရိကန်ဒေါ်လာ ၁၂၅၀၀ ရှိပေမယ့် လစဉ် ၁၂၅၀ ပဲ သူ့အတွက်ချန် ပါ တယ်။ ကျန်တာကို လှူဒါန်းမှုမှာ အသုံးပြုတယ်လို့ သိရပါတယ်။
ဥရုဂွေးနိုင်ငံဟာ တောင်အမေရိကတိုက်မှာ ဒုတိယအသေးဆုံး နိုင်ငံ ဖြစ်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံတစ်ခု

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့၏ လျှို့ ဝှက်ချက်

bolt 

အသက် ၂၅ နှစ်ရှိပြီ ဖြစ်ပေမယ့် ယနေ့ထက်ထိတိုင် ကမ္ဘာ့အမြန်ဆုံးလူသား အဖြစ် စံချိန်တင် ထားနိုင်သေးတဲ့ ဂျမေကာနိုင်ငံသား Usain Bolt (အူစိန်ဘော့) ကို အမေရိကန် National Science Foundation မှ သိပ္ပံနည်းကျ လေ့လာမှုပြုလုပ်ခဲ့ပါတယ်။ မြန်ရတဲ့ အကြောင်းအရင်း အကြမ်းဖျင်း ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ရှစ်လေးလုံး ငွေရတု အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောမည်



Photo: ရှစ်လေးလုံး ငွေရတု အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောမည်
Friday, Augest 02, 2013

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပမည့် ရှစ်လေးလုံး (၂၅) နှစ်ပြည့် ငွေရတု အခမ်းအနားတွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း သြဂုတ်လ ၁ ရက်နေ့ က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးခန်းတွင် ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါ အခမ်းအနား ကျင်းပရေး ကော်မတီဝင် ဦးမြအေးက ပြောကြားသည်။

အဆိုပါ ရှစ်လေးလုံး ငွေရတု အခမ်းအနားကို သြဂုတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်က ယင်းအခမ်းအနား နောက်ဆုံးနေ့တွင် မိန့်ခွန်းပြောကြား မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းအခမ်းအနားတွင် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နှင့် တိုင်းရင်းသား ပါတီ ခေါင်းဆောင်များလည်း တက်ရောက် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး အခြား နိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်းများကို မိန့်ခွန်း ပြောကြား ခွင့် ပြုမည် မဟုတ်ကြောင်း ဦးမြအေးက ဆက်လက် ရှင်းပြသည်။

ရှစ်လေးလုံး ငွေရတုပွဲသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော အထိမ်းအမှတ် အခမ်းအနား ဖြစ်သော ကြောင့် နိုင်ငံရေး အဖွဲ့အစည်းများ အချင်းချင်း သံသယများ ဖြစ်လာစေနိုင်ပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် ပြန် လည် ရင်ကြားစေ့ရေးကို ပျက်ပြားစေနိုင်သော အပြုအမူများကို လက်ခံမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အားလုံးကို ဖိတ်ကြားထားပြီး ပြည် တွင်း ပြည်ပ ၈၈ မျိုးဆက် ကျောင်းသားများ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ တက်ရောက်မည် ဖြစ်ကြောင်း ငွေရတု ပွဲ ဖြစ်မြောက်ရေး ကော်မတီ ထုတ်ပြန်ချက်များ အရ သိရသည်။

အဆိုပါ ရှစ်လေးလုံး ငွေရတု အခမ်းအနားသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ သမဂ္ဂ (ဗကသ) အဖွဲ့ချုပ်က အစိုးရ အဖွဲ့ဝင် ဝန်ကြီး များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့ကို ဖိတ်ကြားထားသောကြောင့် တက်ရောက်မည် မဟုတ်ကြောင်း ဗကသ ဥက္ကဋ္ဌ ဦးကျော်ကိုကိုက ပြောကြားထားသည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ MCC ခန်းမတွင်သုံးရက်တိုင်တိုင် ကျင်းပ မည့် အဆိုပါ ငွေရတုပွဲ လုံခြုံရေးကို ၈၈ ကျောင်းသားများက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေးအင်အား ၁၂၀ ကျော် အသုံးပြု မည် ဖြစ်ကြောင်း ငွေရတုပွဲ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီထံမှ သိရသည်။

ဟိန်းသွင်ထက်
The Voice Weekly
ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပမည့် ရှစ်လေးလုံး (၂၅) နှစ်ပြည့် ငွေရတု အခမ်းအနား

မြန်မာ လုပ်သားများ စွမ်းရည်မြှင့်ရန် ဂျာမနီ ကူမည်

မြန်မာ လုပ်သားများ စွမ်းရည်မြှင့်ရန် ဂျာမနီ ကူမည်

ရန်ကုန်၊ သြဂုတ် ၁

အခြေခံလုပ်သား အများစုရှိသည့် မြန်မာနိုင်ငံတွင် အလုပ်သမားများအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများကို အခမဲ့ ဖွင့်လှစ်နိုင်ရန် အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ဂျာမန် ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့ (GIZ) မှ Senior Advisor ဒေါ်နိုင်ရီမာက ပြောကြားသည်။

ရန်ကုန်မြို့ MICT Park တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ လုပ်သားထု ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) က ယင်းသို့ သင်တန်းများ ပေးနိုင်ရန် ကူညီ သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“NSSA က လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာတွေကို ကူညီမှာပါ။ ဘာတွေ လိုအပ်တယ် ဆိုတာ ကိုတော့ အသေးစိတ်၊ အတိအကျသိဖို့ ဆွေးနွေး ရဦးမှာ” ဟု ဒေါ်နိုင်ရီမာက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံ လူဦးရေ ၆၁ သန်းခန့်တွင် စုစုပေါင်း လုပ်သား အင်အား ၃၂ သန်းခန့်ရှိပြီး လုပ်သား အင်အားထုသည် နိုင်ငံတွင် လူဦးရေ၏ ၆၇ ရာခိုင်နှုန်း ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

