Friday, January 31, 2014

အီးယူ သံကိုယ်စားလှယ်အဖွဲ့ စစ်တွေမှာ မွတ်စလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

Photo: အီးယူ သံကိုယ်စားလှယ်အဖွဲ့ စစ်တွေမှာ မွတ်စလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ
Friday, January 31, 2014

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်တဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၇ နိုင်ငံက သံအမတ်ကြီးတွေဟာ ဒီကနေ့ညနေပိုင်းမှာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်က မွတ်စလင် ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သံမတ်ကြီးအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းက ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား နှစ်ဘက်စလုံးက ပြောဆိုချက်တွေကို ကိုယ်တိုင်သိရှိလိုတဲ့အတွက် အခုလို လာရောက်တွေ့ဆုံတာဖြစ်ကြောင်း သံအမတ်ကြီးနဲ့အတူ လိုက်ပါသွားသူတွေက ပြောပါတယ်။

အောင်မင်္ဂလာရပ်ကွက်မှာနေထိုင်တဲ့ မွတ်စလင်ရပ်မိရပ်ဖတွေက ဒီနှစ်မတ်လကုန်ခါနီးမှာ အစိုးရကပြုလုပ်မယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမယ့်အစီအစဉ်မှာ ပူးပေါင်းပါဝင်မယ်လို့ ပြောဆိုခဲ့ကြကြောင်းလည်း သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်တဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၇ နိုင်ငံက သံအမတ်ကြီးတွေဟာ ဇန်န၀ါရီလ ၁၃ ရက်နေ့က အကြမ်းဖက်ပဋိပက္ခတွေဖြစ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေနဲ့ အဖွဲ့အစည်းတွေက ပြောနေကြတဲ့ မောင်တောမြို့ နယ် ဒုချီးရာတန်းကျေးရွာကိုလည်း မနေ့ကသွားရောက်ခဲ့ပြီး အဲဒီရွာက ရွာသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီသံအဖွဲ့ဟာ မနက်ဖြန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့တွေ့ဆုံပြီး ခရီးစဉ်အတွေ့အကြုံတွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

RFA Burmese
ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂအဖွဲ့ရုံး သံအမတ်ကြီး Mr. Roland Kobia ဦးဆောင်တဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၇ နိုင်ငံက သံအမတ်ကြီးတွေဟာ ဒီကနေ့ညနေပိုင်းမှာ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်က မွတ်စလင် ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တောင်အာဖရိက သပိတ်မှောက် သတ္တုတွင်း အလုပ်သမား များလုပ်ခ လစာ (၇) ရာခိုင်နူန်း တိုးမြှင့်ပေး မည်ဆို သည့်ကမ်းလှမ်း ချက်ကို ပယ်ချ

တောင်အာဖရိက ရှိသပိတ် မှောက် ဆန္ဒပြ နေသည့် ပလက်တီနမ် သတ္တုတွင်း အလုပ်သမား များသည် ၄င်းတို့ လုပ်ကိုင်နေသည့် ကုမ္မဏီများက (၇) ရာခိုင်နူန်း လုပ်ခ လစာ တိုးမြှင့်ပေးရန် ကမ်းလှမ်း ချက်ကို ကြာသာပတေးနေ့တွင် ပယ်ချလိုက်ကြောင်း သိရသည်။

ဆိုးသွမ်းဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာရဲများကို ဗြိတိန်ရဲ လေ့ကျင့်ပေး

Photo: ဆိုးသွမ်းဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာရဲများကို ဗြိတိန်ရဲ လေ့ကျင့်ပေး
Friday, January 31, 2014 

မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲများကို ဖေဖောဝါရီ ၁ ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ်ရာ ဘောလုံး ပွဲစဉ်များတွင် ဖြစ်ပွားလေ့ရှိသည့် ပဋိပက္ခ ဖြစ်စဉ်များ၌ ဆိုးသွမ်း ဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များကို ဗြိတိန် ရဲအရာရှိများက သုဝဏ္ဏ လူငယ် လေ့ကျင့်ရေးကွင်းတွင် ဇန်နဝါရီလ ၃၀ ရက်နေ့က တစ်ရက်တာ လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် လုံခြုံရေး တာဝန်ခံက ပြောကြားသည်။

