Thursday, November 14, 2013

" အဓိက သရုပ်ဆောင်အဖြစ် ရိုက်ကူးဖို့ငြင်းခဲ့တဲ့ ကလေးသရုပ်ဆောင် ယွန်းယွန်း "

အစာစားပြီးတိုင်း သွားတိုက်ပါက သွား၏ အပေါ်ယံ ကြွေလွှာများ ပါးပြီး သွားကျဉ်ခြင်းများ ဖြစ်နိုင်

Photo: အစာစားပြီးတိုင်း သွားတိုက်ပါက သွား၏ အပေါ်ယံ ကြွေလွှာများ ပါးပြီး သွားကျဉ်ခြင်းများ ဖြစ်နိုင်
Thursday, November 14, 2013

“အစာစားပြီးတိုင်းသာ သွားတိုက်မယ်ဆိုရင် သွားရဲ့ အပေါ်ယံ ကြွေလွှာတွေ ပါးပြီး သွားကျဉ်တာမျိုးတွေ ဖြစ်နိုင်တယ်။ အဲဒီလောက်အထိ သွားတိုက်ဖို့ မလိုအပ်ဘူး” ဟု သွားနှင့်ခံတွင်း အထူးကု ဆရာဝန် ဒေါက်တာကျော်သူဦးက ပြောသည်။ အချို့သူများက အစားအစာ တစ်ခုစားပြီးတိုင်း သွားတိုက်လေ့ ရှိကြပြီး တစ်ရက်လျှင် ၁၀ ကြိမ်ခန့်အထိ သွားတိုက်သည်ကိုပင် တွေ့ရှိရကြောင်း၊ ယင်းမှာ သွားကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ဒေါက်တာ ကျော်သူဦးက ဆိုသည်။

ညအိပ်ရာမဝင်မီ သွားတိုက်ခြင်းမှာ အဓိက အရေးကြီး

ညအိပ်ရာမဝင်မီ သွားတိုက်ခြင်းသည် အဓိက အရေးကြီးပြီး ညအိပ်ရာဝင် သွားတိုက်အိပ်ခြင်းသည် တစ်နေကုန် စားကြွင်း စားကျန်များမှအစ မရှိနိုင်တော့ဘဲ သန့်စင်သွားစေသောကြောင့် ညအိပ်ရာဝင်ချိန်တွင် သွားတိုက်ခြင်းသည် ကောင်းမွန်သော အလေ့အထ ဖြစ်ကြောင်း သိရသည်။

အစာစားပြီးတိုင်း ပလုတ်ကျင်းပါ

နံနက် အိပ်ရာထချိန်နှင့် ညအိပ်ရာဝင်ချိန်များတွင် သွားတိုက်ခြင်းဖြင့် လုံလောက်သော သွားကျန်းမာရေးနှင့် ခံတွင်းသန့်ရှင်းမှုကို ရရှိစေနိုင်ပြီး အစားအစာများ စားပြီးတိုင်း ပလုတ်ကျင်းသည့် အလေ့အကျင့်ကို ပြုလုပ်သင့်ကြောင်း၊ သွားတိုက်သည့် အခါတွင်လည်း နည်းစနစ် မှန်ကန်မှုသည် အရေးပါကြောင်း သိရသည်။

အလွန်မာသည့် သွားတိုက်တံကို မသုံးနဲ့၊ ကန့်လန့်ဖြတ် မတိုက်နဲ့

“သွားတိုက်တံကို အသုံးပြုတဲ့ အခါမှာလဲ သိပ်မာတဲ့ သွားတိုက်တံကို အသုံးပြုမယ်၊ သွားကို ကန့်လန့်ဖြတ် တိုက်မယ်ဆိုရင် သွားရဲ့ အရင်းပိုင်းတွေက ကြွေလွှာတွေပါးပြီးတော့ အပူတွေ အအေးတွေ သောက်တဲ့အခါမှာ မခံမရပ်နိုင်အောင် ကျဉ်တာတွေ ဖြစ်နိုင်တယ်” ဟု သွားနှင့်ခံတွင်း အထူးကု ဆရာဝန် ဒေါက်တာ ကျော်သူဦးက ပြောသည်။ ဖလိုရိုက်ဓာတ်များလျှင်လည်း မကောင်း ဖလိုရိုက် ပါဝင်သော သွားတိုက်ဆေးများသည် သွားပိုးစားခြင်းကို ကာကွယ်ပေးသော်လည်း ယင်းဓာတ် ပါဝင်မှု များသွားပါက သွားတွင် အကွက်များ ဖြစ်တတ်ကြောင်း၊ ယင်းကြောင့် သွားတွင် အဖြူပြောက်များ ရှိသူများ အနေဖြင့် ဖလိုရိုက် ပါဝင်သော သွားတိုက်ဆေးမျိုးကို အသုံးမပြုသင့်ကြောင်း သိရသည်။ “ကလေးများ အတွက်ကတော့ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကတော့ သွားပိုးစားခြင်းကို ကာကွယ်ပေးတာပေါ့။ ဒါပေမဲ့ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးတိုင်းကတော့ ကောင်းလား ဆိုရင်တော့ တချို့ကျတော့ ဖလိုရိုးဆစ်လို့ခေါ်တဲ့ သွားမှာ အဖြူပြောက်တွေ ဖြစ်တယ်။ အဲဒီလိုလူမျိုးတွေကတော့ ဖလိုရိုက်မပါတဲ့ သွားတိုက်ဆေးမျိုးတွေကိုပဲ တိုက်ပေးသင့်ပါတယ်” ဟု ဒေါက်တာ ကျော်သူဦးက ပြောသည်။

