Thursday, August 28, 2014

ခြိမ်းခြောက်သဖြင့် ဗုံးခွဲခဲ့ရခြင်းဖြစ်ဟု သံသယတရားခံ ဖြောင့်ချက်ပေး

ရန်ကုန်မြို့လယ်ဗုံး ဖောက်ခွဲမှုတွင် အဓိကကျူးလွန် သူဟု စွပ်စွဲခံရသူမောထသည် ခြိမ်းခြောက်ခံရသဖြင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်ဟု အနောက်ပိုင်း ခရိုင် တရားရုံးတွင် သြဂုတ် ၂၇ ရက်က ဖြောင့်ချက်ပေးခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများ ဟိုတယ်နှင့် အလုံလမ်းရှိ WesternPark Rubyစားသောက်ဆိုင်တို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကျူးလွန်သူဟု သံသယရှိသူသုံးဦးကို  ဖမ်းဆီးပြီး ရုံးတင်စစ်ဆေးလျက်ရှိသည်။ သြဂုတ် ၂၇ ရက်တွင် Western Park စားသောက်ဆိုင်၌ ဗုံးရှာဖွေတွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ အဓိကကျူးလွန်သူဟု စွပ်စွဲခံထားရသူ စောမြင့်လွင် (ခ) မောထကို စတင်ရုံးထုတ်စစ်ဆေးခဲ့ရာ ၎င်းမှာKNLA တပ်မဟာ (၅) ဒုတပ်ရင်းမှူး စောနေတိုးက ခြိမ်းခြောက်ပြောဆို  ခိုင်းစေခဲ့သောကြောင့် ကုန်သည်ကြီးများ ဟိုတယ်နှင့် Western Park Rubyစားသောက်ဆိုင်တွင် ဗုံးထောင်ခဲ့ကြောင်း ဖြောင့်ချက်ပေးခဲ့သည်။

ရန်ကုန်တိုင်း အစိုးရ တင်သွင်းသည့် ပုဂ္ဂလိက မော်တော်ယာဉ် ဥပဒေကြမ်း အငြင်းပွားမှုဖြစ်နေ

 Photo: ရန်ကုန်တိုင်း အစိုးရ တင်သွင်းသည့် ပုဂ္ဂလိက မော်တော်ယာဉ် ဥပဒေကြမ်း အငြင်းပွားမှုဖြစ်နေ
Thursday, August 28, 2014

နိုင်ငံတော် ပြန်တမ်း ထုတ်ပြန်ချက်နှင့် ကွဲလွဲနေသည့် ပုဂ္ဂလိက မော်တော်ယာဉ် ဥပဒေကြမ်းကို ရန်ကုန်တိုင်း အစိုးရက သြဂုတ်လ ၂၂ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်သို့ တင်သွင်းခဲ့သည့်အတွက် လွှတ်တော်တွင်း ကန့်ကွက် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပုဂ္ဂလိက မော်တော်ယာဉ် ဥပဒေကြမ်းကို လွှတ်တော်တွင်း မဆွေးနွေးမီ ပြည်သူများသိစေရန် လုပ်ထုံးလုပ်နည်းအရ ပြည် ထောင်စု မြန်မာနိုင်ငံတော် ပြန်တမ်းတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်က ထုတ်ပြန်ထားပြီး ဖြစ်သည်။

သို့သော် ယခု တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးရန် ပြန်လည်တင်သွင်းရာ၌ ပြန်တမ်းတွင် ထုတ်ပြန်ထားချက်နှင့် ကွဲလွဲနေ သည့် အတွက် ကန့်ကွက် ဝေဖန်မှု ပြုလုပ်ရခြင်း ဖြစ်ကြောင်း လွှတ်တော်အမတ် တချို့က ပြောသည်။

ထို့အပြင် တိုင်းဒေသကြီး လွှတ်တော် နည်းဥပဒေ ၁၃၁ အရ တိုင်းဒေသကြီးအစိုးရမှ တင်သွင်းသည့် အများပြည်သူနှင့် သက်ဆိုင် သော ဥပဒေ ကြမ်းကို လွှတ်တော်သို့ တင်သွင်းမည်ဆိုပါက အများပြည်သူ သိရှိစေရန် ထုတ်ပြန်ကြေညာပြီးမှသာ လွှတ်တော်တွင်း ဆွေးနွေး ညှိနှိုင်း တင်ပြခွင့်ရှိကြောင်း သိရသည်။

ယခု ပြန်လည်တင်သွင်းသည့် ပုဂ္ဂလိက မော်တော်ယာဉ် ဥပဒေကြမ်းသည် အဆိုပါ တိုင်းဒေသကြီး လွှတ်တော် နည်းဥပဒေကို ဖောက်ဖျက် ဆန့်ကျင်ရာ ကျသည့်အတွက် ကန့်ကွက် ခြင်းဖြစ်သည်ဟု ဗဟန်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း ကပြောသည်။

“ပြန်တမ်းမှာ ထုတ်ပြန်ထားတာက တမျိုး အခုချပြတာက တမျိုးဖြစ်နေတယ်။ ဒါကကွဲပြားနေတယ်။ ဒါကအစိုးရက လက်တလုံး ကြား လှည့်စားရာ ရောက်တဲ့အတွက် ကျမကန့်ကွက်တာ ဖြစ်တယ်။ ဒီဥပဒေကြမ်းကို ကန့်ကွက်တာ မဟုတ်ဘူး။ ဥပဒေချိုးဖောက် ရာရောက်ပါတယ်။ ဒါက နည်းဥပဒေကိုလည်း ချိုးဖောက်တာပါ။ အမှန်က အခုအသစ်တင်ပြလာတဲ့ ဥပဒေကြမ်းကို ပြည်သူကိုထုတ် ပြန်ချပြပြီးမှ ဆွေးနွေးလို့ရပါမယ်”ဟု ဒေါက်တာ ညိုညိုသင်းက ပြောဆိုသည်။

ထိုသို့ထုတ်ပြန်ထားသည့် နည်းဥပဒေနှင့် ကွဲလွဲနေသော်လည်း လွှတ်တော်အတွင်း ဆက်လက်ဆွေးနွေးသင့်၊ မသင့်ကို မဲခွဲဆုံးဖြတ် စေခဲ့ရာတွင် ဆက်လက်ဆွေးနွေးရန် ထောက်ခံသည့် မဲအရေအတွက် များခဲ့သောကြောင့် အဆိုပါဥပဒေကို ဆက်လက်ဆွေးနွေးရန် လွှတ်တော် ဥက္ကဌ က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“နည်းဥပဒေမှာ ပြဌာန်းထားသလို ကျနော်တို့ ဥပဒေကြမ်းကို နိုင်ငံတော်ပြန်တမ်းကို ပို့ထားပါပြီ။ နိုင်ငံတော်ပြန်တမ်းက မထုတ်ပြန် သေးတာဖြစ်တယ်။ ဒီတော့ ကျနော့်အနေနဲ့ လုပ်သင့်တဲ့အတိုင်း မဲခွဲခဲ့တာဖြစ်ပါတယ်”ဟု လွှတ်တော် ဥက္ကဌ ဦးစိန်တင်ဝင်းက ဧရာဝတီ က မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

ယခု အသစ်တင်လာသည့် ပုဂ္ဂလိက မော်တော်ယာဉ် ဥပဒေကြမ်းတွင် ယာဉ်သွားလာမှုနှင့်ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်း ရေး အတွက် လုပ်ဆောင်ရမည့် အခန်း အပါအဝင် အခန်း(၁၅)ခန်း ပါဝင်ကြောင်း၊ ဥပဒေ ပုဒ်မပေါင်း ၃၁ ခုပါရှိကြောင်း ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ခင်က လွှတ်တော်တွင် ပြောကြားခဲ့သည်။

မူလက ပြန်တမ်းတွင် ဖော်ပြထားသည့် ဥပဒေကြမ်းတွင်မူ အခန်း(၁၂)ခန်းနှင့် ပုဒ်မ ၂၅ ခုသာ ပါဝင်ပြီး တချို့အခန်းများတွင်လည်း ပြင်ဆင် ဖြည့်စွက်မှုများ ရှိသည်ကို ဥပဒေကြမ်း ၂ ခု နှိုင်းယှဉ်ချက် အရ သိရသည်။

ထပ်မံတင်ပြသည့် ဥပဒေကြမ်း၌ ယခင်ဖော်ပြထားသည့် ဥပဒေကြမ်းတွင်မပါဝင်သည့် ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ကြီးကြပ် ကွပ်ကဲရေး အဖွဲ့ ဖွဲ့စည်းခြင်း အပါအဝင် အခန်း(၃)ခန်း ထပ်မံ ထည့်သွင်းထားသည်ကို တွေ့ရသည်။

“မူလက ထုတ်ပြန်ထားချက်မှာက ယာဉ်ပိုင်ရှင်များ၊ ကော်မတီဝင်များကို နည်းဥပဒေနဲ့အညီ ရွေးချယ်တင်မြှောက်ရမယ်လို့ ပါတယ်။ အခုကျတော့ အဲဒီအချက် မပါတော့ဘူး။ နောက်တခုကျတော့ ကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနဲ့ ကော်မတီဝင် တဦး ကို အစိုးရအဖွဲ့က ရွေးချယ် တာဝန်ပေးအပ်ရမယ်လို့ ပါတယ်။ အခုလို ပြည်သူက ရွေးချယ်သူမရှိရင် အစိုးရ စိတ်ကြိုက်လုပ်တဲ့ ကော်မတီပဲ ဖြစ်နေမယ်ဆိုရင် ပြည်သူနစ်နာတယ်”ဟု ဒေါက်တာ ညိုညိုသင်းက ပြောသည်။

ယခု ဥပဒေကြမ်းတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်ပတ်သက်သည့် လုပ်ငန်း ကော်မတီ ဖွဲ့စည်းရာတွင် ကော်မတီ ဒု ဥက္ကဌ၊ တွဲဖက်အတွင်းရေးမှူး တို့ကို ယာဉ်လိုင်းအသီးသီးက ကိုယ်စားလှယ်များက ရွေးချယ်နိုင်သည်ဟု ဖော်ပြထားသော်လည်း တာဝန်များသည် ဆုံးဖြတ်ချက်ချနိုင်သည့် တာဝန်များ မဟုတ်ကြောင်း၊ ဖွဲ့စည်းရမည့် ကော်မတီမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချမှတ်ခြင်း၊ မော်တော်ယာဉ်ပြေးဆွဲမှု လုပ်ငန်းစဉ်များ ချမှတ်ခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်ရမည့် အဖွဲ့ ဖြစ်သောကြောင့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်မှသာ ပြည်သူ အကျိုးရှိနိုင်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။

ထို့အပြင် ဥပဒေ မူကြမ်းနှစ်ခု နှိုင်းယှဉ်ချက်အရ လစဉ်ကောက်ခံရသည့် ရန်ပုံငွေများထဲမှ သတ်မှတ်ရန်ပုံငွေအား တိုင်းဒေသကြီး အစိုးရ၏ ဖွံ့ဖြိုးရေး ရန်ပုံငွေများ ဆောင်ရွက်ရန်အတွက် ထည့်သွင်းရခြင်းအပါအဝင် ကော်မတီဝင် သက်တမ်းကိုလည်း တနှစ်လျှော့ ခြင်း၊ ကော်မတီ၏ လုပ်ငန်း တာဝန်များတွင် ပုဒ်မငယ် ၆ ခုကို ထပ်တိုးထားသည်ကို တွေ့ရသော်လည်း တိုင်း ဒေသကြီး အစိုးရ သို့ ပေးရမည့် သတ်မှတ်ရန်ပုံငွေပမာဏကိုမူ ဥပဒေကြမ်းတွင် တိကျစွာ ဖော်ပြထားခြင်း မရှိပေ။

ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းတွင်လည်း ပြစ်ဒဏ် သတ်မှတ်ချက်များတွင် မူလဖော်ပြခဲ့သည့် ဥပဒေကြမ်းပါ ပြစ်ဒဏ်များနှင့် ကွဲလွဲမှု များရှိ သည်ကိုတွေ့ရပြီး တာဝန်ဝတ္တရား နှောင့်ယှက်မှုနှင့် ပူးပေါင်းကြံစည်အားပေးမှု တို့ အတွက် ချမှတ်မည့် ပြစ်ဒဏ်များကို ထပ်မံဖြည့်စွက်ထားသည်ကို တွေ့ရသည်။

၄၈ ယာဉ်လိုင်း ထောင်ထားသော ယာဉ်ပိုင်ရှင်တဦး ဖြစ်သည့် ကိုအုန်းလှဌေး ဆိုသူက“ကျနော်တို့ ယာဉ်ပိုင်ရှင်တွေ သိထားတာက ထုတ်ပြန်ထားတာပဲ သိတာ၊ အဆိုးဆုံးက အခုထုတ်ပြန်တဲ့အသစ်မှာကို မတွေ့ရဘူး၊ အခု သိရသလောက် တကယ်လုပ်တဲ့ ကော်မတီ တွေမှာ ကျနော်တို့ ရွေးခွင့်က အကန့်အသတ်နဲ့ဖြစ်တယ်။ တကယ်ဆုံးဖြတ်ပေးနိုင်တဲ့ သူတွေကို ကျနော်တို့က ရွေးချယ်ခွင့် မရှိဘူးဖြစ်နေတယ်။ အစိုးရက အပြောတမျိုး အလုပ်တမျိုးဖြစ်နေတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ကွဲလွဲချက်များ၊ ပြဌာန်းထားသည့် တိုင်းဒေသကြီးနည်းဥပဒေနှင့် ဆန့်ကျင့်မှုများ ရှိနေသော်လည်း လွှတ်တော်တွင်း မဲခွဲမှုအရ ကန့်ကွက်သည့် လွှတ်တော်အမတ်များ၏ အဆိုရှုံးနိမ်းခဲ့သည့်အတွက် လာမည့် စက်တင်ဘာ ၁ ရက်တွင် အဆိုပါ ပုဂ္ဂလိက မော် တော်ယာဉ် ဥပဒေကြမ်းကို တိုင်းဒေသကြီး လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်၏ ပထမအကြိမ် နဝမမြောက် ပုံမှန်အစည်းအဝေးကို သြဂုတ် ၂၂ ရက်မှ စက်တင်ဘာ ၅ ရက် အထိ ကျင်းပနေခြင်း ဖြစ်သည်။
ဧရာဝတီ
နိုင်ငံတော် ပြန်တမ်း ထုတ်ပြန်ချက်နှင့် ကွဲလွဲနေသည့် ပုဂ္ဂလိက မော်တော်ယာဉ် ဥပဒေကြမ်းကို ရန်ကုန်တိုင်း အစိုးရက သြဂုတ်လ ၂၂ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်သို့ တင်သွင်းခဲ့သည့်အတွက် လွှတ်တော်တွင်း ကန့်ကွက် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။အဆိုပါ ပုဂ္ဂလိက မော်တော်ယာဉ် ဥပဒေကြမ်းကို လွှတ်တော်တွင်း မဆွေးနွေးမီ ပြည်သူများသိစေရန် လုပ်ထုံးလုပ်နည်းအရ ပြည် ထောင်စု မြန်မာနိုင်ငံတော် ပြန်တမ်းတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်က ထုတ်ပြန်ထားပြီး ဖြစ်သည်။
သို့သော် ယခု တိုင်းဒေသကြီး လွှတ်တော်တွင် ဆွေးနွေးရန် ပြန်လည်တင်သွင်းရာ၌ ပြန်တမ်းတွင် ထုတ်ပြန်ထားချက်နှင့် ကွဲလွဲနေ သည့် အတွက် ကန့်ကွက် ဝေဖန်မှု ပြုလုပ်ရခြင်း ဖြစ်ကြောင်း လွှတ်တော်အမတ် တချို့က ပြောသည်။

ရွှေတံဆိပ်ရရင် ထိုင်းဘောလုံးအသင်းကို ဆုငွေ ဘတ်သန်း ၅၀ ချီးမြှင့်မည်

 Photo: ရွှေတံဆိပ်ရရင် ထိုင်းဘောလုံးအသင်းကို ဆုငွေ ဘတ်သန်း ၅၀ ချီးမြှင့်မည်
Thursday, August 28, 2014

တောင်ကိုးရီးယားနိုင်ငံ အင်ချွန်မြို့မှာ ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲမှာ ထိုင်းလက်ရွေးစင် ဘောလုံးအသင်းက ရွှေတံဆိပ် ဆွတ်ခူးနိုင်မယ်ဆိုရင် ဆုကြေးငွေ အမြောက်အမြား ချီးမြင့်ခံရမှာ ဖြစ်ပါတယ်။
ဘောလုံးအသင်း က ရွှေတံဆိပ်ရခဲ့ မယ်ဆိုရင် ဘတ် သန်း ၅၀ ချီးမြှင့်မယ်လို့ ထိုင်း ဘောလုံးအသင်း မန်နေဂျာ ကေဆန် ဂျရီယာဝပ်ဝန် က ပြောပါတယ်။