ယင်းလေ့ကျင့်ရေး အစီအစဉ်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အင်အား ၁၀၀ ခန့်နှင့် ဗြိတိန် ရဲအရာရှိများ လက်တွေ့သရုပ်ပြခြင်းနှင့် ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းကဆိုသည်။

မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲများ၌ အသင်းကြီး အချင်းချင်း တွေ့ဆုံသည့်ပွဲများ၌ နှစ်ဖက်အသင်း ပရိသတ်များ ပဋိပက္ခ ဖြစ်ပွားတတ်ရာ ၂၀၁၃ နေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲ ၏ နောက်ဆုံးပွဲစဉ်၌ ရန်ကုန် ယူနိုက်တက်အသင်းနှင့် နေပြည်တော် အသင်းတို့ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ထိုင်ခုံငါးရာကျော် ပျက်စီးခဲ့ရသည်။ 

ယင်းပဋိပက္ခ ဖြစ်စဉ်မှာ မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲ သက်တမ်းတစ်လျှောက် အကြီးမားဆုံး ရန်ပွဲအဖြစ် မှတ်တမ်းတင်ခဲ့ရပြီး ရန်ကုန် ပရိသတ်များ ကွင်းအတွင်းမှ ထွက်ခွာရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းမှုများ ဖြစ်ခဲ့ရသည်။

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ အုပ်စုနောက်ဆုံး ပွဲစဉ်ဖြစ်သော မြန်မာအသင်းကို အင်ဒိုနီးရှားအသင်းက အနိုင်ရရှိခဲ့သည့် ပွဲတွင်လည်း မြန်မာ ပရိသတ်များက သုဝဏ္ဏကွင်းရှိ ပွဲကြည့်စင်မှ ထိုင်ခုံများကို ဖျက်ဆီးခြင်း၊ နိုင်ငံတော် အလံများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဥရောပသမဂ္ဂ အစီအစဉ်ဖြင့် ဗြိတိန် ရဲအရာရှိများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၄၀၀၀ ကို ယူရိုငွေ ၁၀ သန်း အကုန်အကျခံ၍ ၂၀၁၃ ခုနှစ် နိုဝင်ဘာလဆန်းက အဓိကရုဏ်း ကိုင်တွယ် ဖြေရှင်းနည်း သင်ကြားပေးခဲ့သည်။

The Voice Weekly
မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲများကို ဖေဖောဝါရီ ၁ ရက်နေ့တွင် စတင်ကျင်းပတော့မည်ဖြစ် ရာ ဘောလုံး ပွဲစဉ်များတွင် ဖြစ်ပွားလေ့ရှိသည့် ပဋိပက္ခ ဖြစ်စဉ်များ၌ ဆိုးသွမ်း ဘောလုံး ပရိသတ်များကို ထိန်းသိမ်းရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များကို ဗြိတိန် ရဲအရာရှိများက သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်းတွင် ဇန်နဝါရီလ ၃၀ ရက်နေ့က တစ်ရက်တာ လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဘော လုံး အဖွဲ့ချုပ် လုံခြုံရေး တာဝန်ခံက ပြောကြားသည်။

မြန်မာ့ ပိုင်နက်ကို အိန္ဒိယ ကျူးကျော်ဟု နိုင်ငံတော် သမ္မတက သဝဏ် လွှာပေး ပို့

Photo: မြန်မာ့ ပိုင်နက်ကို အိန္ဒိယ ကျူးကျော်ဟု နိုင်ငံတော် သမ္မတက သဝဏ် လွှာပေး ပို့
Friday, January 31, 2014

မြန်မာ -အိန္ဒိယ နယ်စပ်တွင် အိန္ဒိယ နိုင်ငံ ဘက်က လူနေ အိမ်၊ အားကစား ကွင်းနှင့် ကားလမ်း များ နယ်နိမိတ် ကျူးကျော် ဆောက်လုပ် ထား သောကြောင့် နှစ်နိုင်ငံ ပူးပေါင်း စစ်ဆေး ဖယ်ရှားနေ ရကြောင်း နိုင်ငံ တော် သမ္မတ က ဇန်နဝါရီ ၂၈ ရက်တွင် ကျင်း ပသော ပြည် ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ လိုက်သည်။

