Wednesday, September 18, 2013

ယခုနှစ် ချန်ပီယံလိပ်ရာသီမှာ ဘယ်တိုက်စစ်အတွဲကို အကြိုက်ဆုံးလဲ

Photo: ယခုနှစ် ချန်ပီယံလိပ်ရာသီမှာ ဘယ်တိုက်စစ်အတွဲကို အကြိုက်ဆုံးလဲ
Wednesday, September 18, 2013

ပြိုင်ပွဲဝင်ကလပ်အသင်းများ၏ အကောင်းဆုံးတိုက်စစ်တွဲများ ယခုနှစ် ချန်ပီယံလိပ်ရာသီမှာ အစွမ်းပြကစားကြတာကို ပရိတ်သတ်များ မြင်တွေ့ရနိုင်ပါသည်။ အကောင်းဆုံးတိုက်စစ်တွဲထဲမှ စပိန်ကလပ်အ သင်းကြီး နှစ်သင်းက တိုက်စစ်တွဲကတော့ ပရိတ်သတ်အကြား ရေ ပန်းစားလျှက် ရှိနေပါသည်။ အားလုံးလည်း သိပြီးဖြစ်မှာပါ ဒီနှစ်ရာသီမှာ အသီးသီး ပြောင်းရွှေ့ လာတဲ့ ဘေးလ် နှင့် နေမားတို့ကြောင့် ဘာစီလိုနာ မှာဆိုရင် မက်ဆီ နှင့် နေမား တိုက်စစ်အတွဲ၊ ရီးရဲလ်မက်ဒရစ်မှာဆို ရင် ရော်နယ်ဒိုလေး နှင့် ဘေးလ်တို့၏ တိုက်စစ်တွဲများဖြစ်တည်လာခဲ့ပြီး ပရိတ်များ အာရုံစိုက် စောင့်ကြည့်ခံရမည့် တိုက်စစ်တွဲများဟု ဆိုရင် လွဲအံ့မထင်ပါ။

မက်ဆီ နှင့် နေမားကတော့ မယုံကြည်နိုင်လောက်အောင် ကလပ်အ သင်းတွေမှာ အစွမ်းပြနေတဲ့ ကစားသမားများဖြစ်ကြပါသည်။ နေမား တစ်ယောက်အနေဖြင့် ကွန်ဖရက်ဒေးရှင်းဖလားအပြီးတွင် ဖရီးကစ်ကန်သွင်းမှု ပိုမိုလေ့ကျင့်နေတာကို တွေ့ရပါတယ်။ နေမးအနေဖြင့် ဘာစီလိုနာ နဲ့ အသားကျဖို့ အစဘဲရှိနေသေးပေမဲ့လည်း သေချာ တာတစ်ခုကတော့ ယခုထက် ပိုမိုပြီး နောက်ပိုင်း ဘာစီလိုနာပွဲတွေမှာ အန္တရာယ်ကစားသမားအဖြစ် ပြိုင်ဘက်အသင်းများကို ဒုက္ခပေးနိုင် လာမည်ဟု ထင်မြင်မိပါသည်။ မက်ဆီရဲ့  ခုလက်ရှိ အရည်အချင်းတွေနဲ့ ပတ်သတ်ပြီးတော့ အားလုံးလည်း သိရှိပြီးဖြစ်မှာပါ။ ဘာစီလိုနာမှာ ကြိုက်တဲ့ တိုက်စစ်မှုးများ နဲ့ တွဲကစားနိုင်တဲ့ အရည်အချင်းရှိတာမို့ ခုလို အရည်အသွေးရှိတဲ့ နေမားနဲ့ တွဲဖက်လိုက်ရင် ပိုမိုတောင်ပြောင်လာနိုင်ကြောင်း ထင်မြင်မိကြောင်းပါ။

နောက်တိုက်စစ်တွဲ တစ်ခုကတော့ ရိုနယ်ဒို နှင့် ဂျာရက် ဘေးလ် တို့၏ တိုက်စစ်တွဲပါ။ အထက်အောက် ပြေးဆင်းနိုင်မှု နှင့်အတူ တိကျ မြန်ဆန်လှတဲ့ အဝေးကစ်ဘောတွေ ကောင်းလှတဲ့ လက်ရှိစံချိန်ရှင် နှစ်ယောက်ကတော့ အန်ဆန်လော့တီ၏ ရီးရဲလ်အသင်းတိုက်စစ်အတွက် အားထားရမည့် သူတွေပါ။

