Friday, May 17, 2013

ဆီမလိုသည့်ကား ထုတ်မည့် အနာဂတ်

" ဆိုင်ကလုန်းမဟာစင် အရေး အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု အမေရိကန်က အသိအမှတ်ပြုထောက်ခံ "

ဆိုင်ကလုန်း မဟာစင် ဒဏ်ခံရနိုင်ခြေ ရှိသော ရခိုင်ပြည်နယ် မှပြည်သူများ နှင့် ဒုက္ခသည်များ အရေး အတွက် ကုလသမဂ္ဂအေဂျင်စီများ ၊ ကယ်ဆယ်ရေးအဖွဲ့အစည်းများ ၊ ဒေသခံလူမှုအဖွဲ့အစည်းများ နှင့် ကြိုတင်ပူးပေါင်းဆောင်ရွက်ခဲ့သော ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရ၏ လုပ်ရပ် အား ထောက်ခံ အသိအမှတ်ပြုကြောင်းအမေရိကန်သံရုံးက ထုတ်ပြန်ကြေငြာသည်။

တေလာဆွစ်ဖ်နေအိမ်ပိုင်နက်အတွင်း ဝင်ရောက်သည့် ပရိသတ် အဖမ်းခံရ

ရိုဟင်ဂျာ ၆ ဦးကို ပါတီကနေ ထုတ်ပယ်ရန် ကော်မရှင်ညွှန်ကြား

“အမေရိကသို့ ပထမဆုံးခြေချခဲ့သည့် ဗြိတိန်နွယ်ဝင်များ ဇာတ်တူသားစားခဲ့”

မဟာစင်ကြောင့် ထိခိုက်ပျက်စီးမှု ခန့်မှန်းထားသည်ထက် များစွာသက်သာ

အဆိုတော် ရဲလေး နှင့် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း၏ တစ်ဦးတည်းသောသမီးဖြစ်သူ မအေးမြအောင် တို့ မင်္ဂလာဆောင်မည်

အဆိုတော် ရဲလေး နှင့် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း၏ တစ်ဦးတည်းသောသမီးဖြစ်သူ မအေးမြအောင် တို့ မင်္ဂလာဆောင်မည်
Friday, May 17, 2013

ထိပ်ဆုံးမှာအမေ သီချင်းနဲ့  ပရိသတ်တွေရဲ့  တစ်ခဲနက်အားပေးမှုရရှိခဲ့သော (ဦးခင်မောင်ထွန်း) - ဒေါ်ငြိမ်းငြိမ်းတို့ရဲ့ သားလတ် မောင်ရဲထွန်းမင်း(ခ) အဆိုတော်ရဲလေးဟာ နေပြည်တော်နေ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ဒေါက်တာဝေေ၀သာ တို့ရဲ့ တစ်ဦးတည်းသောသမီးဖြစ်သူ မအေးမြအောင်တို့ဟာ နှစ်ဖက်သောမိဘတို့ဝတ္တရားနဲ့အညီ ထိမ်းမြားမင်္ဂလာဆောင်နှင်းပြီး ဖြစ်ပါသဖြင့် ၁၈-၅-၂၀၁၃ရက် စနေနေ့ နံနက် ၁၀နာရီမှ ၁၂နာရီ အချိန်အထိ ရန်ကုန်မြို့ အမှတ် ၁၆၊ သာသနာ့ရိပ်သာလမ်း၊ ဗဟန်း မြို့နယ်ရှိ မဟာစည်သာသနာ့ရိပ်သာ၊ မဟာကုသလကာရီ ဓမ္မသာလာခန်းမမှာ မင်္ဂလာဦးဆွမ်းကျွေး အခမ်းအနားကို ကျင်းပမှာဖြစ်ကြောင်းသိရှိရပါတယ်။

မင်္ဂလာဧည့်ခံပွဲကိုတော့ ၂၆-၅-၂၀၁၃ရက် (တနင်္ဂနွေနေ့) နံနက် ၁၀နာရီမှ ၁၂နာရီအထိ Strand ဟိုတယ်မှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

