Friday, June 13, 2014

မဟာသန္တိသုခကိစ္စ ဒုတိယရွှေဝါရောင်တော်လှန်ရေးကို ဖန်တီးခြင်းဟု ဆရာတော်ဝီရသူမိန့်ကြား

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို နိုင်ငံတော်သံဃနာယကမဟာနယကနှင့် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးဖယ်ရှားလိုက်ခြင်းသည့် ဒုတိယအကြိမ်ရွှေဝါရောင်တော်လှန်ရေး ဖန်တီး လိုက်ခြင်းဖြစ်သည်ဟု ဇွန် ၁၂ ရက်က ဆရာတော်ဝီရသူမှ မဇ္ဈိမကို မိန့် ကြားသည်။

“ဟိုမှာတုန်းက (ပထမအကြိမ် ရွှေဝါရောင်တော်လှန်ရေး)က စစ်အစိုးရကို ကြောက်လို့ သံဃနာယက မပြောရဲတာ။ ဒီတစ်ခါကတော့ သံဃနာယက ကိုယ်တိုင်ကိုက ဒုတိယရွှေဝါရောင်အရေးအခင်းကို ဖန်တီးလိုက်တာ”ဟု ဆရာတော်ဝီရသူက မိန့်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နီပေါနိုင်ငံခရီးစဉ်ထွက်ခွာ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နီပေါနိုင်ငံ ဝန်ကြီးချုပ် Mr. Sushil Koirala ၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံ၊ ခတ္တမန္ဓူမြို့သိုသွားရောက်ရန်အတွက် ရန်ကုန်အပြည်ပြည် ဆိုငရာလေဆိပ်သို ၂၀၁၄ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေနံနက် ၆း၁၅ မနစ်တွင်ရောက်ရှိလာပြီး ၊လေဆိပ်မှ ဒီချုပ်နာယကကြီး ဦးတင်ဦး၊နီပေါနိုင်ငံဆိုင်ရာသံ အမတ်ကြီးနှင်အဖွဲချုပ်မှတာဝန်ရှိသူများမှကြိုဆိုကြပြီး ၊ ဒေါ်အောင်ဆန်းစုကြည်နှင်.အဖွဲ သည် နီပေါနိုင်ငံသိုထိုင်းလေကြောင်းလိုင်း မှTG 703 ဖြင်.့  နံနက် ၆း၃၀ မိနစ်တွင် ရန်ကုန်လေဆိပ်မှထွက်ခွါပြီးအဆိုပါခရီးစဉ်တွင် နီပေါနိုင်ငံသမ္မတ Rt. Hon. Dr. Ram Baran Yadav, ဝန်ကြီးချုပ် Rt. Hon. Mr. Sushil Koirala တို့နှင့် တွေ့ဆုံမည့်အပြင် နီပေါနိုင်ငံ လွှတ်တော် (Baneshwar) သို့ သွားရောက်လေ့လာကာ လွှတ်တော်ဥက္ကဋ္ဌ Mr. Subash Chandra Nembang နှင့်လည်း တွေ့ဆုံမည်ဖြစ်ပါသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး သဘောတူညီချက်များ

Photo: မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး သဘောတူညီချက်များ 
Friday, June 13, 2014

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ် ဇော်ဝင်း၏ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် Maj.Gen. Aziz Ahmed, psc, G ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၁၀ ရက်က နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ် ဇော်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဇွန်လ (၁၀) ရက်နေ့မှ (၁၂) ရက် နေ့အထိ နေပြည်တော်၊ Horizon Lake View Resort ၌ ပထမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးအပြီးတွင် နှစ်နိုင်ငံ ကိုယ်စားလှယ်များ၏ ဆွေးနွေး သဘော တူညီချက် မှတ်တမ်းအား ဇွန်လ (၁၂) ရက်နေ့၊ နံနက် ၉ နာရီခွဲတွင် Horizon Lake View Resort အစည်းအဝေးခန်းမ၌ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များမှ လက်မှတ် ရေးထိုးခြင်း ဆောင်ရွက်ပြီး အဆိုပါဟိုတယ် Diplomatic Lounge တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ်ဇော်ဝင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် Maj.Gen. Aziz Ahmed, psc, တို့ ဦးဆောင်၍ သတင်းထုတ်ပြန်ခြင်း ဆောင်ရွက်ခဲ့ရာ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာအဖွဲ့ (၁၁) ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။

နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များ၏ ဆွေးနွေးချက်များအရ သဘောတူညီချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(က) နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် တရားမဝင် လက်နက်ကိုင်အဖွဲ့များနှင့် ပြစ်မှု ကျူးလွန်သူများအား ထိန်းချုပ်ဟန့်တားရေးအတွက် မြန်မာနိုင်ငံ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့် တပ်ဖွဲ့ တို့အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူညီကြပါသည်။

(ခ) နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ပြုလုပ်ခဲ့သော အလံတင် အစည်းအဝေးများတွင် ဆွေးနွေး ဆုံးဖြတ်ခဲ့သည့် အချက်များအား အကောင် အထည်ဖော်ဆောင်ရွက်ရန် သဘောတူညီကြပါသည်။

(ဂ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ Precursor Chemicals နှင့် တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှု၊ အထူးသဖြင့် စိတ်ကြွ ရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်မှုများ တားဆီး ထိန်းချုပ်နိုင်ရေး အတွက် နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များနှင့် သက်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများအကြား သတင်းဖလှယ်ခြင်းများ အပါအဝင် လိုအပ်သည့်အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူညီကြပါသည်။

(ဃ) နယ်စပ်ဒေသနှင့် ဆက်စပ်သော ပြဿနာရပ်များအား ဖြေရှင်းနိုင်ရေး (သို့မဟုတ်) ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် အဆင့်ဆင့်သော ကွပ်ကဲရေးမှူးများနှင့် ဦးစီးအရာရှိများအကြား တိုက်ရိုက်ဆက်သွယ်မှု စနစ်ထူထောင်ရန် သဘောတူညီ ကြပါသည်။

(င) နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည့် ဘင်္ဂလားဒေ့ရှ် ပိုင်နက်နယ်မြေအတွင်းရှိ RSO သောင်းကျန်းသူများ၊ ယင်းတို့နှင့်ဆက်စပ်သော သတင်းအချက်အလက်များအား မြန်မာနိုင်ငံ ဘက်က ပေးအပ်မှုအပေါ် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ သဘောတူ လက်ခံခဲ့ပါသည်။

(စ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသများ၌ ၂၀၁၄ ခုနှစ်၊ မေလအတွင်း ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်များကဲ့သို့ အလားတူ ထပ်မံမဖြစ်ပွားစေရေးအတွက် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားရန် နှစ်ဘက်သဘော တူညီကြပါသည်။

(ဆ) နယ်စပ်ဒေသစီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေးစနစ်နှင့် နိုင်ငံဖြတ်ကျော် မှုခင်းများ တားဆီးနှိမ်နင်းရေးစနစ် ထူထောင်ရန်အတွက် နယ်စပ် ဆက်ဆံရေးရုံး (BLO) ဖွင့်လှစ်ရန် ကိစ္စအပေါ် မူအားဖြင့် သဘော တူညီကြပါသည်။

(ဇ) နယ်စပ်ဒေသ တစ်လျှောက်တွင် နေထိုင်သည့် ဒေသခံပြည်သူများအား နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းနှင့် စပ်လျဉ်းသည့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်ကြရန် သဘောတူညီကြပါသည်။

(ဈ) နှစ်နိုင်ငံနယ်စပ်ဒေသ တာဝန်ရှိသူများအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးအတွက် အလည်အပတ်ခရီးစဉ်များ၊ ချစ်ကြည်ရေး အားကစားပွဲများကို အခါအားလျော်စွာ ကျင်းပပြုလုပ်သွားရန် သဘော တူညီကြပါသည်။

မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နတ်မြစ်ကို ဖြတ်ကျော်ဝင်ရောက်လာသော ဖြစ်စဉ် (၂) ခုမှ ဖမ်းဆီး ခံထားရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ပြန်လည် လွှဲပြောင်းပေးရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှတစ်ဆင့် အကြောင်းကြားထားပါကြောင်း အဆိုပြုချက်အပေါ် ယင်းငါးဖမ်း သမားသည် မြန်မာနိုင်ငံ ပိုင်နက်နယ်မြေအတွင်းသို့ တရားမဝင် ဝင်ရောက်လာသဖြင့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း မြန်မာနိုင်ငံဘက်မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှလည်း ၎င်းတို့ နိုင်ငံအနေဖြင့် ပြစ်မှုကျူးလွန်သူများ သို့မဟုတ် တရားမဝင် လက်နက်ကိုင် အဖွဲ့များနှင့် စပ်လျဉ်း၍ ယင်းတို့၏မည်သည့် လုပ်ရပ်ကိုမျှ လက်ခံခြင်း မပြုသကဲ့သို့ ဘင်္ဂလားဒေ့ရှ် ပိုင်နက် နယ်မြေပေါ်တွင် အခြေချအသုံးပြုခွင့်ကို ယခင်ကလည်း ခွင့်မပြုခဲ့သည့်အပြင် နောင်တွင်လည်း ခွင့်ပြုမည်မဟုတ် ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ် အစိုးရသည် ယင်းအချက်များအတိုင်း အခိုင်အမာ ရပ်တည်လျက် ရှိပါကြောင်း၊ ဖြစ်ပွားခဲ့ပြီးသော ပြဿနာရပ်များအား ဆက်လက် စုံစမ်းဖော်ထုတ်ပြီး ဆောင်ရွက်မှုများနှင့် ရရှိလာမည့် သတင်းအချက်အလက်များကို အကြောင်း ပြန်ကြား သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ပြန်လည်ဆွေးနွေးချက် အပေါ် သဘောတူညီခဲ့ကြကြောင်း သတင်းရရှိသည်။

Credit to Hmuu Zaw
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ် ဇော်ဝင်း၏ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့် တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် Maj.Gen. Aziz Ahmed, psc, G ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၁၀ ရက်က နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ် ဇော်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဇွန်လ (၁၀) ရက်နေ့မှ (၁၂) ရက် နေ့အထိ နေပြည်တော်၊ Horizon Lake View Resort ၌ ပထမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

ယာဉ်ကြောကျပ်၍ အတွင်းခံ ၀တ်စုံဖြင့်ဆန္ဒပြသော အမျိုးသမီးကို ယာယီထိန်းသိမ်းပြီး ပြန်လွှတ်

 ပြည်လမ်းနှင့် ပါရမီ လမ်းထောင့် အေဒီမီးပွိုင့်တွင် ကားခေါင်မိုးပေါ်၌ အတွင်းခံ ဝတ်စုံဝတ်ကာ ပုံစံမျိုးစုံဖြင့် ယာဉ် ကြောကျပ်တည်းမှုအပေါ် တစ် ကိုယ်တော်ဆန္ဒပြသူ အသက် (၃၀)ကျော် အမျိုးသမီး တစ်ဦးကို မရမ်းကုန်းရဲစခန်းက ခေတ္တထိန်း သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
‘‘သူနဲ့ ဆွေမျိုးနီးစပ်သူတွေ လာခေါ်တဲ့အထိ စခန်းမှာခဏထားမှာပါ။ အမှုမဖွင့်ထားပါဘူး။ လူကောင်း ပကတိပါ။ ဘာမှမဖြစ်ပါဘူး’’ဟု မရမ်းကုန်းရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်း တစ်ဦးက ဖြေကြားသည်။

ပညာရေးဝန်ကြီးဌာနနှင့် ဒေါက်တာကျင်ဌေးအမှု ၀န်ကြီးဌာနရှုံး

ပညာရေးဝန်ကြီးဌာန နှင့် ဖြစ်ပွားနေသော အမှုအတွက် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးဌာန၊ ဌာနမှူးဒေါက်တာဒေါ်ကျင်ဌေးကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အနိုင်ပေးသော အမိန့်ချ မှတ်လိုက်ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စု တရားလွှတ် တော်ချုပ်တွင် ပထမဆုံးအကြိမ် အဖြစ် အစိုးရအာဏာပိုင်အဖွဲ့ အစည်းဖြစ်သော ၀န်ကြီးဌာနနှင့် ဌာန၀န်ထမ်းတို့ ထိပ်တိုက်အမှု ရင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး ဌာန၀န်ထမ်း က အနိုင်ရလိုက်ခြင်းဖြစ်ကြောင်း ဒေါက်တာဒေါ်ကျင်ဌေး၏ ရှေ့နေက ပြောသည်။

အစ္စလာမ် စစ်သွေးကြွတွေ ဘဂ္ဂဒက်ကို သိမ်းဖို့ခြိမ်းခြောက်

Photo: အစ္စလာမ် စစ်သွေးကြွတွေ ဘဂ္ဂဒက်ကို သိမ်းဖို့ခြိမ်းခြောက်
Friday, June 13, 2014