ချုပ်ကိုင်ထိန်းချုပ်ကစားရင်လည်း သူတို့က သင့်ကိုနောက်မှာချန်ထား ကာပြေးထွက်သွားတက်ကြပါသေးတယ်။ အလွန်လျှင်မြန်လွန်းလှတဲ့ သူတွေပါ။ လှစ်ခနဲပြေးထွက်ကစားနိုင်ပြီး အသင်းအတွက် များစွာ အားဖြည့်ကစားနိုင်ကြတဲ့ သူတွေပါ။ ဘောလုံးကျွမ်းကျင်မှု ကောင်းလှတဲ့ မက်ဆီ နှင့်နေမားတို့အတွဲက ဒီပြိုင်ပွဲမှာ တောက်ပ လာနိုင်သလို၊ ဘေးလ် နှင့် ရိုနယ်ဒိုလေးတို့ တိုက်စစ်အတွဲကလည်း သူတို့တောက်ပ မှုထက် ပိုမိုကာ အစွမ်းပြ ကစားနိုင်ကြမလားဆိုတာတော့ ကဖေးပရိတ်သတ်ကြီးတို့ စောင့်ကြည့် အားပေးရပေအုံးတော့မည်။

Written by မိုးတိမ်
FOOTBALL CAFE
ပြိုင်ပွဲဝင်ကလပ်အသင်းများ၏ အကောင်းဆုံးတိုက်စစ်တွဲများ ယခုနှစ် ချန်ပီယံလိပ်ရာသီမှာ အစွမ်းပြ ကစားကြတာကို ပရိတ်သတ်များ မြင်တွေ့ရနိုင်ပါသည်။

ဓါးဖြင့်ထောက်ကာ ရွှေဆွဲကြိုးလုယူသွားသည့် တရားခံအားဖမ်းဆီးရမိ

Photo: ဓါးဖြင့်ထောက်ကာ ရွှေဆွဲကြိုးလုယူသွားသည့် တရားခံအားဖမ်းဆီးရမိ
Wednesday, September 18, 2013

၁၃.၉.၂၀၁၃ ရက်နေ့ ၁၃၀၀ အချိန် မြောက်ဥက္ကလာပမြို့နယ်နေ
ဒေါ်မီမီခိုင်သည်နေအိမ်၌ရှိနေစဉ်ယခင်ကခင်မင်ရင်းနှီးသူ မောင်မောင်မြင့်
(ဘ)ဦးထွန်းကြည်၊ (ဈ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေသူ
ရောက်ရှိလာသဖြင့် ဝေဘာဂီမြို့သစ်၊ (၅)ရပ်ကွက်၊ မဂ္ဂင်လမ်းရှိ
မြေကွက်အား မြက်များရှင်းလင်းခိုင်းခဲ့ပြီးနောက် သွားရောက်ကြည့်ရှုစဉ်
မောင်မောင်မြင့်မှ ခါးကြားတွင်အသင့်ပါလာသောဓါးဖြင့် ဒေါ်မီမီခိုင်အား
ထောက်ပြီး လည်ပင်းတွင်ဝတ်ဆင်ထားသော အလေးချိန်(၃)ကျပ်သား
ခန့်ရှိရွှေဆွဲကြိုး(၁)ကုံး၊ တန်ဘိုးငွေကျပ်(၂၁)သိန်းအား
ခြိမ်းခြောက်လုယူသွားသဖြင့် အရေးယူပေးရန်တိုင်တန်းခဲ့၍
ဝေဘာဂီနယ်မြေရဲစခန်း (ပ)၂၅၇/၂၀၁၃၊ ပုဒ်မ ၃၈၄ ဖြင့်အမှုဖွင့် အရေးယူကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ဝေဘာဂီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အဆိုပါအမှုမှ
ပြစ်မှုကျူးလွန်သူ မောင်မောင်မြင့်အား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ မန္တလေးမြို့သို့ထွက်ပြေးတိမ်းရှောင်သွားကြောင်း
စုံစမ်းရရှိသဖြင့် ၁၄.၉.၂၀၁၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊
တောင်ငူမြို့ဘူတာမှစောင့်ဆိုင်း၍ မီးရထားရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း
ရှာဖွေကာဖမ်းဆီးခဲ့ပြီး သက်သေခံပစ္စည်းရွှေဆွဲကြိုးအား ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပါသည်။