အဆိုပါ လုပ်သားများ ကျွမ်းကျင်လုပ်သားများ ဖြစ်စေရန် Testing Centre များ တည်ထောင်ပြီး ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရန် လိုအပ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

လုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရန် ဆွစ်ဇာလန်နိုင်ငံ Centre for Vocational Training (CVT) နှင့် ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းကျောင်း ဖွင့်လှစ်မည်ဖြစ်ပြီး ပညာကို ဆုံးခန်းတိုင်အောင် မသင်နိုင်သူများ၊ အမျိုးသမီးများ၊ ငွေကြေး မတတ်နိုင်၍ ပညာ မသင်ကြားနိုင်သူများအတွက် Dual Training သင်တန်းများကို အခမဲ့ ဖွင့်လှစ်နိုင်ရန် အင်္ဂလန်နိုင်ငံ The Organization for Educational Resources and Technological Training (ORT) နှင့် ပူးပေါင်းသွား မည်ဖြစ်ကာ ကျွမ်းကျင် သင်တန်းများ ဖွင့်ရန်လည်း အစီအစဉ် ရှိကြောင်း ၎င်းက ဆိုသည်။
အခြေခံလုပ်သား အများစုရှိသည့် မြန်မာနိုင်ငံတွင် အလုပ်သမားများအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများကို အခမဲ့ဖွင့်လှစ်နိုင်ရန် အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ဂျာမန်ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (GIZ) မှ Senior Advisor ဒေါ်နိုင်ရီမာက ပြောကြားသည်။

ရန်ကုန်မြို့လယ် နာမည်ကြီး လောင်းကစားဒိုင်ကြီးကို ဖမ်းဆီး

ရန်ကုန်မြို့လယ် နာမည်ကြီး လောင်းကစားဒိုင်ကြီးကို ဖမ်းဆီး

ရန်ကုန်၊ သြဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ၂၉လမ်း (အလယ်ဘလောက်) ရှိ တိုက်အမှတ် ၁၀၀/၁၀၃ သုံးလွှာတွင်ရှိ နာမည်ကြီး လောင်းကစားဒိုင်ကို သြဂုတ်လ ၁ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက် ဖမ်းဆီးခဲ့ရာ လောင်းကစား ပြုလုပ်သူ ၂၆ ဦးကို ဖမ်းမိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက The Voice သို့ ပြောကြားသည်။ 

“သုံးလွှာကနေ ထွက်ပြေးတဲ့သူတောင် ရှိတယ်။ ဖမ်းထားတဲ့သူတွေကို ခု (မွန်းလွဲ ၂နာရီ ခွဲ) အထိ ကားနဲ့သယ်တာ လေးခေါက်လောက်ရှိပြီ” ဟု မျက်မြင်တွေ့ရှိသူ ၂၉ လမ်းတွင် နေထိုင်သူ အသက် ၃၂ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အဆိုပါ လောင်းကစားဒိုင်မှာ ဘောလုံးပွဲ၊ နှစ်လုံးထီ၊ ချဲထီနှင့် လေးကောင်ဂျင် ကစားဝိုင်းကို တရားဝင် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည်ဟု ထင်ရလောက်ကြောင်း ၎င်းက ပြောကြားသည်။ 

အဆိုပါဖမ်းဆီးသည့် ကိစ္စနှင့်ပတ်သက်၍ ဖမ်းမိသူများကို စစ်ဆေးလျက် ရှိသောကြောင့် အတည်ပြု ပြောကြား၍ မရသေးကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်း တာဝန်ကျ အရာရှိတစ်ဦးက ပြောကြားသည်။ 

“တစ်ရက်က ရပ်ကွက်ထဲက အမျိုးသမီးတစ်ဦးက ဒီဒိုင်မှာထိုးတာ သူ့ဂဏန်း ထွက်လာတော့ ဂဏန်းက ထိုးလို့မရဘူးလို့ ချဲရောင်းသမားကပြောတော့ အကြောင်းသိစေရမယ်လို့ ပြောဆိုသွားတယ်လို့ သိရတယ်။ တိုင်တဲ့သူများရှိလို့ ဝင်ဖမ်းတာလား အတိအကျတော့ မသိဘူး” ဟု ရပ်ကွက်အတွင်းမှ အမျိုးသမီးတစ်စု၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါအခန်းကို  ဦးကျော်ကိုကိုဆိုသူက နှစ်ချုပ်ဖြင့် ငှားရမ်းအသုံးပြုလျက်ရှိပြီး ဖမ်းဆီးရာတွင် လောင်းကစား အသုံးပြုသည့် စာရွက်စာတမ်း၊ ပရိဘောဂနှင့် ငွေကျပ် သိန်း ၃၀ ကျော်တို့ကို ဖမ်းမိခဲ့ကာ ဖမ်းဆီးမိသူများကို  ပန်းဘဲတန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ၂၉လမ်း (အလယ်ဘလောက်) ရှိ တိုက်အမှတ် ၁၀၀/၁၀၃ သုံးလွှာတွင်ရှိ နာမည်ကြီး လောင်းကစားဒိုင်ကို သြဂုတ်လ ၁ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက် ဖမ်းဆီးခဲ့ရာ လောင်းကစား ပြုလုပ်သူ ၂၆ ဦးကို ဖမ်းမိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက The Voice သို့ ပြောကြားသည်။