သွားကြားညပ်ရင် ဘယ်လိုလုပ်သင့်သလဲ

သွားကြားညပ်ပါက သွားကြားထိုးတံ အသုံးပြုခြင်းထက် သွားကြားထိုးသည့် ကြိုး၊ သွားကြားတိုက်သည့် တံပွတ်တံလေးများကို အသုံးပြုခြင်းက ပို၍ သင့်တော်ကြောင်း သိရသည်။ “သွားကြားထိုးတံကို အသုံးပြုရင် သွားနှစ်ချောင်းကြားထဲမှာ ရှိတဲ့ သွားဖုံးလေးက နိမ့်သွားပြီးတော့ အမြဲတမ်း စားလိုက်တဲ့ အစာတွေက အောင်းနေတတ်တယ်။ အဲဒါကြောင့် သွားကြားထိုးတဲ့ကြိုးကို အသုံးပြုသင့်တယ်။ အခုနောက်ပိုင်းမှာဆိုရင်တော့ သွားကြားတိုက်တဲ့ သွားတိုက်တံလေးတွေပါ ပေါ်နေပြီဆိုတော့ အဲဒါမျိုးတွေလဲ အသုံးပြုလို့ရတယ်” ဟု ဆက်လက်ပြောသည်။

ခြောက်လတစ်ကြိမ် သွားကျန်းမာရေးကို စနစ်တကျ စစ်ဆေးသင့်

သွားကျန်းမာရေးအတွက် သွားဆရာဝန်များနှင့် အနည်းဆုံး ခြောက်လတစ်ကြိမ် စနစ်တကျ စစ်ဆေးသင့်ကြောင်း ဒေါက်တာ ကျော်သူဦးက အသိပေး ပြောကြားခဲ့သည်။

ခင်သက်မွန်
BY YANGON TIMES JOURNAL
“အစာစားပြီးတိုင်းသာ သွားတိုက်မယ်ဆိုရင် သွားရဲ့ အပေါ်ယံ ကြွေလွှာတွေ ပါးပြီး သွားကျဉ်တာ မျိုးတွေ ဖြစ်နိုင်တယ်။ အဲဒီလောက်အထိ သွားတိုက်ဖို့ မလိုအပ်ဘူး” ဟု သွားနှင့်ခံတွင်း အထူးကု ဆရာဝန် ဒေါက်တာကျော်သူဦးက ပြောသည်။ အချို့သူများက အစားအစာ တစ်ခုစားပြီးတိုင်း သွားတိုက်လေ့ ရှိကြပြီး တစ်ရက်လျှင် ၁၀ ကြိမ်ခန့်အထိ သွားတိုက်သည်ကိုပင် တွေ့ရှိရကြောင်း၊ ယင်းမှာ သွားကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ဒေါက်တာ ကျော်သူဦးက ဆိုသည်။

"ဒု-သ-န-သော အကြောင်း"

 
"ဒု-သ-န-သော အကြောင်း"
******************
အရပ်စကားတစ်ခုရှိပါတယ်။ကာမပိုင်ယောင်္ကျားရှိတဲ့ အမျိုးသမီးကို ကိုယ်ထိကာယ လွန်ကျူးမိလျှင် ဒု-သ-န-သော
ထိုက်လိမ့်မယ်ဆိုတဲ့စကားရပ်လေးတစ်ခုပါ။ထိုဒု-သ-န-သော ဆိုတဲ့ စကားလုံးလေးခုဖြစ်ပေါ်လာပုံဟာ
ဒီလိုပါ။တကယ်တော့(ဒု၊သ၊န၊သော)ဆိုတဲ့စကားလုံးလေးခုဟာ သူဌေးသားလေးဦးရဲ့လူဘဝရနေခိုက်

