Friday, August 24, 2012
၂၄-၈-၂၀၁၂ ရက်နေ့သတင်းများ
- သေနတ်သမား ဘရေဗစ်ကို အပြင်းထန်ဆုံး ပြစ်ဒဏ်ချရန် မျှော်လင့် click
- သေနတ်သမား ဘရေဗစ်ကို ထောင်ဒဏ် ၂၁ ချမှတ်
click
- ၀စ္စကန်ဆင်ပြည်၊ မီဝါကီမြို့ ပညာရာမကျောင်း ၀ါဆိုသင်္ကန်းဆက်ကပ်ပွဲ စည်ကား click
- နယူးယောက်တွင် အငြိမ့်ပွဲ ဖျော်ဖြေရန် ပြင်ဆင်နေကြတဲ့ တင်မောင်ဆန်းမင်းဝင်း၊ မေကဗျာ၊ ထွန်းထွန်း (Examplez)၊ မိုးမိုး
click 
- ရခိုင်လူငယ်တဦး အခြားလူငယ်ကိုယ်စားလှယ် ၇ ဦးနှင့်အတူ အမေရိကန် လေ့လာရေးခရီး စတင် click 
- ဒဂုံမြို့သစ် ၄၂ ရပ်ကွက်တွင် တန်ဖိုးနည်းအိမ်ရာ ဆောက်မည် click 
- နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်အချို့ ပညာသင်နှစ် တိုးမည် click 
- ထိုင်းနိုင်ငံသားတချို့ကို မြန်မာတရားရုံးက လက်နက်မှုဖြင့် စီရင်ချက်ချ click 
- မလေးတွင် မြန်မာနိုင်ငံသားအချင်းချင်း ခိုက်ရန်ဖြစ်ပွား၍ နှစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ click 
- မြန်မာအစိုးရနှင့် NGOs ကွန်ရက်တို့ NGOs မှတ်ပုံတင်ခြင်း ဥပဒေဆိုင်ရာ တွေ့ဆုံဆွေးနွေး click
- တတိယနိုင်ငံ ထွက်နိုင်ရန် မယ်လဒုက္ခသည်အချို့ကို UNHCR စတင်လုပ်ဆောင်ပေး
click 
- မြန်မာတိုင်းမ်ဂျာနယ် နေ့စဉ်သတင်းစာထုတ်ရန် အသင့်ဖြစ်နေ click 
- မြန်မာ့စပါးကျီ ရေမြုပ်မှုကြောင့် ဆန်ဈေးကွက် ပျက်မည်မဟုတ် click
- ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းအတွက် မျိုးစပါး ၄၀,၀၀၀ ပံ့ပိုးပေးရန်ရှိ
click
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မြို့တွင် ရေကြီးမှုများ (ဓါတ်ပုံ -Eleven Media group)
စိတ္တဇလူသတ်သမားနောက် ကျောက်ပန်းတောင်းရဲ ခြေရာခံလိုက်နေ
မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်မှ အမျိုးသမီး ၂ ဦး ပုံစံတူ သတ်ဖြတ်ခံခဲ့ရမှုကို စိတ်မူမမှန်သည့် သတ်ဖြတ်မှုမျိုးဟု ရဲက ယူဆထားပြီး ထိုအမှုမျိုး ထပ်မံ မဖြစ်ပွားရေး အတွက် ကြပ်မတ်ဆောင်ရွက်နေကြောင်း ရဲကပြောသည်။ယခုနှစ် ဇွန်၊ ဇူလိုင် လပိုင်းက မြို့နယ်တွင်းရှိ ကြောင်းဒူးကျေးရွာသူ ဒေါ်သောင်း ( ၆၉ နှစ်) နှင့် ရေထွက်ကျေးရွာသူ ဒေါ်ရင်ကြည် ( ၅၆ နှစ်) တို့ ပုံစံတူ သတ်ဖြတ်ခံခဲ့ရပြီး ယင်းဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် အခင်းဖြစ်ပွားခဲ့သည့် ရွာများထံ ရဲတပ်ရင်းများ
မြန်မာမူဆလင်များကို အိန္ဒိယ ကက်သျှမီး ခွဲထွက်များက ဖိတ်ခေါ်