မေဂျာလိဂ်တွင် ဘောလုံးအသင်းတစ်သင်း ၀ယ်ယူရန် ဒေးဗစ် ဘက်ခမ်နီးစပ်နေ

ပြီးခဲ့သည့်ရာသီအကုန်က ဘောလုံးလောကမှ အနားယူခဲ့သည့် အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်သည် အမေရိကန်နိုင်ငံ မီယာမီတွင် ဘောလုံး အသင်း တစ်သင်း ၀ယ်ယူပြီး မေဂျာလိဂ် ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် ကစားသွားရန် နီးစပ်နေကြောင်း သိရ သည်။

ရွှေဝါရောင် သူရဲကောင်း အရှင် ဂမ္ဘီရတဖြစ်လဲ ကိုညီညီလွင် လက်ထပ်လိုက်ပြီ

Photo: ရွှေဝါရောင် သူရဲကောင်း အရှင် ဂမ္ဘီရတဖြစ်လဲ ကိုညီညီလွင် လက်ထပ်လိုက်ပြီ
 Friday, Augest 02, 2013

ရွှေဝါရောင် သူရဲကောင်းကြီး အရှင် ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင်တယောက်တော့ အခု စွံသွားပါပြီ။ အကြောင်းက တော့ ကိုညီညီလွင်ဟာ အင်တာနက်ကနေ ချစ်သူဘ၀ ရောက်လာခဲ့ကြတဲ့ သြစီသူ တဦးနဲ့ မြန်မာ့ ဓလေ့ ထုံးတမ်း စဉ်လာနဲ့ အညီ လက်ထပ်လိုက်တာပါ။ 

ဒါပေမယ့် ရွှေဝါရောင် သူရဲကောင်းမှာ လက်ထပ်တာတောင် အဆင်မချောခဲ့ရပါဘူး။ 

သြဂုတ်လ ၁ ရက်နေ့ က ကိုညီညီလွင်ဟာ ချစ်သူဖြစ်တဲ့ သြစတြေးလျနိုင်ငံသူ မစ္စ မာရီယာဖရန့်စ် ( Ms. Maria France) နဲ့ အတူ မနက် ၁၁ နာရီလောက်က တရား လွှတ်တော် ရှေ့နေ ဒေါ်ဟန်စုယဉ်ရဲ့ အကူ အညီနဲ့ မန္တလေးက ခရိုင်တရားရုံး ကို ရောက်လာတယ်လို့ မန္တလေးက ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီကို ပြောပါတယ်။ 

ဒါပေမယ့် ကိုညီညီလွင်နဲ့ ဇနီးဖြစ်သူ မစ္စ မာရီယာဖရန့်စ်တို့ရဲ့ တရားရုံးတက် လက်မှတ်ထိုးမှုကို မန္တလေး ခရိုင်တရားရုံးက လက်မခံ ပယ်ချလိုက်တယ်လို့ သိရပါတယ်။ “လက်ထပ်ဖို့ မန္တလေး ခရိုင်တရားရုံးမှာ ကျနော်တို့ ကြိုးစားတာ မအောင်မြင်ပါဘူး” လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။ 

ရွှေဝါရောင် သူရဲကောင်း အရှင်ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင့်ရဲ့ ဇနီးလောင်း မစ္စ မာရီယာ ဖရန့်စ်က ဗုဒ္ဓဘာသာဖြစ်နေ တာကြောင့် အဲဒီ မန်းခရိုင်တရားရုံးဝန်းထဲက ရှေ့နေ ဒေါ်ရွက်နုအောင်ရဲ့ ရုံးခန်းမှာပဲ ဗုဒ္ဓဘာသာ ထုံးထမ်းစဉ်လာအရ သက်သေ ၂ ဦး ရှေ့မှာ လက်မှတ်ရေးထိုးပြီး လက်ထပ်လိုက်ကြတယ်လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။ 

အဲဒီ မင်္ဂလာ လက်ထပ်ပွဲလေးမှာ ဦးသိန်းသန်းဦးက မင်္ဂလာစကားကို မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ပြော ပေးခဲ့ရတာဖြစ်ပြီး ရွှေဝါရောင် သူရဲကောင်း အသစ် စက်စက် ဇနီးမောင်နှံတို့ရဲ့ မင်္ဂလာဦးအဖြစ် ကော်ဖီနဲ့ ဧည့်ခံခဲ့ကြပါတယ်တဲ့။ 

 အသစ်စက်စက် ဇနီးမောင်နှံတွေဖြစ်တဲ့ ကိုညီညီလွင်နဲ့ မစ္စ မာရီယာ ဖရန့်စ်၊ 
ဓာတ်ပုံ- ဦးသိန်းသန်းဦး

ဧရာဝတီ Blog
ရွှေဝါရောင် သူရဲကောင်းကြီး အရှင်ဂမ္ဘီရတဖြစ်လဲ ကိုညီညီလွင်တယောက်တော့ အခုစွံသွားပါပြီ။ အကြောင်းက တော့ ကိုညီညီလွင်ဟာ အင်တာနက်ကနေ ချစ်သူဘ၀ရောက်လာခဲ့ကြတဲ့ သြစီသူ တဦးနဲ့ မြန်မာ့ ဓလေ့ ထုံးတမ်း စဉ်လာနဲ့ အညီ လက်ထပ်လိုက်တာပါ။

ဘာသာရေးနဲ့ နိုင်ငံရေး အကြား စည်းတားဖို့ သမ္မတဦးသိန်းစိန် သတိပေး



Photo: ဘာသာရေးနဲ့ နိုင်ငံရေး အကြား စည်းတားဖို့ သမ္မတဦးသိန်းစိန် သတိပေး 
Friday, Augest 02, 2013