ပြစ်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် အရိုးအသွား(၁၁)လက်မခန့်ရှိ
ဓါးဦးချွန်(၁)ချောင်းအား မဂ္ဂင်လမ်းထိပ်ရှိ ရေမြောင်းအတွင်း၌
လွှင့်ပစ်ထားခဲ့ကြောင်းသိရှိရသဖြင့် ရှာဖွေသိမ်းဆည်းခဲ့ပြီး ၎င်းအား
ဝေဘာဂီနယ်မြေရဲစခန်း(ပ)၂၅၉/၂၀၁၃၊လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် 
ထပ်မံအရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၃.၉.၂၀၁၃ ရက်နေ့ ၁၃၀၀ အချိန် မြောက်ဥက္ကလာပမြို့နယ်နေ ဒေါ်မီမီခိုင်သည်နေအိမ်၌ ရှိနေစဉ် ယခင်က ခင်မင်ရင်းနှီးသူ မောင်မောင်မြင့် (ဘ)ဦးထွန်းကြည်၊ (ဈ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေ

သြစတြေးလျရဲ့ ဝန်ကြီးချုပ်သစ် ကျမ်းကျိန်

Photo: သြစတြေးလျရဲ့ ဝန်ကြီးချုပ်သစ် ကျမ်းကျိန်
Wednesday, September 18, 2013

သြစတြေးလျ နိုင်ငံမှာ အခုလ အစောပိုင်းက ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးတဲ့နောက် မစ္စတာ တိုနီ အက်ဘော့ Tony Abbott က ဝန်ကြီးချုပ်သစ် အဖြစ် ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ဗဟို လက်ယာ ညွန့်ပေါင်း အဖွဲ့ ခေါင်းဆောင် မစ္စတာ အက်ဘော့က သူ ဦးစားပေး လုပ်ဆောင်မှာ တွေက ကာဘွန် ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှင့်မှု အပေါ် အခွန် ကောက်တာကို ပယ်ဖျက်ပြီး သြစတြေးလျ ရဲ့ ရာသီဥတု ပြောင်းလဲမှု ကာကွယ်ရေး ဆိုင်ရာ အာဏာပိုင် အဖွဲ့ကို ဖျက်သိမ်းတာ တို့ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် သြစတြေးလျမှာ ခိုလှုံခွင့် တောင်းခံဖို့ အင်ဒိုနီးရှား နိုင်ငံ ကနေ လှေတွေနဲ့ ဝင်ရောက် လာကြသူတွေကို တားဆီးနိုင်ရေး အစီအစဉ် တစ်ရပ်ကိုလည်း အမြန် အကောင် အထည် ဖော်သွားမယ်လို့ သူက ပြောပါတယ်။

သူ့ အစိုးရ အဖွဲ့မှာ အမျိုးသမီး တစ်ယောက်ကိုသာ ထည်းသွင်း ထားတဲ့ အတွက် မစ္စတာ အက်ဘော့ကို ဝေဖန်မှုတွေ ရှိနေပါတယ်။

BBC

သြစတြေးလျ နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် တိုနီ အက်ဘော့
သြစတြေးလျ နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် တိုနီ အက်ဘော့
သြစတြေးလျ နိုင်ငံမှာ အခုလ အစောပိုင်းက ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးတဲ့နောက် မစ္စတာ တိုနီ အက်ဘော့ Tony Abbott က ဝန်ကြီးချုပ်သစ် အဖြစ် ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ဆေးလိပ် တစ်လိပ်ချင်း ရောင်းလျှင် ရန်ကုန်တွင် ဖမ်းမည်

၂၀၀၆ ခုနှစ်က စတင်ကာ ဥပဒေ ပြဋ္ဌာန်းထားသော်လည်း အမှန်တကယ် လိုက်နာဆောင်ရွက်မှု လုံးဝနီးပါး မရှိသေးသည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေ အသက်ဝင် စေရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဈေးဆိုင်များတွင် ဆေးလိပ် တစ်လိပ်ချင်း ရောင်းချပါက ဖမ်းဆီး အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။

အမြင်အားကောင်းစေမည့် အကျင့်ခုနှစ်ရပ်

အမြင်အာရုံကို ကောင်းမွန်အောင် ဂရုစိုက်ပေးတာက ဘဝ အရည်အသွေးကို တိုးတက် စေပါ တယ်။ အောက်ပါ အကျင့် ကောင်းတွေကို ထိန်းသိမ်းနေထိုင် တာကြောင့် အမြင်အာရုံ ကို ကောင်းမွန်စေ ပါတယ်။
(၁) မျက်စိကို နေကာမျက်မှန် ကာကွယ်ပါ