ထိုင်းဟာ အာရှအားကစား ပြိုင်ပွဲမှာ တခါမှ ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့ခြင်းမရှိသလို ၁၉၉၀၊ ၁၉၉၈ နဲ့ ၂၀၀၂ မှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။

ဒီနှစ် အာရှ အားကစားပြိုင်ပွဲတွေကို စက်တင်ဘာ ၁၉ ကနေ အောက်တိုဘာ ၄ ရက်နေ့ အထိ ကျင်းပမှာလည်း ဖြစ်ပါတယ်။

ထိုင်းဟာ အသက် ၂၃ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲမှာ အင်ဒိုနီးရှား၊ မော်လဒိုက်နဲ့ အရှေ့တီမောအသင်းတွေနဲ့ အတူ ကျရောက်နေတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၀ ရက် အင်ချွန်ကို မသွားခင်မှာ မြန်မာ၊ ဖူးခတ်ကလပ်၊ ကာတာ အသင်းတွေနဲ့ ခြေစမ်း ကစားမှာ ဖြစ်ပါတယ်။
ဒီဗွီဘီ
တောင်ကိုးရီးယားနိုင်ငံ အင်ချွန်မြို့မှာ ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲမှာ ထိုင်းလက်ရွေးစင် ဘောလုံးအသင်းက ရွှေတံဆိပ် ဆွတ်ခူးနိုင်မယ်ဆိုရင် ဆုကြေးငွေ အမြောက်အမြား ချီးမြင့်ခံရမှာ ဖြစ်ပါတယ်။
ဘောလုံးအသင်း က ရွှေတံဆိပ်ရခဲ့ မယ်ဆိုရင် ဘတ် သန်း ၅၀ ချီးမြှင့်မယ်လို့ ထိုင်း ဘောလုံးအသင်း မန်နေဂျာ ကေဆန် ဂျရီယာဝပ်ဝန် က ပြောပါတယ်။ထိုင်းဟာ အာရှအားကစား ပြိုင်ပွဲမှာ တခါမှ ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့ခြင်းမရှိသလို ၁၉၉၀၊ ၁၉၉၈ နဲ့ ၂၀၀၂ မှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။ဒီနှစ် အာရှ အားကစားပြိုင်ပွဲတွေကို စက်တင်ဘာ ၁၉ ကနေ အောက်တိုဘာ ၄ ရက်နေ့ အထိ ကျင်းပမှာလည်း ဖြစ်ပါတယ်။

အဂတိလိုက်စားမှုများ စုံစမ်းဖော်ထုတ်ရန် သမ္မတနှင့် လွှတ်တော်က ကော်မရှင်ထံ တာဝန်ပေးခြင်း မရှိသေး

အစိုးရ၀န်ထမ်းများကြားတွင် လာဘ်ပေးလာဘ်ယူကိစ္စများ ရှိနေဆဲဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က မကြာမီကကျင်းပခဲ့သည့် အစိုးရအဖွဲ့ လေးလပတ် အစည်းအဝေးတွင် ၀န်ခံပြောကြားခဲ့သော်လည်း စုံစမ်းဖော်ထုတ်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တာဝန်ပေးခြင်းမရှိသေးကြောင်း ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ဩဂုတ်လ ၂၀ ရက်နေ့က နေပြည်တော် ရှိ သမ္မတ အိမ်တော် အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ၂၀၁၃ - ၁၄ ခုနှစ် ပထမလေးလပတ် အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က ၀န်ထမ်းများအတွင်း လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိလိုက်စားမှုများ
ရှိနေဆဲဖြစ်ပြီး လာဘ်ပေးလာဘ်ယူ ကိစ္စများ ပပျောက်စေရန် ၀န်ထမ်းများ၏ စိတ်ဓာတ်ကအစပြောင်းလဲရန် လိုအပ်ကြောင်း၊ ကျန်ရှိသည့် အစိုးရ သက်တမ်းကာလအတွင်း လာဘ်ပေး လာဘ်ယူမှုလျော့နည်း ပပျောက်ရန် အရှိန်မြှင့်တင် ဆောင်ရွက်ရန်လိုကြောင်း ထည့်သွင်း
ပြောကြားခဲ့သည်။

မန္တလေးနှင့် နေပြည်တော်တွင် စတုတ္ထမြောက် အစိမ်းရောင် စီးပွားရေးဖိုရမ် ကျင်းပမည်

စတုတ္ထအကြိမ်မြောက် အစိမ်းရောင် စီးပွားရေး (GEGG - Green Economy, Green Growth) ဖိုရမ်ကို လာမည့် ဒီဇင်ဘာလ (၁၀) ရက်နေ့ မှ (၁၂) ရက်နေ့ အထိ မန္တလေးနှင့် နေပြည်တော်တို့တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း GEGG အဖွဲ့မှ သိရ သည်။ အဆိုပါ ဆွေးနွေးပွဲကို မန္တလေးတွင် နှစ်ရက်၊ နေပြည်တော်တွင် နှစ်ရက် ကျင်းပမည်ဖြစ်ပြီး မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ ဂျာမနီ၊ ပြင်သစ်၊ စင်္ကာပူ၊ ဗီယက်နမ်နိုင်ငံ တို့မှ အဆင့်မြင့် အရာရှိများ လာရောက် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
အရင် အကြိမ်က ဆွေးနွေးခဲ့တာတွေကို ထပ်ပြီး ဆွေးနွေးမှာ မဟုတ်ဘူး။ အဓိက ဆွေးနွေးမယ့် အရာက အစိမ်းရောင်စွမ်းအင် ဆိုပေမယ့် အကြောင်းအရာကွဲတွေကို ဆွေးနွေးမှာပါ ဟု GEGG အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးကျော်လွင်လှက ပြောသည်။အဆိုပါ ဆွေးနွေးပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းကို လုပ်ဆောင်ရာတွင် ပတ်ဝန်းကျင် မထိခိုက်စေရေး၊ အပူပိုင်းဇုန်တွင် အစိမ်းရောင် ပတ်ဝန်းကျင် ပေါ်ပေါက်လာရေး၊ အစိမ်းရောင်ကုန် ပစ္စည်းများ ထုတ်လုပ်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးနှင့် နေပြည်တော်တွင် စတုတ္ထမြောက် အစိမ်းရောင် စီးပွားရေးဖိုရမ် ကျင်းပမည်

စတုတ္ထအကြိမ်မြောက် အစိမ်းရောင် စီးပွားရေး (GEGG - Green Economy, Green Growth) ဖိုရမ်ကို လာမည့် ဒီဇင်ဘာလ (၁၀) ရက်နေ့ မှ (၁၂) ရက်နေ့ အထိ မန္တလေးနှင့် နေပြည်တော်တို့တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း GEGG အဖွဲ့မှ သိရ သည်။ အဆိုပါ ဆွေးနွေးပွဲကို မန္တလေးတွင် နှစ်ရက်၊ နေပြည်တော်တွင် နှစ်ရက် ကျင်းပမည်ဖြစ်ပြီး မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ ဂျာမနီ၊ ပြင်သစ်၊ စင်္ကာပူ၊ ဗီယက်နမ်နိုင်ငံ တို့မှ အဆင့်မြင့် အရာရှိများ လာရောက် ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
အရင် အကြိမ်က ဆွေးနွေးခဲ့တာတွေကို ထပ်ပြီး ဆွေးနွေးမှာ မဟုတ်ဘူး။ အဓိက ဆွေးနွေးမယ့် အရာက အစိမ်းရောင်စွမ်းအင် ဆိုပေမယ့် အကြောင်းအရာကွဲတွေကို ဆွေးနွေးမှာပါ ဟု GEGG အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးကျော်လွင်လှက ပြောသည်။အဆိုပါ ဆွေးနွေးပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းကို လုပ်ဆောင်ရာတွင် ပတ်ဝန်းကျင် မထိခိုက်စေရေး၊ အပူပိုင်းဇုန်တွင် အစိမ်းရောင် ပတ်ဝန်းကျင် ပေါ်ပေါက်လာရေး၊ အစိမ်းရောင်ကုန် ပစ္စည်းများ ထုတ်လုပ်ရေး လှုပ်ရှားမှုများနှင့် ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းတွင် မြန်မာအလုပ်သမားသားအမိ ၃ ဦး အသတ်ခံရ

ထိုင်းနိုင်ငံ အလယ်ပိုင်း ကန်ချနဘူရီခရိုင်မှာ မြန်မာအလုပ်သမား သားအမိ ၃ ဦး အသတ်ခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ထောင်း ဖာဖူးမြို့ နယ် ဟွေ့ခိုင်ကျေး ရွာအုပ်စုက ရာဘာခြံထဲမှာ လူသတ် မှုဖြစ်ပွားကြောင်း သတင်းပေး ချက်အရ ကန်ချန ဘူရီ ခရိုင် ထောင်း ဖာဖူးမြို့မရဲစခန်း တာဝန်ရှိသူတွေ အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
အဲဒီနေရာမှာ ရာဘာခင်း အလယ်က ၀ါးတဲအိမ်ထဲမှာ ဓားခုတ်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးတဦးနဲ့ မိန်းကလေးငယ် ၂ ဦးတို့ရဲ့ အလောင်းတွေကို တွေ့ရှိရတယ်လို့  စခန်းမှူး ဒုရဲမှူး ၀ိနိုင်း ထနားဝမ်းက သတင်းထောက်တွေကို ပြောပါတယ်။
ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူတွေဟာ မဌေး (အသက် ၄၂ ) နှစ်၊ မအေး (၉) နှစ် နဲ့ မပီး ( ၃ ) နှစ်တို့ဖြစ်ပြီး ရာဘာခြံ အလုပ်သမား နိုင်ပလိုင်း ရဲ့ ဇနီးနဲ့သမီးတွေ ဖြစ်ကာ နိုင်ပလိုင်း ငါးသွားမျှားနေတုန်း အသတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

ရွှေတိဂုံနဲ့တခြားစေတီတွေမှာ ပြည်ပရွှေဆိုင်းကိုပဲသုံးမယ် ဆိုရင် .....

Photo: ရွှေတိဂုံနဲ့တခြားစေတီတွေမှာ ပြည်ပရွှေဆိုင်းကိုပဲသုံးမယ် ဆိုရင် .....
Thursday, August 28, 2014

မန္တလေး မျက်ပါးရပ်ကတော့ စည်းချက်ကျကျ တူထုသံတွေနဲ့ အမြဲတမ်း အလုပ်များနေတာပါပဲ။ ဘုရားရွှေချတဲ့ ရွှေဆိုင်းထုတ်လုပ်တဲ့နေရာပါ။ 
ဗုဒ္ဓဘာသာဝင်တို့အတွက် အင်မတန်အရေးပါသော လို့ ဆိုနိုင်တဲ့  အင်မတန်ပါးလွှာတဲ့ရွှေဆိုင်း ဖြစ်လာဖို့အတွက်  ရွှေဆိုင်းလုပ်ငန်း ၂ဝ ဝန်းကျင်မှာ ကိုယ်တပိုင်းဗလာနဲ့အမျိုးသားတွေက တူနဲ့ အဆက်မပြတ် စည်းချက်ကျကျ ထုနှက်နေကြခြင်းပါ။

အမျိုးသမီးတွေကတော့  ရွှေဆိုင်းကို  စက္ကူပေါ် တင်ပြီး အချောသပ်တဲ့အလုပ် လုပ်ပါတယ်။
ရွှေဆိုင်း အရွက် ၁ဝဝ ကို တထုပ် ထုပ်ပါတယ်။

မန္တလေးဟာ မြန်မာပြည်ရဲ့ ရွှေဆိုင်းရွက်တွေထွက်ရာဒေသပါ။ 
မျက်ပါးရပ်က ထုတ်လုပ်တဲ့ ရွှေဆိုင်းတွေကို ရွှေတိဂုံ၊ အင်းလေးဖောင်တော်ဦး၊ မန္တလေး မဟာမြတ်မုနိ၊ ပုဂံက လှည်းဝန်ရိုးသံတညံညံ အရေအတွက်ရှိသော ဘုရားများ စသဖြင့် စသဖြင့်  အနယ်နယ်က ဘုရားစေတီတွေမှာ ကပ်လှူနေကြတာပါ။

ရွှေဆိုင်းကို တခြားနေရာတချို့မှာလည်း သုံးပါသေးတယ်။ ယွန်းထည်အလှဆင်ခြင်း၊ တိုင်းရင်းဆေး၊ မိတ်ကပ် စသည်ဖြင့်။

မျက်ပါးရပ်လုပ်ငန်းရှင်တွေ စိုးရိမ်စရာတခုကတော့ ပြည်ပကနေ ရွှေဆိုင်းတွေ တင်သွင်းနေပြီ ဆိုတဲ့ အချက်ပါပဲ။
ပြည်ပရွှေဆိုင်းက စက်နဲ့ ထုတ်ပါတယ်။ ဈေးပိုသက်သာပါတယ်။ သို့သော်လည်း အရည်အသွေးကတော့ အားနည်းပါတယ်။
ဘာပဲပြောပြော ပြည်ပသွင်းကုန်ရွှေဆိုင်းက မျက်ပါးရပ်ကို ခြိမ်းခြောက်နေပါပြီ။

 မကြာသေးခင်က ပြည်တွင်းလုပ်ငန်းရှင်တဦး ရွှေတိဂုံမှာ ရွှေဆိုင်းအရောင်းတင်ဒါ အောင်ပါတယ်။ 
ဒါကြောင့် မျက်ပါးရပ်က ယုံကြည်တာကတော့ ရွှေတိဂုံမှာ အဲဒီ ပြည်ပဖြစ် စက်လုပ် ရွှေဆိုင်းတွေ သုံးနေပါပြီ တဲ့။

သုံးတယ် မသုံးဘူး ဆိုတာကတော့ အတည်မပြုနိုင်သေးပါ။ ကုန်သည်တွေအပြောအရ မျက်ပါးရပ်ကို ထိုင်းနဲ့တရုတ် လုပ်ငန်းရှင်တွေ သွားရောက် လေ့လာပြီး ရွှေဆိုင်းလုပ်တဲ့နည်းပညာကို ကော်ပီကူးပါတယ် တဲ့။
ပြီးရင် သူတို့ဆီမှာထုတ်ပြီး မြန်မာပြည်သွင်းမယ် ဆိုပါစို့။

ဘုရားဂေါပက ပြောပြတာက စက်ဖြစ်ရွှေဆိုင်းက လက်ဖြစ်ထက် ဈေးပိုပေါတယ်၊ ဒါကြောင့် တင်ဒါ အောင်သွားတယ် လို့ 
မျက်ပါးရပ်လုပ်ငန်းရှင်တဦးက ရှင်းပြပါတယ်။

ရွှေဆိုင်း အရွက် ၁ဝဝ ကို  ၃၂,ဝဝဝ ဈေး ပေါက်ပါတယ်။ စက်ဖြစ်ရွှေဆိုင်းက   ၂၅,ဝဝဝ ဈေး ပေါက်ပါတယ်။
သန့်ရှင်းစင်ကြယ်မှု၊ လုပ်အား တို့ကြောင့် ဒီလို ဈေးကွာတာဖြစ်မယ်လို့ မျက်ပါးရပ်လုပ်ငန်းရှင်တို့က ဆိုပါတယ်။

မန္တလေးရွှေဆိုင်း ဆိုတာက ရွှေဆိုင်းဖြစ်လာဖို့ နာရီနဲ့ချီပြီး တူနဲ့ထုနှက်ရ၊ ရွှေပြားလေးတွေကို အင်မတန့်အင်မတန် ဂရုတစိုက် ကိုင်တွယ်ထုပ်ပိုးရတာပါ တဲ့။
ရွှေဆိုင်းကပ်တဲ့စက္ကူကလည်း လက်ဖြစ်ပါပဲ။ ဒါကြောင့် လုပ်ငန်းအဆင့်ဆင့်က အချိန် အတော်ပေးရတာပါ။

ပြည်ပကသွင်းလာတာတွေဟာ ရွှေကွာလတီလည်း မကောင်း၊ ကပ်ထားတဲ့စက္ကူက ရွှေချရာမှာ အဆင်မပြေပါ ဆိုပဲ။
ဒီလို အရည်အသွေးညံ့တဲ့ ပြည်ပဖြစ်ရွှေဆိုင်းကို ရွှေတိဂုံမှာ သုံးရခြင်း ရည်ရွယ်ချက်က ဘာလဲဆိုတဲ့ မေးခွန်း ထွက်လာပါပြီ။

ရွှေတိဂုံဂေါပကအဖွဲ့ကို မေးရာမှာတော့ စစ်ဆေးပြီးပါပြီ၊ အရည်အသွေး မညံ့ပါဘူးလို့ ဆိုပါတယ်။

