Monday, November 24, 2014

လိပ်ကျွန်းလူသတ်သံသယ လူငယ် ၂ ဦး သန်ဘက်ခါ အာမခံလျောက်မည်

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှု သံသယနဲ့ ဖမ်းဆီး ချုပ်နှောင်ခံ နေရသူ မြန်မာနိုင်ငံသား လူငယ် ၂ ဦး လွတ်မြောက်ရေး အတွက် လာမယ့်နိုဝင်ဘာ ၂၆ ရက်နေ့မှာ အာမခံ လျောက်မယ်လို့ မြန်မာသံရုံး အထူးအဖွဲ့က ပြောပါတယ်။

အစိုးရ အကြီးအကဲများ တည်းသည့် ကန့်ဘလူရှိ ဧည့်ရိပ်သာ မီးလောင်

ရွှေဘို-မြစ်ကြီးနားလမ်းနှင့် ကန့်ဘလူမြို့သို့ ဆက်သွယ်ထားသည့် မြို့အဝင် လမ်းမပေါ်၌ အေးမြစိုး ဖောင်ဒေးရှင်းက တည်ဆောက်ထားသည့် အစိုးရအကြီးအကဲများ တည်းခိုသည့် ဧည့်ရိပ်သာမှာ နိုဝင်ဘာ တတိယပတ်အတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အေးမြစိုး ဖောင်ဒေးရှင်းမှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဟောင်းနှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သမီးဖြစ်သူ တည်ထောင်ထားသည့် ဖောင်ဒေးရှင်း ဖြစ်သည်။

ထန်းတပင်တွင် ကိုယ့်လည်ပင်းကိုယ် ဓားဖြင့်လှီး၍ သတ်သေ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် သီရိရတနာ ရပ်ကွက်တွင် နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၇ နာရီခန့်က အသက် ၄၆ ခန့်အရွယ်ရှိ ရွှေဆိုင်လုပ်ငန်းရှင် အမျိုးသားတစ်ဦး ကိုယ့်လည်ပင်းကိုယ် ဓားဖြင့်လှီး၍ သေကြောင်းကြံစည်ခဲ့ကြောင်း ထန်းတပင်မြို့နယ် ဒေသခံများထံမှ သိရသည်။

“အဲဒီလူ ဒီလိုလုပ်တာ အခုနဲ့ဆိုရင် သုံးကြိမ်ရှိပြီ။ စီးပွားရေး ပြေလည်ပေမယ့် ကျန်းမာရေးတော့ သိပ်မကောင်းဘူး။ ရန်ကုန်က သူ့သမီး ဒီနေ့ပဲ (နိုဝင်ဘာလ ၂၃ ရက်နေ့) ဒီကို ရောက်တဲ့အချိန်မှာ ဖြစ်သွားတာ” ဟု ထန်းတပင်မြို့ ကမ်းနားလမ်းတွင် နေထိုင်သည့် ဦးမင်းသူက ပြောကြားသည်။

တရားမဝင်လုပ်သားများကို ဒီဇင်ဘာ ၃၁ ရက်အလွန် ဖမ်းမိလျှင်ထောင်သုံးလနှင့် ကြိမ်ဒဏ်တစ်ချက်ချမည်ဟုဆို

မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်သော မြန်မာ နိုင်ငံသားများ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြန်ခြင်းမရှိ ၍ ဖမ်းဆီးခံရပါက (3+1)စီမံ ချက်အရ ထောင်သုံးလနှင့် ကြိမ် ဒဏ်တစ်ချက်ချ မှတ်ခံရမည်ဟု မလေးရှားအစိုးရက ကြေညာ လိုက်ကြောင်း မလေးရှားနိုင်ငံ ရောက် မြန်မာလုပ်သား များက ပြောသည်။

မလေးရှားနိုင်ငံ လူဝင်မှုကြီး ကြပ်ရေးဌာန၏ အသစ်ရောက်ရှိ လာသော ညွှန်ကြားရေးမှူးက နိုင်ငံအတွင်း တရားမဝင်နေထိုင် သော နိုင်ငံခြားသား များပြားနေ ခြင်း၊ ၎င်းတို့က ပြစ်မှုဆိုင်ရာ မှုခင်း များ များပြားနေခြင်းတို့ကြောင့် (3+1)စီမံချက်အရ ရှင်းလင်း ဆောင်ရွက်သွားမည်ဟု နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာထားသည်။

ဦးစိုင်းလင်းကိုယ်ကျိုး လောင်းကစားရုံများ မိုင်းလားဒေသမှာ ပျောက်ကွယ်စေချင်


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားနယ်မြေထဲက မိုင်းလားအဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းပိုင်ဆိုင်သော ကာစီနို လောင်းကစားရုံများကို နိုဝင်ဘာ ၂၅ ရက်နေ့အပြီး ပိတ်သိမ်းရန် တရုတ်နိုင်ငံအာဏာပိုင်များက ရာဇသံပေး လိုက်ပြီဟု သိရပါသည်။ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ NDAA (မိုင်းလား)အဖွဲ့အတွက် စီးပွားရှာရန် ခေါင်းစဉ်တပ်ခဲ့ပေမယ့် လက်တွေ့ကြီးပွားချမ်းသာနေသူက ဥက္ကဋ္ဌဖြစ်သူ ဦးစိုင်းလင်းဖြစ်နေပါသည်။ ကာစီနို လောင်းကစားကို အဆောက်အအုံကြီးများ တခမ်းတနားဆောက်ပြီး ဖွင့်လှစ်ခွင့်ရသောနေရာသည် မိုင်းလားနယ်မြေ တစ်ခုတည်းသာရှိသည်ဟု ဆိုနိုင်ပါသည်။

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေထုမငြိမ်မသက် မှုများမှ မုန်တိုင်းတစ်လုံး ဖြစ်လာနိုင်ဟု ဒေါက်တာ ထွန်းလွင်ပြော

ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတွင် ဖြစ် ပေါ်နေသော လေထုမငြိမ်မသက်မှု များမှ ပိုမိုအားကောင်းလာကာ မုန် တိုင်းတစ်လုံး ဖြစ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

အဆိုပါမုန်တိုင်းမှာ မြန်မာနိုင် ငံအတွင်းသို့ တိုက်ရိုက်ထိခိုက်ကျ ရောက်ဖို့အလားအလာ နည်းပါးသော် လည်း အခါလွန်မိုးများရွာနိုင်ကြောင်း၊ ယခုနှစ်တွင် အခါလွန်မိုးရွာသွန်းမှု ကြောင့် စိုက်ပျိုးသီးနှံပျက်စီးမှုများ ကို မြစ်ဝကျွန်းပေါ်ဒေသများတွင် များစွာကြုံတွေ့နေရခြင်းကြောင့် ကြို တင်ပြင်ဆင်ထားသင့်ကြောင်း ယင်း က သတိပေးပြောကြားလိုက်သည်။

စစ်တွေအပါအဝင် ရခိုင်မြို့ ငါးမြို့တွင် ဘန်ကီမွန်းကို ကန့်ကွက်ဆန္ဒပြ

ရခိုင်ပြည် နယ်ရှိ ဘင်္ဂါလီများကို ရိုဟင်ဂျာဟု အာဆီယံ ထိပ်သီးအစည်းအဝေး ကာလအတွင်း ပြောဆိုသုံးနှုန်းခဲ့သည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအား နိုဝင်ဘာ ၂၃ ရက်က စစ်တွေအပါအဝင် ရခိုင်မြို့ ငါးမြို့ရှိ သံဃာတော်များနှင့်လူထုများ ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သိရ သည်။

ယခုဆန္ဒပြပွဲကို စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော နှင့် မောင်တောမြို့များတွင် သက် ဆိုင်ရာ၏ခွင့်ပြုချက်ဖြင့် တရားဝင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ဒေါ်စု အပါအ၀င် ကမ္ဘာ့ထိပ်သီးပုဂ္ဂိုလ်များ ကမ္ဘာ့လုံးဆိုင်ရာ တရားဥပဒေ ထိပ်သီးညီလာခံတွင် ဆွေးနွေးမည်

လိပ်ကျွန်း, ဦးခင်အောင်မြင့်, ၀င်းဇော်ထွန်း, ဇော်လင်း
၂၀၁၅ ဖေဖော်ဝါရီလ ၂၃ ရက်ကနေ ၂၅ အထိ လန်ဒန်မှာ ကျင်းပမယ့် ကမ္ဘာလုံးဆိုင်ရာ တရားဥပဒေ ထိပ်သီးညီလာခံ GLS မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပညာရပ်နယ်ပယ်အသီးသီးက ကမ္ဘာ့ထိပ်သီး နာမည်ကျော်ပုဂ္ဂိုလ်တွေ ဆွေးနွေးဖို့ ရှိတယ်လို့ ကမ္ဘာ့လုံးဆိုင်ရာ တရားဥပဒေ ထိပ်သီးညီလာခံအဖွဲ့က ကြေညာထားပါတယ်။

ဒီအခမ်းအနားဟာ နိုင်ငံတကာဆိုင်ရာ ပြဿ နာတွေဖြေရှင်းရာမှာ ယူကေရဲ့ ဥပဒေစိုးမိုးမှု ကို ပြသမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေမှာ ဥပဒေပညာရှင် တွေကို ပိုပြီးကူညီနိုင်ဖို့လည်း ရည်ရွယ်ထား ပါတယ်။

သံဖြူဇရပ်ရှိ ရော်ဘာခြံပိုင်ရှင်းများ ခြိမ်းခြောက်ဆက်ကြေးတောင်းခံရ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ စခန်းကြီး ကျေးရွာအုပ်စု ရဲတံခွန်ကျေးရွာ၊ သံဖြူဇရပ်-ဘုရားသုံးဆူ ကားလမ်းဘေးရှိ ရော်ဘာခြံပိုင်ရှင်များ ဆက်ကြေးမပေးဘဲ ရော်ဘာစေး လှီးပါက အလုပ်သမားများကို သတ်ပစ်မည်ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးစိုးစိုးနှင့် KNU ကရင်အမျိုးသားအစည်းအရုံးမှ ဗိုလ်လက်ဝဲတို့က ခြိမ်းခြောက်လိုက်ကြောင်း ရဲတံခွန် ရော်ဘာခြံရှင်များက ပြောကြားသည်။

သတင်းတို လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာ ၂ဦး ဗြိတိန် တာဝန်ရှိသူများကို စာရေး အကူအညီတောင်း

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီး ခံထားရသည့် မောင်ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့က ၄င်းတို့ အနေဖြင့် ဗြိတိန် နိုင်ငံသား ၂ ဦးအပေါ် လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်းတို့ကို လုံးဝ ကျူး လွန်ခဲ့ခြင်းမရှိပဲ၊ နှိပ်စက်ညှင်းပန်းခံရ၍သာ အပြစ်ကျူးလွန်သည်ဟု ၀န်ခံခဲ့ရကြောင်း၊ ထို့အတွက်

