Wednesday, May 8, 2013
“အမေရိကန်တွင် ၁၀ နှစ်ကြာ ပျောက်ဆုံးနေသည့် မိန်းကလေးများကို ကယ်တင်နိုင်ခဲ့”
ဆယ်ကျော်သက်အရွယ် လွန်ခဲ့သည့် (၁၀)နှစ် ဝန်းကျင်က ပျောက်ဆုံးသွားသည့် မိန်းကလေး (၃)ဦးကို ယခု အခါ အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့ကြောင်းသိရှိရသည်။ အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုရှိ ကလိဗ်လန်း မှ မြေတိုက် အကျဉ်းခန်းတစ်ခုတွင်ရှိနေသော အမျိုးသမီး(၃)ဦးကို ယခုအခါ အောင်မြင်စွာ ကယ်ထုတ်နိုင် ခဲ့ကြောင်း ရဲများက ဆိုသည်။
တိုက်ကြီးမြို့နယ်၊ ဥတိုရွာတွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား….
ရန်ကုန်တိုင်းဒေသကြီးအတွင်းတိုက်ကြီးမြို့နယ်နှင့် ဥက္ကံမြို့ကြား၊ရန်ကုန်-ပြည်လမ်းမကြီးဘေးရှိ တိုက်ကြီးမြို့ နယ်၊ဥတိုရွာတွင် မေလ(၇)ရက်နေ့၊ညနေ(၆)နာရီခွဲခန့်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရ
နိုင်ငံတစ်ဝှမ်း တပ်ဆင်ထားတဲ့ ကြိုးဖုန်းတွေကနေ ပြည်ပ ခေါ်ဆိုခ နှုန်းထားတွေကို လက်ရှိသတ်မှတ်ကောက်ခံနေတဲ့ နှုန်းထားထက် လျော့ချလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်
နိုင်ငံတစ်ဝှမ်း တပ်ဆင်ထားတဲ့ ကြိုးဖုန်းတွေကနေ ပြည်ပ ခေါ်ဆိုခနှုန်းထားတွေကို လက်ရှိသတ် မှတ်ကောက်ခံနေတဲ့ နှုန်းထားထက်လျော့ချလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ပါတယ်။
ရှမ်းပြည်နယ်ရောက် (၈၈)မျိုးဆက် ကျောင်းသားများအဖွဲ့ကို ကန့်ကွက်ဆန္ဒပြခဲ့...
ရှမ်းပြည်နယ် မြောက်ပိုင်းတစ်ခွင် လူထုစည်းရုံးရေးအတွက် ရောက်ရှိသည့် (၈၈)မျိုးဆက် ကျောင်းသားများ အဖွဲ့ကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ဟိုပန်မြို့နယ်မှ ဒေသခံ တိုင်းရင်းသား (၂၀၀၀)ကျော် ခန့်က မေလ (၇)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ဟိုပန်မြို့အဝင် ဖောင်ဆိပ်တံတားမှ အလိုမရှိ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်းသိရသည်။
ပြည်ပထွက် အလုပ်လုပ်လိုသော မြန်မာလုပ်သား အရေအတွက် မြင့်မား
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ရှိ ရေလုပ်ငန်းတွင် ဝင်ရောက်
အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ – သန်းထိုက်ဦး / ဧရာဝတီ)
|
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပြီး
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ၀င်ရောက် လာမှုနှင့်အတူ
ပြည်တွင်းအလုပ်အကိုင်များတိုးပွားလာသော်လည်း
နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ် လုပ်ကိုင်လိုသော မြန်မာအလုပ်သမားအရေအတွက် ဆက်လက်များပြားနေဆဲဖြစ်ကြောင်း သတင်းရရှိ သည်။
လုပ် သားပို့ ခွင့်ဆိုင်း ငံ့ခံ ထိုင်းအေဂျင်စီ များ ရှုပ်ပွေ ထား မှု အခြေအနေ အသင်း ချုပ် စစ်ဆေးနေ