မန္တလေး မျက်ပါးရပ်ကတော့ မျက်ခုံးလှုပ်နေပါပြီ။
ဘာကြောင့်လဲ ဆိုတော့ တနိုင်ငံလုံးက စေတီဘုရားတွေဟာလည်း ရွှေတိဂုံလိုပဲ စက်ဖြစ်ရွှေဆိုင်းကိုသာ ရွေးချယ်လာကြနိုင်တယ် ဆိုတဲ့ ဖြစ်နိုင်ချေတခုကြောင့်ပါပဲ။

အဲဒီလို ပြည်ပက သွင်းလာတာကိုပဲ သုံးမယ် ဆိုရင်တော့ မန္တလေး မျက်ပါးရပ်က အလုပ်သမား တသိန်းကျော် အလုပ်လက်မဲ့ ဖြစ်သွားပါမယ်။
ရွှေဆိုင်းလုပ်ငန်းကိုလည်း ရာဇဝင်ထဲမှာ ထားရစ်ခဲ့ရပါတော့မယ်။
 ဧရာဝတီ
မျက်ပါးရပ်လုပ်ငန်းခွင်တခု (ဓာတ်ပုံ - ဇာနည်မာန်/ဧရာဝတီ)
 မျက်ပါးရပ်လုပ်ငန်းခွင်တခု (ဓာတ်ပုံ - ဇာနည်မာန်/ဧရာဝတီ)
မန္တလေး မျက်ပါးရပ်ကတော့ စည်းချက်ကျကျ တူထုသံတွေနဲ့ အမြဲတမ်း အလုပ်များနေတာပါပဲ။ ဘုရားရွှေချတဲ့ ရွှေဆိုင်းထုတ်လုပ်တဲ့နေရာပါ။
ဗုဒ္ဓဘာသာဝင်တို့အတွက် အင်မတန်အရေးပါသော လို့ ဆိုနိုင်တဲ့  အင်မတန်ပါးလွှာတဲ့ရွှေဆိုင်း ဖြစ်လာဖို့အတွက်  ရွှေဆိုင်းလုပ်ငန်း ၂ဝ ဝန်းကျင်မှာ ကိုယ်တပိုင်းဗလာနဲ့အမျိုးသားတွေက တူနဲ့ အဆက်မပြတ် စည်းချက်ကျကျ ထုနှက်နေကြခြင်းပါ။
အမျိုးသမီးတွေကတော့  ရွှေဆိုင်းကို  စက္ကူပေါ် တင်ပြီး အချောသပ်တဲ့အလုပ် လုပ်ပါတယ်။
ရွှေဆိုင်း အရွက် ၁ဝဝ ကို တထုပ် ထုပ်ပါတယ်။မန္တလေးဟာ မြန်မာပြည်ရဲ့ ရွှေဆိုင်းရွက်တွေထွက်ရာဒေသပါ။
မျက်ပါးရပ်က ထုတ်လုပ်တဲ့ ရွှေဆိုင်းတွေကို ရွှေတိဂုံ၊ အင်းလေးဖောင်တော်ဦး၊ မန္တလေး မဟာမြတ်မုနိ၊ ပုဂံက လှည်းဝန်ရိုးသံတညံညံ အရေအတွက်ရှိသော ဘုရားများ စသဖြင့် စသဖြင့်  အနယ်နယ်က ဘုရားစေတီတွေမှာ ကပ်လှူနေကြတာပါ။

ပုရစ်နဲ့ပိုးကောင်များမွေးမြူရေးလုပ်ငန်း ထိုင်းမှာ အလုပ်ဖြစ်နေ

Photo: ပုရစ်နဲ့ပိုးကောင်များမွေးမြူရေးလုပ်ငန်း ထိုင်းမှာ အလုပ်ဖြစ်နေ
Thursday, August 28, 2014

ပုရစ်ကြော်ကို ပြည်တွင်းမှာလည်း ကြော်စား၊ နိုင်ငံတကာကိုလည်း တင်ပို့ရောင်းချနေတာကတော့ အိမ်နီးချင်း ထိုင်းနိုင်ငံပါပဲ။ 
    
တနိုင်ငံလုံးမှာ ပရစ်နဲ့ အလားတူ ပိုးကောင်တွေကို မွေးမြူနေကြတာ လုပ်ငန်းပေါင်း နှစ်သောင်းကျော် မှတ်ပုံတင်ထားတာ ရှိတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ပြောကြောင်း ဧရာဝတီအင်္ဂလိပ်ပိုင်း စာမျက်နှာ သတင်းတပုဒ်မှာ ရေးထားပါတယ်။ Edible Insects a Boon to Thailand’s Farmers ဆိုတဲ့ အဲဒီသတင်းကို   http://www.irrawaddy.org/asia/edible-insects-boon-thailands-farmers.html
မှာ ဖတ်နိုင်ပါတယ်။ အနည်းငယ် ကောက်နုတ် ဖော်ပြရရင် ... ပြည်ပကို တန်ချိန် ၇,၅ဝဝ နှစ်စဉ် တင်ပို့နေရတယ် ဆိုတော့ နည်းနည်းနောနော ပမာဏမှ မဟုတ်ဘဲ။

ဒီလုပ်ငန်းကြောင့် စိုက်ပျိုးရေးအဆင်မပြေတဲ့ လယ်သမားတွေ ဝင်ငွေကောင်းလာတယ်လို့ ဆိုတယ်။

ပရစ်နဲ့ အလားတူ အကောင်တွေကို စားသောက်တဲ့ နိုင်ငံပေါင်း တရာနီးပါး ရှိတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဆိုပါတယ်။

တရုတ်ပြည်မှာဆိုရင် ဒီလိုအကောင်တွေကို အစားအစားအဖြစ်ရော ဆေးဝါးအဖြစ်ပါ အသုံးပြုလာတာ နှစ်ပေါင်း ငါးထောင်ကျော်ပါပြီိ တဲ့။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီလိုအကောင်တွေ မွေးမြူ အခြောက်လှန်းပြီး အလှကုန် နဲ့ ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းတွေကို ရောင်းတဲ့ လုပ်ငန်းကြောင့် ကြွယ်ဝလာသူတွေ ရှိပါတယ်။

ပုရစ်တွေမွေးမြူတဲ့အတွက် အပိုဝင်ငွေ ရရှိကြတယ်၊ ဒီလို မွေးမြူရတာ မခက်ခဲဘူး၊ ပုရစ်လိုမျိုး ပိုးကောင်တွေမှာ အာဟာရဓာတ် အများအပြား ပါဝင်နေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ ၂၀၁၃ ခုနှစ် အစီရင်ခံစာတစောင်မှာ ရေးပါတယ်။

"ပိုးကောင်တွေနည်းနည်းလေးစားတာဟာ ဗီတာမင်မျိုးစုံပါဝင်တဲ့ဆေး သုံးစွဲရသလိုပါပဲ" လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ အကြီးတန်းအရာရှိ  Patrick B. Durst က ပြောပါတယ်။
ပုရစ် ၆ အောင်စ နဲ့ အမဲသား ၆ အောင်စကို ယှဉ်ပြီး လေ့လာမယ် ဆိုရင် ပုရစ်မှာ ဗီတာမင် ဘီတူး ၂ ဆ နီးပါး ပိုများတာ တွေ့ရမယ်၊ လူကို ဆိုးကျိုးဖြစ်စေတဲ့ ပြည့်ဝဆီ ၆၀ ရာခိုင်နှုန်း လျော့နည်းတာ တွေ့ရပါမယ် တဲ့။

အမေရိကန်မှာလည်း ဒီနှစ်ထဲ ပုရစ်မွေးမြူရေးလုပ်ငန်း ပေါ်လာဖို့ အစီအစဉ် ရှိပါတယ်။ Pennsylvania ပြည်နယ် Youngstown မှာ ဖြစ်ပါတယ်။

ဆန်ဖရန်စစ္စကိုက Don Bugito   ဆိုတဲ့ ဆိုင်မှာလည်း ပိုးကောင်တွေ ရောင်းနေပါပြီ။ ပိုးကောင်ကို ဟင်းလျာထဲမှာတင်မက ရေခဲမုန့်ပေါ်မှာလည်း တင်ပြီး ရောင်းပါတယ် တဲ့။ 

ပြင်သစ်မှာလည်း ရောင်းတဲ့ဆိုင် ရှိပါပြီ။

ထိုင်းမှာတော့ ကျေးလက်ရော မြို့ပြပါ ဒီလိုပိုးကောင်အမျိုးပေါင်း ၂ဝဝ ဝန်းကျင်ကို စားသုံးနေကြတာပါ။
မြန်မာ၊ ကမ္ဘောဒီယား၊ လာအို၊ တရုတ်နိုင်ငံတွေဘက်ကနေ အလုံးအရင်း တင်သွင်း စားသုံးပါတယ်။
ကြက်၊ ဝက်၊ အမဲထက် ဈေးများတဲ့ ပိုးကောင်တွေတောင် ရှိပါရဲ့။

ပြည်တွင်းစားသုံးမှုများပြား ပြည်ပအ၀ယ်လိုက်တဲ့အတွက် ပိုးမွေးမြူတဲ့ တောင်သူတွေအတွက်တော့ ရွှေပါပဲ။
ကိုယ့်ကလေး ကောလိပ်ကျောင်းပို့ဖို့အတွက် ငွေပိုထွက်လာကြပါတယ်။

ဧရာဝတီ

ပုရစ်လိုမျိုး ပိုးကောင်မွေးမြူရေးလုပ်ငန်းခွင်မှ မြင်ကွင်းတခု
ပုရစ်လိုမျိုး ပိုးကောင်မွေးမြူရေးလုပ်ငန်းခွင်မှ မြင်ကွင်းတခု
ပုရစ်ကြော်ကို ပြည်တွင်းမှာလည်း ကြော်စား၊ နိုင်ငံတကာကိုလည်း တင်ပို့ရောင်းချနေတာကတော့ အိမ်နီးချင်း ထိုင်းနိုင်ငံပါပဲ။တနိုင်ငံလုံးမှာ ပရစ်နဲ့ အလားတူ ပိုးကောင်တွေကို မွေးမြူနေကြတာ လုပ်ငန်းပေါင်း နှစ်သောင်းကျော် မှတ်ပုံတင်ထားတာ ရှိတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ပြောကြောင်း ဧရာဝတီအင်္ဂလိပ်ပိုင်း စာမျက်နှာ သတင်းတပုဒ်မှာ ရေးထားပါတယ်။ Edible Insects a Boon to Thailand’s Farmers ဆိုတဲ့ အဲဒီသတင်းကို   http://www.irrawaddy.org/asia/edible-insects-boon-thailands-farmers.html
မှာ ဖတ်နိုင်ပါတယ်။ အနည်းငယ် ကောက်နုတ် ဖော်ပြရရင် ... ပြည်ပကို တန်ချိန် ၇,၅ဝဝ နှစ်စဉ် တင်ပို့နေရတယ် ဆိုတော့ နည်းနည်းနောနော ပမာဏမှ မဟုတ်ဘဲ။

အခြေခံဥပဒေပါ နိုင်ငံသားအခွင့်ရေးဆုံးရှုံးမှု တစ်ကိုယ်တော်ဆန္ဒပြမည်

၂ဝဝ၈ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးနှင့်လူ့အခွင့်အရေးဆုံးရှုံးနေသော ပြည်သူများကိုယ်စားဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်
တွင် သြဂုတ် ၂၉ရက်၌ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မည် ဖြစ်သည်။ ဆန္ဒထုတ်ဖော်မှုကို ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့ နယ် ဒေးဒရဲ တံတားမှ ဒေးဒရဲ တရားရုံးအထိ သြဂုတ် ၂၉ရက် ၁ဝနာရီ ၂ဝမှ ၁၁နာရီ ခွဲအထိ လူအခွင့်အရေး ကာကွယ်စောင့်ကြည်ရေးကွန်ရက်မှ ဦးထွန်းထွန်းဦးက တစ်ကိုယ်တော် ဆန္ဒပြမည်ဟု သိရသည်။အခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးများ ရရှိရန်၊ နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေးရရှိရန် ကူညီဆောင်ရွက်သူများကို နည်းမျိုးစုံဖြင့် တရားစွဲဆို ထောင်ချခြင်းများ ပြုလုပ်နေမှု၊ လယ်သမားများအရေး လိုက်ပါကူ ညီဆောင်ရွက်သူများအား ဖမ်းဆီးထောင်ချခြင်းများကို ကန့်ကွက်သည့်အနေဖြင့် ဆန္ဒထုတ်ဖော်မည်ဟုဆိုသည်။ ဆန္ဒဖော်ထုတ်ပွဲတွင် ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးများ အကြောင်းလည်း ဟောပြောမည်ဖြစ်သည်။
မဇ္ဈိမ

စာတိုက်ငွေလွှဲနှုန်းတွေကိုလာမယ့်စက်တင်ဘာ၁ရက်နေ့ကစပြီး၁၀ဆ အထိလျှော့ချ

စာတိုက်ငွေလွှဲနှုန်းတွေကိုလာမယ့်စက်တင်ဘာ၁ရက်နေ့ကစပြီး၁၀ဆအထိလျှော့ချသွားမယ်လို့သတင်းစဉ်မှာဖော်ပြထားပါတယ်။ အခုလျှော့လိုက်တာကတော့ တစ်ကျပ်က ၁၀ သိန်းအထိ တစ်ရာကျပ်ကို ပြား ၅၀ နှုန်း၊သိန်း ၁၀၀ အထိ ၁၀၀ ကျပ်ကို ၂၅ ပြားနှုန်း၊ သိန်း တစ်သောင်းအထိ ၁၀၀ ကျပ်ကို ၁၀ ပြားနှုန်းနဲ့ သိန်းပေါင်း တစ်သောင်းနဲ့ အထက် ၁၀၀ ကျပ်ကို ၅ပြားနှုန်းဖြစ်ပါတယ်။မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်လုပ်ငန်းက လုပ်ကိုင်နေတဲ့ ငွေပို့လွှာ (မန်နီအော်ဒါ) လုပ်ငန်းကို တစ်နိုင်ငံလုံးက စာတိုက်ရုံးနဲ့အမြန်ငွေပို့လွှာလုပ်ငန်း တစ်ထောင်ကျော်နဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒီစနစ်ကို အစိုးရရုံးတွေနဲ့ ဘဏ်မရှိတဲ့ နေရာတွေမှာ အသုံးများပြီးအရင်ကောက်ခံတဲ့ နှုန်းထားကတော့ ပို့ငွေ တစ်ရာကျပ်အတွက် ပို့ခ ၅ကျပ်ဖြစ်ပါတယ်။
DVB TV News

Samsung မှ ကွေးညွှန်နိုင်ပြီး 3G စနစ်ပါဝင်သည့် Gear S စမက်နာရီကို ကြေညာခဲ့

Samsung မှာ ကွေးညွှန့်နိုင်ပြီး 3G စနစ်ပါဝင်သည့် Gear S ဟု အမည်ပေးထားသည့် စမက်နာရီတစ်မျိုးကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ စမက်နာရီတွင် မျက်နှာပြင် 2 လက်မရှိပြီး Samsung ၏ စမက်ဖုန်းများတွင် အသုံးပြုသည့် Spuer AMOLED ကို အသုံးပြုကာ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ယခုထုတ်လုပ်လိုက်တဲ့ Gear S ဟာ ယခင်ထုတ်လုပ်ခဲ့သည့် Gear Fit နှင့် ပုံစံချင်းမတူသည့်အပြင် Samsung ဟာ အဆိုပါနာရီအတွက် Tizen OS ကို အခြေခံထားသည့် ကိုယ်ပိုင် software ကို အသုံးပြုထားပါတယ်။ သို့အတွက် သင့်အနေနဲ့ စမက်ဖုန်းတစ်လုံးကို သီးသန့်ကိုင်နေစရာမလိုတော့ပဲ ယခုနာရီကနေ တစ်ဆင့် bluetooth ကို အသုံးပြုကာ ဖုန်းပြောနိုင်တော့မှာဖြစ်ပါတယ်။
Gear S စမက်နာရီတွင် Samsung ၏ ကိုယ်ပိုင်ထုတ်လုပ်ထားသည့် S Health ကို ပြန်လည်ထည့်သွင်းပေးထားသလို Nike+ software ကိုလည်း ထည့်သွင်းပေးထားပါတယ်။ အဆိုပါ Gear S စမက်နာရီတွင် ရေစိုမှုဒဏ် ၊ ဖုန်မှုန့်ဝင်မှု ဒဏ်ကို ခံနိုင်သည့် IP67 certified ကို ရရှိထားပြီး Samsung ၏ accelerometer, barometer, gyroscope, compass နှင့် နှလုံးခုန်မှုကို သိရှိနိုင်မည့် မော်နီတာတို့ကို ထည့်သွင်းပေးထားပါတယ်။ ဘထရီစနစ်အတွက် 300 mAh ကို အသုံးပြုထားပြီး အဆိုပါ ဘထရီဟာ တစ်ကြိမ်အားသွင်းထားရင် နှစ်ရက်လောက်အထိ အားသွင်းစရာမလိုပဲ ခံနိုင်မှာဖြစ်ပါတယ်။