ရိုဟင်ဂျာများ နိုင်ငံသားဖြစ်ခွင့်ပေးရန် အီးယူက ကုလသို့တင်သွင်း၊ မြန်မာအစိုးရ ပယ်ချ

ဥရောပသမဂ္ဂက ကုလ သမဂ္ဂသို့ တင်သွင်းသော မြန်မာ နိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံး ဖြတ်ချက်တွင် ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ခွင့်ပေးရန် တိုက် တွန်းမှုအပေါ် မြန်မာအစိုးရက ပယ်ချလိုက်ပြီး ရိုဟင်ဂျာဟု သုံးစွဲ မှုကို အပြင်းအထန် ကန့်ကွက်ပြော ကြားခဲ့ကြောင်း သတင်းရရှိသည်။

သမ္မတဦးသိန်းစိန်က အီးယူ ၏ လူ့အခွင့်အရေးဆိုင်ရာ ဆုံး ဖြတ်ချက်ကို ကုလသမဂ္ဂ၏ တတိယ ကော်မတီသို့ ဥရောပသမဂ္ဂက နှစ်စဉ်တင်သွင်းနေမှုကို ရပ်ဆိုင်းရန် ပြောကြားထားပြီး တစ်လအကြာတွင် ယခုဆုံးဖြတ်ချက်ကို တင်သွင်းလိုက်ခြင်း ဖြစ်သည်။ ကော်မတီကလည်း မြန်မာသံအမတ်ကြီး ကန့်ကွက်နေသည့်ကြားမှ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၅ တွင် NLD အနိုင်ရရှိပါကလည်း လက်တွဲသွားမည်ဟု ဗိုလ်ချုပ်မှူးကြီး ပြောကြား

Photo: ၂၀၁၅ တွင် NLD အနိုင်ရရှိပါကလည်း လက်တွဲသွားမည်ဟု ဗိုလ်ချုပ်မှူးကြီး ပြောကြား
Monday, November 24, 2014

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အတိုက်အခံပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိပြီး အစိုးရ ဖွဲ့စည်းနိုင်ခဲ့ပါကလည်း တပ်မတော်အနေနှင့် ဥပဒေနှင့်အညီ လက်တွဲသွားမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များထံမှ သိရသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင် နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ဒုတိယအကြိမ်မြောက် တွေ့ဆုံစဉ်တွင် ကာကွယ်ရေးဦးစီးချုပ်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

“၂၀၁၅ မှာ NLD ဘက်က အများစု အနိုင်ရရှိသွာလို့ NLD က အစိုးရ ဖွဲ့နိုင်ခဲ့ရင် တပ်မတော်အနေနဲ့ NLD နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်မလားလို့ မေးတဲ့အခါ သူတို့အနေနဲ့ ဥပဒေအရပဲ သွားမယ်။ ဖြစ်အောင်လက်တွဲပြီး လုပ်ရမှာပဲပေါ့နော်။ ဥပဒေနဲ့အညီ ဖြစ်လို့ရှိရင် ရလဒ်ကိုလည်း လက်ခံရမှာပဲ။ ကျီးရိုသေ၊ ဘုတ်ရိုသေ ဖြစ်ဖို့လိုတယ်။ အခြေအနေဆိုး ဖြစ်သွားတာကိုလည်း အဖြစ်မခံဘူး၊ အဲဒီလိုပြောတယ်” ဟု ပြောဆိုလိုက်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ရှင်းလင်းပြောဆိုသည်။

ယင်းအပြင် တပ်မတော်အနေနှင့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသည့် လမ်းကြောင်းမှ နောက်ပြန်လှည့်မည် မဟုတ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ရှိအတိုင်း ဆက်လက်တည်ရှိနေလိုသော ဆန္ဒရှိသော်လည်း လူထု ဆန္ဒသဘောထားအရ ပြင်ဆင်မည် ဆိုပါက ဆန္ဒခံယူပွဲ ပြုလုပ်ကာ ပြင်ဆင်မည်ကို လက်ခံမည်ဟု ပြောဆိုကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) မှ အဖွဲ့ဝင် ဦးရဲမင်းဦးက ဆိုသည်။

ယင်းအပြင် တပ်မတော်အနေနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်စေရန် ဆန္ဒရှိသဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ အားလုံးကို သတိဖြင့် စောင့်ကြည့်သွားမည်ဟု ကာကွယ်ရေးဦးစီးချုပ်က အဆိုပါ တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည့် လေးပွင့်ဆိုင် ဆွေးနွေးရေးမှာ ကျဉ်းမြောင်းနေပြီး တိုင်းရင်းသားလူမျိုးများကို ကိုယ်စားပြုသည့် ခေါင်းဆောင်များ ပါဝင်မှသာ ပိုမိုအကျိုးရှိမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့က VOA အသံလွှင့်ဌာနနှင့် သီးသန့်တွေ့ဆုံစဉ်တွင် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့သေးသည်။

ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့၏ ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး တပ်မတော်နှင့် သတင်းမီဒီယာများအတွက် ကောင်းမွန်သည့် ဆက်ဆံရေးလမ်းကြောင်း တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်လိုသည့် အချက်များနှင့် ပြည်သူ့ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း စာနယ်ဇင်းကောင်စီက ထုတ်ပြန်ထားသည်။

The Voice Weekly
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အတိုက်အခံပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရှိပြီး အစိုးရ ဖွဲ့စည်းနိုင်ခဲ့ပါကလည်း တပ်မတော်အနေနှင့် ဥပဒေနှင့်အညီ လက်တွဲသွားမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များထံမှ သိရသည်။

လုပ်သားနှစ်ဦးကို မြန်မာသံရုံး အာမခံပေးရန် ယနေ့ဆောင်ရွက်မည်

ဖမ်းဆီးခံမြန်မာလုပ် သားနှစ်ဦးအား ထိုင်းဘတ်ငွေ ဆယ်သိန်း(လက်ရှိငွေလဲနှုန်းဖြင့် တွက်လျှင် ကျပ်သိန်း ၃၂၀ ဝန်း ကျင်)ကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံရုံးကစိုက်ထုတ်၍ အာမခံရရှိရန် နိုဝင်ဘာ ၂၄ ရက်(ယနေ့)တွင် စတင်လုပ်ကိုင်ပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။

လိပ်ကျွန်းလူသတ်မှုနှင့်ပတ် သက်၍ ဖမ်းဆီးခံထားရသော ဇော်လင်းနှင့်ဝင်းဇော်ထွန်းတို့ကို ကော့စမွီခရိုင်တရားရုံး၌ ရမန် လေးကြိမ်မြောက်နောက်ဆုံးရုံး ချိန်းကို နိုဝင်ဘာ ၂၀ ရက်ကစစ် ဆေးပြီး ကော့စမွီခရိုင်တရားသူ ကြီးက ရမန်တစ်ကြိမ်ထပ်ယူ၍ တစ်ဦးလျှင် ထိုင်းဘတ်ငွေငါး သိန်းစီဖြင့် အာမခံပေးခဲ့သည်။

မလေးရှားနိုင်ငံရှိ တရားမ၀င် မြန်မာအလုပ်သမားများအား တရားဝင် အထောက်အထားများ လုပ်ဆောင်ပေးနိုင်ရန် ခြောက်လထပ်မံ အချိန်တိုးမြှင့်ပေးဖို့ မေတ္တာရပ်ခံစာ မလေးရှားပြည်ထဲရေးဝန်ကြီးထံ ပေးပို့ထားသော်လည်း တုံ့ပြန်မှုမရှိသေး

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော တရားမ၀င် မြန်မာအလုပ်သမားများအား တရားဝင်အထောက် အထားများနှင့် အလုပ်လုပ်ခွင့်ပါမစ်များ ထပ်မံလုပ်ဆောင်ပေးရေးအတွက် အချိန်ခြောက်လ ထပ်မံတိုးမြှင့်ပေးစေလိုကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးသို့ မေတ္တာရပ်ခံစာ ပေးအပ်ထားသော်လည်း လက်ရှိအချိန်အထိ တုံ့ပြန်မှုမရှိသေးကြောင်း အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

ပရိသတ် တောင်းဆိုလို့ ထွက်လာခဲ့တဲ့ ဟန်ထွန်းရဲ့ ခေါင်းနဲ့ပန်း DVD

Photo: ပရိသတ် တောင်းဆိုလို့ ထွက်လာခဲ့တဲ့ ဟန်ထွန်းရဲ့ ခေါင်းနဲ့ပန်း DVD
Monday, November 24, 2014

၂ဝ၁၃ ခုနှစ်တွင် Audio ထွက်ရှိထားသည့် အဆိုတော် ဟန်ထွန်း၏ ခေါင်းနဲ့ပန်း တေးသီချင်းခွေကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် DVD ကာရာအိုကေခွေ အဖြစ် The Sun Music မှ ထုတ်လုပ်ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီအခွေက ရိုက်ကူးချိန် တစ်နှစ်ခွဲလောက်တော့ ကြာပါတယ်။ Audio ထွက်က တည်းက အချို့ပရိသတ်တွေက DVD မထွက်သေးဘူးလားလို့ ပြောနေကြ တယ်။ အားပေးကြတယ် လို့လည်း သိရတဲ့ အတွက် ဝမ်းသာပါတယ်။ ကျွန်တော့် အနေနဲ့ ပရိသတ်တွေအတွက် DVD ကို ပုံစံ လေးတွေ မတူအောင် တင်ဆက်ချင်တယ်။ ဒီခွေထဲမှာ သီချင်းလေးပုဒ်ကို စင်ကာပူမှာ နှစ်ပုဒ်၊ ဂျပန်မှာ နှစ်ပုဒ် ရိုက်ကူးထားတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း မျက်နှာသစ်လေးတွေပါတယ်။ DVD အခွေထဲမှာဆို ခံစားမှု အသစ်လေးတွေ ပေးချင်တယ်။ ကိုယ်တိုင်လည်း ကြည့်ချင်တယ်။ ကိုယ်တိုင် ကြည့်လို့ ကောင်းမှ ပရိသတ်လည်း ကြည့်ချင်မှာလေ။ အဲဒါကြောင့် ပရိသတ်တွေ အတွက် အကောင်းဆုံး ပြင်ဆင် ထားပါတယ်''ဟု အဆိုတော် ဟန်ထွန်းက သူ၏ DVD အခွေနှင့် ပတ်သက်၍ ပြောပြခဲ့သည်။ ပထမ တစ်ကိုယ်တော် တေးသီချင်းခွေ ဖြစ်သည့် ''အိပ်မက်ယန္တရား'' တေးသီချင်းခွေကို ၁၉၉၈ ခုနှစ်တွင် ထွက်ရှိကာ ပရိသတ် သိရှိမှုနည်းခဲ့ပြီး ၂ဝဝ၇ ခုနှစ်တွင် ထွက်ရှိခဲ့သည့် ''ရှိနေမယ်'' သီချင်းခွေဖြင့် ပရိသတ် အားပေးမှု အခိုင်အမာ ရရှိလာသည့် အဆိုတော် ဟန်ထွန်း၏ ယခု ထွက်ရှိမည့် ''ခေါင်းနဲ့ပန်း'' သီချင်းခွေသည် ၎င်း၏ တတိယမြောက် တေးသီချင်းခွေ တစ်ခုဖြစ်ကြောင်း သိရသည်။