ကျိုက်ထီးဆောင်းဆရာတော် ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမည်

Photo: ကျိုက်ထီးဆောင်းဆရာတော် ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမည်
Wednesday, September 18, 2013

ပြည်တွင်းပြည်ပ ပညာရှင်အချို့ ဆယ်ယူနိုင်ခြင်း မရှိသေးသည့် ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူရန် ရန်ကုန်တိုင်းအစိုးရထံမှ ခွင့်ပြုမိန့်ရပြီးဖြစ်ကြောင်း ကျိုက် ထီးဆောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိ ကဓဇ ဘဒ္ဒန္တပညာဒီပက မိန့်ကြားသည်။

သတ္တမ သင်္ဂါယနာတင်သည့်အချိန်တွင် ဓမ္မစေတီ ခေါင်းလောင်းကြီးကိုထိုး၍ အမျှအတမ်းဝေမည်ဖြစ်သည့် အ တွက်ကြောင့် ပြန်လည်ဆယ်ယူခြင်းဖြစ်ပြီး အဆိုပါ   ခေါင်း လောင်းကိုဆယ်ယူရန်  နိုင်ငံတော်အကြီးအကဲများကလည်း သဘောတူလက်ခံကြောင်း လိုအပ်သည့်ကိစ္စများကို ကူညီ မည်ဟုပြောကြောင်း ဆရာတော်က ဆက်လက်မိန့်သည်။

”ပဉ္စမသင်္ဂါယနာ မန္တလေးမှာတင်ခဲ့ပြီးပြီ။ ဆဋ္ဌမသင်္ဂါ ယနာ ရန်ကုန်မှာတင်ခဲ့ပြီးပြီ၊ နောင် သတ္တမသင်္ဂါယနာ တင်တဲ့အခါကျရင် ဒီခေါင်းလောင်းကြီးကို ထိုးမလို့၊ သောင်း တိုက်စကြဝဠာအထိ၊ အဲဒီအခါကျရင်တော့ရှေးတုန်းက ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ နေထိုင်တဲ့နိုင်ငံပဲ။ ဒါမျိုးတွေ ပေါ်ပေါ်ထွန်းထွန်း အခက်အခဲတွေကနေ   အောင်မြင်   ကျော်လွှားတယ်ဆိုရင် တိုင်းပြည်ရော ဘာသာသာသနာ ရော လူမျိုးရောအားလုံး ကုသိုလ်တွေ လိုက်ဖက်ညီအောင် ဖွံ့ဖြိုးလာမယ်၊ ကုသိုလ်တွေ …စည်ပင်ဖွံ့ဖြိုး သလို တိုင်းပြည်တွေပါ အားလုံးစည်ပင် ဖွံ့ဖြိုးတိုးတက်မယ်၊ နယ်မြေအစိုးရ  မင်း ရာဇာတွေလည်းပဲ မင်းကောင်းမင်းမြတ် တွေ ပေါ်ထွန်းမယ်၊စီမံခန့်ခွဲအုပ်ချုပ်မင်း ပြုတဲ့သူတွေ၊ အဲဒီထဲမှာ ထင်ရှားတာ တော့ ခေါင်းလောင်းကြီးရဲ့ဒါယကာ၊ရွှေတိဂုံဘုရားကြီးရဲ့ဒါယကာ ဓမ္မစေတီမင်း ကြီး လုပ်ရတာ၊ အဲဒီအလုပ်ဆိုတော့ အဲဒါနဲ့ ညီမျှတာ အောင်မြင် မှုရရင် ရွှေ တိဂုံဘုရားကြီးရဲ့ ကုန်းတော်ပေါ်ရောက် ရင် ဝမ်းမြောက်စရာလည်းရှိမယ်၊ အဲဒါ  ကြောင့် ဒီက  အဖုံဖုံ အင်အားကြီးသလို ကမ္ဘာအထိပါ အကြောင်းဆက်နေ တယ်၊ ကောင်းဖို့ပါ”ဟု ဆရာတော်က ခေါင်း လောင်းဆယ်ယူရသည့် အကြောင်းရင်း နှင့်အကျိုးဆက်ကို မိန့်ကြားသည်။