ကိုရီးယားအကူအညီဖြင့် လေအိတ်ရထား တည်ဆောက်နေကုန်ကျငွေမှာ ခန့်မှန်းမြန်မာငွေ ၄၅ သန်းခန့်ရှိ

 Photo: ကိုရီးယားအကူအညီဖြင့် လေအိတ်ရထား တည်ဆောက်နေ
ကုန်ကျငွေမှာ ခန့်မှန်းမြန်မာငွေ ၄၅ သန်းခန့်ရှိ
Thursday, August 28, 2014

ကိုရီးယားမှအကူအညီယူကာ တည်ဆောက်မည့် လေအိတ်ရထား တည်ဆောက်မှုကုန်ကျငွေမှာ ခန့်မှန်းခြေ မြန်မာငွေ ၄၅ သန်းခန့်ရှိကြောင်း ရထားပို့ဆောင်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဌေးက ပြောသည်။
ယင်းရထားတည်ဆောက်ပါက ကိုရီးယားမှ အကူ အညီရယူမည်ဖြစ်ကာ လေအိတ်ရထားများ တည်ဆောက် ပြီးပါက လမ်းထိခိုက်မှုနှင့် ရထားထိခိုက်မှုအား လျော့နည်း စေနိုင်ကြောင်းလည်း သိရသည်။
''ကိုရီးယားကနေ အကူအညီ အကုန်လုံးရယူမှာ မဟုတ်ပါဘူး။ လိုအပ်သလောက်ပဲယူမှာပါ။ ဘတ်ဂျက် ပေါ် မူတည်နေတဲ့အတွက်လဲ စဉ်းစားရပါတယ်''ဟု ဝန် ကြီးက ပြောသည်။
ယင်းလေအိတ်ရထား တည်ဆောက်မည်ဆိုပါက ရထားတွဲအစိတ်အပိုင်းကိုသာ ပြည်ပမှရယူမည်ဖြစ်ပြီး ကျန် ရှိသည့် ကိစ္စများအား ပြည်တွင်း၌သာ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
''ကိုရီးယားကနေ ရထားတွဲအစိတ်အပိုင်းတွေပဲယူ မှာပါ။ တပ်ဆင်ခြင်းတွေ၊ ပြင်ဆင်ခြင်းတွေ အားလုံးကို ပြည်တွင်းမှာပဲ တပ်ဆင်သွားမှာပါ'' ဟု ရထားသွားလာရေး၊ တိုင်းအမှတ်(၇)မှ ဒုတိယအထွေထွေမန်နေဂျာ ဦးဇော်ဖေစိန် ကပြောသည်။
ယင်းတည်ဆောက်မည့်ရထားသည် အောက်ခံ Spring များအား လေအိတ်နှင့်ပြုလုပ်ထားသည့် လေအိတ်ရထား ဖြစ်ကြောင်းလည်း သိရသည်။
''လေအိတ်ရထားဆိုတဲ့အတိုင်း လေအိတ်ပါပါတယ်။ အောက်ခံ Spring တွေက လေအိတ်နဲ့ဆိုတော့ ရထား ခုန်တာတွေ၊ ယိမ်းတာတွေ သိပ်မဖြစ်တော့မှာဖြစ်သလို စီးရတာလဲ ပိုပြီး သက်သောင့်သက်သာရှိလာပါလိမ့်မယ်'' ဟု ယင်းကဆက်လက်ပြောကြားသည်။
TheYangonTimes
ကိုရီးယားမှအကူအညီယူကာ တည်ဆောက်မည့် လေအိတ်ရထား တည်ဆောက်မှုကုန်ကျငွေမှာ ခန့်မှန်းခြေ မြန်မာငွေ ၄၅ သန်းခန့်ရှိကြောင်း ရထားပို့ဆောင်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဌေးက ပြောသည်။ယင်းရထားတည်ဆောက်ပါက ကိုရီးယားမှ အကူအညီရယူမည်ဖြစ်ကာ လေအိတ်ရထားများ တည်ဆောက် ပြီးပါက လမ်းထိခိုက်မှုနှင့် ရထားထိခိုက်မှုအား လျော့နည်း စေနိုင်ကြောင်းလည်း သိရသည်။''ကိုရီးယားကနေ အကူအညီ အကုန်လုံးရယူမှာ မဟုတ်ပါဘူး။ လိုအပ်သလောက်ပဲယူမှာပါ။ ဘတ်ဂျက် ပေါ် မူတည်နေတဲ့အတွက်လဲ စဉ်းစားရပါတယ်''ဟု ဝန် ကြီးက ပြောသည်။

ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးနေသည့် ညီထွဋ်ခေါင်

 Photo: ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးနေသည့် ညီထွဋ်ခေါင်
Thursday, August 28, 2014

ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) ရိုက်ကူးနေ သည့် “ကောက်စားမယ်” ဇာတ်ကားကို  မိန်းမရှာဇာတ်ရုပ်နှင့် ပထမဆုံး ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးနေသည်ဟု သရုပ်ဆောင် ညီထွဋ်ခေါင်က  ပြောသည်။
“ကျွန်တော် ဇာတ်ကားတွေလည်း အများကြီး ရိုက်ဖြစ်ခဲ့တယ်။ ဒီဇာတ်ကားလေးမှာကျတော့ ကျွန်တော်တစ်ယောက်တည်း ခေါင်းဆောင်မင်းသား အနေနဲ့ ရိုက်ဖြစ်တာက ပထမဦးဆုံး ဇာတ်ကားလေးပါ။ ဒီဇာတ်ထဲ မှာလည်း မိန်းမလျာဇာတ်ရုပ်ကို ဘာကြောင့် စရိုက်ဖြစ်တာလဲ ဆိုတော့ ဒါရိုက်တာ ကျော်ဇောလင်းကို ယုံကြည်ပြီး ရိုက်ဖြစ်တာပါ။ ဇာတ်ကိုလည်း ကျွန်တော် ကြိုက်တယ်။ ဒီလို ကာရိုက်တာမျိုးကို ကျွန်တော့်အနေနဲ့ တစ်ကားလုံးကို တစ်ယောက်တည်းလည်း မလုပ်ဖူးသေးဘူး။ အဲဒါကြောင့် ထူးထူးခြားခြားလေးလည်း ဖြစ်အောင် ပရိသတ်အမြင်မှာ အမြင်ဆန်းအောင် ရိုက်ဖြစ်တာပါ" လို့ ၎င်းက ပြောသည်။

ယင်းဇာတ်ကားတွင် သွန်းဆက်နှင့်အတူ သရုပ်ဆောင်များစွာ ပါဝင်ထားသည်။ ညီထွဋ်ခေါင်သည် ၂ဝ၁၃ ခုနှစ် ကထွက်ရှိခဲ့သည့် ရွှေမှုံရတီနှင့် ရိုက်ကူးထားသည့် "မျက်လုံးလေး ကလည်ကလည် " ဇာတ်ကားတွင် ပရိသတ်၏ သတိပြုအားပေးခြင်း ခံခဲ့ရသူဖြစ်ပြီး ၂ဝ၁ဝ ခုနှစ်က အနုပညာလောကကို ဝင်ရောက်ခဲ့သူ ဖြစ်သည်။
မဇ္ဈိမ
ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) ရိုက်ကူးနေ သည့် “ကောက်စားမယ်” ဇာတ်ကားကို  မိန်းမရှာဇာတ်ရုပ်နှင့် ပထမဆုံး ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးနေသည်ဟု သရုပ်ဆောင် ညီထွဋ်ခေါင်က  ပြောသည်။“ကျွန်တော် ဇာတ်ကားတွေလည်း အများကြီး ရိုက်ဖြစ်ခဲ့တယ်။ ဒီဇာတ်ကားလေးမှာကျတော့ ကျွန်တော်တစ်ယောက်တည်း ခေါင်းဆောင်မင်းသား အနေနဲ့ ရိုက်ဖြစ်တာက ပထမဦးဆုံး ဇာတ်ကားလေးပါ။ ဒီဇာတ်ထဲ မှာလည်း မိန်းမလျာဇာတ်ရုပ်ကို ဘာကြောင့် စရိုက်ဖြစ်တာလဲ ဆိုတော့ ဒါရိုက်တာ ကျော်ဇောလင်းကို ယုံကြည်ပြီး ရိုက်ဖြစ်တာပါ။ ဇာတ်ကိုလည်း ကျွန်တော် ကြိုက်တယ်။ ဒီလို ကာရိုက်တာမျိုးကို ကျွန်တော့်အနေနဲ့ တစ်ကားလုံးကို တစ်ယောက်တည်းလည်း မလုပ်ဖူးသေးဘူး။ အဲဒါကြောင့် ထူးထူးခြားခြားလေးလည်း ဖြစ်အောင် ပရိသတ်အမြင်မှာ အမြင်ဆန်းအောင် ရိုက်ဖြစ်တာပါ" လို့ ၎င်းက ပြောသည်။

အစိုးရနှင့် ကေအိုင်အို နှစ်ဖက်ယုံကြည်မှုအခြေအနေ တိုးတက်လာဟုဆို

 Photo: အစိုးရနှင့် ကေအိုင်အို နှစ်ဖက်ယုံကြည်မှုအခြေအနေ တိုးတက်လာဟုဆို
Thursday, August 28, 2014

ကချင်လွတ်မြောက်ရေးအဖွဲ့ KIA နှင့် အစိုးရ၏ စစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုမှာ သြဂုတ်လအတွင်း လျော့နည်းခဲ့ပြီး နှစ်ဖက် ယုံကြည်မှု ပိုမိုရှိလာကာ လုပ်ငန်းတိုးတက်မှု ရှိသည်ဟု KIO ဘက်မှ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးကော်မတီမှ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်နောင်က မဇ္ဈိမကို ပြောသည်။
“ဒီကော်မတီက ဖြစ်လာပြီဆိုရင် တစ်ဖက်နဲ့တစ်ဖက် အမြန်ဆုံး အကြောင်းကြားပြီး ထပ်ပြီး မကြီးပွားအောင် ညှိနှိုင်းမှုတွေက တိုးတက်မှုရှိတဲ့ အပိုင်းတွေပါ၊ ကျွန်တော်တို့ ညှိနှိုင်းဖြေရှင်းတဲ့ ကိစ္စမှာလဲ တစ်ဦးနဲ့တစ်ဦး ပိုပြီးနားလည်မှု ရရှိလာတယ်။ ပြီးတော့ ပဋိပက္ခနဲ့ပတ်သက်လို့ တော်တော်လေး တစ်ဖက်နဲ့တစ်ဖက် ထိန်းချုပ်မှု အပိုင်းတွေ ရှိလာတယ်။ ဒါကြောင့် တိုက်ပွဲတော့ လျော့လာတယ်လို့ မြင်တွေ့ရပါတယ်”ဟု သူက ပြောသည်။
သြဂုတ်လအတွင်း အစိုးရနှင့် KIO တပ်များအကြား တိုက်ပွဲ ဖြစ်ပွားမှုလျော့နည်းခဲ့သော်လည်း ယခုလဆန်းပိုင်းကမူ ဖားကန့်မြို့နယ်အတွင်း KIO တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်စခန်းအတွင်း အစိုးရ စစ်တပ်က နယ်မြေ ရှင်းလင်းရေး လှုပ်ရှားလာသဖြင့် ထိတွေ့မှု ဖြစ်ပွားမှု နှစ်ကြိမ်၊ သုံးကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးကြီး ခွန်နောင်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း အစိုးရနှင့် KIO အကြား တိုက်ပွဲပေါင်း ၄ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ယခု သြဂုတ်လတွင်မူ ဖားကန့်မြို့နယ်အတွင်း ထိတွေ့မှု ဖြစ်ပွားခဲ့မှုသာ ရှိခဲ့သဖြင့် တိုက်ပွဲ ဖြစ်ပွားမှု လျော့နည်းသွားသည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောသည်။
ထို့ပြင် သြဂုတ်လ ဒုတိယပတ်အတွင်း မြစ်ကြီးနားမြို့၌ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး ကော်မတီဝင်များ တွေ့ဆုံစဉ် ကချင်ပြည်နယ် ကျောက်စိမ်းမှော်အား လာမည့် စက်တင်ဘာလ ၁ရက်တွင် ပြန်လည် ဖွင့်လှစ်မည် ဖြစ်၍ ဖားကန့် ကားလမ်းကြောင်း လုံခြုံရေးအတွက် အစိုးရ စစ်တပ်၏ လှုပ်ရှားမှုများ ရှိလာမည်ဟု KIO သို့ နုတ်အားဖြင့် တင်ပြခဲ့သည်ဟု ဦးခွန်နောင်က ပြောသည်
“ကချင်ပြည်နယ်နယ်စပ်ဝန်ကြီး ပြောတာက စက်တင်ဘာလ ၁ ရက်နေ့ ကျောက်စိမ်းတွင်း ပြန်ပြီး ဖွင့်မယ်ဆိုပြီးတော့ ပြောပြထားတာ ရှိတယ်။ သူတို့ အထက်က ယုံကြားတာရှိသလို၊ ကျွန်တော်တို့ဘက်ကလည်း ပြဿနာ ထိပ်တိုက် မဖြစ်အောင် လှုပ်ရှားမယ်ဆိုရင် ကြိုတင်အကြောင်းကြားပြီးတော့မှ စဉ်းစားပေးဖို့ ညှိနှိုင်းကြပါတယ်”ဟု ပြောသည်။
အစိုးရဘက်မှ ဖားကန့် ကားလမ်း တစ်ဖက်တစ်ချက် ၃ မိုင်မှ ၅ မိုင်အတွင်း အစိုးရ စစ်တပ်က လုံခြုံရေးယူရန် ရှိသဖြင့် ပစ်ခတ်မှု မရှိစေရန် KIO အား အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး အစိုးရ၏ တင်ပြချက်အပေါ် KIO ဗဟိုဌာနချုပ်မှ တစ်စုံတစ်ရာ ညွှန်ကြားခြင်း မရှိသေးကြောင်း KIO ဗဟိုသတင်းနှင့် ပြန်ကြားရေး ဒုတိယ တာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
“ဖားကန့်ဘက် ကုမ္ပဏီတွေ ပြန်ဝင်လာတော့မယ်။ ဒါကြောင့် ကားလမ်း၊ တံတား လုံခြုံရေး အတွက် အစိုးရတပ်တွေ လုံခြုံရေးယူရမယ်။ အဲဒီမှာ ကေအိုင်အို တပ်စခန်းတွေ ရှိရင် အကြောင်းကြားပေးပါ။ အချင်းချင်း ပစ်ခတ်မှု မဖြစ်ပွားဖို့ ကြိုတင် အကြောင်းကြားပါတယ်။ အေအိုင်အိုက ဘာမှ ပြောစရာ မရှိဘူး။ ကုမ္ပဏီကိုလည်း ကျနော်တို့ဘက်က ပိတ်လိုက်တာ မဟုတ်ဘူး။ သူတို့ဖာသာ ရုပ်သိမ်းတာ ဖြစ်တယ်”ဟု ၎င်းင်းက မဇ္ဈိမကို ပြောသည်။
KIO နှင့် အစိုးရတို့အကြား နိုင်ငံရေးအရ အာမခံချက် မရှိသေးသဖြင့် ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်နေချိန် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာပါက ကုမ္ပဏီများ ထိခိုက်မှု ရှိလာနိုင်သည်ဟု ဖားကန့်မှော်ကော်မတီကလည်း ကုမ္ပဏီများအား ပြောဆိုမှုများ ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ ၂၈ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် KIO တို့ သဘောတူညီမှုဖြင့် ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ဆက်လက်၍ Joint Monitoring committee ဖွဲ့စည်းပြီး ရှေ့ဆက်လုပ်ငန်း ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်မည်ဟု ဗိုလ်မှူးကြီး ခွန်နောင်က ပြောသည်။
ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် အောက်တိုဘာလက UPWC နှင့် KIO တို့ တွေ့ဆုံ ဆွေးနွေးပွဲတွင် စစ်ရှည်လျှော့ချရေးနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရေးအတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေး ကော်မတီကို ပဋိပက္ခ ဖြစ်ပွားရာ ဒေသအားလုံး အကျုံးဝင်စေမည့် ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းသွားရန်၊ ယင်းကော်မတီအား ခြေပြဇယား (Joint Monitoring Committee Structure) ပူးတွဲ(၁)နှင့် ပူးတွဲစောင့်ကြည့်ရေးတွင် ဆောင်ရန်၊ ရှောင်ရန် အခြေခံ အချက်ငါးချက် သဘော တူညီခဲ့ကြသည်။
မဇ္ဈိမ
ကချင်လွတ်မြောက်ရေးအဖွဲ့ KIA နှင့် အစိုးရ၏ စစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားမှုမှာ သြဂုတ်လအတွင်း လျော့နည်းခဲ့ပြီး နှစ်ဖက် ယုံကြည်မှု ပိုမိုရှိလာကာ လုပ်ငန်းတိုးတက်မှု ရှိသည်ဟု KIO ဘက်မှ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးကော်မတီမှ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်နောင်က မဇ္ဈိမကို ပြောသည်။“ဒီကော်မတီက ဖြစ်လာပြီဆိုရင် တစ်ဖက်နဲ့တစ်ဖက် အမြန်ဆုံး အကြောင်းကြားပြီး ထပ်ပြီး မကြီးပွားအောင် ညှိနှိုင်းမှုတွေက တိုးတက်မှုရှိတဲ့ အပိုင်းတွေပါ၊ ကျွန်တော်တို့ ညှိနှိုင်းဖြေရှင်းတဲ့ ကိစ္စမှာလဲ တစ်ဦးနဲ့တစ်ဦး ပိုပြီးနားလည်မှု ရရှိလာတယ်။ ပြီးတော့ ပဋိပက္ခနဲ့ပတ်သက်လို့ တော်တော်လေး တစ်ဖက်နဲ့တစ်ဖက် ထိန်းချုပ်မှု အပိုင်းတွေ ရှိလာတယ်။ ဒါကြောင့် တိုက်ပွဲတော့ လျော့လာတယ်လို့ မြင်တွေ့ရပါတယ်”ဟု သူက ပြောသည်။သြဂုတ်လအတွင်း အစိုးရနှင့် KIO တပ်များအကြား တိုက်ပွဲ ဖြစ်ပွားမှုလျော့နည်းခဲ့သော်လည်း ယခုလဆန်းပိုင်းကမူ ဖားကန့်မြို့နယ်အတွင်း KIO တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်စခန်းအတွင်း အစိုးရ စစ်တပ်က နယ်မြေ ရှင်းလင်းရေး လှုပ်ရှားလာသဖြင့် ထိတွေ့မှု ဖြစ်ပွားမှု နှစ်ကြိမ်၊ သုံးကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးကြီး ခွန်နောင်က ပြောသည်။