ဘာသာရေးနဲ့ နိုင်ငံရေးကို ဆက်စပ်ခြင်းဟာ ဘာသာတရားတော်တွေနဲ့ မကိုက်ညီသလို၊ ဘာသာရေးလွတ်လပ်ခွင့်တွေကိုပါ ထိခိုက်စေတယ်ဆိုပြီး တချိန်က ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့စကားရပ်တွေကို ကိုးကားပြီး သမ္မတဦးသိန်းစိန်ရဲ့ သူ့ရဲ့ လစဉ် ရေဒီယိုမိန့်ခွန်းမှာပြောကြားသွားပါတယ်။ သုံးသပ်လေ့လာသူတွေကတော့ အခုလို ပြောဆိုချက်ကို ကြိုဆိုလိုက်ပြီး၊ ဒီလို ပြောဆိုချက်မူဝါဒကို အစိုးရအုပ်ချုပ်မှုပိုင်း အောက်ခြေအဖွဲ့အစည်း အဆင့်ဆင့်အထိ လက်တွေ့အကောင်အထည်ဖော်သွားဖို့လည်း တိုက်တွန်းပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာပါ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အလယ်ပစ္စယံ ညီလာခံမိန့်ခွန်းကို ကိုးကားပြီးတော့ လွတ်လပ်စွာ ဘာသာကိုးကွယ်နိုင်မှုဟာ နိုင်ငံသားအခွင့်အရေးတွေထဲက တခုဖြစ်တာမို့၊ လွတ်လပ်စွာ ကိုးကွယ်နိုင်မှုဆိုတဲ့ အခွင့်အရေး ကို ပေးတဲ့နေရာမှာ ဘာသာရေးနဲ့ နိုင်ငံရေး စည်းတားထားရမယ် ဆိုပြီး သမတဦးသိန်းစိန်က ဒီကနေ့ မနက်ပိုင်းပြောတဲ့သူ့ရဲ့ လစဉ် ရေဒီယိုမိန့်ခွန်းမှာပြောသွားတာပါ။

လူအများကို နစ်နာစေမယ့် တရားဓမ္မဖြစ်လေဟန် ဟောပြောတာတွေ လုပ်ဆောင်တာတွေကိုလည်း တားးမြစ်ရမယ်လို့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းထဲမှာ ပြောသွားတဲ့အကြောင်း သမ္မတဦးသိန်းစိန်က ထပ်လောင်းပြောပြီး၊ ဒါတွေဟာ ဒီကနေ နိုင်ငံအခြေအနေမှာ စဉ်းစား သင်ခန်းစာယူ ရမှာဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာ့နိုင်ငံရေးလေ့လာ အကဲခတ်သူ ဒေါက်တာ ရန်မျိုးသိန်းက ဒီ ကိုကားပြောဆိုချက်ကို ထောက်ခံပါတယ်။

"ဘာသာရေးနဲ့ပတ်သက်တဲ့မိန့်ခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်းပြောသွားတဲ့ အလယ်ပစ္စယံမိန့်ခွန်းကို ထည့်ပြီးပြောသွားတဲ့ အချက်လေး ကတော့ ကောင်းတယ် လို့ ပြောလို့ရတယ်ဗျာ။ တနည်းအားဖြင့် ဘာသာရေး နဲ့ နိုင်ငံရေး ရောထွေးမှုဟာ တိုင်းပြည်နဲ့လူမျိုးအတွက် အကျိုးမရှိဘူး ဆိုတဲ့ အချက်လေးကို အလေးအနက်ထားပြောသွားတဲ့ သဘောမျိုးရှိပါတယ်ခင်ဗျာ။ အဲ့တာလေးကတော့ ကောင်းပါတယ်ခင်ဗျာ။"

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်ကတော့ အခု သမ္မတဦးသိန်းစိန်ပြောဆိုချက်ဟာ ပြည်ထောင်စုအစိုးရကို ကိုယ်စားပြုတယ်လို့ ယူဆပြီး၊ ဒီ သဘောတရားဟာ အုပ်ချုပ်ရေးအောက်ခြေအဆင့်ဆင့်အထိ လိုက်နာဆောင်ရွက်သွားနိုင်ဖို့ တိုက်တွန်းပါတယ်။

"ကျနော်တို့တိုင်းပြည်ဟာ Secular State ဖြစ်သင့်တယ်ဆိုတဲ့အပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်း အလယ်ပစ္စယံ မိန့်ခွန်းကို ကိုးကားပြီးပြောထားတဲ့ မိန့်ခွန်း ဒီမိန့်ခွန်းထဲမှာ ထူးထူးခြားခြား တွေ့ရတယ်။ ဆိုတော့ သမ္မတကိုယ်တိုင် ပြောတယ်ဆိုတဲ့အခါကျတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောထားဖြစ်လိမ့်မယ်လို့ ကျနော်ယူဆတယ်။ အဲ့တာကိုတော့ အောက်ခြေ အဖွဲ့အစည်း အဆင့်ဆင့် အထိပေါ့ သေသေချာချာ လုပ်တယ် ဆိုလို့ရှိရင် ကောင်းတဲ့ကိစ္စဖြစ်တယ်လို့ ကျနော် အနေနဲ့ ပြောချင်ပါတယ်။ လက်တွေ့သေသေချာချာ အကောင်အထည်ဖော် မယ်ဆိုရင် ကောင်းတဲ့ ကိစ္စဖြစ်တယ်လို့ ကျနော့်အနေနဲ့ပြောချင်တယ်။ "

သူတို့အစိုးရအဖွဲ့အနေနဲ့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့ခေါင်းဆောင်လူကြီးတွေ၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဌနဲ့ လူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးတော့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးနဲ့ ပဋိပက္ခကာကွယ်တားဆီးရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