The first Media
ထိပ်ဆုံးမှာအမေ သီချင်းနဲ့  ပရိသတ်တွေရဲ့  တစ်ခဲနက်အားပေးမှုရရှိခဲ့သော (ဦးခင်မောင်ထွန်း) - ဒေါ်ငြိမ်းငြိမ်း တို့ရဲ့ သားလတ် မောင်ရဲထွန်းမင်း(ခ) အဆိုတော်ရဲလေးဟာ နေပြည်တော်နေ သမ္မတရုံး

ယူနိုက်တက်တွင် နည်းပြအဖြစ် တွေ့မြင်ရဖွယ် ရှိသည့် ဂစ် ယူနိုက်တက်တွင် နည်းပြအဖြစ် တွေ့မြင်ရဖွယ် ရှိသည့် ဂစ်

မူစယ်တွင် ဗုံးပေါက်ကွဲ၍ လူတစ်ယောက်သေ

အဆုတ်သန့် စင်ရအောင်

အဆုတ်သန့် စင်ရအောင်

အဆုတ်ဟာ ပြင်ပပတ်ဝန်းကျင်နဲ့ အမြဲတစေ ထိတွေ့နေရတဲ့ ခန္ဓာကိုယ်အတွင်းထဲက အဂါင်္အစိတ်အပိုင်းပါ။ မျက်နှာရှေ့မှာ ဝေ့ဝဲနေတဲ့ ဖုန်မှုန့်နဲ့ ညစ်ညမ်းတဲ့ လေထုဟာ အသက်ရှူသွင်းလိုက်တိုင်း အသက်ရှူ လမ်းကြောင်းထဲ ရောက်သွားပါတယ်။

အဆုတ်တွေကို Cilia လို အမွေးအမှင်တွေနဲ့ ကန့်သတ်ထားတဲ့အတွက် အသက်ရှူလိုက်လို့ ဝင်လာတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးနဲ့ ညစ်ညမ်းတဲ့လေထုကို တံမြက်စည်းလှည်းသလို လှည်းထုတ်လိုက်ပါတယ်။ 

အဆုတ်ဟာ လေထဲက အောက်ဆီဂျင်စစ်ယူပြီး ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ဖလှယ်တဲ့ အဓိက လုပ်ငန်းတာဝန်ကိုလည်း ထမ်းဆောင်ပါတယ်။ ဒါပေမယ့် ညစ်ညမ်းတဲ့လေထုနဲ့ အဆက်မပြတ်ထိ တွေ့နေရတဲ့ အခါမှာ ဒီလုပ်ငန်းတွေ အနှောင့်အယှက်ဖြစ်သွား ပါတော့တယ်။

ပန်းသီးစိတ်တချို့ကို ကိုက်ဝါးပေးပါ။ ပန်းသီးအများကြီးကို စားတဲ့သူတွေဟာ အနည်းငယ်စားတဲ့ သူတွေထက်နာတာရှည် သလိပ်ပါတဲ့ ချောင်းဆိုးနိုင်ခြေ ၃၃ ရာခိုင်နှုန်းလျော့နည်းကြောင်း အမျိုးသားကျန်းမာရေးတက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။ 

ပန်းသီးခွံထဲမှာပါတဲ့ Pectin နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) တွေဟာ အဆုတ်ထဲမှာ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ဒါ့အပြင် အိုဇုန်း အဆင့်မြင့်မားနေချိန်မှာ အိမ်ထဲမှာပဲနေပါ။

လေထဲက အဆိပ်ငွေ့တွေဟာ အသက်ရှူလမ်းကြောင်း ကျဉ်းစေနိုင်တဲ့ ရောင်ရမ်းမှုကို ဖြစ်စေပါတယ်။ တကယ်လို့ ပြေးတဲ့လေ့ကျင့်ခန်းလုပ်ပြီး ပုံမှန်မဟုတ်ဘဲ မောဟိုက်နေရင် သင်ဟာ အိုဇုန်းနဲ့ ထိတွေ့မိတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လေထု ညစ်ညမ်းမှုများတဲ့ အချိန်မှာ အပြင်မထွက်ဘဲ အိမ်ထဲမှာသာ နေသင့်တာဖြစ်ပါတယ်။
အဆုတ်ဟာ ပြင်ပပတ်ဝန်းကျင်နဲ့ အမြဲတစေ ထိတွေ့နေရတဲ့ ခန္ဓာကိုယ်အတွင်းထဲက အဂါင်္အစိတ် အပိုင်း ပါ။ မျက်နှာရှေ့မှာ ဝေ့ဝဲနေတဲ့ဖုန်မှုန့်နဲ့ ညစ်ညမ်းတဲ့ လေထုဟာအသက်ရှူသွင်းလိုက်တိုင်း အသက်ရှူ လမ်းကြောင်းထဲ ရောက်သွားပါတယ်။

