ယာဉ်မောင်းလိုင်စင်ဖြေဆိုရာတွင်
ယခင်ကထက် အခက်အခဲများ ရှိလာသည့်အတွက် လွယ်လွယ်ကူကူ လိုင်စင်ရရှိသူဦးရေ
နည်းလာကြောင်း လိုင်စင်ဖြေဆိုသူများ ထံက သိရသည်။
``အခု
ယာဉ်မောင်းလိုင်စင်လုပ်တဲ့ဦးရေလည်း တိုးလာသလောက် ကျတဲ့သူတွေ လည်း
များလာတယ်။ ပျမ်းမျှအယောက်နှစ်ဆယ်ဖြေရင် ၄ ယောက်ပဲ အောင်တယ်။
ဘာလို့လဲဆိုတော့ စစ်ဆေးရေးပုံစံတွေ ပြောင်းလိုက်တာလည်း ပါတယ်။ ပြီးတော့
ပိုပြီး တင်းကြပ်လာတာလည်း ပါတယ်´´ဟု ကျော်စိန်လင်း(စစ်ဆေးရေးမှူး ၂) က ပြောသည်။