တဆက်တည်းမှာတော့ တတိုင်းတပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရအောင်ကြိုးစားနေတဲ့အကြောင်းနဲ့၊ နိုင်ငံရေးအကျဉ်းသားတွေ ဒီနှစ်ကုန်ပိုင်းမှာ တဦးတယောက်မှ ထောင်ထဲမှာ မကျန်စေရဘူးဆိုတဲ့ ဂတိက၀တ်ကိုလည်း သမ္မတဦးသိန်းစိန်က ထပ်လောင်းပြောခဲ့ ပါတယ်။ ဒေါက်တာရန်မျိုးသိန်းကတော့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စမှာ လက်တွေ့ဖော်ဆောင်မှု အားနည်းနေသေးတယ် လို့ ဝေဖန်ထောက်ပြပါတယ်။

"ဒါပေမဲ့ လက်ရှိအခြေအနေမှာ ကျနော်တို့ မြင်တွေ့နေရ သလောက်ပေါ့လေ။ ပြည်တွင်း ငြိမ်းချမ်းရေး မှာ ပြောနေတာတွေပဲ များပြီးတော့ တကယ့် လက်တွေ့မှာ အကောင်အထည်ဖော်နိုင်မှုပိုင်းတွေမှာ တော်တော်ကြီးကို အားနည်းနေတာ တွေ့ရတယ်ဗျ။ ကျနော့်အမြင်မှာ ဘာဖြစ်လို့ ဥပမာ General Annesty အခုထက်ခိ မလုပ်နိုင်သေးတာလဲပေါ့။ အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်ကို မကြေညာနိုင်သေးတာလဲပေါ့။ အဲ့လိုပုံစံမျိုးတွေမှာတော့ အားနည်းမှုတွေ တွေ့နေရသေးတယ်လို့ မြင်တယ်ဗျ။ "

ဒါ့အပြင် အခု လစဉ် မိန့်ခွန်းမှာတော့ သြဂုတ်လမှာ ကျရောက်မယ့် ၈လေးလုံး လူထုလှုပ်ရှားမှု ၂၅ နှစ်ပြည့် အတွက် တစုံတရာ မှတ်ချက် သဘောထား ပြောသင့်တယ် လို့ ဒေါက်တာရန်မျိုးသိန်းက ယူဆပါတယ်။

"သြဂုတ်လ ၁ရက်နေ့မှာ ပြောတဲ့ မိန့်ခွန်းမှာ ကျနော့်အမြင်အားဖြင့်ဆိုရင် ဇူလိုင်လ ကိစ္စတွေကိုပြောတာထက် သြဂုတ်လနဲ့ပတ်သက်တဲ့ ကိစ္စတွေကို ပြောမယ် ဆိုရင် ပိုပြီးတော့ကောင်းမယ်လို့ မြင်တယ်။ ဥပမာအားဖြင့် အာဇာနည်နေ့ကိုပြောတာ ကောင်းသလို ကျနော်တို့ သြဂုတ်လ ၈ရက်နေ့ ၈လေးလုံးပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးနဲ့ပတ်သက်တဲ့ မှတ်ချက်တချို့ကိုလည်း ထည့်ပြီးပြောမယ်ဆိုရင် ပိုပြီးတော့ ဆီလျော်တယ်။ ပိုပြီးတော့ ကောင်းမွန်တယ်လို့ ကျနော်ကတော့ မြင်တယ်ဗျာ။"

သမ္မတဦးသိန်းစိန်အနေနဲ့ သူ့အစိုးရအဖွဲ့ရဲ့သဘောထားတွေ အစိုးရမူဝါဒတွေကို ထင်ဟပ်စေတဲ့ လစဉ် ရေဒီယိုမိန့်ခွန်း ပြောဆိုမှုတွေကို ဒီနှစ်ထဲမှာပဲ စတင်ခဲ့တာပါ။ အထူးသဖြင့်တော့ အစိုးရအဖွဲ့အနေနဲ့ တလအတွင်း လုပ်ငန်းဆောင်တာတွေနဲ့ ရည်မှန်းထားချက်တွေကို ရှင်းလင်းပြောကြားတာဖြစ်ပါတယ်။

VOA Burmese
ဘာသာရေးနဲ့ နိုင်ငံရေးကို ဆက်စပ်ခြင်းဟာ ဘာသာတရားတော်တွေနဲ့ မကိုက်ညီသလို၊ ဘာသာရေး လွတ်လပ်ခွင့်တွေကိုပါ ထိခိုက်စေတယ်ဆိုပြီး တချိန်က ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့စကားရပ်တွေကို

အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန် ခွက်ယောက် များတွင် ထည့်သွင်း စားသုံးခြင်းက ကျောက်ကပ် ကျောက် တည် စေနိုင်


အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန် ခွက်ယောက် များတွင် ထည့်သွင်း စားသုံးခြင်းက ကျောက်ကပ် ကျောက် တည် စေနိုင် 
 Friday, Augest 02, 2013

ပလတ်စတစ် အသုံးဆောင်များသည် လွယ်လင့်တကူ အသုံးပြုနိုင်ခြင်း၊ စွန့်ပစ် နိုင်ခြင်းကြောင့် ယနေ့ခေတ် ကာလတွင် တွင်ကျယ် လာသော ပစ္စည်းများ ဖြစ်သည်။

ပလတ်စတစ် ပန်းကန် များသည် ပျော်ပွဲစား ထွက်ရာတွင် လည်းကောင်း၊ အလွယ်စာ များကို ထုတ်ပိုးရာတွင်လည်း ကောင်းလွယ် လင့်တကူ အသုံးပြု လာကြသည်။