ကျူးကျော် ဆောက်လုပ် ထားသည် များမှာ နှစ်နိုင်ငံ ကြား နယ်နိမိတ် မှတ်တိုင် စိုက်ထူ ခြင်း မပြုရ သေးသော နယ်ခြား မှတ်တိုင် BP (boundary Pillar) ၇၆ နှင့် စိုက်ထူ ပြီးသော BP ၇၇ ကြားရှိ အိန္ဒိယ နိုင်ငံ ဟောင်လင်း ဖိုင်ရွာမှ နေအိမ်၊ ကစား ကွင်းနှင့် ကားလမ်း တို့ ဖြစ်ကြောင်း၊ ယင်း အပြင် BP ၇၈ နှင့် BP ၇၉ ကြားရှိ လူနေ အိမ်နှင့် ခြံဝင်း အချို့ အပါ အဝင် မီးတိုင် ၃ တိုင်လည်း ကျူးကျော် တည်ရှိ နေသည်ကို စစ်ဆေး တွေ့ရှိရသဖြင့် ဖယ်ရှား ရေးကို ဆက်လက် လုပ်ဆောင် နေ ရကြောင်း သမ္မတ၏ သဝဏ် လွှာတွင် ဖော်ပြထား သည်။

ထို့အပြင် နှစ်နိုင်ငံ ကြား တိုင်းတာ သတ်မှတ် ပြီးဖြစ်သော နယ်နိ မိတ်အ တွင်းမှ ၁၀ မီတာ ဇုန်အ တွင်း (မြန်မာ ပိုင်နက် အတွင်း) အိန္ဒိယ ဘက်မှ ကျူးကျော် ထား သည်ကို တွေ့ရှိ ရပြီး နယ်စပ်ကြား အငြင်းပွား နေရသည့် နယ်မြေ ဒေသ များကို နှစ်နိုင်ငံ နယ်နိမိတ် သတ်မှတ် လုပ်ငန်း အဖွဲ့အ စည်းများက ဖြေရှင်း နေရကြောင်း ဆက်လက် ဖော်ပြထား သည်။ အဆိုပါ လုပ်ငန်း ဆောင်ရွက် ချက်များ ကို ပြည်ထောင်စု လွှတ်တော်က မှတ်တမ်း တင်ကြောင်း လွှတ်တော်နာ ယက သူရ ဦး ရွှေမန်းက ကြေညာ ခဲ့သည်။

မြန်မာ-အိန္ဒိယ နယ်စပ်သည် ဘင်္ဂလား ဒေ့ရှ်မှ တရုတ် နယ်စပ် အထိ ၉၀၃ မိုင် ရှည်လျားပြီး နယ်စပ် မှတ်တိုင် စိုက်ထူ ရာတွင် နှစ်နိုင်ငံ နယ်စပ်ကြား အချင်း များမှု များ ဖြစ်လျက် ရှိပြီး မြန်မာ နိုင်ငံ အတွင်း ကျူးကျော်ထားသည့် ကိစ္စကြောင့် မြန်မာ ဘက်မှ ကန့်ကွက်စာ ၁၁ ကြိမ် ပေးပို့ ထားကြောင်း တမူးခ ရိုင်မှ နယ်စပ် သတ်မှတ်ရေး စီမံ ခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦး ကျော်ဇောလင်းက ပြောကြား သည်။

Today Myanmar
မြန်မာ -အိန္ဒိယ နယ်စပ်တွင် အိန္ဒိယ နိုင်ငံ ဘက်က လူနေ အိမ်၊ အားကစား ကွင်းနှင့် ကား လမ်း များ နယ်နိမိတ် ကျူးကျော် ဆောက်လုပ် ထား သောကြောင့် နှစ်နိုင်ငံ ပူးပေါင်း စစ်ဆေး ဖယ်ရှားနေ ရကြောင်း နိုင်ငံ တော် သမ္မတ က ဇန်နဝါရီ ၂၈ ရက်တွင် ကျင်း ပသော ပြည် ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ လိုက်သည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီသို့ ကူးပြောင်းရာတွင် ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အရေးပါသည့် စိန်ခေါ်မှုများအဖြစ် ရှိနေကြောင်း ဗြိတိန်ဝန်ကြီး ပြောကြား

မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် ရောက်ရှိနေသော အာရှဆိုင်ရာ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီး Hugo Swire က ယခုနှစ်များအတွင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေး သည် အားတက်ဖွယ် ရာ ဖြစ်ခဲ့သော်လည်း ဆက်လက်လုပ်ဆောင်ရမည့် ဒီမိုကရေစီဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်များသည် စိန်ခေါ်မှုများအဖြစ် ရှိနေသေးကြောင်း ဇန်န၀ါရီ ၃၀ ရက်က ဗြိတိသျှကောင်စီ တွင် ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ပျူမြို့ဟောင်းတွေကို UNESCO လာရောက်ကြည့်ရှု

Photo: ပျူမြို့ဟောင်းတွေကို UNESCO လာရောက်ကြည့်ရှု
Friday, January 31, 2014

BC နှစ်ရာစု ကတည်းက ရှိခဲ့တယ်ဆိုတဲ့ ပျူ မြို့ဟောင်းတွေကို ကုလသမဂ္ဂ လက်အောက်ခံ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ အသိအမှတ်ပြု ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖို့ UNESCO တာဝန်ရှိ ပုဂ္ဂိုလ်တွေ ပြီးတဲ့အပတ်က နောက်ဆုံး အဆင့် လာရောက် စစ်ဆေးသွားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်လောက် ကတည်း က ပျူလူမျိုးတွေ နေထိုင်ခဲ့တယ်ဆိုတဲ့ ရွှေဘိုခရိုင် ဝက်လက် မြို့နယ်ထဲက ဟန်လင်း၊ မကွေးတိုင်း တောင်တွင်းကြီး မြို့နယ်ထဲက ဗိဿနိုး၊ ပဲခူးတိုင်း ပြည်မြို့နယ်ထဲက သရေခတ္တရာ စတဲ့ ပျူခေတ် မြို့ဟောင်းတွေကို UNESCOက ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အဖြစ် အသိအမှတ်ပြုဖို့ သုံးသပ်နေတာ ဖြစ်ပါတယ်။

UNESCOရဲ့ စံနှုန်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပြီး ရှေးဟောင်း အမွေအနှစ် အဖြစ် လက်ခံမယ် ဆိုရင်တော့ ဒီမြို့ဟောင်းတွေဟာ ပထမဆုံး ကမ္ဘာ့အဆင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အဖြစ် အသိအမှတ် ပြုခံရတဲ့ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ဖြစ်လာလိမ့်မယ်လို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောပါတယ်။

အခုလို UNESCOက လာရောက် စစ်ဆေးတဲ့ အဆင့် ရောက်အောင် ၂၀ဝ၉ ခုနှစ်ကတည်းက ဆက်သွယ် တင်ပြခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ UNESCO က အကြိမ်ကြိမ် လာရောက် ကြည့်ရှု စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ရှေးဟောင်း ယဉ်ကျေးမှု ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ပြီလို့ အသိအမှတ် ပြုလိုက်ပြီ ဆိုရင် လာရောက် လေ့လာမယ့် နိုင်ငံခြားသားတွေ များပြားလာနိုင်တာမို့ အခြေခံ အဆောက်အအုံတွေနဲ့ လမ်းပန်း ဆက်သွယ်ရေး အတွက်လည်း အခုကတည်းက စတင် ပြင်ဆင်နေပြီလို့ ရှေးဟောင်း သုတေသနနဲ့ အမျိုးသား ပြတိုက် ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
BC နှစ်ရာစု ကတည်းက ရှိခဲ့တယ်ဆိုတဲ့ ပျူ မြို့ဟောင်းတွေကို ကုလသမဂ္ဂ လက်အောက်ခံ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ အသိအမှတ်ပြု ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖို့ UNESCO တာဝန်ရှိ ပုဂ္ဂိုလ်တွေ ပြီးတဲ့အပတ်က နောက်ဆုံး အဆင့် လာရောက် စစ်ဆေးသွားပါတယ်။