အီရတ်မှာ အချက်အခြာကျတဲ့ မြို့ကြီးအတော်များများကို အစ္စလာမ် စစ်သွေးကြွတွေ ထိန်းချုပ်ခဲ့ပြီးတဲ့နောက်မှာ အီရတ်မြို့တော် ဘဂ္ဂဒက်ကို သိမ်းပိုက်မယ်လို့ အစ္စလာမစ် Sunni စစ်သွေးကြွတွေက ကြာသပတေးနေ့မှာပဲ ခြိမ်းခြောက်လိုက်ပါတယ်။ Shiite မူစလင်တွေရဲ့ ဘာသာရေး အထွဋ်အမြတ်နေရာဖြစ်တဲ့ Karbala ကိုလည်း သိမ်းပိုက်မှာဖြစ်ကြောင်း အယ်လ်ကိုင်းဒါး နဲ့ ဆက်နွယ်နေတဲ့ ISIL အဖွဲ့ ပြောခွင့်ရ ကပြောပါတယ်။

ဒါပေမဲ့ အီရတ်နိုင်ငံ မြောက်ပိုင်းက Kirkuk မြို့မှာတော့ Kurd တပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီလို့ Kurd တပ်ဖွဲ့တာဝန်ခံတွေက ပြောကြားခဲ့ပါတယ်။ မြို့ကြီး အတော်များများကို အစ္စလာမ် စစ်သွေးကြွတွေ သိမ်းပိုက်ခဲ့တာမို့ Shiite တွေ ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ အခက်အခဲတွေ ကြုံနေရတဲ့ အီရတ်နိုင်ငံရဲ့ အခြေအနေကို ကြာသပတေးနေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ Mosul ကို ISIL စစ်သွေးကြွအဖွဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာအတွက် လုံခြုံရေးကောင်စီ က ပြင်းပြင်း ထန်ထန် ဝေဖန်တဲ့ ကြေညာချက် တစောင် ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပြီး အခုလို အကြမ်းဖက်မှုတွေဟာ အီရတ်နိုင်ငံလျှောက်လှမ်းနေတဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလမ်းကို နောက်ပြန်သွားစေမယ်လို့ သတိပေးလိုက်ပါတယ်။

Mosul မှာ ချထားတဲ့ စစ်တပ် တာဝန်ခံတွေဟာ သူတို့တာဝန်ယူရမယ့် စခန်းတွေနဲ့ Mosul မြို့ကို စွန့်ခွါထွက်ပြေးခဲ့ကြတာဟာ သူတို့ပါ ဒီသိမ်းပိုက်မှုမှာ ပါဝင်ပါတ်သက်နေတာပြနေတယ်လို့ အီရတ်ဝန်ကြီးချုပ် Nouri al-Maliki က ပြောကြားခဲ့ပါတယ်။ 

တချိန်တည်းမှာပဲ လက်ရှိ Mosul - Tikrit နဲ့ Fallujah မြို့တွေမှာ ထိမ်းချုပ်ထားတဲ့ စစ်သွေးကြွတွေကို တိုက်ထုတ်ဖို့ အီရတ်အစိုးရရဲ့ လုပ်ဆောင်နေမှုတွေကို အကူအညီပေးနိုင်ဖို့ အတွက် အမေရိကန် ပြည်ထောင်စုက သေသေချာချာ သုံးသပ်နေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Jan Psakai ကပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း) 
 အီရတ်မှာ အချက်အခြာကျတဲ့ မြို့ကြီးအတော်များများကို အစ္စလာမ် စစ်သွေးကြွတွေ ထိန်းချုပ်ခဲ့ပြီးတဲ့နောက်မှာ အီရတ်မြို့တော် ဘဂ္ဂဒက်ကို သိမ်းပိုက်မယ်လို့ အစ္စလာမစ် Sunni စစ်သွေးကြွတွေက ကြာသပတေးနေ့မှာပဲ ခြိမ်းခြောက်လိုက်ပါတယ်။ Shiite မူစလင်တွေရဲ့ ဘာသာရေး အထွဋ်အမြတ်နေရာဖြစ်တဲ့ Karbala ကိုလည်း သိမ်းပိုက်မှာဖြစ်ကြောင်း အယ်လ်ကိုင်းဒါး နဲ့ ဆက်နွယ်နေတဲ့ ISIL အဖွဲ့ ပြောခွင့်ရ ကပြောပါတယ်။