မြ၀တီ
၂ဝ၁၃ ခုနှစ်တွင် Audio ထွက်ရှိထားသည့် အဆိုတော် ဟန်ထွန်း၏ ခေါင်းနဲ့ပန်း တေးသီချင်းခွေကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၂၄ ရက်တွင် DVD ကာရာအိုကေခွေ အဖြစ် The Sun Music မှ ထုတ်လုပ်ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီအခွေက ရိုက်ကူးချိန် တစ်နှစ်ခွဲလောက်တော့ ကြာပါတယ်။ Audio ထွက်က တည်းက အချို့ပရိသတ်တွေက DVD မထွက်သေးဘူးလားလို့ ပြောနေကြ တယ်။ အားပေးကြတယ် လို့လည်း သိရတဲ့ အတွက် ဝမ်းသာပါတယ်။ ကျွန်တော့် အနေနဲ့ ပရိသတ်တွေအတွက် DVD ကို ပုံစံ လေးတွေ မတူအောင် တင်ဆက်ချင်တယ်။ ဒီခွေထဲမှာ သီချင်းလေးပုဒ်ကို စင်ကာပူမှာ နှစ်ပုဒ်၊ ဂျပန်မှာ နှစ်ပုဒ် ရိုက်ကူးထားတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း မျက်နှာသစ်လေးတွေပါတယ်။ DVD

ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာလျှောက်လှမ်းမည်ဟု ကာကွယ်ရေးဦးစီးချုပ် ပြော

Photo: ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာလျှောက်လှမ်းမည်ဟု ကာကွယ်ရေးဦးစီးချုပ် ပြော
Monday, November 24, 2014

ဒီမိုကရေစီလမ်းကြောင်းကနေ နောက်ကြောင်း ပြန်လှည့်ဖို့ မရှိဘဲ လက်ရှိ လျှောက်လှမ်းနေတဲ့အတိုင်း ခိုင်ခိုင်မာမာ လျှောက်လှမ်းမှာ ဖြစ်တယ်လို့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

စာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ ဒုတိယအကြိမ်မြောက် နေပြည်တော်မှာ နိုဝင်ဘာ ၂၃ ရက်နေ့က တွေ့ဆုံစဉ်မှာ ပြောလိုက်တာ ဖြစ်ပါတယ်။

နှစ်ဖက်ဆွေးနွေး ညှိနှိုင်းမှုတွေအရ တပ်မတော် ထုတ်ပြန်ပေးတဲ့ သတင်းအချက်တွေကို မြ၀တီမှာ ၀က်ဆိုက်မှာ အချိန်နဲ့ တပြေးညီ ဖော်ပြမှာဖြစ်သလို တပ်နဲ့ မီဒီယာကြားမှာ ဆက်ဆံရေးကောင်းဖို့အတွက် အလုပ်ရုံဆွေးနွေးပွဲအမြန်ဆုံး ပြုလုပ်သွားဖို့ သဘောတူ ခဲ့တယ်လို့  စစ်တပ်ဖက်က သတင်းထုတ်ပြန်ထားပါတယ်။

ဒါအပြင် ကာကွယ်ရေးဦးစီးချုပ်က ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ ပစ်ခတ်မှု ဖြစ်စဉ်နဲ့ ပက်သက်တဲ့ အခြေအနေတွေကိုလည်း ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

DVB TV NEWS
ဒီမိုကရေစီလမ်းကြောင်းကနေ နောက်ကြောင်း ပြန်လှည့်ဖို့ မရှိဘဲ လက်ရှိ လျှောက်လှမ်းနေတဲ့အတိုင်း ခိုင်ခိုင်မာမာ လျှောက်လှမ်းမှာ ဖြစ်တယ်လို့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

စာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ ဒုတိယအကြိမ်မြောက် နေပြည်တော်မှာ နိုဝင်ဘာ ၂၃ ရက်နေ့က တွေ့ဆုံစဉ်မှာ ပြောလိုက်တာ ဖြစ်ပါတယ်။

မက်ဆီကိုခေါ်ယူမည်ဟု အာဆင်နယ်ဆို

ဘာစီလိုနာအသင်း၏ ထိပ်တန်း လူငယ်ကစားသမားများကို ခေါ်ယူ ရန်ကြိုးပမ်းမှုတစ်ရပ်အဖြစ် တိုက်စစ်မှူးလီယွန်နယ်မက်ဆီအား စာချုပ်ရန်ကြိုးစားနေကြောင်း အာဆင်နယ် နည်းပြဝင်းဂါးက အတည်ပြုပြော ကြားလိုက်သည်။ ''မက်ဆီဟာ အသက် ၁၅ နှစ်ကတည်းက ဂျရတ်၊ ပီကေး၊ ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်တို့နှင့်အတူ ကစားခဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖာဘရီဂတ်စ်ကို ခေါ်ယူနိုင်ခဲ့သလို မက်ဆီကိုလည်း ခေါ်ယူဖို့ကြိုးစား နေပါတယ်''ဟု အာစင်ဝင်းဂါးက ပြောသည်။ ဖာဘရီဂတ်စ်သည် ဘာစီလိုနာသို့ ပြန်မပြောင်းမီ အာဆင်နယ်၌ ရှစ်နှစ်ကြာကစားခဲ့ သူဖြစ်သည်။

ပလက်ဖောင်း မရှိ၊ ကားပါကင် မရှိ၊ အဆင့်မီလမ်းစနစ်တွေ မရှိနဲ့ ရန်ကုန်မြို့ပြရဲ့ ယာဉ်ကြောကျပ်မှုပြဿနာ အခြေအနေဆိုးလာမလား

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုပြဿနာ တစ်နေ့တခြား ပိုမိုဆိုးရွားလာသည်။ ဖြေရှင်းရန်ကြိုး ပမ်းနေသည့် ပြဿနာတစ်စတစ်စ ကြီးထွားလာ၍ ယင်းအထဲတွင် လုံးလည်ချာလည်လိုက်နေသည်။ ယာဉ်ကြောပိတ်ဆို့မှုကြောင့် သွားရေးလာရေး ထိခိုက်ရုံသာမက နေ့စဉ်လူနေမှုဘဝများကိုပါ ရိုက်ခတ်လာခဲ့သည်။

ခရီးသွားပြည်သူများ လမ်းပေါ်တွင်သာ အချိန်များစွာ ကုန်ဆုံးနေရပြီး အချိန်နှင့်လှုပ်ရှား ရုန်းကန်နေရသူများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြင့် ဝင်ငွေရှာဖွေနေသူများ၊ ဆက်နွှယ်နေသူများပါ စီးပွားရေးထိခိုက်လာကြသည်။ တစ်နေ့လျှင် ပုံမှန် ၁ဝ ခေါက်ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းများ ယခုတစ်နေ့လျှင် ငါးခေါက်ပင် အနိုင်နိုင်ပြေးဆွဲလာရပြီး ဝင်ငွေများလျော့နည်းလာသည်ဟု ညည်းညူနေကြသည်။

ရွှေဈေး အတက်အကျ ထိန်းသိမ်း ရန် ရွှေလုပ်ငန်း ရှင်များကို တိုင်းဝန်ကြီး ချုပ်တိုက်တွန်း

ရွှေဈေးကွက် မတည်ငြိမ် မှုသည် အခြား စီးပွားရေး လုပ်ငန်း များအပေါ် များစွာ အကျိုး သက်ရောက် သဖြင့် ရွှေဈေး အတက်အကျ မြန် ဆန်လာမှုကို ထိန်းသိမ်းရန် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ရွှေလုပ်ငန်း ရှင်များကို တိုက်တွန်းပြော ကြားလိုက်သည်။

နိုဝင်ဘာ ၂၂ရက်က Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ၁၂ကြိမ်မြောက် မြန်မာနိုင်ငံ ရွှေလုပ်ငန်း ရှင်များ အသင်း နှစ်ပတ်လည် အစည်း အဝေးတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်းတိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျောင်းသားသမဂ္ဂများက အမျိုးသားပညာရေးဥပဒေကို ဆန္ဒပြမှုများနှင့် နိုင်ငံတစ်ဝန်းရှိ ကျောင်းသား၊ ပြည်သူများအား လိုက်လံစည်းရုံးမှုများ ပြုလုပ်

အမျိုးသားပညာရေးဥပဒေကို ရန်ကုန်မြို့၌ လေးရက်တိုင်တိုင် သပိတ်မှောက်ဆန္ဒပြခဲ့ကြသော ကျောင်းသားသမဂ္ဂများက နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင်လည်း ဆန္ဒပြမှုများ၊ ကျောင်းသားပြည်သူများကို စည်းရုံးဟောပြောမှုများ ပြုလုပ်သွားမည်ဟု ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ (ဆန္ဒပြကျောင်းသားများ)ထံမှ သိရသည်။

နိုင်ငံရေးကို အခြေအနေအချိန်အခါပေါ် မူတည်ပြီး လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

နိုင်ငံရေးကို အခြေအနေအချိန်အခါပေါ်မူတည်ပြီး လုပ်သင့်၊ မသင့် ဆုံးဖြတ်ရမည်ဟု ၎င်း၏နိုင်ငံရေး ရည်မှန်းချက်နှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဗွီအိုအေသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

သီရိမင်္ဂလာဈေးသစ်အတွင်း အုပ်စုဖွဲ့ကာ ဒုစရိုက်မှုများ ကျူးလွန်နေသည့် လူမိုက်အဖွဲ့များကို ၀င်ရောက်ဖမ်းဆီးခဲ့ရာ ၁၁ ဦး ဖမ်းဆီးရမိ


ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးသစ် (ပိတောက်ချောင်း)အတွင်း အုပ်စုဖွဲ့ကာ ဒုစရိုက်မှုများ ကျူးလွန်နေသည့် လူမိုက်အဖွဲ့များအား ရဲတပ်ဖွဲ့အင်အား ၃၀၀ ကျော်ဖြင့် နိုဝင်ဘာ ၂၃ ရက်ညပိုင်းတွင် ၀င်ရောက်ပိတ်ဆို့ စစ်ဆေးဖမ်းဆီးခဲ့ရာ ၁၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးတစ်ဦးက နိုဝင်ဘာ ၂၃ ရက် ညပိုင်းတွင် ပြောကြားသည်။