မွေးရာပါ ခြေလေးချောင်းနှင့် ကလေးငယ် ပကတိ ကျန်းမာသည်အထိ ကုသပေးမည်

ဦးသိန်းစိန် ခရီးအကြို နိုင်ကျဉ်းများ ထပ်လွှတ်

မူဆယ်မြို့ မိုးလုံလေလုံ အားကစားရုံ အရှေ့ မိုင်းတွေ့ရှိ

မူဆယ်မြို့ မိုးလုံလေလုံ အားကစားရုံ အရှေ့  မိုင်းတွေ့ရှိ

တန်ဖိုးနည်း မိုဘိုင်းဖုန်း အလုံးရေ ခြောက်ထောင်ခန့် သုံးစွဲမှု မရှိသေး

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းများအရ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က ပြည်သူတွေ အတွက် CDMA 800 MHz မိုဘိုင်းဖုန်းအလုံးရေသုံးသိန်းခွဲချထားပေး ခဲ့ပါတယ်။ အခုလို CDMA 800 MHz မိုဘိုင်း ဖုန်း တွေကိုအလုံးရေ သုံးသိန်းခွဲချထားပေးခဲ့ကာ သက်ဆိုင်ရာမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးတွေ မှာ လျှောက်လွှာများတင်ကာ မဲစနစ်နဲ့ ပြည်သူတွေကို ရောင်းချ ပေးခဲ့တာ ဖြစ်ပါတယ်။

အခြေခံပညာ ကျောင်းများတွင် စိုက်ပျိုးရေး ဘာသာရပ်အား တွဲဖက်သင်ရိုးဝင် ဘာသာရပ်အဖြစ် ၂၀၁၃-၁၄ ပညာသင်နှစ်မှစ၍ သင်ကြားရန်စီစဉ်

Pattern Lock မေ့သွားရင် ပြန်ဖြည်နည်း

မဟာစင် မုန်တိုင်းကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူ ၁၅ ဦးသေဆုံး

မဟာစင် မုန်တိုင်းကြောင့် ဘင်္ဂလာဒေခ်ျ့တွင် လူ ၁၅ ဦးသေဆုံး
Friday, May 17, 2013

မဟာစင် မုန်တိုင်း ၀င်ရောက် တိုက်ခတ်မူကြောင့် ဘင်္ဂလာဒေခ်ျ့မှာ အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့တယ်လို့ ဘင်္ဂလာဒေခ်ျ့ အစိုးရ အရာရှိတွေကို ကိုးကားပြီး ဒီနေ့ထုတ် New Age သတင်းစာမှာ ဖေါ်ပြပါတယ်။

ယမန်နေ့ ညနေ ၉ နာရီ အချိန်ထိ ကောက်ယူစုဆောင်းတဲ့ စာရင်းအရ မုန်တိုင်းကြောင့် သေဆုံးသူဟာ ၁၅ ဦး ဖြစ်တယ်လို့ ပြောပါတယ်။
သေဆုံးသူတွေကတော့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနောက်တောင်ပိုင်းမှာ တည်ရှိတဲ့ ခရိုင်တွေက ဖြစ်ကြပါတယ်။ သေဆုံးသူတွေ အထဲမှာ ဘာရ်ဂုန ခရိုင်က ၇ ယောက်၊ ဘိုလာခရိုင်က ၂ ယောက်၊ စစ်တကောင်းက တစ်ယောက် ၊ ပေါတ၀ါခါလီက ၃ ယောက် ၊ ပီရိုဂျပူရ်က တစ်ယောက် တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းဟာ တစ်နာရီ ကီလိုမီတာ ၁၀၀ နုန်းနဲ့ စတင် ၀င်ရောက် တိုက်ခတ်ခဲ့ပြီး မုန်တိုင်း ကုန်တွင်းပိုင်းကို စတင် ဖြစ်သန်းစဉ်မှာတော့ မုန်တိုင်းဟာ အထူး အားပျော့သွားခဲ့ပါတယ်။