Ooredoo တာဝါတိုင် တည်ဆောက်ပေးသူများ ပိုက်ဆံမရရှိ၍ တရားစွဲရန် ပြင်ဆင်နေ

ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် Ooredoo ကုမ္ပဏီအတွက် တာဝါတိုင် တည် ဆောက်ပေးခဲ့သူများသည် တာဝါတိုင်တည်ဆောက်စရိတ်အတွက် ငွေကြေးပြန်လည် မရရှိသည့်အတွက် တရားစွဲရန် ပြင်ဆင်နေကြသည်ဟု သိရသည်။
တာဝါတိုင်တည်ဆောက်ခြင်း စရိတ်အတွက် ငွေကြေးပြန်လည် ပေးဆောင်ခြင်းမရှိသည်မှာ Ooredooနှင့် သက်ဆိုင်ခြင်းမရှိဘဲ Ooredoo မှ တာဝါတိုင်တည်ဆောက်ရန် လွှဲအပ်ထားသည့် Zamil Infra Tele လီမိတက်သာ ဖြစ်သည်ဟုသိရသည်။ တာဝါတိုင် တည်ဆောက်ခြင်းအတွက် ကုန်ကျစရိတ် ပြန်လည် မရရှိခဲ့သည့် ဆောက်လုပ်ရေး ကုမ္ပဏီမှာ တစ်ခုတည်းမဟုတ်ဘဲ ကုမ္ပဏီခုနှစ်ခုဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီတို့သည် မကွေး၊ ရေတာရှည်၊ မင်းဘူး၊ စဥ့်ကူး၊ တောင်တွင်းကြီး၊ ပြည်၊ စစ်ကွင်း၊ အုတ်ဖိုစသည့် မြို့နယ်များအတွင်း တာဝါတိုင်များကို တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အီဘိုလာသံသယသွေးနမူနာကို အမေရိကန်နှင့် ဂျာမနီသို့ ပေးပို့စစ်ဆေးရန်ဆွေးနွေး

Photo: အီဘိုလာသံသယသွေးနမူနာကို အမေရိကန်နှင့် ဂျာမနီသို့ ပေးပို့စစ်ဆေးရန်ဆွေးနွေး
Thursday, August 28, 2014

အီဘိုလာရောဂါ သံသယရှိသူ ၏သွေးနမူနာကို အမေရိကန်နိုင်ငံ CDC Atlanta (သို့မဟုတ်) ဂျာမနီနိုင်ငံ ဟန်း ဘတ်မြို့ရှိ ခွဲခန်းသို့ပေးပို့ စစ်ဆေးရန် ဆွေးနွေးမှုများပြုလုပ်ထားကြောင်း သိ ရသည်။
လက်ရှိအချိန်တွင် လူနာသွေးနမူ နာကို အိန္ဒိယနိုင်ငံပူးနေမြို့ရှိ ဓာတ်ခွဲခန်း သို့ ပေးပို့စစ်ဆေးနိုင်ရန်အတွက် အပြည် ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအ ဖွဲ့အစည်းတစ်ခုဖြစ်သော IATA နှင့် WHO တို့ညှိနှိုင်းဆဲဖြစ်သည်ဟု သြ ဂုတ် ၂၆ ရက် ဗဟိုကူးစက်ရောဂါတိုက် ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာ တိုးသီရိအောင်က ပြောသည်။
အီဘိုလာဗိုင်းရပ်စ်ရှိသည်ဟု သံသ ယရှိသူ လူနာ၏သွေးနမူနာအား အိန္ဒိယ နိုင်ငံ ပူးနေမြို့ရှိ ဗိုင်းရပ်စ်ဗေဒဓာတ်ခွဲ ခန်းသို့ပေးပို့ရန်အတွက် အိန္ဒိယမှ လက် ခံသော်လည်း လေကြောင်းလိုင်းမှ သယ် ယူပို့ဆောင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။
''လေကြောင်းလိုင်းကနေ သယ် ယူပို့ဆောင်ဖို့က အခက်အခဲရှိနေတယ်။ IATA ကတော့ နိုင်ငံတကာကိုပို့ရင် လိုအပ်ချက်ခြောက်ချက်ရှိတယ်ဆိုပြီး ပြောတာပေါ့။ သူတို့ကနေ လက်မခံ သေးဘူး။ အခုဒီက အစိုးရရယ်၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့တွေကနေပြီးတော့ လေကြောင်းလိုင်းနဲ့ညှိနှိုင်းမှုတွေလုပ် နေတယ်'' ဟု ၄င်းက ပြောသည်။
ယခုလ ၁၉ ရက်က အနောက် အာဖရိကမှပြန်လာသူ ဦးဇင်မင်းဦးအား အီဘိုလာရောဂါရှိသည်ဟု သံသယရှိ သဖြင့် ၄င်း၏သွေးနမူနာအား အမျိုး သားကျန်းမာရေးဓာတ်ခွဲခန်းမှုဆိုင်ရာ ဌာန(NHL)မှ စစ်ဆေးခဲ့ရာ ရရှိသော သွေးနမူနာ၏အဖြေမှာ ငှက်ဖျားပိုးနှစ် မျိုးဖြစ်သည့် ပလတ်စမိုဒီယမ်ဖယ်စီပ ရမ်နှင့် ပလတ်စမိုဒီရမ်ဗိုင်းရပ်စ်ရော ဂါပိုးနှစ်မျိုးကူးစက်ခံရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။
လက်ရှိတွင် လူနာသည် ငှက်ဖျားရောဂါပိုးတွေ့ရှိရသော်လည်း လူနာအပါအဝင် လူနာနှင့်အတူလိုက် ပါလာသော လေးဦးအား စောင့်ကြပ် ကြည့်ရှုနေဆဲဖြစ်သည်ဟုသိရသည်။

TheYangonTimes

အီဘိုလာရောဂါ သံသယရှိသူ ၏သွေးနမူနာကို အမေရိကန်နိုင်ငံ CDC Atlanta (သို့မဟုတ်) ဂျာမနီနိုင်ငံ ဟန်း ဘတ်မြို့ရှိ ခွဲခန်းသို့ပေးပို့ စစ်ဆေးရန် ဆွေးနွေးမှုများပြုလုပ်ထားကြောင်း သိ ရသည်။လက်ရှိအချိန်တွင် လူနာသွေးနမူ နာကို အိန္ဒိယနိုင်ငံပူးနေမြို့ရှိ ဓာတ်ခွဲခန်း သို့ ပေးပို့စစ်ဆေးနိုင်ရန်အတွက် အပြည် ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအ ဖွဲ့အစည်းတစ်ခုဖြစ်သော IATA နှင့် WHO တို့ညှိနှိုင်းဆဲဖြစ်သည်ဟု သြ ဂုတ် ၂၆ ရက် ဗဟိုကူးစက်ရောဂါတိုက် ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာ တိုးသီရိအောင်က ပြောသည်။

မြန်မာ့တပ်မတော်မှ အမျိုးသမီးဗိုလ်လောင်းများ သင်တန်းဆင်းပြီး အရာရှိများဖြစ်ပြီ




မြန်မာ့တပ်မတော်မှ အမျိုးသမီးဗိုလ်လောင်းများ ယနေ့သင်တန်းဆင်းကာ အရာရှိများ အသီးသီး ဖြစ်ခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးဗိုလ်လောင်းများအတွက် လျှောက်လွှာခေါ်ယူခဲ့ရာမှာဗိုလ်လောင်းလျှောက်လွာ တစ်သောင်းခွဲ ခန့်ရရှိခဲ့ပြီး ၎င်းတို့ထဲမှ စံကာတင် အယောက် ၁၀၀ ခန့် ရွေးချယ်သင်တန်းပေးခဲ့ခြင်း ဖြစ်ပါတယ်။ ယခုလို မြန်မာ့တပ်မတော်မှာ
သမီးကောင်းဇာနည်တွေရောက်ရှိလာတဲ့ အတွက် တိုင်းပြည်အတွက် အားရစရာပါ။

၇ နှစ်အတွင်း ကျောက်မျက် တင်ပို့မှုကနေ ဒေါ်လာ ၁၇ ဘီလီယံကျော် ရရှိ


Photo: ၇ နှစ်အတွင်း ကျောက်မျက် တင်ပို့မှုကနေ ဒေါ်လာ ၁၇ ဘီလီယံကျော် ရရှိ
Thursday, August 28, 2014

အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ စီးပွားရေး အားကောင်းလာလို့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်း ကျောက်စိမ်းနဲ့ ကျောက်မျက်ရောင်းချမှုကနေ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံကျော်နဲ့ ညီမျှတဲ့ ဥရောပယူရိုငွေ ၁၃ ဘီလီယံကျော် ရခဲ့ပါတယ်။

ဒါဟာ မြန်မာနိုင်ငံ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ရဲ့ ၂၇ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ထူးကုမ္ပဏီများအုပ်စု ပိုင်ရှင်နဲ့ ကျောက်မျက် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဟောင်း ဦးတေဇက ပြောပါတယ်။
သြဂုတ် ၂၅ ရက်နေ့က ရန်ကုန် အင်းယားလိတ်ဟိုတယ်မှာ လုပ်တဲ့ ကျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ် ညီလာခံမှာ သူက ခုလို ပြောလိုက်တာပါ။

ဒါပေမယ့် အဲလို တင်ပို့ရောင်းချနိုင်တာဟာ ကျောက်စိမ်းနဲ့ ကျောက်မျက် အကြမ်းထည်တွေပဲ ဖြစ်ပြီး နိုင်ငံတကာနည်းတူ အချောထည် ထုတ်လုပ် တင်ပို့နိုင်အောင် ထပ်ပြီး ကြိုးစားရဦးမယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်မှာ တန်ဖိုးပမာဏအများဆုံးဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဖြစ်ပြီး ကျောက်စိမ်းနဲ့ ကျောက်မျက်ကတော့ ဒုတိယပမာဏအများဆုံး ဖြစ်ပါတယ်။
dvb

အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ စီးပွားရေး အားကောင်းလာလို့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၇ နှစ်တာ ကာလအတွင်း ကျောက်စိမ်းနဲ့ ကျောက်မျက်ရောင်းချမှုကနေ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံကျော်နဲ့ ညီမျှတဲ့ ဥရောပယူရိုငွေ ၁၃ ဘီလီယံကျော် ရခဲ့ပါတယ်။

သီလ၀ါအထူးစီးပွားရေးဇုန်အတွက် သီးသန့် ဂက်စ်တာဘိုင် ဆောက်မည်

Photo: သီလ၀ါအထူးစီးပွားရေးဇုန်အတွက် သီးသန့် ဂက်စ်တာဘိုင် ဆောက်မည်
Thursday, August 28, 2014

သီလ၀ါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံ အလုပ်လုပ်ကိုင်မယ့် စက်ရုံနဲ့ ကုမ္ပဏီတွေ အတွက် ဂျပန်ဘက်ကနေ သီးသန့် လျှပ်စစ်ဓာတ်အားပေးစက်ရုံတခု တည်ဆောက်မယ်လို့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီရဲ့ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောပါတယ်။
သီလ၀ါအထူးစီးပွားရေးဇုန် (အေ) အတွင်းမှာ လုံးဝ ပြတ်တောက်မှုမရှိ အဆက်မပြတ် ဓာတ်အားပေးနိုင်တဲ့ သဘာဝဓာတ်ငွေ့သုံးစက်ရုံတခု တည်ဆောက်မှာ ဖြစ်ပြီး ဂျပန်နိုင်ငံက ချေးငွေ ရရှိထားပြီးဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
လက်ရှိ တည်ဆောက်မယ့် စက်ရုံဟာ ၂၀၁၅ ခုနှစ်အတွင်း စက်ရုံ ၄၅ ရုံအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက် မဂ္ဂါဝပ် ၂၀ ကို ဖြည့်ဆည်းပေးမှာ ဖြစ်ပြီး နောက်ပိုင်း ၂၀၂၀ ရောက်ရင် မဂ္ဂါဝပ် ၁၆၀ ကနေ ၂၀၀ ကျော် လိုလာမယ် ဖြစ်လို့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေကိုပါ တည်ဆောက်ဖို့ အစီအစဉ်ရှိတယ်လို့ ဦးဆက်အောင်က ပြောပါတယ်။
dvb
သီလ၀ါအထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံ အလုပ်လုပ်ကိုင်မယ့် စက်ရုံနဲ့ ကုမ္ပဏီတွေ အတွက် ဂျပန်ဘက်ကနေ သီးသန့် လျှပ်စစ်ဓာတ်အားပေးစက်ရုံတခု တည်ဆောက်မယ်လို့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီရဲ့ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောပါတယ်။

စင်ကာပူနိုင်ငံရှိ မြန်မာအိမ်အကူ များတွင် (၄၄) ရာခိုင်နှုန်းသာ ကောင်းမွန်သော အစားအသောက် ရရှိဟုဆို

                     စင်ကာပူ နိုင်ငံရှိ မြန်မာ အိမ်အကူများတွင် (၄၄) ရာခိုင်နှုန်းသာ ကောင်းမွန်သော အစားအသောက် ရရှိပြီး (၄၀) ရာခိုင်နှုန်းသည် တစ်နေ့ လျှင် အစားအစာ နှစ်ကြိမ်စားသောက် ရကြောင်း အိမ်ဖော် အလုပ်သမားများအရေး ဆောင်ရွက်နေသည့် စင်ကာပူ အခြေစိုက် HOME စင်တာက ၂၀၁၃ နိုင်ဝင်ဘာလ မှ ၂၀၁၄ မေလအထိ အိမ်အကူ (၆၇၀) ကို ကောက်ယူခဲ့သည့် စစ်တမ်းအရ သိရသည်။

                    ကောင်းမွန်တဲ့ အစားအစာထဲမှာတော့  ပုပ်သိုးတဲ့ ဟင်းလျာတွေ၊  အကြွင်းအကျန် အစားအစာတွေ အဲဒါတွေ မဟုတ်တဲ့ ဟာပေါ့။ ကျန်တဲ့ ရာခိုင်နှုန်း ကတော့ ပုပ်သိုး အစားအစာတွေ စားနေရလား ဆိုတဲ့ မေးခွန်းမျိုး မေးလာနိုင်ပါတယ်။ ဒါပေမဲ့ အိမ်ရှင်နဲ့ အိမ်အကူတွေ ကတော့ အနည်းနဲ့ အများ  အဆင်မပြေတာတွေ ရှိပါတယ် ဟု HOME စင်တာမှ ဒါရိုက်တာ ဒေါက်တာ သိန်းသန်းဝင်းက The Messenger Media  သို့ပြောသည်။

ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း


Photo: ဦးမြင့်ဆွေ၊ မြန်မာ့ စေတနာနဲ့ မရှင်းလင်းသော ရန်ကုန်မြို့သစ် စီမံကိန်း
Thursday, August 28, 2014

ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရန်ကုန်မြို့သစ် စီမံကိန်းတခုကို ပုဂ္ဂလိကပိုင် အများပိုင်ကုမ္ပဏီတခုဖြစ်တဲ့ မြန်မာ့စေတနာ မြို့သစ်ကုမ္ပဏီကို တရားဝင် လုပ်ဆောင်ခွင့်ပေးလိုက်ပြီလို့ တရားဝင်ကြေညာလိုက်ပေမယ့် ဒီစီမံကိန်းကို လုပ်ကိုင်ခွင့်ရမယ့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီအကြောင်း သေချာရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိသလို ဘယ်လိုစံချိန်စံညွှန်းတွေကြောင့် ရန်ကုန်မြို့သစ် စီမံကိန်းအတွက် အဲဒီကုမ္ပဏီကို ရွေးချယ်ခဲ့သလဲဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မြန်မာ့စေတနာ မြို့သစ် ကုမ္ပဏီတခုတည်းက တာဝန်ယူမယ်ဆိုတာရယ်၊ ရင်းနှီးမြှုပ်နှံမယ့် ငွေကြေးပမာဏဖြစ်တဲ့ အမေရိကန် ဒေါ်လာ ၈ ဘီလီယံဆိုတာက အင်မတန်မှ များပြားလှတဲ့ ငွေကြေးပမာဏဖြစ်ပြီး ဒီငွေကြေး တွေကဘယ်ကလာတဲ့ ငွေကြေးတွေလဲ ဆိုတာရယ်က အင်မတန် စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဒါကြောင့် ဧရာဝတီက စုံစမ်းလေ့လာခဲ့ပါတယ်။

မြန်မာ့စေတနာမြို့သစ်ဟာ အများပိုင်ကုမ္ပဏီအဖြစ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ မှတ်ပုံတင်ရရှိခဲ့ပြီး မှတ်ပုံတင်အမှတ် က ၄၅၀၆/၁၃-၁၄ ဖြစ်ပါတယ်။ မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီရဲ့ လိပ်စာအဖြစ် တိုက်အမှတ် ၂၊ ဦးရွှေပင်လမ်းနှင့် မြတ်အိမ်ရာလမ်းသွယ်၊ ရွှေပြည်သာစက်မှုဇုန် ၃၊ ရွှေပြည်သာမြို့နယ်လို့ အစိုးရထံမှာ တရားဝင် မှတ်ပုံတင်ထားပေမယ့် အဲဒီနေရာကို ဧရာဝတီက သွားရောက်ရှာဖွေရာမှာတော့ အမှန်တကယ် ကုမ္ပဏီရုံးခန်း ဖွင့်လှစ်ထားတာမျိုး မတွေ့ခဲ့ရပါဘူး။

ရန်ကုန်မြို့သစ် စီမံကိန်းကြီးတခုမှာ အမေရိကန်ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံမယ့် မြန်မာ့ စေတနာကုမ္ပဏီက ရုံးခန်းရယ်လို့ ထည်ထည်ဝါဝါ မရှိဘဲ အင်မတန် ဝေးလံခေါင်သီလှတဲ့ ရွှေပြည်သာ စက်မှုဇုန် ၃ လို နေရာမျိုးက လိပ်စာထည့်သွင်းပြီး ကုမ္ပဏီမှတ်ပုံတင်ခဲ့တာက အင်မတန် အံ့ဩစရာပါပဲ။ မြန်မာ့စေတနာ မြို့သစ်ကုမ္ပဏီ အများပိုင်ကုမ္ပဏီရဲ့ မတည်ရင်းနှီးငွေက ကျပ်သန်း ၁၀ဝ၀ ဖြစ်ပြီး ကနဦး ထည့်ဝင်ငွေက ကျပ်သန်း ၇၀ ဖြစ်တယ်လို့ ဝန်ကြီးဌာနကရရှိတဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။ လုပ်ငန်းဆောင်ရွက်ခွင့်အမှတ် လတ်တလော မရှိသေးဘူးလို့ သိရှိရပါတယ်။

မြန်မာ့စေတနာမြို့သစ် ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာအဖြစ် ဦးသက်ဦးဆိုသူက တာဝန်ယူထား ပြီး ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မယ့်နေရာမှာ ကျရောက်နေတဲ့ ကျေးရွာတွေက ဒေသခံ ၁၁ ဦးကို ကုမ္ပဏီဒါရိုက်တာတွေအဖြစ် ခန့်အပ်ထားပါတယ်။

ဦးသက်ဦးက ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်းကျေးရွာဒေသခံ တွေနဲ့ မကြာသေးမီက တွေ့ဆုံခဲ့ပြီး လှိုင်မြစ်နဲ့တဖက် ကမ်းစီဖြစ်နေတဲ့ အလတ်ချောင်းကျေးရွာနဲ့ ကြည့် မြင်တိုင် ဗားကရာကို တံတားထိုးဖို့ ပထမဦးဆုံးခြေလှမ်း လုပ်ဆောင်မယ့်အကြောင်း ဒေသခံတွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တံတားထိုးဖို့ မလွတ်ကင်းတဲ့ အိမ်တွေကို ဖယ်ရှားပြီး စေတနာအိမ်ရာလို့ အမည်တွင်မယ့် အိမ်ရာမှာ လုံးချင်းအိမ်တွေ တည်ဆောက်ပေးမယ်လို့ ဦးသက်ဦးက ဆိုပါတယ်။ အစားပြန်ပေးမယ့် အိမ်တွေက ပေ ၄၀၊ ပေ ၆၀ မြေကွက်တွေပေါ်မှာ တည်ဆောက်ထားတဲ့ အိမ်တွေဖြစ်ပြီး ပရိဘောဂတွေနဲ့ အကောင်းဆုံးဆိုတဲ့ မစ်ဆူဘီရှီ အဲယားကွန်းတွေ ထည့်သွင်းပေးမယ်လို့လည်း ဆိုပါတယ်။ ဒေသခံတွေရဲ့ မေးမြန်းချက်တွေကို ဦးသက်ဦးက ဖြေကြားပေမယ့် ရင်းနှီးမြှုပ်နှံမယ့် ငွေကြေးတွေက ဘယ်ကလာတယ်ဆိုတာ ဦးသက်ဦးက ဒေသခံတွေကို ပြောဆိုသွားခြင်း မရှိပါဘူး။ ဧရာဝတီသတင်းဌာနက မြန်မာ့စေတနာ ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသက်ဦးကိုဆက်သွယ် မေးမြန်းခဲ့ပေမယ့် မီဒီယာတွေကို အသိပေးစရာ လတ်တလော သတင်းအချက်အလက်မရှိသေးကြောင်း၊ မြန်မာ့စေတနာကုမ္ပဏီ ဥက္ကဋ္ဌက သူသာလျှင် ဖြစ်ကြောင်း ပြောဆိုပါတယ်။

ဒါပေမယ့် ဧရာဝတီက မေးမြန်းစုံစမ်းခဲ့တဲ့ စီးပွားရေးအသိုင်းအဝိုင်းနဲ့ လုပ်ငန်းရှင်တွေက မြန်မာ့ စေတနာကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေးလုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေတယ်လို့ ဆိုကြပါတယ်။ သူတို့ဟာ အရင်စစ်အစိုးရ ဝန်ကြီးတွေ၊ ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးလှသူတွေလည်းဖြစ်တဲ့အပြင် ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ စစ်တပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရှိစဉ်ကတည်းက ဆက်ဆံရေးပြေလည်မှုရှိကြောင်း စုံစမ်းသိရှိရပါတယ်။ အရင် မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့် ရင်းနှီးသူဖြစ်တာကြောင့် အခုပြည်သူ့ရင်ပြင်အတွင်းမှာ စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်ဖွင့်လှစ်ခွင့်ရရှိခဲ့တယ်လို့ ရန်ကုန် စီးပွားရေးလုပ်ငန်းရှင် တဦးကလည်း ပြောဆိုပါတယ်။

ရန်ကုန်အခြေစိုက် ဟိုတယ်လုပ်ငန်းရှင်တဦး ကတော့ ရှောက်ပန်းအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဆောက်လုပ်ရေးဝန်ကြီးတို့နဲ့ အလွန်နီးစပ်သူဖြစ်ပြီး ယခုစီမံကိန်း လုပ်ပိုင်ခွင့်ရရှိ အောင် ဦးမြင့်ဆွေက လုပ်ပိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးချုပ် ဦးမြင့်ဆွေက ရန်ကုန်မြို့သစ် စီမံကိန်းအတွက် သမ္မတ ဦးသိန်းစိန်ထံသွားပြီး စည်းရုံးပြောဆို ဖျောင်းဖျခဲ့ရာမှ အခု စီမံကိန်းကို သမ္မတက မီးစိမ်းပြခဲ့တယ်လို့ ပြောဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ နီးစပ်သူတဦးက ရန်ကုန်မြို့သစ် စီမံကိန်းနောက်ကွယ်မှာ တရုတ် လုပ်ငန်းရှင်တွေ အများအပြား ပါဝင်ပတ်သက်နေတယ်ဆိုပြီး ပြောပါတယ်။

]]အခု လုပ်ငန်းရှင်ညီအစ်ကို ၂ ယောက်လုံးက အရမ်းချမ်းသာတာ မပြောနဲ့၊ သူတို့နောက်မှာ တရုတ်တွေ ရှိတယ်။ တရုတ်အစိုးရ အေးဂျင့်တွေလို့တောင် ပြောလို့ရတယ်}}လို့ သူကပဲ မှတ်ချက်ပြုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရန်ကုန်မြို့သစ် စီမံကိန်းအတွက် သိုသိပ်စွာ လုပ်ဆောင်ခဲ့ကြောင်း ပြောဆိုပေမယ့် သတင်းကြိုထွက်ခဲ့လို့ စစ် ဗိုလ်ချုပ်ကြီးတွေနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်း၊ စီးပွားရေး အသိုင်းအဝိုင်းက ၂၀၁၄ ခုနှစ် မတ်လကတည်းက စီမံကိန်းလုပ်ဆောင်မယ့် နေရာတွေမှာ မြေကွက်တွေ အလုအယက် ဝယ်ယူခဲ့ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။ မြေကွက်ဝယ်ယူထားသူတွေထဲမှာအငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီးတွေလည်း ပါဝင်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ခွင့်ပြုခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဆိပ်ကြီး ခနောင်တိုမြို့နယ်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်တာမို့ မြို့သစ်စီမံကိန်းကြောင့် သူ့မဲဆန္ဒနယ်မှာ ထောက်ခံမှုနှုန်း မြင့်တက်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဒီလို လျှို့ဝှက်ချက်တွေများနေတဲ့ ရန်ကုန်မြို့ သစ် စီမံကိန်းက မမြင်နိုင်တဲ့နိုင်ငံရေး ရည်ရွယ်ချက်နဲ့ စီးပွားရေးခြယ်လှယ်မှုတွေရှိနေတာမို့ ပွင့်လင်း မြင်သာပြီး ကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့ လူထုလူတန်းစား အားလုံးပါဝင်တဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်နေပါတယ်ဆိုတဲ့ လက်ရှိ နေပြည်တော်အစိုးရရဲ့ ပြောဆိုချက်များနဲ့ မိုးနဲ့မြေလို ကွာဟလွန်းနေကြောင်းပါ။

ဧရာဝတီ BLOG

မြို့သစ်စီမံကိန်း သတင်း ထွက်ပေါ်လာပြီး နောက်ပိုင်း မြင်တွေ့ရသည့် တွံတေး-လှိုင်သာယာ ကားလမ်းနံဘေးရှိ မြင်ကွင်းတခု (ဓာတ်ပုံ-စိုင်းဇော် / ဧရာဝတီ) 
မြို့သစ်စီမံကိန်း သတင်း ထွက်ပေါ်လာပြီး နောက်ပိုင်း မြင်တွေ့ရသည့် တွံတေး-လှိုင်သာယာ ကားလမ်း နံဘေး ရှိ မြင်ကွင်း တခု (ဓာတ်ပုံ-စိုင်းဇော် / ဧရာဝတီ)
ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရန်ကုန်မြို့သစ် စီမံကိန်းတခုကို ပုဂ္ဂလိကပိုင် အများပိုင်ကုမ္ပဏီတခုဖြစ်တဲ့ မြန်မာ့စေတနာ မြို့သစ်ကုမ္ပဏီကို တရားဝင် လုပ်ဆောင်ခွင့်ပေးလိုက်ပြီလို့ တရားဝင်ကြေညာလိုက်ပေမယ့် ဒီစီမံကိန်းကို လုပ်ကိုင်ခွင့် ရမယ့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီအကြောင်း သေချာရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိသလို ဘယ်လို စံချိန်စံညွှန်းတွေကြောင့် ရန်ကုန်မြို့သစ် စီမံကိန်းအတွက် အဲဒီကုမ္ပဏီကို ရွေးချယ်ခဲ့သလဲဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

အကြမ်းဖက်မှုတိုက်ဖျက်ရေး တပ်ဖွဲ့သစ်တွေကို သြစတြေးလျ လေဆိပ်များတွင် တာဝန်ချ

သြစတြေးလျအစိုးရက အကြမ်းဖက်မှုတိုက်ဖျက်ရေး တပ်ဖွဲ့တွေကို အဓိကလေဆိပ်တွေ မှာ တာဝန်ချထားလိုက်ပါတယ်။
သြစတြေးလျအစိုးရဟာ မဲလ်ဘုန်းနဲ့ ဆစ်ဒနီလေဆိပ်တွေမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး တပ်ဖွဲ့သစ်တွေကို တာဝန်ချထားခဲ့ပြီးပြီလို့ ဝန်ကြီးချုပ် တိုနီအက်ဘ်ဘော့က လွှတ်တော်မှာ ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်နေ့ ပြောဆိုလိုက်ပါတယ်။ct-policeဒီ တပ်ဖွဲ့သစ်ဟာ လူအနည်းဆုံး ၁ ယောက်ကို ကြားဖြတ်ဆွဲခေါ်ပြီးပြီလို့ သူက ဆက်ပြော ပါတယ်။ဘယ်လို ကြားဖြတ်ခေါ်တာနဲ့ ဘယ်ကို ခေါ်သွားဖို့ စီစဉ်ထားတယ်ဆိုတဲ့ အသေးစိတ် ကိုတော့ မဖော်ထုတ်ခဲ့ပါဘူး။သြစတြေးလျမီဒီယာကတော့ တပ်ဖွဲ့သစ်ဟာ တနိုင်ငံလုံးကနိုင်ငံတကာ လေဆိပ်တွေ အားလုံးကို နောက်ဆုံးမှာ ပျံ့သွားမယ်လို့ အစီရင်ခံပါတယ်။သြစတြေးလျအစိုးရဟာ လူငယ်တွေ အစွန်းရောက်သွားမှာဆိုတာရယ်၊ အီရတ်နဲ့ ဆီးရီးယားတို့လို နိုင်ငံတကာပဋိပက္ခတွေမှာ သွားရောက်တိုက်ခိုက်မှာကို တားမြစ်ဖို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ဆောင်ချက်တွေကို  ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့က ဖွင့်ပြခဲ့တာပါ။သြစတြေးလျနိုင်ငံသားတချို့က ဂျီဟတ်စစ်ပွဲဝင် စစ်သွေးကြွတွေနဲ့ ပူးပေါင်းခဲ့ ပြီးပါပြီ။

မြန်မာနိုင်ငံတွင် အီဘိုလာ ဓာတ်ခွဲခန်း တည်ဆောက်ရန် စီစဉ်

Photo: မြန်မာနိုင်ငံတွင် အီဘိုလာ ဓာတ်ခွဲခန်း တည်ဆောက်ရန် စီစဉ်
Thursday, August 28, 2014

 မြန်မာနိုင်ငံတွင် အီဘို လာရောဂါစမ်းသပ်စစ်ဆေးနိုင် မည့်ဓာတ်ခွဲခန်း တည်ဆောက် ရန် စီစဉ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘အခု မြန်မာနိုင်ငံမှာဆိုရင် အီဘိုလာနဲ့ပတ်သက်ပြီး နဖူးတွေ့ဒူးတွေ့ ကြုံလာရပြီဆိုတော့ ရောဂါစစ်ဆေးဖို့အတွက် လိုအပ် မယ့် ပစ္စည်းတွေဝယ်ယူပြီး ဓာတ် ခွဲခန်းဆောက်ဖို့ စီစဉ်နေပါပြီ’’ ဟု ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူး စက်ရောဂါဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဒေါက်တာ ထွန်းတင်က ပြောသည်။

မြန်မာနိုင်ငံတွင် အီဘိုလာ ရောဂါဖြစ်၊ မဖြစ် သိရှိနိုင်ရန် စစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းမရှိ ခြင်းကြောင့် သြဂုတ် ၁၉ ရက်က အာဖရိကတိုက်မှ ပြန်လည်ရောက်ရှိလာသည့် အီဘိုလာရောဂါ သံသယရှိ လူနာ ဦးဇင်မင်းဦး၏ သွေးကို ဓာတ်ခွဲစစ်ဆေးရန် ကမ္ဘာ့ကျန်းမာရေး ဓာတ်ခွဲဌာန တည်ရှိရာ အိန္ဒိယနိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်နေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