မြန်မာအသင်းပါဝင်သည့် အုပ်စု(ခ)တွင် ထိုင်းအသင်းဦးဆောင်နေ

စင်ကာပူမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် ၂၀၁၄ ဆူဇူကီးဖလား အုပ်စု(ခ)အဖွင့်ပွဲစဉ်များကို နိုဝင်ဘာ ၂၃ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ကာ ပထမပွဲစဉ်တွင် မြန်မာအသင်းနှင့် မလေးရှားတို့မှာ ဂိုးမရှိသရေရလဒ်ဖြင့် ရမှတ်တစ်မှတ်စီခွဲယူခဲ့ရပြီး ဒုတိယပွဲတွင်မူ ထိုင်းအသင်းမှာမူ လက်ရှိ ချန်ပီယံလည်းဖြစ်သည့် အိမ်ရှင် စင်ကာပူအသင်းကိုနောက်ကျ ပယ်နယ်တီဂိုးနှင့် (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ကားနောက်ခန်းထဲ၌ ၁၆ နှစ်အရွယ် ကျောင်းသားလေးနှင့် တွေ့ဆုံပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြင့် မူဆလင်အချိန်ပိုင်းအစားထိုးဆရာမတစ်ဦးအား တရားစွဲ

Photo: ကားနောက်ခန်းထဲ၌ ၁၆ နှစ်အရွယ် ကျောင်းသားလေးနှင့် တွေ့ဆုံပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြင့် မူဆလင်အချိန်ပိုင်းအစားထိုးဆရာမတစ်ဦးအား တရားစွဲ
Monday, November 24, 2014

နယူးဂျာစီမြောက်ပိုင်းကျောင်းတစ်ခုမှ မူဆလင်အချိန်ပိုင်း အစားထိုး ဆရာမတစ်ဦးကို ၁၆ နှစ်အရွယ် ကျောင်းသားတစ်ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စွဲချက်တင်ထားသည်။
ပရောစပတ် ပါ့ခ်မှ အသက် ၂၁ နှစ် အရွယ် လင်ဒါ ဟာဒန်သည် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုခင်းမြောက် ပတ်သက်မှုနှင့် ကလေးငယ်တစ်ဦးအား အန္တရာယ်ဖြစ်စေမှုတို့ဖြင့် တရားစွဲထားသည်ဟု ပါ့စီယက်ကောက်တီ ဥပဒေအရာရှိများက ပြောကြားသည်။

စွပ်စွဲချက်များကို သောကြာ(နိုဝင်ဘာ ၂၁)နေ့က တင်ခဲ့ပြီး စနေ(နိုဝင်ဘာ ၂၂)နေ့က အများပြည်သူသိအောင် ကြေငြာခဲ့သည်။
ဟာဒန်ကို သူမအချိန်ပိုင်းအစားထိုးဆရာမအဖြစ် အလုပ်လုပ်နေသော မန်ချက်စတာဒေသ အထက်တန်းကျောင်းမှ ၁၆ နှစ် အရွယ်ကျောင်းသားတစ်ဦးအား စော်ကားမှုဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
၎င်းအဖြစ်အပျက်သည် ဝိန်းတွင် ကြာသပတေး(နိုဝင်ဘာ ၂၀)နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဥပဒေအရာရှိများက ပြောကြားသည်။ သို့သော် ဖြစ်ပျက်ပုံ နှင့် ကျောင်းသားလေး၏အကြောင်းအသေးစိပ်တို့ကိုမူ ထိန်ချန်ပြောမပြခဲ့ပါ။

NorthJersey.com တွင် ဖော်ပြချက်အရ ဟာဒန်သည် ကျောင်းသားလေးနှင့် ကျောင်းချိန်ပြင်ပ၌ တွေ့ခဲ့သည်။
ထို့နောက် သူမမှ ကျောင်းသား လေးကို ဝိန်းရှိ နေရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
၎င်းတို့လိင်မှုဆိုင်ရာတွေ့ဆုံကြမှုသည် ပါကင်ထိုးထားသော ကားအတွင်း၌ ဖြစ်ပျက်ခဲ့သည်။

သူမအပေါ်တင်ထားသော စွဲချက်များသာ အပြစ်ရှိကြောင်းထင်ရှားလျှင် ဟာဒန်မှာ ၁၇ နှစ် အထိ ထောင်ဒဏ်ကျခံရနိုင်သည်။
လိင်မှုဆိုင်ရာ စော်ကားမှုအတွက် ၁၀ နှစ်၊ ကလေးတစ်ယောက်၏ အကျိုးစီးပွားကို ပန်းကောင်းအညွန့်ကျိုးဖြစ်စေမှုအတွက် ၅ နှစ် နှင့် လိင်မှုခင်းဆိုင်ရာ ပတ်သက်မှုဖြင့် ၁၈ လ တို့ စုပေါင်းကျခံရနိုင်သည်။
သူမကို ရမန်ဖြင့် ချုပ်ထားရာမှ ဒေါ်လာ နှစ်သိန်းငါးသောင်းဖြင့် အာမခံလွှတ်ထားသည်။

Myo Min Thant
မူရင်း>>http://www.dailymail.co.uk/…/Muslim-substitute-teacher-char…
နယူးဂျာစီမြောက်ပိုင်းကျောင်းတစ်ခုမှ မူဆလင်အချိန်ပိုင်း အစားထိုး ဆရာမတစ်ဦးကို ၁၆ နှစ်အရွယ် ကျောင်းသားတစ်ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စွဲချက်တင်ထားသည်။
ပရောစပတ် ပါ့ခ်မှ အသက် ၂၁ နှစ် အရွယ် လင်ဒါ ဟာဒန်သည် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုခင်းမြောက် ပတ်သက်မှုနှင့် ကလေးငယ်တစ်ဦးအား အန္တရာယ်ဖြစ်စေမှုတို့ဖြင့် တရားစွဲထားသည်ဟု ပါ့စီယက်ကောက်တီ ဥပဒေအရာရှိများက ပြောကြားသည်။

တာချီလိတ်နှင့် သပိတ်ကျင်းအနီး ငလျင်နှစ်ကြိမ်လှုပ်

တာချီလိတ်နှင့် သပိတ် ကျင်းမြို့အနီးတွင် နိုဝင်ဘာ ၂၃ ရက်က အင်အားအနည်းငယ်ရှိသည့် ငလျင်နှစ်ကြိမ်လှုပ်ခဲ့ကြောင်းသတင်းရရှိသည်။

နိုဝင်ဘာ ၂၃ရက် ညနေက တာချီလိတ်မြို့တွင် ရစ်ခ်ျတာစ ကေး ၄ဒသမ၄နှင့် သပိတ်ကျင်း မြို့တွင် ၃ဒသမ၅ အဆင့်ရှိငလျင် နှစ်ကြိမ်လှုပ်ခဲ့ခြင်းဖြစ်သည်။

မိုး/ဇလဌာန၊ မြေငလျင် ဌာနခွဲက သပိတ်ကျင်းမြို့တွင် လှုပ်ခဲ့သည့် ငလျင်ကိုသာ သတင်း ထုတ်ပြန်သွားခဲ့ပြီး တာချီလိတ် မြို့၌ လှုပ်ခဲ့သည့် ငလျင်ကို ထိုင်းမိုးလေ၀သဌာန (TMD)က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အခြေခံဥပဒေကိစ္စ တပ်မတော်သား အမတ်များအား လွတ်လပ်စွာ ဆွေးနွေးခွင့်ပေးထားဟု ကာချုပ်ပြော

Photo: အခြေခံဥပဒေကိစ္စ တပ်မတော်သား အမတ်များအား လွတ်လပ်စွာ ဆွေးနွေးခွင့်ပေးထားဟု ကာချုပ်ပြော
Monday, November 24, 2014

အခြေခံဥပဒေပြင် ဆင်ရေးလွှတ်တော်တွင်း ဆွေးနွေးမှုတွင်ပါဝင်နေသော တပ်မတော်သား ကိုယ်စားလှယ်များအား လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ပေးထားကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။

နိုဝင်ဘာ ၂၃ ရက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင် စီ(ယာယီ)တို့ နေပြည်တော်တွင် တွေ့ဆုံရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၂ရက်က ကာ ကွယ်ရေးဦးစီးချုပ် VOA မြန်မာ ပိုင်းအစီအစဉ်နှင့်တွေ့ဆုံရာတွင် ကာကွယ်ရေးဦးစီးချုပ်က ၅၉(စ) သည် လူပုဂ္ဂိုလ်ကို ရည်ရွယ်မှုမရှိ ဘဲ အမျိုးသားရေးကို ရည်ရွယ် ထားခြင်းဖြစ်၍ ရေရှည်ချိန်ဆရ မည်ဟု ပြောကြားခဲ့သည်။ ထို့အ တူ ၄၃၆ နှင့်ပတ်သက်၍ မေးမြန်း မှုအပေါ်ရှင်းလင်းဖြေကြားမှုမရှိ သော်လည်း ရှေ့လူကြီး ခေါင်း ဆောင်အသီသီးက တွက်ဆပြီးမှ ဆောင်ရွက်ထားခြင်းဖြစ်သည့်အ တွက် ဆက်လက်ထိန်းသိမ်းသည့် သဘောသာ ဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အောင်အောင် မြင်မြင်ကျင်းပပြီးစီးရန် တပ်မ တော်အနေဖြင့် ဆန္ဒရှိကြောင်း လည်းပြောကြားခဲ့သည်ဟု တွေ့ ဆုံမှုတွင်ပါဝင်သူတစ်ဦးဖြစ်သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ အဖွဲ့ဝင် ဦးရဲမင်းဦးက ပြန်လည်ပြောပြသည်။

ထို့အတူ တပ်မတော်အနေဖြင့် နောက်ကြောင်းပြန်စေမည့်ကိစ္စများကို ပြုလုပ်မည် မဟုတ်ကြောင်းလည်း ပြောခဲ့သည်ဟုဆိုသည်။

အချိန်မှန် ကျင်းပပေးပြီး တရားမျှတကာ လွတ်လပ်သည့် ရွေးကောက်ပွဲတစ်ခုဖြစ်စေလိုကြောင်း ယခုလအတွင်း မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သည့် အမေ ရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း ပြောကြားထားသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို ယင်းနှစ်၏ အောက် တိုဘာလအကုန် (သို့မဟုတ်)နိုဝင်ဘာလဆန်းတွင် ကျင်းပပေး သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကပြီးခဲ့သည့် လပိုင်းက ရန်ကုန်မြို့၌ ကျင်းပသော အရပ်ဘက် လူမှုအဖွဲ့အစည်းများ နှင့်တွေ့ဆုံပွဲတွင်ပြောကြားထား သည်။

