Thursday, October 16, 2014

မော်ဒယ်အေးချမ်းမြတ်မိုးနှင့် အံ့ဖြိုးပိုင်တို့ နှစ်ဦးသဘောတူ လက်ထပ်လုနီးပါး ဖြစ်ခဲ့ဟု တရားခံ ရှေ့နေတင်ပြ


သြဂုတ်လ ၂၆ ရက်နေ့က လည်ပင်းတွင် ဓားထိုးခံရပြီး သေဆုံးသွားခဲ့သော မော်ဒယ်အေးချမ်းမြတ်မိုး၏ အမှုအား အောက်တိုဘာလ ၁၆ ရက်နေ့က ဒုတိယမြောက်ရုံးချိန်း အဖြစ် ရန်ကုန်မြို့၊ ကျောက်တံတား မြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ရာ တရားခံရှေ့နေက သေဆုံးသူမော် ဒယ်အေးချမ်းမြတ်မိုးနှင့် စွပ်စွဲခံရသူ အံ့ဖြိုးပိုင်တို့၏ ပတ်သက်မှုများကို ရုံးတော်သို့ တင်ပြခဲ့ပြီး တရားလိုသက်သေဖြစ်သည့် သေဆုံးသူ၏ အစ်ကို ကိုအာကာဝဏ္ဏအား တင်ပြမှုများနှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။

အမျိုးသားရေး တာဝန်သိစိတ်ဖြင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်သွားကြမည့် တပ်မတော်နှင့် မီဒီယာတို့၏ တွေ့ဆုံမှု

အမျိုးသားရေး တာဝန်သိစိတ်ဖြင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်သွားကြမည့် တပ်မတော်နှင့် မီဒီယာတို့၏ တွေ့ဆုံမှုနိုင်ငံတည်ဆောက်ရေး (State Building)၊ တိုင်းပြည် တည်ဆောက်ရေး၊(Nation Building) လုပ်ငန်းများကို ဆောင်ရွက်ကြရာ၌ အားလုံးပါဝင်နိုင်စေရေး၊ အတူတကွ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရေး တို့သည် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နေသည့် မြန်မာနိုင်ငံအတွက် ပကတိ လိုအပ်ချက်ပင် ဖြစ်ပါသည်။ နိုင်ငံ တည်ဆောက်ရေးတွင် အဓိကမဏ္ဍိုင်ကြီး သုံးခုဖြစ်သည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာတို့သည် ဟန်ချက်ညီရန် လိုအပ်ပေသည်။ တစ်နေရာ ကဏ္ဍတစ်ခုတည်းမှ ပိုမိုသာလွန်ခြင်း၊ လိုအပ်နေခြင်းသည် ခြေလေးချောင်း တပ်ဆင်ထားသော စားပွဲတစ်လုံး၏ ခြေတစ်ချောင်း မညီသကဲ့သို့ တည်ငြိမ်စွာ ရပ်တည်နိုင်မည် မဟုတ်ပေ။

ချက်ထရီယမ် ဟိုတယ်ကို စည်ပင် တရားစွဲမည်

ရန်ကုန်မြို့တော်စည်ပင်က သတ်မှတ်ထားသော ရေသန့်စင်မှုစနစ်ကို အသုံးမပြုဘဲ ကန်တော်ကြီးအတွင်း ရေဆိုးများစွန့်ပစ်မှုဖြင့် နတ်မောက်လမ်းရှိ ချက်ထရီယမ်ဟိုတယ်အား တရားစွဲဆိုမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)၊ ဌာနခွဲမှူး ဒေါ်ခင်အေးမြင့်က အောက်တိုဘာ ၁၆ ရက်တွင် မဇ္ဈိမကို ပြောသည်။
အထင်ကရနေရာဖြစ်သည့် ကန်တော်ကြီးအတွင်းရှိ ရေများ သန့်ရှင်းကြည်လင်စေရန် ဆောင်ရွက်နေချိန်တွင် ကန်တော်ကြီးပတ်လည်ရှိ ဟိုတယ်များ၊ စားသောက်ဆိုင်များကို သန့်စင်မှု စနစ်အသုံးပြု၍ ရေဆိုးစွန့်ထုတ်ရန် ညွှန်ကြားထားသော်လည်း ချက်ထရီယမ်ဟိုတယ်က လိုက်နာမှုမရှိဟု ရေနှင့် သန့်ရှင်းမှု ဌာန ခွဲမှူးက ဆိုသည်။
“ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနကို ညှိနှိုင်းအကြောင်းကြားစာ ပို့ပေးမယ်။ စာပို့ပြီးတာနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ဥပဒေနဲ့အညီ တရားစွဲမယ်” ဟု ဒေါ်ခင်အေးမြင့်က ပြောသည်။ တရားစွဲမည့်ရက် အတိအကျကိုမူ ပြောဆိုခြင်းမရှိသေးဘဲ အစီအစဉ်များ စတင်လုပ်ဆောင်နေပြီဟု ဆိုသည်။

