Tuesday, May 6, 2014

ရန်ကုန်မြို့သူ မြို့သားများ ထိတ်လန့်ခဲ့ရသည့် ငလျင် တာချီလိတ်အနီး ထိုင်းနယ်စပ်ကို ဗဟိုပြုခဲ့

ရန်ကုန်၊ မေ ၅- ထိုင်းနိုင်ငံမြောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် အနီးရှိ ချင်းရိုင်ခရိုင်ကို ဗဟိုပြု၍အင်အား ရစ်ခ်ျတာစကေး ၆ဒသမသုညရှိ အင် အားကြီးငလျင်တစ်ခု မေ၅ရက်က လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါငလျင်သည်ရွှေတြိဂံဒေ သဖြစ်သည့် မြန်မာနိုင်ငံတာချီလိတ် မြို့နှင့် ကီလိုမီတာ၂ဝကျော်ခန့်အကွာ ထိုင်းနိုင်ငံမြောက်ပိုင်းကို နြေူသေ မြို့၏တောင်ဖက် ခြောက်မိုင်အကွာ ထိုင်းပြည်တွင်းတစ်နေရာကို ဗဟိုပြု ၍ ညနေ၅နာရီ၃၈မိနစ် ၄၃စက္ကန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
''တာချီလိတ်မြို့မှာတော့ သိသိ သာသာခံစားရတယ်။ ဒါပေမဲ့အပျက် အစီးကြီးကြီးမားမားတော့မရှိဘူး''ဟု တာချီလိတ်မြို့ RCSS/ SSA ရုံးမှ ဗိုလ်မှူးချုပ်စိုင်းလူးက ပြောသည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အ ရှေ့ပိုင်းတာချီလိတ်၊ ကျိုင်းတုံမြို့ တို့ နှင့်နီးစပ်ခဲ့ကြောင်း USGS ထုတ် ပြန်ချက်များအရ သိရှိရကြောင်း မိုး လေဝသပညာရှင်တစ်ဦးဖြစ် သည့် ဒေါက်တာထွန်းလွင်က ပြောသည်။

တစ်နိုင်ငံလုံးရှိ မော်တော်ယာဉ်များ အားလုံး မီးသတ်ဆေးဘူး တပ်ဆင်ရမည်

ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ပါက မီးဘေးအန္တရာယ် လျော့နည်းစေရန်နှင့် ကြိုတင်ကာကွယ်ရန်တစ်နိုင်ငံ လုံးရှိ မော်တော်ယာဉ် အမျိုးအစားများအလိုက် မီးသတ်ဆေးဘူးများ တပ်ဆင်ထားရမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န) တိုင်းဦးစီးမှူး ဦးသိန်းဦး က ပြောကြားသည်။မော်တော်ယာဉ်များတွင် သတ်မှတ်ထားသည့် ယာဉ်အမျိုးအစားအလိုက် တပ်ဆင်ထား မှုရှိမရှိကို က.ည.န ရုံးတွင် လိုင်စင်သက်တမ်းတိုးလာရောက် ဆောင်ရွက်သည့် အချိန်တွင် စစ်ဆေး မည် ဖြစ်ပြီး တပ်ဆင်ထားခြင်း မရှိသည့် မော်တော်ယာဉ်များကို သက်တမ်းတိုးပေးမည် မဟုတ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“အဝေးပြေး ကားတွေမှာ မီးသတ်ဆေးဘူးတွေ တပ်ဆင်မှု ရှိမရှိ ဆိုတာကို အဝေးပြေးကား ထွက်ချိန်တွေ မှာ တံခွန်တိုင် အဝိုင်းကနေစောင့်ပြီး ရှောင်တခင်စစ်ဆေးမှုတွေလုပ်မယ်။ တပ်ဆင်မှုမရှိတဲ့ယာဉ်လိုင်းတွေ ကို အဆင့်ဆင့် အရေးယူ အပြစ်ပေးမှာပေါ့။ ရှောင်တခင် စစ်ဆေးမှုတွေကို မေလ ပထမပတ်ကနေ စပြီး အကောင်အထည်ဖော်မယ်” ဟု တိုင်းဦးစီးမှူး ဦးသိန်းဦးက ဆိုသည်။

