သဘာဝအတိုင်း မွေးမြူသော ရခိုင်ပြည်နယ် ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းသည် ၁၉၉၀ ပြည့်နှစ်မှ လက်ရှိအချိန်ထိ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပုစွန်ထွက်နှုန်း ငါးဆခန့် ကျဆင်းသွားကြောင်း ရခိုင်ပြည်နယ် ငါးမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစံကျော်လှက The Voice သို့ ပြောကြားသည်။
Sunday, June 30, 2013
နှစ် ၂၀အတွင်း ရခိုင်ဒေသ ရေငန်ပုစွန်ထွက်နှုန်း လေးပုံသုံးပုံကျဆင်း
သဘာဝအတိုင်း မွေးမြူသော ရခိုင်ပြည်နယ် ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းသည် ၁၉၉၀ ပြည့်နှစ်မှ လက်ရှိအချိန်ထိ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပုစွန်ထွက်နှုန်း ငါးဆခန့် ကျဆင်းသွားကြောင်း ရခိုင်ပြည်နယ် ငါးမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးစံကျော်လှက The Voice သို့ ပြောကြားသည်။
နိုင်ငံပြတင်းတစ်ပေါက်စနစ် အဆိုပြု ကုမ္ပဏီသုံးခုကို အပြီးသတ်ရွေး
ကုန်သွယ်မှု ပြုရာတွင် အကောက်ခွန် ရှင်းလင်းမှု လွယ်ကူလျင်မြန်စေမည့်
နိုင်ငံ ပြတင်းတစ်ပေါက်စနစ် (Nation Single Window -NSW) အတွက်
အဆိုပြုထားသော ကုမ္ပဏီများအနက်မှ ကုမ္ပဏီသုံးခုကို အပြီးသတ်ရွေးကာ
ဝန်ကြီးဌာနသို့ တင်ပြထားပြီး ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ အကြီးတန်း
အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
TIME မဂ္ဂဇင်းကို ဆန္ဒပြ
ဗုဒ္ဓဘာသာကို အကြမ်းဖက်
ပုံဖော်ခဲ့သည့် TIME မဂ္ဂဇင်းကို ကန့်ကွက်သည့် အနေနှင့် ရန်ကုန်မြို့
မြို့တော်ခန်းမရှေ့တွင် ရဟန်းရှင်လူ ၅၀၀ ထက်မနည်း ဆန္ဒပြခဲ့ကြသည်။
လားရှိုးပဋိပက္ခ ပါဝင်ပတ်သက်သူ ၂၀ ကျော်ကို တရားစွဲ
ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင်
ပါဝင်ပတ်သက်ခဲ့သည် ဟုဆိုကာ ဒေသခံ ၂၀ ကျော်ကို ဇွန်လ နောက်ဆုံးပတ်တွင်
တရားစွဲဆိုခဲ့ကြောင်း လားရှိုးမြို့နယ် တရားရုံးမှ သိရှိရသည်။
တနင်္သာရီတိုင်းမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ထိုင်းခုနစ်ခရိုင်မှ လုပ်ငန်းရှင်များ ဆွေးနွေး
တနင်္သာရီတိုင်း ဒေသကြီးမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်ခုနစ်ခရိုင်မှ လုပ်ငန်း ရှင်များ ပရာကျွတ်ကရိခံတွင် ဇွန်လ ၂၅ ရက်၌တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
အမေရိကန် သံတမန် အမှုထမ်းများနှင့် မိသားစုဝင်များကို အီဂျစ် နိုင်ငံမှ ထွက်ခွာရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ခွင့်ပြု