သုတေသန တစ်ရပ်တွင် ဖော်ပြထားမှုအရ မယ်လမင်း ပစ္စည်းများ၊ ပလတ်စတစ် အသုံး အဆောင်များတွင် အစားအစာပူပူကို ထည့်သွင်း အသုံးပြုခြင်းသည် ကျောက်ကပ် ကျန်းမာရေးကို ထိခိုက် စေကြောင်း သိရှိရသည်။ ထိုင်ဝမ် သုတေသီများက ပလတ် စတစ် ပန်းကန်များတွင် အပူချိန်မြင့်သော အစားအစာကို ထည့်သွင်း စားသုံး ခြင်းသည် ကျောက်ကပ် ကျောက်တည် စေနိုင်ကြောင်းကို လေ့လာနိုင် ခဲ့သည်။ လေ့လာမှုတွင် ခေါက်ဆွဲ ပူပူ စားသုံးသူများကို လေ့လာ ခဲ့ခြင်း ဖြစ်သည်။ အုပ်စု နှစ်စုခွဲ၍ လေ့လာ ခဲ့ခြင်း ဖြစ်ပြီး ပထမအုပ်စုကို ပလတ်စတစ် ပန်းကန်ထဲတွင် စားသုံးစေခဲ့ပြီး ဒုတိယ အုပ်စုတွင် ကြွေပန်းကန် များကို အသုံးပြု စေခဲ့သည်။ စားသုံး ပြီးချိန်နှစ်နာရီ တိုင်းတွင် ဆီးနမူနာ များကို ရယူခဲ့ပြီး၁၂ နာရီကြာသည် အထိ ခြောက်ကြိမ်တိုင် ရယူခဲ့သည်။

သုံးပတ်ကြာသည့် အခါအုပ်စု နှစ်စု အသုံးပြုသည့် ပန်းကန် အမျိုး အစားကို ပြောင်းလဲပြီး ပြန်လည်၍ ဆီးနမူနာ ရယူခဲ့သည်။ ထို့နောက်ရလဒ် များကို ထုတ်ပြန်ခဲ့ရာ ပလတ်စတစ် ပန်းကန် များကို အသုံးပြုပြီး ခေါက်ဆွဲပူပူ များကို စားသုံးသူများတွင် ဆီးနမူနာ၌ ပလတ် စတစ် ကွန်ပေါင်း 8.5 microgram ပမာဏကို တွေ့ရှိခဲ့ပြီး ကြွေပန်းကန် အသုံးပြု စားသုံးသူ များ၏ ဆီးနမူနာတွင်မူ အန္တရာယ်ရှိသော အဆိုပါ ကွန်ပေါင်းများကို မတွေ့ရှိခဲ့ကြောင်း ထုတ်ပြန် ထားသည်။ ထိုင်ဝမ်၊ Kaohsiung Medical University မှသုတေသီ Dr. Chia Fang Wu က အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန် ခွက်ယောက် များတွင် ထည့်သွင်း စားသုံးခြင်းသည် ကျောက်ကပ်တွင် ပလတ်စတစ် ကွန်ပေါင်းများကို အနည်ထိုင် စေကြောင်း၊ ပလတ်စတစ်ခွက်နှင့် အပူချိန် မြင့်သော အစားအစာများ ပေါင်းစပ် လိုက်ပါက ကြာလာလျှင် ကျောက်ကပ်တွင်းဝယ် ကျောက်တည် လာနိုင်ကြောင်း၊ ခဏတာ အချိန် အတွင်း၌ အဆိုပါ အာနိသင်က သိသာ ထင်ရှားမည် မဟုတ်သော်လည်း ကြာလာသည်နှင့် ဆီးသွားရ ခက်ခဲခြင်း၊ ဆီးကျောက် တည်ခြင်းများကို တွေ့ကြုံရ နိုင်ပြီးခွဲ စိတ်ရသည့် အခြေ အနေသို့ပင်ရောက်ရှိ နိုင်ကြောင်း ရှင်းပြ ထားပါသည်။

သို့သော်လည်း ကြွေပန်းကန် ခွက်ယောက် များကို အသုံးပြုခြင်းကမူ အဆိုပါ အာနိသင်ကို မတွေ့ရဘဲ အစား အစာပူပူများ ထည့်သွင်းရန် သင့်တော်ကြောင်း၊ တိရစ္ဆာန်များတွင် လေ့လာ မှုအရ ပလတ်စတစ်က ကျောက်ကပ် ပျက်စီးခြင်း၊ ကျောက်တည်ခြင်းနှင့် ကင်ဆာ ရောဂါများကို ဖြစ်စေနိုင်သည် ကိုတွေ့ ရှိခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြ ထားသည်။

ယခု လေ့လာမှုကို Journal JAMA Internal Medicine တွင် ဖော်ပြထားခြင်း ဖြစ်သည်။

ငြိမ်းအေး
Ref: ANI
Health Updates Journal
Vol-2,No-6
ပလတ်စတစ် အသုံးဆောင်များသည် လွယ်လင့်တကူ အသုံးပြုနိုင်ခြင်း၊ စွန့်ပစ်နိုင်ခြင်းကြောင့် ယနေ့ခေတ်ကာလတွင် တွင်ကျယ်လာသော ပစ္စည်းများ ဖြစ်သည်။

မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသော်လည်း အလယ်ပိုင်း ဒေသအချို့၌ မိုးခေါင်မှုကြောင့် တောင်သူများ မိုးစပါး စိုက်ပျိုးရန် အခက်ကြုံ

8.1.10
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အတွင်းရှိ ယာစိုက်တောင်သူများ မိုးခေါင်နေမှုကြောင့် စိုက်ပျိုး ထွန်ယက်ရန် ခက်ခဲနေမှုအား တွေ့ရစဉ်
ယခုနှစ် မိုးရာသီ ကာလတွင် မြန်မာနိုင်ငံ အောက်ပိုင်းဒေသ များ၌ ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်နေသော် လည်း အလယ်ပိုင်းဒေသ အချို့တွင် မိုးခေါင်နေမှုကြောင့် တောင်သူများ မိုးစပါး စိုက်ပျိုးရန် အခက်ကြုံတွေ့ နေရကြောင်း သိရသည်။

