Monday, December 23, 2013

တရုတ်မယားအဖြစ်ပေါင်းသင်းရန် လူကုန်ကူးခံရသူအမျိုးသမီးကို တရုတ်ရဲပြန်ပို့

Photo: တရုတ်မယားအဖြစ်ပေါင်းသင်းရန် လူကုန်ကူးခံရသူအမျိုးသမီးကို တရုတ်ရဲပြန်ပို့
====================================

Monday, December 23, 2013

တရုတ်မယားအဖြစ်ပေါင်းသင်းရန် မူဆယ်နယ်စပ်သို့ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးကို တရုတ်ရဲကဖမ်း၍ ပြန်ပို့ခဲ့ကြောင်းသတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီးကန်ကြီးဒေါင့်မြို့နယ် ဘဲဂရက်ရွာမှ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား လှိုင်သာယာမြို့မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့က တရုတ်မယားအဖြစ် တစ်နှစ်ပေါင်းသင်းလျှင် ငွေကျပ်ဆယ်သိန်းရရှိပြီး တစ်နှစ်ပြည့်လျှင် ပြန်လည်ခေါ်မည်ဆိုကာစည်းရုံး၍ မူဆယ်မြို့သို့ ပို့ဆောင်ခဲ့ကြသည်။

အထက်ပါအတိုင်း သဘောတူညီခဲ့ကြပြီးနောက် ဒီဇင်ဘာ ၁၃ ရက်တွင် ယင်းအမျိုးသမီးသည် အောင်မင်္ဂလာအဝေးပြေးဝင်းမှ မန္တလေး၊ ထိုမှတစ်ဆင့် မူဆယ်သို့ပို့ဆောင်ခြင်းခံခဲ့ရသည်။ ထို့နောက် မူဆယ်နယ်စပ်ပေါက်မှတစ်ဆင့် တရုတ်ပြည်ကြယ်ဂေါင်ရှိ တည်းခိုခန်းတစ်ခုသို့ ဆက်လက်ခေါ်ဆောင်ခံခဲ့ရသည်။ ဒီဇင်ဘာ ၁၆ ရက်တွင် ယင်းအမျိုးသမီးအား တရုတ်အမျိုးသမီးတစ်ဦးနှင့်ထားခဲ့ကာ လူကုန်ကူးသူသုံးဦးသည် ရန်ကုန်သို့ပြန်လာခဲ့ကြသည်။

ဒီဇင်ဘာ ၁၇ ရက်တွင် ထိုတရုတ်အမျိုးသမီးက မြန်မာအမျိုးသမီးကိုတရုတ်နိုင်ငံတွင်းသို့ ခေါ်ဆောင်သွားစဉ် တရုတ်ရဲကမသင်္ကာ၍ လူကုန်ကူးခံရသူ အမျိုးသမီးကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ ဒီဇင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံလွယ်ဂျယ်ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့သို့ လူကုန်ကူးခံရသူအား လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

ထို့ကြောင့် လူကုန်ကူးမှုကျူးလွန်သူသုံးဦးအား ရန်ကုန်ရှိလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ဒုတိယရဲမှူးတစ်ဦးက တရားလိုပြု၍တိုင်ကြားကာ ဖမ်းဆီးရမိသည့် အမျိုးသားတစ်ဦးကို စစ်ဆေးနေကြောင်း တောင်ကြီးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ကျန်သူများ ဖမ်းဆီးရမိရေးကို ဆက်လက်စုံစမ်းနေလျက်ရှိသည်။

7day Daily
တရုတ်မယားအဖြစ်ပေါင်းသင်းရန် မူဆယ်နယ်စပ်သို့ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးကို တရုတ်ရဲက ဖမ်း၍ ပြန်ပို့ခဲ့ကြောင်းသတင်းရရှိသည်။

ပညာရေးဝန်ထမ်း ရာထူးတိုးနှင့် အပြောင်းအရွှေ့စာရင်း ဖေဖော်ဝါရီ တွင် ကြေညာမည်

Photo: ပညာရေးဝန်ထမ်း ရာထူးတိုးနှင့် အပြောင်းအရွှေ့စာရင်း ဖေဖော်ဝါရီ တွင် ကြေညာမည်
Monday, December 23, 2013

ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းနှင့် ရုံးများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စာရင်းများကို လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။