တစ်လလစာ သိန်း ၅၀ ပေးသော်လည်း မယူဘူးဟု ငြင်းဆန်ခဲ့သည့် သမ္မတကြီး ဦးသိန်းစိန်၏ လေးစားဖွယ် စိတ်ဓာတ်

သမ္မတဦးသိန်းစိန်က ဥပဒေပါ သမ္မတလစာ သိန်း ၅၀ ကို မခံစားဘဲ တလ ငွေကျပ် ၁၅ သိန်းသာ လျှော့ယူ ခံစားမှုသည် ဥပဒေ ချိုးဖောက်သည့် ပုံစံဖြစ်နေကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က သတိပေး ပြောဆိုလိုက်သည်။

အသားစားပြီးပြီးခြင်းမလုပ်သင့်တဲ့ အရေးကြီး ( ၇ ) ချက်

 ၁-ဆေးလိပ်မသောက်သင့်ပါ။
အသားစားစားပြီးချင်းဆေးလိပ်သောက်ပါက
ကင်ဆာဖြစ်နိုင်ခြေပိုများစေပါတယ်။

Sexy လို ၀တ်လိုက်ရင် ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိဘူးဆိုတဲ့ မြန်မာ မော်လ်ဒယ်လေး

အနုပညာလောကထဲကို ဖြေးဖြေးနဲ့မှန်မှန်ချဉ်းနင်း ၀င်ရောက်လာသူကတော့ နာမည်လေးလုံး ပိုင်ရှင် နွယ်ဒါလီထွန်းပဲ ဖြစ်ပါတယ်။ ဂျာနယ်၊ မဂ္ဂဇင်းတွေတင်မကဘဲ တီဗီကြော်ငြာတော်တော် များများ မှာပါ သူမရဲ့ ဟန်ပန်တချို့က ထင်ဟပ်နေတာကိုလည်း အားလုံးသတိထားမိကြမှာပါ။ Photo Model နဲ့ ကြော်ငြာတွေကိုပဲ အားသွန်ခွန်စိုက် ကြိုးစားရိုက်ကူးနေတဲ့ သူမရဲ့ လတ်တလော လှုပ်ရှားမှုတွေနဲ့ ဖက်ရှင် အကြောင်းတစေ့တစောင်း ခုလို မေးဖြစ်ခဲ့ချိန်မှာတော့

ဟိန္ဒား သတ္တု တွင်းမှ စွန့် ပစ်ရေနှင့် မြေ စာ များ တ န င်္သာ ရီမြစ် အတွင်း စီးဝင် သည့် အ တွက် မြစ် တစ်လျှောက် ရေ ထု ညစ် ညမ်း မှု များ ဖြစ်ပေါ်နေ ပြီး ကျေး ရွာ အ များ စု သောက် သုံးရေ အခက် အခဲနှင့် ရင် ဆိုင်နေ ရ

 
တနင်္သာရီတိုင်း ဒေသကြီးအတွင်း အကောင်အထည် ဖော်နေသည့် ဟိန္ဒားသတ္တုတွင်းမှ စွန့်ပစ်ရေများ သည် တနင်္သာရီမြစ်အတွင်း စီးဝင်သည့်အတွက် တနင်္သာရီမြစ် တစ်လျှောက်လုံး ရေထုညစ်ညမ်းမှု များ ဖြစ်ပေါ်နေပြီး ကျေးရွာအများစုမှာ သောက်သုံးရေအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ထားဝယ် ဒေ သ ခံ များထံမှ သိရသည်။

မိန်းကလေးအများစု သတိမထားမိသည့် အမှားများ

မိန်းကလေးအများစု သတိမထားမိသည့် အမှားများ
Thursday, November 14, 2013 

မိန်းကလေး အတော်များများဟာ နေ့စဉ်သတိ မထားမိတဲ့ အမှားတွေ ပြုလုပ်မိနေတယ် ဆိုတာ မသိကြပါဘူး။ အမှား သေးသေးလေး တွေဟာ အချိန်ကြာလာ တဲ့အခါ ကျန်းမာရေး ထိခိုက်တဲ့ အထိ ဖြစ် လာတတ် ပါတယ်။