‘‘ညှိနှိုင်းရမယ့်ကိစ္စတွေစည်း စည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ကြကိုင်ကြမယ်ဆိုရင် ကောင်း တယ်လို့ကာချုပ်ကပြောတယ်’’ ဟု ဦးရဲမင်းဦးကဆိုသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် တပ်မတော်ထိပ်ပိုင်းအရာရှိများနှင့် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ)တို့၏ ဒုတိယအကြိမ်တွေ့ဆုံမှုသည် လေးနာရီကျော် ကြာမြင့်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တပ်မတော်၏ သတင်းအချက်အလက်များထုတ်ပြန်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များ အပါအ၀င် တပ်မတော်၏ ပစ်ခတ်မှုကြောင့်သေဆုံးသွားသည့် ကိုပါကြီး ကိစ္စများလည်းပါဝင်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
7Day Daily
အခြေခံဥပဒေပြင် ဆင်ရေးလွှတ်တော်တွင်း ဆွေးနွေးမှုတွင်ပါဝင်နေသော တပ်မတော်သား ကိုယ်စားလှယ်များအား လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ပေးထားကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။

နိုဝင်ဘာ ၂၃ ရက်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင် စီ(ယာယီ)တို့ နေပြည်တော်တွင် တွေ့ဆုံရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ မြန်မာပိုင်း သီးသန့် တွေ့ဆုံမေးမြန်းခန်း (အပိုင်း-၂)

Photo: ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ မြန်မာပိုင်း သီးသန့် တွေ့ဆုံမေးမြန်းခန်း (အပိုင်း-၂)
Monday, November 24, 2014

မြန်မာနိုင်ငံရဲ့အပစ်အခတ်ရပ်စဲရေးဆိုင်ရာလိုအပ်ချက်၊ မြစ်ဆုံဆည်နဲ့ လက်ပန်းတောင်းတောင် စီမံကိန်းဆိုင်ရာ သဘောထားအမြင် စတာတွေအပြင် လက်ရှိ ကျောင်းသားတချို့ဆန္ဒပြနေမှု အခြေအနေတွေနဲ့ပတ်သက်လို့ ဆွေးနွေးထားတဲ့ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ (မြန်မာပိုင်း) ဌာနရဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းအပိုင်း (၂) ကို တင်ပြပေးထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဒါဆို တခြားအရေးကြီးတဲ့ကိစ္စတခုဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါဝင်မှုနဲ့အသံ ကျနော်တို့သိပ်မကြားရဘူး။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ကိုပါဝင်ဖို့လည်း မဖိတ်ခဲ့ဘူးလေ၊ အဲဒါကြောင့်မို့လို့ ကျမတို့က လေးပွင့်ဆိုင်မှာဆိုရင် ဟိုလူထားပစ်ခဲ့တယ်၊ ဒီလူ့ထားပစ်ခဲ့တယ်လို့ပြောပေမယ့် ကျမတို့က ဒီအပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ ကျမတို့ ဘာလို့မပါရတာလဲလို့ ကျမတို့ မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဓိကကျတဲ့ ပုဂ္ဂိုလ်တွေက အဖွဲ့အစည်းတွေက အချင်းချင်းဆွေးနွေးပြီးတော့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ယူချင်တယ်ဆိုပြီး ကြိုးစားနေတဲ့အချိန်မှာ ကျမတို့ မပါရကောင်းလား ဆိုပြီး ကျမတို့ တခါမှ မပြောဖူးပါဘူး။ ဘာဖြစ်လို့မပါရတာလဲလို့ မေးလို့ရှိရင်တော့ ကျမတို့ ရှင်းရှင်းပဲပြောပါတယ်။ ဟိုဘက်ဒီဘက် နှစ်ဘက်စလုံးက မဖိတ်ဘူး။ ဖိတ်ရင်တော့ ပါရမှာပေါ့၊ ကျမတို့က ဖိတ်ရင်လည်းပါဖို့ အဆင်သင့်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အပစ်အခတ်ရပ်စဲရေးဆိုတာဟာ နောင် ငြိမ်းချမ်းရေးအတွက် အရေးကြီးတဲ့ကိစ္စဖြစ်လို့။ ဒါပေမယ့် တဖက်နဲ့တဖက်ဆွေးနွေးပြီးတော့ အဖြေရှာနေတဲ့အချိန်မှာ ကျမတို့မပါရကောင်းလားဆိုတာ ကျမတို့အတွက် နံပါတ် (၁) မဟုတ်ပါဘူး။ ဒီဆွေးနွေးနေတဲ့သူတွေက ပြည်သူအတွက် ငြိမ်းချမ်းရေးရနိုင်မယ်ဆိုလို့ရှိရင် ကျမတို့အနေနဲ့ အင်မတန်မှပဲ ၀မ်းသာမှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ လောလောဆယ်အားဖြင့်တော့ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ရှေ့မတိုးနိုင်တဲ့အခြေအနေရောက်နေတဲ့ အပြင်ကို ပြောရရင်တော့ နောက်ဆုံးလတ်တလောဖြစ်ရပ်ကို ကြည့်ရမယ်ဆိုလို့ရှိရင် တိုက်ပွဲသံတွေကိုတောင် ပြန်ပြီးဦးတည်နေတာကို တွေ့ရတယ်လေ။ အဲဒီတော့ ဒီငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်မှာ ဘာတွေများလိုအပ်ချက်ရှိနေသလဲလို့ ဒေါ်အောင်ဆန်းစုကြည် ထင်သလဲ ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ နောက်ဆုံးကျတော့ အခြေခံအားဖြင့်ယုံကြည်မှုပေါ့နော်၊ ဟိုဘက်ဒီဘက်အပြန်အလှန် ယုံကြည်မှု ခိုင်မြဲသွားပြီဆိုလို့ရှိရင်တော့ သိပ်ပူစရာမရှိတော့ဘူး။ ဒါပေမယ့် ဒီလို ယုံကြည်မှုမခိုင်မြဲသရွေ့တော့ ဒီလိုပဲ အတက်အကျတွေကတော့ ရှိနေမှာပဲ။ ဒါကတော့ ဒီနိုင်ငံမှာတင် မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း ဒီအပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်လို့ ဆွေးနွေးတဲ့အခါမှာ အပစ်အခတ်ရပ်စဲရေး ရယူပြီးလို့ လက်မှတ်ထိုးပြီးတော့တောင်မှ ပျက်ပြားသွားတာတွေရှိပါတယ်။

… ဥပမာ ဆိုလို့ရှိရင် ဟုတ်လား မြောက်အိုင်ယာလန်မှာဆိုရင်လည်း ဒီလိုပဲ ဖြစ်ခဲ့တာပဲ။ အားလုံး အပစ်အခတ်ရပ်စဲရေးပြီးပါပြီဆိုပြီး လက်မှတ်လည်း ထိုးပြီးရော နောက်တနေ့မှာ ပေါက်ကွဲချင်ရင်လည်း ပေါက်ကွဲတာပဲ။ အဲဒါမျိုးတွေတော့ ဖြစ်ခဲ့တာတွေရှိပါတယ်။ ဒီလိုဟာမျိုးတွေကလည်း ဖြစ်နိုင်ပါတယ်။ အဲဒါ ဘာဖြစ်လို့လဲ။ နောက်ဆုံးကျတော့ အပြန်အလှန် ယုံကြည်မှု မခိုင်မာသေးလို့ပဲ။ အဲဒီတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အဓိကလိုအပ်ချက်ကတော့ အပြန်အလှန်ယုံကြည်မှုပါပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။့  မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးတွေကိစ္စပေါ့နော်-အဲဒီမှာ အစောပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ လွှတ်တော်ထဲပါဝင်ပြီးတော့ အကုန်လုံးပူးပေါင်း ဆောင်ရွက်ပြီးတော့ လုပ်ဆောင်မှုတွေမြင်လာရတဲ့အခါမှာတော့ အမေရိကန်အပါအ၀င် အနောက် အုပ်စုနိုင်ငံတွေကလည်း ဒါဟာ တိုးတက်မှုတရပ်အနေနဲ့ ရှုမြင်ပြီးတော့ အားပေးအားမြှောက်ပြုကြပါတယ်။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေဆိုရင်လည်း တော်တော်ဖြေလျှော့လိုက်တာ ကုန်သလောက်နီးပါးဖြစ်နေပါပြီ။ အဲဒီအခြေအနေမှာမှ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းပေါ့နော်။ သမ္မတအိုဘားမားမလာခင် မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးတွေဟာ အဲဒီလောက်ကြီးတော့ မတိုးတက်သေးဘူး။ တန့်နေတဲ့သဘောရှိတယ်ဆိုပြီးတော့တောင်မှ ဒေါ်အောင်ဆန်းစုကြည်ဆီက သတိပေးတဲ့သဘော ကြားရပါတယ်။ အလားတူပဲ၊ သမ္မတအိုဘားမားရောက်ပြီးတဲ့အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အိမ်မှာ တစ်နာရီကျော်ကြာအောင် ဆွေးနွေးခဲ့ကြတယ်။ ဘယ်လိုအချက်အလက်တွေကို ဆွေးနွေးခဲ့ကြသလဲဆိုတာလေးကိုလည်း နည်းနည်းလောက် ပြောပြလို့ ရနိုင်မလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ အဲဒါတော့ ပြောလေ့ပြောထမရှိပါဘူး။ ကျမတို့ ဒီလို ဘာဆွေးနွေးတယ်ဆိုတာဟာ တရားဝင်သတင်းစာရှင်းလင်းပွဲမှာ ပြောပြသလောက်ပဲ၊ ဒီလောက်ပဲ ကျမတို့ပြောလေ့ရှိပါတယ်။ ဒါဟာ တရားဝင်ထုတ်ပြန်ချက်ပေါ်မှာ အခြေခံပြီးတော့ ကျမတို့ ဘာဆွေးနွေးတယ်။ ဘာ မဆွေးနွေးဘူးဆိုတာကို အသိပေးတာပါ။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့- ဒေါ်အောင်ဆန်းစုကြည် ပြောတယ်ဆိုတဲ့သဘောက မြန်မာနိုင်ငံမှာ ဒီလောက် မတိုးတက်သေးဘူး။ ဒီလောက်ကြီး ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ပါနဲ့ဦးဆိုပြီးတော့ ဘရိတ်အုပ်တဲ့သဘောလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဒီကစ္စနဲ့ပတ်သက်လို့ ခုနက ပြောသွားတဲ့စကားထဲမှာပေါ့နော်၊ ကျမက လွှတ်တော်ထဲမှာ တိုးတက်မှုရှိတယ်ဆိုတာလည်း ထည့်ပြောသွားပါတယ်။ နောက်တခုက ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ တန့်သွားတယ်ဆိုတာဟာ ဒါ အခုမှ ကျမပြောတဲ့စကားမဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ပြီးကတည်းက- ပြီးပြီးတော့ ပထမဦးဆုံး ကျမ နိုင်ငံခြားခရီးသွားတာဟာ ဘန်ကောက်က WAF အစည်းအဝေးကို သွားပြီး တက်ပါတယ်။ အဲဒီတုန်းက ကျမပြောပါတယ်။ ဒါ သိပ်ပြီးတော့ အကောင်းမြင်လွန်းလို့ မဖြစ်ဘူး။ healthy skepticism ပေါ့နော်၊ ဒီလိုပုံစံမျိုး လိုအပ်ပါတယ်လို့ ကျမ အဲဒီကတည်းက ပြောတာနော်၊ အခုမှပြောတာ မဟုတ်ဘူး။ ဒါ တစိုက်မတ်မတ် ပြောသွားတာ။