ရာထူးပြောင်းရွှေ့နှင့် ရာထူးတိုး စာရင်းများကို မြို့နယ် ပညာရေးမှူးရုံးက ထုတ်ပြန်သောစနစ်မှာ အစိုးရသစ် လက်ထက်တွင် ပထမဆုံး အကြိမ်ဖြစ်ပြီး ထုတ်ပြန်သော စာရင်းတွင် မပါဝင်သော သူများသည် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးများထံ တိုက်ရိုက် တွေ့ဆုံ မေးမြန်းနိုင်ကြောင်း အခြေခံပညာရေး အသိုင်းအဝိုင်းက ပြောကြားသည်။

မူလတန်းကျောင်းအုပ်၊ အထက်တန်း၊ အလယ်တန်းနှင့် အလယ်တန်းပြမှ မူလတန်းကျောင်းအုပ် ရာထူးပြောင်းတို့အတွက် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ဇန်နဝါရီလ ၁၆ ရက်နေ့အတွင်း မြို့နယ် ပညာရေးမှူးရုံးသို့ လျှောက်ထား ရမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနသို့ ပေးပို့ရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးရုံးများ၏ တင်ပြချက်ကို သက်ဆိုင်ရာ အစိုးရအဖွဲ့က သဘောထား မှတ်ချက်များ ပေးနိုင်ကြောင်း ဆက်လက် ဖော်ပြထားသည်။

ပညာရေးဝန်ကြီးဌာန၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စနစ်သစ်သည် ယခင်နှစ်များထက် ပွင့်လင်းမြင်သာမှု ပိုရှိလာပြီး လျှောက်ထားသူများ၏ လိုအပ်ချက် သတ်မှတ်ချက် များကိုလည်း စနစ်ကျစွာ ထုတ်ပြန်ထားကြောင်း ပညာရေးဝန်ထမ်းများက ဆိုသည်။

အစိုးရသစ်လက်ထက် အခြေခံပညာ ကဏ္ဍတွင် မူလတန်းပြဆရာ၊ ဆရာမများ ခန့်ထားရေး၊ မသင်မနေရ မူလတန်း ပညာရေး အကောင်အထည် ဖော်ခြင်းနှင့် ကျောင်းပြင်ပ ပညာရေးတို့ ဆောင်ရွက်ခဲ့သည့်အပြင် ပညာရေး အသုံးစရိတ်များပါ တိုးမြှင့် ပေးထားသော်လည်း လက်တွေ့ ထိရောက်မှု အပိုင်းတွင် အားနည်းနေသေးကြောင်း ၎င်းတို့ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းနှင့် ရုံးများတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ တာဝန် ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများ၏ ရာထူးတိုးနှင့် ပြောင်းရွှေ့ စာရင်းများကို လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ သိရသည်။

မြစ်ကြီးနားတွင် သတ္တုလာရှာသည့် တရုတ်နိုင်ငံသား ၁၈ ဦးကို ပြည်နှင်ဒဏ်ပေးမည်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ တနိုင်းရတနာနယ်မြေသို့ တရားမ၀င် ၀င်ရောက်သည့် တရုတ်နိုင်ငံသား ၁၈ ဦးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် ဒဏ်ငွေကျပ် ငါးသိန်းစီ ပေးဆောင်စေ ပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပြည်နှင်ဒဏ် အမိန့် စောင့်ဆိုင်းနေသည်ဟု မြို့နယ်ဦးစီးအရာရှိ ဦးစိုးနောင်က ဒီဇင်ဘာ ၂၂ ရက်တွင် မဇ္ဈိမကို ပြော သည်။
“ဥပဒေအရတော့ ၁၄ ရက်တစ်ခါ အချုပ်ထဲမှာချုပ်ထားရမှာ ဒါပေမဲ့ နိုင်ငံခြားသားလည်း ဖြစ်တာကြောင့် ဟိုတယ်မှာ တည်းခိုခွင့်ပြုထားတာ အမိန့်ကျတာနဲ့ လာရာလမ်းအတိုင်းပို့ဖို့ ကျွန်တော်တို့က မြစ်ကြီးနား ကနေ မန္တလေးတိုင်းလ၀ကကို လွှဲမယ်။ သူတို့ကနေတစ်ဆင့် လာရာ တရုတ်ပြည်ကို ပြန်ပို့မယ်”ဟု ၎င်းက ပြောသည်။

ဗြိတိန်နိုင်ငံမှအမျိုးသမီးတစ်ဦး ကလေးလိုချင်လွန်းလို့ အမျိုးသား ၂၀ နှင့်အတူအိပ်ခဲ့ဖူးကြောင်းးးး