လိပ်ကျွန်း လူသတ်မှုဖြင့် အဖမ်းခံရသည့် လူငယ်နှစ်ဦး၏ မိဘများ တည်းခိုရာ ဘုန်းကြီးကျောင်း စစ်ဆေးခံရ

ထိုင်းနိုင်ငံ၊ လိပ်ကျွန်း လူသတ်မှုတွင် တရားခံများဟု စွပ်စွဲဖမ်းဆီး ခံထားရသည့် မြန်မာလူငယ် နှစ်ဦး၏ မိဘများ ခေတ္တတည်းခို နေထိုင်ရာ တောင်ဒဂုံမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းအား နယ်မြေ ရဲတပ်ဖွဲ့နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာလူငယ် နှစ်ဦး၏ မိဘများသည် ထိုင်းနိုင်ငံသို့ သွားရောက်ရန် ယခုလ ၁၂ ရက်က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိစဉ် တောင်ဒဂုံမြို့နယ်၊ ထန်းသင်ကျောင်းတိုက်၌ ခေတ္တတည်းခိုနေခိုက် ထိုကဲ့သို့ လာရောက် စစ်ဆေး မေးမြန်းခံရခြင်း ဖြစ်သည်ဟု ကျောင်းထိုင် ဆရာတော်က ဧရာဝတီသို့ မိန့်သည်။
“သူတို့လာတော့ ဦးဇင်းက ပုတီးစိပ်နေတယ်။ ဘာအရေးကြီးသလဲ မေးတော့ ဧည့်သည်ရောက်လို့ လာစစ်တာတဲ့။ သူတို့က မေးတယ်။ ဘယ်သူ့ ခွင့်ပြုချက်နဲ့လဲ၊ နိုင်ငံတော်က သိသလား၊ လူကြီးတွေက သိသလား။ အဲဒီလို မေးခွန်းမေးလာတာ” ဟု ထန်းသင်ကျောင်းတိုက်မှ ဆရာတော် အရှင်နာဂသေနက ဆိုသည်။