 နယူးဒေလီ(မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံမှ မူဆလင်များအတွက် ခိုလှုံရန်နေရာ ပေးမည်ဟု အိန္ဒိယနိုင်ငံြေ မာက် ပိုင်းဂျမူးနှင့်ကက်သျှမီးယား Jammu & Kashmir ပြည်နယ်ရှိ ခွဲထွက်ရေးဝါဒီ မူဆလင် အမျိုးသမီး အဖွဲ့က ပြောဆိုလိုက် သည်။“သူတို့ ကက်ရှ်မီးယားကိုသာ လာပါစေ။ သူတို့အတွက် ကျမတို့ရဲ့ အိမ်တွေကို ဖွင့်ပေးထားမှာပါ” ဟု Dukhtaran-e-Milat (ယုံကြည်မှု၏ သမီးပျိုများ) အဖွဲ့ ခေါင်းဆောင် Asiya Andrabi အား ကိုးကား၍ ဟိန္ဒူစတန်တိုင်းမ် သတင်းစာကြီးတွင် ရေးသားထားသည်။
Living Color Media အယ်ဒီတာချုပ် ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး ကိစ္စအပေါ် အမြင်
 စိုးရိမ်မိသည်  
အခုရက်ပိုင်းအတွင်း ဥပဒေပြုလွှတ်တော်နဲ့ အစိုးရအုပ်ချုပ်ရေးအဖွဲ့အကြား နားလည်မှုလွဲနေတဲ့ ပြဿနာ တစ်ခုဖြစ်နေတယ်။ လွှတ်တော်တွေက ဖွဲ့စည်း တဲ့ ရေးရာကော်မ တီတွေကို ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဟုတ်မဟုတ် ဆိုတဲ့အပေါ် အငြင်းပွားကြရာက သမ္မတကိုယ်စား ရှေ့နေချုပ်ရုံးက တင်ပြတဲ့အပေါ်မူတည်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ကြားဝင်ဆုံးဖြတ်ပေးတယ်။ ဖွဲ့စည်းပုံအခြေ ခံဥပဒေကို အကိုးအကားပြုပြီး ပြည်ထောင်စုအဆင့်အဖွဲ့အစည်း မဟုတ်ဘူးလို့ ခုံရုံးက ဆုံးဖြတ်လိုက်တဲ့အတွ က် နှစ်ဖက်အကြား တင်းမာမှုအရှိန်မြင့်သွားခဲ့တယ်။
သရုပ်ဆောင်များပြောတဲ့ မြန်မာရုပ်ရှင်နှင့်ဇာတ်လမ်းများ ဈေးကွက်အတွင်း လူကြည့်နည်းလာရခြင်းအကြောင်းအရင်းများ
(ထိုင်းနိုင်ငံရောက် မြန်မာတစ်ဦး၏ မြဝတီသို့ ပေးစာ)
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အထူးသတိပြုရမည့် ဗီဇာ သက်တမ်း
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများ အနေနှင့် ယာယီနိုင်ငံကူး လက်မှတ် ကိုင်ဆောင်ရာတွင် သိနားလည် သူများအဖို့် ပြဿနာ မရှိနိုင်သော် လည်း မသိနားမလည်သူများအဖို့ ငွေကြေး အကုန်အကျများခြင်း နိုင်ငံကူး လက်မှတ် ဗီဇာ သေခြင်းများ နှင့် တွေ့ကြုံနိုင်ပါသည်။
ဗြိတိသျှက မင်းသား ဟယ်ရီ ကိုယ်လုံတီးဓါတ်ပုံကို ဖေါ်ပြနိုင်တာ သင်းစာ လွတ်လပ်ခွင့်လို့ ပြောတဲ့ ဗြိတိန်နိုင်ငံထုတ် "သူရိယ(The Sun)"သတင်းစာ
ဗိတိန်နိုင်ငံထုတ် "သူရိယ(The Sun)"သတင်းစာကြီးသည် မင်းသား ဟယ်ရီ၏ ကိုယ်လုံးတီးပုံများကို ပထမဆုံးဖော်ပြသော သတင်းစာဖြစ် သွားကြောင်းသိရသည်။ သတင်းစာတိုက်ပိုင်ရှင်ကမူ သူတို့ သည် တော်ဝ င်မိသားစု၏ ရှေ့နေထံမှ သတိပေးစာ လာနိုးနိုးဖြင့်စောင့်နေ ရကြောင်းဆို၏။