ဗြိတိန်နိုင်ငံမှ အမျိုးသမီး တစ်ဦးက သူမသည် ကလေး လိုချင် လွန်းသဖြင့် အမျိုးသား ၂၀ နှင့်အတူ အိပ်ခဲ့ ဖူးကြောင်း ထုတ်ဖော် ဝန်ခံ လိုက်သည်။
အသက် ၂၅ နှစ် ရှိပြီ ဖြစ်သော လာရာ ကာတာက ပြီးခဲ့သည့် နှစ်များအတွင်း သူမသည် ကျန်းမာရေး အရ ကလေး ရနိုင်ရန် အလွန် ခက်ခဲ မည်ဟု သိလာ ပြီးနောက် ထို အဖြေကို လက်မခံ ချင်ခဲ့ဟု ဆိုသည်။ ထို့ကြောင့်လည်း မည်သူမှန်း မသိသည့် လူစိမ်းများနှင့် လိင် ဆက်ဆံခဲ့ကြောင်း လာရာက ဆိုသည်။

ယောက်ျားတွေမုန်းတဲ့ မိန်းမတွေရဲ့ အကျင့်ငါးမျိုး

များသောအားဖြင့် ယောက်ျားတွေနဲ့ သူတို့ရဲ့ စိတ်ရှုပ်စရာ၊ စိတ်ပျက်စရာ အမူအကျင့်တွေ ကို ရေး သားကြ တာတွေ့ရတယ်။ ဒီတော့ သူတို့ဘက်ကလည်း တစ်ခါပြန်ပြီး အမျိုးသမီးတွေရဲ့ ဘယ်လိုအမူအကျင့်မျိုးကို စိတ်ပျက် တယ် ၊ မကျေနပ်ဘူးလို့ ခံစားရလည်းဆိုတာ လေ့လာကြည့်ရ အောင်ပါ။ ဒါတွေကတော့ အမျိုးသမီးတွေရဲ့ စိတ်တိုချင်စရာကောင်းတဲ့ စရိုက်လက္ခဏာအချို့ပါပဲ။

အမျိုးသမီးမောင်းနှင်လာသောကား အမြန်လမ်းတွင် တိမ်းမှောက် ကလေးနှစ်ဦးဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်တွင် အမျိုးသမီးတစ်ဦးမောင်းနှင်လာသောကားမှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် ခဲ့၍ ကလေးနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ဒီဇင်ဘာ ၁၉ ရက်က ရန်ကုန်မြို့မှ နေပြည်တော်သို့ အမျိုးသမီးတစ်ဦးမောင်းနှင်လာသော ကိုယ်ပိုင် ကားသည် မိုင်တိုင်အမှတ် ၁၀ ကြားအရောက်တွင် လမ်းကွေ့ကြောအားကွေ့စဉ် ယာဉ်အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင် ကာရံထားသောတန်းများကို တိုက်မိခဲ့သည်။
 

မူးယစ်နေသူအား မဆူရန် တားမြစ်သော ဆယ်အိမ်မှူး ခေါင်းကွဲ

မူးယစ်နေသူအား မဆူရန် တားမြစ်သော ဆယ်အိမ်မှူး ခေါင်းကွဲ
Monday, December 23, 2013

လားရှိုးမြို့တွင် မူးယစ်ရမ်းကားနေသော လူတစ်စုအား မဆူပူရန် တားမြစ်သော (၁၀)အိမ်စုမှူးအား ဘီယာပုလင်းဖြင့် ပစ်ပေါက်ရာ (၁၀)အိမ် စုမှူးခေါင်းကွဲခဲ့ရသော ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၉ တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နယ်မြေ(၁၃)၊ ဖယောင်းစက် အောက်လမ်း နေ မောင်ဝင်းရှိန်၊ ဦးတီပွား နှင့် အမည်မသိ တစ်ဦးတို့သည်
ည(၉)နာရီဝန်းကျင်တွင် သောက်စားမူးယစ်ကာ နယ်မြေအတွင်းရှိ သံပန်းသံတံခါးများကို ဘီယာပုလင်းများနှင့် လိုက်လံရိုက်နှက် ဆူပူသောင်းကျန်းနေသည်ကို (၁၀)အိမ်စုမှူးဖြစ်သူမှ မဆူညံရန် ပြောကြားရာမှ ၎င်းတို့(၃)ဦးကိုင်ဆောင်လာသော ဘီယာပုလင်းများနှင့် ပစ်ပေါက်ခဲ့ရာ (၁၀)အိမ်စုမှူးခေါင်းပေါက်ပြဲကာ လားရှိုးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။