(၁) လေးလွန်းသည့် အိတ်များလွယ်ခြင်း
မိန်းကလေး တွေဟာ ဘယ်သွား သွား လွယ်တဲ့အိတ် ဒါမှမဟုတ် လက် ဆွဲအိတ်တွေ ယူသွားလေ့ ရှိပါတယ်။ အိတ်တစ်လုံးလောက် ကိုယ်နဲ့အတူ ရှိနေ တာဟာ အဖော်ရတဲ့အပြင် ယုံကြည်မှု ရှိတယ်လို့လည်း ခံစားရတာကြောင့် မပါ မဖြစ် လွယ်သွားတတ်ကြပါတယ်။ ဒါ ပေမဲ့ ဖြစ်လေ့ရှိတဲ့ အမှားတွေကတော့ အိတ်ထဲကို ပစ္စည်းပစ္စယအစုံ ထည့်လွယ် တာပါပဲ။ ခဏတစ်ဖြုတ် လွယ်တာက ကိစ္စမရှိပေမယ့် ကြာကြာလွယ်ထားတာ က ပခုံးနဲ့ကျောရိုးကို နာကျင်စေပါတယ်။ ကြွက်သားတွေကိုလည်း အားနဲ့ဆွဲထား သလိုဖြစ်စေပြီး ကိုယ်အနေအထားလည်း မမှန်တာကြောင့် ကြွက်တက်တဲ့ အထိ ဆိုးရွားနိုင်ပါတယ်။

(၂) ဒေါက်မြင့် ဖိနပ်စီးခြင်း
ဒေါက်မြင့် ဖိနပ်စီးတာဟာ မိမိ ကိုယ်ကိုယ်ယုံကြည်မှုရှိစေတဲ့ အပြင် ပွဲတိုး တယ်လို့ ခံစားရစေတာကြောင့် မိန်းက လေးတိုင်း စီးလေ့ရှိပါတယ်။ အနေတော် ဒေါက်အမြင့်က အရိုးအဆစ်တွေကို ထိခိုက်မှုသိပ်မဖြစ်ပေမယ့် ဒေါက်မြင့်ဖိ နပ်တွေကတော့ ခြေထောက် သွေးကြော တွေကို ဖူးရောင်စေတာ၊ အရိုးအက်ကွဲ တာ၊ အရွတ်စုတ်ပြဲတာ၊ OA အဆစ် ရောင်ရောဂါနဲ့ ခြေထောက်၊ ခါးရိုးနဲ့ ပတ် သက်တဲ့ နောက်ဆက်တွဲ ဝေဒနာတွေကို လည်း ခံစားရ တတ်ပါတယ်။

(၃) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာဟာ အမျိုး သားတွေသာ အများဆုံးပြုလုပ်လေ့ရှိပေ မယ့် ဆေးလိပ်သောက်တတ်တဲ့ အမျိုး သမီးတွေကိုလည်း လေ့လာချက်တွေပြု လုပ်ခဲ့ရာ ဟော်မုန်း မညီမျှမှုတွေ တွေ့ရ တဲ့အပြင် ကလေးမရနိုင်တာ၊ မီးဖွားတဲ့ အခါ ခက်ခဲတာတွေအပြင် အဆုတ်ကင် ဆာလည်းဖြစ်နိုင်တယ်လို့ တွေ့ရှိ ရပါတယ်။

(၄) ဂျင်းဘောင်းဘီ ကျပ်ကျပ်ကို အချိန်ကြာကြာ ဝတ်ခြင်း
အရမ်းကျပ်တဲ့ဂျင်းဘောင်းဘီတွေ ကို အချိန်ကြာကြာဝတ်ထားတာကြောင့် ခြေထောက်ကြွက်တက်တာ၊ ထုံကျဉ်တာ၊ ဆီးအိတ်ရောဂါနဲ့ မိန်းမကိုယ်မှိုစွဲတဲ့ရော ဂါတွေကိုလည်း ခံစားရနိုင်တယ်လို့ သိရ ပါတယ်။

(၅) ပါတီပွဲများတွင် အသောက်အစားများခြင်း
ပါတီပွဲတွေ၊ ပျော်ပွဲရွင်ပွဲတွေမှာ အ ပေါင်းအသင်း မိတ်ဆွေ တွေနဲ့ အရက် သောက်တာ၊ စားစရာတွေ မဆင်မခြေ စားတာဟာ ကျန်းမာရေးကို ထိခိုက်စေ တဲ့ အကြောင်းအရာထဲက တစ်ခုပါပဲ။