ကားတိုက်မိ ဟန်ဆောင်၍ လိမ်လည် ငွေတောင်းသည့် ဂိုဏ်း (၂) ဂိုဏ်း ဖမ်းဆီးရမိ

          ရန်ကုန်မြို့တွင် ကားတိုက်မိ ဟန်ဆောင်၍ အုပ်စုဖွဲ့ လိမ်လည် ငွေတောင်းသည့်  ဂိုဏ်းနှစ်ဂိုဏ်းကို ဖမ်းဆီးရမိ ခဲ့ကြောင်း ကျောက်တံတား မြို့မ ရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ ယခုလ(၁၂) ရက်နေ့၊ ညနေ (၆)နာရီခန့်တွင် သင်္ဃန်းကျွန်း မြို့နယ်၌ နေထိုင်သူ ဦးအောင်သူ မောင်းနှင် လာသော ကား မှာ ဗိုလ်ချုပ်လမ်း အတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာကြောင်း၊ မဟာဗန္ဓုလ ပန်းခြံလမ်းသို့ ညာချိုးကွေ့စဉ် အမည်မသိ အမျိုးသား တစ်ဦးက ကားပွတ်တိုက်ခံရ သည်ဟု ဟန်ဆောင် ပြောဆို သဖြင့် ကားရပ်တန့်ကာ ဆင်းလာသည့် အခါ  အဆိုပါ လူအနီးရှိ အခြား အမျိုးသား (၂၀)ဦးမှ ဦးအောင်သူ နှင့် အဖော်ပါ အမျိုးသား တစ်ဦးအား ပြဿနာရှာ ငွေတောင်းခံ သဖြင့် ကျောက်တံတားမြို့မ ရဲစခန်းသို့ အကြောင်းကြားရာ နယ်ထိန်းနှင့် အဖွဲ့မှ အခင်းဖြစ်ရာသို့ သွားရောက်၍ ကားတိုက်ခံရသူ အဖြစ် ဟန်ဆောင်ခဲ့သော သန့်ဇင်ဦး (ခ) ရာဂျား ဒလမြို့နယ် နေသူအား ဖမ်းဆီးရမိပြီး၊ ကျန်နှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် တွေ့ဆုံခြင်း

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သော ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကို တွေ့ဆုံမေးမြန်း ခဲ့သည်များမှ ကောက်နုတ် ဖော်ပြထားခြင်း ဖြစ်ပါသည်။
U Ye Htut : နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ၃၀ ရာခိုင်နှုန်းကို ပြင်ထားပါတယ်။ တည်ဆဲဥပဒေများပါ အတိုင်းပါလို့ ပြင်ထားတယ်။ ဆိုလိုတာတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေမှာပါတဲ့ အခြားဥပဒေတွေနဲ့ ဆန့်ကျင်သွားမှာ စိုးလို့ပါ။

Voice : အချက်တစ်ခု ရှိနေတယ်ခင်ဗျ။ ဒီမီဒီယာတွေအတွက် နိုင်ငံရေးအရရော စီးပွားရေးဖိအားမှ ကင်းလွတ်ရမည်ဆိုတဲ့ အချက်က ဘယ်လို သဘောလဲခင်ဗျ။

(၅၆) ပါတီ၏ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကို ယခုနှစ် အပြီးသတ် ရေးဆွဲမည်

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးနောက် ယခုနှစ် ကုန်ပိုင်းတွင် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် တစ်ရပ်ကို အပြီးသတ် ရေးဆွဲမည် ဖြစ်ကြောင်း နိုင်ငံရေး ပါတီ (၅၆) ပါတီမှ ရွေးချယ် တင်မြှောက်ထားသည့် ကိုယ်စားလှယ် (၁၅) ဦး ယမန်နေ့က တွေ့ဆုံ ညှိနှိုင်း အပြီးတွင် အဆိုပါ (၅၆) ပါတီတွင် ပါဝင်သည့် ညီနောင် တိုင်းရင်းသားများ ပါတီ ဖက်ဒရေးရှင်း (NBF) မှ ပြောရေးဆိုခွင့် ရှိသူ ဦးစောသန်းမြင့်က ပြောသည်။  ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) မှ စီစဉ်သော နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်နှင့် ပတ်သက်၍ နိုင်ငံရေး ပါတီများ ညှိနှိုင်း ဆွေးနွေးပွဲကို စက်တင်ဘာ (၁၃) ရက်နှင့် (၁၄) ရက်နေ့ တို့တွင် ရန်ကုန်မြို့၊ ဖိုးစိန်လမ်းရှိ Green Hill  ဟိုတယ်တွင် နိုင်ငံရေး ပါတီ (၅၆) ပါတီမှ နှစ်ရက်ကြာ ဆွေးနွေးခဲ့ပြီး၊ ပါတီဝင်များ၏ သဘော တူညီချက်ဖြင့် လုပ်ငန်း ကော်မတီ တစ်ရပ်ကို အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