…. အဲဒီတော့ ပြုပြင်ပြောင်းလဲရေးမှာ အဓိက တာဝန်ရှိတာကတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာပဲ။ လွှတ်တော်ထဲမှာ ခုနက ပြောသွားသလိုပေါ့၊ လွှတ်တော်ထဲမှာ တိုးတက်မှုတွေရှိတယ်။ ကျမ ကျေနပ်တယ်လို့ပြောခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ထဲမှာဆိုလို့ရှိရင် ကျမတို့ အရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်က ၄၄ ယောက်ပေါ့နော်။ ဒါပေမယ့် တိုင်းဘက်ကလည်းပါတယ်ဆိုတော့ ကျမတို့အားလုံး ဒီ ပြည်ထောင်စု လွှတ်တော်ထဲမှာ ဆိုရင် ၃၉ ယောက် ရောက်သွားကြတယ်။ အဲဒီတော့ ဒီ ၆၀၀ ကျော် ပြည်ထောင်စုလွှတ်တော်ထဲမှာ ၃၉ ယောက်ထဲနဲ့ အလုပ်ဖြစ်ဖို့ဆိုတာဟာ တစ်ဦးနဲ့တစ်ဦး ဟိုဘက်ဒီဘက် တိုင်ပင်ပြီးတော့ အပေးအယူလုပ်ပြီးတော့ မလုပ်လို့ရှိရင် မရပါဘူး။ အဲဒီတော့ လွှတ်တော်ထဲမှာ ကျမတို့ရောက်သွားတဲ့အခါကျတော့ အခု ပြည်ထောင်စုလွှတ်တော် နာယကပေါ့နော်၊ အဲဒီအချိန်တုန်းက လွှတ်တော်နာယက ဦးခင်အောင်မြင့်ပါ၊ အဲဒီတော့ ခပ်တိုတိုပြောရမယ်ဆိုရင် ပြည်သူ့လွှတ်တော်ဘက်ကရော၊ အမျိုးသားလွှတ်တော်ဘက်ကရော ဥက္ကဋ္ဌကြီးတွေကလည်း မျှမျှတတ ဆက်ဆံတယ်။ နောက်ပြီးတော့ ကျမတို့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီဟာအတွက်တော့ ကျမက အားရပါတယ်။

… ဟို မကြာခင်တုန်းကဆိုလို့ရှိရင် နိုင်ငံခြားအဖွဲ့တခုကနေ လာပြီးတော့ လွှတ်တော်ထဲက တရားဥပဒေစိုးမိုးရေးကော်မတီနဲ့ လာပြီးတွေ့ပါတယ်။ တွေ့ပြီးတော့ အဲဒီမှာ သူတို့တွေ့ချင်တယ်ဆိုလို့ ကျမတို့ အမျိုးသမီး ကိုယ်စားလှယ်တချို့ကို ဖိတ်ထားတယ်။ ဖိတ်ထားတော့ အဲဒီအဖွဲ့က ဘယ်လို မေးလဲဆိုတော့ မြန်မာနိုင်ငံမှာပေါ့နော်- ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု တကယ် ဖြစ်နေပြီလား၊ တိုးတက်မှုတွေဘာတွေ့ရလဲ၊ Reform ပေါ့ ပြုပြင်ပြောင်းလဲမှုတွေ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဘာရှိခဲ့လဲ-ဆိုတော့ အားလုံးက ခေါင်းခါကြတယ်။ ဘယ်လိုမှ၊ ဘာမှမဖြစ်ဘူးလို့ ပြောတဲ့ အခြေအနေဖြစ်သွားတယ်။ ကျမပါတီကချည်းမဟုတ်ဘူးနော်၊ ကျန်တဲ့ပါတီက ကိုယ်စားလှယ်တွေလည်းပါတယ်။ ( ဒါပေမယ့် ဒီပါတီတွေရဲ့…)

အဲဒီမှာ တခုပြောသွားတာက တိုင်းရင်းသားပါတီက အမျိုးသမီးကိုယ်စားလှယ်တယောက်က ပြောသွားတာက- ‘တခုတော့ ရှိတယ်တဲ့၊ လွှတ်တော်တဲ့၊ လွှတ်တော်ထဲမှာ ကျမတို့ပြောချင်တာကို လွပ်လွပ်လပ်လပ် ပြောနိုင်တယ်တဲ့၊ အဲဒါ တိုးတက်မှုပဲတဲ့၊’ ပြောလို့ပေါ့နော်။ ထိရောက်မှုရှိတာ မရှိတာက သပ်သပ်၊ ပြောတဲ့အတိုင်း တောင်းဆိုတဲ့အတိုင်းဖြစ်တာ မဖြစ်တာက သပ်သပ်၊ ဒီလို လွပ်လွပ်လပ်လပ် တိုင်းသိပြည်သိ တင်ပြနိုင်တာကိုက တိုးတက်မှုပဲဆိုတာကိုတော့ ကျမတို့အားလုံး သဘောတူတယ်။ ဟုတ်တယ်။ ဒါ တိုးတက်မှုပဲ၊ ဒါကြောင့် ကျမ ပြောပါတယ်။ ကျမတို့အမြင်မှာတော့ ကျမတို့ကိုယ်ကိုယ်တိုင်က လွှတ်တော်ထဲမှာ ရှိနေလို့လည်းဖြစ်နိုင်တယ်။ မဏ္ဍိုင်ကြီးသုံးခုမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအရ ရှေ့က ရောက်နေတာကတော့ ဥပဒေပြုရေးမဏ္ဍိုင်ပဲ။

ဦးသန်းလွင်ထွန်း။ ။ ဒီ ဥပဒေပြုရေးမဏ္ဍိုင်မှာ လွပ်လွပ်လပ်လပ် ပြောခွင့်တွေရှိလာနေပြီ၊ ဆွေးနွေးပိုင်ခွင့်တွေ ရှိလာနေပြီဆိုပေမယ့် အကောင်အထည်ဖော်ရေးအပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ထင်သလောက်မဖြစ်ဘူးဆိုတဲ့ သဘောကိုပြောတာပေါ့။

ဒေါ်အောင်ဆန်းစုကြည်။ ။ ထင်သလောက်မဟုတ်ပါဘူး။ မျှော်လင့်သလောက်မဖြစ်တာပါ။ အစကတည်းက သိပ်ထင်တယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အုပ်ချုပ်ရေးမဏ္ဍိုင်က မလုပ်ဘဲနဲ့ တချို့ကိစ္စတွေက မဖြစ်နိုင်ပါဘူး။

…. ဥပမာဆိုရင်တော့ ဥပဒေတွေ၊ ဥပဒေကြမ်းတွေ၊ ဥပဒေကြမ်းတွေကို လွှတ်တော်ကနေပြီးတော့ အတည်ပြုတော့ ဥပဒေဖြစ်သွားပြီ၊ ဒါပေမယ့် နည်းဥပဒေတွေ မထွက်လာမချင်း - ဟို ညွန်ကြားချက်အမိန့် စဉ်းမျဉ်း စဉ်းကမ်းတွေ မထွက်လာမချင်း ဒီဥပဒေတွေက အသက်မ၀င်ဘူး။ အဲဒီတော့ လွှတ်တော်ကတော့ ပြီးသွားပြီလေ။ လွှတ်တော်အလုပ်။

… နောက်တခု ပြောရမယ်ဆိုရင် ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ပြည်သူတွေအနေနဲ့ အားလုံးစိတ်ဝင်စားနေတဲ့ လယ်ယာမြေကိစ္စပေါ့နော်၊ ကျမတို့ လွှတ်တော်ကော်မတီကနေ မူလပိုင်ရှင်တွေကိုပြန်အပ်ဖို့အတွက် အဖွဲ့တွေဖွဲ့ခဲ့တယ်။ ဖွဲ့စည်းပြီးတော့ အကြံတွေပေးခဲ့တယ်။ သွားပြီးတော့ ကွင်းဆင်းပြီးတော့ လေ့လာတယ်။ အကြံပြုတယ်။ သို့သော်ငြားလည်း ဒီကိစ္စကို အကောင်အထည်ဖော်ရမှာက အုပ်ချုပ်ရေးပိုင်းဆိုင်ရာပဲ။ ကျမတို့ လွှတ်တော်ကနေပြီးတော့ အကြံပေးနိုင်တယ်။ နောက်ပြီးတော့ သက်ဆိုင်ရာအစိုးရဌာနတွေကို ခေါ်ပြီးတော့ လွှတ်တော်မှာ မေးခွန်းမေးနိုင်တယ်။ ဒီ့ထက်ပိုပြီးတော့ လုပ်လို့မရဘူး။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့- ဒီဥပမာကိုပဲ ကျနော်က ဆက်မေးချင်တာက ဒါက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဥပဒေစိုးမိုးရေးကော်မရှင်ရဲ့ တာဝန်နဲ့တူတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ မဟုတ်ဘူး။ မဟုတ်ဘူး။ ဒီဟာက လယ်ယာ။ လယ်ယာမြေကိစ္စပြောနေတာပါ။

ဦးသန်းလွင်ထွန်း။ ။ အော်။ လွှတ်တော်ထဲကို ၀င်ပြီးသိပ်မကြာခင်မှာပဲ တရားဥပဒေစိုးမိုးရေးကော်မရှင်မှာ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူရပါတယ်။ အဲဒီတော့ ဒီ ဥပဒေစိုးမိုးရေးဆိုတာကလည်း ဒေါ်အောင်ဆန်းစုကြည် အမြဲတမ်းပြောနေတဲ့ကိစ္စဆိုတော့- တိုင်းပြည်ထဲမှာ ဖြစ်နေတဲ့ မမျှတမှုတွေ၊ ဥပဒေကြောင်းအရအဆင်မပြေမှုတွေ၊ ဒါတွေကို စုံစမ်းစစ်ဆေးပြီးတော့ လွှတ်တော်ထဲမှာ မကြာသေးခင် လွန်ခဲ့တဲ့သုံးလလောက်က အစီရင်ခံစာတင်ခဲ့တယ်လို့တော့ ကျနော်ကြားပါတယ်။ ကျနော်တို့အပြင်မှာတော့ သိပ်မတွေ့လိုက်ဘူး။ အဲဒီအစီရင်ခံစာကိုလေ။ အဲဒီတော့ အဲဒီ အကြောင်းနဲ့ပတ်သက်ပြီးမေးရရင်ဒေါ်အောင်းဆန်းစုကြည်အနေနဲ့က ဒီကော်မရှင်အနေနဲ့ အပြင်မှာဖြစ်နေတဲ့ မမျှတမှုတွေ၊ အခြေအနေတွေကို လွှတ်တော်ထဲ ခေါ်ယူစစ်ဆေးပိုင်ခွင့်၊ ကြားနာပိုင်ခွင့်၊ အဲဒါတွေရှိခဲ့မယ်၊ ရှိပြီးတော့ အစီရင်ခံစာတင်ပြီးနောက်ပိုင်းမှာ အာဏာပိုင်တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ မရှိဘူးလားခင်ဗျ။ အဲဒါတွေက။

