Friday, January 8, 2016

မြောက်ကိုရီးယား၏ ဗုံးစမ်းသပ်မှုကို တုံ့ပြန်သည့်အနေဖြင့် နယ်စပ်ရှိ စပီကာများကို တောင်ကိုရီးယားပြန်ဖွင့်

မြောက်ကိုရီးယား၏ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှုကို တုံ့ပြန်ကန့်ကွက်သည့်အနေဖြင့် နယ်စပ်အနီးရှိ စပီကာများကို တောင်ကိုရီးယားစစ်တပ်က ပြန်ဖွင့်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၈ ရက်မှစ၍ စပီကာများကို ပြန်ဖွင့်ခဲ့သလို မြောက်ကိုရီးယားက တိုက်ခိုက်လာနိုင်သည့် အခြေအနေကို တုံ့ပြန်ရန်အတွက် စပီကာများ အနီးတွင်လုံး စစ်သည်အင်အားကို တိုးမြှင့်ထားလိုက်ကြောင်း တောင်ကိုရီးယား စစ်တပ်က ဆိုသည်။နယ်စပ်အနီးတွင် ရှိနေသည့် တောင်ကိုရီးယား စပီကာများကို မြောက်ကိုရီးယား အစိုးရက အလွန်မုန်းတီးသည်။ အဆိုပါ စပီကာများက K-Pop သီချင်းများ၊ မြောက်ကိုရီးယားဆန့်ကျင်ရေး လှုံ့ဆော်မှုများကို ထုတ်လွှင့်ဝါဒဖြန့်လေ့ ရှိသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာလိုအပ်ချက်ကြောင့် မွေးမြူရေးငါး ပြည်ပတင်ပို့မှု လျာထားချက် ပြည့်မီနိုင်ဖွယ်မရှိ

ရင်းနှီးမြှုပ်နှံမှုနှင့် နည်း ပညာလိုအပ်ချက်ကြောင့် ၂၀၁၅ -၁၆ ဘဏ္ဍာနှစ်အတွင်း ငါးမွေး မြူရေးလုပ်ငန်းမှ ပြည်ပတင်ပို့မှု ဝင်ငွေလျာထားချက်ပြည့်မီနိုင် ဖွယ်မရှိကြောင်း မြန်မာနိုင်ငံငါး လုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးက ပြောသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် မွေးမြူရေးငါးများ ပြည်ပတင်ပို့ ရာမှ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ရရှိရန် မျှော်မှန်းထားသော် လည်း အခက်အခဲများ ကြုံတွေ့ နေရသည့်အပြင် နိုင်ငံတကာဈေး ကွက်ဝင် ငါးမျိုးသစ်များ မွေးမြူ ရန် ရင်းနှီးမြှုပ်နှံငွေနှင့် နည်းပညာ လိုအပ်ချက်များ ရှိနေခြင်းဖြစ် သည်။

စည်ပင်ပိုင်ဈေးများ အဆင့်မြှင့်တင်မှု မေလတွင် အပြီးသတ်မည်၊ ပျံကျဈေးသည်များကို ဦးရာလူစနစ်ဖြင့် နေရာပေးမည်ဟု ဆို

စည်ပင်ပိုင်ဈေး ၁၆ ခုကို နှစ်ထပ်ဈေးအဖြစ် မြှင့်တင်နေ ပြီး မေလတွင် အပြီးသတ်နိုင်မည်ဖြစ်ကာ ပျံကျဈေးသည်များ ဈေးရောင်းချရန် ဆိုင်ခန်းနေရာကို အလှည့်ကျငှားရမ်းသည့် စနစ်၊ မဲဖောက်ပေးသည့် စနစ်များ အသုံးပြုတော့မည် မဟုတ်ဘဲ ဦးရာလူစနစ်ဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ အတွင်းရှိ စည် ပင်ပိုင်ဈေး ၁၆ ခုကို နှစ်ထပ်ဈေး အဖြစ် ၂၀၁၅ ဇွန်လကတည်းက စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၆ မေလအတွင်း ဈေး ၁၆ ခုလုံးအပြီးသတ်နိုင်မည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီဈေးများဌာနမှ စုံစမ်းသိ ရသည်။