စံညွှန်းမမီ ကျောက်မီးသွေးစက်ရုံများ ခွင့်ပြုမည်မဟုတ်ဟု ဒုဝန်ကြီးပြော


မြန်မာပြည်ရဲ့ လျှပ်စစ်လိုအပ်ချက်အရ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ တည်ဆောက်ဖို့ ရှိနေပြီး ဒီစက်ရုံတွေ တည်ဆောက်တဲ့အခါ အခြားနိုင်ငံတွေက သုံးစွဲပြီး စွမ်းရည်ကျဆင်းနေတဲ့ စံညွန်းမမီ စက်အစိတ်အပိုင်းတွေကို သုံးခွင့်ပြုမှာ မဟုတ်ဘူးလို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးက ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ချောက်မြို့နယ်အမတ် ဦးသိန်းလွင်က အခြားနိုင်ငံတွေမှာ သုံးစွဲပြီး စက်စွမ်းရည် ကျဆင်းနေတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်တွေ တင်သွင်းလာမှု မရှိစေရေး ထိန်းသိမ်းကြပ်မတ်မှု ရှိ၊ မရှိ မေးမြန်းခဲ့ပါတယ်။တရုတ်ပြည်မှာ လေထုညစ်ညမ်းမှုကြောင့် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံတွေကို လျှော့ချတဲ့အခါ အိမ်နီးချင်းဖြစ်တဲ့ မြန်မာပြည်ကိုလည်း ၀င်ရောက်လာနိုင်ကြောင်း ပြောပါတယ်။
ပြည်ထောင်စုဒုဝန်ကြီး ဦးမော်သာထွေးကတော့ ကျောက်မီးသွေးစက်ရုံ တည်ဆောက် မယ့် ကုမ္ပဏီတွေကို သတ်မှတ်ထားတဲ့ စံချိန်စံညွန်းနဲ့သာ ကိုက်ညီမှ လုပ်ခွင့်ပေးမယ်လို့ ဖြေကြားသွားပါတယ်။

ကုမ္ပဏီရှိ အမျိုးသမီးဝန်ထမ်းများ၏ မျိုးဥ အေးခဲအောင် ပြုလုပ်ရန်အတွက် Apple နှင့် Facebook ငွေကြေး ထောက်ပံ့မည်

Apple နှင့် Facebook တို့သည် ကုမ္ပဏီ၏ အမျိုးသမီးဝန်ထမ်းများ ကလေးရယူခြင်းကို ရွှေ့ဆိုင်းကာ အလုပ်များ ပိုမို လုပ်ဆောင်နိုင်ရန်အတွက် ၎င်းတို့၏ "မ" မျိုးဥကို အေးခဲအောင် ပြုလုပ်ရန် ငွေကြေး ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီနှစ်ခုအနေဖြင့် အရည်အသွေးရှိသော အမျိုးအမီးဝန်ထမ်းများကို ဆွဲဆောင်ရန်အတွက် ယခုမူဝါဒ ချမှတ်ခြင်း ဖြစ်ကြောင်း သိရသည်။ Facebook နှင့် Apple တို့သည် အမျိုးသမီးများ၏ မျိုးဥ အေးခဲအောင် ပြုလုပ်မည့် လုပ်ငန်းစဉ်အတွက် ဝန်ထမ်းတစ်ဦးလျှင် ဒေါ်လာ ၂၀,၀၀၀ အထိ ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း NBC News မှ ဖော်ပြခဲ့သည်။Facebook အနေဖြင့် ၎င်းမူဝါဒကို ယခုနှစ်တွင် စတင် အကောင်အထည်ဖော်မည် ဖြစ်သော်လည်း Apple ကမူ ၂၀၁၅ခုနှစ် အစောပိုင်းမှသာ စတင်သွားမည် ဖြစ်သည်။ ထိုကဲ့သို့ "မ" မျိုးဥ အေးခဲအောင် ပြုလုပ်သည့် လုပ်ငန်းစဉ်ကို oocyte cryopreservation ဟုလည်းခေါ်ဆိုပြီး ၎င်းသည် ၁၉၈၆ ခုနှစ်တွင် စတင်ပေါ်ပေါက်လာသည့် နည်းလမ်း တစ်ခုဖြစ်သည်။ ၎င်းလုပ်ငန်းစဉ်သည် မျိုးပွားနိုင်သည့်ကာလ အသက် ၂၀ မှ ၃၅ နှစ်အတွင်းရှိသည့် အမျိုးသမီးများအတွက် ကလေးမရရှိအောင် ဆောင်ရွက်ပေးနိုင်သည်။