ဒေါ်အောင်ဆန်းစုကြည်။ ။ ပူးပေါင်းဆောင်ရွက်မှုတွေက ကျမတို့ မျှော်လင့်သလောက်၊ လိုအပ်သလောက်မရှိဘူးလို့ပြောရမှာပဲ။ နောက်ပြီးတော့ ဥပဒေ စိုးမိုးရေးအစား၊ တရားဥပဒေစိုးမိုးရေးလို့ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုဗမာလိုကျတော့ခွဲခြားပြီးပြောလို့မရတာနဲ့ အင်္ဂလိပ်လိုဆိုလို့ရှိရင် Rules by law and Rules of law ပေါ့နော်၊ အဲဒီတော့ အဲဒါကို ခွဲခြားပြီးပြောဖို့ဆိုရင် ကျမတို့ တရားဥပဒေစိုးမိုးရေးပေါ့၊ တရားတဲ့ ဥပဒေတွေဖြစ်ရမယ်။ အမိန့်အာဏာ စိုးမိုးရေးမဟုတ်ဘူး။ အဲဒီတော့ အာဏာရှိသူများထုတ်ထားတဲ့ ဥပဒေတိုင်းစိုးမိုးရေးဆိုတဲ့ သဘောမဟုတ်ဘူး။ တရားတဲ့ ဥပဒေစိုးမိုးရေးကို ကျမတို့ ဦးတည်တာဖြစ်ပါတယ်။ အဲဒီတော့ အခုကျမတို့ကနေပြီးတော့ ခေါ်ပြီးတော့ မေးနိုင်မြန်းနိုင်တာတွေရှိပါတယ်။ ဘယ်လောက် ထိရောက်မှုရှိလဲ ဆိုတာ စောစောကပြောတဲ့ အတိုင်းပဲ၊ နောက်ဆုံးကျတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကနေပြီးတော့ အကောင်အထည်ဖော်ရမယ့်ကိစ္စတွေမှာ ကျမတို့အနေနဲ့ ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ သို့သော်ငြားလည်း တတ်နိုင်သလောက် ကျမတို့လုပ်ပါတယ်။

… ဥပမာဆိုလို့ရှိရင် ပညာပေးရေးနဲ့ ပတ်သက်လို့ဆိုလို့ရှိရင် ကျမတို့ workshop တွေပေါ့နော်၊ နှီးနှောဆွေးနွေးဖလှယ်ပွဲတွေ ဘာတွေလုပ်တယ်။ နောက်ပြီးတော့ သင်တန်းတွေပေးတယ်။ ဒါတွေက ကျမတို့ တတ်နိုင်သမျှ လုပ်တာပေါ့နော်။ အခုဆိုလို့ရှိရင်လည်း ကျမတို့ စပြီးတော့ ဒီ Rules of law centre ပေါ့နော်၊ တရားဥပဒေစိုးမိုးရေးစင်တာဆိုပြီးတော့ ကျမတို့ အစမ်းအားဖြင့် မန္တလေးနဲ့လားရှိုးမှာဖွင့်တယ်။ အဲဒီမှာဆိုလို့ရှိရင်လည်း ကျမတို့် မျှော်လင့်သလောက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပါဝင်ပတ်သက်မှုမရှိဘူး။ ဒါပေမယ့်လည်း ကျမတို့ကတော့ တတ်နိုင်သလောက် လုပ်သွားမှာပဲ။ ဒီလိုပ၊ဲ တဆင့်ချင်းတဆင့်ချင်း ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်အနေနဲ့ လုပ်နိုင်သမျှတော့ ကျမတို့က လုပ်သွားမှာပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ နောက်အကြောင်းအရာလေးတစ်ခုလောက် မေးချင်ပါတယ်။ မကြာခင်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံကိုသွားဖို့ အစီအစဉ်လေးရှိတယ်ဆိုပြီးတော့ သတင်းထွက်ပါတယ်။ အဲဒီမေးခွန်းကိုလည်း ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ ဖြေတော့ဖြေပြီးပါပြီ။ အတိအကျမရှိသေးဘူးဆိုတဲ့သဘောပေါ့နော်၊ ဒီကြားထဲမှာ တစုံတရာများ ထူးထူးခြားခြား ထပ်ပြီး တိုးတက်မှုတွေရှိနေသလား၊ အစီအစဉ်လုပ်လာတာတွေ ရှိနေပလား၊ တကယ်လို့များသွားဖြစ်တယ်ဆိုလို့ရှိရင် ဒါ မြန်မာနိုင်ငံရဲ့အင်အားကြီး အိမ်နီးချင်း နိုင်ငံကြီးတစ်ခုကို ပထမဦးဆုံးသွားရောက်တဲ့ခရီးလည်းဖြစ်တယ်။ အရေးပါတဲ့ခရီးစဉ်လို့ ကျနော်တို့ ယူဆရပါတယ်။ ဘယ်လိုအကြောင်းအရာတွေများ စီစဉ်နေသလဲဆိုတာကို သိချင်တယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ အဲဒါတော့ တိတိကျကျ မစီစဉ်ရသေးပါဘူး။ ကိုယ့်အချိန်၊ သူ့အချိန်ပေါ့နော်- ဟိုဘက်ဒီဘက် ညှိရတာတွေကလည်း တခါတလေ သိပ်ပြီးတော့ မလွယ်ပါဘူး။ ကျမအားတဲ့အချိန်နဲ့ ဟိုဘက်ကလည်း သူတို့အတွက် အဆင်ပြေတဲ့အချိန်ဆိုတာက ချက်ခြင်းကိုက်အောင် လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ နောက်ပြီးတော့လည်း ပြောရမယ်ဆိုလို့ ရှိလို့ရှိရင် အိမ်နီးချင်းနိုင်ငံ- အင်အားကြီးနိုင်ငံကြီးတခုဆိုလို့ရှိရင် ကျမ အိန္ဒိယကို သွားပြီးပါပြီ။ အဲဒီတော့ ကျမတို့က အိမ်နီးချင်းနိုင်ငံကြီးပေါ့နော်- အင်အားကြီးနိုင်ငံကြီးက နှစ်ခုရှိပါတယ်။ အဲဒီတော့ ဘယ်လိုပဲပြောပြော ကျမတို့က မြန်မာနိုင်ငံရဲ့အစဉ်အလာပေါ့နော်၊ လွတ်လပ်ရေးရပြီးကတည်းက အစဉ်အလာအရ ကိုယ့်ရဲ့အိမ်နီးချင်းနိုင်ငံတွေအားလုံးနဲ့အဆင်ပြေအောင် နေရေးကိုပဲ ဦးတည်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ တရုတ်နိုင်ငံနဲ့ကိစ္စက အထူးတလည်ပေါ့နော်၊ မြန်မာနိုင်ငံအရေးမှာ အားလုံးစိတ်ဝင်စားတဲ့ကိစ္စ ဖြစ်တယ်လေ။ အထူးသဖြင့် လူထုကြားထဲမှာ တော်တော်လေးလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရဖူးတဲ့ မြစ်ဆုံကိစ္စ၊ နောက်ပြီးတော့ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကိစ္စ- ဒီကိစ္စမျိုးတွေမှာဆိုလို့ရှိရင် လူထုရဲ့ကန့်ကွက်မှုတွေ တော်တော်များများရှိခဲ့တယ်။ ရှိခဲ့တဲ့အခါကျတော့ သမ္မတဦးသိန်းစိန်လက်ထက်က ဆိုလို့ရှိရင်လည်း လူထုရဲ့ကန့်ကွက်မှုတွေကြောင့်ဆိုပြီးတော့ (အခုထိလည်း သမ္မတဦးသိန်းစိန် လက်ထက်လေ-) အဲ-ဟုတ်ကဲ့၊ သမ္မတ ဦးသိန်းစိန် ကလည်း သူ့လက်ထက်မှာ သူက ခဏရပ်ဆိုင်းထားတယ်ဆိုတဲ့ပုံစံကို - ဒီ မြစ်ဆုံစီမံကိန်းကို အပြီးအပိုင်ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ အဆင့်ကို မရောက်သေးဘူး။ ဒါ နိုင်ငံတကာ စာချုပ်စာတန်းတွေနဲ့လုပ်နေတဲ့ကိစ္စ၊ ဒီကိစ္စမှာ ကျနော်သွားပြီးသတိထားမိတာက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆိုလို့ရှိရင်လည်း လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကိစ္စမှာ ဒေသခံတွေ ဒေသတွင်းဖွံ့ဖြိုးမှု၊ လူထုရဲ့ဆန္ဒ၊ နိုင်ငံတကာ စာချုပ်စာတန်းတွေအပေါ် လေးစားမှု - ဒီကိစ္စတွေကို အချိုးညီစေရမယ်၊ ဒါတွေကို အကုန်လုံးနှိုင်းယှဉ်ပြီးတော့ စဉ်းစားရမယ်ဆိုပြီးတော့ ပြောသွားတာမျိုး ကျနော် မှတ်သားဖူး ပါတယ်။ အဲဒီတော့ တကယ်လို့များ သမ္မတဦးသိန်းစိန်ရဲ့အစိုးရသက်တမ်းဟာ ကုန်ခါနီးနေပြီ။ ဒီကိစ္စတွေပေါ်လာမယ်ဆိုရင် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားက ဘယ်လိုဖြေရှင်းချင်လဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ကတော့ တာဝန်ယူမှု၊ တာဝန်သိမှုအပေါ်မှာ အခြေခံပြီးတော့ ဖြေရှင်းသွားမှာပါ။ ကျမတို့အနေနဲ့ တိုင်းပြည်အတွက် အကောင်းဆုံးလို့ထင်တဲ့အဖြေကို ကျမတို့ရှာသွားမှာပဲ။ အဲဒီတော့ ဒီဟာကို အများက သဘောတူညီချင်မှလည်း ညီမယ်၊ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းက အမြဲသဘောတူတာမဟုတ်ဘူးပေါ့နော်၊ သို့သော်ငြားလည်း အဓိက-ကတော့ ကျမတို့က နိုင်ငံအပေါ်မှာ စေတနာရှိတယ်ဆိုလို့ရှိရင် အမှန်လမ်းကိုပဲ ကျမတို့ရွေးရမှာပါ။ ဒီလိုရွေးလို့ ကျမတို့ အမြဲမှန်မယ်လို့လည်း အာမ မခံနိုင်ဘူးပေါ့နော်-လူဆိုတာ မှားတတ်တာပဲ။ ဒါပေမယ့် ကြည့်သင့်တဲ့အရာတွေအားလုံးကို သေသေချာချာကြည့်ပြီးတော့ လေ့လာပြီးတော့ မှန်ကန်တဲ့အဖြေတခုကိုတော့ ရှာလို့ရမယ်လို့ ကျမတို့ မျှော်လင့်တယ်။ အဲဒီတော့ အဲဒီမှာဆိုလို့ရှိရင် အခု ခဏခဏပြောနေတဲ့ ကောင်းသောအုပ်ချုပ်မှုပေါ့- Good Governance - အဲဒီဟာ-ဟာ တာဝန်ယူမှုနဲ့ ပွင့်လင်းမြင်သာမှု အပေါ်မှာ အခြေခံတယ်ဆိုတော့ ဒီလိုဟာမျိုးမှာလည်း ဒီလိုပဲသွားရမှာပဲ။

