Wednesday, February 11, 2015

ခေတ္တရပ်ဆိုင်းခံထားသော ရန်ကုန်မြို့ပြ ဆောက်လုပ်ရေး စီမံကိန်းများ ပြန်လည်ခွင်ြ့ပုမည့်အချိန် မသိရသေးဟုဆို


 ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ပိုင်မြေပေါ်တွင် နှစ်ရှည်စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့ပြီး ခေတ္တရပ်ဆိုင်း
ခံရသော ဆောက်လုပ်ရေးလုပ်ငန်းငါးခုကို ပြန်လည်ခွင်ြ့ပုမည့်အချိန် သေချာ မသိရသေးဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ မြို့ပြစီမံကိန်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးအောင်က မဇ္ဈိမသို့ ပြောသည်။
အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်း ငါးခုကို ခေတ္တရပ်ဆိုင်းကြောင်း ဖေဖော်ဝါရီ ၇ ရက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနှင့် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ ရောဂါရှာဖွေရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ထိုးမည်


ရောဂါရှာဖွေထိန်းချုပ် ရေး လုပ်ငန်းများ ပူးပေါင်းဆောင် ရွက်ရန် မြန်မာအပါအ၀င် မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများ ၀န်ကြီးအ ဆင့်သဘောတူညီချက် လက်မှတ်ကို လာမည့်မေလအတွင်း ရေးထိုးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။မြန်မာအပါအ၀င် တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်စသည့် မဲခေါင်မြစ်ဝှမ်း ဒေသ ခြောက်နိုင်ငံတို့မှ ဒေသတွင်း ရှိ ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုရန်နှင့် ရှာဖွေရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် လက်မှတ်ရေးထိုးမည်ဖြစ်သည်။

စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး အသတ်ခံရမှု ပြည်ပပညာရှင်များနှင့် ပူးပေါင်း၍ DNA စစ်ဆေးမည်


ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်မှ စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုတွင် သိမ်းဆည်းရမိသည့် သက်သေခံ ဆံပင်ချည်များနှင့် ပတ်သက်၍ တိကျသော အဖြေရရှိရန် ပြည်ပနိုင်ငံမှ တတ်သိ ပညာရှင်များ၏ အကူအညီဖြင့် DNA စစ်ဆေးမှုများကို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ထံမှ စုံစမ်းသိရှိရသည်။
“လူသတ်ခံရတဲ့ ဆရာမလေးရဲ့ လက်ထဲက သိမ်းဆည်းရမိတဲ့ ဆံပင်ချည်တွေက အမျိုးသား ဆံပင်လား အမျိုးသမီးရဲ့ ဆံပင်တွေလားဆိုတာ မသိရသေးဘူး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ DNA စုံစမ်းဖော်ထုတ်မှုနဲ့ ပတ်သက်ပြီး အားနည်းချက်တွေ ရှိနေတာကြောင့် ပြည်ပက တတ်သိပညာရှင်တွေပါ ဒီအမှုက သက်သေခံ ပစ္စည်းတွေကို ပူးပေါင်း စစ်ဆေးပေးဖို့ အစိုးရက စီစဉ်နေပါတယ်” ဟု ရှမ်းပြည်နယ် မှုခင်းရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ ရာနှင့်ချီသော အကျဉ်းသားများကို ပြောင်းရွှေ့




ရန်ကုန် အင်းစိန် ဗဟိုအကျဉ်းထောင်နှင့် မန္တလေးရှိ အိုးဘိုထောင် အပါအဝင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ ရာနှင့်ချီသော အကျဉ်းသားများကို ၎င်းတို့၏ မိသားစုဝင်များထံ အသိပေး အကြောင်းကြားခြင်း မရှိဘဲ ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ကြောင်း ရွှေ့ပြောင်းခံ အကျဉ်းသားများ၏ မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု လျော့နည်းနေတယ်လို့ ဒေါက်တာအောင်ထွန်းသက်ပြော


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဒီနေ့ (ဖေဖော်ဝါရီလ ၁၁ရက်) နံနက် ၉ နာရီ မိနစ် ၄၀ ခန့်က ပြန်လည်စတင်လိုက်တဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ဒေါက်တာအောင်ထွန်းသက်က တစ်ဖက်နဲ့ တစ်ဖက်ယုံကြည်မှု အားနည်းနေကြကြောင်း ပြောကြားလိုက်တယ်လို့ The Voice သတင်းထောက်က သတင်းပေးပို့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရှာဖွေနေသော ရဲရင့်သော စစ်သားတစ်ယောက်


လာမည့်ဇွန်လတွင် အသက်(၇၀)ပြည့်တော့မည့် ဒေါ်အောင်ဆန်းစုကြည်အတိုက်အခံခေါင်းဆောင်သည် ပြောင်းလဲမှု၏သင်္ကေတ ဖြစ်လာခဲ့ပြီ။ သို့သော် အာဏာပါဝါကမူ တပ်မတော်လက်ထဲတွင်သာ ရှိနေဆဲ ဖြစ်ပါသည်။ဘယ်နေရာကကြည့်ကြည့် တစ်မျှော်တစ်ခေါ် မိုင်ပေါင်းများစွာ အလှမ်းဝေးသော ရင်တ ထိတ်ထိတ်ဖြစ်စရာ တောကြီးမျက်မည်းနေရာကို မြို့တော်အဖြစ် မြန်မာ့တပ်မတော်က တည်ဆောက်ခဲ့ရာ နေပြည်တော်။ ယင်းနေပြည်တော်ရှိ ခမ်းနားလှသော လွှတ်တော်ဝင်းကြီးအတွင်းက ဌာနချုပ် အသစ်ဆီရောက်အောင် ရှည်လျားသော ခရီးတစ်ခုကို ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ဖြတ်သန်း ခဲ့ပြီးပါပြီ။ အင်းလျားကန်ဘေး ရန်ကုန်နေအိမ်၌ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသော နှစ်ပေါင်းများစွာက သူ၏ နောက်တွင် ကျန်ရစ်ခဲ့ပြီးနောက် ယခုအချိန်တွင် သူသည် လုပ်ကြံခံခဲ့ရသည့် အမျိုးသားခေါင်းဆောင် ဖခင်ဦးအောင်ဆန်း၏ ပုံရိပ်လွှမ်းမိုးမှုရှိသော ရုံးတစ်ရုံးကို ကြီးကြပ်ဦးစီးနေလေပြီ။

အွန်လိုင်းပေါ်က မိန်းမလှလေးကို တွေ့ချင်လွန်း၍ လေယာဉ်ဖြင့်လေးနာရီ ကြာသွားပြီးချိန်းတွေ့ ရာ ရုပ်ဆိုးနေသောကြောင့် မျက်နှာကို လက်သီးဖြင့်ထိုး



တရုတ်နိုင်ငံက အချစ်ရှာ ပုံတော်ဖွင့်နေသည့် ဟူအန်မော်ဆိုသည့် အသက် ၃၅နှစ်ရှိ အမျိုးသားတစ်ဦးသည် အွန်လိုင်းပေါ်တွင် ပရိုဖိုင်ပုံ အလှ အပလေးဖြင့် မိန်းမလှလေး တစ်ဦးနှင့် သိကျွမ်းသွားကာ အပြန်အလှန် မက်ဆေ့ခ်ျပို့ ဆက်ဆံ လာခဲ့သည်။