လက်ရှိတွင် ယင်း ဓမ္မစေတီခေါင်း လောင်းသည် သန်လျင်မြို့အနီး ပဲခူးမြစ် နှင့် ရန်ကုန်မြစ် ဆုံရာတွင် ရှိသည်ဟု ပြည်တွင်းပြည်ပ ပညာရှင်များက ခန့် မှန်းပြောဆိုေ နသော်လည်း တိကျသည့် တည်နေရာ အထောက်အထား တစ်စုံ တစ်ရာ မရရှိသေးပေ။ ဆရာတော်အနေ ဖြင့်လည်း ယခု ထိုခေါင်းလောင်းကို ဒိဋ္ဌ  ပြန်လည်ဆယ်ယူရ ရှိနိုင်မည်ဟု မဆိုလို ကြောင်း၊ ကံအလုပ်သည် ဒိဋ္ဌပြောဆို၍ မရ၊ ခြွင်းချက်ရှိကြောင်း မိန့်သည်။

”ဘုရားဂုဏ်၊တရားဂုဏ်၊ သံဃာ့ ဂုဏ်ကြောင့် အခြေခံထားပြီး လုပ်ကြည့် မယ်။ အခုချိန်ထိ ပြောဆိုကြတဲ့အထဲမှာ ငါလုပ်လို့ရမယ်လို့မပြောသေးဘူး။ ပြော ကြတာ အပြင်က ပြောကြတာ။ ဒီကဆံ တော်ရှင်တွေလည်း သူများလုပ်လို့ မရ တာလုပ်လို့ရကြတယ်။ကျိုက်ဓနုတ်ဘု ရားကြီးလည်း ခဏခဏပြိုတယ်၊အခက် အခဲတွေကို လည်း အောင်မြင်တယ်။ ဒီ ခေါင်းလောင်းကြီးလည်း ရနိုင်ပါတယ်။ ဒါကတော့ သူတို့ပြောတာ။ ဒီက အမြင် ကတော့ ဘာမဆို လောကကံကိစ္စဆို တာ အမြဲ ခြွင်းချက်ထား တယ်။ ရနိုင် အောင်ကြိုးစား၊ နည်းအမျိုးမျိုးသာသနာ မှာ ရှိတယ်။ ကုသိုလ်နဲ့တော့အကြောင်း ခံရတယ်။ အဲဒီ နည်းလမ်းများနဲ့ လုပ် ဆောင်ရမယ်။ သို့သော်အခုချိန်ထိ မလုပ် သေးဘူး။ မလုပ်သေးတာ။ လိုချင်တဲ့ပုံစံ ကိုမဖြစ်သေးဘူး”ဟု ဆရာတော်က မိန့် သည်။

ထိုကုန်ကျစရိတ်များအတွက် ဇေ ကမ္ဘာကုမ္ပဏီမှ တာဝန်ယူမည်ဟု သိရ သည်။ ယခုအချိန်တွင် ခေါင်းလောင်းကြီး နှင့်ပတ်သက်သည့် သမိုင်းစာတမ်းအ ထောက် အထားများကို စုဆောင်းလေ့ လာနေကြောင်း၊ ပွင့်လင်းရာသီရောက် မည့် ဝါကျွတ်ဝါပအချိန်တွင် လုပ်ငန်း စတင်နိုင်ခြေရှိကြောင်း၊ ဆရာတော် အနေဖြင့် ခေါင်းလောင်း ဆယ်ယူသည့် လုပ်ငန်းကို ကူညီလိုသူ၊ လုပ်အားပေးလို သူများကိုလည်း သတ်မှတ်သည့် စည်း ကမ်းချက်များ လိုက်နာပါက လက်ခံ မည်ဟု  ဆရာတော်က ဆက်လက် မိန့်ကြားခဲ့သည်။

ကျိုက်ထီးဆောင်းဆရာတော်သည် ကျိုက်ဓနုတ် ဆံတော်ရှင်စေတီတော် ပြိုပျက် ထိခိုက်ပျက်စီးခြင်းကို  ပြုပြင်ရာ မှ အကြောင်းဆက်ကာ ယခု ခေါင်း လောင်းကြီးအား ဆယ်ယူရန် အဓိဋ္ဌာန် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းနောင်

Popular Myanmar News Journal
ပည်တွင်းပြည်ပ ပညာရှင်အချို့ ဆယ်ယူနိုင်ခြင်း မရှိသေးသည့် ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူရန် ရန်ကုန်တိုင်းအစိုးရထံမှ ခွင့်ပြုမိန့်ရပြီးဖြစ်ကြောင်း ကျိုက် ထီးဆောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တပညာဒီပက မိန့်ကြားသည်။