တန်နှစ်သောင်း သိုလှောင်နိုင်မည့် အအေးခန်းစက်ရုံ တည်ဆောက်ရန် ဝန်ကြီးဌာနထံ ခွင့်ပြုချက်တောင်းခံ

ဥရောပနိုင်ငံများသို့ အ ရည်အသွေးမြင့် ရေထွက်ကုန်များ တင်ပို့နိုင်ရန် တန်ချိန်နှစ်သောင်း သိုလှောင်နိုင်သော ကွန်ပျူတာ စနစ်သုံး အအေးခန်းစက်ရုံတည် ဆောက်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ် လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌဦးထွန်းအေးက ပြောသည်။

အင်းစိန်မြို့နယ် အနောက် ကြို့ကုန်းရပ်ကွက်ရှိ ငါးလုပ်ငန်း ဦးစီးဌာနပိုင် မြေငါးဧကပေါ်တွင် ကွန်ပျူတာ စနစ်ဖြင့် အလိုအလျောက် အေးခဲသော အအေးခန်းတစ်ခုကို အမေရိကန် ဒေါ်လာ ခြောက်သန်းကုန်ကျခံ တည်ဆောက်ရန် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနထံ ခွင့်ပြုချက် တောင်းထားခြင်းဖြစ်သည်။

ဥာဏ်ပညာ အလင်းပေးတဲ့ ဖောင်တော်ဦးကျောင်း

မင်းတုန်းမင်းကြီးကို ဘယ်လိုမြင်သလဲ။ ပြီးတော့ မဟောသဓကိုရော ဘယ်လိုမြင်သလဲလို့ ဖောင်တော်ဦးကျောင်း ဆရာတော် ဦးနာယကက စာသင်ခန်း အတွင်းမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို မေးခွန်း ထုတ်လိုက်ပါတယ်။

မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ ဒေါနဘွား ရပ်ကွက် အတွင်းရှိတဲ့ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေး တွဲဖက် အထက်တန်း ကျောင်းကြီးဟာ မရှိနွမ်းပါးသူတွေ အတွက် ပညာရင် နို့သောက်စို့ရာ၊ အခမဲ့ပညာ သင်ကြားပေးရာ ကျောင်းတော်ကြီး ဖြစ်ပါတယ်။ အဲဒီကျောင်းတော်ကြီးရဲ့ ကျောင်းအုပ် ဆရာတော် ဦးနာယကက အထက်ပါအတိုင်း မေးခွန်း ထုတ်လိုက်ခြင်း ဖြစ်ပါတယ်။

အာဏာရှင်စော်နံရင် ပြန်ပြင်

ဗျို့အယ်ဒီတာ......

ပြောရဦးမယ်။ အမှန်တော့ ဘစီကပြောချင်လှတာ မဟုတ်ပါဘူးလေ။ ဒါပေသိ အယ်ဒီတာမင်း တွေက ရေးသာရေးပါမြှောက်ပေးလာတော့လည်း နဂိုကမှ ရွပိုး ထိုးနေတဲ့ ပြောချင်စိတ်က နိုးကြွ လာသဗျ။ နိုးကြွသော်ငြား အသေ အချာစဉ်းစားတဲ့အခါ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုများ ဖြစ် နေမလားလည်း စဉ်းစားရသေးဗျ။စဉ်းစားပြီး နိုးကြွားလာတဲ့ စိတ်ကို ဘယ်လိုပင် ချိုးနှိမ်ပေတဲ့ မရဘူး ဗျ။ ရေးချိန်တန်ပြီဆိုပါတော့လေ။