Wednesday, February 6, 2013

ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ရန် KIA မျှော်လင့်

နယူးဒေလီတွင် ကျင်းပသည့် ၅၃ ကြိမ်မြောက် ကချင်တော်လှန်ရေးရေးနေ့။ (ဓာတ်ပုံ - နေမျိုး ၊ မဇ္ဈိမ)

(၅၃) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနားကို နယူးဒေလီမြို့ Vikaspuri ရပ်ကွက်ရှိ မြန်မာရိပ်သာခန်းမတွင် ဖေဖော်ဝါရီ ၅ရက်နေ့ က ကျင်းပခဲ့သည်။

အန်ဒီအက်ဖ်အမတ်ကို ဒုဝန်ကြီးအဖြစ် ခန့်အပ်


ဒီဗွီဘီ - ၀၆ ဖေဖော်ဝါရီ ၂၀၁၃
Photo: ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲဆွယ်နေတဲ့ NDF ပါတီ အမတ်လောင်း ဒေါက်တာ တင်ရွှေ

အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်ရွှေကို ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ဒုဝန်ကြီးအဖြစ် သမ္မတက ခန့်အပ်လိုက်ပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို မြေဈေးက ခြိမ်းခြောက်နေ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ အသေးစိတ်ကို ထုတ်ပြန်ကြေညာပြီး နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်တို့ကို ဆွဲဆောင်နေသည့် တချိန်တည်းမှာပင် မြင့်မားနေသော မြေဈေးကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတို့က စိတ်ဝင်တစား အံ့အားသင့်စွာဖြင့် အနီးကပ် စောင့်ကြည့်နေကြသည်။

ချင်းဒေသ စားနပ်ရိက္ခာ ပြတ်လပ်မှု ထပ်မံကြုံတွေ့

ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ရွာပေါင်း ၈၀ ခန့်သည် စားနပ်ရိက္ခာ ပြတ်လပ်မှု နှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ဇာနတ်တောင်ကြောနှင့် မာရာတောင်ကြောတို့တွင် တောင်ယာစပါးများ ရိတ်သိမ်းစဉ်ကာလ မိုးရွာသွန်း၍ သီးနှံများပျက်စီးပြီး နောက် ထိုသို့ အခက်အခဲ ကြုံကြရခြင်း ဖြစ်ကြောင်း ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပူးလာမောင်ကျူံး က ဧရာဝတီ သို့ ပြောသည်။

နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဟု ဒုရှေ့နေချုပ်ပြော

လွှတ်တော်တွင်း မြင်ကွင်း (ဓာတ်ပုံ – Getty Images)
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ယခင်အစိုးရခေတ်က အာဏာအလွဲသုံးစားခဲ့သူများကို နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဘဲ ပြဋ္ဌာန်းရန် ကြိုးစားပါက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်ကြောင်း ပြည်ထောင်စု ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောဆိုလိုက်သည်။

အထူးစီးပွားရေးဇုန်မှ မထူးတော့တဲ့ မြေယာပြဿနာ



အစိုးရသစ်က အကောင်အထည်ဖော်နေသော ထားဝယ်၊ သီလ၀ါ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတို့အနက် ပထမဆုံးတည်ဆောက်ပြီးစီးရန် ရည်မှန်းနေသော သီလ၀ါအထူးစီးပွားရေး ဇုန်မှာလည်း အခြားစီမံကိန်းများနည်းတူ မြေယာပြဿနာ အနည်းငယ်ရှိနေသည်။

သမ္မတ အိုဘားမား အစ္စရေးလ်သို့ သွားမည်

သမ္မတ အိုဘားမားအနေနဲ့ သူ့ရဲ့ အခု ဒုတိယသမ္မတ သက်တမ်းအတွင်း ပထမဆုံး ခရီးစဉ်အဖြစ်နဲ့ အစ္စရေးလ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ အဲ့ဒီကနေ ဂါဇာအနောက်ဘက်ကမ်းနဲ့ ဂျော်ဒန်တို့ကို သွားဖို့ရှိပါတယ်။

ခရီးစဉ်အတွင်း ဆွေးနွေးမယ့် အကြောင်းအရာတွေထဲ ဆီးရီယားနဲ့ အီရန်ကိစ္စအပါအ၀င် ကိစ္စရပ် အတော်စုံစုံလင်လင်ကို ဆွေးနွေးမယ်လို့ သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ ဘယ်ရက် ခရီးစတင်မယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ကြေညာတာမရှိပါဘူး။ 

အစိုးရနဲ့ KIO ဆွေးနွေးမှုအပေါ် သံအမတ်ကြီး Mitchell ကြိုဆို


ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ပြေလည်ရေးအတွက် မြန်မာအစိုးရ ကိုယ်စားလှယ်တွေ နဲ့ ကချင်လက်နက်ကိုင်တွေကြား ဆွေးနွေးမှုတွေ စတင်နိုင်ခဲ့တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲ (Dereck Mitchell) က Twitter အင်တာနက် လူမှုကွန်ယက် ကတဆင့် ကြိုဆိုလိုက်ပါတယ်။
 

ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့တွင် အဖျော်ယမကာ စက်ရုံများ တည်ထောင်ခွင့် MICမှ ထပ်မံခွင့်ပြု


ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တောင်ကြီးတို့တွင် အဖျော်ယမကာ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC မှ ခွင့်ပြုမိန့် ချထားပေးခဲ့ကြောင်း သတင်းရရှိပါသည်။