ကရင်နှင့် မွန်ပြည်နယ်တို့တွင် ရေလွှမ်းမိုးမှုများကြောင့် သုံးဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးကာ ရေဘေးဒုက္ခသည် ၄၀၀၀၀ နီးပါးရှိကြောင်း အစိုးရမှ သတင်းထုတ်ပြန်

Photo: ကရင်နှင့် မွန်ပြည်နယ်တို့တွင် ရေလွှမ်းမိုးမှုများကြောင့် သုံးဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးကာ ရေဘေးဒုက္ခသည် ၄၀၀၀၀ နီးပါးရှိကြောင်း အစိုးရမှ သတင်းထုတ်ပြန်
Friday, Augest 02, 2013

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုများကြောင့် သုံးဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကာ ရေဘေးဒုက္ခသည် ၄၀၀၀၀ နီးပါးရှိကြောင်း သြဂုတ် ၁ ရက်က ပြည်ထောင်စု မြန်မာနိုင်ငံတော် သတင်းထုတ်ပြန် ရေးအဖွဲ့၊ သတင်းထုတ်ပြန်ချက် ၁၁/၂၀၁၃ အရ သိရသည်။

အဆိုပါ ရေဘေးသင့် ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှု သတင်းထုတ်ပြန်ခြင်းအရ ၂၇-၇-၂၀၁၃ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေကြီးမှုများကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့တွင် ရေလွှမ်းမိုးကာ ရေဘေးဒုက္ခများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြ၀တီမြို့နယ်နှင့် ကမမောင်း မြို့နယ်ခွဲတို့တွင် အိမ်ထောင်စုပေါင်း ၆၇၃၃ စုမှ လူ ၃၃၄၀၉ ဦးတို့ ရေဘေးဒုက္ခ ကြုံတွေ့သဖြင့် ကယ်ဆယ်ရေးစခန်း ၇၉ ခု ဖွင့်လှစ်ကူညီလျက် ရှိကြောင်း၊ ကရင်ပြည်နယ်အတွင်း ရေလွှမ်းမိုးမှုကြောင့် လူသုံးဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း ဖော်ပြပါရှိသည်။

ထိုကဲ့သို့ ရေလွှမ်းမိုးမှုကြောင့် သင်္ကန်းညီနောင်-ကော့ကရိတ် ကားလမ်းတွင် တောင်ပြိုပိတ်ဆို့မှု ၂၅ နေရာ၊ တံတားပျက်စီးမှု တစ်နေရာ၊ ခေတ္တပိတ်ထားရသော စာသင်ကျောင်း ၂၄၅ ကျောင်း၊ စပါးခင်း ရေနစ်မြုပ်မှု ၃၀၉၀၇ ဧကရှိကြောင်း ဖော်ပြသည်။

အလားတူ မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ရေးမြို့နယ်တို့တွင်လည်း ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ရာ အိမ်ထောင်စုပေါင်း ၁၀၅၀ စု မှ လူ ၄၆၈၀ ဦးတို့ ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရပြီး ကယ်ဆယ်ရေးစခန်း ၃၄ ခု ဖွင့်လှစ် ကူညီခဲ့ကြောင်း သိရသည်။ ဘီးလင်းမြို့နယ်တွင် ကယ်ဆယ်ရေး စခန်းတစ်ခုနှင့် ကျိုက်မရောမြို့နယ်တွင် ကယ်ဆယ်ရေး စခန်းသုံးခု ဆက်လက်ဖွင့်လှစ်၍ ကူညီစောင့်ရှောက် လျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့ပြင် ထိုင်းနိုင်ငံ လူမှုရေးအဖွဲ့အစည်း များကလည်း ကရင်ပြည်နယ် မြ၀တီမြို့ရှိ ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး ပစ္စည်းများနှင့်အတူ ကူညီပေးလျက် ရှိကြောင်းကိုလည်း ဖော်ပြထားသည်။

ရေဘေးသင့် ပြည်သူများအား အရေးပေါ် စားနပ်ရိက္ခာ၊ အ၀တ်အထည်၊ ဆေးဝါးနှင့် အလှူငွေများ လှူဒါန်းလိုပါက ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး (ဖုန်းနံပါတ် ၀၅၈-၂၁၁၈၂ ၊ ၀၅၈-၂၃၂၁၆၊ ၀၉၈၇၂၀၈၉၈) နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ဖုန်းနံပါတ် ၀၆၇-၄၀၄၀၅၀၊ ၀၉၈၆၀၀၀၂၅) တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Eleven Media Group

ထိုင်း-မြန်မာနယ်စပ်ရှိ မြ၀တီမြို့ ရေကြီးမှု ဖြစ်ပေါ်နေသည်ကို ဇူလိုင် ၃၁ ရက်က တွေ့မြင်ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး (မြိတ်))
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုများကြောင့် သုံးဦးသေ ဆုံးပြီး တစ်ဦးပျောက်ဆုံးနေကာ ရေဘေးဒုက္ခသည် ၄၀၀၀၀ နီးပါးရှိကြောင်း သြဂုတ် ၁ ရက်က ပြည်ထောင်စု မြန်မာနိုင်ငံတော် သတင်းထုတ်ပြန် ရေးအဖွဲ့၊ သတင်းထုတ်ပြန်ချက် ၁၁/၂၀၁၃ အရ သိရသည်။

မိုးလယ်ကာလ မိုးများ၍ မြန်မာနိုင်ငံ ဒေသများ၌ ရေကြီးရေလျှံမှုများ ဆိုးရွားစွာ ကြုံတွေ့နေရ