ထိုင်းနိုင်ငံရောက် မြန်မာနှစ်သန်းကျော် ကိစ္စ အစိုးရ အာရုံစိုက်
 ထိုင်းနိုင်ငံရောက် မြန်မာနှစ်သန်းကျော် ကိစ္စ အစိုးရ အာရုံစိုက်လွန်ခဲ့သော ဆယ်စုနှစ် သုံးခုအတွင်း မြန်မာနိုင်ငံမှ အုပ်ချုပ်သူ အစိုးရများ ၏ လျစ်လျူရှုခြင်း ခံရသော မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ သို့ ပြောင်းရွှေ့နေထိုင်သူ အလုပ်သမား နှစ်သန်းေ ကျာ်ခန့်သည် မြန်မာ သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ် အပြီးတွင် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ တရားဝင် အလုပ်လုပ်ခွင့်နှင့် အလုပ်သ မား အခွင့်အရေး အပြည့်အ၀ ရရှိ စေရေးအတွက်ကို ပိုမို ဆောင်ရွက် ပေးနိုင် လိမ့်မည့် ကနဦး အခြေအနေများ ပိုမို ဖြစ်ထွန်း လာ လျက် ရှိပြီဖြစ်သည်။
ရခိုင်ပြည်နယ်ကိစ္စကြောင့် ဝါရှင်တန်၏ မြန်မာ့ရေးရာမူဝါဒအပေါ်ထိခိုက်မှုမရှိဟု သံအမတ်ကြီးပြောကြား
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်းဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုများေ ကြာင့် မြန်မာနိုင်ငံ အပေါ်ထားရှိသော အမေရိကန်ပြ ည်ထောင်စု၏ ပိတ်ဆို့အရေးယူမှုလျှော့ချပေးရေးဆိုင်ရာမူဝါဒအပေါ် ထိခိုက်နစ်နာမှုမရှိကြောင်း မြန်မာဆိုင်ရာအမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်ကြေ ပာကြားကြောင်း The Wall Street Journal က သြ ဂုတ်လ ၂၄ ရက်နေ့တွင်ရေးသားဖော်ပြသည်။
ရိုဟင်ဂျာသည် မြန်မာ့ပြဿနာဟု အမေရိကန်သံအမတ် ပြော
ရိုဟင်ဂျာအရေးဟာ ကမ္ဘာကမြင်နေတာထက် ပိုပြီး မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း လူမှုရေး မညီမျှမှုများကို ဖွင့်လှစ်ဖော်ပြေ နတာလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် မစ္စတာ ဒဲရက်မစ်ချယ်က ပြောဆိုလို က်ပါတယ်။အရင်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေဆို စစ်တပ်နဲ့ အစိုးရတွေကိုသာ နိုင်ငံတကာက စွပ်စွဲရှုတ် ချခဲ့ကြတယ်။ အခု ရိုဟင်ဂျာအရေးကတော့ သူတို့ကို နိုင်ငံအတွင်း နေထိုင်ခွင့်တောင် မပေးလိုတဲ့ သာမန်လူထုတွေကြား ခွဲခြားနှိမ့်ချမှုတွေကြောင့်ဖြစ်တယ်လို့ ဒဲရက်မစ်ချယ်က The Wall Street Journal ဝေါစတြိဂျာနယ် သတင်းစာကို ပြောကြားခဲ့ပါတယ်။
ယနေ့ပြည်သူ့လွှတ်တော်တွင် သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်းက အောက်ပါအတိုင်း အရေးကြီးအဆို တင်သွင်း
