မဟာစင် (MAHASEN) ဆိုင်ကလုန်းမုန်တိုင်းသည် ပိုမိုအားကောင်းသော
ဆိုင်ကလုန်းမုန်တိုင်း အဖြစ် သို့ ရောက်ရှိ နိုင်ပါကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်းသည် လက်ရှိ အ၀ါရောင်အဆင့် သာ ရှိနိုင်သော် လည်း၊ မေလ (၁၃)ရက်နေ
့မွန်းလွဲပိုင်းမှ စတင်ပြီး၊ အရှေ့ မြောက်ဘက် သို့ ကွေ့ လျက် မေလ(၁၆) ရက်နေ
့ နံနက်ပိုင်းခန့် တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ဘက်
ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ ဖြတ်ကျော်
ဝင်ရောက် နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ
ထုတ်ပြန်ထား ပါသည်။
မဟာစင် (MAHASEN) ဆိုင်ကလုန်းမုန်တိုင်းသည် ပိုမိုအားကောင်းသော
ဆိုင်ကလုန်းမုန်တိုင်း အဖြစ် သို့ ရောက်ရှိ နိုင်ပါကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်းသည် လက်ရှိ အ၀ါရောင်အဆင့် သာ ရှိနိုင်သော် လည်း၊ မေလ (၁၃)ရက်နေ
့မွန်းလွဲပိုင်းမှ စတင်ပြီး၊ အရှေ့ မြောက်ဘက် သို့ ကွေ့ လျက် မေလ(၁၆) ရက်နေ
့ နံနက်ပိုင်းခန့် တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ဘက်
ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ ဖြတ်ကျော်
ဝင်ရောက် နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ
ထုတ်ပြန်ထား ပါသည်။




![ထောင်ဒဏ် ၃၁ နှစ် ကျခံနေရာမှ ထွက်ပြေးကာ ဖောက်ထွင်းမှု ၂၇ မှု ထပ်မံကျူးလွန်သူကို တရားရုံးများတွင် စတင်စစ်ဆေး
Sunday, May 12, 2013
ထောင်ဒဏ် ၃၁ နှစ် ကျခံနေရာမှ ထွက်ပြေးလွတ်မြောက်ပြီး ဖောက်ထွင်းမှု ၂၇ မှု ထပ်မံကျူးလွန်သူ၏ အမှုကို ယခုနှစ် မေလဆန်းက စတင်ကာ တရားရုံးများတွင် စစ်ဆေးနေကြောင်း သိရသည်။
ဖောက်ထွင်းမှုများ ကျူးလွန်ခဲ့သူ အသက် (၃၆) နှစ်ရှိ ရှိုးဂန်းသည် ရန်ကုန်တိုင်းဒေသကြီးရှိ နေအိမ်တိုက်ခန်းများကို ဖောက်ထွင်းသည့်အမှု ၁၅ မှုဖြင့် ၂၀၀၅ ခုနှစ်အတွင်းက ထောင်ဒဏ် ၃၁ နှစ် ကျခံခဲ့ရသည်။
၎င်းသည် အင်းစိန်ထောင်၌ ငါးနှစ်ကျော်ခန့် ပြစ်ဒဏ်ကျခံလျက် ရှိရာမှ ၂၀၁၀ ပြည့်နှစ် သြဂုတ် ၂၄ ရက်တွင် မွန်ပြည်နယ် တောင်စွန်း ရဲဘက် စခန်းသို့ ပြောင်းရွှေ့ပြစ်ဒဏ် ကျခံခဲ့ရသည်။ထို့နောက် ၂၀၁၀ ပြည့်နှစ်
ဒီဇင်ဘာ ၅ ရက်တွင် တောင်စွန်းရဲဘက်စခန်းမှ ထွက်ပြေးလွတ်မြောက် ခဲ့သည်။ ရှိုးဂန်းသည် နေအိမ်အတွင်းသို့ ဖောက်ထွင်းခိုးယူရာတွင် တံခါးများတွင် ခတ်ထားသော မည်သည့်သော့များကိုမဆို အချိန်မိနစ် အနည်းငယ်အတွင်း ၀က်အူလှည့်ဖြင့် ဖျက်ဆီးကာ ခိုးမှုများ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။
ရှိုးဂန်းကို သပြေကုန်းရပ်ကွက် မင်္ဂလာတောင်ညွန့် ရပ်ကွက်မှ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၅ ရက် ည ၁၀ နာရီတွင် ပြန်လည်ဖမ်းဆီး ရမိခဲ့ပြီး အတူပူးပေါင်း ကျူးလွန်ခဲ့သူ သန်းဇော်ဝင်းကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားဝင်း အတွင်းမှ ဖမ်းဆီး ရမိခဲ့သည်။
အဆိုပါ ကျူးလွန်သူနှစ်ဦးသည် ထွက်ပြေးလွတ်မြောက်နေစဉ် ကာလ အတွင်း မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ တာမွေ၊ အလုံ၊ ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အင်းစိန် စသည့်မြို့နယ် များတွင် ဖောက်ထွင်းမှုများ ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိထားသည့် ရှိုးဂန်းနှင့် သန်းဇော်ဝင်းတို့သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ချုပ်ရမန်များ ရယူပြီး
ဆောင်ရွက်နေစဉ် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးအချုပ်မှ ထပ်မံထွက်ပြေး လွတ်မြောက်ခဲ့သည်။
ထွက်ပြေးရာတွင် ၎င်းတို့၏ဇနီးများကို တစ်ပါတည်း ခေါ်ဆောင်ပြီး ထွက်ပြေး သွားသဖြင့် ဇနီးသည်များ၏ လက်ကိုင်ဖုန်းမှတစ်ဆင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် လားရှိုးမြို့၌ ပြန်လည်ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက "ကျူးလွန်တဲ့ တရားခံတွေကို အမှုaပါင်း ၂၆ မှုနဲ့ ရဲလုပ်ငန်း စဉ်အရ စစ်ဆေးပြီးတဲ့အတွက် သက်ဆိုင်ရာမြို့နယ် တရားရုံးတွေမှာ မေလဆန်းပိုင်းကစပြီး တရားစွဲဆိုထားတယ်။ အခုချိန်ထိတော့ စစ်ဆေးနေတုန်းပါပဲ" ဟု မေ ၁၁ ရက် နံနက်ပိုင်းက
ပြောသည်။
Eleven Media Group
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် @[459386844101959:274:Myanmar Online News] ကို like လုပ်ထားပါ
ပြစ်မှုကျူးလွန်သူ ရှိုးဂန်း](https://fbcdn-sphotos-a-a.akamaihd.net/hphotos-ak-ash3/s480x480/600828_573691709338138_1706329745_n.jpg)






