မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် မတ်လ ၂၄ ရက်နေ့ တစ်ရက်အတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့မည့် အဆိပ်ပြင်း မြွေအကောင်ရေ ၃၀၀ နီးပါးနှင့် ကျပ်သိန်း ၄၀ ကျော် တန်ဖိုးရှိ ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း အုန်းချောမြို့နယ် ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းနေ့က စဥ့်ကိုင်မြို့နယ် ပလိပ်မှ တရုတ်နိုင်ငံဘက်သို့ သွားရောက်မည့်
မတ်တူးအဖြူရောင် ကားတစ်စီးကို ၁၆ မိုင် စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရာ
ယာဉ်ပေါ်တွင် အဝတ်စဖြင့် ချုပ်ထားသည့် အထုပ် ၁၄ ထုပ်အတွင်းမှ လင်းမြွေ ၉၉
ကောင် (အရှင် ၈၄၊ အသေ ၁၅)၊ မြွေပွေး ၁၅၉ ကောင် (အရှင် ၁၂၉၊