သမီးအရင်းနှစ်ဦးမှ မိခင်အား တုပ်နှောင်၍ ရွှေငွေများလုယက်ခဲ့

အောက်တိုဘာ(၁၄)ရက် မနက်(၁၀)နာရီအချိန်က လှိုင်သာယာမြို့နယ်တွင် နေထိုင်သော အသက်(၆၉)နှစ်အရွယ် မိခင် ဒေါ်ခင်စန်းကို အတူနေ သမီးကြီးဖြစ်သူ အသက်(၃၀)နှစ်အရွယ် မတင်တင်အေး အသက်(၂၈)နှစ်အရွယ် သမီးငယ်ဖြစ်သူ မအေးအေးသန်း တို့မှ အဝတ် ၊ ကြိုးများဖြင့် တုပ်နှောင်၍ ရွှေ ၊ ငွေများ လုယက် ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။
ဖြစ်ပုံမှာ နေအိမ်တွင် ဒေါ်ခင်စန်းကို မတင်တင်အေး နှင့် မအေးအေးသန်းတို့မှ ဆေးလူးပေးနေစဉ် သမီးကြီး မတင်တင်အေးမှ အင်္ကျီတစ်ထည်ဖြင့် ၎င်း၏ မျက်နှာကိုအုပ်၍ ချည်နှောင်ခဲ့ပြီး သမီးငယ် မအေးအေးသန်းမှလည်း လက်နှစ်ဘက်ကို နှစ်ပင်လိမ် လျှပ်စစ်ဝါယာကြိုးဖြင့် ကုလားထိုင်နှင့်တွဲ၍ ချည်နှောင်ခဲ့ကြောင်း သိရသည်။

နိုင်ငံရေးအင်အားစုတွေ့ဆုံပွဲများမှ ဆုံးဖြတ်ချက်များ ယနေ့အချိန်အထိ အကောင်အထည်မဖော်နိုင်သေး

နိုင်ငံရေးအင်အားစုများ တွေ့ဆုံဆွေးနွေးပွဲများမှ ချမှတ်ထားသော ဆုံးဖြတ်ချက်များကို ယနေ့အချိန်ထိ အကောင်အထည် မဖော်နိုင်သေးဟု အဆိုပါဆုံးဖြတ်ချက်များချမှတ်ရာတွင် ပါဝင်သူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားလိုက်သည်။ပြီးခဲ့သည့် ရှစ်လေးလုံး (၂၅)နှစ်ပြည့်တွင် ဒီမိုကရေစီအင်အား စုများပါဝင်သော နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲကြီးပြုလုပ်ခဲ့ပြီး အ ဆိုပါဆွေးနွေးပွဲမှ ရှေ့ဆက်လုပ် ဆောင်မည့် ဆုံးဖြတ် ချက်များကို ချမှတ်ခဲ့သော်လည်း ယခုအချိန် အထိ အကောင်အထည်ဖော်နိုင် ခြင်းမရှိသေးဟု ဦးစိုင်းညွန့်လွင် ကပြောကြားခြင်းဖြစ်သည်။ ‘‘အထူးသဖြင့်အားလုံးပါဝင် တဲ့ အမျိုးသားပြည်ထောင်စု နိုင်ငံ ရေးညီလာခံကြီးကျင်းပရေးဆို တာက ဒီနေ့ထိ လမ်းစရှာလို့မရတဲ့ အနေအထားပဲရှိနေပါသေး တယ်’’ဟု ဦးစိုင်းညွန့်လွင်ကဆိုသည်။ ရှစ်လေး လုံးငွေရတုအခမ်း အနားမှ အခြေခံဥပဒေပြင် ဆင် ရေး၊ ပြည်ထောင်စုညီလာခံကျင်း ပနိုင်ရေးစသည့် ဆုံးဖြတ်ချက်များ ကို အကောင်အထည်ဖော်ရန် ကော်မတီတစ်ခု ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့သော်လည်း ယခုအချိန်ထိ သိသာသော အကောင် အထည်ဖော်နိုင်မှုမရှိသေးပေ