သမိုင်းကြောင်းရှိသော်လည်း အန္တရာယ်များနှင့် နိုင်ငံ



Photo: သမိုင်းကြောင်းရှိသော်လည်း အန္တရာယ်များနှင့် နိုင်ငံ
Tuesday, May 6, 2014

ကမ္ဘာ့ရေကြောင်းနှင့် ကုန်းနယ်မြေတွေကြားမှာ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးအရပါ အရေးပါနေတဲ့ နေရာမှာ ရှိနေပြီး သဘာဝ သယံဇာတများနှင့် ပြည့်စုံပေါများနေပြီး သာယာလှပသော သဘာဝတရားများရှိ နေသည့် နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နေပြီး အရှေ့တောင်အာရှ မှာ မော်ကြွားနိုင်သော မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် အမျိုးမျိုးသော အန္တရာယ်များနှင့် ပြည့်နှက်နေပြီး ကျေမွပေါက်ကွဲမယ့် ဆဲဆဲသို့ ရောက်ရှိ နေသည်ဟု ထင်မြင်ယူဆတွေမြင်နေရပါသည်။

မြန်မာနိုင်ငံကို အနီးဆုံးပင်လယ်ထွက်ပေါက်အဖြစ်အသုံးပြုလိုသည့် နိုင်ငံများ စီးပွားရေးအရ နှိပ်ချ အသုံးချလိုသည့် နိုင်ငံများနှင့် လူမျိုးရေးအရ၀ါးမျိုတို့တဲ့ နိုင်ငံများအပြင် နိုင်ငံတစ်ခုလုံးကို သြဇာခံအဖြစ် သွပ်သွင်းလို့သည့် နိုင်ငံများလည်းရှိပြန်သေးပါသည်။ ဒါအပြင် ကိုယ့်လူမျိုးအချင်းချင်း သွေးစည်းမှုကို လွတ်လပ်ရေးရပြီးကတည်းက အနှစ်(၆၀) ကျော်တိုင် တိုက်ပွဲများတိုက် အစဉ်တိုက်ခိုက်နေကြပြီး နိုင်ငံရဲ့ အဖိုးတန် သယံဇာတတွေကို တဖက်နိုင်ငံသို့ ဈေးပေါပေါနှင့်ရောင်းချပြီး မြန်မာနိုင်ငံ၏ သယံဇာတများကို ဈေးပေါပေါနှင့် ရယူလိုနေတဲ့နိုင်ငံကလည်း တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်မှုများကို ပါးစပ်က လူမြင် ကောင်းအောင် ငြိမ်းချမ်းရေးအတွက်ကူညီသယောင်လုပ်ဆောင်နေပေမယ့်လည်း နောက်ကွယ်မှ အားပေးနေ တာကို တွေ့မြင်ခံစားနေရပါသည်။ အနောက်ဘက်မှလည်း လူမျိုးရေးအရ၀ါးမျိုဖို့ ကြိုးစားနေတဲ့နိုင်ငံ အကျယ် အ၀န်းနဲ့ လူဦးရေမမျှတဘဲ အလွန်စွာကြောက်စရာကောင်းတဲ့ နိုင်ငံ၏ ရန်ကိုလည်း ကာကွယ်ဖို့ရှိ နေပါသည်။ သမိုင်းကြောင်းအရတာ အနိုင်ယူထားပေမယ့် လက်ရှိအချိန်တွင် မိမိတို့နိုင်ငံကို အနုနည်းနဲ့ တိုက်ခိုက်နေတဲ့ အရှေ့ဘက်က နိုင်ငံ၏ အန္တရာယ်ကိုလဲ လစ်လျူရှုထားဖို့မသင့်တဲ့ အနေအထားမှာရှိနေတဲ့ အချိန်အခါ ဖြစ်ပါသည်။ အိမ်နီးချင်နိုင်ငံများ၏ အန္တရာယ်တွေပတ်လည်ဝိုင်းရန်နေသလို အနောက်နိုင်ငံတွေမှ မြန်မာနိုင်ငံ ကို စီးပွားရေးအရ ချယ်လှယ်မှုပြုလုပ်နိုင်ဖို့ကြိုးစား ဆက်ဆံနေမှုများကိုလဲ သတိထားဆက်ဆံဖို့ လိုအပ်နေ ပါသည်။