အီဂျစ်နိုင်ငံတွင် ဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားလျက် ရှိသောကြောင့် အရေးပေါ် တာဝန်များကို ထမ်းဆောင်ရခြင်း မရှိသော အမေရိကန် သံတမန် အမှုထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင် များကိုယင်းနိုင်ငံမှ ထွက်ခွာရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၂၈ ရက် နှောင်းပိုင်းတွင် ခွင့်ပြုခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Petergof မြို့ရှိ ဇာဘုရင်၏ နွေရာသီ နန်းတော် ပန်းခြံ ပြတိုက်သို့ သွားရောက် လေ့လာ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၂၈ ရက်
နံနက်ပိုင်းတွင် စိန့်ပီတာ စဘတ်မြို့ မှ Petergof မြို့သို့ (Burevstnick)
အထူးရေယာဉ်ဖြင့် ဖင်လန် ပင်လယ်အော်မှ တစ်ဆင့် သွားရောက်ရာ Petergof
မြို့ဆိပ်ကမ်းတွင် အုပ်ချုပ်ရေး အဖွဲ့ရုံးမှ Ms.Olga Tolo-shinova
မှကြိုဆို နှုတ်ဆက်သည်။ ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်
အဖွဲ့ဝင်များသည် Peter-gof မြို့ရှိ ဇာဘုရင်၏ နွေရာသီ နန်းတော်
ပန်းခြံနှင့် ပြတိုက်အတွင်းရှိ ပြခန်းများအား လှည့်လည်ကြည့်ရှု လေ့လာကြရာ
Ms. Olga Toloshinova မှ လိုက်လံ ရှင်းလင်း ပြသသည်။ ၎င်းနောက် ဒေသစံတော်ချိန်
နေ့လယ် ၁၁ နာရီတွင် The Samson Fountainမှ သဘာဝအတိုင်း စီမံထားသော ရေပန်း
ထုတ်မှုကို ကြည့်ရှုကြသည်။
ရှမ်းလူမျိုး၂ဦးအား KIA အဖွဲမှ ရက်ရက်စက်စက်သတ်ဖြတ်
KIA
တပ်ဖွဲ့ဝင်မှတစ်ဦးပေးပို့သော ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်ဖြစ်ပါတယ်
မြန်မာပြည်မြောက်ပိုင်းမှာ ၂၀၁၁ခုနှစ်၊ ဇွန်လလောက်ကစပြီး တပ်မတော်နဲ့ KIA
အဖွဲ့တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြ တယ်။
ပြင်ဦးလွင်မြို့တွင် ယနေ့နေ့လယ်က ပေါက်ကွဲမှုဖြစ်ပွား
ပြင်ဦးလွင်မြို့လယ်တွင်ယနေ့နေ့လယ် ၁နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ခုဖြစ် ပွားခဲ့ကြောင်း ပြင်ဦးလွင်ဒေသ ခံများ ထံမှ သိရသည်။
အေးရှားဝေါ(လ် )ကုမ္ပဏီနှင့်ဒေသခံ များမြေယာ ပိုင်ဆိုင်မှု အငြင်းပွားနေ
လားရှိုးမြို့နယ်၊ ခါးသျှီးကျေးရွာ၊ တန်းယန်းလမ်းခွဲ ဘယ်ဘက်ခြမ်းတွင် အခြေချနေထိုင်သူ ဒေသခံ များနှင့် အေးရှားဝေါ(လ်)ကုမ္ပဏီတို့ မြေယာပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိကြောင်း သိရသည်။
အိန္ဒိယရေဘေး လူ ၉၀၀ ကျော်သေဆုံး
အိန္ဒိယနိုင်ငံမြောက်ပိုင်းက Uttarakhand ပြည်နယ်မှာ မုတ်သုန်ရာသီမိုးတွေ အချိန်မတိုင်ခင် ၀င်ရောက် လာပြီးတော့ မိုးတွေသည်းလို့ တောင်ကျချောင်းရေ လျှပ်တပြတ် လျှံတာတွေ၊ မြေပြိုတာတွေဖြစ်ပွားပြီး လူ ၉၀၀ မက သေဆုံးခဲ့ရပြီး ဖြစ်သလို လူပေါင်း ထောင်သောင်းချီ ပျောက်ဆုံးနေ ပါတယ်။ သေဆုံးသူ ပမာဏက အများကြီး ပိုများသွားနိုင်တယ် လို့ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး ဆူရှီကူးမားရှင်ဒီ က ပြောပါတယ်။
မြန်မာနိုင်ငံသည် အာရှ၏ နောက်ထပ် ကျားတကောင်ဖြစ်သည်