ဒါကြောင့်လည်း ဘင်္ဂလာဒေခ်ျ့နိုင်ငံဖို့ အထူး သက်သာရာ ရခဲ့ပါတယ်။
မုန်တိုင်း တိုက်ခတ်စဉ် အတွင်းမှာ ပင်လယ် ကမ်းခြေ ဒေသတွေမှာ ဒီရေဟာ ၆ ပေ အထိ မြှင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

မုန်တိုင်းကြောင့် သက်ကယ်မိုးအိမ် ထောင်ချီပြီး ပျက်စီးသွားခဲ့သလို သစ်ပင်တွေ အများအပြားလည်း ပြိုလဲသွားခဲ့ပါတယ်။ နွေစပါး စိုက်ခိုင်းတွေ အများအပြားလည်း လဲပြို ညွှတ်ကျသွားခဲ့တယ်လို့ ဆိုပါတယ်။
မဟာစင်တာ မုန်တိုင်းဟာ ဘင်္ဂလာ ဒေသ စံတော်ချိန် ညနေ ၄ နာရီမှာ စစ်တကောင်းနဲ့ န၀ါခါလီ မြို့အကြားကနေ ဖြတ်ကျော်ပီး အိန္ဒိယ အရှေ့မြောက်ပြည်နယ်ထဲက တစ်ခု ဖြစ်တဲ့ ထရိပူထဲကို ၀င်ရောက်သွားခဲ့ပါတယ်။

မဟာစင်ဟာ သူစတင် မွေးဖွားရာ ဘင်္ဂလာ ပင်လယ်အော်ကနေ ကီလိုမီတာ ၁၇၀၀ ကျော် ခရီးကို ၇ ရက်ခန့် ချီတက်ပြီးနောက် အိန္ဒိယ ထရိပူရ ပြည်နယ်မှာ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။
မုန်တိုင်း အန္တရာယ်ကို စိုးရိမ်တဲ့ အတွက် မြန်မာနိုင်ငံမှာ လူပေါင်း တစ်သိန်းကျော်ကို ဘေးလွှတ်ရာကို ပြောင်းရွှေ့ပေးခဲ့သလို ဘင်္ဂလာဒေခ်ျ့မှာတော့ လူပေါင်း တစ်သန်းကျော်ကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

မုန်တိုင်းရဲ့ ဒဏ်ကိုတော့ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနဲ့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့က ခံခဲ့ကြရပါတယ်။ အထူးသဖြင့် မိုးတွေ အကြီးအကျယ် ရွာသွန်းပြီး ရေတွေ ဖုံးလွှမ်းခဲ့တဲ့ အတွက် သီရိလင်္ကာမှာလည်း အနည်းဆုံး လူ (၈) ယောက် သေဆုံးခဲ့ရပါတယ်။

မုန်တိုင်း ၀င်ရောက်လုဆဲ အချိန်တွင် ဘင်္ဂလာက ပင်လယ်ကမ်းခြေ တစ်ခု အခြေtaန ( ဓါတ်ပုံ- The Daily Star)
မုန်တိုင်း ၀င်ရောက်လုဆဲ အချိန်တွင် ဘင်္ဂလာက ပင်လယ်ကမ်းခြေ တစ်ခု အခြေtaန ( ဓါတ်ပုံ- The Daily Star)
မဟာစင် မုန်တိုင်း ၀င်ရောက် တိုက်ခတ်မူကြောင့် ဘင်္ဂလာဒေခ်ျ့မှာ အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ တယ်လို့ ဘင်္ဂလာဒေခ်ျ့ အစိုးရ အရာရှိတွေကို ကိုးကားပြီး ဒီနေ့ထုတ် New Age သတင်းစာ မှာ ဖေါ်ပြ ပါတယ်။

ဆိုင်ကလုန်း မုန်တိုင်း မဟာစင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်းသို့ ဝင်ရောက် တိုက်ခတ် ၁၂ ဦး သေဆုံး


အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းမဟာစင်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်း ဒေသသို့ ဝင်ရောက်တိုက်ခတ်မှုကြောင့် ဒေသခံ ၁၂ ဦး သေဆုံးပြီး နေအိမ်တဲပေါင်း သောင်းနှင့်ချီ၍ပျက်စီးကာ လူပေါင်းတစ်သန်းခန့်မှာ ၎င်းတို့၏ အရပ်ဒေသအား စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။

မြန်မာက လူသေ အလောင်း ၂၄ လောင်း ဘင်္ဂလာဒေခ်ျ့ရေပြင်တွင် ရှာဖွေ တွေ့ရှိ

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် တစ်ခုထဲတွင် ငါးလ အတွင်း လူပျောက်မှု ၂၄ မှု ဖြစ်ပွားခဲ့

ပုံပါ မိန်းကလေးမှာ ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ်နေ မသက်ဝေလွင် ၊အသက်၁၈နှစ် (၁/မကန (နိုင်) ၁၈၁၅၃၅) (ဖုန်း-09420784496) ဖြစ်ပြီး 15.5.2013 တွင် အလုပ်သွား၇ာ မှအိမ် သိုပြန်ေ ၇ာက်လာခြင်းမရှိသည့် အတွက်သက်ဆိုင်၇ာရဲစခန်းတွင် လူပျောက်တိုင်ကြားထားပြီးဖြစ်ရာ သွေးေ ဆာင်ခြင်း၊ လက်ခံထားခြင်းစသည့် မသမာမှု တစ်စုံတရာတွေရှိက ထိရောက်စွာအရေးယူ မည်ဖြစ်ေ ကြာင်း မိဘဆွေမျိုးများမှထံမှသိရသည်။

ရခိုင်ဒေသ မုန်တိုင်းအန္တရာယ် ကင်းရှင်း၊ အစိမ်းရောင်အဆင့် သတ်မှတ်လိုက်ပြီ

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရခိုင်ကမ်းရိုးတန်းဒေသများသို့ ဖြတ်ကျော် ဝင်ရောက်ကာ အန္တရာယ်ပေးနိုင်သည့် အဆင့်အနီရောင်ရှိသည်ဟု သတိပေးမှုများ ပြုလုပ်ခဲ့ရသည့် မဟာဆန် မုန်တိုင်းသည် ယခုအခါ အန္တရာယ်မရှိသည့် အဆင့်သတ်မှတ်မှု အစိမ်းရောင်သို့ ပြောင်းလဲသွားပြီး ရခိုင်ကမ်းရိုးတန်းတွင် မုန်တိုင်း အန္တရာယ် ကင်းရှင်းသွားပြီဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက မေလ ၁၆ ရက် ည ၈း၃၀ အချိန်တွင် ထုတ်ပြန်လိုက်သည်။

မဟာစင်နဲ့ပတ်သက်ပြီး ကုလနဲ့ NGO တွေ သတင်းစာ ရှင်းလင်း

မဟာစင်နဲ့ပတ်သက်ပြီး ကုလနဲ့ NGO တွေ သတင်းစာ ရှင်းလင်း
Friday, May 17, 2013

မဟာစင်မုန်တိုင်း ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်းက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဒီကနေ့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးမှာ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကလည်း မုန်တိုင်းသင့်ဒေသက ပြည်သူ ၂သိန်းခွဲအတွက် တစ်လစာ ဆန်တန်ချိန် ၄၀၀၀ ကျော်ကို အဆင်သင့်စီစဉ်ထားပြီး ဆေးဝါးတွေကိုလည်း ကျန်းမာရေးဝန်ကြီးဌာနအပြင် တခြားအဖွဲ့အစည်းတွေကလည်း တတ်နိုင်သလောက်ဖြည့် ဆည်းနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒီနေ့သတင်းစာရှင်းလင်းပွဲကို ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေ၊ လူသားချင်း စာနာမှုဆိုင်ရာအသိုင်းအဝန်း၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ ပြည်တွင်းအန်ဂျီအိုတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

RFA
မဟာစင်မုန်တိုင်း ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်းက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဒီကနေ့ ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးမှာ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံရေးအပြောင်းအလဲနဲ့ သမ္မတဦးသိန်းစိန်၏ အိမ်ဖြူတော်ခရီး