လွှတ်တော်အထက်မှာ တပ်မတော်ရှိတယ်ဆို

မေလ ၃၀ ရက်နေ့ ပြည်သူ့လွှတ်တော် ဒဿမပုံမှန် အစည်းအဝေး ခေတ္တနားချိန်မှာ သတင်းမီဒီယာသမားတွေကို ဒေါ်အောင်ဆန်းစုကြည်မှ လွှတ်တော်ရဲ့အထက်မှာ တပ်မတော် ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။ လွှတ်တော်က အဆိုတင်သွင်းတဲ့ ဥပဒေတစ်ခု အတည်ပြုဖို့ တပ်မတော်သားတွေရဲ့ ဆန္ဒက အဓိကမူတည်နေပြီး တပ်မတော်သားတွေ ရဲ့သဘောထားက ကာချုပ်ရဲ့ သဘောထားဖြစ်တာကြောင့် လွှတ်တော်ရဲ့ အထက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရှိနေကြောင်း၊ တပ်မတော်က လွှတ်တော်ရဲ့အထက်မှာ ရှိနေကြောင်း စသည်ဖြင့် မီဒီယာသမားများနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပြန် အလှန်ပြောဆိုခဲ့ကြပြီး ဂျာနယ်၊ သတင်းစာများနဲ့ အင်တနက် စာမျက်နှာများပေါ်မှာ လွှတ်တော်အထက်တွင် တပ်မတော်ရှိကြောင်း ဝေဝေ ဆာဆာ ဖော်ပြခဲ့ကြပါတယ်။ ဝါရင့်၊သဘာရင့် ကျွမ်းကျင်တဲ့ ဆောင်းပါးရှင် အများအပြား ကလည်း ထောက်ခံဆွေးနွေးရေးသားမှုတွေ တွေ့ခဲ့ရပါတယ်။

ဇွန် ၁၂ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ကြောင့် ရန်ကုန်တစ်မြို့လုံးနီးပါး ယာဉ်ကြောပိတ်ဆို့ကာ သွားလာမှုများ ရပ်ဆိုင်း

ဇွန် ၁၂ ရက် မနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်တစ်မြို့လုံးနီးပါး ယာဉ်ကြောများပိတ်ဆို့ကာ ရန်ကုန်မြို့တွင်း သွားလာနေသည့် ရုံးဝန်ထမ်းများ၊ ခရီးသွားပြည်သူများလည်း အချိန်အတန်ကြာသည်အထိ သွားလာမှုရပ်ဆိုင်းခဲ့ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။ 

အာရေဗျပင်လယ်ပြင်တွင် ဖြစ်ပွားနေသော မုန်တိုင်းကြောင့် မုတ်သုံလေအားကောင်းနေကာ ယင်း၏အရှိန်ကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နောက်လေးရက် အထိလည်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။

သုံးရက်ကြာ မိုးကြီးမည်

ရန်ကုန်မြို့တွင် ဇွန်လ ၁၂ ရက်က တစ်နေ့လုံးမိုးသည်းထန်စွာရွာသွန်းသောကြောင့် သွားရေးလာရေး အခက်အခဲဖြစ် ခဲ့ရာ ရေလျှံနေသော လမ်းပေါ်မှ လမ်းလျှောက်ပြန်နေသူများကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
အာရေဗျ ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော နွားနောက်မုန်တိုင်းအရှိန် ကြောင့် ရန်ကုန်မြို့ အပါအဝင်  မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ နောက်သုံးရက်အထိ မိုးကြီးမည်ဖြစ်ပြီး ရေကြီးရေလျှံမှု များဖြစ် ပေါ် လာနိုင်ကြောင်း သတင်းရရှိသည်။

နေမာ၊ အော်စကာတို့၏ သွင်းဂိုးများဖြင့် အဖွင့်ပွဲကို ဘရာဇီး အနိုင်ရ

ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်လျှောက် အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေသည့် ဘရာဇီး အသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပရသည့် ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲ၏ အဖွင့်ပွဲတွင် ပြိုင်ဘက် ခရိုအေးရှားကို ပွဲချိန် အစောပိုင်းကတည်းက ဦးဆောင်ဂိုး ပေးလိုက်ရသောကြောင့် နောက်မှ လိုက်ကစား ခဲ့ရသေးသော်လည်း လူငယ် ကစားသမား များ ဖြစ်သည့် နေမာ၊ အော်စကာ တို့၏ သွင်းဂိုးများကြောင့် အဖွင့်ပွဲကို ဂိုးပြတ် အနိုင်ရကာ အဖွင့်လှပခဲ့သည်။