ထမင်းစားစား ပြီးချင်း၊ မနက်စာ၊ နေ့လည်စာ၊ ညစာစားစားပြီးချင်း ရှောင်ကြဉ်ရမယ့် လုပ်ဆောင်ချက် များ ဖြစ်ပါတယ်။
Saturday, January 18, 2014
လာမည့်တတိယဆယ်ရက်ပတ်အတွင်း တနင်္သာရီတိုင်းဒေသကြီး ကချင်ပြည်နယ် ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးအနည်ငယ် ထစ်ချုန်းရွာနိုင်
လာမည့်တတိယဆယ်ရက်ပတ်အတွင်း တနင်္သာရီတိုင်းဒေသကြီး ကချင်ပြည်နယ် ရှမ်းပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးအနည်ငယ်ထစ်ချုန်းရွာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန် ချက်အရသိရသည်။
မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၃ ခုနှစ်သည် ကမ္ဘာ့ဆန်ဈေးကွက်၌ ရပ်တည်နိုင်ရေးအတွက် အရေးကြီးသောကာလဖြစ်ခဲ့
၂ဝ၁၃ ခုနှစ် တစ်နှစ်တာအတွင်း ပြည်တွင်းပြည်ပဆန်တင်ပို့ မှုကဏ္ဍများတွင် ပြည်ပတင်ပို့မှု အား ကောင်း ခဲ့သော်လည်း ပြည်တွင်း၌ လက်လီလက်ကားအရောင်းအဝယ် များကျဆင်းခဲ့ကြောင်း၊ ထို့ အ တွက် ကြော င့် ၂ဝ၁၄ ခုနှစ် တွင် ဆန်တင် ပို့မှု၌ ပြည်ပဈေးကွက်တစ်ခု တည်း ကိုမကြည့်ဘဲ ပြည်တွင်း အရောင်း အဝယ်များ ပြန်လည်တိုးတက်လာ စေရေးကို အဓိကထား၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဆန်စပါး အသင်း ချုပ်တို့မှ ပူးပေါင်းဆောင်ရွက်မှသာလျှင် ပြည်တွင်းဆန်လုပ်ငန်းရှင်များ၏ ရပ်တည်မှုပုံမှန်အနေ အထား သို့ ပြန်လည်ရောက်ရှိလာ နိုင်မည်ဖြစ်ကြောင်း ဆန်လုပ်ငန်း ရှင်များ၏ သုံးသပ်ချက်အရ သိရ သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)တွင်မီးကြွင်းမီးကျန်မှတစ်ဆင့်မီးလောင်မှုဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) (၂၉)ရပ်ကွက် အောင်တံခွန်(၆)လမ်းနှင့် ရဲရန် အောင် လမ်းထောင့်တွင် ယနေ့မွန်းလွဲ ၂နာရီ မိနစ် ၂ဝခန့်ကအိမ်သုံးမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ သည်။
ကော့သောင်းမြို့နယ်တွင် ရွာလုံးကျွတ်နီးပါး ခဲဆိပ်သင့်နှင့် ဆင်တူသော လက္ခဏာများတွေ့
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် အောင်ဘာကျေးရွာ အုပ်စု ညောင်ဝိ ကျေးရွာတွင် ကလေးနှ င့် လူကြီးများအပါအဝင် ရွာလုံးကျွတ်နီးပါး ခဲဆိပ်သင့်သည်နှင့် ဆင်တူသော ရောဂါ လက္ခဏာများ တွေ့ရှိ ရကြောင်း ညောင်ဝိ ကျေးရွာသားများထံမှ သိရသည်။
ကျူးကျော်များ ရှင်းပြီးနောက် ပန်းလှိုင်တံတားတွင် လုံခြုံရေး တိုးမြှင့်ချထား
ထောင်နှင့်ချီသော ကျူးကျော် နေအိမ်များကို သက်ဆိုင်ရာ အာဏာပိုင်များက ရှင်းလင်း ဖယ်ရှားပြီး သည့် နောက် တွင် လှိုင်သာယာမြို့နယ်နှင့် တွံတေးမြို့နယ် အကြားရှိ ပန်းလှိုင် မြစ်ကူးတံတားတွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားလျက် ရှိကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရသည်။
အမျိုးသမီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ထပ်မံ တာဝန်ပေးရန် ဒေါ်အောင်ဆန်းစုကြည် အကြံပြု
၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်အတွင်း ဆက်ရှိမည် ဆိုပါက အမျိုးသမီးတပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များကို ထပ်မံတာဝန်ပေးအပ် သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အကြံပြု ပြောကြား သည်။
မဲမပေးရဲသော လွှတ်တော် ကိုယ်စားလှယ်များကြောင့် ရှက်မိကြောင်း သူရဦးရွှေမန်း ပြောကြား
ပြည်ထောင်စုလွှတ်တော်အတွင်း
မဲခွဲဆုံးဖြတ်ရသည့် ဥပဒေများ၊ အဆိုများတွင် မဲမပေး ရဲသော လွှတ်တော်
ကိုယ်စားလှယ်များ ရှိနေခြင်းကြောင့် အရှက်ရမိကြောင်း ပြည်ထောင်စု လွှတ်တော်
နာယက သူရဦးရွှေမန်း က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း သတိပေး
ပြောကြားသည်။
Subscribe to:
Posts (Atom)