ယုံ၍ ပုံမလောင်းလိုက်ပါနှင့်။ အာရှကျားနိုင်ငံများ၏ စီးပွားရေး စနစ်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးက နည်းနည်းမျှမတူပါ။ မြန်မာနိုင်ငံ၏ စီးပွားရေးကို ယခုတိုင် သယံဇာတ အခြေခံ စီးပွားရေးစနစ်ဖြင့် လည်ပတ်မောင်းနှင်လျှက် ရှိနေသေးပြီး သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ ကျွန်းသစ်၊ ကျောက်စိမ်း၊ တွင်းထွက် ပစ္စည်းများဖြင့် အခြေခံ လုပ်ကိုင်နေရဆဲ ဖြစ်သည်။ ဤသို့သော အခြေခံ ထွက်ကုန်များသည် ပြီးခဲ့သည့်နှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြား တင်ပို့ရောင်းချ မှု၏ ၈၀ ရာခိုင်နှုန်း ရှိနေခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည်လည်း ၎င်းကိုပင် အခြေပြု လာရောက်နေကြသည်။
ကော့သောင်း ရှိ ပင်လယ် ကျွန်းများ တွင် နိုင်ငံခြား ခရီးသွား များ အပန်းဖြေ လေ့ လာခြင်းမှ အမေရိ ကန်ဒေါ်လာ ၁၅၇၇၉၀ ရရှိ
ကော့သောင်းခရိုင် အတွင်းရှိ ပလော်ကာကျွန်း၌ လာရောက်အပန်းဖြေ သူများအား တွေ့ရစဉ် |
၂၀၁၂-၂၀၁၃
ဘဏ္ဍာနှစ်တွင် ကော့သောင်း၊ မြိတ်ခရိုင် အတွင်းရှိ ကျွန်းများသို့
နိုင်ငံခြား ခရီးသွား ဧည့် သည် ၁၄၉၁ ဦး လာရောက်၍ ပင်လယ်ကျွန်းများ၏ သဘာဝ
ဂေဟစနစ်နှင့် ရေပေါ်ရေအောက် သဘာဝ အလှများကိုလေ့လာရင်း အပန်းဖြေခဲ့သဖြင့်
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁၅၇၇၉၀ ရရှိကြောင်း သိရသည်။
မိုးရွာသွန်း လျှင် ရန်ကုန်မြို့ အတွင်းရှိ လမ်းမ များပေါ် တွင် ရေလျှံမှု များ ဖြစ်ပေါ်နေ ဆဲဖြစ်ပြီး မြို့တွင်း ခရီး သွား လာမှု အခက် အခဲနှင့် ကြုံတွေ့နေရကြောင်း ပြည်သူ များ ပြောကြား
တာမွေဈေးအနီး၌ မိုးရွာသွန်းနေစဉ် လမ်းမပေါ် ရေလျှံနေသည်ကို ဇွန် ၂၈ ရက် ညပိုင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ - မင်းသိန်းနိုင်) |
ရန်ကုန်မြို့
အတွင်းရှိ လမ်းအများစုမှာ မိုးရွာသွန်းလျှင် လမ်း မပေါ် ရေလျှံမှု များ
ဖြစ်ပေါ်နေဆဲဖြစ်ပြီး အဆိုပါ နေ့များတွင် မြို့တွင်းခရီးသွားလာ မှုများ
နှောင့်နှေးကြန့်ကြာမှုများ ရှိနေကြောင်း ရန်ကုန်မြို့တွင်း ခရီးသွား
ပြည်သူများက ပြောကြားသည်။
မြန်မာနိုင်ငံ ဆရာဝန်အသင်း အဆောက်အအုံနှင့် မြေနေရာ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (ယာယီ) စတင်ဖွဲ့စည်း
မြန်မာနိုင်ငံဆရာဝန်အသင်း အဆောက်အအုံနှင့် မြေနေရာ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (ယာယီ) ကို ဇွန် ၂၉ ရက်က စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
မြ၀တီနယ်စပ်မှ လအလိုက် ကုန်သွယ်မှု မြင့်တက်ခဲ့သော်လည်း စက်သုံးဆီ ကုန်သွယ်မှု လျော့ကျ
မြ၀တီ နယ်စပ်သို့ တင်သွင်းလာသည့် စက်သုံးဆီ တင်ဆောင်လာသော ယာဉ်များအား တွေ့ရစဉ် |
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ရှိ ကုန်သွယ်ရေး စခန်းများအနက် ကုန်သွယ်မှု
အများ ဆုံးဖြစ်သော မြ၀တီ နယ်စပ် စခန်းမှ လအလိုက် ကုန်သွယ်မှုပမာဏ မြင့်တက်ခဲ့သော်လည်း
စက်သုံးဆီနှင့် သွင်းကုန်ပစ္စည်း အများစု တင်သွင်းမှုတွင် ယခင်လကထက်
လျော့ကျခဲ့ကြောင်း မြ၀တီနယ်စပ် ကုန် သွယ်ရေး စခန်းမှ သိရသည်။
Subscribe to:
Posts (Atom)