ထိုင်းသို့ အလုပ်သမားပို့ခွင့် ဆိုင်း ငံ့ခံထားရသော ကုမ္ပဏီ ၁၂ ခုကို ပြည်ပအလုပ်အကိုင်အေဂျင်စီ အသင်းချုပ် က မေလ ၁ဝ ရက် မတိုင်မီ အပြီးစစ် ဆေးကာ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသို့ တင်ပြ သွားမည်ဟု သိရသည်။
"ဟောင်းနွမ်းကန်ဒေါ်လာ လဲမပေးပါက ဘဏ်မန်နေဂျာနှင့် သွားတွေ့ပါ"
ကန်ဒေါ်လာအဟောင်းအနွမ်း များလဲလှယ်ပေးရန် နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့်ရဘဏ်များက ငြင်းဆန် ပါက အဆိုပါ ဘဏ်မန်နေဂျာနှင့် သွားရောက်တွေ့ဆုံခြင်းဖြင့် လဲလှယ် နိုင်သည်ဟု ဗဟိုဘဏ်ငွေကြေး စီမံ ခန့်ခွဲမှုဌာန အကြီးတန်းအရာရှိ ဦးကျော်ဝင်းတင်က ပြောသည်။
ဖခင်ဖြစ်ကြောင်း ကြေညာပေးစေလိုမှုဖြင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား တရားစွဲဆို
ပြင်ဦးလွင်မြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးကျော်သီဟအား
အရွယ်မရောက်သေးသော ကလေး၏ ဖခင်အဖြစ် မြွက်ဟကြေညာပေးစေလိုမှု ဖြင့် တရားစွဲဆို
ထားကြောင်း ပြင်ဦးလွင် ခရိုင်တရားရုံး သို့ လျှောက်ထားသည့် အဆိုလွှာအရ သိရသည်။
ဗလီများသို့ ဘာသာခြားများ ဝင်ရောက်လေ့လာခွင့် ပိတ်ပင် ထားခြင်း မရှိ ဂေါပကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဝင်ရောက်လေ့လာနိုင်ဟု ဆို
အစ္စလာမ်ဘာသာဝင်များ ဝတ်ပြု ရာ ဗလီများသို့ ဘာသာခြားများ ဝင် ရောက်လေ့လာခွင့်ကို မည်သည့်အခါ ကမျှ ပိတ်ပင်ထားခြင်းမရှိသလို ဝင် ရောက်လေ့လာလိုပါကလည်း သက် ဆိုင်ရာ ဗလီဂေါပကအဖွဲ့၏ ခွင့်ပြုချက် ရယူပြီး အချိန်မရွေး ဝင်ရောက်လေ့လာ ၍ ရကြောင်း အစ္စလာမ်ဘာသာရေး အသင်းများထံမှ သိရသည်။
လုံးဝဆုတ်ခွာမပေးနိုင်ဟု ဒီကေဘီအေပြော
ဒီကေဘီအေထိပ်တန်း ခေါင်းဆောင်များက မြိုင်ကြီးငူမှ လုံးဝဆုတ်ခွာမပေးနိုင်ဟု ပြောဆိုလိုက်သည့် တစ်ရက်တည်းမှာပင် ဒီကေဘီအေ အရာရှိအချို့သည်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ရန်ကုန်မြို့၌ လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
မူးယစ်ဆေးဝါးရောင်းဝယ်သူများ နောက်ကွယ်တွင် အာဖရိကနှင့် အီရန်မူးယစ်ဂိုဏ်းများပါဝင်နေဟုဆို
နိုင်ငံတွင်းမူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများတွင်
အာဖရိကနှင့် အီရန် နိုင်ငံ သားဂိုဏ်းဖွဲ့ ကျူးလွန်သူများက လုပ်ဆောင်နေသည်ကိုတွေ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယ ရဲချုပ် ရဲမှူးချုပ်ဇော်ဝင်းကပြောသည်။
ဇွန်လ ဆူပူ အကြမ်းဖက်မူနဲ့ ပတ်သက် တရားစွဲခံရသူ ရခိုင်အမျိုးသား ၁၀ ဦး ထောင်ဒဏ်များ ချမှတ်ခံရ
ရခိုင်ပြည်နယ်အတွင်း ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မူ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ များ အဖြစ် တရားစွဲဖမ်းဆီးခံထားရသူ ရခိုင်အမျိုးသား (၁၀) ကို စစ်တွေ ခရိုင်တရားရုံးက မေလ (၇) ရက် မနေ့က ထောင်ဒဏ် အသီးသီးစီ ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။