‘‘ဓာတ်ခွဲခန်းဆောက်ဖို့ ဆို တာကလည်း သူ့အတွက် လိုအပ် မယ့် အဆောက်အအုံတွေ၊ ပစ္စည်း ကိရိယာတွေ ၀ယ်ဖို့ရှိသေးတယ်။ ဒီနေ့ပြော နောက်နေ့ ဗြုန်းခနဲဆောက်လို့ ပြီးမယ့် အရာတော့ မဟုတ်ဘူး။ အချိန်အတိုင်းအတာ တစ်ခုတော့ ကြာမှာပဲ’’ဟု ဒေါက် တာထွန်းတင်က ဆိုသည်။

လင်းနို့မှတစ်ဆင့် စတင်ဖြစ် ပွားသော အီဘိုလာဗိုင်းရပ်စ်ပိုး သည် အနောက်အာဖရိကနိုင်ငံ များဖြစ်သည့် လိုက်ဘေးရီးယား၊ ဂီနီ၊ နိုင်ဂျီးရီးယား၊ ဆီရာယာလီယွန် စသည့် နိုင်ငံလေးနိုင်ငံတွင် ကူးစက်မှု မြန်ဆန်နေပြီး သြဂုတ် ၂၃ ရက်ထိ ရောဂါဖြစ်ပွားသူအရေ အတွက် ၂၆၁၅ ဦးနှင့် သေဆုံးသူ များမှာ အနည်းဆုံး ၁၄၂၇ ဦး ရှိ နေပြီ ဖြစ်သည်။

အီဘိုလာရောဂါပိုးမှ ကာ ကွယ်နိုင်ရန် တစ်ကိုယ်ရေ သန့် ရှင်းရေး ဂရုစိုက်ခြင်း၊ ရောဂါပိုး ရှိသူ(သို့) ရောဂါကူးစက်ခြင်း ခံထားရသူ၏ ခန္ဓာကိုယ်မှ ထွက်သော အရည်များကို အကာအကွယ်မပါဘဲ ထိတွေ့ခြင်းမပြုရန်နှင့် အီဘိုလာရောဂါဖြစ်ပွားနေ သည့် နိုင်ငံများသို့ ခရီးသွားခြင်း တို့ကို ရှောင်ကြဉ်ရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
7daydaily
 မြန်မာနိုင်ငံတွင် အီဘို လာရောဂါစမ်းသပ်စစ်ဆေးနိုင် မည့်ဓာတ်ခွဲခန်း တည်ဆောက် ရန် စီစဉ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
‘‘အခု မြန်မာနိုင်ငံမှာဆိုရင် အီဘိုလာနဲ့ပတ်သက်ပြီး နဖူးတွေ့ဒူးတွေ့ ကြုံလာရပြီဆိုတော့ ရောဂါစစ်ဆေးဖို့အတွက် လိုအပ် မယ့် ပစ္စည်းတွေဝယ်ယူပြီး ဓာတ် ခွဲခန်းဆောက်ဖို့ စီစဉ်နေပါပြီ’’ ဟု ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူး စက်ရောဂါဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဒေါက်တာ ထွန်းတင်က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးက မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုပေးနိုင်ရန် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများကို တင်ဒါခေါ်ယူ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြန်နှုန်းမြင့်အင်တာနက်ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများကို တင်ဒါခေါ်ယူထားပြီး ယင်းကုမ္ပဏီများထဲမှ ဈေးနှုန်းသက်သာပြီး ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်သည့် ကုမ္ပဏီတစ်ခု (သို့) နှစ်ခု ကို ရွေးချယ်ထားပြီး ရွေးချယ်ခံရသည့် ကုမ္ပဏီနှစ်ခုကို ယခုလအတွင်း ထုတ်ပြန်ကြေငြာ သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ပြည်ပဆက်သွယ်ရေးစခန်းမှ သိရသည်။မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် လက်ရှိတွင် ရရှိထားသည့် အင်တာနက်မြန်နှုန်းမှာ 27 Gigabyite ဖြစ်ပြီး နောက်ထပ် 20 Gigabyite ဝန်ဆောင်မှုပေးနိုင်မည့် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများ ပြီးခဲ့သည့်လအတွင်း၌ တင်ဒါခေါ်ယူခဲ့ပြီး လက်ရှိတွင် တင်ဒါပိတ်သိမ်းလိုက်ပြီး ကုမ္ပဏီများကို ရွေးချယ်လျက်ရှိကြောင်း သိရသည်။ လာရောက်လျှောက်ထား သည့် ပြည်ပကုမ္ပဏီများမှာ chinaTelecom အပါအဝင် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများစွာ လာရောက်လျှောက်ထားကြောင်း သိရသည်။

မန္တလေးပဋိပက္ခ အမှုဖြစ်စဉ်တွင် အမျိုးသမီးတစ်ဦးကို ထပ်တိုးဖမ်းဆီး

Photo: မန္တလေးပဋိပက္ခ အမှုဖြစ်စဉ်တွင် အမျိုးသမီးတစ်ဦးကို ထပ်တိုးဖမ်းဆီး
Thursday, August 28, 2014

မန္တလေးပဋိပက္ခ နှင့် ပတ်သက်၍ (၁၂)ကြိမ်မြောက်ရုံးချိန်းစစ်ဆေးရာတွင် ဟာဂျီထွန်း ထွန်း၏ဇနီး ဒေါ်မာမာနီကို ထပ် တိုး၍ စွပ်စွဲခံရသူအဖြစ် ပျဉ်းမနားတရားရုံးက အမိန့်ချဖမ်းဆီးလိုက် ကြောင်း သတင်းရရှိသည်။

ဟာဂျီထွန်းထွန်း၏ ဇနီး သည် တရားလိုသက်သေအဖြစ် ထည့်သွင်းခြင်း ခံထားရသော် လည်း အစိုးရဥပဒေရုံးမှ စွပ်စွဲခံရသူအဖြစ် လျှောက်ထားခြင်း ကြောင့် ထိုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ယင်းစွပ်စွဲဖမ်းဆီးခံရသူကို လည်း ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ ၅(ဃ)၊ (င)၊ (ည)နှင့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၁၁ (လီဆယ်တိုင်ကြားမှု) ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုလိုက်ခြင်းဖြစ် ကြောင်း ရှေ့နေဦးတင်ဝင်းအောင်က ပြောသည်။

‘‘ကတုံးမရဲ့ ထွက်ဆိုချက်ထဲ မှာ ဒေါ်မာမာနီက ပါဝင်ပတ်သက် နေတယ်လို့ ပါတဲ့အတွက် အစိုးရ ဥပဒေ ရုံးကနေ လျှောက်တဲ့အ တွက် အခုလို ဖမ်းဆီးလိုက်တာ ပါ’’ဟု အရေးပေါ်အမိန့်ချပြီး ဖမ်းဆီးခဲ့ခြင်းကြောင့် (၁၂) ကြိမ်မြောက် ရုံးချိန်းစစ်ဆေးရာတွင် ကျန်ရှိသည့် တရားလိုပြ သက်သေများအား စစ်ဆေးခြင်းမရှိခဲ့ကြောင်း ရှေ့နေ ဦးအောင်သူရှိန်ထွန်းက ပြောသည်။

‘‘ဒီလို ဖမ်းဆီးလိုက်တဲ့အ တွက် အမှုကို တစ်ကနေ ပြန်စရ တော့မယ်။ အမှုက ကြာမယ့်အ နေအထား ပြန်ဖြစ်သွားပြီ’’ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

အဆိုပါဖမ်းဆီးမှုသည် ဥပဒေကြောင်းအရ မညီသောကြောင့် ခရိုင်တရားရုံးသို့ ပြင်ဆင်မှုအနေဖြင့် တက်ရောက်သွားမည်ဟု ၎င်းကဆိုသည်။

ထို့အပြင် ထပ်မံဖမ်းဆီးခံထားရသူကို ပျဉ်းမနားမြို့မ အမှတ်(၁) ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်။

မန္တလေးပဋိပက္ခ ဖြစ်စဉ်နှင့် ပတ်သက်၍ စွပ်စွဲခြင်း ခံထားရ သော မဖြူဖြူမင်း(ခ) ကတုံးမ၊ နုနုမြတ်၊ ရဲထွဋ်နှင့် ဟာဂျီထွန်းထွန်း တို့ လေးဦးအား ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅ (ဃ)၊ (င)၊ (ည)နှင့် ပြစ်မှုဆိုင် ရာ ပုဒ်မ ၂၁၁ (လီဆယ်တိုင်ကြား မှု) ပုဒ်မတို့ဖြင့် တရားစွဲဆိုခံထား ရသည်။ ထို့အပြင် ရဲထွဋ်နှင့် နုနု မြတ်တို့မှာ လ.ဝ.က ၆(၁) (၂) တို့ဖြင့် ထပ်မံတရားစွဲခံထားကြရ သည်။

ဇူလိုင် ၁ ရက်က ဖြူဖြူမင်း အား ဘာသာခြား အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့်ခဲ့သည်ဟု သ တင်းများ ထွက်ပေါ်လာသော ကြောင့် မန္တလေးမြို့တွင် ပဋိပက္ခ များ ဖြစ်ပွားရာမှ လူနှစ်ဦး သေ ဆုံး၊ ရှစ်ဦးဒဏ်ရာရရှိကာ ညမ ထွက်ရအမိန့် ထုတ်ခဲ့သည်။

ယခု အခါ ညမထွက်ရအမိန့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက် ၍ စက်တင်ဘာ ၁ ရက်တွင် တရားရုံးက ထပ်မံစစ်ဆေးရန် ရုံးချိန်း သတ်မှတ်လိုက်ကြောင်း သတင်း ရရှိသည်။

မန္တလေးပဋိပက္ခဖြစ်စဉ်ကာလအတွင်း မြို့ထဲတွင် ချထားသည့် လုံခြုံရေးများ (ဓာတ်ပုံ− ညီညီဇော်)
Eleven Media Group
မန္တလေးပဋိပက္ခဖြစ်စဉ်ကာလအတွင်း မြို့ထဲတွင် ချထားသည့် လုံခြုံရေးများ (ဓာတ်ပုံ− ညီညီဇော်)
မန္တလေးပဋိပက္ခ နှင့် ပတ်သက်၍ (၁၂)ကြိမ်မြောက်ရုံးချိန်းစစ်ဆေးရာတွင် ဟာဂျီထွန်း ထွန်း၏ဇနီး ဒေါ်မာမာနီကို ထပ် တိုး၍ စွပ်စွဲခံရသူအဖြစ် ပျဉ်းမနားတရားရုံးက အမိန့်ချဖမ်းဆီးလိုက် ကြောင်း သတင်းရရှိသည်။ ဟာဂျီထွန်းထွန်း၏ ဇနီး သည် တရားလိုသက်သေအဖြစ် ထည့်သွင်းခြင်း ခံထားရသော် လည်း အစိုးရဥပဒေရုံးမှစွပ်စွဲခံရသူအဖြစ် လျှောက်ထားခြင်း ကြောင့် ထိုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ယင်းစွပ်စွဲဖမ်းဆီးခံရသူကို လည်း ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ ၅(ဃ)၊ (င)၊ (ည)နှင့် ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၁၁ (လီဆယ်တိုင်ကြားမှု) ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုလိုက်ခြင်းဖြစ် ကြောင်း ရှေ့နေဦးတင်ဝင်းအောင်က ပြောသည်။

ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသော သင်္ဘောဆီထုတ်ရောင်းသည် ဆိုသည့်သတင်း တပ်မတော်(ရေ)ပြန်လည်ရှင်း

 Photo: ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသော သင်္ဘောဆီထုတ်ရောင်းသည် ဆိုသည့်သတင်း တပ်မတော်(ရေ)ပြန်လည်ရှင်း
Thursday, August 28, 2014

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရာအနီး မြစ်ပြင်တွင် တပ်မတော်(ရေ)မှ အမြန်သွား တိုက်ခိုက်ရေး စစ်ရေယာဉ်တစ်စီး ဆီခိုးထုတ်နေသည်ဆိုသော အင်တာနက်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံသတင်းနှင့် ပတ်သက်၍ တပ်မတော်(ရေ)က ဖြေရှင်းချက်ထုတ်ပြန်သည်။ ယင်းဓာတ်ပုံမှာ အွန်လိုင်းတွင် ပျံ့နှံ့နေသလိုမဟုတ်ဘဲသင်္ဘောကြံ့ခိုင်ရေးအတွက် ပုံမှန်လွန်းတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်းသာဖြစ်ကြောင်း တပ်မတော်(ရေ)က ဖြေရှင်းချက် ထုတ်ပြန်သည်။

သြဂုတ် ၂၆ ရက်က အမှတ် (၅၆၆) တိုက်ရေယာဉ်၏ ဓာတ်ပုံနှင့်တကွ သင်္ဘောအတွင်း၊ အပြင် ပြု ပြင်ရေးလုပ်ဆောင်နေပုံများကို လူမှုကွန်ရက်တွင် ဖြန့်ဝေခဲ့ခြင်း ကြောင့် တပ်မတော်(ရေ)က သြဂုတ် ၂၇နေ့ရက်စွဲဖြင့် ဖြေရှင်းချက်ထုတ်ခဲ့ခြင်းဖြစ်သည်။

ရေယာဉ်တက်ရွက်များ မိုး လေ၀သနှင့်ညီစေရန် သင်္ဘော လွန်းကျင်းပေါ်တွင် ဂဟေဆော် ပါက မီးဘေးအန္တရာယ်ရှိနိုင်၍ သင်္ဘောဝမ်းဗိုက်ရှိ ဆီ၊ ဆီချေး၊ ရေနှင့်လောင်စာ အမျိုးမျိုးကို မြစ်ထဲတွင် သန့်ရှင်းဖယ်ရှားနေခြင်းသာဖြစ်သည်ဟု တပ်မတော်(ရေ)က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့အပြင် တစ် နှစ်တစ်ခါ တိုက်ရေယာဉ်များကို ပြန်လည်စစ်ဆေးရသည့် နှစ်ပတ် လည်အချိန်နှင့်လည်း တိုက်ဆိုင် နေခြင်းကြောင့် ဖြစ်သည်ဟု ဆို သည်။

ဆီခိုးထုတ်သည်ဟု လူမှုကွန်ရက်ပေါ်တွင် တင်ပြမှုမှာ အထင်အမြင်လွဲမှားမှုသာဖြစ်ကြောင်း တပ်မတော်(ရေ)က တိုက်ရေယာဉ်ဓာတ်ပုံနှင့်တကွလူမှုကွန်ရက်တွင် ဖြေရှင်းထားသည်။

‘‘ဆီခိုးထုတ်တယ်ဆိုတာ အရင်ကတော့ ရှိခဲ့ပါတယ်။ တပ် သားတွေရဲ့ ရိက္ခာနဲ့ စရိတ်တွေအ တွက်ကလည်း လိုသေးတာကိုး။ လူမြင်သူမြင် အချိန်ကြီးမှာတော့ မလုပ်ကြပါဘူး။ ဒီဘက်ခေတ်မှာ တော့ ရိက္ခာကိုလည်း လောက်င အောင်ပေးပါတယ်’’ဟု တပ်မ တော် အဆင့်မြင့်အရာရှိကြီး အဖြစ်မှ အငြိမ်းစားယူခဲ့သူ တပ်မတော်သားဟောင်းတစ်ဦးက ပြောသည်။

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူနေသည့် ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်းတို့ ဆုံရာ သာကေတရှုခင်းသာတွင် တပ်မတော်(ရေ)မှ တိုက်ရေယာဉ် များ အလှည့်ကျ ရပ်နားကင်း လှည့်လေ့ရှိသည်။ ယခုခေါင်း ဆောင်းဆယ်ယူမှုကို စိတ်ဝင်တစား လာရောက်ကြည့်ရှုသူများ နေ့စဉ် များပြားပြီး သင်္ဘောအတွင်းပိုင်း ပြင်ဆင်မှုအတွက် ဆီများထုတ် ယူနေခြင်းအပေါ် ရေယာဉ်လုပ် ငန်းနှင့် မနီးစပ်သူများအနေဖြင့် ဆီခိုးထုတ်နေသည်ဟု ထင်မြင် ချက်များ ထွက်ပေါ်လာခြင်း ဖြစ် ကြောင်း အဆိုပါ တပ်မတော် သားဟောင်းက ပြောကြားသည်။