ယနေ့ပြည်သူ့လွှတ်တော်တွင် သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်းက အောက်ပါအတိုင်း အရေးကြီးအဆို တင်သွင်းခဲ့ပါတယ်-နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ နိုင်ငံတော်သမ္မတက တင်သွင်းခဲ့သည့် လွှတ်တော်၊ ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့၏ ပြည်ထောင်စုအဆင့်ဟူသည့် အနက်အဓိပ္ပါယ် ဖွင့်ဆိုခြင်းနှင့် စပ်လျဉ်း သည့် ဆုံးဖြတ်ချက်အပေါ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအား ဖွဲ့စည်းဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၃၄ အရ စွပ်စွဲပြစ်တင်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ ကြပါသည်။
ကွမ်းတစ်ရာ၏ တန်ဖိုးနှင့် စားသုံးသူဦးရေ မြှောက်လိုက်ပါက ရရှိမည့်ငွေကြေးသည် မြန်မာနိုင်ငံတော်တွင် အထွေထွေရောဂါကု ဆေးရုံကြီးတစ် ရုံ တည်ဆောက်နိုင်တဲ့ ငွေကြေးပမာဏရှိကြောင်း လွှတ်တော်မှာပြော
မြန်မာနိုင်ငံ၏ မြို့တော်များအား သန့်ရှင်းလှပသည့် နိုင်ငံတကာအဆင့်မီ မြို့တော်များ ဖြစ်အောင် ကွမ်းစားသူများ ကွမ်းတံတွေး ထွေးရာတွင် စည်းကမ်းရှိလာစေရန် မည်ကဲ့သို့ စီမံချက်များ စတင် ချမှတ်ဆောင်ရွက်မည်ကို သိလိုသည့်နှင့်စပ်လျဉ်းသ ည့် မေးခွန်းဦးမြင့် သူ(ဒဂုံမြို့သစ်အေ ရှ့ပိုင်းမဲဆန္ဒနယ်)။ ကျွန်တော့်အ‌နေနဲ့ မေးခွန်းမမေးမီ ကြိုတင် တင်ပြချင်တာကတော့ ကွမ်းစားခြင်းအား နှစ်ခြိုက်စွာစား
နိုင်ငံတော် သမ္မတ ဧရာဝတီတိုင်းအတွက် သိန်းလေးထောင်ကျော် ပေးအပ်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ဧရာဝတီတိုင်းဒေသကြီး အတွက် လို အပ်သော စပါးမျိုး တင်းပေါင်း ၈၀၉၅၈ တင်း အတွက် ငွေ ၄၀၄၇.၉ သိန်း ကို ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့အား ပေးအပ်ခဲ့ကြောင်း သိရ သည်။ နိုင်ငံတော်သမ္မတကြီးသည် ဧရာဝတီတိုင်းဒေသကြီး ရှိ ညောင်တုန်းတံတား သစ် ဖွင့်ပွဲသို့တက်ရောက် ခဲ့ပြီးနောက် ရေနစ်မြုပ်ရာ ဒေသများ သို့ သွားရောက်
ဗီယက်နမ်မှာ ဘဏ်ကနေ အလုအယက် ငွေထုတ်ယူနေ
  ဗီယက်နမ် နိုင်ငံမှာ အဂတိ လိုက်စားမှု စွပ်စွဲချက်နဲ့ တနင်္လာ နေ့က ဖမ်းဆီး ခံနေရတဲ့ ဘဏ် လုပ်ငန်းရှင် ငုယင် ဒု ကီယန် Nguyen Duc Kien နဲ့ ပတ်သက် တဲ့ ထိပ်တန်း ဘဏ်ကြီး မှာ ငွေကြေး စုဆောင်း ထားကြသူတွေက စိုးရိမ်ပူပန်ပြီး သူတို့ ငွေတွေကို သန်းနဲ့ ချီ ပြန်လည် ထုတ်ယူနေကြပါတယ်။