မြန်မာတွင် သေကြောင်းကြံစည်မှု တစ်နှစ်လျှင် လူ ၁၂၀၀ ဝန်းကျင်ခန့်ရှိ

မြန်မာ နိုင်ငံတွင် မိမိကိုယ်ကိုယ် သတ်သေ သူများမှာ တစ်နှစ်လျှင် ၁၂၀၀ ခန့်ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် လူတစ် သိန်းလျှင် နှစ်ဦးနှုန်း မိမိကိုယ် ကိုယ် သတ်သေလျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ခဲ့သည့်စာရင်းဇယားများကို ကိုးကားပြီး စိတ်ကျန်းမာ ပညာ ဌာနမှ တာဝန်ရှိသူတစ်ဦး ကပြော ကြားခြင်းဖြစ်ပြီး အဆိုပါစာရင်း များအရ ၂၀၁၁ခုနှစ် တစ်နှစ်လုံး စာနှင့် ၂၀၁၂ခုနှစ် နှစ်ဝက်စာ အထိတွင် မိမိကိုယ်ကိုယ်သတ် သေသည့်နှုန်းထားမှာ လူတစ်သိန်း တွင် နှစ်ဦးနှုန်း သတ်သေလျက် ရှိကြောင်း သိရသည်။

မိန်းကလေးတွေ ဘာကြောင့် ကိုယ့်ကိုယ် သတ်သေတာလဲ...?

ထွက်ပေါက်ကို မြန်မြန်မြင်တွေ့လိုသည့် ချစ်မြတ်နိုးသည် သူ့လက်ထဲရှိ ဆေးထုပ်ငါးထုပ်ထဲမှ နှစ်ထုပ်ကို ဖွင့်ဖောက်လိုက် သည်။ ထို့နောက် ဆေးမှုန့်တွေကို သူ့ပါးစပ်ထဲ လောင်းထည့်ပစ် လိုက်သည်။ အစတုန်း ကတော့ ဝယ်ထားသည့် ဆေးထုပ် ငါးထုပ် စလုံးကို သောက်လိုက်ဖို့ ရည်ရွယ်ထားသည်။ သို့သော် အနက် ရောင်ဆေးမှုန့်၏ ဆိုးရွားသည့်အနံ့၊ ခါးလွန်းသည့် အရသာ ကြောင့် နှစ်ထုပ် ကိုသာ ဖောက်သောက်ဖြစ်ခဲ့သည်။ ချစ်မြတ်နိုး သောက်ခဲ့သည့် ထိုဆေးမှုန့်က အခြားမဟုတ်။ ကြွက်သတ်ဆေး။

"ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ချက်သမ္မတနိုင်ငံက ကူညီဖို့ ပန်ကြား"

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပိုပြီးခရီးရောက်အောင် ချက်သမ္မတ နိုင်ငံ အနေနဲ့ ပံ့ပိုးကူညီဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။Forum 2000 ညီလာခံ အပြီး သတင်းစာရှင်းလင်းပွဲမှာ မနေ့က ပြောကြားခဲ့တာပါ။

ဆီးရီးယားအရေး ရုရှနဲ့ ပြင်သစ် သဘောကွဲလွဲ

ဆီးရီးယားအရေး ရုရှနဲ့ ပြင်သစ် သဘောကွဲလွဲ

မော်စကိုမြို့မှာ တွေ့ဆုံပြီး ဆီးရီးယား ပဋိပက္ခ အဆုံးသတ်စေရေး ဆွေးနွေးနေကြတဲ့ ရုရှားနဲ့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးတွေ အကြား သဘောတူညီမှု မရခဲ့ကြဘူးလို့ ဝန်ကြီး နှစ်ဦး စလုံးက ပြောကြားပါတယ်။

ဆီးရီးယားက ဒမာ့စကပ်စ်မြို့ အနီးမှာ အရပ်သားတွေ ကို ဆာရင်း အဆိပ်ငွေ့ သုံးပြီး တိုက်ခိုက်ခဲ့တာ ဖြစ် တယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာ ထွက်ရှိခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားနဲ့ ပြင်သစ် အကြား အခုလို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး၊ လောရွန့် ဖက်ဖျူးစ်က ဒီ အစီအရင်ခံစာပါ ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုကို ဆီးရီးယား အစိုးရကသာ လုပ်ဆောင်ခဲ့တယ် ဆိုတာ သံသယဖြစ်စရာ မရှိဘူးလို့ ပြောပါတယ်။