“ကျမတို့ လက်ပန်းတောင်းတောင် ကိစ္စနဲ့ပတ်သက်လို့ရှိရင် လက်ပန်းတောင်းတောင်နဲ့ပတ်သက်တဲ့ ကွန်ထရိုက်တွေထဲမှာ ဘာတွေပါခဲ့လဲ။ ကျမတို့က ဘာတွေပြုပြင်ဖို့အကြံပြုတယ်။ ဘယ်လို…ဘာလိုဆိုတာ အတိအကျ အသေးစိတ် - အစီရင်ခံစာထဲမှာ ပါပါတယ်။ ဒါပေမယ့် အများစုကတော့ မဖတ်ပါဘူး။ အစီရင်ခံစာကို မဖတ်ဘဲနဲ့ တခြားလူပြောတာတို့၊ ဒါမှမဟုတ် အကျဉ်းချုံးတင်ပြတဲ့အပေါ်မှာတို့-အခြေခံပြီးတော့ ထင်သလိုပေါ့နော်- ထင်သလို ဆွဲပြီးတော့ ယူတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ပွင့်လင်းမြင်သာမှုဆိုတာ ဒီ မြစ်ဆုံကိစ္စမှာဆိုလို့ရှိရင် မြစ်ဆုံ ရေကာတာစီမံကိန်းတွေနဲ့ပတ်သက်လို့ ဘယ်လို သဘောတူညီချက်တွေရှိသလဲဆိုတာ ကျမတို့မသိဘူး။ ကျမ မသိဘူး။ ကျမတို့ပြည်သူပြည်သားတွေမသိဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူး။ နောက်ပြီးတော့လည်း အမှန်ပြောမယ်ဆိုရင် အခုထိတော့ တာဝန်ယူမှုတော့ ပြည့်ပြည့်စုံစုံ မရှိသေးဘူးလို့ပဲ ဒီလိုပဲ ကျမတို့ ပြောရမှာပဲ။

ဦးသန်းလွင်ထွန်း။ ။ အခု လတ်တလောဖြစ်နေတဲ့ ပြည်တွင်းကိစ္စလေးတခုကို မေးချင်တယ်။ အဲဒါကတော့ ကျောင်းသားတွေကိစ္စ၊ အခု လောလောဆယ်မှာ တက္ကသိုလ်ကျောင်းသားတွေက မြန်မာနိုင်ငံပညာရေးဥပဒေ၊ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်တယ်ဆိုပြီး ဆန္ဒပြပွဲလေးတွေ ပေါ်ပါတယ်။ ဒီဥပဒေကလည်း ပြန်ကြည့်လိုက်တဲ့အခါကျတော့ အခု လွှတ်တော်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အပါအဝင် တင်ပြခဲ့တဲ့ အချက်တွေနဲ့ အတည်ပြုပြဌာန်းပေးထားတဲ့ ဥပဒေဖြစ်နေတယ်။ ကျောင်းသားတွေရဲ့ဆန္ဒပြမှုဟာ အများစုလား၊ အနည်းစုလားဆိုတာတော့ ရေရှည် ဆိုရင်တော့ သိရမှာပေါ့လေ၊ ဒါပေမယ့် လောလောဆယ် ဒီဥပဒေကို မကျေမနပ်နဲ့ဆန္ဒပြမှုတွေ ပေါ်လာတယ်ဆိုတော့ ဒီကျောင်းသားတွေရဲ့ဆန္ဒအပေါ် ပြောဆိုချက်တွေကိုရော ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုမြင်သလဲခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ အခု ကျောင်းသားတွေကနေပြီး ကန့်ကွက်တဲ့တချို့အချက်တွေဆိုလို့ရှိရင်လည်း ကျမတို့အဖွဲ့ချုပ်က မကြိုက်တဲ့ အချက်တွေလည်း ပါပါတယ်။ ဒါပေမယ့်လည်း ကျမတို့က လူနည်းစုပဲ။ ကျမတို့ပြုပြင်ပေးတဲ့အချက်တွေ၊ ဒီလွှတ်တော်အတွင်းမှာ အားလုံး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်လုပ်တယ်ဆိုတာကိုလည်း ဒါကို အသိအမှတ်ပြုတယ်။ နောက်ပြီးတော့ ဥပဒေကိုဆွဲတဲ့ ကော်မတီကလည်း တော်တော်ကို မျှမျှတတ လုပ်ပါတယ်။ အဲဒီထဲမှာ ကျမတို့ရဲ့ပြုပြင်တာတွေ၊ ကျမတို့ရဲ့အဆိုပြုချက်တွေလည်း အများကြီး ပါပါတယ်။ ဒါပေမယ့် ၁၀၀ % တော့ မဟုတ်ဘူးပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ဒါက လွှတ်တော်ရဲ့သဘောထားချည့်ပဲလည်း အားလုံးမဟုတ်သေးဘူး။ ဟိုဘက်က အုပ်ချုပ်ရေးပိုင်းဆိုင်ရာက သဘောထားတွေလည်း ပါပါတယ်။ အဲဒီတော့ အခု ဒီလို ပြဿနာတွေ ဖြစ်နေရတာက ကျောင်းသားတွေ မကျေမနပ်ဖြစ်နေတဲ့အထဲမှာ အဓိက ဒီလို ဖြစ်ရတဲ့အကြောင်းကို ကျမ ဘာမြင်လဲဆိုတော့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စကို အချိန်မီမလုပ်လို့ပါပဲ။

… ဥပမာဆိုလို့ရှိရင် တချို့ ကျောင်းသားတွေ ကန့်ကွက်နေတဲ့ကိစ္စတွေဟာ နည်းဥပဒေတွေနဲ့နွယ်နေတာတွေ ရှိတယ်။ နည်းဥပဒေတွေ မထွက်သေးဘူး။ နည်းဥပဒေတွေထွက်လာလို့ရှိရင် ပိုပြီးတော့ ကျောင်းသားတွေ (ကျောင်းသားသမဂ္ဂဖွဲ့ဖို့ တောင်းတဲ့ ကိစ္စမျိုးတွေလား…) အဲဒါကျတော့ နည်းဥပဒေတင် မကဘူး။ နောက် အဆင့်မြင့်ပညာရေးဥပဒေတွေနဲ့လည်း ဆိုင်ပြန်ရော၊ အဆင့်မြင့်ပညာရေးဥပဒေဆိုတာလည်း ကျမက အဆင့်မြင့်ပညာရေး ဥပဒေ ရေးဆွဲရေး လွှတ်တော်ရဲ့ကော်မတီ ဥက္ကဋ္ဌဖြစ်တယ်။ ဒါပေမယ့် ကျမတို့အနေနဲ့ ဒီဥပဒေကြမ်းက အုပ်ချုပ်ရေးပိုင်းဆိုင်ရာဘက်က ရောက်ဖို့ စောင့်ရတယ်။ ကျမတို့ကတော့ အကြမ်းဖျင်းအဆင်သင့်ဖြစ်ထားတယ်။ ဒါပေမယ့် ဟိုဘက်က မရောက်မချင်း ကျမတို့ ဘာမှ လုပ်လို့မရဘူး။ ဟိုဘက်ကလာတဲ့ ဥပဒေကြမ်းပေါ်မှာမှ ကျမတို့ဆွေးနွေးပြီးတော့ ကျမတို့ပြင်ချင်တာတွေကို အဆိုပြုပြီးတော့ အတည်ပြုချက်ယူဖို့ဖြစ်တယ်။ အဲဒီတော့ အချိန်ကို လုပ်သင့် လုပ်ထိုက်တဲ့အခါမှာ အချိန်အရ မလုပ်လိုက်တဲ့အခါရယ်၊ မလိုအပ်တဲ့၊ မလိုလားအပ်တဲ့ပြဿနာတွေပေါ်လာတယ်။ အခု ဒီ နည်းဥပဒေတွေကလည်း ထွက်ပြီ။ အဆင့်မြင့်ပညာရေးဥပဒေတွေကလည်း ထွက်ပြီဆိုရင် ကျောင်းသားတွေအနေနဲ့ပိုပြီးတော့ သူတို့ ရှင်းရှင်းလင်း ဆုံးဖြတ်လို့ရမယ်။ သူတို့ရဲ့ ဆန္ဒတွေနဲ့ ကိုက်ညီလား၊ မကိုက်ညီဘူးလား။ ဘယ်ဟာတွေကို သူတို့ တကယ်ကန့်ကွက်ချင်တာလဲ။ ဘယ်ဟာတွေကိုဆိုရင် သူတို့လက်ခံနိုင်သလဲ ဆိုတာကို- ပြောရမယ်ဆိုရင် ပုံတခုလုံးပေါ်တာပေါ့။ ပုံတခုလုံး မပေါ်သေးတဲ့အခါကျတော့ မကျေနပ်မှုတွေကလည်း ရှိမှာပဲ၊ ဖြေရှင်းရတာလည်း ခက်တာပေါ့။ ပုံတပိုင်းပေါ်မှာ အြေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်း တို့ သီးသန့်တွေ့ဆုံမေးမြန်းခန်း။ (နိုဝင်ဘာ ၂၃၊ ၂၀၁၄)

မြန်မာနိုင်ငံရဲ့အပစ်အခတ်ရပ်စဲရေးဆိုင်ရာလိုအပ်ချက်၊ မြစ်ဆုံဆည်နဲ့ လက်ပန်းတောင်းတောင် စီမံကိန်းဆိုင်ရာ သဘောထားအမြင် စတာတွေအပြင် လက်ရှိ ကျောင်းသားတချို့ဆန္ဒပြနေမှု အခြေ အနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးထားတဲ့ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ (မြန်မာပိုင်း) ဌာနရဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းအပိုင်း (၂) ကို တင်ပြပေးထားပါတယ်။