“ကျွန်တော်က (၁၀)အိမ်စုမှူးလည်းဖြစ်တော့ ကိုယ့်ရပ်ကွက်သားတွေပဲ ဆိုပြီးတော့ မင်းတို့တွေကွာ ညဥ့်နက်နေပြီ မဆူကြပါနဲ့တော့
ပြန်ကြပါတော့ကွာလို့ပြောတာကို ဒီကောင်တွေက ခင်ဗျားက ဘာကောင်မို့လို့ပြောရ တာလဲ ဆိုပြီးတော့ဆက်သောင်းကျန်းနေပါတယ်၊
ဒါနဲ့ ကျွန်တော်လည်း (၉း၁၅)နာရီ အချိန်မှာ ရဲစခန်းကို ဖုန်းဆက် တိုင်လိုက်တာ၊ ဒါကို ဒီကောင်တွေကသိသွားပြီး ခင်ဗျားကဘာမို့လို့ ဖုန်းဆက်ရတာလဲ၊ သတ္တိရှိရင် ခြံတံခါးဖွင့်ပြီးထွက်ခဲ့ဆိုပြီး ခဲတွေ ဘီယာပုလင်းတွေနဲ့ ပစ်ပေါက်တော့တာပဲ၊ အဲဒါတွေခြံထဲမှာရှိသေးတယ်၊ ကျွန်တော် မရှင်းခိုင်းသေးပါဘူး၊ ကျွန်တော်ကတော့ သူတို့ပစ်ပေါက်တဲ့ ဘီယာပုလင်းထိပြီး ဘယ်ချိုစောင်းကွဲသွားတယ်၊ ချုပ်ထားရပါတယ်” ဟု (၁၀)အိမ်စုမှူး ဦးရန်နိုင် က ပြောသည်။

အဆိုပါမူးယစ်ရမ်းကားနေသူ မောင်ဝင်းရှိန်၊ ဦးတီပွား နှင့် အမည်မသိသူ ၎င်းတို့(၃)ဦးအား မြို့မရဲစခန်းမှ(ပ)၅၃၂/၁၃ ပုဒ်မ ၂၉၄ ၊ ၃၂၅၊ ၁၁၄ အရ အမှုဖွင့် အရေးယူဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း ရဲမှတ်တမ်းအရသိရသည်။

စိုးမင်းနိုင်
The Myanma Age
လားရှိုးမြို့တွင် မူးယစ်ရမ်းကားနေသော လူတစ်စုအား မဆူပူရန် တားမြစ်သော (၁၀)အိမ်စုမှူးအား ဘီယာ ပုလင်းဖြင့် ပစ်ပေါက်ရာ (၁၀)အိမ် စုမှူးခေါင်းကွဲခဲ့ရသော ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၉ တွင် ဖြစ် ပွားခဲ့သည်။
ဖြစ်စဉ်မှာ လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နယ်မြေ(၁၃)၊ ဖယောင်းစက် အောက်လမ်း နေ မောင်ဝင်းရှိန်၊ ဦးတီပွား နှင့် အမည်မသိ တစ်ဦးတို့သည်ည(၉)နာရီဝန်းကျင်တွင် သောက်စားမူးယစ်ကာ နယ်မြေအတွင်းရှိ သံပန်းသံတံခါးများကို ဘီယာပုလင်းများနှင့် လိုက်လံရိုက်နှက် ဆူပူသောင်းကျန်းနေသည်ကို (၁၀) အိမ်စုမှူးဖြစ်သူမှ မဆူညံရန် ပြောကြားရာမှ ၎င်းတို့(၃)ဦးကိုင်ဆောင်လာသော ဘီယာပုလင်းများနှင့် ပစ်ပေါက်ခဲ့ရာ (၁၀)အိမ်စုမှူးခေါင်းပေါက်ပြဲကာ လားရှိုးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြောင်း သိရှိ ရသည်။

နှစ် ၃၀ အတွင်း မြို့ပေါ်နေလူဦးရေ နှစ်ဆတိုးလာပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ မြို့ပေါ်နေလူဦးရေ ၂၃ သန်းကျော်သည်အထိ တိုးတက်လာနိုင်

ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း နှစ် ၃၀ အတွင်း မြို့ပေါ်နေ လူဦးရေမှာ နှစ်ဆ တိုးတက် လာကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ အကြံပေးပုဂ္ဂိုလ် သံအမတ်ကြီး ဦးလှမောင် (ငြိမ်း)က ပြောကြားသည်။
“မြန်မာနိုင်ငံမှာ ၁၉၈၀ တုန်းက မြို့ပေါ်နေလူဦးရေဟာ ရှစ်သန်းကနေ အခု ၁၆ သန်းအထိ ရှိလာတယ်။ နှစ်ဆတက်လာတယ်” ဟု သံအမတ်ကြီး ဦးလှမောင် (ငြိမ်း)က ပြောကြားသည်။