တိုင်ပြည်မှာ အန္တရာယ်တွေဝိုင်းရံနေသော်လည်း တကိုယ်ကောင်းဆန်လိုတဲ့ သူများကြောင့် အချင်းချင်း စောင်းမြောင်းတိုက်ခိုက်နေမှုများက မရပ်ဘဲပိုပြီးတော့ တိုက်ခိုက်နေတာကို ၂၀၁၅ နီးလာလေ ပိုပြီးတွေမြင်ရ နေပါသည်။ တိုင်းရင်းသားအချင်းချင်းကလဲ အပေါ်ယံရွှေမှုန်ကြဲ ငြိမ်းချမ်းရေးယောင်ပြလုပ်ဆောင်ပြီး ဆက်လက် တိုက်ခိုက်မှုတွေပြုလုပ်ပြီး နိုင်ငံသယံဇာတတွေကို ဖြုန်းတီးနေကြတာကို တွေ့နေရပါသည်။ တိုင်းရင်းသားတစ်ခုစီမှာ လက်နက်ကိုင်အဖွဲ့တစ်ခုထက်ပိုတဲ့ အဖွဲ့တွေနဲ့ပြည်နယ်တိုင်းရင်းသားလူမျိုးစုများကို တိုးတက်အောင်မလုပ်ဆောင်ဘဲ တစ်နိုင်ငံထဲမှာနေတဲ့သူအချင်းချင်းတိုက်ခိုက်နေတာကြောင့် တိုးတက်မှုမရှိဘဲ နိုင်ငံနဲ့ မိမိလူမျိုးတွေရဲ့ ဆုတ်ယုတ်ဆင်းရဲမှုတွေနဲ့ဘဲ ပိုမိုတွေ့ကြုံနေရပါသည်။ တိုက်ခိုက်မှုများကြောင့် အနာဂတ် ခေါင်းဆောင်ဖြစ်လာမယ့် ကလေးငယ်လေးတွေရဲ့ပညာရေးတွေ ဆုံးရှုံးရ သလို အိုးမဲ့အိမ်မှုတွေနဲ့ ဖြစ်ပေါ်လာစေပါသည်။ အချင်းချင်းတိုက်ခိုက်မယ့်အစား ပူးပေါင်းပြီး နိုင်ငံ၏ စီးပွားရေး ကောင်းအောင် နိုင်ငံကိုကာကွယ်နိုင်အောင် စုပေါင်းလုပ်ဆောင်သင့်ဖို့အချိန်တိုင်နေပါပြီး----

နိုင်ငံအရေးလုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ၊ အသင်းအဖွဲ့တွေကလည်း အချင်းချင်း တိုက်ခိုက်စောင်းမြောင်းပြောဆိုအပြစ်ဖို့နေမယ့်အစား ပူးပေါင်းပြိး မိမိအဖွဲ့အစည်း၊ မိမိ၊ မိမိအသင်းအဖွဲ့ အတွက် မကြည့်ဘဲ နိုင်ငံကို ကောင်းအောင်ပိုပြီးတိုးတက်လာအောင် ပူပေါင်းလုပ်ဆောင်သင့်ဖို့အချိန်တန်နေပါပြီ---

အရေးကြီးရင်သွေးနှီးခဲ့တဲ့ သမိုင်းကြောင်းတွေရှိခဲ့တဲ့ မြန်မာပြည်မှနေထိုင်ကြတဲ့လူမျိုးစုတွေက ပေါင်းစည်းသွေးနှီးပြီး တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပေါင်းစပ်ပြီး ပတ်လည်ဝိုင်းရန်နေတဲ့ အန္တရာယ်တွေကို စုပေါင်း တွန်းလှန်ဖယ်ထုတ်ပြီး နိုင်ငံကိုတိုးတက်အောင်လုပ်ဆောင်ဖို့ အချိန်အခါရောက်နေပါပြီး။ မိမိနိုင်ငံမှ လွဲပြီး မည့်သည့်နိုင်ငံက လူမျိုးကမှမိမိနိုင်ငံကိုကောင်းစားအောင်တိုးတက်အောင်လုပ်ပေးမှမဟုတ်ပါဘူး။ အကူအညီပေးတယ်ဆိုပေမယ့် အကူအညီရဲ့ နောက်ကွယ်တွင် နှောင်ကြိုးတွေပါလာနေတဲ့အတွက်ကြောင့် မိမိတို့ကိုယ်တိုင်စည်းလုံးပြီး မိမိတို့ နိုင်ငံကိုတိုးတက်အောင်လုပ်ဆောင်ကြပါဖို့နဲ့ အချင်းချင်းစည်းလုံးကြကာ အန္တရာယ်တွေဝိုင်ရန်နေတဲ့ ကျွန်တော်တို့ နိုင်ငံကြီးကို ကယ်တင်ပြီး တိုးတက်အောင် တစ်ဦးတစ်ယောက်ချင်းမှ တစ်နိုင်ငံလုံးစုပေါင်းပြီး လုပ်ဆောင်ကြရအောင် အကြံပြုလိုက်ပါသည်။