8.1.21
ကရင်ပြည်နယ် အတွင်းရှိ ဒေါနတောင် ပြိုကျမှုကြောင့် မော်တော်ယာဉ်များ သွားလာ၍ မရဘဲ ဆိုင်ကယ် များဖြင့်သာ သွားလာ နေကြသည်ကို တွေ့ရစဉ်(ဓာတ်ပုံ- ကိုရွှေသိန်း)
လက်ရှိမိုးလယ် ကာလအတွင်း မိုးရွာသွန်းမှု ကောင်းမွန်လျက် ရှိသည့်အတွက် မြစ်ချောင်းများ ရေကြီးရေ လျှံမှုကို နယ်ဒေသများတွင် ဆိုးရွားစွာ ကြုံတွေ့နေရကြောင်း သိရသည်။

ကလေးက ကားတက်မောင်းပြီး ယာဉ်တိုက်မှု တောက်လျှောက်ဖြစ်

ရှစ်တန်းကျောင်းသူတစ်ဦး မောင်းနှင်လာသော ကိုယ်ပိုင်ကားက လူနှစ်ဦးကို တိုက်မိခဲ့သည့်အပြင် လမ်း မှန်အတိုင်းမောင်းနှင်နေသော ကားသုံးစီးကို မျက်နှာချင်းဆိုင် ဆက်တိုက်တိုက်မိခဲ့သည့် ဖြစ်ရပ်တစ်ခု ဇူလိုင် ၃၀ ရက်ညက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အစ္စလာမ်ပါတီတစ်ခုကို ဘင်္ဂလားဒေ့ရှ်က တရားမဝင်ပါတီ သတ်မှတ်


Jamaat-e-Islami ပါတီကို တရားမဝင် ပါတီအဖြစ် တရားရုံးက သတ်မှတ် လိုက်ပြီးနောက် အောင်ပွဲခံ သူတချို့ (Credit: AFP) 
အစ္စလာမ်ဘာသာကို ​အဓိက​ကိုးကွယ်တဲ့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ​တရားရုံးကနေ ​အစ္စလာမ်ပါတီ တစ်ခုကို ​တရားမဝင်အဖြစ် ​သတ်မှတ်လိုက်တယ်လို့ ​သိရပါတယ်။

ဖက်ဒရယ် ဥပဒေသစ်ရေးဖို့နဲ့ တပ်မတော်ဖွဲ့ဖို့ တိုင်းရင်းသားတွေ သဘောတူ

ညီညွတ်သောတိုင်းရင်းသား ဖယ်ဒရယ်ရေးရာကောင်စီ
၂၀၁၂ခုနှစ်က တွေ့ရတဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ သတင်းစာ ရှင်းလင်းပွဲ အခမ်းအနား တခု (Credit: ABC) 
ထိုင်းနိုင်ငံ ​ချင်းမိုင်မြို့မှာ ​လေးရက်ကြာ ​ကျင်းပပြုလုပ်ခဲ့တဲ့ ​တိုင်းရင်းသားညီလာခံကနေ​ဖက်ဒရယ်ပြည်ထောင်စုနဲ့ ​ကိုက်ညီတဲ့ ​ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲသွားဖို့နဲ့​ဖက်ဒရယ်ပြည်ထောင် စု ​တပ်မတော် ဖွဲ့စည်းဖို့ ​အပါအ၀င် ​သဘောတူညီချက် ​၁၀ ​ချက်ရရှိခဲ့တယ်လို့ ​သိရပါတယ်။

မျိုးစောင့်ဥပဒေကို လွှတ်တော်မှာ ကိုယ်းစားပြု တင်ပြမှာမဟုတ်ဟု NLD ဆို

myanmar monk, wirathu
မျိုးစောင့်ဥပဒေ ဖြစ်ပေါ်ဖို့ အဓိက တွန်းအားပေး လုပ်ဆောင်သူလို့ ပြောနေကြတဲ့ ဦးပဉ္ဖင်း ဦးဝီရသူ (Credit: ABC) 
အမျိုးသားဒီမိုကရေစီ​အဖွဲ့ချုပ် ​NLD ​ရဲ့ ​လွှတ်တော်ကိုယ်စားလှယ် ​တွေအနေနဲ့ ​မျိုးစောင့်ဥပဒေကို ​လွှတ်တော်ထဲမှာ ​ကိုယ်စားပြုပြီး ​တင်ပြဖို့ ​အစီအစဉ် ​မရှိဘူးလို့ ​ပြောပါတယ်။

မြန်မာမှာ ကုလလူ့အခွင့်အရေး ရုံးခွဲဖွင့်ဖို့ ဗြိတိန်တိုက်တွန်း


မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး ​ဖေါက်ဖျက်မှု ​မှတ်တမ်းတွေကို ​အကြီးအကျယ်ဝေဖန် ​ရှုံ့ချခဲ့ဖူးသူ ​ဗြိတိန် နိုင်ငံ ​အောက်လွှတ်တော် ​ဥက္ကဋ္ဌ ​Mr. ​John ​Bercow ​ဟာ ​ပါလီမာန် ​ကိုယ်စားလှယ်အဖွဲ့ဝင် ​၆ ​ဦးနဲ့ ​အတူ ​မြန်မာနိုင်ငံမှာ ​သမ္မတဦးသိန်းစိန်နဲ့ ​တွေ့ဆုံ ​ခဲ့ပြီး ​ကုလသမဂ္ဂ ​လူ့အခွင့်အရေး ​ရုံးခွဲ ​မြန်မာနိုင်ငံမှာ ​ဖွင့်လှစ်ဖို့ ​ပြောခဲ့ပါတယ်။