မယား ထမ်း ပြေးပွဲ
မယားထမ်း အပြေးပြိုင်ပွဲ (Wife Carrying Championship) ကို စတင်ပြုလုပ်တဲ့ နိုင်ငံကတော့ ဥရောပ တိုက်မှ ဖင်လန်နိုင်ငံတွင် ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်က စတင်ပြုလုပ်ပြီး ယနေ့ချိန်မှာတော့ ကမ္ဘာ့နေရာဒေ သ အနှံ့အပြား မှာ ရေပန်းစားတဲ့ အားကစားတစ်မျိုး ဖြစ်လာပါတယ်။
သြစတြေးလျ ၏ စီးကရက် ထုပ်ပိုးမှု ဆိုင်ရာ ဥပဒေ ကျူး ဘား ကန့်ကွက် မည်
သြစတြေးလျ နိုင်ငံ၏ စီးကရက်ထုပ်ပိုးမှုဆိုင်ရာဥပဒေကို ကမ္ဘာ့ ကုန် သွယ်ရေး အဖွဲ့ (ဒဗလျူတီအို)တွင် ကန့်ကွက် သွားရန် ကျူးဘားနိုင်ငံက စီစဉ်ဆောင်ရွက်ထားလျက်ရှိကြောင်း ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့ အခြေ စိုက် ဒဗလျူတီအိုက မေ ၆ ရက်တွင် ထုတ်ပြန် သော သတင်းကြေညာ ချက် တစ်ရပ်တွင် ဖော်ပြသည်။
ကသာ ရှိ ဂျော့အော်ဝဲလ် အိမ် ရှေးမူ မပျက် ထိန်း သိမ်း မည်
နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားမည့် ဂျော့ဂ်ျ အော်ဝဲလ် နေထိုင်ခဲ့သော ကသာမြို့က အိမ် (ဓာတ်ပုံ – နန်းသီရိလွင် / ဧရာဝတီ) |
လယ်ယာကဏ္ဍ ပစ္စည်းတွေအတွက် အခွန်ကင်းလွတ်ခွင့် ပေးလိုက်ပြီ
မြန်မာအစိုးရက လယ်ယာကဏ္ဍ ပိုမိုဖွံ့ဖြိုးဖို့အတွက် လယ်ယာလုပ်ငန်းသုံး ပစ္စည်းတွေ၊ စက်ကိရိယာတွေ၊ ဓာတ်မြေသြဇာတွေကို ပြည်ပကို တင်ပို့တာ၊ ပြည်တွင်းကို တင်သွင်းတာ၊ ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချ တာတွေနဲ့ ပတ်သက်ပြီး ကျသင့်တဲ့ ကုန်သွယ် လုပ်ငန်းခွန်ကို တနှစ်တာအတွက် ကင်းလွတ်ခွင့် ပြုလိုက် ပါတယ်။
ဘင်္ဂလားဒေ့ရှ် အဆောက်အဦးပြိုကျမှု သေဆုံးသူ ၇၀၀ ကျော်ပြီ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အထည်ချုပ်စက်ရုံ အဆောက်အဦး ပြိုကျမှုမှာ သေဆုံးသူအရေအတွက် ၇၀၀ ကျော် သွားပြီဖြစ်ပြီး၊ ကယ်ဆယ်ရေး လုပ်သားတွေကတော့ အပြိုအပျက်ပုံတွေအောက်က လူသေအလောင်းတွေကို ဆက်ပြီး ရှာဖွေနေဆဲ ဖြစ်ပါတယ်။
တာလတ် ပစ်ဒုံး မြောက် ကိုရီး ယား ဖယ် ရှား
မြောက်ကိုရီးယားနိုင်ငံက ကိုရီးယားကျွန်းဆွယ် ဒေသအတွင်း တင်းမာမှုတွေ ဖြစ်ပွားနေတာ ကို လျှော့ပါး သွားစေလိုတဲ့သဘောနဲ့ တာလတ်ပစ်မစ်ဇိုင်းဒုံးပျံ ၂ ခုကို ပစ်လွှတ်ဖို့ အဆင်သင့်ပြင်ဆင်ထားတဲ့ အနေအထားကနေ ပြောင်းရွှေ့ထားလိုက်တယ်လို့ ယုံကြည်ရတဲ့အကြောင်း အမေရိကန်အရာရှိတွေ က ပြောပါတယ်။
ဆိုက်ဘာတိုက်ခိုက်မှု အမေရိကန်စွပ်စွဲချက် တရုတ်ပယ်ချ
တရုတ်အနေနဲ့ Cyber အင်တာနက်ဆိုင်ရာ မသမာမှုတွေလုပ်ပြီး၊ အမေရိကန် ပြည်ထောင်စု ရဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ စစ်ရေးစီမံကိန်းတွေကိုရယူဖို့ ကြိုးစားတယ်ဆိုတဲ့ အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာန အစီရင်ခံချက်ကို တရုတ်နိုင်ငံက ငြင်းပယ်လိုက်ပါတယ်။
အသံ ထက် ငါးဆမြန်သော လေ ယာဉ် အမေ ရိကန်တို့ တီ ထွင်အောင်မြင်