မည်သည့်အဖွဲ့အစည်းမည်သူကိုမှ တိုက်ခိုက်ခြင်း မဟုတ် မြန်မာနိုင်ငံကြီးတိုးတက်အေးချမ်းပါစေ

မုဒုံမောင်ကောင်း
myanmarmalay@gmail.com မှ ပေးပို့လာပါသည်။ ကမ္ဘာ့ရေကြောင်းနှင့် ကုန်းနယ်မြေတွေကြားမှာ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးအရပါ အရေးပါနေတဲ့ နေရာမှာ ရှိနေပြီး သဘာဝ သယံဇာတများနှင့် ပြည့်စုံပေါများနေပြီး သာယာလှပသော သဘာဝတရားများရှိ နေသည့် နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နေပြီး အရှေ့တောင်အာရှ မှာ မော်ကြွားနိုင်သော မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် အမျိုးမျိုးသော အန္တရာယ်များနှင့် ပြည့်နှက်နေပြီး ကျေမွပေါက်ကွဲမယ့် ဆဲဆဲသို့ ရောက်ရှိ နေသည်ဟု ထင်မြင်ယူဆတွေမြင်နေရပါသည်။

အစိုးရ၀န်ထမ်း ပြန်လွှတ်ပေးရန် ကေအိုင်အေ သဘောတူထား

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ဖမ်းဆီးထားသည့် အစိုးရ၀န်ထမ်းတစ်ဦးကို ပြန် လွှတ်ပေးရန် ကေ အိုင်အေဘက်မှ သဘောတူပြီးဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော် မတီ အကြီးတန်းအရာရှိ ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမကို ပြောသည်။ တပ်မတော်မှ ကချင်ဒုက္ခသည် ၁၄ဦး ဖမ်းဆီးသွားသည်ဟု ကချင်ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ က သတင်းထုတ် ပြန်လိုက်သော မေလ ၃ ရက်တွင်ပင် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အငယ်တန်းစာရေး တစ် ဦးအပါအ၀င် စုစုပေါင်းအရပ်သား ၈ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) မှ သိရ သည်။ မေလ ၃ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်တွင် ကချင်ပြည်နယ်၊ မြစ်ဆုံဘက်သို့ အသွားကချင်ချောင်းသာ အပန်းဖြေ စခန်းသို့ သွားလည် ပတ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အငယ်တန်းစာရေးတစ်ဦးနှင့် အရပ် သားအမျိုးသားတစ်ဦး ကို ကေအိုင်အေက ဖမ်းဆီးသွားသည်ဟုဆိုသည်။ “ကေအိုင်အေက ပြောတာက တပ်ပြေးတွေကို လိုက်ဖမ်းရင်းနဲ့ ဒီပြည်နယ်စာရေးကညပ်ပါသွားတာပါ။ ဒီနေ့မဟုတ် နက်ဖြန်လွှတ်ပေးဖို့ကို ကေအိုင်အေက သဘောတူပြီးပါပြီ” ဟု ပြောသည်။