အမေရိကန်သူနာပြုတဦး အီဘိုလာရောဂါ ထပ်မံကူးစက်ခံရ

အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့က သေဆုံးသွားခဲ့တဲ့ အီဘိုလာရောဂါသည် သောမတ်စ် အဲရစ် ဒန်းကန်(Thomas Eric Duncan)ကို ဆေးကုသ ပေးခဲ့တဲ့ သူနာပြုနောက်တယောက်လည်း အီဘိုလာရောဂါကူးစက်ခံရတာကို အောက်တိုဘာ ၁၅ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။သူ့ကို ရောဂါကူး စက်ခံရတာ သိသိချင်း အောက်တိုဘာ ၁၄ ရက်နေ့က သီးသန့် ဆေးကု သမှုပေးနေပြီ လို့ ဆေးရုံက ဆိုပါတယ်။သူနာပြုနဲ့ အနီးကပ်လက် ပွန်းတတီးနေခဲ့သူတွေကို အသေး စိတ် စစ်ဆေးမေးမြန်းနေပြီး အနီးကပ် စောင့်ကြည့်ရမယ်လို့ ဆေးရုံက ဆိုပါတယ်။အမေရိကန်မြေပေါ်မှာ ပထမဆုံးကူးစက်ခံရတဲ့ သူနာပြုကတော့ အသက် ၂၇ နှစ်အရွယ် ဗီယက်နမ်သူနာပြု နီနာဖန်(Nina Pham) ဖြစ်ပါတယ်။သူကူးစက်ခံရပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို ဒုတိယတယောက်ကို စစ်ဆေး တွေ့ရှိခဲ့တာပါ။အခုလို ကူးစက်ခံရသူ နောက်တဦးကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အမေရိကန် ကူးစက်ရောဂါဌာနကလည်း အလွန်အမင်း စိုးရိမ်ခဲ့ရပြီး နောက်ထပ် ကူးစက်မှုတွေ မဖြစ်လာအောင် ပြင်ဆင်ဆောင်ရွက်စရာအားလုံး လုပ်ထားတယ်လို့ ပြောပါတယ်။
DVB

အရှုံးပေါ်နေသည့် မြန်မာ့မီးရထားမြို့ပတ်လက်မှတ်ခ ပြန်ပြီးတိုးကောက်တော့မည်


ကုန်ကျစရိတ်ကာမိစေရန် အတွက် မြို့ပတ်ရထားဈေးနှုန်းများ ပြောင်းလဲသတ်မှတ်ခြင်းသာဖြစ် ကြောင်း ရထားသွားလာရေး၊ တိုင်း (၇)မှလက်ထောက်အထွေထွေမန် နေဂျာ ဦးဇော်ဖေစိန်က ပြောသည်။လက်ရှိတွင် ရထားလက်မှတ်ခ များတက်မည်ဆိုခြင်းနှင့်ပတ်သက်၍ပြည်သူများကဝေဖန်ပြောဆိုမှုမျာရှိ သဖြင့် ဤကဲ့သို့ပြောဆိုခြင်းဖြစ်သည်။
''ရထားလက်မှတ်ခ ဈေးတင် တာက ရှုံးနေတဲ့အရာကို အရင်းပြန် ရအောင်ပြုလုပ်တာပါပဲ။ မြို့ပတ်ရ ထားတွေက တစ်နေ့ကိုမိုင်ပေါင်း ၂၉ ဒသမ ၅မိုင်ပြေးတယ်။ တွက်ကြည့် မယ်ဆိုရင် ၁၅မိုင်ကို ကျပ် ၅ဝ ကျ သင့်မယ်။ ဒါကြောင့် အရင်တုန်းက အသွားအပြန် ၁ဝဝကို အခု အသွား ၁ဝဝ၊ အပြန် ၁ဝဝပြုလုပ်လိုက်တယ်'' ဟု ယင်းကပြောသည်။
ယခုကဲ့သို့တင်လိုက်သည့်ဈေး နှုန်းသည် ယခင်နှင့်မကွာသည့်အတွက် အဆင်ပြေနိုင်ပြီး ရထားသွားလာရေး မှ ဆုံးရှုံးနေသည့်ငွေကြေးများအတွက် လည်း ကာမိကြောင်း ယင်းက ထပ်မံ ပြောကြားသည်။