ရုရှား အနေနဲ့ကတော့ ဒီ ဓာတု လက်နက်နဲ့ တိုက်ခိုက်မှုကို အစိုးရက လုပ်တယ်လို့ အထင်ရှိအောင် သူပုန်တပ်ဖွဲ့တွေကနေ တမင် လုပ်ခဲ့တယ် ဆိုတာကို သံသယ ရှိနေတယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ရို့ဖ်က ပြောပါတယ်။

နောက်ပြီး ဆီးရီးယား ဓာတုလက်နက် စွန့်လွှတ်ရေး အတွက် ကုလသမဂ္ဂ အနေနဲ့ ဘယ်လို ဆုံးဖြတ်ချက်မျိုးပဲ ချချ အဲဒီအထဲမှာ ဆီးရီးယားကို စစ်ရေးအရ ခြိမ်းခြောက်တာတွေ မထည့်သင့်ဘူးလို့လည်း သူက ပြောပါတယ်။

Photo: 
ပြင်သစ်နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ၂ဦး မော်စကိုမှာ တွေ့စဉ်။

From:BBC
မော်စကိုမြို့မှာ တွေ့ဆုံပြီး ဆီးရီးယား ပဋိပက္ခ အဆုံးသတ်စေရေး ဆွေးနွေးနေကြတဲ့ ရုရှားနဲ့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးတွေအကြား သဘောတူညီမှုမရခဲ့ကြဘူးလို့ ဝန်ကြီး နှစ်ဦးစလုံးက ပြောကြား ပါတယ်။

ယင်းချောင်းရေ တိုက်စားမှုကြောင့် မကွေး-နေပြည်တော် ကားလမ်းပေါ်ရှိ တံတားချဉ်းကပ်လမ်းတစ်ခု ပြုပြင်နေစဉ်မှာပင် ပေ ၃၀ ခန့် ထပ်မံပြိုကျ

စက်တင်ဘာ ၁၃ ရက်တွင် မိုးဆက်တိုက် ရွာသွန်း၍ စက်တင်ဘာ ၁၅ ရက်က ယင်းချောင်းရေ တိုက်စား ကာ ချဉ်းကပ်လမ်း ပြိုကျခဲ့ရသည့် မကွေး-နေပြည်တော် ကားလမ်းပေါ်ရှိ ယင်းချောင်းတံတား ချဉ်းကပ်လမ်းအား ပြိုကျပြီးပြီးချင်း ပြုပြင်နေစဉ်မှာပင် စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက ပေ ၃၀ ခန့် ထပ်မံပြိုကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မန္တလေးဒေသထွက် ဆောက်လုပ်ရေး လုပ်ငန်းသုံး ကျောက် များကို အောက်ပိုင်းဒေသ များသို့ ရေကြောင်း ခရီးဖြင့် တင်ပို့ရမှု ပိုမိုတွင်ကျယ်လာ


မန္တလေးဒေသထွက် ဆောက်လုပ်ရေး လုပ်ငန်းသုံး ကျောက်များကို မြန်မာနိုင်ငံ အောက်ပိုင်းဒေသများသို့ တင်ပို့ရာတွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြောင်းခရီးဖြင့် တင်ပို့ရမှု ပိုမိုတွင်ကျယ် လာကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ရှစ်လအတွင်း အဓမ္မပြုကျင့်မှု ၉၇ မှုတွင် အရွယ်မရောက်သေးသည့် ကလေးများ အဓမ္မပြုကျင့် ခံရမှု ၆၉ မှု ပါဝင်နေ

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအထိ ရှစ်လတာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ အဓမ္မ ပြုကျင့်ခံရမှု ၉၇ မှု ဖြစ်ပွားခဲ့ပြီး အရွယ်မရောက်သေးသည့် ကလေးများ အဓမ္မပြုကျင့်ခံရမှု ၆၉ မှု ပါဝင်နေကြောင်း စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

ရခိုင်ကမ်းရိုးတန်းတွင် တရားမ၀င် အဆိပ်ချ ငါးဖမ်းခြင်းများ ရှိနေ

ရခိုင်ကမ်းရိုးတန်းတွင် တရားမ၀င် အဆိပ်ချ ငါးဖမ်းခြင်းများ ရှိနေသဖြင့် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသည့် ကျေးရွာများသို့ ကွင်းဆင်းပညာ ပေးနေကြောင်း ရမ်းဗြဲမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနရုံးမှ သတင်းရရှိသည်။