ရန်ကုန်မြစ်ဝတွင် တွေ့ရသည့် တပ်မတော်(ရေ) စစ်ရေယာဉ်
7Day Daily
ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရာအနီး မြစ်ပြင်တွင် တပ်မတော်(ရေ)မှ အမြန်သွား တိုက်ခိုက်ရေး စစ်ရေယာဉ်တစ်စီး ဆီခိုးထုတ်နေသည်ဆိုသော အင်တာနက်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံသတင်းနှင့် ပတ်သက်၍ တပ်မတော်(ရေ)က ဖြေရှင်းချက်ထုတ်ပြန်သည်။ ယင်းဓာတ်ပုံမှာ အွန်လိုင်းတွင် ပျံ့နှံ့နေသလိုမဟုတ်ဘဲသင်္ဘောကြံ့ခိုင်ရေးအတွက် ပုံမှန်လွန်းတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်းသာဖြစ်ကြောင်း တပ်မတော်(ရေ)က ဖြေရှင်းချက် ထုတ်ပြန်သည်။သြဂုတ် ၂၆ ရက်က အမှတ် (၅၆၆) တိုက်ရေယာဉ်၏ ဓာတ်ပုံနှင့်တကွ သင်္ဘောအတွင်း၊ အပြင် ပြု ပြင်ရေးလုပ်ဆောင်နေပုံများကို လူမှုကွန်ရက်တွင် ဖြန့်ဝေခဲ့ခြင်း ကြောင့် တပ်မတော်(ရေ)က သြဂုတ် ၂၇နေ့ရက်စွဲဖြင့် ဖြေရှင်းချက်ထုတ်ခဲ့ခြင်းဖြစ်သည်။

ဇုန်ကား စလစ်ဈေးနှုန်းများ ကျလာ

Photo: ဇုန်ကား စလစ်ဈေးနှုန်းများ ကျလာ
Thursday, August 28, 2014

ကားဈေးကွက်အတွင်း ဇုန်ထုတ်ကားများ ဆက်တိုက် လက်ခံနေချိန်တွင် ဇုန်ထုတ်စလစ် ဈေးများ ကျဆင်းလာကြောင်း ပြည်တွင်းကားဈေးကွက်မှ သတင်း ရရှိသည်။

ဇုန်ကားများစတင်အပ်နှံချိန် က အပ်ကားစလစ်တစ်စောင် လျှင် ယခင် ကျပ် ၄၅ သိန်းကျော်မှ ယခုကျပ် ၃၇ သိန်းအထိ ဈေးနှုန်းများကျဆင်းလာကြောင်း ကားဝယ် ရောင်း ပြုလုပ်သူများက ပြော ကြားသည်။

ထို့ပြင်ဇုန်ကားအမည်ပေါက်စလစ်မှာလည်း ယခင်ကျပ် ၄၅ သိန်း ၀န်းကျင်ရှိရာမှ ယခု သိန်း ၄၀ ကျော်အထိ ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။

ဇုန်ထုတ်ကားများနှင့်အတူ ယာဉ်အိုယာဉ်ဟောင်းစနစ် လက်ခံနေသည့် ၁က အပ်ကားစလစ်မှာ ကျပ်သိန်း ၆၀ အထိ ကျဆင်းနေပြီး အမည်ပေါက်ဖြစ်ပါက သိန်း ၇၀ ကျော် အတွင်းရှိကြောင်း စလစ်အရောင်းအ၀ယ် ပြုလုပ်သူ လှိုင်ယာဉ်ရောင်းဝယ် ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ စလစ်ကားများ ဈေးနှုန်း ကျဆင်းလာရခြင်းမှာ သီလ၀ါ သံရည်ကျို စက်ရုံတွင်ပြီးခဲ့သည့်လက အရည်ကျိုရန် စောင့်ဆိုင်းရသည်မှာ ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ယခုအပတ်အတွင်း မြန်ဆန်သွားပြီဖြစ်သောကြောင့် စလစ်ထွက်မှုမြန်လာ၍ စလစ်ဈေးနှုန်း ကျဆင်းလာခြင်းဖြစ်သည်ဟု ကားအရောင်းအ၀ယ် ပြုလုပ်သူများက ဆိုသည်။

လက်ရှိတွင် လှိုင်ယာဉ်ရောင်းဝယ်ရေး စခန်း၌ CNG အငှားကားများဖြစ်သည့် ကယ်ဒီးနားဖင်ကောက်ကားအချို့ ဈေးနှုန်းများ မြင့်တက်နေပြီး အရောင်း အ၀ယ်လည်း အများဆုံးဖြစ်နေ သည်။

၁၃၀၀ စီစီ အင်ဂျင်ပါဝါကားငယ်များမှာမူ လူစိတ်ဝင်စားမှု နည်းပါးနေပြီး လက်ရှိ ကားအ ရောင်းအ၀ယ် စခန်းများတွင် 4 Wheel Off Road အမျိုးအစားများဖြစ်သည့် ကလူးဂါးဖားပြုတ်ပရာဒိုကားအချို့နှင့် Double Cap ကားအချို့ နယ်အ၀ယ်လိုက်နေကာ ဈေးနှုန်းများ ကျဆင်းနေသည်။

ရန်ကုန်တွင် နယ်ကျော်ကား များကို ဖမ်းဆီးအရေးယူမည်ဆိုခြင်းကြောင့် ယခင် တက္ကစီမင်းသားကြီးအဖြစ် ရပ်တည်လာသည့် ပရိုဘောက်စ်နှင့် အေဒီဗင်အများစု နယ်အမည်ပေါက်ကားများ အ ရောင်းအ၀ယ်ကျဆင်းလာခြင်းဖြစ်သည်။

ယခင် နယ်လိုင်စင် ပရိုဘောက်စ်တစ်စီးလျှင် ကျပ်သိန်း ၉၀ ကျော်ရှိရာမှ ယခု ၈၅ သိန်းဝန်း ကျင်ဖြင့် ဈေးနှုန်း ကျဆင်းလာ ပြီး အရောင်းအ၀ယ် မရှိတော့ကြောင်း သီရိမင်္ဂလာယာဉ် ရောင်းဝယ်ရေးစခန်းမှ သိရသည်။

7Day DAILY 

ဇုန်ထုတ်ဂျစ်ကားအချို့ (ဓာတ်ပုံ − နစ်ကီ)
ဇုန်ထုတ်ဂျစ်ကားအချို့ (ဓာတ်ပုံ − နစ်ကီ)
ကားဈေးကွက်အတွင်း ဇုန်ထုတ်ကားများ ဆက်တိုက် လက်ခံနေချိန်တွင် ဇုန်ထုတ်စလစ် ဈေးများကျဆင်းလာကြောင်း ပြည်တွင်းကားဈေးကွက်မှ သတင်း ရရှိသည်။ဇုန်ကားများစတင်အပ်နှံချိန် က အပ်ကားစလစ်တစ်စောင် လျှင် ယခင် ကျပ် ၄၅ သိန်းကျော်မှ ယခုကျပ် ၃၇သိန်း အထိ ဈေးနှုန်းများ ကျဆင်း လာကြောင်း ကားဝယ် ရောင်း ပြုလုပ်သူများက ပြော ကြားသည်။ ထို့ပြင်ဇုန်ကားအမည်ပေါက်စလစ်မှာလည်း ယခင်ကျပ် ၄၅ သိန်း ၀န်းကျင်ရှိရာမှ ယခု သိန်း ၄၀ ကျော်အထိ ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။ ဇုန်ထုတ်ကားများနှင့်အတူ ယာဉ်အိုယာဉ်ဟောင်းစနစ် လက်ခံနေသည့် ၁က အပ်ကားစလစ်မှာ ကျပ်သိန်း ၆၀ အထိ ကျဆင်းနေပြီး အမည်ပေါက်ဖြစ်ပါက သိန်း ၇၀ ကျော် အတွင်းရှိကြောင်း စလစ်အရောင်းအ၀ယ် ပြုလုပ်သူ လှိုင်ယာဉ်ရောင်းဝယ် ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စပါးအထွက်ထက် အရည်အသွေး ဦးစားပေးရန် လယ်/ဆည်ကို ဂျပန်ပညာရှင် တိုက်တွန်း


လယ်ယာစိုက်ပျိုးရေး ကဏ္ဍ တိုးတက်ရန် အရည်အသွေးပြည့်မီသည့် မျိုးစပါးထုတ်လုပ်ရေးအတွက် ဦးစားပေး လုပ်ငန်းတစ်ရပ်အဖြစ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆောင်ရွက်သွားရန် လိုအပ်နေကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ အရည်အသွေးပြည့်မီသော မျိုးစပါးထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုစနစ်ဖွံ့ဖြိုးရေး စီမံကိန်း အမှုဆောင်အရာရှိချုပ် က ထောက်ပြပြောဆိုသည်။
လက်ရှိ လယ်ယာလုပ်ငန်း များတွင် စပါးစိုက်ပျိုးရေးအတွက် အထွက်နှုန်းတိုးတက်ရန်သာ ဦး စားပေးလုပ်ဆောင်နေပြီး အရည် အသွေးပြည့်မီသော စပါးထုတ် လုပ်မှုကို ဦးစားပေးတစ်ရပ်အနေ ဖြင့် ဆောင်ရွက်မှသာ နိုင်ငံတကာဈေးကွက်တွင် ပိုတင်ပို့လာနိုင် မည်ဟု ဆိုသည်။‘လယ်ဘယ်နှဧက စိုက်လဲ၊ စပါး ဘယ်လောက်ထွက်လဲဆိုတာကိုသာ အကြီးအကဲတွေက ပြောနေကြတာကို တွေ့ရတယ်။ အရည်အသွေးမြင့်ဖို့အတွက်ကို ပြောတာ မတွေ့ရဘူး။ စပါးမျိုးထုတ်တဲ့ နေရာမှာလည်း များများထုတ်ပေးဖို့ကိုပဲ ပြောတယ်။ အရည်အသွေး မီဖို့အတွက်က ဒုတိယဦးစားပေး ဖြစ်နေတယ်။ မျိုးစပါးထုတ်ဖို့ ဘတ်ဂျက်ချပေးတဲ့ နေရာမှာလည်း ဦးစားပေးနေရာ မှာ မရှိတော့ဘူး’’ဟုဂျပန်အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီ (JICA) မှ အရည် အသွေးပြည့်မီသော မျိုးစပါးထုတ် လုပ်မှုနှင့် ဖြန့်ဖြူးမှုစနစ်ဖွံ့ဖြိုးရေး စီမံကိန်း အမှုဆောင်အရာရှိချုပ် ဖူဂျီအိတိုမိုယူကီက ပြောသည်။

မြန်မာ-အိန္ဒိယချစ်ကြည်ရေးလမ်းမပေါ်ရှိ တံတားများ ကြံ့ခိုင်မှု အားနည်း သဖြင့် ရှောင်လမ်းများမှသာ သွားလာနေရ

မိုးရာသီတွင် ချောင်း ရေတိုက်စားသဖြင့် မြန်မာ-အိန္ဒိယချစ်ကြည်ရေးလမ်းမပေါ်ရှိ တံ တားများ အောက်ခြေတိုင်များ ယိုင်နဲ့နေသဖြင့် ကားကြီးများတံ တားအောက် ရှောင် လမ်းများမှ သာ သွားလာနေရကြောင်း သ တင်းရရှိသည်။
မြန်မာ-အိန္ဒိယချစ်ကြည် ရေးလမ်းမကြီးဖြစ်သော ကလေး-တမူး ကားလမ်းမကြီး သည် မိုင် ပေါင်း ၉၀ နီးပါး ရှည်လျားပြီးတံတားအစင်းပေါင်း ၇၁ စင်းရှိ သည်။
‘‘အခု မိုးနည်းနည်းပဲကျသေး တဲ့အတွက် ကွင်းလမ်း(ရှောင် လမ်း)တွေက သွားမယ် ဆိုရင် လည်း သွားလို့တော့ရသေးတယ်။ ရှေ့လျှောက် မိုးများပြီး တောင်ကျ ချောင်းရေတွေ များလာပြီဆိုရင် သွားလို့လာလို့မရတော့ဘူး။ တံ တားပေါ်ကလည်း ဖြတ်လို့မရဘူး ဆိုရင် ဟိုဘက်ဒီဘက်ကုန်တွေ ကဲ့ပြီးသယ်နေရတာနဲ့တင်အချိန် ကြာသလို ကုန်စည်တင်ပို့ခတွေ ဈေးမြင့် တက်လာတော့တာပဲ’’ဟု တမူးမြို့ဒေသခံကုန်သည်တစ်ဦး ကပြောသည်။

အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ကန့်ကွက်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများ ဒုတိယအကြိမ် ကျောင်းတွင်းကျောင်းပြင် လှည့်လည်ဆန္ဒထုတ်ဖော်

လွှတ်တော်သုံးရပ်မှ အတည်ပြုထားရှိပြီး သမ္မတလက်မှတ်ထိုးရန် ကျန်ရှိနေသော အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ကန့်ကွက်သည့်အနေဖြင့် ဩဂုတ် ၂၇ ရက်နံနက်ပိုင်းက ရတနာပုံတက္ကသိုလ် ကျောင်းသားများက ဒုတိယအကြိမ်အဖြစ် ကျောင်းတွင်း၊ ကျောင်းပြင် လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဆန္ဒထုတ်ဖော်မှုကို ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကျောင်းသားများက နံနက် ၉ နာရီကျော်တွင် ကျောင်းဝင်း အတွင်းရှိ တက္ကသိုလ်အားကစားခန်းမဆောင်မှ ပင်မလေးထပ်ဆောင်ရှေ့၊ ထိုမှတစ်ဆင့် ကျောင်းအနောက် အဝင်အထွက်ပေါက်သို့ လှည့်လည်ကာ အသံတိတ်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

မေမြတ်နိုးရဲ့ Miss Asia Pacific 2014 သရဖူကို ရုပ်သိမ်းလိုက်ပြီ

 Photo: မေမြတ်နိုးရဲ့ Miss Asia Pacific 2014 သရဖူကို ရုပ်သိမ်းလိုက်ပြီ
Thursday, August 28, 2014

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ Miss Asia Pacific 2014 အလှမယ် ပြိုင်ပွဲမှာ သရဖူ ဆုရှင် မေမြတ်နိုးဟာ Miss Asia Pacific မူလ အဖွဲ့အစည်းရဲ့ သရဖူ ရုပ်သိမ်းခြင်း ခံလိုက်ရပါတယ်။ 
မေမြတ်နိုး တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေချိန်မှာ အခုလို သရဖူရုပ်သိမ်းခံလိုက်ရတာလည်းဖြစ်ပြီး သူ့အစား အရည်အချင်း ပြည့်မီတဲ့ Miss Asia Pacific World 2014 ကို ပြန်လည်ရွေးချယ်မှာဖြစ်တယ်လို့ တရားဝင်ကြေညာတဲ့ အကြောင်း Beauty Pageants Of Myanmar ကို ပေးပို့တဲ့ အကြောင်းကြားစာက  ဆိုပါတယ်။ 

 နိုင်ငံတကာ မယ်ပြိုင်ပွဲ သရဖူ ဆုံးရှုံးလိုက်ရတဲ့ မြန်မာအလှမယ် မေမြတ်နိုးဟာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ မလိုက်နာလို့ အခုလို သရဖူပြန်လည်ရုပ်သိမ်းခံရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဒါကြောင့် မြန်မာနိုင်ငံကို မေမြတ်နိုး ပြန်ရောက်လာတဲ့အခါ ရရှိခဲ့တဲ့ Miss Asia Pacific World 2014 သရဖူနဲ့ အလှမယ် စလွယ်တို့ကို မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ်ထံကို ပြန်လည်အပ်နှင်းရမှာဖြစ် တယ်လို့ Beauty Pageants Of Myanmar က ဆိုပါတယ်။ 

Miss Asia Pacific World ရဲ့ တရားဝင် ဝက်ဆိုက်စာမျက်နှာမှာလည်း 2014 သရဖူဆုရှင်နဲ့ အလှမယ် စာရင်း ဓာတ်ပုံဖော်ပြမှု တွေမှာလည်း သရဖူးဆုရှင် မေမြတ်နိုးကို သရဖူ ပြန်သိမ်းလိုက်တဲ့အတွက် ဓာတ်ပုံ ကိုလည်း ဖြုတ်သွားခဲ့ပါပြီ။ 

The Irrawaddy
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ Miss Asia Pacific 2014 အလှမယ် ပြိုင်ပွဲမှာ သရဖူ ဆုရှင် မေမြတ်နိုးဟာ Miss Asia Pacific မူလ အဖွဲ့အစည်းရဲ့ သရဖူ ရုပ်သိမ်းခြင်း ခံလိုက်ရပါတယ်။ မေမြတ်နိုး တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေချိန်မှာ အခုလို သရဖူရုပ်သိမ်းခံလိုက်ရတာလည်းဖြစ်ပြီး သူ့အစား အရည်အချင်း ပြည့်မီတဲ့ Miss Asia Pacific World 2014 ကို ပြန်လည်ရွေးချယ်မှာဖြစ်တယ်လို့ တရားဝင်ကြေညာတဲ့ အကြောင်း Beauty Pageants Of Myanmar ကို ပေးပို့တဲ့ အကြောင်းကြားစာက  ဆိုပါတယ်။