လူမှုကွန်ယက်တွေကို အိန္ဒိယအစိုးရသတိပေး
လူမှုဆက်ဆံရေးကွန်ယက် အင်တာနက်စာမျက်နှာတခုဖြစ်တဲ့ Twitter အနေနဲ့ လူမျိုးစု တင်းမာမှုတွေကို နောက်ထပ်မီးထိုး ပေးနိုင်တယ်လို့ တာဝန်ရှိသူတွေက စိုးရိမ်တဲ့ ဖော်ပြချက်တွေကို မဖြုတ်ပစ်ဘူးဆိုရင် အရေးယူလုပ်ေ ဆာင်မယ်လို့ အိန္ဒိယ အစိုးရက ခြိမ်းခြောက် လိုက်ပါတယ်။
“မဟာချိုင် ပုလိပ်များ ပတ်စပို့ရှိသည့် မြန်မာများအားဖမ်းစားနေမှု မြန်မာသံရုံးအရေးယူသင့်”
  မဟာချိုင်တွင် ပတ်စပို့နှင့် မြန်မာအလုပ် သမားများအား ထိုင်းရဲများ က နေ့စဉ် အနည်းဆုံး ဦးရေ ၅၀ နှင်အထက်ဖမ်းဆီးပြီး ငွေရမှ ပြန် လွှတ်လေ့ရှိနေသဖြင့် ယခုမတရားမှုများကို မြန်မာ သံရုံးအနေဖြင့် ကိုင်တွယ် ဖြေရှင်းပေး ပါရန် ကိုယ်တွေ့ကြုံခဲ့ရသည့် အလုပ်သမားများ ကပြော သည်။
ကားတိုက်သူမှတာဝန်မယူ၍ သေဆုံးသူမြန်မာလုပ်သား အလောင်းမြေချရန်ဆိုင်းငံ့
မဲဆောက်မြို့တွင်ယာဉ်တိုက်မှုကြောင့်သေဆုံးခဲ့ရ သည့် နောင်ဘွား အထည်ချုပ်စက်ရုံမှ မအေးအေးမော်(၃၃)စ်ကို ယာဉ်မောင်းသူ ထိုင်းနိုင်ငံသား(မျှော့လူမျိုး)က တစုံတရာ တာဝန် ယူမှုမရှိ သည့်အတွက် နာရေးကိစ္စမြေချ မှုကိုဆိုင်းငံ့ထားပြီး မဲဆောက်ရဲ စခန်းတွင်ဥပေ 
ကြောင်း အရ အမှုဖွင့် တရားစွဲဆိုထားသည်။
RNDP အမတ်တွေ ကန့်ကွက် ခဲ့တဲ့ သမ္မတမှ လွှတ်တော်သို့ ပေးပို့ခဲ့သည့် သ၀ဏ်လွှာရဲ့ အဖြစ်မှန်
 RNDP က အမတ်တွေ ကန့်ကွက် ခဲ့တဲ့ သမ္မတမှ လွှတ်တော်သို့ ပေးပို့ခဲ့သည့် သ၀ဏ်လွှာရဲ့ အဖြစ်မှန် အတိအကျ ကို သိချင်ရင်  ဒီနေရာ  ကို သွားဖတ်ပါ။ သမ္မတ ရဲ့ အားနည်းချက် ၊ မှားကွက်ကို စောင့်ဆိုင်းနေတဲ့ သူတွေ သေသေချာချာ ဖတ်သင်ပါတယ်။
ကမ္ဘာ့ရွှေဈေးနှင့် နှိုင်းယှဉ်ပါက ပြည်တွင်း ရွှေဈေးတွင် ငွေကျပ် တစ်သောင်း ငါးထောင်ခန့် လျော့နည်းနေ
ပြည်တွင်းမှာ ဖြစ်ပေါ် နေတဲ့ ရွှေဈေးနဲ့ ကမ္ဘာ့ရွှေဈေး နှိုင်းယှဉ် ကြည့်ပါက ပြည်တွင်း ရွှေဈေးမှာ ငွေကျပ် တစ်သောင်း ခွဲခန့် လျော့နည်း နေတယ်လို့ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ပြည်တွင်း ရွှေဈေးကွက်ဟာ မြို့ပြဒေသ များမှာ ၀ယ်လိုအား လျော့နည်း နေပြီး နယ်စပ်ဖက်ကို ပိုပြီးစီးဆင်း နေတယ်လို့
ပြည်ထောင်စုလွှတ်တော်၊ နာယကထံသို့ ပေးပို့သော နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာ ဆိုင်ရာ ရှင်းလင်းတင်ပြချက်