ဦးဆန်းဆင့် တရားစွဲဆိုခံရမှု သူရဦးရွှေမန်း နိုင်ငံတော်သမ္မတကို သ၀ဏ်လွှာပို့

ဝန်ကြီးဟောင်း ဦးဆန်းဆင့် တရားစွဲဆိုခံထားရတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စု တရားသူကြီးချုပ်ထံ အောက်တိုဘာလ ၁၅ ရက်နေ့ ရက်စွဲနဲ့ သဝဏ်လွှာတစ်စောင် ပေးပို့ထားတယ်လို့ အလုံမဲဆန္ဒ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။
ဦးဆန်းဆင့်ကို တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး နိုင်ငံတော် အနေနဲ့ ပြန်လည်သုံး သပ်ပြီး သက်ညှာစွာစဉ်း စားပေးဖို့ ပြစ်မှုတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုပေးနိုင်ဖို့ ဆရာတော် သံ ဃာတော်တွေ၊ ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးနဲ့ ဧရာဝတီတိုင်းဒေသကြီး ပြည်သူလူထု ၁၀၀၄ ဦးတို့က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို မေတ္တာရပ်ခံစာတွေ ပေးပို့လာတဲ့အတွက် နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုတရားသူကြီးချုပ်တို့ထံ သဝဏ်လွှာပေးပို့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရအနေနှင့် သယံဇာတများ ပွင့်လင်းမြင်သာမှုရှိစွာ သုံးစွဲရန် အမေရိကန် လွှတ်တော်အမတ်များက သမ္မတအိုဘားမားမှ တစ်ဆင့် သတိပေး

မြန်မာနိုင်ငံတွင် နိုဝင်ဘာလအတွင်း လက်ခံကျင်းပမည့် အာရှပစိဖိတ် အစည်းအဝေးသို့ လာရောက်မည်ဖြစ်သော အမေရိကန်သမ္မတ ဘားရက်အိုဘားမားကို မြန်မာအစိုးရ၏ သယံဇာတ ခွဲဝေသုံးစွဲမှုကို ပွင့်လင်းမြင်သာစေရေး သတိပေးပြောဆိုရန် ကွန်ဂရက်လွှတ်တော် အမတ် ၁၆ ဦးက အောက်တိုဘာလ ၁၄ ရက်နေ့တွင် သမ္မတထံ စာပို့ခဲ့ကြောင်း ဝါရှင်တန်ရှိ IPS သတင်းဌာနတွင် ဖော်ပြထားသည်။
လက်ရှိတွင် သယံဇာတ သုံးစွဲမှုနှင့် ပတ်သက်၍ မြန်မာအစိုးရဘက်က ဥပဒေဆိုင်ရာ ပြင်ဆင်ဖြည့်စွက်မှုများ ပြုနေသော်လည်း သတ္တုတွင်းလုပ်ငန်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ထိထိရောက်ရောက် ဆောင်ရွက်ရန် သတိပေး ပြောဆိုသင့်ကြောင်း အမေရိကန် လွှတ်တော်အမတ်များက ပြောကြားသည်။

ရွေးကောက်ပွဲစနစ်ပြောင်းလဲခြင်းကို စိုးရိမ်ဖွယ်ရာအဖြစ် ကန်သံအမတ်ပြော

Photo: ရွေးကောက်ပွဲစနစ်ပြောင်းလဲခြင်းကို စိုးရိမ်ဖွယ်ရာအဖြစ် ကန်သံအမတ်ပြော
Thursday, October16, 2014

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်  မြန်မာနိုင်ငံ တွင် ရွေး ကောက်ပွဲစနစ်  အပြောင်းအလဲ သည် သုံးနှစ်တာကာလအတွင်း ၎င်းအတွက် စိတ်ပျက်စရာဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က ပြောကြားလိုက်သည်။