အိဖြူ (ဆေးဝါးတက္ကသိုလ်)
BY GOOD HEALTH
မိန်းကလေး အတော်များများဟာ နေ့စဉ်သတိ မထားမိတဲ့ အမှားတွေ ပြုလုပ်မိနေတယ် ဆိုတာ မသိကြပါဘူး။ အမှား သေးသေးလေး တွေဟာ အချိန်ကြာလာ တဲ့အခါ ကျန်းမာရေး ထိခိုက်တဲ့ အထိ ဖြစ် လာတတ် ပါတယ်။

OIC အဖွဲ့ မြန်မာနိုင်ငံခရီးစဉ် ကုလကြိုဆို

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintanaမြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ်
OIC လို့ခေါ်တဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ လက်ရှိ မြန်မာနိုင်ငံ ခရီးစဉ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား က ကြိုဆိုလိုက် ပါတယ်။ ရခိုင်ပြည်အရေး ပြဿနာ အဖြေရှာရာမှာ မကြာမီက ချမှတ်လိုက်တဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အပေါ် အကျိုးသက်ရောက်မှု ရှိစေတဲ့အပြင် ၂၀၁၄ ခုနှစ်မှာ အာဆီယံရဲ့ အလှည့်ကျဥက္ကဌ ဖြစ်လာမယ့် မြန်မာနိုင်ငံအတွက် အရေးကြီးတယ်လို့လည်း ပြောလိုက်ပါတယ်။ အသေးစိတ်ကိုတော့ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။
 

ပုဒ်မ ၁၈ မဖြုတ်ရန် ပြည်ထဲရေး ဒုတိယ၀န်ကြီး ကန့်ကွက်

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ခွင့်ပြုချက် မယူဘဲ ဆန္ဒထုတ်ဖော်ပါက ပြစ်ဒဏ်ကျခံရမည်ဟူသည့် မူလဥပဒေပါ ပုဒ်မ ၁၈ ကို ပယ်ဖျက်ရန် ပါဝင်ခြင်းကို ကန့်ကွက်သည်ဟု ပြည်ထဲရေးဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း က နိုဝင်ဘာလ ၁၃ ရက်နေ့ တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

အမျိုးသမီးတိုင်း သိသင့်သော ကင်ဆာ လက္ခဏာ ၁၀ မျိုး

အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ အတွက် သတိပေး လက္ခဏာတွေကို လျစ်လျူရှု မထားသင့်ပါဘူး။ ဒီလက္ခဏာတွေကို အစောပိုင်း အဆင့်ကတည်းက သိနားလည်မှသာ ကုသမှု ကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နှင့် တစ်ပြိုင်တည်း ဆွေးနွေးရခြင်းဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး အောင်မြင် ပြီးမြောက်စေမည်ဟု UNFC ထောက်ပြ

တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့လုံးကို တညီတညွတ်တည်း တစ်ပြိုင်တည်း တွေ့ ဆုံ ဆွေးနွေး ရခြင်းဖြင့် အပစ်အခတ် ရပ်စဲရေးအဆင့်ဆင့် အပါအ၀င် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး တစ်ခုလုံး အောင်မြင်ပြီးမြောက်စေမည့် အခွင့်အလမ်းဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ UNFC က နိုဝင်ဘာ ၁၂ ရက် က သဘောထား ထုတ်ပြန်ချက်ဖြင့် ထောက်ပြ ခဲ့သည်။

နေပြည်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြည်သူ့ သဘောထား ရယူရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက် ဟောပြောမည်

နေပြည်တော်၌ နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပမည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြည်သူ့ သဘောထားဆန္ဒ ရယူရေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

နောက်ထပ် ငွေစက္ကူများ ထပ်မံထုတ်ဝေရန် ရှိသည့်အခါတွင် နိုင်ငံ့ခေါင်းဆောင်များ အပါအ၀င် အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေရှိမည့် ပုံများအား အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရိုက်နှိပ် ထုတ်ဝေမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား

O.14-11
ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ငွေစက္ကူများ၌ အခြေအနေ၊ အချိန်အခါနှင့် လိုက်လျောညီထွေရှိမည့် ပုံများအား ရိုက်နှိပ်ထုတ်ဝေမည့် ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၌ နိုဝင်ဘာ ၁၃ ရက်က လာရောက် ရှင်းလင်းစဉ်
နောက်ထပ် ငွေစက္ကူများ ထပ်မံထုတ်ဝေရန် ရှိသည့်အခါတွင် နိုင်ငံ့ခေါင်းဆောင်များ အပါအ၀င် အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေ ရှိမည့်ပုံများအား အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရိုက်နှိပ် ထုတ်ဝေမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။