နည်းပြရာထူးတစ်နေရာရရေး မန်ယူအသင်းမှ ထွက်ခွာမည်ဟုရိုင်ယန်ဂစ်ဖွင့်ဟ

ပရီမီယာလိဂ်ကလပ်မန်ယူအသင်း၏ ယာယီနည်းပြဖြစ်သူ ရိုင်ယန်ဂစ် သည် ယခုနှစ်နွေရာသီတွင် မန်ယူ အသင်းအနေဖြင့်စာချုပ်သစ်ကမ်းလှမ်းခဲ့ခြင်းမရှိပါက ကစားသမားဘဝမှ အနားယူတော့မည်ဖြစ်ကြောင်းနှင့် နည်းပြရာထူးတစ်နေရာရရှိရေးအတွက် မန်ယူအသင်းကို စွန့်ခွာတော့မည်ဖြစ်ကြောင်း ရိုင်ယန်ဂစ်က ပြော ကြားခဲ့သည်။မန်ယူအသင်းသည် လက်ရှိတွင် လာမည့်ဘောလုံးရာသီတွင် လူးဝစ် ဗန်ဂဲလ်အား အမြဲတမ်း နည်းပြအဖြစ်ခန့်အပ်ရန် ပစ်မှတ်ထားလျက်ရှိပြီး ယင်းသို့မန်ယူအသင်း၏ ရည်ရွယ်ချက်အောင်မြင်ခဲ့ပါက ၎င်းအနေဖြင့် နည်းပြဘဝနှင့်သာမဟုတ်ဘဲ ကစားသမားဘဝနှင့်ပင် မန်ယူအသင်း၌ ဆက်ရှိတော့ မည်မဟုတ်ကြောင်း ရိုင်ယန်ဂစ်က ဆိုသည်။

ရေရှားပါးမှုပြဿနာ ဖြေရှင်းရန် ကျပ်သန်း ၃၈,၀၀၀ ကျော် သုံးမည်

 နှစ်စဉ်မတ်လမှစကာ ကြုံတွေ့နေရ သော ရေရှားပါးမှုပြဿနာများ ဖြေရှင်းရန် ယခုဘဏ္ဍာနှစ်တွင် သန်း ၃၈,၀၀၀ ကျော် သုံးစွဲသွားမည်ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကိုကိုက ပြောဆိုလိုက်သည်။ “အခုနောက်ပိုင်း ရေရရှိရေးလုပ်ငန်းအတွက် နိုင်ငံတော်ကလည်း ဘတ်ဂျက်တွေ တိုးချပေးတယ်။ နိုင်ငံ တကာက လည်း ရေပေးဝေရေးလုပ်ငန်းတွေမှာ ပူးပေါင်းတယ်။ အဲဒီတော့ ပိုပြီးတော့ ရေရရှိဖို့ နည်းလမ်းတွေရှိလာမှာပါ”ဟု ၎င်းက ပြောသည်။
“ဒေသတစ်ခုနဲ့တစ်ခု မတူဘူးပေါ့။ တချို့ရေတွင်း၊ ရေကန်တွေ တူးတာရှိမယ်။ မြေအောက်ရေတွေကို တွင်း တိမ်၊ တွင်းနက် တူးတာရှိမယ်။ တောင်ပေါ်ဒေသတွေမှာဆို စိမ့်စမ်းရေတည်တာတွေ နောက်ပြီးတော့ ရှိပြီးသား တွင်းတွေကို နှစ်စဉ်ပြန်ပြင်ပေးတာတွေ ရှိတယ်”ဟု ၎င်းက ရှင်းပြသည်။
သောက်သုံးရေများ ရှားပါးလာမှုကို ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ အချို့ဒေသများ တွင်ပါ ကြုံတွေ့လာရသည်။

အီတလီ မြို့ငယ်လေးတစ်ခုမှ ထူးခြားသော မြွေပွဲတော်



အလယ်ခေတ် အငွေ့အသက်များ ကျန်ရှိနေဆဲဖြစ်သည့် မြို့လေးတွင် ကျင်း ပသည့် အဆိုပါ ပွဲတော်သည် သူတော်စင် ဒေါမနစ်၏ ထူးခြားလှသော အနာရောဂါ ကုသမှု စွမ်းရည်ကို ဂုဏ်ပြုရည်ညွှန်းကြခြင်းဟု သိရသည်မြင်ကွင်းက အသည်းယားစရာဖြစ်သည်။ သူတော်စင် ရုပ်တုတစ်ခုကို လူအများက ထမ်းပိုးသယ်ဆောင်လာကြသည်။