၁။       နိုင်ငံတော်သမ္မတကြီး၏ ရပ်တည်ချက်သဘောထားမှာ UNHCR မဟာ မင်းကြီးနှင့် တွေ့ဆုံစဉ် ပြောကြားချက်များတွင် အတိအလင်း ပါဝင် ခဲ့ပြီး ဖြစ်ပါသည်။ ယ င်းသဘော ထားနှင့်စပ်လျဉ်း၍လည်း မိဘပြည်သူများ အားလုံးက တစ်ခဲနက် ထောက်ခံမှု ပေးထားပြီး ဖြစ်ပါသည်။
ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့လာသည့် သ၀ဏ်လွှာကို လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်သဖြင့် လွှတ်တော်သို့ တင်ပြမှုရွှေ့ဆိုင်း
ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံတော် သမ္မတရုံး၏ ၁၇-၈-၂၀၁၂ ရက်စွဲပါ စာအမှတ် ၁၀၇ (၁)/၈/သမ္မတရုံးဖြင့် ပေးပို့သော နိုင်ငံတော် သမ္မတ၏ သဝဏ်လွှာကို လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်မှုများ ရှိလာသဖြင့် သြဂုတ်လ ၂၃ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်၌ ဖတ်ကြား တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း ဆောင်ရွက်ခြင်းတို့ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။
တောင်တွင်းကြီးမြို့ ပုလဲ စတိုးဆိုင်ကြီးတွင်အရောင်း ၀န်ထမ်းတစ်ဦးကြိုးဆွဲချသေဆုံး
အိမ်မှာ ဒုက္ခသည်စခန်းဖွင့်လိုက်တဲ့ ပုသိမ်သူ
ပုသိမ်မြို့ ရေဘေးဒုက္ခသည် ကယ်ဆယ်ရေးစခန်း ၃၃ ခုထဲက တချို့ကို လိုက်ကြည့်နေတုန်း အမှတ် (၈) ရပ်ကွက်ထဲက “ဒေါ်သန်းဌေး ရေဘေး ကယ်ဆယ်ရေးစခန်း” ဆိုတဲ့ နာမည်ဆန်းဆန်း စခန်းကို ရောက် သွားပါတယ်။တခြား စခန်းတွေဟာ ဓမ္မာရုံတွေ ဘုန်းကြီးကျော င်းတွေမှာ ဖြစ်ပေမယ့် ဒီစခန်းကတော့ ပုသိမ်မြို့ရဲ့ တခုတည်းသော လူနေအိမ် ဒုက္ခသည်စခန်းပါ။
လူမျိုးရေးမုန်းတီးမှုများနှင့် အကြမ်းဖက်မူများဖော်ပြခဲ့သော လူမူရေးဝက်ဘ်ဆိုဒ်များကို အိန္ဒိယအစိုးရ နှိမ်နင်း
အိန္ဒိယနိုင်ငံ အရှေ့ မြောက်ပိုင်း အာသံပြည်နယ်တွင်းဖြစ်ပွားခဲ့သော လူမျိုးစုပဋိပက္ခများနှင့် ပတ်သတ်ပြီး လူမျိုးရေးမှန်းတီးမှုများနှင့် အကြမ်းဖက်မူများအကြောင်းဖော်ပြခဲ့သည့် လူမူရေးဝက်ဘ်ဆိုဒ်များကို အိန္ဒိယအစိုးရအဖွဲ့ က နှိမ်နင်းလျက်ရှိကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။အကြမ်းဖက်မူဖြစ် ပွားအောင် လှုံ့ဆော်ပေးသော အကြောင်းအရာများကို ဖယ်ရှားမပေးပါက လူမူရေးဝက်ဘ်ဆိုဒ် များကို တရားဥပဒေအရ အရေးယူသွား မည်ဖြ  စ်ကြောင်း အိန္ဒိယအစိုးရက သတိပေးထားသည်။
မူလတန်းကျောင်းသားများမှ အထက်တန်းအထိ ပညာဆက်လက်သင်ယူနိုင်သူ ၁၃ ရာခိုင်နှုန်းခန့်သာရှိ
အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ယူနေ သော မူလတန်းကျောင်းသားများ၌ အထက်တန်းအဆင့်ထိ တက် ရော က်နိုင်သော ကျောင်းသားဦး ရေမှာ ၁၃ ရာခိုင်နှုန်းခန့်သာရှိနေ ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းဇယားများ အရသိရသည်။ ၂၀၁၀-၂၀၁၁ ပညာသင် နှစ်နှင့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တို့တွင်
ှမြိတ်မှာဆင်းမယ့်လေယာဉ်ကို ငှက်တွေဒုက္ခပေး
http://www.shumanyee.com/2011december/image/airkbz.gif
~
ကြာသပတေးနေ့နံနက်ပိုင်းက ထားဝယ်လေဆိပ်မှ မြိတ်-ကော့ေ သာင်း ခရီးစဉ် အဖြစ် ပျံသန်းသော Air KBZ လေကြောင်းလိုင်းမှ ခရီးစဉ်အမှတ် K7-319 XY-AIW သည် မိတ်လေဆိပ်သို့ ဆင်းသက်ခါနီးတွင် ငှက်များနှင့် တိုးတိုက်မိပြီးလေယာဉ်အင်ဂျင်ထဲသို့ ငှက်နှစ်ကော င် ၀င်ရောက်သွားခဲ့သည်။
မြန်မာအရာရှိများ ဘိန်းရာဇာနော်ခမ်းကို စစ်ဆေး
မြန်မာဖက်က စစ်ဖက် အရာရှိတွေဟာ တရုတ်က ဖမ်းဆီးမိထားတဲ့ မူးယစ်ရာဇာ နော်ခမ်း ကို ယူနန်ပြည်နယ်ကို လာရောက်ပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက မနေ့က ထုတ်ပြန်ပါတ ယ်။မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုနဲ့ ဆက်လျဉ်းပြီး ရှမ်းအမျိုးသား နော်ခမ်းကို မြန်မာအပါအ၀င် အိမ်နီးချင်းနိုင်ငံအတော်များများက အလိုရှိနေကြတာပါ။ သူ့အပါအ၀င် ဖမ်းမိထား သူတွေကို
ရခိုင်အရေး ဒလိုင်လားမား စိုးရိမ်
ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေဖြစ်ခဲ့တဲ့အပေါ် စိုးရိမ်တဲ့အကြောင်း နိုဘဲ လ်ငြိမ်းချမ်းရေးဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်း လားမားက ပြောလိုက်ပါတယ်။ ဘုန်းတော်ကြီး ဒလိုင်း လားမားက မြန်မာ့ဒီမိုကရေစီေ ခါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဆီ ရေးသားပေးပို့ခဲ့တဲ့ စာတစောင်ထဲမှာ အဲဒီလို ဖော်ပြထားတဲ့အကြောင်း အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်ကလာတဲ့ သတင်း
သမ္မတသဝဏ်လွှာ မှတ်တမ်းတင်ရေး ဆိုင်းငံ့
ရခိုင်ပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံးက လွှတ်တော်ကို သ၀ဏ်လွှာနဲ့အတူ သတင်း သုံးသပ်ချက်ကို ပြည်တော င်စုလွှတ်တော်မှာ မှတ်တမ်းတ င်မယ့် အစီ အစဉ်ကို ဆိုင်းငံ့လိုက်ပါတယ်။ ရခိုင်ပြည်နယ်အ တွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ရခိုင်ပါတီနဲ့ မျိုးချစ်တွေရဲ့ သွေးထိုး လှုံ့ဆော်မှုတွေပါတယ်ဆိုတဲ့ သတင်း သုံးသပ်ချက်ကို သ၀ဏ်လွှာနဲ့အတူ ပူးတွဲ တင်ပြခဲ့တဲ့