ကရင်ပြည်နယ်တွင် လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးဝါး ရောင်းသူများကို ဖမ်းမိ

ကရင်ပြည်နယ်ရှိ မြို့နယ်နှစ်ခုတွင် လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးဝါး ရောင်းချသူများကို စက်တင်ဘာ ၁၄ ရက်တွင် ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

လီဗာပူး အသင်း ခေါင်းဆောင် ဂျရတ် လေ့ကျင့်ရေး ကွင်းအတွင်း အသက် အန္တာရာယ် ခြိမ်းခြောက် ခံရ


လီဗာပူး အသင်း ခေါင်းဆောင် ဂျရတ် လေ့ကျင့်ရေး ကွင်းအတွင်း အသက် အန္တာရာယ် ခြိမ်းခြောက် ခံရ

လီဗာပူး အသင်း ခေါင်းဆောင် စတီဗင်ဂျရတ်သည် လေ့ကျင့်ရေးကွင်း အတွင်း ပြင်းပြင်း ထန်ထန် ဆဲရေးတိုင်းထွာ ပြောဆို ခံခဲ့ရပြီး အသက် အန္တာရာယ်ကိုပါ ခြိမ်းခြောက် ခံခဲ့ရ ကြောင်း သိရသည်။ ထိုသို့ မဖြစ်ပွားမီတွင် ရူးသွပ် နေဟန်ရှိသော ပရိသတ် တစ်ဦးသည် လီဗာပူး အသင်း၏ Melwood လေ့ကျင့်ရေးကွင်း ခြံစည်းရိုးအား ဖြတ်ကျော်ဝင် ရောက်ခဲ့ ကြောင်း သိရသည်။

လီဗာပူး အသင်း ခေါင်းဆောင် ဂျရတ် သည် အစောပိုင်းက ထိုပုဂ်္ဂိုလ်၏ ပြုမူ ပြောဆိုခြင်းအား ဥပေက္ခာ ပြုနေခဲ့ပြီး ဖိလင်ဟော့တင်ဟို၊ ဆိုင်မွန်မင်နိုလက် တို့နှင့်အတူ လေ့ကျင့်မှုများ ဆက်လက် ပြုလုပ်နေခဲ့သည်။

ထိုစဉ်တွင် အဆိုပါ ပုဂ်္ဂိုလ်သည် ဂျရတ်အား ၎င်းအနေဖြင့် ဂျရတ်နေသော နေရာအား သိကြောင်း၊ ဂျရတ်၏ နေအိမ်အား မီးရှို့ဖျက်ဆီးပစ်မည် ဖြစ်သလို ဂျရတ်နှင့် သားသမီးများ ကိုလည်း သတ်ပစ်မည် ဖြစ်ကြောင်း ဂျရတ်ထံသို့ ပြေးလာကာ အော်ဟစ် ပြောဆို ခဲ့သည်ဟု မျက်မြင်သက်သေ တစ်ဦးက အခိုင်အမာ ပြောကြား ထားသည်။

ယင်းနောက်တွင် လီဗာပူးလက်ထောက် မန်နေဂျာ ကိုလင်းပတ်စ်ကိုးသည် ဂျရတ်ရှေ့မှ ၀င်ရောက်၍ အဆိုပါ ပိုင်နက် ကျူးလွန် ၀င်ရောက် လာသူအား ဟန့်တား ခဲ့ရကြောင်း သိရ သည်။  

http://www.myawady.net.mm/sport/globalsportnews/item/25585-2013-09-17-11-41-48
လီဗာပူးအသင်း ခေါင်းဆောင်စတီဗင်ဂျရတ်သည် လေ့ကျင့်ရေးကွင်းအတွင်း ပြင်းပြင်းထန်ထန် ဆဲရေး တိုင်းထွာ ပြောဆိုခံခဲ့ရပြီး အသက် အန္တာရာယ်ကိုပါ ခြိမ်းခြောက် ခံခဲ့ရ ကြောင်း သိရသည်။ ထိုသို့ မဖြစ်ပွားမီတွင် ရူးသွပ် နေဟန်ရှိသော ပရိသတ်တစ်ဦးသည် လီဗာပူးအသင်း၏ Melwood လေ့ကျင့်ရေးကွင်း ခြံစည်းရိုး အား ဖြတ်ကျော်ဝင် ရောက်ခဲ့ ကြောင်း သိရသည်။