KIA စုဆောင်းတဲ့ တပ်သားသစ် ကလေးငယ်တွေလည်းပါ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင်းမှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ကနေ ဒီလဆန်းပိုင်းက တပ်သားသစ် ခေါ်ဆောင်သွားခဲ့တဲ့ ဒေသခံရွာသားတချို့ မကြာသေးခင်က ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ အခုလို KIA က တပ်သားသစ်အဖြစ် ခေါ်ဆောင်သွားသူတွေထဲမှာ အသက် မပြည့်သေးတဲ့ ကလေးငယ်တချို့လည်းပါဝင်ပြီး တပ်သားသစ် စုဆောင်းရေးမှာ ကျန်နေသေးသူတွေ လွတ်မြောက်ရေး နိုင်ငံတကာကို အကူအညီတောင်းခံသွားမယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ပြောပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက စုံစမ်းတင်ပြထားပါတယ်။

ATM ကတ်ဖြင့် ငွေထုတ်ယူရာတွင် အင်တာနက် ပြတ်တောက်ခြင်း၊ စက်ထဲတွင် ငွေသားမရှိခြင်း စသည့်အဆင်မပြေမှုများ ကြုံတွေ့ရခြင်းကြောင့် သုံးစွဲသူများ အခက်တွေ့

E-23-12
ATM ကတ်ဖြင့် ငွေထုတ်နေသူတစ်ဦးကို တွေ့ရစဉ်
ATM စက်များတွင် ATM ကတ်များဖြင့် ငွေသားထုတ်ယူရာတွင် အင်တာနက် ပြတ်တောက်ခြင်း၊ စက်ထဲ တွင် ငွေသားမရှိခြင်း စသည့်အဆင်မပြေမှုများ ကြုံတွေ့နေရခြင်းကြောင့် သုံးစွဲသူများအနေဖြင့် အခက်အခဲ များ ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။
“ATM ကတ်တွေကို သုံးစွဲတဲ့အခါ အများဆုံး ကြုံတွေ့ရတာကတော့ အင်တာနက် အဆင်မပြေ လို့ ငွေ ထုတ် လို့မရတာက အများဆုံး ဖြစ်ပါတယ်။ ATM စက်တိုင်းဖြစ်တာ မဟုတ်ရင်တော့ အွန်လိုင်းဖြစ်နေတဲ့ ATM စက်ကို လိုက်ရှာပြီး ငွေထုတ်ရတာပေါ့။ ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ ကိုယ်နဲ့နီးစပ်တဲ့ ATM စက်မှာ တစ်ခါတည်း အဆင်ပြေဖို့ လိုတာပေါ့။ မဟုတ်ရင် အချိန်တွေကြန့်ကြာပြီလေ။ တစ်ခါတလေ ထုတ်နေရင်း လိုင်းကျလို့ဆိုပြီး ငွေလည်းထွက်မလာ၊ ကတ်လည်း ပြန်ထွက်မလာဘဲ အသိမ်းခံလိုက်ရတာတွေလည်း ရှိတယ်။ ကိုယ့်ကတ်ရဲ့ စာရင်းထဲကနေ ငွေနုတ်သွားပြီး ငွေကထွက်မလာတဲ့အခါ တော်တော်များများက

ဆီးဂိမ်းစ်ပိတ်ပွဲ အခမ်းအနားကို ၀ဏ္ဏသိဒ္ဓိကွင်း၌ စည်ကားစွာ ကျင်းပခဲ့ပြီး စင်ကာပူနိုင်ငံအား ဆီးဂိမ်းစ်အလံ လွှဲပြောင်းပေးအပ်

S-23-12
ဆီးဂိမ်းစ်ပိတ်ပွဲ အခမ်းအနားကို ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်းတွင် ကျင်းပနေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၂ ရက် ညနေ ၆ နာရီက နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဆီးဂိမ်းစ်ပိတ်ပွဲ အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် တက်ရောက် ချီးမြှင့်ခဲ့ပြီး (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက အမှာစကားပြောကြား၍ ဆီးဂိမ်းစ်ပြိုင်ပွဲကို ပိတ်သိမ်းပေးခဲ့သည်။ အခမ်းအနားတွင် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၁၅ ခုနှစ် (၂၈) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စင်ကာပူနိုင်ငံအား