Skywalking လို့အမည်ရတဲ့ အန္တရာယ်များ ဓာတ်ပုံရိုက်ကူးမှုဟာ ရုရှား လူငယ်များကြား ခေတ်စားလာတယ်လို့ သိရပါတယ်။Daredevil photographer လို့ အတင်စားခေါ်ခံရတဲ့ Dennis Maitlan နဲ့ Tom
Ryaboi ကို အတုခိုးလို့ Vitaly Rasklov နဲ့ Alexander Remnoy အမည်ရ
ဓာတ်ပုံဆရာ ၂ ဦးက ယခုလို ရိုက်ကူးထားကြပါတယ်။ ဒီအတွက် ဓာတ်ပုံ ရိုက်ကူးဖို့
ဘာ လုံခြုံရေးကားပတ်မှ မပတ်ပါဘူး။ ပဲရစ်မြို့ က မျော်စင်တို့လို
Skywalking လို့အမည်ရတဲ့ အန္တရာယ်များ ဓာတ်ပုံရိုက်ကူးမှုဟာ ရုရှား လူငယ်များကြား ခေတ်စားလာတယ်လို့ သိရပါတယ်။Daredevil photographer လို့ အတင်စားခေါ်ခံရတဲ့ Dennis Maitlan နဲ့ Tom
Ryaboi ကို အတုခိုးလို့ Vitaly Rasklov နဲ့ Alexander Remnoy အမည်ရ
ဓာတ်ပုံဆရာ ၂ ဦးက ယခုလို ရိုက်ကူးထားကြပါတယ်။ ဒီအတွက် ဓာတ်ပုံ ရိုက်ကူးဖို့
ဘာ လုံခြုံရေးကားပတ်မှ မပတ်ပါဘူး။ ပဲရစ်မြို့ က မျော်စင်တို့လို




![ဈေးသက်သာ ၆.၁ လက်မ အရွယ်ဖုန်း Huawei ကထုတ်၊ iPhonw 5 ထက်သာသည်ဟု ပြော
လက်ရှိ စမတ်ဖုန်း လောကထဲမှာ ကမ္ဘာ့အကြီးဆုံး ဖြစ်လာမယ့် ဖုန်း ဖြစ်ပါတယ်။ ၅.၅၅ လက်မရှိတဲ့ Samsung Galaxy Note တွေထက်ကော ကြီးပါတယ်။ iPad mini နီးနီးကို ဖြစ်နေပါတယ်။
ကျောက်သင်ပုန်း ကွန်ပြူတာ အနေနဲ့ ထုတ်လုပ်ခြင်းလည်းမဟုတ်ပဲ စမတ်ဖုန်းနဲ့ Tablet ပေါင်းထားတဲ့ Phablet ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်ကြီးတေည့ resolution ကိုလည်း အလေးထား ပြုလုပ်ထားပေး ပါတယ်။ Full HD 1920x1080 display ဖြစ်ပြီး ဖုန်းရဲ့ အမည်ကိုတော့ Ascend Mate လို့ အမည်ပေးထားပါတယ်။
Android OS ကို အသုံးပြုပြီး 1.8 Ghz quad core processor ကို အသုံးပြု ထားတဲ့အတွက် high class ဖုန်းပဲ ဖြစ်ပါတယ်။ ဘက်ထရီလည်း အားကြီး ပါတယ်။ 4000 mAh ဆိုတော့ function အကုန် သုံးလို့ ဘက်ထရီ မခံမှာ မစိုးရိမ်ရ ပါဘူး။ iPhone 5 ထက်သော resolution ကောင်းနေတာကို ထူးဆန်းအံ့သြစွာ တွေ့ရှိရပါတယ်။ တစ်လက်မမှာ သိပ်သည်းဆ 361 pixel ရှိပါတယ်။ iPhone 5 ရဲ့  Retina ထက်တောင် ပိုကောင်းနေပါတယ်။
အရွယ်ကလည်း ကြီးတယ်။ လက်ရှိစမတ်ဖုန်းတွေထက်လည်း spec အချို့ က သာနေပါတယ်။ ဈေးကလည်း အမေရိကန်ဒေါ်လာ ၄၈၀ လောက်ပဲလို့ ဆိုပါတယ်။ ဒီတော့ မြန်မာငွေနဲ့ တွက်ရင်တောင် ၄ သိန်း ခွဲ မရှိပါဘူး။ iPhone ရော၊ Samsung တွေထက်တောင် ဈေးသက်သာမယ့် အနေအထား မှာ ရှိပါတယ်။ ၂၀၁၃ နှစ်ဆန်း အီလက်ထရောနစ် ကုန်စည်ပြပွဲမှာ ဝင်ရောက်ပြသပြီး ဖေဖော်ဝါရီလ အတွင်း ရောင်းချ နိုင်ချေ ရှိကြောင်း သိရပါတယ်။
--
____________________________________
Reference and Credit to -Aung Kham (TSJ team)
http://blog.techspace.com.mm/2012/12/huawei.html
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)
Ref: dvice](http://sphotos-e.ak.fbcdn.net/hphotos-ak-snc7/s480x480/307524_512379505450201_1841480444_n.jpg)













![
မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်ရန် ပထမအဆင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ (၇) ခုစာရင်း ထုတ်ပြန်
မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်အား လေကြောင်းကုန်စည် ထောက်ပံ့ပို့ဆောင်ရေးဆုံရပ် Airport LogisticHub အဖြစ် အဆင့်မြှင့်တင်ရန် ပထမဆင့်တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ၇ ခု၏ စာရင်းအား လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါကုမ္ပဏီ ၇ ခုအား အကြိုအရည်ချင်း စစ်ဆေးရေးကော်မတီမှ ပထမအဆင့် တင်ဒါလာရောက်လျှောက်ထားသည့် ကုမ္ပဏီ ၁၆ ခုမှ စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့စိစစ်ရွေးချယ်ရာတွင် ငွေကြေးခိုင်မာမှု၊ လုပ်ငန်းအတွေ့ကြုံရှိမှု၊ ကျွမ်းကျင်ပညာရှင်များ ပါဝင်မှုနှင့် စက်ပစ္စည်းကိရိယာ ပြည့်စုံမှု စသည့်အချက်များအား အခြေခံရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေကြောင်းကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွင် ကုန်တင်လေယာဉ်ကြီးများ တိုက်ရိုက်ဆင်းသက်ကာ လေကြောင်းကုန်စည်ထောက်ပံ့ရေး ဆုံရပ်အဖြစ် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အား အကောင်ထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။
“စီးပွားရေးအရ အချက်အချာကျတဲ့ မန္တလေးလေဆိပ်ကနေ ပြည်ပနိုင်ငံတွေကို လေကြောင်းကုန်စည်တွေ တိုက်ရိုက်တင်ပို့နိုင်တဲ့ လေဆိပ်ကြီးတစ်ခုဖြစ်အောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ပါတယ်။ ဒုတိယအဆင့်တင်ဒါကိုလည်း မကြာမီ ခေါ်ယူသွားမှာပါ” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များအား အကြိုအရည်ချင်း စစ်ဆေးသည့် လျှောက်လွှာခေါ်ယူရာတွင် လေဆိပ်ဖွံ့ဖြိုးတိုးတက်ရေး Master Plan၊ ခရီးသည်များအတွက် လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ၊ လေဆိပ်အဆောက်ဦအတွင်းနှင့် အပြင်ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းနှင့် Master Plan တွင် ထည့်သွင်းရေးဆွဲထားချက်အရ အနာဂတ်တွင် လိုအပ်သည့် လေဆိပ်အဆောက်အုံ တိုးချဲ့ခြင်း၊ လေယာဉ်ရပ်နားသည့်နေရာ တိုးချဲ့ခြင်းများ ပါဝင်သည့် လုပ်ငန်းစဉ် ၈ ချက်အား ထည့်သွင်းခေါ်ယူခဲ့သည်။
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် သက်ဆိုင်သည့် အချက်အလက်များ
၁။ လေဆိပ်အဖြစ် သတ်မှတ်ထားသည့် အကျယ်အ၀န်း ဧရိယာ ၂၇၅၄၄ .၇၃ ဧကရှိ
၂။ လက်ရှိလေဆိပ်အဆောက်ဦးနှင့် ပြေးလမ်းအဖြစ် အသုံးပြုနေသည့် ဧရိယာ ၃၆၈၂ ဧကရှိ
၃။ လေဆိပ်အဆောက်ဦနှင့် ဆက်စပ်လုပ်ငန်းများအား ၁၉၉၄ ခုနှစ်၊ မတ်လက Italian-Thai
Development Public ကုမ္ပဏီမှ အမေရိကန်ဒေါ်လာသန်း ၁၅၀ အကုန်ကျခံ တည်ဆောက်ခဲ့။
၎။ ပြေးလမ်းနှင့် ဆက်စပ်လုပ်ငန်းများအား ပြည်သူ့ဆောက်လုပ်ရေးမှ ၁၉၉၆ ခုနှစ်၊ မတ်လတွင် မြန်မာကျပ်ငွေ
သန်းပေါင်း ၈၀၄၉ .၅၂ သန်း အကုန်ကျခံ တည်ဆောက်ခဲ့။
၅။ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ၁၇ .၉ .၂၀၀၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့။
____________________________________
Reference and Credit to -Eleven Media Group
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)](http://sphotos-d.ak.fbcdn.net/hphotos-ak-snc6/s480x480/399344_512238462130972_887011110_n.jpg)