အောက်တိုဘာ ၁၅ ရက်က ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် မြန်မာ သတင်းထောက်များ နှင့် တွေ့ဆုံစဉ်  ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် စိတ် ပျက်စရာဖြစ်ရပ်များအကြောင်း  ပြောကြားရာ၌ ရွေးကောက်ပွဲများ တွင်  ပြောင်းလဲအသုံးပြုမည့် အချိုးကျကိုယ်စားပြုစနစ်(PR)ကို ၎င်းကထောက်ပြပြောကြား ခြင်းဖြစ်သည်။

‘‘ရွေးကောက်ပွဲစနစ်ပြောင်း လဲခြင်းရဲ့ ဂယက်ရိုက်ခတ်မှုကို ကျွန်တော်တော်တော်စိုးရိမ်မိပါ တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက သိပ်ကိုခက်ခဲရှုပ်ထွေးစေ တဲ့ ပြဿနာတွေကို ဖန်တီးနိုင်ပါ တယ်’’ဟု မစ္စတာ ဒဲရစ်မစ်ချယ်က ပြောသည်။

မြန်မာနိုင်ငံ  ရွေးကောက် ပွဲများတွင် PR စနစ်ကျင့်သုံးရန် အမျိုးသား လွှတ်တော် က အတည် ပြုထားပြီးဖြစ်သည်။

ယင်းPR စနစ်ကျင့်သုံးမည့် အစီအစဉ်ကို ဒေါ်အောင်ဆန်းစု ကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီအပါအ၀င် အတိုက်အခံဒီမိုကရေစီအင်အား စုများနှင့် တိုင်းရင်းသားပါတီများ က ကန့်ကွက်ခဲ့ကြသည်။

၂၀၁၅ ရွေးကောက်ပွဲသည် နိုင်ငံရေးအကူးအပြောင်းအတွက် အလွန်အရေးကြီးပြီး အမေရိကန် အနေဖြင့် နီးနီးကပ်ကပ်စောင့် ကြည့်သွားမည်ဟုဆိုသည်။

‘‘အမေရိကန်အနေနဲ့ ဘယ် သူ့ကို သမ္မတဖြစ်စေချင်တယ်ဆို တာ မရှိဘူး။ မြန်မာပြည်သူတွေ ဘာပြောမလဲဆိုတာပဲ စောင့် ကြည့်နေပါတယ်’’ဟု ၎င်းကပြော သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က မြန်မာနိုင်ငံအတွင်း ၎င်းအတွက် အစိုးရကို စိတ်ပျက် စေသည့်အကြောင်းများကို  ပြောကြားရာတွင် ရွေးကောက်ပွဲစနစ် ပြောင်းလဲမှုနှင့်အတူ မြေယာသိမ်းပြဿနာများ၊ ယူနတီဂျာနယ်သတင်းထောက်များအပါအ၀င် သတင်းထောက်များအား ထောင်ဒဏ်နှစ်ရှည်ချမှတ်မှုများ ပါဝင်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန်အနေ ဖြင့် အစိုးရနှင့် ပိုမိုနီးနီးကပ်ကပ် လုပ်ဆောင်နေပြီး မြန်မာစစ်တပ် နှင့် အမေရိကန်အစိုးရကြား ဆက်ဆံရေးအပေါ် ဝေဖန်ပြောဆိုနေ မှုများအပေါ်လည်း ယခုကဲ့သို့ သံအမတ်က မှတ်ချက်ပြုပြော ကြားသည်။

‘‘ကျွန်တော်တို့က ဘာပဲ လုပ်လုပ် ပွင့်လင်းမြင်သာစွာ လုပ်ပါတယ်။ ပြီးတော့ ကောလာဟလ တွေ ထွက်နေသလို မြန်မာတပ် မတော်ကို ကျွန်တော်တို့ ဘာနည်း ပညာမှ မပေးပါဘူး’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

7Day DAILY
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်  မြန်မာနိုင်ငံ တွင် ရွေး ကောက်ပွဲစနစ်  အပြောင်းအလဲ သည် သုံးနှစ်တာကာလအတွင်း ၎င်းအတွက် စိတ်ပျက်စရာဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က ပြောကြားလိုက်သည်။