Boeing X-51 လို့ အမည်ပေးထားတဲ့ လေယာဉ် ဖြစ်ပြီး ၂၀၁၀ ခုနှစ် မေလ ကတည်းက စမ်းသပ်လာတာ ယခု နောက်ဆုံး စံချိန်တင်နိုင်မှု ကတော့ တစ်နာရီ မိုင် ၄၀၀၀ ပဲ ဖြစ်ပါတယ်။
“လူ့အခွင့် အရေး စကားသံ” ရုပ်သံ အစီ အစဉ် ပြည် တွင်း ထုတ်လွှင့် ရန် စီစဉ်နေ
ရန်ကုန်(မဇ္ဈိမ)။ မြန်မာနိုင်ငံတွင် ပထမဆုံးလူ့အခွင့်အရေး ပညာပေးရုပ်သံ အစီအစဉ်အဖြစ် ပြည်တွင်း ရုပ်သံလိုင်းများတွင် ပြသနိုင်ရန်
“လူ့အခွင့်အရေးစကားသံ” အစီအစဉ်ကို မေလ ၇ ရက်တွင် စတင် ရိုက် ကူးနေပြီ ဖြစ်သည်။
လယ်ယာမြေပြဿနာများ ရန်ကုန်တိုင်းအစိုးရ ကိုင်တွယ်ဖြေရှင်းရာမှာ အားနည်း
ရန်ကုန် (မဇ္ဈိ)။ ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာမြေပြဿနာများ တိုင်းအစိုးရအဖွဲ့က ကိုင်တွယ်ဖြေရှင်း ရာတွင် အားနည်းမှုများရှိနေကြောင်း တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကျော် က ပြောသည်။
ပါတီများအားလုံး ၂၀၁၅ နေရာရရေးထက် လူထုအကျိုးစေတနာရှိစွာ လုပ်ရန်လိုကြောင်း ဦးဌေးဦးဆို
ရွေးကောက်ပွဲဆိုသည်မှာ မဲဆန္ဒရှင် ပြည်သူလူထုမှ မိမိတို့ ၏ အကျိုးဆောင်ရွက်မည့်ပုဂိ္ဂုလ် များ၊ ပါတီများ အားလုံး ယုံကြည်စွာဖြင့် ဆန်္ဒပေးရွေးချယ်တင် မြောက်ခြင်းဖြစ်သဖြင့် ပါတီများအနေဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီးတွင် နေရာရရှိ ရေးထက် ပြည်သူလူထုအကျိုးကို သာ စေတနာ ရှိစွာ ရှေ့ တန်းထား လုပ်ဆောင်ရန်သာ အဓိကလိုအပ်ကြောင်းနှင့် လူထုအပေါ် အကျိုးပြုနိုင် ဆုံးနှင့် စေတနာ အထားနိုင်ဆုံးသောသူများသာ လူထု၏အသိအမှတ်ပြုခြင်းခံရမည်ဖြစ်ကြောင်း ပြည်ခိုင် ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ဆို သည်။
“ဖိလစ်ပိုင် မေယွန်မီးတောင်ပေါက်ကွဲမှု တောင်တက်သမား ၅ ဦး သေဆုံး”
ဖိလစ်ပိုင် နိုင်ငံတွင် မီးတောင်တစ်ခုမှ ကျောက်တုံးများ မှုတ်ထုတ်လိုက်ရာ
တောင်တက်သူ (၅)ဦး သေ ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဖိလစ်ပိုင်၏
လှုပ်ရှားနိုးကြွမှု အရှိဆုံး မီးတောင်များအနက် တစ် ခုဖြစ်သော မေယွန် မီးတောင်သည် အင်္ဂါနေ့က လှုပ်ရှားမြည်ဟည်းကာ ကြီးမားသော ကျောက် စိုင် ကျောက်တုံးများကို မှုတ်ထုတ်ခဲ့သည်။
မြန်မာနိုင်ငံသည် အာရှတိုက်တွင် သဘာဝဓာတ်ငွေ့ အများဆုံး တင်ပို့ရောင်းချနေသော နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒသမအများဆုံး တင်ပို့သော နိုင်ငံဖြစ်
(ဓာတ်ပုံ - အမ်းမြို့နယ် ကျောက်မြောင်းကျေးရွာအနီး ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းနေမှုကို တွေ့ရစဉ်) |
လက်ရှိ ပြည်ပသို့ ဓာတ်ငွေ့တင်ပို့ ရောင်းချနေသည့် အခြေအနေအရ မြန်မာနိုင်ငံသည် အာရှတိုက်တွင် သဘာဝဓာတ်ငွေ့ အများဆုံး တင်ပို့ရောင်းချနေသော နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒသမအများဆုံး တင်ပို့သော နိုင်ငံဖြစ်ကြောင်း သိရှိရသည်။
Subscribe to:
Posts (Atom)